ဓားအိမ်၏ပျော့ကွက်
Vol. 61 Ch. 905
ဤသုံးယောက်တစ်ယောက် တိုက်ပွဲကို မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။
အဆိပ်ပြင်းသည့် လျှာပိုင်ရှင် ပိုင်ချောင်းသည် သူတို့ကို ဒေါသထွက်နေခဲ့သည်။
သူမ၏ဆံပင်မှ တောက်ပသော အလင်းရောင်က နတ်ကြာဖူးအဖြစ်သို့ ပြောင်းလဲသွားပြီး သူဌေးကျင့်၏ ဆိုင်ကို နှစ်ခြမ်းခွဲပစ်လိုက်သည်။
ဝမ်လင်းက သူဌေးကျင့်နှင့် ဆိုင်အကူ လင်းဟွမ်တို့၏ ခေါင်းကို အောက်သို့လျင်မြန်စွာ နှိမ့်ချလိုက်ကာ ပိုင်ချောင်း၏ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရန် ကူညီပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် သူဌေးကျင့်သည် နှမျောတသဖြင့် ရေရွတ်လိုက်သည်။
“ငါ့ဆိုင် ငါ့ပစ္စည်းတွေ ငါ့ရဲ့အဖိုးမဖြတ်နိုင်တဲ့ မှော်ရတနာတွေ”
သူ့မျက်စိရှေ့တွင် ရှုပ်ပွနေသည့် မြင်ကွင်းကိုကြည့်ရင်း သူဌေးကျင့်၏ မျက်နှာသည် ကမ္ဘာကျော်ပန်းချီကား(The Scream) အဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
ဖန့်ရှင်းက ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍ ပိုင်ချောင်း၏ ဆံပင်ကို ဆုပ်ကိုင်ထားလိုက်သည်။
ဤဆံပင်က ပိုင်ချောင်းကို တိုက်ခိုက်ရာတွင် အဓိကသော့ချက် ဖြစ်နိုင်သည်ဟု သူမြင်ခဲ့သည်။
ဤအရာကို ထိန်းချုပ်ထားနိုင်သရွေ့ ပိုင်ချောင်းက ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
“ငါ့ရဲ့ဆံပင်ကို ဖမ်းဆုပ်ထားနိုင်တာနဲ့ပဲ ငါ့ကို ထိန်းချုပ်နိုင်မယ်လို့ ထင်နေတာလား”
ပိုင်ချောင်းက ဖန့်ရှင်းကို ကြည့်၍ ခနဲ့လိုက်သည်။
နောက်ထပ် အခိုက်အတန့်မှာပင် သူမ၏ ခေါင်းပေါ်မှ အခိုးအငွေ့များ ထွက်လာပြီး သူမ၏ဦခေါင်းထိပ်တွင် ဓားပုံစံချွန်ထက်သော ဆံပင်အသစ်တစ်ခုက ပြန်ပေါက်လာ၏။
တစချိန်တည်းမှာပင် ဖန့်ရှင်း၏ လက်ထဲမှ ဆံပင်များသည် အငွေ့ပျံကာ တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ်သွားပြီး ဝိညာဉ်စွမ်းအင်လုံး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျိုးရီက ရှေ့သို့ အမြန် ပြေးတက်သွားခဲ့သည်။
သူက ဝမ်လင်းထံမှ မှော်ကိရိယာများကို ရရှိထား၍ ပုံမှန်ထက်ပို၍ သန်မာနေပုံရသည်။
သူက ပိုင်ချောင်းကို ဗုံးဖြင့် တိုက်ခိုက်ရန်အတွက် လက်အိတ်စွပ်ထားသော လက်ဖြင့် သိုလှောင်အိတ်ထဲကို နှိုက်လိုက်သည်။
သို့သော်လည်း ပိုင်ချောင်းက သူ၏အပြုအမူကို မျက်တောင်ပင်မခက်ခဲ့ပေ။
“အရမ်းနှေးတာပဲ”
ပိုင်ချောင်းက ကျိုးရီကို ဆံပင်ကြာပွတ်ဖြင့် ရိုက်လိုက်ရာ ကျိုးရီ၏ ဝတ်စုံက ကွဲထွက်သွားခဲ့သည်။
သို့ရာတွင် အသားကပ်ဝတ်စုံမှ အကာအကွယ် ရွှေရောင်အလင်းတန်းများသည် ဆံပင်ကြာပွတ်၏ စွမ်းအားကို လုံးလုံးလျားလျား ပိတ်ဆို့ထားသောကြောင့် ကျိုးရီက လုံးဝဒဏ်ရာမရခဲ့ပေ။
ရွှေရောင်အလင်းတန်း ပျောက်ကွယ်သွားသောအခါတွင် ပိုင်ချောင်းသည် အနီတောက်တောက် အသားကပ် ဘောင်းဘီရှည်နှင့် ကျိုးရီကို တွေ့လိုက်ရသည်။
အသားကပ် ဝတ်စုံ၏ ပြင်းထန်သော ခုခံကာကွယ်မှုကို သူမအံ့အားသင့်နေချိန်တွင် ထွင်ထျန်းဟာက သူမကို တိုက်လိုက်လိုက်သည်။
“အခြေခံခွေးနည်းစနစ်.. ဟိုင်း.. ယား..”
ထွင်ထျန်းဟာက အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက်တွင် အခြေခံခွေးနည်းစနစ်၏ ကျွမ်းကျင်မှုသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သည်။
ယခုအခါတွင် ထွင်ထျန်းဟာသည် တစ်စက္ကန့်လျှင် လက်သီးချက်တစ်ထောင်ကို ထုတ်လွှတ်နိုင်နေပြီ ဖြစ်သည်။
“အရိုးဘုရင်လာခဲ့”
ချက်ချင်းပင် ထွင်ထျန်းဟာက သူ၏ ခွေးနည်းစနစ်ကို အသုံးပြုကာ အရိုးဘုရင်ကို ထုတ်ယူလိုက်သည်။
တစ်ခဏအတွင်းမှာပင် ထွင်ထျန်းဟာ၏ ခြေသည်းပေါ်၌ ကျောက်စိမ်းကဲ့သို့ ဆူးလက်အိတ် တစ်စုံ ဖြစ်ပေါ်လာသည်။
သူ၏လက်သီးချက်က နေရာအနှံ့ကို ပေါက်ကွဲသွားပြီး လေထုကိုပင် တုန်ခါစေခဲ့သည်။
အံ့ဩစရာကောင်းသော တိုက်ကွက်များကြောင့် ပိုင်ချောင်းက အံ့အားသင့်သွားခဲ့သည်။
ဤခွေးကလေး၏ စွမ်းဆောင်ရည်က သူမ ထင်ထားသည်ထက် များစွာ ပိုကောင်းနေ၏။
ခွေးကလေးက နတ်ဆိုးဘုရင်ဖြစ်ခဲ့သည်မှာ သိသာ ထင်ရှားနေသော်လည်း သာမန်ရောကျော်ခွေး၏ ခန္ဓာကိုယ်နှင့်ပင် ဤအတိုင်းအတာထိ ပေါင်းစပ်နိုင်ခဲ့သည်။
“စိတ်ဝင်စားဖို့ကောင်းသားပဲ”
ပိုင်ချောင်းက ပြုံး၍ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူမ၏ ဦးခေါင်းထိပ်ရှိ ဆံပင်များသည် မရေမတွက်နိုင်သော ဆံချည်မျှင်များ အဖြစ်သို့ ရုတ်တရက် ကွဲထွက်သွားပြီး ကောင်းကင်ပေါ်မှ ကျဆင်းလာသည့် အရိပ်လက်သီးချက်များစွာကို ရင်ဆိုင်လိုက်သည်။
ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်၌ ကြောက်စရာကောင်းသောအော်ရာနှင့် ဝိညာဉ်ရေးစွမ်းအားများ ပေါ်ထွက်နေခဲ့သည်။
တစ်ဖက်မှ သေရေးရှင်ရေး တိုက်ပွဲကဲ့သို့ ဆင်နွှဲနေသော်လည်း ပိုင်ချောင်း၏ အမူအရာကမူ ဖိအားကင်းကင်းဖြင့် စိတ်အေးလက်အေး ဖြစ်နေခဲ့သည်။
ပိုင်ချောင်း၏ ဆံချည်မျှင်များက ထွင်ထျန်းဟာ၏ တိုက်ခိုက်မှုအားလုံးကို ထိန်းချုပ်နိုင်ခဲ့၍ ထွင်ထျန်းဟာသည် တိုက်ခိုက်လိုစိတ်ပင် ပျောက်ဆုံးတော့မလို ဖြစ်သွားခဲ့ရသည်။
အချိန်ကြာလာသည်နှင့်အမျှ ဆံချည်မျှင်များက ပို၍မြန်ဆန်လာ၍ ထွင်ထျန်းဟာက သေချာမထိန်းချုပ်နိုင်တော့ဟု ခံစားလိုက်ရသည်။
ဖန့်ရှင်းက မျက်မှောင်ကြုတ်လိုက်ပြီး အမူအရာ တင်းမာသွားခဲ့သည်။
“အဖြူရောင်ညမှော်စွမ်းရည်”
စက္ကန့်ပိုင်းလေးအတွင်းမှာပင် ဖန့်ရှင်း၏ အသွင်အပြင်သည် လုံးဝ ပြောင်းလဲသွားခဲ့သည်။
သူက ပိုင်ချောင်း၏ ဆံချည်မျှင်အားလုံးကို ရှင်းပစ်ရန် မြွေအကြေးခွံ ၁၀ ခုကို ပစ်လွှတ်လိုက်သည်။
ဤအခိုက်အတန့်မှာပင် သူဌေးကျင့်နှင့် လင်းဟွမ်တို့သည် ပိုင်ချောင်း ဆိုလိုသည့် သားနှင့်သမီး အဓိပ္ပါယ်ကို နားလည်သွားခဲ့သည်။
ဤညီနောင် ဖန့်ရှင်းသည် မှော်အတတ်ကို အစွမ်းကုန် ထုတ်သုံးသည့်အခါတွင် မိန်းကလေးတစ်ယောက် ဖြစ်သွားသည်ကို သူတို့ တွေ့လိုက်ရသည်။
မိန်းကလေး အသွင်ပြောင်းသွားစဉ်တွင် ဖန့်ရှင်း၏ အော်ရာနှင့်တိုက်ပွဲဝင်စွမ်းအားသည် အဆင့်အသစ် တစ်ခုအဖြစ်သို့ရောက်ရှိသွားခဲ့ပြီ အရာရာ ပြောင်းလဲသွားခဲ့သည်။
ဖန့်ရှင်းက သူမ နားသို့ လျင်မြန်စွာ နီးကပ်လာသဖြင့် သူမအံ့ဩသွားခဲ့သည်။
ပိုင်ချောင်းနှင့်ဖန့်ရှင်းတို့ ထိပ်တိုက် ရင်ဆိုင်မိသောအခါတွင် နတ်ဘုရားသံသတ္တုနှင့် ထိခိုက်မိသော အသံကဲ့သို့ ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။
ပေါက်ကွဲမှုကြောင့် နှစ်ယောက်စလုံးက နောက်သို့ ဆုတ်လိုက်ရပြီး ပိုင်ချောင်းသည်လည်း ဆိုင်အပြင်သို့ လွင့်စင်သွားခဲ့သည်။
ထိုအခါမှပင် ပိုင်ချောင်းသည် တစ်စုံတစ်ရာကို သတိထားမိလိုက်ပြီး လေးနက်သော အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“အသန်မာဆုံးလူ”
သူမ လွင့်ထွက်သွားသောအချိန်တွင် ပိုင်ချောင်းသည် အလွှာတစ်ခုထဲသို့ ရောက်ရှိနေမှန်း သိလိုက်ရသည်။
ဟုတ်ပါသည်၊ ထိုအလွှာထဲသို့ ရောက်နေရသည့် အကြောင်းအရင်းမှာ ဆယ်ကျော်သက် လူငယ်လေးကြောင့် ဖြစ်သည်။
ဤအာကာပြင်အလွှာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတိုင်းသည် လက်တွေ့ဘဝကို သက်ရောက်မှုရှိမည်မဟုတ်ပေ။
သူမနှင့် လက်ရှိတိုက်ခိုက်နေသော လူနှစ်ယောက်ထဲတွင် တစ်ယောက်မှ ဤနည်းစနစ်ကို မစွမ်းဆောင်နိုင်ပေ။
ဤကဲ့သို့ ထူးခြားသောစွမ်းအင်ရှိသူမှာ သာမန်ဟုသာ ထင်ရသည့် ဆယ်ကျော်သက်ပင် ဖြစ်သည်။
အစောပိုင်းတွင် သူမသည် ဝမ်လင်း၏ ဝိသေသလက္ခဏာကို အကြမ်းဖျင်း ခန့်မှန်းခဲ့သည်။
သို့ရာတွင် သူမအနေဖြင့် ဝမ်လင်း၏ ခွန်အားကို လျှော့တွက်မိနေဆဲ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ထိုလူငယ်က တိုက်ပွဲစတင်သည်နှင့် ဆိုင်ရှိ လူအားလုံးကို အာကာပြင်အလွှာတစ်ခု ထဲသို့ ဆွဲသွင်းသွားခဲ့သည်။
ထို့အပြင် လူငယ်က သူမ သတိမထားမိအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။
ထိုအချိန်မှာပင် အဖြူရောင်ညမှော်စွမ်းရည်ကို အသုံးပြုခဲ့သောဖန့်ရှင်းသည် မီတာ ၄၀ ရှည်လျားသော ဓားရှည်ကို လေထဲကနေ ဆွဲထုတ်လိုက်သည်။
သူက ကြီးမားသော စိတ်ဝိညာဉ် စွမ်းအားများ ထည့်သွင်းထားသော ဓားရှည်ဖြင့် ပိုင်ချောင်းကို ခုတ်ချလိုက်သည်။
ပိုင်ချောင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူမ၏ ခေါင်းထဲရှိ ဆံပင်များကို နှစ်ခြမ်းခွဲကာ ကြီးမားသောလက်တစ်စုံအဖြစ် ပြောင်းလဲလိုက်ပြီး လေထုထဲကနေ ဆင်းသက်လာသည့် ကြီးမားသော ဓားရှည်ကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
သူမ၏ ကြီးမားလှသော ဝိညာဉ်ရေး ဖိအားအောက်တွင် ဖန့်ရှင်းသည် လေထဲ၌တည်ငြိမ်စွာ မရပ်တန့်နိုင်တော့ဘဲ အောက်သို့ ကျဆင်းသွားခဲ့သည်။
သို့ရာတွင် ရေမြောင်းထဲသို့ ကျရောက်သည် အထိတော့ မဖြစ်ခဲ့ပေ။
ပိုင်ချောင်းက မီတာ ၄၀ရှည်လျားသော ဓားရှည်ကို ကွဲအက်အောင် ပြုလုပ်ပြလိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ဖန့်ရှင်းသည် ပိုင်ချောင်း၏အင်အားကို အံ့ဩသွားခဲ့သည်။
“ပြီးသွားပြီ”
ပိုင်ချောင်းက ဖန့်ရှင်းကို တည်ငြိမ်စွာပြောလိုက်ပြီး အိတ်ကပ်ထဲမှ တစ်စုံတစ်ရာကို ထုတ်ယူလိုက်သည်။
ဖန့်ရှင်းက မှော်ဆန်သည့် ပစ္စည်းတစ်ခုဟု ထင်ခဲ့သော်လည်း ထိုအရာက ဆံပင်အားဖြည့်သည့် ဆေးဘူးတစ်ဘူး ဖြစ်နေခဲ့သည်။
ပိုင်ချောင်းက ထိုဆေးဘူးကို သူမ ခေါင်းထဲသို့ အကုန်အစင်လောင်းချလိုက်ပြီး အာဟာရများကို ချက်ချင်းပင် စုပ်ယူလိုက်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ပိုင်ချောင်း၏ ဦးခေါင်းပေါ်၌ အခိုးအငွေ့များကို ၎င်းတို့အားလုံး မြင်လိုက်ရသည်။
ထို့နောက်တွင် ပိုင်ချောင်း၏ ဆံပင်များသည် သစ်ပင်တစ်ပင်ကဲ့သို့ ကြီးထွားလာပြီး ရွှေရောင်တောက်ပနေသည့် ရွှေရောင်ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“မကောင်းတော့ဘူး”
ဖန့်ရှင်းက အန္တရာယ်ကို အလိုလို ခံစားမိလိုက်သည်။
ဤဝိညာဉ်ရေးဖိအားသည် သူ့ကို အပြည့်အဝ ခြိမ်းခြောက်နေသည် မဟုတ်ပါလား။
ဤသည်က ပကတိအင်မော်တယ် တစ်ယောက်၏ ဖိနှိပ်မှုမျိုးပင် မဟုတ်တော့ပေ။
ဖန့်ရှင်းက သူ့အနေဖြင့် ဤစွမ်းအားကို ခုခံနိုင်မည်မဟုတ်ကြောင်း ကောင်းစွာသိသည်။
မသေခဲ့လျှင်ပင် အတွင်းလူနာအဖြစ် တစ်လခွဲလောက် ကုသရမည် ဖြစ်သည်။
“ကြောက်နေပြီလား.. ဒါပေမဲ့ အရမ်းနောက်ကျသွားပြီ”
ထိုစကားကိုထောက်လျှင် ပိုင်ချောင်းတွင် နောက်ဆုတ်ရန်ရည်ရွယ်ချက် ရှိပုံမရပေ။
သူမက ဓားကို ခုတ်ချလိုက်သည့် အခါတွင် ပင်လယ်ကိုနှစ်ခြမ်း ခွဲထုတ်လိုက်သည့် နတ်ဘုရားကဲ့သို့ သူမ၏ရှေ့ရှိ အာကာပြင်သည် ဘေးသို့နှစ်ခြမ်း ပဲ့ထွက်သွားခဲ့သည်။
သို့သော် နောက်ထပ်အခိုက်အတန့်မှာပင် ပိုင်ချောင်း၏ ရွှေရောင်ဓားကို အင်အားတစ်ခုက ပိတ်ဆို့ခဲ့၍ ရှေ့သို့တက်လှမ်းနိုင်ခြင်း မရှိတော့ပေ။
ရွှေရောင်ဓား၏ အောက်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုပုံရိပ်မှာ အညိုရောင် အပေါ်ဝတ်အင်္ကျီနှင့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အသက်၁၀နှစ်ထက် မပိုသော ကလေးငယ် တစ်ယောက် ဖြစ်သည်။
ထိုကလေးက သေးငယ်သော လက်တစ်ဖက်ဖြင့် ပိုင်ချောင်း၏ ရွှေရောင်ဓားကို ဆုပ်ကိုင်ထားခဲ့သည်။
အပိုင်း(၉၀၅) ပြီး၏