← Chapters

နောက်ထပ် ငါးဖမ်းသမား

Vol. 61 Ch. 911

နောက်ထပ် ငါးဖမ်းသမား

Vol. 61 Ch. 911

ထိုညမှာပင် နတ်ဆိုးကမ္ဘာရှိ သူတော်စင်ကျောက်တိုင်ထိပ်တွင် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်သည် သူ၏ ခရစ်စတယ်မှော်ဖန်လုံးကို စိုက်ကြည့်နေရင်း သူ၏အကြေးခွံများ အားလုံး ထောင်ထသွားခဲ့သည်။

ဆိုးရွား‌သော ခံစားချက်တစ်ခုက စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာကို တည့်တည့်ကြီး တိုးဝင်လာ၏။

ထို့နောက်တွင် အက်ကွဲသံနှင့်အတူ ဒုတိယမျိုးဆက်နတ်ဆိုးသူတော်စင် လက်ထဲရှိ ခရစ်စတယ် မှော်ဖန်လုံးသည် ရုတ်တရက် ကွဲအက်သွားခဲ့သည်။

“မှော်ဖန်လုံး တကယ်ပဲ ပျက်စီးသွားပြီ.. ဒါက တကယ်ကို ထူးဆန်းတဲ့ လက္ခဏာတစ်ရပ်ပဲ”

နံဘေးတွင် ရပ်နေသော သူတော်စဉ်ဆရာကြီးရွှမ်းဝူယွဲ့က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

နတ်ဆိုးသူတော်စင်များ၏ မျိုးဆက် အဆက်ဆက်ကို ကူညီပေးခဲ့သော သူတော်စင်ဆရာကြီးတစ်ဦး အနေဖြင့် ရွှမ်းဝူယွဲ့သည် ဤအရာက မည်သည့်အဓိပ္ပါယ်ကို ဆိုလိုကြောင်း သဘာဝကျကျသိသည်။

ပထမမျိုးဆက် နတ်ဆိုးသူတော်စင်ခေတ်တွင်လည်း မှော်ဖန်လုံးသည် တစ်ကြိမ် အက်ကွဲသွားခဲ့ရသည်။

၎င်းက အနည်းငယ်အက်ကွဲမှုသာ ဖြစ်သော်လည်း ပထမမျိုးဆက် နတ်ဆိုးသူတော်စင်သည် နောက်တစ်နေ့တွင် လိပ်ခေါင်းရောဂါ ရရှိသွားပြီး အိမ်သာအိုးတွင် သွေးများဖြင့် ပြည့်နှက်သွားခဲ့သည်။

မှော်ဖန်လုံး အက်ကွဲသွားသည့် နောက်ဆုံးသောအကြိမ်မှာ အာကာပြင်ထဲတွင် ခွန်ကို စေလွှတ်လိုက်သည့် ငါးဖမ်းသမား၏ အသွင်အပြင်ကို စူးစမ်းသောအချိန်က ဖြစ်သည်။

ထိုအချိန်က ငါးဖမ်းသမား၏ အထောက်အထားမှာ အလွန်ပင်လျှို့ဝှက်ဆန်းကြယ်ခဲ့သော်လည်း ယခုအခါ်တွင် ၎င်းတို့သည် မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုထားခဲ့ပြီ ဖြစ်သည်။

ထိုလူက နတ်ဘုရားနယ်မြေမှ ဝမ်ကျန်း ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ မှော်ဖန်လုံးသည် ပို၍ပင် ဆိုးရွားခဲ့ပြီး အစိတ်စိတ် ကွဲသွားခဲ့သည်။

"သူတော်စင်ဆရာကြီးရှန်း.. ဒါက ဘာဖြစ်တာလဲ”

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က အနည်းငယ် ထိတ်လန့်နေပြီး နဖူးကနေ ချွေးစေးချွေးပေါက်များ ချက်ချင်းဆိုသလို စီးကျလာခဲ့သည်။

ဤကဲ့သို့ အခြေအနေမျိုး သူတစ်ခါမှမကြုံဖူးပေ။

အစိတ်စိတ်ကွဲသွားသော မှော်ဖန်လုံးကို စိုက်ကြည့်ရင်း ရွှမ်းဝူယွဲ့သည့် ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

ရိုးသားစွာဝန်ခံရလျှင် ဤကဲ့သို့ အနေအထားမျိုး သူတစ်ခါမှမကြုံဖူးပေ။

ယခုအချိန်တွင် ၎င်းတို့သည် အခြေအနေကို ရှာဖွေဖော်ထုတ်ရန်အတွက် ပထမမျိုးဆက် နတ်ဆိုးသူတော်စင် ချန်ထားရစ်ခဲ့သည့် ကျမ်းကိုသာ အားကိုးရပေတော့မည်။

ရွှမ်းဝူယွဲ့က အချိန်မဆွဲဘဲ ထိုကျမ်းကို အလျင်အမြန် လှန်လှော ကြည့်လိုက်သည်။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က အခြေအနေကို ဘေးကနေ စောင့်ကြည့်နေခဲ့သည်။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် “ကျမ်းစာထဲမှာဘယ်လိုပြောထားလဲ”

ရွှမ်းဝူယွဲ့ “ရှစ်စိတ်ကွဲသွားရင် ဂန္ဓမာတွေ ပျက်စီးတဲ့နိမိတ်ပဲ”

ဒုတိယမျိုးဆက်နတ်ဆိုးသူတော်စင် “……….”

ထို့နောက်တွင် သူတော်စင်ကျောက်တိုင်ထိပ်ရှိ သူတော်စင်နန်းတော်သည် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားခဲ့သည်။

ဂန္ဓမာများ ပျက်စီးသည်ဖြစ်‌စေ မပျက်စီးသည်ဖြစ်စေ ၎င်းတို့အနေဖြင့် ကံဆိုးခြင်းမှ မလွတ်မြောက်နိုင်သည်မှာတော့ သေချာသည်။

“ဟဟ.. ငါ့မှာ ဂန္ဓမာပျက်စီးသွားလည်း ကြောက်စရာမရှိဘူး”

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ပြုံး၍ ပြောလိုက်သည်။

“ငါ့ရဲ့အောက်တစ်ခြမ်းက ငါးအမြီးလေ.. ငါ့မှာဂန္ဓမာ လုံးဝမရှိဘူး”

“……….”

ရွှမ်းဝူယွဲ့က မျက်ခုံးပင့်လိုက်သည်။

“ဒါပေမဲ့ ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်.. မင်းဒီနိမိတ်အဟောကိုတော့ အလေးအနက် ထားရမယ်.. မှော်ဖန်လုံးအက်ကွဲတာက ဘယ်သောအခါမှ ကောင်းမွန်တဲ့အရာ မဟုတ်ဘူး.. ယခင် နတ်ဆိုးသူတော်စင်တုန်းကလည်း အလေးအနက်မထားတဲ့ အတွက်ကြောင့် အဆုံးသတ်မှာ ကြီးမားတဲ့ဘေးဒုက္ခကို ခံစားခဲ့ရတယ်”

သူ၏စကားဆုံးသည်နှင့် နတ်ဆိုးသူတော်စင် နန်းတော်က ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ပင့်ကူမျှင်ကဲ့သို့အက်ကွဲကြောင်းများသည် လေထဲတွင် ပေါ်လာခဲ့သည်။

ထိုခဏတွင် အစွမ်းထက်သော အော်ရာတစ်ခုသည် သူတော်စင်နန်းတော်ကို လွှမ်းခြုံသွားခဲ့သည်။

ဤသည်က ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်နှင့် ရွှမ်းဝူယွဲ့တို့အတွက် အလွန်ရင်းနှီးသော မြင်ကွင်းတစ်ခု ဖြစ်သည်။

အာကာပြင်အပေါက်အပြဲကနေ ကမ္ဘာဦးသားရဲ ဖြစ်သည့် ခွန်ကလေးလေး ဆင်းသက်လာစဉ်ကို သူတို့ အမှတ်ရမိသည်။

“နတ်ဆိုးသူတော်စင် သတိထား”

ရွှမ်းဝူယွဲ့က သတိပေးရုံဖြင့် အားမရဘဲ နတ်ဆိုးသူတော်စင်ကို ဘေးမခအောင် ကန်ထုတ်လိုက်သည်။

“ဝေါ့…”

တစ်ဖက်မှရန်သူနှင့် မတိုက်ခိုက်ရသေးမီမှာပင် ရွှမ်းဝူယွဲ့၏ ခြေကန်ချက်ကြောင့် နတ်ဆိုးသူတော်စင်သည် သွေးအန်သွားခဲ့သည်။

ထိုအချိန်မှာပင် လေထဲရှိ အက်ကွဲကြောင်းကနေ ခေါင်းသုံးလုံးအမြီးကိုးချောင်းရှိသည့် ဖီးနစ်တစ်ကောင် ထွက်ပေါ်လာသည်။

“ဖီးနစ်ပါလား”

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ဖီးနစ်ကို စိုက်ကြည့်နေခဲ့သည်။

ရွှမ်းဝူယွဲ့က ခေါင်းခါယမ်းလိုက်သည်။

“ဒါက သာမန်ဖီးနစ်မဟုတ်ဘူး.. ဒီဖီးနစ်ရဲ့ အမြီးကိုးချောင်းက သက်တံ့ရောင်တွေ ဖြစ်နေတယ်.. ဒါက ကမ္ဘာဦးသားရဲ ဖြစ်တဲ့ ခေါင်းသုံးလုံးဖီးနစ်ပဲ”

“နောက်ထပ် မျိုးတုန်းသွားတဲ့ ကမ္ဘာဦးသားရဲလား”

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က အံ့ဩသွားသည်။

သူတို့၏ သူတော်စင်နန်းတော်ကို ကမ္ဘာဦးသားရဲများ ဤမျှအထိ သဘောကျလိမ့်မည်ဟု မထင်ခဲ့ပေ။

ထိုခဏမှာပင် ခေါင်းသုံးလုံးဖီးနစ်က ပါးစပ်ကနေ မီးတောက်များကို မှုတ်ထုတ်လိုက်သည်။

“သက်တန့်နတ်ဘုရားမီး”

ရွှမ်းဝူယွဲ့က အလွန်ထိတ်လန့်သွားပြီး ဆံပင်အားလုံးထောင်ထသွားခဲ့သည်။

“သတိထားပါ နတ်ဆိုးသူတော်စင်”

ထို့နောက်တွင် သူသည် နတ်ဆိုးသူတော်စင်ကို ဒုတိယအကြိမ်မြောက် ကန်ထုတ်လိုက်ပြန်သည်။

“???”

ဒုတိယမျိုးဆက်နတ်ဆိုးသူတော်စင်က ရွှမ်းဝူယွဲ့၏ ခြေကန်ချက်ကြောင့် ချောင်းတဟွတ်ဟွတ် ဆိုးနေခဲ့သည်။

ဤခြေကန်ချက်ကြောင့် သူ၏ရင်ဘတ်က အက်ကွဲလုနီးနီး ဖြစ်နေခဲ့၏။

“သတ္တိကောင်းလှချည်လား သားရဲစုတ်”

ကမ္ဘာဦးသားရဲနှင့် ယခင်က ရင်ဆိုင်ခဲ့ဖူး၍ ရွှမ်းဝူယွဲ့က ယခုတစ်ကြိမ် ခေါင်းသုံးလုံးဖီးနစ်နှင့် ရင်ဆိုင်ရချိန်တွင် မကြောက်ရွံခဲ့ပေ။

သူက သမင်ချိုများကို ဖြုတ်၍ ပစ်လွှတ်လိုက်သည်။

သမင်ချိုများက ပစ်လွှတ်သူထံ ဝေ့ဝဲ၍ ပြန်ရောက်လာနိုင်သော ဒလက်ကွင်းနှစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖီးနစ်ထံသို့လွင့်ထွက်သွားခဲ့သည်။

ရွှမ်းဝူယွဲ့က စိတ်စွမ်းအားကို အမြင့်ဆုံးအသုံးပြု၍ သမင်ချိုများကို ထိန်းချုပ်ရန် အသုံးပြုခဲ့သည်။

ဤသမင်ချိုများက သူ၏ အသက်မှော်ရတနာများ ဖြစ်ပြီး ရေသို့မဟုတ် မီးဖြင့် မပျက်စီးနိုင်ပေ။

သို့သော် သူ၏ပြိုင်ဘက်က ခေါင်းသုံးလုံးဖီးနစ် ဟူသောအချက်ကြောင့် ရွှမ်းဝူယွဲ့ အနည်းငယ် စိုးရိမ်နေခဲ့သည်။

ဒဏ္ဍာရီထဲမှ အဆိုအရ ခေါင်းသုံးလုံးဖီးနစ်၏ သက်တံ့နတ်ဘုရားမီးသည် နေ၏အမြုတေရှိ နတ်ဘုရားမီးကနေ ဖန်တီးထားသည့် တန်ခိုးစွမ်းအားကြီးသော နတ်ဘုရားမီး ဖြစ်သည်။

သင့်တွင် အင်မော်တယ်ခန္ဓာကိုယ် သို့မဟုတ် မဖျက်ဆီးနိုင်သောခန္ဓာကိုယ် ရှိခဲ့လျှင်ပင် ဤမီးနှင့်ထိတွေ့လျှင် ပြာကျသွားလိမ့်မည်သာ။

ထိုမီးကို မည်သည့်အရာနှင့်မှ ငြိမ်းသတ်နိုင်လိမ့်မည် မဟုတ်ပေ။

“ခေါင်းသုံးလုံးဖီးနစ်က ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ပေါ်လာရတာလဲ”

ရွှမ်းဝူယွဲ့က သူ့ဦးနှောက်ကို အလုပ်ပေးလိုက်သော်လည်း အကြောင်းအရင်းကို မတွေးနိုင်ခဲ့ပေ။

ခေါင်းသုံးလုံးဖီးနစ်ကိုပါ ထည့်တွက်လျှင် သူတို့၏ သူတော်စင်နန်းတော်သည် ကမ္ဘာဦး သားရဲနှစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်ဟု ဆိုနိုင်သည်။

ဤသူတော်စင်နန်းတော်က ကမ္ဘာဦးသားရဲများ နှစ်သက်သည့်ဌာနေများ ဖြစ်နေပါသလော။

“ရွှမ်းဝူယွဲ့.. ဒီဖီးနစ်က..”

နှစ်ကြိမ်အကန်ခံရပြီးနောက်တွင် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်သည် သူ၏ ဒဏ်ရာအခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

သူက ခေါင်းသုံးလုံးဖီးနစ်နှင့် ပတ်သက်၍ ရှန်းဝူယွဲ့ကို မေးချင်သော်လည်း တိုက်ပွဲ၏ အရေးတကြီး အခြေအနေကြောင့် စကားကို ရပ်တန့်လိုက်သည်။

ရွှမ်းဝူယွဲ့သည်လည်း လက်ရှိအခြေအနေတွင် နတ်ဆိုးသူတော်စင်ကို လုံးဝ ဂရုမစိုက်အားပေ။

ခေါင်းသုံးလုံးဖီးနစ်၏ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားများက အရာအားလုံးကို လွှမ်းခြုံထားသည့် အော်ဟစ်သံနှင့်အတူ ပျံ့နှံ့သွားခဲ့သည်။

ထိုစွမ်းအားများက သမင်ချိုများကို လမ်းကြောင်းကနေသွေဖယ်သွားစေခဲ့သည်။

“နတ်ဆိုးသူတော်စင် သတိထားပါ.. ဖီးနစ်ရဲ့ အော်ဟစ်သံက အရမ်းအန္တရာယ်ရှိတယ်.. မင်းရဲ့နားကို ပိတ်ထားမှရမယ်”

ရွှမ်းဝူယွဲ့က အော်ဟစ်သတိပေးလိုက်သည်။

သို့ရာတွင် သူ၏စကားက နောက်ကျသွားပြီဟု ထင်ရသည်။

အဘယ်ကြောင့်ဆိုသော် နတ်ဆိုးသူတော်စင်သည် စကိတ် ပါဖောမင့်ကိုပြသနေသကဲ့သို့ တုန်လှုပ် ခြောက်ခြားနေသောခြေလှမ်းအချို့ကို ယိုင်တိယိုင်တိုင် လှမ်းကာ ခေါင်းကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၍ ဖြစ်သည်။

နတ်ဆိုးသူတော်စင်၏ အခြေအနေကိုမြင်လျှင် ရွှမ်းဝူယွဲ့က တတိယမြောက် ကန်ချက်ကို ထုတ်လွှတ်လိုက်သည်။

ထိုကန်ချက်ကြောင့် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။

တတိယကန်ချက် အပြီးတွင် ရွှမ်းဝူယွဲ့သည် ဤတိုက်ပွဲက အမြန်ဆုံးဖြေရှင်းရန် လိုအပ်ပြီး အချိန်ဆွဲ၍မရကြောင်းသဘောပေါက်လိုက်သည်။

အကြောင်းရင်းမှာ သူသာ တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင် နတ်ဆိုးသူတော်စင် အနေဖြင့် ခေါင်းသုံးလုံးဖီးနစ်ကို ထိန်းထားနိုင်လိမ့်မည် မဟုတ်သောကြောင့်ပင်။

“ဒီအသုံးမကျတဲ့ နတ်ဆိုးသူတော်စင်ကတော့..”

တကယ်တမ်းတိုက်ပွဲဝင်သူမှာ ရွှမ်းဝူယွဲ့ ဖြစ်သော်လည်း အဆုံးသတ်တွင် နတ်ဆိုးသူတော်စင်သည် သွေးအများဆုံး အန်ထုတ်သူ ဖြစ်နေခဲ့သည်။

“ထားလိုက်ပါတော့”

ရွှမ်းဝူယွဲ့က စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။

သူ၏ရှေ့မှ ခေါင်းသုံးလုံးဖီးနစ်ကို စိုက်ကြည့်ရင်း သူ၏အမူအရာက အဆုံးသတ်တွင် လေးနက်သွားခဲ့သည်။

ရွှမ်းဝူယွဲ့က သူ၏စွမ်းအား အစစ်အမှန်ကို ထုတ်ဖော် ပြသလေ့မရှိပေ။

သို့သော် ဤကဲ့သို့အရေးကြီးသော အချိန်ကာလတွင် သူ့အတွက် အခြားရွေးချယ်စရာ မရှိတော့ပေ။

ယခုအခါတွင် နတ်ဆိုးသူတော်စင် နန်းတော်သည် ကျူးကျော်သူများ၏ နံပါတ်တစ် ပစ်မှတ်ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။

ယင်းက နတ်ဆိုးကမ္ဘာ၏ အထွဋ်အမြတ်ထားရာ သူတော်စင်နန်းတော် အတွက် မည်မျှပင် အရှက်ရစရာ ကောင်းလိုက်ပါသနည်း။

တစ်ဖက်လူက နတ်ဆိုးသူတော်စင်၏ သူတော်စင်နန်းတော်ကို မည်သည့်ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်သည်ဖြစ်စေ နတ်ဆိုးသူတော်စင် အဆက်ဆက်ကို ထောက်ပံ့ပေးခဲ့သည့် သူတော်စင်ဆရာကြီး အနေဖြင့် နတ်ဆိုးသူတော်စင် ဘက်မှ ရပ်တည်ပေးရမည်ဟု ရွှမ်းဝူယွဲ့ တွေးခဲ့မိသည်။

ဆိုရလျှင် နတ်ဆိုးကမ္ဘာ၌ အဆင့်လွန် ထိပ်တန်းပုဂ္ဂိုလ်ကြီးအဖြစ် သူနှင့် နတ်ဆိုးသူတော်စင်သာ ရှိခဲ့သည်။

ထိုသို့ တွေးမိပြီးနောက် ရွှမ်းဝူယွဲ့သည် ဒလက်ကွင်း အဖြစ်အသုံးပြုရန် ခေါင်းကနေ ချွတ်ယူထားသည့် သမင်ချိုများကို တိုက်ရိုက် မျိုချပစ်လိုက်သည်။

ထိုခဏမှာပင် သူ၏ခန္ဓာကိုယ်မှ ကမ္ဘာဦးသားရဲ၏ အော်ရာများ လျှံထွက်လာခဲ့ပြီး ခေါင်းသုံးလုံးဖီးနစ်ကို အမွှေးများထောင်ထလာသည်အထိ ချက်ချင်းဆိုသလို ကြောက်လန့်သွားစေခဲ့သည်။

အပိုင်း(၉၁၁) ပြီး၏

All Chapters