နတ်ဘုရားကိုကမ္ဘာကိုဖန်တီးတယ်
Vol. 61 Ch. 910
ဝမ်လင်းဖန်တီးထားသည့် ဇာတ်ကောင်သည် အလွန်ထူးခြားသည်။
အားလုံးက ဝမ်လင်း၏ ဇာတ်ကောင်ဒေတာကို ကြည့်လိုက်ကြသည်။
ဇာတ်ကောင်အမည် = ချင်ကျုံ
လိင် = ကျား
ဉာဏ်ရည်တိုးတက်မှုအချက် = 2/10
ခံနိုင်ရည်တိုးတက်မှုအချက် = 2/10
ကာကွယ်ရေးတိုးတက်မှုအချက် = 2/10
ခွန်အားကြီးထွားမှုအချက် = 2/10
ကိုယ်လုံးကိုယ်ပေါက်ကြီးထွားမှုအချက် = 2/10
ပုံပန်းသဏ္ဍာန်တိုးတက်မှုအချက် = 2/10
ကောင်းသောတန်ဖိုး = 5/10
ဆိုးရွားသောတန်ဖိုး = 5/10
ကံကောင်းခြင်းတန်ဖိုး = 10/10
ကိုယ်ရည်ကိုယ်သွေး = ပေါ့ပါးပြီးတက်ကြွမှုရှိ
“ဆရာလေးလင်းက သာမန်လူလိုမျိုး ပုံဖော်ထားတာပဲ.. ဒါပေမဲ့သူ့ရဲ့ကံတရားကိုတော့ 10အပြည့် သတ်မှတ်ထားတယ်”
ဤအချက်က စိတ်ဝင်စားစရာကောင်းသည်ဟု ငွေရောင်လေးထင်ခဲ့သည်။
ဇာတ်ကောင်၏ အခြေခံအချက်အလက်များကို သတ်မှတ်ပြီးနောက်တွင် သူတော်စင်အင်မော်တယ်ကျမ်းသည် သာမာန်လူကဲ့သို့ ဖွံ့ဖြိုးမှု 3 အောက်သာ ရှိသည့် ဇာတ်ကောင်ကိုအလိုအလျောက် အမျိုးအစားခွဲခြားပြီးပြီ ဖြစ်သည်။
ဤကဲ့သို့ နိမ့်ကျသော ဇာတ်ကောင် အချက်အလက်များသည် အချိန်မရွေး ထည့်နိုင်သော အချက်အလက်များ ဖြစ်သည်။
ဉာဏ်ရည်တိုးတက်မှု အချက်အလက်ကိုသာ မသတ်မှတ်ခဲ့လျှင် ဤကဲ့သို့သော ဇာတ်ကောင်သည် ထိုကမ္ဘာကြီးတွင်ပေါ်ပေါက်လာခဲ့လျှင် မသန်မစွမ်း ဖြစ်ကုန်မည်မှာ သေချာသည်။
လူတိုင်းက ကိုယ့်ဇာတ်ကောင်၏ အချက်အလက်ကို ကိုယ်တိုင် ဖန်တီးလိုက်ကြသည်။
ဝမ်မင်က ကျင့်ကြံခြင်းလမ်းကိုလျှောက်လှမ်းရန် အမြဲတောင့်တနေသူ ဖြစ်၍ ကျင့်ကြံခြင်းဇာတ်ကောင်နှင့် ပတ်သက်သည့် အချက်အလက် အားလုံးကို ဖန်တီးခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်ကမူ အနာဂတ် ဖုတ်ကောင်များကို တိုက်ခိုက်ရန်အတွက် အပင် လက်နက်ဆန်းများကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည့် အင်အားကြီးသော ရုက္ခဗေဒပညာရှင်တစ်ဦး အဖြစ် သူ့ကိုယ်သူ ဖန်တီးလိုက်သည်။
ထိုခဏတွင် ကျိုးရီသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်သည်။
“ငါတို့ဖန်တီးထားတဲ့ ဒီဂိမ်းဇာတ်ကောင်တွေက ဒီဂိမ်းကမ္ဘာထဲမှာ ကိုယ်ပိုင်အသိဉာဏ်တွေ ဖွံ့ဖြိုးလာမှာလား”
ဝမ်မင်က ရှင်းပြလိုက်သည်။
“ပြောရရင် သူတို့ကငါတို့အတွက် ဒေတာ အစုအဝေးတစ်ခုပဲ.. ဒါပေမဲ့ ဒီဂိမ်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် မြင့်မားတဲ့အတွက် ဂိမ်းထဲက ဇာတ်ကောင်တွေက ကိုယ်ပိုင်အသိဉာဏ် ရှိနိုင်ပါတယ်.. ငါတို့က သူတို့ကို ထိန်းချုပ်ထားတယ် ဆိုပေမဲ့လည်း ဂိမ်းဇာတ်ကောင်တွေက သူတို့ကို ငါတို့ ကြိုတင်သတ်မှတ်ထားတဲ့ အတိုင်းအတာ ဘောင်အတွင်းကနေ ဖွံ့ဖြိုးလာဖို့ ကြိုးပမ်းကြမှာပဲ.. ဒီထက်ရှင်းအောင် ပြောရရင် ငါတို့က ဒီဂိမ်းထဲက ဇာတ်ကောင်တွေကို ဖန်တီးထားတဲ့အတွက် ငါတို့ကို သူတို့က နတ်ဘုရားလို့ ထင်မှတ်နေကြမှာပဲ.. အဲဒီအတိုင်းပဲ ငါတို့ကိုလည်း ဖန်တီးထားတဲ့ နတ်ဘုရားတစ်ဆူ ရှိချင်ရှိနေလိမ့်မယ်လို့ မင်းတို့ တွေးဖူးရဲ့လား.. ငါတို့စကားပြောနေတဲ့ အချိန်မှာတောင် မျက်လုံးတစ်စုံက ငါတို့ကို တစ်နေရာရာကနေ စောင့်ကြည့်နေနိုင်တယ်”
ထိုစကားကြောင့် အခန်းထဲရှိ လူတိုင်းသည် ကူကယ်ရာမဲ့စွာဖြင့် တုန်လှုပ် ခြောက်ခြားသွားကြသည်။
“ချီးပဲ.. မင်းငါ့ကို ကြောက်အောင် လုပ်နေပြန်ပြီ”
ထွင်ထျန်းဟာက အမွေးများအားလုံး အဆုံးထိ ထောင်ထသွားသလို ခံစားလိုက်ရသည်။
ဝမ်မင် “ငါ့အမှားပါ.. ငါဒီလို ကြောက်စရာကောင်းတဲ့ အကြောင်းအရာကို မပြောပြသင့်ဘူး”
တကယ်တမ်းတွင် သူသည် ယခင်ကတည်းကပင် ဤအကြောင်းကို သုတေသနပြုထားခဲ့သည်။
ဤအကြောင်းအရာက ယခုပြောနေစဉ်မှာပင် ကြောက်စရာကောင်းနေဆဲပင်။
သို့သော် ဤကဲ့သို့ဆွေးနွေးမှုနှင့်အတူ အခန်းအတွင်းရှိ လေထုသည် တက်ကြွလာသည်။
ထိုခဏတွင် ဝမ်လင်းသည် အနည်းငယ် စိတ်ပျက်နေသည့် အမူအရာဖြင့် ပြတင်းပေါက်ကနေအပြင်သို့ လှမ်းကြည့်လိုက်သည်။
“နတ်ဘုရားက ဖန်ဆင်းထားတဲ့ကမ္ဘာ”
ဝမ်လင်းက ခပ်တိုးတိုး ညီးညူလိုက်သည်။
သူ၏အသံက အလွန်ပင် တိုးညှင်းသော်လည်း ငွေရောင်လေးနှင့်ဖန့်ရှင်းတို့က ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ဝမ်လင်းက ပုံမှန်အားဖြင့် နှုတ်ကနေ စကားပြောလေ့မရှိပေ။
သို့သော် ဝမ်လင်းတွင် စကားပြောတတ်သည့်အချိန်များရှိသလို ဒရမ်မာကြည့်ရတာ နှစ်သက်သည့် အချိန်များလည်း ရှိသည်။
သို့သော် ဤအချိန်တွင် ဝမ်လင်းသည် စိတ်ကသိကအောက်ဖြစ်နေပြီး ကြောက်စရာကောင်းသော တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ကို မည်သူမှ မသိခဲ့ပေ။
ဩဂုတ်လ ၂၉ရက် တနင်္ဂနွေနေ့သည် နွေရာသီအားလပ်ရက်၏ ၁၆ရက်မြောက်နေ့ဖြစ်သည်။
(Cultivation Immulator)ဟုခေါ်သော ဂိမ်းအသစ်၏ စမ်းသပ်ဗားရှင်းသည် နွေရာသီအားလပ်ရက်တွင် ကျောင်းသားများ၏ဘဝထဲသို့ ဝင်ရောက်လာသည်။
လွတ်လပ်သောကိုယ်ပိုင်ကစားဟန်နှင့် နောက်ကွယ်မှကြိုးကိုင်သည့် နတ်ဘုရားဖြစ်ရခြင်းက ကစားသမားများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
ဂိမ်းထွက်ပြီး တစ်မိနစ်အကြာမှာပင် အဆင့်မြင့်ဘီတာအကောင့် အတွက် လက်ဆောင်ကဒ်ပေါင်း တစ်သောင်းကို ရောင်းချခဲ့ရသည်။
ဖန်းကွမ်းက သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကနေ ထိုဂိမ်းကို အသေအချာ ကြေညာပေးခဲ့သည်။
ယခုအခါတွင် ဖန်းကွမ်းသည် နံပါတ်တစ် တိုက်ရိုက်ထုတ်လွှင့်သူ ဖြစ်လာခဲ့ပြီး တစ်မိနစ်လျှင် ပျမ်းမျှ အွန်လိုင်းအသုံးပြုသူ သန်းသုံးဆယ်အထိ စံချိန်သစ် တင်နိုင်ခဲ့သည်။
“ဂိမ်းကို ကြော်ငြာ ပေးတဲ့အတွက် ညီနောင်ဖန်းကွမ်းကိုကျေးဇူးအများကြီးတင်ပါတယ်”
ဗုံးပစ်စီနီယာအင်မော်တယ်က အပြုံးအီမိုဂျီကို ပေးပို့ခဲ့ပြီး ဖန်းကွမ်းကို ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။
“ဒါက ဘာမှအပန်းမကြီးပါဘူး ညီနောင်ဗုံးပစ်.. ဒီဂိမ်းကတကယ်ပဲ စိတ်ဝင်စားဖို့ကောင်းတယ်.. အခုပဲ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ကြေညာလိုက်တာ စာရင်းသွင်းသူအရေအတွက်က တစ်သန်းတောင် ကျော်သွားခဲ့ပြီ.. ဒါကပလက်ဖောင်း တစ်ခုထဲက ဒေတာတွေပဲ ရှိသေးတယ်.. ဂိမ်းပလက်ဖောင်းတွေ အားလုံးကို ပေါင်းစပ်လိုက်ရင်တော့ လာမယ့်ရက်အနည်းငယ် အတွင်းမှာ ဆယ်သန်းကျော်ကို ချိုးဖျက်ဖို့ဆိုတာ လုံးဝ ခက်ခဲမှာမဟုတ်ဘူး”
ဖန်းကွမ်းက ရယ်မော၍ ပြောလိုက်သည်။
"PUBGရဲ့ လူကြိုက်များမှုက မကြာသေးခင်ကမှ လျော့ကျသွားခဲ့တယ်.. ဒါကြောင့် ကစားသမားတွေက နောက်ထပ် ဂိမ်းတစ်ခုကို ရှာဖွေနေတဲ့အချိန်မှာ(Cultivation Immulator) ထွက်ပေါ်လာတာက သူတို့အတွက် ရူးသွပ်မှုတစ်ခုတောင်ဖြစ်လာနိုင်တယ်.. ဂိမ်းတစ်ခု အောင်မြင်ဖို့အတွက် အကြောင်းပြချက် များစွာရှိတယ်.. (Cultivation Immulator) ရဲ့တီထွင်ဖန်တီးနိုင်မှုကတော့ တကယ်ကို တုန်လှုပ်စရာပဲ”
“ဟုတ်ပါတယ်.. နောက်ထပ် အရေးကြီးတဲ့ အကြောင်းအရင်းတစ်ခုကတော့ နွေရာသီကျောင်းပိတ်ရက် ဖြစ်တဲ့အတွက် ကျောင်းသားတွေက အိမ်မှာဘာမှလုပ်စရာမရှိတာနဲ့ အတော်ဖြစ်သွားတယ်”
ချန်းချောင်က အတန်း၏ချက်ဂရုတွင် မက်ဆေ့ချ်ပို့ရင်း အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။
သူနှင့်ကော်ဟောက်တို့က ဂိမ်းရူးများ ဖြစ်ကြသည်။
ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကနေ ဂိမ်းနမူနာဗီဒီယိုများကို သူတို့က တွေ့ရှိခဲ့ကြခြင်း ဖြစ်၏။
“ဒီဂိမ်းက တော်တော်ကောင်းတာပဲ”
ချန်းချောင်က ချက်ဂရုအတွင်း စိတ်လှုပ်ရှားနေသော အီမိုဂျီများကို များစွာ ပေးပို့ခဲ့သည်။
“ဒီတလောမှာ ဘာဂိမ်းကိုဆော့ရမှန်းမသိဘဲ ငါအရမ်းငြီးငွေ့နေခဲ့တယ်.. DNFဂိမ်းကို ပြန်ကစားကြည့်တော့လည်း ငါ့ရဲ့လက်နက်အဆင့်မြှင့်တင်မှု မအောင်မြင်တဲ့အတွက် ဆက်ကစားဖို့ စိတ်မပါတော့ဘူး”
“လက်နက်အဆင့်မြှင့်တင်ခြင်းအတွက် မင်းဘယ်လောက်သုံးခဲ့လို့လဲ”
ကော်ဟောက်က မေးလိုက်သည်။
“တစ်ပတ်အတွင်း HNY တစ်သောင်းကျော်တောင် ကုန်သွားတယ်.. ငါ့ရဲ့ နှစ်သစ်အန်ပေါင်းထဲက ပိုက်ဆံ ဆယ်ပုံတစ်ပုံကို ငါအသုံးပြုခဲ့ရတယ်”
“……...….”
ထိုမက်ဆေ့ချ်ကို မြင်လျှင် ဝမ်လင်း၏ နှုတ်ခမ်းများက တမင်လုပ်ယူခြင်း မဟုတ်ဘဲ မသိမသာ မဲ့ရွဲ့သွားခဲ့သည်။
သူ့အတန်းဖော်က အဘယ်ကြောင့် ဤမျှ ချမ်းသာနေရပါသနည်း။
ချန်းချောင်က ကော်ဟောက်ကို ရှင်းပြပြီးနောက် သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ ဒီ(Cultivation Immulator)က တကယ်ကို ပေါက်မယ့်ဂိမ်းလို့ ငါခံစားမိတယ်.. ဒါပေမဲ့ ဒီဂိမ်းက ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်လဲ.. အဆင့်မြင့်ဘီတာအကောင့်က အနည်းငယ်ပဲရှိတယ်.. ငါစောစောက အဆင့်မြင့်ဘီတာအကောင့်အတွက် ဂိမ်းဝက်ဘ်ဆိုက်ကို စာရင်းသွင်းခဲ့ပေမဲ့ အားလုံးပယ်ချခဲ့ရတယ်.. ကော်ဟောက်.. မင်းဆီမှာ ဂိမ်းကုမ္ပဏီတစ်ခုခုမှာ အလုပ်လုပ်တဲ့ ဦးလေးတစ်ယောက်ယောက်ရှိလား.. ရှိလို့ရှိရင် ငါ့အတွက် အကောင့်တစ်ခုရဖို့ နည်းလမ်းကို စဉ်းစားပေးပါဦး”
ကော်ဟောက် “အဲဒီကိစ္စနဲ့ပတ်သက်ပြီး ငါစုံစမ်းပြီးပြီ”
ချန်းချောင်း “……...….”
ဝမ်လင်း “……...….”
ကော်ဟောက် “ဒါပေမဲ့ ဂိမ်းဖန်တီးသူက ကုမ္ပဏီတစ်ခုခုကမဟုတ်ဘူး.. သူ့ရဲ့ အိုင်ဒီက မစ္စတာဝမ်ဖြစ်ပြီး သီးခြား အလွတ်တန်း ဂိမ်းဖန်တီးသူ ဖြစ်တယ်.. ငါ့ရဲ့ဦးလေးက ဂိမ်းကုမ္ပဏီက သူဌေးအချို့ကို ချိတ်ဆက်ပြီး မေးထားပေမဲ့ သူတို့အားလုံးက အဲဒီဖန်တီးသူကို မသိဘူးလို့ ပြန်ဖြေခဲ့ကြတယ်.. အခုချိန်မှာ တစ်ခုတည်းသော နည်းလမ်းက အဆင့်မြင့်ဘီတာအကောင့်တွေကို မှောင်ခိုဈေးကွက်မှာ ဈေးကြီးကြီးနဲ့ ဝယ်ယူဖို့ပဲ.. အခုဆိုရင် HNY တစ်သောင်းကျော်တောင် ဖြစ်နေပြီ.. ဒီထက်လည်း ပိုပြီး မြင့်လာနိုင်သေးတယ်”
“မစ္စတာဝမ်လား”
ထိုအမည်ကိုကြားလျှင် ချန်းချောင်ကဝမ်းသာသွားခဲ့သည်။
“ဒီဂိမ်းကိုဖန်တီးသူက ဝမ်လင်းရဲ့ဆွေမျိုးများ ဖြစ်နေမလား”
ဝမ်လင်း “……….”
ချန်းချောင် “ဝမ်လင်း မင်းစခရင်ကြည့်နေတာ ငါကောင်းကောင်းသိတယ်.. မင်းတစ်ခုခု ဝင်မပြောတော့ဘူးလား”
ဝမ်လင်း “……….”
အပိုင်း(၉၁၀) ပြီး၏