← Chapters

မျိုးစပ်နတ်သားရဲ

Vol. 61 Ch. 912

မျိုးစပ်နတ်သားရဲ

Vol. 61 Ch. 912

“အကြီးအကဲရွှမ်း.. မင်း”

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က သူ၏ရင်ဘတ်ကိုလက်ဖြင့် ဖိထားရင်း ရေရွတ်လိုက်သည်။

သူတော်စင်ဆရာကြီး၏ တွန်းအားကြောင့် သူ့တစ်ကိုယ်လုံးရှိချီနှင့်သွေးများက ဗြောင်းဆန်သွားခဲ့သည်။

အနည်းငယ် အင်အားထက်သုံးခဲ့လျှင် သူသေဆုံးနိုင်သည် အထိပင်။

သို့သော် ထိုအချိန်တွင် စစ်မြေပြင်၌ ပေါက်ကွဲထွက်လာသော အော်ရာသည် သူ၏ငါးအမြီးကိုပင် အနည်းငယ် တုန်လှုပ်စေခဲ့သည်။

နတ်ဆိုးသူတော်စင်က သူမြင်လိုက်ရသည့်အရာကို အချိန်အတော်ကြာပင် ကြည့်နေခဲ့သည်။

ရွှမ်းဝူယွဲ့၏ သားရဲပုံစံကို ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

အရမ်းလှသည် ဟူသောစကားလုံးက လွဲလျှင် သူ့ရှေ့ရှိမြင်ကွင်းကို ဖော်ပြရန် အခြားစကားလုံးများကို သူရှာမရတော့ပေ။

ရွှမ်းဝူယွဲ့က အရပ်ပိုမြင့်လာပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများပင် ပျောက်ကွယ်သွားခဲ့သည်။

သူ၏အသွင်အပြင်က တစ်ခဏအတွင်း ပြောင်းလဲသွားခဲ့၏။

ရှည်လျားသော ငွေဖြူရောင်ဆံပင်များက သူ၏ ခြေကျင်းဝတ်အထိ ဆန့်ထွက်လာသည်။

အစိမ်းရောင် အကြေးခွံများက သူ၏ ပုခုံးညှပ်ရိုးများအထိ ဖုံးအုပ်ထားသည်။

ထို့ပြင် သူ၏နဖူး၌ ကျောက်မြတ်ရတနာ ကဲ့သို့ အမှတ်အသားတစ်ခုလည်း ရှိနေခဲ့၏။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ချက်ချင်းပင် သဘောပေါက်လိုက်သည်။

ရွှမ်းဝူယွဲ့က မည်သူတစ်ဦးတစ်ယောက်၏ ရှေ့တွင်မှ သားရဲပုံစံ မပြောင်းသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

၎င်းသည် သမိုင်းမစတင်မီက ကမ္ဘာဦးသားရဲ ဖြစ်သည့် နတ်သမင်နှင့် ချီလင်တို့ ပေါင်းစပ်ထားသည့် မျိုးစပ်သားရဲ ဖြစ်သည်။

ရှေးယခင်ကပင် ကမ္ဘာဦးသားရဲများသည် မျိုးစပ်သားရဲများကို ကြင်နာစွာဆက်ဆံခြင်းမျိုး မရှိကြပေ။

သားရဲမျိုးနွယ်များသည် မျိုးစပ်သားရဲများကို အယူမှားပြီး မဖြစ်သင့်သော မျိုးစိတ်အဖြစ် မှတ်ယူထားကြသည်။

သို့ရာတွင် မျိုးစပ်သားရဲများသည် တိုက်ခိုက်နိုင်စွမ်းတွင်ထူးချွန်ကြသည်မှာ ငြင်းဆန်၍မရသောအရာ ဖြစ်သည်။

သို့သော် ထိုကဲ့သို့ မျိုးစပ်သားရဲများ မျိုးတုန်းသွားသည်မှာလည်း ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က သူတော်စင်ဆရာကြီးရွှမ်းဝူယွဲ့ကို ရှားပါးသော နတ်သမင်မျှသာ ထင်မြင်ခဲ့သော်လည်း မျိုးစပ်သားရဲ ဖြစ်နေလိမ့်မည်ဟု ဘယ်သောအခါမှ မထင်ထားခဲ့ပေ။

မျိုးစပ်သားရဲအသွင်သို့ ပြောင်းလဲလိုက်သည်နှင့် ရွှမ်းဝူယွဲ့၏ စရိုက်နှင့် တိုက်ခိုက်ရေးစွမ်းအား သာမက လိင်အမျိုးအစားလည်း ပြောင်းလဲသွားခဲ့သည်။

ဤသည်က ၎င်း၏ပုံစံအမှန်ကို တစ်ကြိမ်တစ်ခါမှ မထုတ်ဖော်ခဲ့ရသည့် အကြောင်းအရင်း ဖြစ်သည်။

ရွှမ်းဝူယွဲ့က ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်ကို စိုက်ကြည့်လိုက်သည်။

အရေးအကြောင်းက ပျောက်ကွယ်သွားပြီးနောက်တွင် ရွှမ်းဝူယွဲ့၏ မျက်နှာနှင့် အကြည့်များသည် အမှန်တကယ်ပင် နူးညံ့ပျော့ပျောင်းနေပြီး နတ်ဆိုးသူတော်စင်၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

“မကောင်းတော့ဘူး”

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ရွှမ်းဝူယွဲ့၏ အကြည့်ကြောင့် ထိတ်လန့်သွားပြီး မျက်နှာတစ်ခုလုံး နီရဲသွားခဲ့သည်။

အရေးအကြီးဆုံးမှာ ရွှမ်းဝူယွဲ့က ယောက်ျားတစ်ယောက်ဆိုသည်ကို သူရှင်းရှင်းလင်းလင်း သိထား၍ ဖြစ်သည်။

“မင်းကို ထည့်မတွက်ဘူးဆိုရင်တောင် ငါက နတ်ဆိုးသူတော်စင်နှစ်ပါးကို ထောက်ပံ့ပေးခဲ့တဲ့သူပဲ.. မင်းကတော့နတ်ဆိုးသူတော်စင်တွေ ထဲမှာ အားအနည်းဆုံး နတ်ဆိုးသူတော်စင်ပဲ”

ရွှမ်းဝူယွဲ့က အပြစ်တင်သော လေသံဖြင့် ပြောလိုက်သော်လည်း သူ၏အသံက အမှန်ပင် သာယာနာပျော်ဖွယ်ကောင်းနေသည်။

ဒုတိယမျိုးဆက်နတ်ဆိုးသူတော်စင် “……….”

ရွှမ်းဝူယွဲ့ “ဒါပေမဲ့ မင်းစိတ်မပူပါနဲ့.. ဒီခေါင်းသုံးလုံးဖီးနစ် တစ်ကောင်လောက်ကိုတော့ ငါကိုင်တွယ်လို့ရပါတယ်”

ထို့နောက်တွင် ရွှမ်းဝူယွဲ့က အဝေးသို့ စိုက်ကြည့်လိုက်သည်။

လေထဲတွင်ရှိနေသည့် ခေါင်းသုံးလုံးဖီးနစ်သည် အစကတည်းကပင် ရွှမ်းဝူယွဲ့ကို စိုက်ကြည့်နေခဲ့သည်။

ရွှမ်းဝူယွဲ့ မျိုးစပ်သားရဲ အဖြစ်သို့ အသွင်ပြောင်းလဲသွားပြီးနောက်တွင် ရွှမ်းဝူယွဲ့၏ အော်ရာကြောင့် ခေါင်းသုံးလုံးဖီးနစ်သည် အလွန်ပင် ထိတ်လန့်သွားပြီး အမွှေးပင် ကျွတ်ကျသွားခဲ့သည်။

“ခေါင်းသုံးလုံးဖီးနစ်မျိုးနွယ်စု ပျက်သုန်းသွားတာကြာပြီ.. အခုချိန်မှာ ပြန်ပေါ်လာမယ်လို့ ငါဘယ်တုန်းကမှ မထင်ထားခဲ့ဘူး”

ရွှမ်းဝူယွဲ့က ခေါင်းသုံးလုံးဖီးနစ်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်ပြီး သူ၏ဖြူစွတ်နေသော လက်တစ်ဖက်ကို ကောင်းကင်ပေါ်သို့ ဆန့်ထုတ်လိုက်သည်။

“မိစ္ဆာဖီးနစ်.. မင်းလှုပ်ဖို့မစဉ်းစားနဲ့”

ရွှမ်းဝူယွဲ့က ကြုံးဝါးလိုက်ပြီး မမြင်နိုင်သော ဝိညာဉ်စွမ်းအားဖြင့် ခေါင်းသုံးလုံးဖီးနစ်ကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

ထိုလှုပ်ရှားမှုကြောင့် ခေါင်းသုံးလုံးဖီးနစ်က အတော်လေးတုန်လှုပ် ခြောက်ခြားသွားပြီး သက်တန့်နတ်မီးကို မှုတ်ထုတ်လိုက်သည်။

တစ်ဖက်မှ ခေါင်းသုံးလုံးဖီးနစ်က သက်တံ့နတ်မီးကို မှုတ်ထုတ်လိုက်သော်လည်း ရွှမ်းဝူယွဲ့က အနည်းငယ်မျှပင် မကြောက်ရွံ့ခဲ့ပေ။

စင်စစ် မျိုးစပ်သားရဲဖြစ်သည့် သူ၏အကာအကွယ် အရေပြားသည် အလွန်ပင် မာကျော၏။

အခြေခံအားဖြင့် သူ၏အရေပြားသည် ဖီးနစ်မျိုးနွယ်စု၏ သက်တံ့နတ်မီးလျှံ အပါအဝင် ကမ္ဘာပေါ်ရှိ မည်သည့်မီးကိုမှ ဂရုမစိုက်ပေ။

ခေါင်းသုံးလုံးဖီးနစ်၏ သက်တံ့နတ်မီးက ရွှမ်းဝူယွဲ့၏ လက်ကို လောင်ကျွမ်းစေခဲ့သော်လည်း အနည်းငယ်မျှပင် နာကျင်မှုကို မခံစားခဲ့ရပေ။

ရွှမ်းဝူယွဲ့ ဆန့်ထုတ်လိုက်သော လက်ဖဝါးက ပင်လယ်ကဲ့သို့စွမ်းအားကြီးမားပြီး ခေါင်းသုံးလုံးဖီးနစ်ကို ငှက်လှောင်အိမ်ကဲ့သို့ ခိုင်မြဲစွာ ချုပ်နှောင်ထားခဲ့သည်။

၎င်းက ခေါင်းကိုးလုံး ရွှေရောင်လင်းတကို အကျဉ်းချထားသည့် ဗုဒ္ဓနှင့်ပင် တူနေ၏။

ခေါင်းသုံးလုံးဖီးနစ်က မည်မျှပင် ရုန်းကန်နေပါစေ၊ ရွှမ်းဝူယွဲ့က လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။

“မင်းကို သိပ်ကြောက်စရာကောင်းမယ်လို့ ငါထင်ခဲ့တယ်.. လက်စသတ်သော ခေါင်းသုံးလုံးဖီးနစ်က ဒီလောက်လေးပါပဲလား”

ထိုခဏတွင် ရွှမ်းဝူယွဲ့သည် လက်ထဲမှ ခေါင်းသုံးလုံးဖီးနစ်၏ အတောင်ပံကို စက္ကူကြိုးစကို ခေါက်သကဲ့သို့ ခေါက်ကစားလိုက်သည်။

ခေါင်းသုံးလုံးဖီးနစ်က ဒေါသအိုး ပေါက်ကွဲနေသော်လည်း တစ်ဖက်လူ၏ စွမ်းအားကြောင့် မျိုသိပ်ထားခဲ့ရသည်။

“ခေါင်းသုံးလုံးဖီးနစ်ကို လက်တစ်ဖက်တည်းနဲ့ ဖမ်းယူလိုက်တာလား.. သူက အရမ်းသန်မာတာပဲ”

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က အလွန် အံ့အားသင့်နေခဲ့သည်။

အသွင်ကူးပြောင်းမှုနောက်တွင် ရွမ်းဝူယွဲ့၏ စွမ်းရည်က ဤမျှအထိ ကြီးမားလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

“ဒီခေါင်းသုံးလုံးဖီးနစ်က ကလေးအရွယ်ပဲ ရှိသေးတယ်.. အရွယ်ရောက်တဲ့ဖီးနစ် ဆိုရင်တော့ ဒီထက်ပိုပြီး သန်မာနိုင်ပါတယ်.. ဒီကောင်က ဘယ်လောက်တောင်ငယ်လဲ ဆိုတော့ စကားတောင် သိပ်မပီသေးဘူး.. ဘယ်လောက်တောင် ပျင်းဖို့ကောင်းလိုက်လဲ”

ရွှမ်းဝူယွဲ့က စိတ်ပျက်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။

ထို့နောက် သူက ခေါင်းသုံးလုံးဖီးနစ်ကို ပုခုံးပေါ်တွင် တင်လိုက်သော်လည်း ခေါင်းသုံးလုံးဖီးနစ်က တစ်လက်မမျှပင် မလှုပ်ရှားဝံ့ပေ။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က စိတ်လှုပ်ရှားနေသည်။

“အကြီးအကဲရွှမ်း”

“ငါ့ကိုချီးကျူးမလို့လား.. ဒါမှမဟုတ် မင်းက ငါ့ကို ဆုတစ်ခုခုပေးမလို့လား”

ရွမ်းဝူယွဲ့က ပြုံး၍ ပြောလိုက်သည်။

“အကြီးအကဲရွှမ်း.. မင်းက အထီးရော ဟုတ်ရဲ့လား”

“ဟုတ်ပါတယ်.. ငါက အထီးပါ.. ဒါက ငါ့ရဲ့ ဒုတိယအသွင် တစ်ခုပါ.. ငါ့ရဲ့ပုံပန်းသဏ္ဍာန်က အတော်လေး ပြောင်းလဲသွားတယ် ဆိုပေမဲ့ လိင်တံကတော့ ရှိနေဆံပါပဲ”

“အင်း”

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

“သမင်ချိုတွေ ပြန်ထွက်လာတဲ့ အထိတော့ ငါ့ရဲ့ဒီပုံစံက ရှိနေဦးမှာပဲ”

ရွှမ်းဝူယွဲ့က ပြောလိုက်သည်။

“ရွှမ်းယွီယွဲ့က သာမန်ဆိုရင် ငါ့ကို ခေါ်ထုတ်လေ့မရှိဘူး.. ဘာပဲဖြစ်ဖြစ် သမင်ချိုပြန်ထွက်လာတဲ့အခါမှာတော့ ငါ့ရဲ့စရိုက်က ပြန်လည် ပြောင်းလဲသွားပါလိမ့်မယ်”

"ရွှမ်းယွီယွဲ့.. ဟုတ်လား"

“ရွှမ်းယွီယွဲ့ဆိုတာက ရွှမ်းဝူယွဲ့လို့ခေါ်တဲ့ ငါရဲ့ ပင်ကိုစရိုက်ရဲ့ နာမည်ပါ.. သူကတော့ ငါ့ကို အားယွဲ့လို့ခေါ်တယ်.. မင်းလည်း ငါ့ကို ဒီလိုမျိုး ခေါ်လို့ရပါတယ်”

ရွှမ်းဝူယွဲ့က ပြုံး၍ ပြောလိုက်သည်။

သူ၏နှုတ်ခမ်းများက လှပစွာ ကွေးညွတ်သွားခဲ့သည်။

ဤသည်မှာ လူတစ်ဦးက အလွန်လှပစွာ ပြုံးနိုင်ကြောင်း ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် ပထမဆုံးအကြိမ် သိလိုက်ရခြင်းဖြစ်၏။

သူက ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် ဖြစ်လာရခြင်းမှာ ပထမမျိုးဆက် နတ်ဆိုးသူတော်စင်၏ လှည့်စားမှုကြောင့်သာ ဖြစ်သည်။

အကယ်၍သာသူက သူတော်စင်ကျောက်တိုင်၏အောက်ခြေတွင် တမင်တကာကြောက်လန့်အောင်မလုပ်ခဲ့လျှင် သူ့အနေဖြင့် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်ဖြစ်လာလိမ့်မည်မဟုတ်ပေ။

နတ်ဆိုးသူတော်စင်ဖြစ်ရခြင်း၏ အနာကျင်ဆုံးအရာမှာ အဘယ်အရာနည်း။

ယင်းမှာ လွတ်လပ်ခွင့်မရှိတော့ခြင်း ဖြစ်သည်။

သူတော်စင်ကျောက်တိုင်သည် သူ၏ လှုပ်ရှားမှု အကွာအဝေးကို ကန့်သတ်ထားခဲ့သည်။

နောက်ထပ် နတ်ဆိုးသူတော်စင်ကို မတင်မြှောက်မီအထိ သူတော်စင်ကျောက်တိုင်ထိပ်ရှိ သူတော်စင်နန်းတော်တွင်သာ နေထိုင်ရမည် ဖြစ်သည်။

ထို့ကြောင့် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်သည် နတ်ဆိုးသူတော်စင် ဖြစ်လာရခြင်း အတွက် အစပိုင်းတွင် အလွန်တရာစိတ်ညစ်ခဲ့သည်။

လွတ်လပ်ခွင့်မရှိသည့်အချက်ကို အသာထား၊ သူ၏တစ်ဦးတည်းသော အဖော်က အလွန်ပင် ညီးငွေ့ဖွယ်ကောင်းပြီး အပြင်လူများရှေ့တွင် သူ့ကို အမြဲတစေ နှိပ်ကွပ်လေ့ရှိသည်။

ယခုအခါတွင် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်သည် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

သူ့ဘဝတစ်ခုလုံးကို နတ်ဆိုးသူတော်စင် နန်းတော်တွင် ကုန်ဆုံးခဲ့လျှင်ပင် ဤသည်က သိပ်အဆိုးရွားကြီး ဖြစ်ပုံမပေါ်တော့ပေ။

အနည်းဆုံးတော့ အသွင်ပြောင်းထားသည့် အားယွဲ့သည် အလွန်ပင်လှပသည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။

ပြဿနာမှာ ရွှမ်းအားယွဲ့သည် မိန်းကလေးအစစ်မဟုတ်သည့်အတွက် သူအနည်းငယ် နှမျောမိခဲ့သည်။

သို့သော် အနည်းငယ် ငြီးငွေ့စရာကောင်းသည့် ရွှမ်းဝူယွဲ့(ဝါ) ရွှမ်းယွီယဲ့ထက် စာလျှင် အများကြီး သာလွန်ပါသေးသည်။

“ဒါနဲ့ ဒီခေါင်းသုံးလုံးဖီးနစ်က ဘယ်အရပ်ကလာတာလဲ”

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က မေးလိုက်သည်။

ရွှမ်းဝူယွဲ့က သူ့ပုခုံးပေါ်ရှိ ခေါင်းသုံးလုံးဖီးနစ်ကို စေ့စေ့စပ်စပ်ကြည့်၍ ပြန်မေးလိုက်သည်။

ခေါင်းသုံးလုံးဖီးနစ်လေးက မပီကလာ ပီကလာအသံဖြင့် ပြန်ပြောလိုက်သည်။

ယင်းက လူသားဘာသာစကား မဟုတ်သော်လည်း ရွှမ်းဝူယွဲ့က ကောင်းစွာနားလည်ခဲ့သည်။

“သူပြောတာက နတ်ဘုရားနယ်မြေထက် ပိုဝေးတဲ့နေရာက လာတာတဲ့”

“နတ်ဘုရားနယ်မြေထက်တောင် ပိုဝေးတယ်တဲ့လား”

ထိုစကားကြောင့် ဒုတိယမျိုးဆက်နတ်ဆိုးသူတော်စင်၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။

အပိုင်း(၉၁၂) ပြီး၏

All Chapters