← Chapters

ဆေးသောက်လိုက်ကြစမ်း

Vol. 4 Ch. 47

ဆေးသောက်လိုက်ကြစမ်း

Vol. 4 Ch. 47

“ သောက်ပြဿနာပဲ ဒီကောင်တွေ ဘာဆေးသောက်လိုက်တာလဲဟ၊ သူတို့အားလုံးက အဆင့်သေးတစ်ဆင့်ကို ခုန်တက်သွားပါလား။ “

“ အခြေအနေကြည့်ရသလောက်က ဖုန့်အိမ်တော်ကတော့ ဒီနေ့ လုံးဝကို သွားပြီပဲဟေ့။

“ သူတို့က ဒီကပ်ဘေးကို အနိုင်ယူနိုင်မယ်လို့ ထင်ထားခဲ့တာ၊ ကြည့်ရသလောက်ကတော့ တခြားအိမ်တော်တွေကလည်း လျှို့ဝှက်ချက်တွေ ကိုယ်စီရှိနေကြတာပဲ။ “

ဘေးက ပွဲထိုင်ကြည့်နေသော သူများက ထုံစံအတိုင်း ပွစိပွစိနှင့်ကျွတ်ကျွတ်ညံနေကြပြန်သည်။ တိုက်ပွဲက သူတို့ ခန့်မှန်းထားသည်နှင့် များစွာကို ကွာခြားနေခဲ့၏။

စစချင်းတုန်းက ဖုန့်အိမ်တော်က ရှုံးမည်ဟု သူတို့ထင်ထားသည်။ သို့သော် သူတို့က ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူတစ်အုပ်ကို ခေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာများဖြင့် တိုက်ပွဲကို အသာစီးရထားသည်။

ဖုန့်အိမ်တော်နိုင်တော့မည်ဟု သူတို့ ခံစားရသည့်အချိန်တွင် တခြားမိသားစုကြီးသုံးစုက ဆေးလုံးများကို ကိုယ်စီထုတ်သုံးလိုက်ပြီး ကျင့်ကြံဆင့်များကို မြှင့်တင်လိုက်ကြပြန်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိသားစုကြီးများသည် သူတို့လိုမျိုး လူများက စိန်ခေါ်၍ရမည့် အနေအထားမဟုတ်မှန်းကို သူတို့ ကောင်းကောင်းသဘောပေါက်သွားသည်။

ချွမ်း ချွမ်း

ဖုန့်အိမ်တော်က မဟာအကြီးအကဲများက ရန်သူများထံမှ ရုတ်တရက်ထိုးတက်လာသော စွမ်းအားများကို သတိမပြုမိလိုက်သောကြောင့် အနောက်သို့ တစ်‌ဆုတ်ထဲ ဆုတ်ပေးနေရသည်။

ယန်ကျန်း၏ အဆက်မပြတ် တိုက်ခိုက်မှုများ၏ အောက်တွင် ဖုန့်ကျန်းရှန်ကလည်း နောက်ဆုတ်ပေးနေရသည်။ သူ၏ ပြင်းထန်စွာ တိုက်ချက်များသည် ဆန်းကြယ်ကောင်းကင်သံမဏိတံတိုင်း၏ အကာအကွယ်ကိုပင် ချိုးဖောက်လာပြီဖြစ်သည်။

“ ဟားဟားဟားဟားဟား ဒီဆေးလုံးတွေကို သုံးပြီးသွားမှတော့ မင်းတို့ ဖုန့်အိမ်က ခွေးတွေအားလုံးက သေဖို့ကလွဲပြီး ဘာမှတတ်နိုင်တော့မှာ မဟုတ်ဘူး။ “

ဖုန့်ကျန်းရှန်ကလည်း ညစ်ကျယ်ကျယ်တစ်ချက်ပြုံးပြလိုက်ပြီး ယန်ကျန်းကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ သူ့အကြည့်မှ အဓိပ္ပါယ်က “ ဒီအကွက်လောက်ကတော့ မင်းတို့တင် မဟုတ်ဘူး၊ ငါတို့လည်း လုပ်တတ်တယ်။ “ဟူသော အဓိပ္ပါယ်ပါရှိသည်။

“ မင်းတို့ကောင်တွေမှာပဲ ဆေးပညာရှင်ရှိတယ်လို့များ ထင်နေလား၊ အားလုံးပဲ ဒီကောင်တွေလည်း ဆေးသောက်တယ်ဆိုမှတော့ ငါတို့လည်း ဆေးသောက်မယ်ဟေ့။ “

သူပြောလိုက်သောအခါတွင် တခြားသော ဖုန့်အိမ်တော်မှ မဟာအကြီးအကဲများအားလုံးက သိုလှောင်လက်စွပ်အတွင်းတွင် ရှိသော ‌ဆေးလုံးများကို ထုတ်ယူလိုက်သည်။ ထိုဆေးလုံးများသည် ယန်ကျန်းနှင့် တခြားသောသူများသောက်သော စွမ်းအားတိုးဆေးလုံးများပင် ဖြစ်သည်။

ဖုန့်ချန်းပေးထားခဲ့သော သိမ်မွေ့အေးခဲမီးတောက်၏ အစွမ်းအားဖြင့် ဆေးလုံးများကို ဖော်စပ်ရာတွင် ဖုန့်အိမ်တော်၏ ဆေးလုံးများက အရည်အသွေးသည် မူလကထက် များစွာခုန်တက်သွားခဲ့သည်။ ထို့ကြောင့် ဖုန့်အိမ်တော်က မဟာအကြီးအကဲများ သောက်သုံးသော ဆေးလုံးများ၏ အရည်အသွေးမှာ ယန်ကျန်းတို့ထက် များစွာပိုမြင့်မားပါသည်။

သူတို့သည်လည်း တုံ့ဆိုင်းခြင်းအသျှင်းမရှိဘဲ ဆေးလုံးများကို မြိုချလိုက်သည်။ ချက်ချင်းပင်လျှင် သူတို့၏ အရှိန်အဝါများက မိုးအထိသို့ ထောင်တက်သွား၏။

သူတို့၏ ခွန်အားနှင့် ချီစွမ်းအားများကလည်း တရိပ်ရိပ်နှင့် ထိုးတက်လာသည်။ သို့သော် ယန်ကျန်းတို့လိုမျိုး အဆင့်သေးတစ်ဆင့်ကို ခုန်တက်ရမည့်အစား ဖုန့်အိမ်တော်က အကြီးအကဲများသည် အဆင့်သေးနှစ်ဆင့်ကို ခုန်တက်သွားခဲ့သည်။

ယန်ကျန်း၏ မျက်နှာအမူအရာက အောင်ပွဲခံနေသော အောင်နိုင်သူအပြုံးမှ ခြောက်ခြားဖွယ်ရာအနေအထားသို့ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ဖုန့်အိမ်တော်က အကြီးအကဲများက မခိုးမခန့်ပြုံးရင်း သူတို့ကို ကြည့်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါများက မိမိတို့ထက် တစ်ဆင့်သာလွန်နေခဲ့ပြီဖြစ်သည်။

“ မဖြစ်နိုင်တာ မင်းတို့မှာလည်း ဆေးလုံးတွေ ရှိတယ်ပေါ့လေ၊ ပြီးတော့ ဘာလို့ မင်းတို့ ဆေးလုံးက အဆင့်နှစ်ဆင့်ကို ခုန်တက်သွားတာလဲဟ။ “

ဖုန့်ကျန်းရှန်က ညစ်ကျယ်ကျယ် တစ်ချက်ထပ်ပြုံးပြီး

“ မင်းတို့ကောင်တွေမှာပဲ ဒီလိုဆေးလုံးဖော်နိုင်တဲ့ လူရှိတယ်များ ထင်နေတာလားကွ၊ ငါတို့ဖုန့်အိမ်တော်မှာလည်း ဒီလိုဆေးလုံးတွေက လိုသလောက်ရတယ်ကွ ဟားဟားဟားဟား။ “

သူတို့၏ ခွန်အားများက မြင့်တက်သွားပြီဖြစ်သောကြောင့် ဖုန့်အိမ်တော်မှ မဟာအကြီးအကဲများသည် ယုံကြည်မှုထပ်တိုးလာပြီး ကြောက်မက်ဖွယ်ကောင်းစွာ ပြန်လည်တိုက်ခိုက်လာကြပါတော့သည်။

ဖုန့်ကျန်းရှန်က သူ၏ တိုက်ခိုက်မှုတိုင်းတွင် ရွှေရောင်အလင်းတန်းများလက်သွားအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ယန်ကျန်းကို ပိုးစိုးပက်စက် လက်သီးစာကျွေးနေခဲ့၏။ သူ၏ မြေကမ္ဘာပြိုကွဲခြင်းလက်ဝါးသိုင်းက ယန်ကျန်း၏ ခုခံကာကွယ်မှုဒိုင်းများကို ဖြတ်သန်းသွားပြီး အနောက်သို့ လွင့်ပျံသွားစေခဲ့သည်။

နှစ်ဖက်စလုံးက ထိုးတက်လာသော စွမ်းအားများက တိုက်ပွဲကို မူလကထက် သုံးဆခန့် ပိုမိုပြင်းထန်သွားစေခဲ့၏။ နံဘေးက ရပ်ကြည့်နေကြသော ဘေးထိုင်ဘုပြောအဖွဲ့များကတော့ ပါးစပ်ကြီးဟကာ အံ့အားသင့်မဆုံးဖြစ်နေခဲ့ချေပြီ။

ဖုန့်ကျန်းရှန်၏ အဆက်မပြတ်တိုက်ခိုက်မှုကို မခုခံနိုင်တော့သော ယန်ကျန်း၏ အခြေအနေဖြစ်နေခဲ့ပြီ။ လက်သီးချက်တစ်ချက်တိုင်းက ပိုမို၍ ပြင်းထန်လာခဲ့သည်။ သူ ဘယ်လောက်ပဲ ခုခံကာကွယ်ပါစေ ဖုန့်ကျန်းရှန်၏ ထိုးနှက်ချက်များကို မကာကွယ်နိုင်တော့ပါ။

ကျောက်အိမ်တော်နှင့် လျိုအိမ်တော်က အကြီးအကဲများ၏ အခြေအနေကလည်း ကောင်းမနေပါ။ သူတို့အားလုံးစုပေါင်းပြီး ခုခံကာကွယ်တာတောင်မှ ဖုန့်အိမ်တော်က အကြီးအကဲများ၏ တိုက်ခိုက်မှုကို ဘယ်လိုမှ မကာကွယ်နိုင်တော့ပါ။

‘ ဒါ… ဒါမဖြစ်ရဘူးလေ၊ ဖုန့်အိမ်တော်က ဘာလို့အဲ့လောက်ကြီး အစွမ်းတွေ ထက်နေရတာလဲ။ ‘

လျိုမိသားစုနှင့် ကျောက်မိသားစုက စတင်၍ ညည်းညူလာခဲ့ပြီ။ သူတို့၏ ဆုံးဖြတ်ချက်များကိုပင် သူတို့ နောင်တရနေခဲ့ပြီဖြစ်သည်။ အခြေအနေကို ပြောင်းလဲရန်အတွက် သူတို့တွင် ဝှက်ဖဲများ မရှိတော့ပါ။ အခြေအနေသာ ဒီတိုင်းပဲ ဖြစ်နေပါက သူတို့ သေရတော့မည်ဖြစ်သည်။

ဘုန်း

ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းတစ်ရပ်က တိုက်ခိုက်မှုတစ်ခုမှ ထွက်ပေါ်လာ၏။ မြေပြင်တစ်ခုလုံး ငလျင်လှုပ်သွားပြီးနောက် လေထုတစ်ခုလုံးက တုန်ခါနေသည်။

ရှုပ်ယှက်ခတ်နေသော အလယ်တွင် ပုံရိပ်တစ်ခုက ရုတ်တရက်ပေါ်လာ၏။ သူ၏ အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းလွန်းလှသောကြောင့် ဖုန့်ကျန်းရှန်နှင့် ယန်ကျန်းတို့၏ အရှိန်အဝါကိုပင် ဖိနှိပ်ထားနိုင်သည်။ သူက အကြီးအကဲကျိုးထျန်းဟွာပင် ဖြစ်ပြီး တိုက်ပွဲထဲသို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာခြင်းဖြစ်၏။

“ ကျွတ်ကျွတ်ကျွတ်ကျွတ် မင်းတို့ ငတုံးတွေ၊ ငါ့အကူအညီကို လိုမယ်လို့ ငါမထင်ထားခဲ့မိဘူး။ “

All Chapters