← Chapters

အခြေခံဓားစိတ်ဆန္ဒ

Vol. 4 Ch. 48

အခြေခံဓားစိတ်ဆန္ဒ

Vol. 4 Ch. 48

ဖုန့်မိသားစုအိမ်တော်တွင်

ဖုန့်အိမ်တော်ရှိ ငြိမ်သက်တိတ်ဆိတ်သောခန်းမတစ်ခုထဲတွင် ဖုန့်ချန်းသည် တပလ္လင်ချိတ်ထိုင်၍ မျက်လုံးများကိုမှေးမှိတ်ပြီး ကျင့်ကြံရာတွင်စိတ်နှစ်ထားလျက်ရှိ၏။ ထိုအချိန်တွင် စနစ်မှသတိပေးချက်တစ်ခုတက်လာသည်ကို မြင်လိုက်ရသည်။

[တာဝန် နံပါတ်၁ အောင်မြင် - ဖုန့်မိသားစုရဲ့မျိုးဆက်သစ်ကျင့်ကြံသူများအားလုံး အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်တက်ရောက်နိုင်သွားကြပါပြီ]

[ဆုလာဘ်များ - ကောင်းကင်အဆင့်လှုပ်ရှားမှုသိုင်းကျမ်းတစ်ခု၊ အမြုတေအရည်ဖွဲ့ခြင်းဆေးလုံး အလုံး၅၀၊ ကောင်းကင်အဆင့်ကာကွယ်ရေးကျင့်စဥ်တစ်ခု]

[တာဝန်နံပါတ်၂ ‌အောင်မြင် - အနည်းဆုံး ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူငါးဦးနဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူအ‌ယောက်၃၀ရ‌အောင်လုပ်ပြီး ဖုန့်မိသားစုကို မြူခိုးချိုင့်ဝှမ်းတစ်မြို့လုံးမှာ အင်အားအကြီးဆုံးဖြစ်အောင်လုပ်ရမယ့်တာဝန် အောင်မြင်သွားပါပြီ]

[ဆုလာဘ်များ - စနစ်ရမှတ်တစ်သိန်းနဲ့ အခြေခံဓားစိတ်ဆန္ဒ]

"ဟမ် တာဝန်နှစ်ခုလုံး တစ်ပြိုင်တည်းအောင်မြင်သွားတာလား"

မိသားစုတာဝန်နှစ်ခုလုံးတစ်ပြိုင်နက်တည်းအောင်မြင်သွားသဖြင့် ဖုန့်ချန်းလည်းရုတ်တရတ်အံ့သြသွားရသည်။

"ဖုန့်ကျန်းဟောင်များ နောက်တစ်ဆင့်ချိုးဖျက်လိုက်နိုင်တာလား"

ဖုန့်ကျန်းဟောင်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုချိုးဖျက်နိုင်ခါနီးဆဲဆဲ ဖြစ်နေသဖြင့် ဖုန့်ချန်းက အဆင့်ချိုးဖျက်ရာတွင်ကူညီနိုင်သောဆေးတစ်လုံး ပေးထားခဲ့သည်။ ဤသို့ဆိုလျှင် ဖုန့်ကျန်းဟောင်တစ်ယောက် ဆေးလုံးအကူအညီဖြင့် အောင်မြင်ခဲ့လောက်ပြီဟု ဖုန့်ချန်းတွက်ဆလိုက်သည်။

ဖုန့်ကျန်းဟောင်၏အဆင့်တက်ခြင်းကြောင့် တာဝန်၁အောင်မြင်ရုံသာမက နဂိုတည်းကအမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ၂၉ရောက်ရှိနေပြီးသားဖြစ်သဖြင့် တာဝန်၂ပါအောင်မြင်ခဲ့ခြင်းဖြစ်၏။

"ကံကောင်းချက်ပဲ"

ဖုန့်ချန်းမှာ ကံတရားတွေစွတ်တက်နေသည်ဟူသောအတွေးဖြင့် ပျော်မြူးသွားပြီး ဖုန့်ကျန်းဟောင်ကိုလည်းဆုကောင်းကောင်းလေးချရန် တွေးနေမိသည်။

လောလောဆယ်တော့ စနစ်ကချီးမြှင့်တဲ့ဆုတွေကို အရင်ကြည့်ရဦးမယ်လေ။

စနစ်မှ ဆုလာဘ်ပေါင်းများစွာချပေးထားပေမယ့် ထိုအထဲမှ သူ့အာရုံကိုဖမ်းစားသွားသောတစ်စုံတစ်ရာက အခြေခံဓားစိတ်ဆန္ဒဆိုတာပင်။

ထိုဆုလာဘ်မှာ မည်မျှပင်အဖိုးတန်ကြောင်း သူကောင်းကောင်းသိ၏။

လေပြင်းများကိုထိန်းချုပ်အမိန့်ပေးနိုင်ပြီး ဓားတစ်ချက်အဝှေ့ဖြင့် တောင်ကိုဖြိုခွင်းနိုင်သည့် အင်အားကြီး ဓားသိုင်းကျင့်ကြံသူများ၏ ဇာတ်လမ်းပုံပြင်တို့ကို သူနားရည်ဝအောင်ကြားဖူးပါသည်။ ထိုသို့အံမခန်းအင်အားကြီးမားလှသည့်အကြောင်းရင်မှာ အခြေခံဓားစိတ်ဆန္ဒကို ကျွမ်းကျင်တတ်မြောက်သောကြောင့်ဖြစ်၏။

အခြေခံဓားစိတ်ဆန္ဒကို နှိုးဆွအသက်သွင်းခြင်းဆိုသည်မှာ ဓားသိုင်းကျင့်ကြံသူတို့၏ကျင့်ကြံခရီးတစ်လျှောက်တွင် အခက်ခဲဆုံးသောမှတ်တိုင်များထဲမှတစ်ခုဟု အများကသတ်မှတ်ကြသည်။

ထိုကျင့်စဥ်ကိုအောင်မြင်ဖို့အတွက် ပထမဆုံး မိမိနှင့် မိမိ၏လက်စွဲတော်ဓားကြားတွင် နက်နဲခိုင်မာသောဆက်နွယ်မှုတစ်ခုကို တည်ဆောက်ထားနိုင်ရမည်ဖြစ်၏။ ဆိုလိုသည်မှာ ဓားသွားကို မိမိ၏ကိုယ်ပိုင်ခြေလက်လိုအသုံးပြုနိုင်ရမည်ဖြစ်သည်။

ဓားသိုင်းကျင့်စဥ်များကို မည်မျှပင်တတ်ကျွမ်းနေပါစေ အကျိုးမထူးပါ။ ဓား၏သဘောသဘာဝ အနှစ်သာရကို နှလုံးသားဖြင့်ခံစားနားလည်ပြီး တစ်သားတည်းဖြစ်စေနိုင်မှသာ အဓိကသော့ချက်ကို ဖမ်းဆုပ်နိုင်မည်ဖြစ်သည်။

ထိုကျင့်စဥ်ကိုအမှန်တကယ်တတ်မြောက်လိုလျှင် နှစ်ချီ သို့မဟုတ် ဆယ်စုနှစ်တစ်ခုလောက်အထိ ကြာနိုင်ပြီး ဂူအောင်းကျင့်ကြံခြင်းများ၊ အဆုံးမရှိသောတိုက်ပွဲများကို ရင်ဆိုင်ကျော်ဖြတ်ရမည်ဖြစ်၍ ကျောက်စိုင်ကျောက်သားကဲ့သို့ခိုင်မာသော စိတ်ဝိဉာဥ်ကိုလိုအပ်ပါ၏။

ထိုမျှအားအင်စိုက်ထုတ်ကျင့်ကြံရမည်ဖြစ်သော ထိုကျင့်စဥ်၏စွမ်းအားမှာလည်း ပေါ့သေးသေးမဟုတ်ပါ။ အခြေခံအဆင့်တွင်ပင် ကျင့်ကြံသူ၏တိုက်ရည်ခိုက်ရည်ကို အနည်းဆုံး၂၀ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်သည်။

နဂိုကတည်းက ပြိုင်ဘက်ကင်းသန်မာပြီးသားဖြစ်သော ဖုန့်ချန်းလိုလူက ဤကျင့်စဥ်ကိုရလိုက်နိုင်လျှင် တိုက်ပွဲဝင်ရာ၌ အပြတ်အသတ်ကွာခြားမှုကို မြင်တွေ့ရလိမ့်မည်။

အခြေခံဓားစိတ်ဆန္ဒ၏အစွမ်းဖြင့် ဖုန့်ချန်း၏ဓားသွားသည်ကား စွမ်းအင်ပိုမြင့်လာပြီး လွန်စွာမှထက်ရှကာ နဂိုထက်လျင်မြန်ပေါ့ပါးစွာ‌‌ရွေ့လျားလာနိုင်ပေမည်။

မည်သူနှင့်ထိပ်တိုက်တွေ့ရသည်ဖြစ်စေ အနိုင်အရှုံးကွာခြားမှုကို အပြတ်အသတ်သိသာအောင် လုပ်ပေးနိုင်မည့် ကျင့်စဥ်တစ်ခုပင်။

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ဖုန့်ချန်းစိတ်အာရုံကိုပြန်စုစည်းကာ အခြေခံဓားစိတ်ဆန္ဒဆိုသည့်ဆုလာဘ်အကွက်လေးကို နှိပ်လိုက်သည်။

[ပိုင်ရှင်က အခြေခံဓားစိတ်ဆန္ဒကျင့်စဥ်နဲ့ ပေါင်းစပ်လိုပါသလား]

စနစ်က ထုံးစံအတိုင်း စက်ရုပ်သံကြီးဖြင့်မေးလာ၏

"ပေါင်းစပ်လိုတယ်"

စိတ်ပိုင်းဖြတ်ထားသောအသံဖြင့် ဖုန့်ချန်းတုံ့ပြန်လိုက်သည်။

ရွေးချယ်မှုကို အတည်ပြုလိုက်ပြီးသည်နှင့် စွမ်းအင်စီးကြောင်းတစ်ခုသည် ဖုန့်ချန်း၏ခန္ဓာကိုယ်တွင်းသို့ စီးဆင်းဝင်ရောက်လာသည်။

အားပြင်းလှသော ထိုစွမ်းအင်စီးကြောင်းသည် သွေးပြန်ကြောများမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ အတားအဆီးမရှိစီးဆင်းသွားပြီး ကြွက်သားအမျှင်တစ်ခုချင်းစီတိုင်းကို အသက်သွင်းလှုပ်နှိုးနေသည်။

ဖုန့်ချန်း၏အာရုံခံစားမှုများထက်မြက်စူးရှလာပြီး လက်တွင်းကိုင်စွဲထားသောဓားနှင့်ချိတ်ဆက်မှုမှာ ရှင်းလင်းပြတ်သားလို့လာ၏။

အာရုံခံစားမှုများနိုးထခြင်းမှာ ပြင်းထန်လွန်းလှသဖြင့် ပေါင်းစပ်ခြင်း၏ဒဏ်ကို ဖုန့်ချန်းမှာ အံတင်းတင်းကြိတ်လျက်တောင့်ခံထားရသည်။

ထောင်ချီသောဓားသွားများက သူ့ကိုယ်တွင်းသို့ ဝင်ရောက်ပေါင်းစပ်လာကြသကဲ့သို့ခံစားရပြီး ထိုဓားသွားတစ်ခုချင်းစီတိုင်းက ဓားသွားအနှစ်သာရနှင့်ပက်သက်သည့် သူ့အာရုံခံစားမှုများကို ချွန်မြအောင်တိုက်စားပေးနေသည့်ခံစားချက်ပင်။

သူ့မှာ မချိမဆန့်နာကျင်ခံစားနေရပြီး တစ်ချိန်တည်းတွင်ပင် ဝမ်းသာကျေနပ်မှုများလည်း ပြည့်နှက်လို့နေ၏။ ဓားကျင့်ကြံသူတစ်ဦး စမ်းသပ်မှုအလီလီကိုကျော်ဖြတ်ပြီး ဇွဲကြီးကြီးကျင့်ကြံယူရသည့် ကျင့်စဥ်တစ်ခုဖြစ်သည့်အတွက် ကြီးကျယ်ခမ်းနားမှုမှာတော့ တော်ရုံမဟုတ်။

ဖုန့်ချန်းတစ်‌ယောက် အခြေခံဓားစိတ်ဆန္ဒနှင့် ပေါင်းစပ်ပြီးချိန်တွင် အချိန်လည်းတော်တော်လင့်သွားချေပြီ။

နာကျင်မှုများမှာ တဖြည်းဖြည်းလျော့ပါးသက်သာသွားပြီး နွေးထွေးပြင်းထန်သောစွမ်းအင်လှိုင်းတစ်ခုသည် သူ့ကိုယ်တွင်းတွင် လှည့်လည်စီးဆင်းလို့နေသည်။

ဖုန့်ချန်းမျက်စိမှိတ်ထားရာမှဖွင့်လိုက်သော် တောက်ပသောအလင်းတန်းများ ဖြာထွက်လို့နေ၏။

အခြေခံဓားစိတ်ဆန္ဒ၏စွမ်းအားကို သူခံစားသိရှိနိုင်ပါသည်။ သူ့အနားတစ်ဝိုက်တွင် ပြိုင်ဘက်ကင်းအရှိန်အဝါတစ်ခုက ရစ်ပတ်ခြံရံထားသကဲ့သို့ပင်။ အရှိန်အဝါပြင်းသော်ငြား တည်ငြိမ်သည့်အငွေ့အသက်တစ်ခုဖြစ်၏။

အသစ်ရရှိထားသောစွမ်းအင်ကို စမ်းသပ်သည့်အနေဖြင့် ဖုန့်ချန်းလက်စွဲတော်ဓားကိုကောက်ကိုင်လိုက်ပြီး ညင်သာစွာလွှဲရမ်းကြည့်လိုက်သည်။

_ရွှမ်း

ဓားသွားနှင့်မထိတွေ့ခင်မှာပင် အရှိန်အဝါကိုခံစားမိဟန်ဖြင့် လေထုသည်နှစ်ပိုင်းကွဲသွားရသည်။ လှုပ်ရှားမှုများမှာ ပိုမိုချောမွေ့တိကျလာပြီး ဓားချက်များ၏နောက်ကွယ်က လျစ်လျူရှုမရနိုင်သော စွမ်းအင်လှိုင်များကို ခံစားမိ၏။

အင်အားစိုက်ထုတ်စရာမလိုဘဲ ဓားသွားနှင့်သူ့ကြားရှိဆက်နွယ်မှုမှာ ရှင်းလင်းပြတ်သားလို့နေပြီး မိမိ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလို့ပင် ခံစားနေရသည်။

"မိုက်လိုက်တာကွာ" ဖုန့်ချန်းတိုးတိုး‌ရေရွတ်မိသည်။

"ဒါက အခြေခံဓားစိတ်ဆန္ဒအစစ်အမှန်ပဲ"

ဖုန့်ချန်းတစ်ယောက် အခြေခံဓားစိတ်ဆန္ဒကျင့်စဥ်ကို ကျင့်ကြံနိုင်လိုက်သည့်အချိန်မှစ၍ ခန်းမတစ်ခုလုံးမှာ ပြင်းထန်သောစွမ်းအင်အငွေ့အသက်တို့ ပြည့်နှက်ရစ်ဝဲနေပြီး ချီစွမ်းအင်များမှာလည်း သူ့မာရီဒျာန်များတွင်း စက်ဝိုင်းသဏ္ဍာန်လှည့်လည်လို့နေသည်။

ထိုအခိုက်တွင် ဖုန့်ချန်း၏အကြည့်များ အဝေးတစ်နေရာသို့ဦးတည်သွားသည်။ ဈေးတန်းတစ်နေရာမှအဖျားခတ်လာသော ချီစွမ်းအင်အတက်အကျများကို အာရုံခံမိသည်နှင့် ဖုန့်ချန်းတစ်ယောက် မျက်မှောင်တင်းတင်းကျုံ့သွားရသည်။

ခံစားမိသောစွမ်းအင်များအရ ထိုသူများမှာ မလွဲမသွေ ဖုန့်မိသားစုအကြီးအကဲများဖြစ်ရမည်။

အခြားသောစွမ်းအင်အမျိုးအစားများပါ ပေါင်းစပ်ပါဝင်နေသောအငွေ့အသက်ဖြစ်သဖြင့် သူတို့ချည်းသာမဟုတ်ဘဲ လူအုပ်လိုက်တစ်ခုခုဖြစ်နေပုံပေါ်၏။ ယန်၊ ကျောက်၊ လျိုမိသားစုများသာဖြစ်မည်ဟု သူခန့်မှန်းလိုက်သည်။

"စောက်ရူးကောင်တွေ စိတ်မရှည်နိုင်ကြတော့ဘူးထင်ပါရဲ့"

ဖုန့်ချန်းခပ်တိုးတိုးရေရွတ်လိုက်ရင်း မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များလွှမ်းမိုးလာသည်။

ဖုန့်မိသားစုကို လက်လွတ်စပယ်လာဆွရဲတဲ့အထိ ဒင်းတို့မတုံးလောက်ဟု သူထင်ထားသော်လည်း ယခုအခြေအနေအရ ဆင်ခြင်ဉာဏ်မရှိလိုက်ပုံက တော်ရုံမဟုတ်ပေ။

သနားလို့ အလွတ်ပေးထားတာတောင် အသတ်ခံရမယ့်လမ်းကို ကျေကျေနပ်နပ်ကြီးရွေးလာကြတာပဲ။

တစ်စက္ကန့်လေးပင်အချိန်ဖြုန်းမနေတော့ဘဲ ဖုန့်ချန်းထရပ်လိုက်တော့သည်။ ချီစွမ်းအင်အငွေ့အသက်များက ဘေးပတ်လည်တွင် အကောင်အထည်မမြင်ရသောသံချပ်ကာပမာ ကာရံထားလို့နေ၏။

"နယ်ကျော်လာတဲ့ခွေးတွေကို ‌မောင်းထုတ်ရသေးတာပေါ့"

ထို့‌နောက် လျှပ်စီးတစ်ချက်ပြက်သကဲ့သို့ အလင်းတစ်ချက်မြင်လိုက်ရပြီး ဖုန့်ချန်းမှာ ခန်းမတွင်းမှချက်ချင်းပျောက်ကွယ်သွားတော့သည်။

**********

တိုက်ပွဲဖြစ်ပွားရာလမ်းကြားလေးထဲတွင် အကြီးအကဲကျိုးထျန်းဟွာနှင့် အကြီးအကဲကျိုးလဲ့တို့သည် ပုန်းကွယ်ရာမှ ထွက်ပေါ်လာကြချိန်ဖြစ်သည်။

အကြီးအကဲကျိုးလဲ့ကို ဖုန့်မိသားစုအကြီးအကဲများနှင့် ပွဲကြည့်ပရိတ်သတ်များမှ တစ်ချို့တစ်ဝက်အာရုံစိုက်လာကြသော်လည်း တကယ်တမ်းအဓိကဇာတ်ကောင်ဖြစ်နေသူမှာ အကြီးအကဲကျိုးထျန်းဟွာဖြစ်၏။

"ကျစ် ဒီလောက်အစောကြီးဝင်ကူရအောင်ထိ ခင်ဗျားတို့ညံ့လိမ့်မယ်လို့ထင်မထားဘူး"

အကြီးအကဲကျိုးထျန်းဟွာသည် အခြေအနေကိုသာမန်ကာလျှံကာဟန်ဖြင့်အကဲခတ်ရင်း ပြစ်တင်ပြောဆိုလာသည်။

အစက ဖုန့်ချန်းလာမှသာ သူဝင်ပါရန်လိုမည်ဟုထင်ထားခဲ့သည်။ ကျန်တဲ့ငမျောက်ငခြောက်တွေလောက်တော့ ဒင်းတို့ကိုင်တွယ်နိုင်လောက်မည်ဟု အထင်ကြီးထားခဲ့သည်လေ။

သို့သော် ဤမျှခွက်ခွက်လန်ရှုံးနေမှတော့ အစောကြီးထွက်လာဖို့ပဲရှိတော့သည်။

အကြီးအကဲကျိုးထျန်းဟွာဆီမှထုတ်လွှတ်နေသောဖိအားများကို လူတိုင်းခံစားမိလိုက်ကြပြီး ထိုသူကား ချီအရည်ဖွဲ့ခြင်းအဆင့်ကိုပင်ကျော်လွန်ပြီးပြီဖြစ်မှန်း ခန့်မှန်းမိလိုက်ကြသည်။

"မဟုတ်မှ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူလား"

ဖုန့်ကျန်းရှန်တိုးတိုး‌ရေရွတ်လိုက်မိပြီး ယန်ကျန်းတစ်ယောက် မရှုမလှရှုံးနေတာတောင် အဘယ့်ကြောင့်ဆက်ပြီးမောက်မာနေနိုင်သည်မှန်း သိလိုက်တော့သည်။

(ဒီတော့ သူတို့ကို ဒီလိုအကောင်ကြီးကြီးကကူညီပေးနေတာပေါ့)

ဖုန့်ကျန်းရှန် တွေးနေမိသည်။

"ဒီလူကြီးမင်းကဘယ်သူများလဲကွာ ကြည့်ရတာ ချီအရည်ဖွဲ့ခြင်းအဆင့်ကိုတောင်ကျော်လွန်ပြီးတဲ့ပုံပဲ"

"အင်း.... အကြီးအကဲကျိုးလဲ့နဲ့ယှဥ်ရပ်နေပုံအရ သူ့အစ်ကို အကြီးအကဲကျိုးထျန်းဟွာပဲဖြစ်မယ်"

"အကြီးအကဲကျိုးထျန်းဟွာဆိုတာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကိုချိုးဖျက်ပြီးနိုင်ရုံမက အဆင့်၂ဆေးဆရာပါဖြစ်နေသေးတဲ့တစ်ယောက်မလား ယန်မိသားစုက ဒီလိုကျောထောက်နောက်ခံရှိနေလို့ အဆင့်၂ဆေးလုံးတွေထုတ်လုပ်နိုင်နေတာပေါ့"

"ဟုတ်‌တာပေါ့ ကြည့်ရတာ ဒီနေ့တော့ ဖုန့်မိသားစုရဲ့ကံကြမ္မာရေစုန်မျောပြီထင်ပါ့"

ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦး ပါဝင်လာခြင်းကြောင့် ပွဲကြည့်သူများမှာ တစ်ခြားကိုပင်အာရုံမစိုက်နိုင်ကြတော့။

ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးကို မြင်ဖူးရန်ဆိုသည်မှာ ရှားတောင့်ရှားခဲအခွင့်အရေးပင်။ အထူးသဖြင့် မြူခိုးချိုင့်ဝှမ်းလို ဝေးလံခေါင်ဖျားမြို့တော်လေးမှာပေါ့။

အကြီးအကဲကျိုးလဲ့နှင့် ကျိုးထျန်းဟွာတို့ လူလုံးပြပြီးချိန်မှာပဲ ဖုန့်ချန်းလည်းနေရာသို့ အချိန်မီရောက်ရှိလာတော့၏။

အကြီးအကဲကျိုးထျန်းဟွာ၏ မိုးထိုးနေသာယုံကြည်မှုကိုတွေ့မြင်လိုက်ရသော် ဖုန့်ချန်းကရုဏာသက်စွာပင်ပြုံးလိုက်မိသည်။

(ဒီလိုထောင်လွှားနေတဲ့လူတွေဆိုတာ ပါးရိုက်မခံရမချင်း ကိုယ့်နေရာကိုယ်သိကြတာမဟုတ်ဘူး)

ညီအစ်ကိုဖြစ်သည့်အလျောက် ဒီနေရာမှာတော့ နှစ်ယောက်လုံးတစ်ချိုးတည်းပင်။ ပထမတစ်ခေါက်တုန်းက အကြီးအကဲကျိုး၊ အခုတော့ သူ့အစ်ကို ကျိုးထျန်းဟွာ‌ပေါ့။

"ဒီလိုဆိုတော့လည်း အပြီးသတ်ပေးရသေးတာပေါ့"

All Chapters