← Chapters

ချက်ချင်းသေဆုံးသွားသော ဘောပင်နတ်သမီး

Vol. 61 Ch. 902

ချက်ချင်းသေဆုံးသွားသော ဘောပင်နတ်သမီး

Vol. 61 Ch. 902

ဘောပင်နတ်သမီးကို မနှိမ်နင်းခင်အချိန်...

ဝမ်လင်းက ဤနတ်ဆိုး ၃ပါး၏တည်နေရာကို အမြန်ဆုံးရှာဖွေရန်အတွက် သူတော်စင်အင်မော်တယ်ကျမ်းကို အမိန့်ပေးခဲ့သည်။

သူတော်စင်အင်မော်တယ်ကျမ်းသည် ဉာဏ်အလင်းရရှိပြီးနောက်တွင် အရာခပ်သိမ်းကို ရှာဖွေရာ၌ အမှန်တကယ်အထောက်အကူ ဖြစ်ကြောင်း ဝမ်လင်း တွေ့ရှိခဲ့သည်။

သို့ရာတွင် ဤအိုင်ပတ်မှင်စာသည် သူ၏အမိန့်မရှိဘဲ လူတတ်ကြီးလုပ်လေ့ ရှိသည်။

၎င်းက အင်မော်တယ်ထုန်ရာကို လက်မှတ်ထုတ်ပေးရန်အတွက် ‌သူ၏အကန့်အသတ်ထုတ် ခေါက်ဆွဲခြောက်ထုပ်များအား ရောင်းချသည်ကို ဝမ်လင်း မှတ်မိနေပါသေးသည်။

ထို့ကြောင့် ကျင့်ခယ်၏ဓားအိမ်ကို ရှာဖွေပြီးလျှင် ဤအိုင်ပတ်မှင်စာကို စွန့်လွှတ်ရန် ဝမ်လင်းက တွေးထားခဲ့သည်။

ဤမှင်စာက သူ့အနားတွင်ရှိနေလျှင် အနှေးနှင့်အမြန် ဆိုသလို သူ့အတွက် ဘေးအန္တရာယ် ဖြစ်လာပေလိမ့်မည်။

စက္ကန့်အနည်းငယ်အကြာတွင် သူတော်စင်အင်မော်တယ်ကျမ်းသည် ဘောပင်နတ်သမီး၏ တည်နေရာကို ပေးပို့ခဲ့သည်။

သူဌေးကျင့် ပြောခဲ့သလိုပင် ထိုအချိန်တွင် ဘောပင်နတ်သမီးသည် ကလေးတစ်ယောက်ကို ပြစ်မှု ကျူးလွန်နေခဲ့သည်။

အစည်းအ‌ဝေးခန်းထဲတွင် ရှိသောဝမ်လင်းသည် မဟာတာအို ၃၀၀၀ ထဲမှ မဟာစိတ်ဝိညာဉ် ရွေ့လျားခြင်းတာအိုကို အသုံးပြုပြီး ဘောပင်နတ်သမီး၏ တည်နေရာသို့ အမြန်ရောက်ရှိလာခဲ့သည်။

ဤသို့ဖြင့် ဝမ်လင်းသည် ဘောပင်နတ်သမီး ကြံစည်နေသည့် ကျောင်းသားလေး၏ အခန်းသို့ ရောက်ရှိသွားခဲ့သည်။

ဝမ်လင်းသည် လက်ရှိတွင် ဝိညာဉ်ခန္ဓာကိုယ်နှင့် ဖြစ်သောကြောင့် ကျောင်းသားလေးက လုံးဝ အာရုံမခံစားနိုင်ခဲ့ပေ။

ဤအထက်တန်းကျောင်းသား‌လောက်ကို မပြောနှင့်၊ ဝမ်ကျန်းနှင့် လျူချင်းရီတို့လို နတ်ဘုရားနယ်မြေမှ မြို့သူမြို့သားများပင် ဝမ်လင်းကို မြင်နိုင်မည်မဟုတ်ပေ။

မဟာစိတ်ဝိညာဉ်ရွေ့လျားခြင်း တာအိုသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို ချက်ချင်း ပို့ဆောင်နိုင်သည့် အဆင့်မြင့်မှော်စွမ်းရည်တစ်မျိုး ဖြစ်သည်။

သို့ရာတွင် ဝိညာဉ်ခန္ဓာကိုယ်သည် ကြာရှည်မခံပေ။

၁၅ မိနစ်ကြာပြီးသည်နှင့် ဝိညာဉ်က ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သွားမည် ဖြစ်သည်။

သို့သော် ဤအချိန်သည် ဘောပင်နတ်သမီးကို ဖယ်ရှားရန်အတွက် ဝမ်လင်းအဖို့ လုံလောက်သောအချိန် ဖြစ်၏။

ဘောပင်နတ်သမီးက ကိုင်တွယ်ရန် ခက်ခဲ‌သော ရန်သူမျိုးမဟုတ်ဘဲ ရှာရခက်သောရန်သူမျိုး ဖြစ်သည်။

စာကြည့်စားပွဲရှည်တွင် စာလုပ်နေသော လူငယ်လေးသည် အမျိုးသမီး တစ္ဆေတစ်ကောင်က သူ့အား ပစ်မှတ်ထားနေသည်ကို လုံးဝမသိခဲ့ပေ။

သူက လက်ထဲတွင် ဘောပင်တစ်ချောင်းကို ကိုင်ထားပြီး စာအုပ်ကို ဂရုတစိုက် ကြည့်နေခဲ့သည်။

“နန်းနန်း.. နန်းနန်းရေ”

လူငယ်လေး၏ အမေခေါ်သံက အပြင်ဘက်မှ ထွက်လာခဲ့သည်။

သူမက အခန်းတံခါးကိုမဖွင့်မီ အရင်ဆုံး ခေါက်လိုက်ပြီးမှ အခန်းထဲသို့ ဝင်လာခဲ့သည်။

သူမက သူ့သားကို ကြင်နာစွာ ပြုံးပြလိုက်သည်။

“သေချာ စာလေ့လာနော် နန်းနန်း.. တစ်ခုခုစားချင်ရင် အမေ့ကို လှမ်းခေါ်လိုက်”

“ရပါပြီအမေ”

လူငယ်လေးက အေးတိအေးစက် ပြန်ဖြေလိုက်သည်။

သူ၏မျက်လုံးများက စာအုပ်ပေါ်တွင် ရှိနေသော်လည်း မျက်လုံး‌ထောင့်ကနေ သူ့အမေကိုလှမ်းကြည့်လိုက်သည်။

သူ့အမေ ထွက်သွားပြီးနောက်တွင် လူငယ်လေးသည် သက်ပြင်းကို ဟောခနဲ ချလိုက်သည်။

ဝမ်လင်းက လူငယ်လေး ကိုင်ထားသည့် စာအုပ်ကို လှမ်းကြည့်လိုက်ရာ သဘောပေါက်သွားခဲ့သည်။

တကယ်တမ်းတွင် လူငယ်လေး၏ စာအုပ်၌ လေးထောင့်အ‌ပေါက်တစ်ပေါက် ရှိနေ၏။

ဟုတ်ပါသည်၊ လူငယ်လေးက ဖုန်းကို ထိုအ‌ပေါက်ထဲတွင် ထည့်၍ ကြည့်နေခဲ့ခြင်း ဖြစ်သည်။

တစ်ယောက်ယောက် လာတိုင်းတွင် သူက အရှေ့ဘက်မှစာမျက်နှာနှင့် ထိုအပေါက်ကို ဖုံးထားပြီး မည်သူမှအနားမှာမရှိသောအခါမှ ပြန်လှန်ခဲ့သည်။

ဝမ်လင်းက ချွေးစေးများပင် ထွက်လာသည်။

ဤလူငယ်လေးက ဖုန်းကို အ‌တော်လေး စွဲလမ်းနေပုံရသည်။

သူက လူငယ်လေး၏ ကျောင်းသုံးပစ္စည်းများပေါ်တွင် ရေးထားသည့်အမည်ကို တစ်ချက် ကြည့်လိုက်သည်။

"လင်းနန်း၊ တတိယနှစ်ကျောင်းသား"

ပုံမှန်အထက်တန်းကျောင်းများနှင့်မတူဘဲ အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားများသည် နွေရာသီအားလပ်ရက်ပြီးနောက်တွင် အောက်တိုဘာလထဲ၌ ၎င်းတို့၏ စာမေးပွဲများကို ပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် တတိယနှစ် အခြေခံတည်ထောင်ခြင်းအဆင့် အထက်တန်းကျောင်းသားများ အတွက် နွေရာသီအားလပ်ရက်သည် လွတ်လပ်သောအချိန် မဟုတ်ပေ။

၎င်းတို့က စာမေးပွဲအတွက် စာများကို ကျက်မှတ်နေရသည့်အပြင် သီအိုရီများစွာကိုလည်း မှတ်သားရသည်။

များသောအားဖြင့် ၎င်းတို့၏မိဘများသည် အနီးကပ်စောင့်ကြည့်နေလေ့ ရှိသည်။

ဤလူငယ်လေး၏အမေသည်လည်း ​ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေသည်မှာ ထင်ရှား၏။

ထို့ကြောင့်လည်း ဤကဲ့သို့ လှည့်ကွက်များ ပေါ်ထွက်လာရခြင်း ဖြစ်ပုံရသည်။

လူငယ်လေးက စာကျက်ရန် သိပ်အလေးအနက် ရှိပုံမရချေ။

ဝမ်လင်းက လင်းနန်းကို စိုက်ကြည့်ကာ စိတ်ထဲကနေသက်ပြင်းချလိုက်သည်။

ကျောင်းသားလူငယ်များတွင် ကစားချိန်နှင့် စာကျက်ချိန်ဟူ၍ သီးသန့်ရှိသည်။

ထိုအချိန်များကို စနစ်တကျ စီမံခန့်ခွဲခြင်းသည် သင်ယူရာတွင် ပိုမို ထိရောက်စေသည်။

သို့သော် ဝမ်လင်းသည် လင်းနန်း မဟုတ်သည့်အတွက် မှတ်ချက် မပေးလိုခဲ့ပေ။

အဆုံးသတ်တွင် လူတစ်ဦးချင်းစီ၏ အခြေအနေသည် မတူကြချေ။

သင်က လင်းနန်း မဟုတ်သည့်အတွက် တစ်ဖက်သတ် တရားစီရင်ပိုင်ခွင့် မရှိပေ။

ဝမ်လင်းက လင်းနန်း အဘယ်ကြောင့် သူ့ဖုန်းကိုဝှက်ထားရသည်ကို သိလိုခဲ့သည်။

အမှန်စင်စစ် လင်းနန်းသည် ကစားနေခြင်း မဟုတ်ဘဲ သူ၏အဖေနှင့် ဖုန်းပြောနေခြင်းဖြစ်သည်ကို သူတွေ့လိုက်ရသည်။

လင်းနန်း “အဖေ လောင်းကစားတွေ မလုပ်ပါနဲ့တော့.. အိမ်ပြန်လာခဲ့ပါ.. အမေက အဖေ့ကို လိုအပ်နေတယ်.. စာမေးပွဲတွေမှာ ကျွန်တော် တစ်နှစ်ပတ်လုံး ပထမရခဲ့တဲ့အတွက် ကျောင်းက ကျနော့်ကို စူပါအထူးဆေးပြား ပေးခဲ့တယ်.. ကျွန်တော်တို့ အဲဒါကိုရောင်းလိုက်ရင် အဖေရဲ့ လောင်းကစားကြွေးတွေကို သေချာပေါက်ဆပ်နိုင်မှာပါ.. အဖေ့အနေနဲ့ နောက်တစ်ခါ လောင်းကစား မလုပ်တော့ဘူးလို့ ကတိပေးပြီး အမေ့ကို တောင်းပန်နေသမျှ အဲဒီစူပါအထူးဆေးပြားကို ကျွန်တော် ရောင်းချလိုက်ပါ့မယ်.. ကျွန်တော်အဖေ့ဆီကသတင်းကို စောင့်နေမယ်နော်”

သို့ရာတွင် တစ်ဖက်ရှိ သူ့အဖေသည် အချိန်အတော်ကြာသည်အထိ စာမပြန်ခဲ့ပေ။

လူငယ်လေး၏ မက်ဆေ့ချ်ကိုမြင်လျှင် ဝမ်လင်း၏ ခံစားချက်များက ရှုပ်ထွေးသွားခဲ့သည်။

ထိုအချိန်တွင် ဖခင်ဖြစ်သူ၏အဖြေကို စောင့်ဆိုင်းနေသည့်လင်းနန်းသည် ရုတ်တရက် တုန်တုန်ယင်ယင် ဖြစ်လာသည်။

လင်းနန်းက စားပွဲပေါ်ရှိ လေအေးပေးစက် ရီမုကို ကောက်ကိုင်လိုက်သည်။

အခန်းအပူချိန်က ယခုအချိန်တွင် 25 ဒီဂရီသာဖြစ်၍ ဤမျှလောက် မအေးသင့်ပေ။

သို့ဆိုလျှင် ဤကဲ့သို့ အေးစိမ့်သော ခံစားမှုကို သူအဘယ်ကြောင့် ခံစားနေရပါသနည်း။

ထိုအချိန်မှာပင် ဘောပင်နတ်သမီးသည် သူ့ကို ပစ်မှတ်ထားနေမှန်း လင်းနန်း မသိခဲ့ပေ။

သူကိုင်ထားသည့် ဘောပင်ကနေ နက်မှောင်သည့် ဝိညာဉ်ရေးခန္ဓာကိုယ်သည် ဖြည်းညင်းစွာ ထွက်လာခဲ့သည်။

ဘောပင်နတ်သမီးက ဆံပင်ရှည်ရှည်ရှိပြီး အနီရောင်ဝတ်စုံဝတ်ကာ ဒေါက်မြင့်ဖိနပ်ကို စီးထားသည်။

သူမက ဘောပင်ထဲမှ ထွက်လာပြီးနောက်တွင် လင်းနန်း၏ နောက်သို့‌ ရောက်ရှိသွားခဲ့သည်။

လင်းနန်းက သူလည်ပင်းတွင် အေးစက်သော လေနုအေးကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသော်လည်း ဘာကြောင့်မှန်း မသိခဲ့ပေ။

တစ္ဆေအမျိုးသမီးက လင်းနန်း၏ လည်ပင်းဆီသို့ သူ၏ရှည်လျားသော လက်သည်းများကို ဆန့်ထုတ်လိုက်ချိန်တွင် ဝမ်လင်းသည် သူ၏လက်ဖြင့် တစ္ဆေ၏ပုခုံးကို ဖိချလိုက်သည်။

“မင်းက ဘောပင်နတ်သမီးလား”

ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် တစ္ဆေအမျိုးသမီးသည် အလွန်အမင်း ကြောက်လန့်သွားခဲ့ပြီး ဆံပင်များပင် ထောင်ထသွားခဲ့သည်။

သူမ၏နောက်တွင် ရပ်နေသူကို သူမ လုံးဝ သတိမထားမိခဲ့ပေ။

ယင်းက ပုစဉ်းရင်ကွဲကို ချောင်းကြည့်နေသော ပိုးမွှားများသည် ၎င်းတို့နောက်ရှိ ကမ္ဘာသစ်ငှက်ကို သတိမထားမိသကဲ့သို့ပင်။

“မင်း”

တစ္ဆေအမျိုးသမီးက မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်သော်လည်း ဝမ်လင်း၏ ဝိညာဉ်ခန္ဓာကိုယ်ကို မမြင်နိုင်လောက်သည်အထိ အားနည်းနေခဲ့သည်။

သို့ရာတွင် တစ္ဆေအမျိုးသမီးသည် သူမ၏နောက်၌ တစ်စုံတစ်ယောက် ရှိနေမှန်း သေချာပေါက် သိလိုက်သည်။

ထိုလူ၏လက်က သူမ ပုခုံးကိုသာ တင်ထားသော်လည်း သူမတစ်ကိုယ်လုံး မလှုပ်ရှားနိုင်ခဲ့ပေ။

“ကောင်လေးကိုလွှတ်ပေးလိုက်”

ဝမ်လင်းက စိတ်ချင်းဆက်သွယ်ကာ အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

သူ့လေသံက ညှိနှိုင်းလိုသည့် အရိပ်ယောင် တစွန်းတစမှ မပါရှိဘဲ တစ်ချက်လွှတ်အမိန့်မျိုး ဖြစ်သည်။

တစ္ဆေအမျိုးသမီးက ကူကယ်ရာမဲ့စွာဖြင့် သူမ၏လက်သည်းများကို ရုပ်သိမ်းလိုက်ပြီး သူမ၏လက်ကို မြှောက်ထားလိုက်သည်။

တစ္ဆေအမျိုးသမီး “မင်းက ဘယ်လိုသရဲမျိုးလဲ”

ဝမ်လင်း၏ဝိညာဉ်ခန္ဓာကိုယ် “ငါက ခေါက်ဆွဲခြောက်သရဲပါ”

“ခေါက်ဆွဲခြောက်သရဲလား”

ဘောပင်နတ်သမီးက မှင်တက်သွားခဲ့သည်။

ဤသရဲအကြောင်း သူတစ်ခါမှမကြားဖူးပေ။

“မင်းဘာလို့ ဒီကလေးရဲ့နောက်ကို ရောက်နေတာလဲ”

ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍မေးလိုက်သည်။

သူ့ဘဝတွင် ဤမျှလောက်စကား အများကြီး မပြောဖူးသလို သူခံစားရသည်။

သို့သော် သူအမှန်တကယ် သိချင်နေခဲ့သည်။

ဤသည်က ကော်ဟောက်ထံမှ ဓာတ်ကူးသွားခြင်းလည်း ဖြစ်နိုင်၏။

“အဲဒီကလေးက စာမကျက်လို့ သတ်ပစ်ချင်တာပဲ”

တစ္ဆေအမျိုးသမီးက အမှန်အတိုင်း ပြန်ဖြေလိုက်၏။

“..........”

ထိုအကြောင်းပြချက်ကြောင့် ဝမ်လင်းက အံ့အားသင့်သွားခဲ့သည်။

“ဒါပေမဲ့ သူ့ကိုမသတ်ခင်မှာတော့ သူ့ရဲ့ အိမ်စာတွေအားလုံးကို ပြီးအောင် ကူညီပေးမယ်.. ပြီးရင်တော့ သူကိုရက်ရက်စက်စက် သတ်ပစ်မယ်.. ဘာကြောင့်လဲဆိုတော့ စာမကျက်တဲ့ သူတိုင်းကို အရှက်ရစေချင်လို့ပဲ.. နောင်တတရားနဲ့အတူ ငရဲကို ပို့ပေးမယ်”

“ပေါက်ကွဲစမ်း”

ဘောပင်နတ်သမီး၏ စကားမဆုံးမီမှာပင် ဝမ်လင်းက သူမ၏ လည်ပင်းကို ချက်ချင်းဆိုသလို ညှစ်ချလိုက်သည်။

“ဘယ်လောက်တောင် ပျင်းစရာကောင်းတဲ့ တိုက်ပွဲလဲ”

ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး လင်းနန်းကိုတစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူထွက်မသွားခင် အလုပ်တစ်ခု လုပ်ခဲ့သည်။

ယင်းမှာလင်းနန်းအတွက် ဘောပင်နတ်သမီး လုပ်ပေးခဲ့သည့် အိမ်စာအားလုံးကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

စင်စစ် အိမ်စာဆိုသည်မှာ ကိုယ်တိုင် လုပ်ဆောင်ရမည်အရာ မဟုတ်ပါလော။

အပိုင်း(၉၀၂) ပြီး၏

All Chapters