တစ်သီးတစ်သန့်
Vol. 110 Ch. 1636
တစ်ခဏချင်းမှာပင် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် ညဝိညာဥ်ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
အဲ့ဒါက အရမ်းကိုမြန်ဆန်လေသည်။
မျောက်နှင့် အခြားသူများက တွေဝေရှုပ်ထွေးနေဆဲ ဖြစ်၏။ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် သူ၏ ဧရာမလက်ဖဝါးကို ဆန့်ထုတ်ပြီး ညဝိညာဥ်၏ ဦးခေါင်းကို ဖမ်းဆွဲကာ ထိုသူကို မြေပြင်ပေါ်ကနေ ကိုင်မြှောက်လိုက်၏။ ညဝိညာဥ်သည် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အင်အားကြီးမားသော စွမ်းပကားနှင့် ရင်ဆိုင်ရချိန်မှာ လုံးဝကို ကူကယ်ရာမဲ့နေခဲ့၏။
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုကို အေးစက်စက်အမူအရာနှင့်အတူ ကြည့်လိုက်လေသည်။
“အထီးကျန်သိုင်းသခင်”
သူက အေးစက်စွာ ပြောလိုက်၏။
“မင်းက... ငါ့ရဲ့ကလန်သားတွေကို သတ်ဖြတ်ခဲ့တယ်ဆိုမှတော့.. ငါကလည်း မင်းရဲ့ညီကို,ကို သတ်ပစ်မယ်... ငါမင်းကို တစ်သက်လုံး နာကျင်ခံစားစေမယ်”
ဖောက်...
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် သတ်ဖြတ်ရာမှာ ပြတ်သားလေသည်။ ယခုသူက ဒေါသူပုန်ထနေပြီး ဆူဇီမိုနှင့် သေချာပေါက်အချိန်ဖြုန်းနေလိမ့်မည် မဟုတ်ပေ။ သူ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်ပြီး သူက ညဝိညာဥ်၏ ဦးခေါင်းကို ခြေမွှဖျက်ဆီးပစ်လိုက်၏။
လတ်ဆတ်သောသွေးများက ပြန့်ကျဲသွား၏။
ညဝိညာဥ်၏ ဦးခေါင်းမဲ့အလောင်းက မြေပြင်ပေါ်သို့ ကျဆင်းသွားလေသည်။
ချန်နဂါးဧကရာဇ် ၊ လူရိုင်းဧကရာဇ်နှင့် ခွန်ဧကရီတို့၏ မျက်လုံးထဲမှာ သနားဂရုဏာသက်သည့်အရိပ်အယောင်များ ထင်ဟပ်လာခဲ့၏။
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများကလည်း သက်ပြင်းချလိုက်ကြ၏။
သူတို့အားလုံးနှင့် ထျန်ဟွမ်ကုန်းမြေတိုက်၏ သက်ရှိများအားလုံးသည် တဗူးဂမ္ဘီရဟို့အပေါ် အကြွေးတင်နေခဲ့ကြ၏။
ယခု... ဒီဘက်မျိုးဆက်၏ ဂမ္ဘီရဟို့သည်လည်း ထပ်မံ၍ ကြီးထွားမလာခင်မှာပင် အညှာအတာမဲ့သွာ သတ်ဖြတ်ခံလိုက်ရပြန်လေပြီ။
အသိတရားရှိသော မည်သည့်သက်ရှိမဆို... ထိုအခိုက်အတန့်မှာ မလုံမလဲဖြစ်မှုကို ခံစားရပေလိမ့်မည်။ ငရဲစုန်းဧကရာဇ် ၊ ရွှေကျီးကန်းမီးဧကရာဇ်နှင့် အခြားသူများကတော့ အမူအရာကင်းမဲ့နေကြ၏။
သူတို့၏ ရင်ထဲမှာ ညဝိညာဥ်သည် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ သတ်ဖြတ်ခြင်းခံရမည်ဆိုလျှင် အဲ့ဒါက အကောင်းဆုံးဖြစ်လေသည်။
မဟုတ်ပါက တဗူးဂမ္ဘီရဟို့ကြီးပြင်းလာလျှင် သူက သူတို့အတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေပေလိမ့်မည်။
ဆူဇီမိုသည် ထိုသည်ကိုတွေ့မြင်သောအခါ တစ်စုံတစ်ရာပြုမူလှုပ်ရှားလာခြင်း မရှိပေ။
တကယ်ဆို... သူ၏ မျက်လုံးထဲမှာ မည်သည့်ဝမ်းနည်းမှုမှပင်မရှိဘဲ လှောင်ပြောင်သရော်လိုသည့် အရိပ်အယောင်တစ်ခုသာရှိနေ၏။
“ဟမ့်...”
ထိုစဥ်မှာပင် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အမူအရာက ညဝိညာဥ်၏ အလောင်းကို အလိုလိုလှည့်ကြည့်ရင်း အနည်းငယ်ပြောင်းလဲသွား၏။
ဂမ္ဘီရဟို့၏ သွေးအော်ရာက ညဝိညာဥ်၏ ခန္ဓာကိုယ်ထဲမှာ တကယ်ပင်ရှိနေသော်လည်း အဲ့ဒါက အရမ်းကို ပါးလျလေသည်။
ဒါ့အပြင် သူသည် ထိုသူ၏ ဦးခေါင်းကို ခြေမွှဖျက်ဆီးပြီးတာတောင် ညဝိညာဥ်၏ အမြုတေစိတ်ဝိညာဥ်ကို မတွေ့မြင်ရပေ။
သူသည် အလွန်တရာ သိပ်သည်းကျစ်လျစ်သော စိတ်ဝိညာဥ်အသိစိတ် တစ်မျှင်ကို ခြေမွှဖျက်ဆီးလိုက်ရုံသာဖြစ်လေသည်။
ချန်နဂါးဧကရာဇ် ၊ ငရဲစုန်းဧကရာဇ်နှင့် အခြားသူများသည် အာရုံစိုက်၍ ကြည့်ရှုလိုက်ပြီး သူတို့က တစ်စုံတစ်ရာ ထူးခြားနေသည်ကို တဖြည်းဖြည်းသတိထားမိသွား၏။
အဲ့ဒါသည် တဗူးဂမ္ဘီရဟို့၏ အစစ်အမှန်ခန္ဓာမဟုတ်ပေ။
ထိုစဥ်မှာပင် ဆူဇီမိုက ပြုံးပြလိုက်၏။
“ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်...ခင်ဗျားကတော့ စိတ်ပျက်သွားရမှာပဲ... အခုတင် ခင်ဗျားသတ်လိုက်တာက အမြုတေသွေးတစ်မျှင်ကိုသုံးပြီး စုဖွဲ့ထားတဲ့... ညဝိညာဥ်ရဲ့ကိုယ်ပွားတစ်ခုပဲ”
မျောက်နှင့်အခြားသူများ၏ မျက်ဝန်းထဲတွင် နားလည်သဘောပေါက်သည့် ပုံရိပ်တစ်ခုက ထင်ဟပ်လာခဲ့၏။
ညဝိညာဥ်နှင့်ပတ်သက်၍ တစ်နည်းတစ်ဖုံ ထူးခြားနေသည်ကို သူတို့က သတိထားမိနေသည်မှာ ကြာခဲ့ပြီဖြစ်၏။ သူ၏ တိုက်ခိုက်ရည်ခွန်အားက နှစ်ပေါင်းတစ်ရာကြာပြီးနောက် များစွာတိုးတက်မလာသည့်ပုံပင်။
ဒါ့အပြင် အထူးဆန်းဆုံးအရာမှာ အစကနေ ယခုအချိန်ထိ ညဝိညာဥ်သည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲခြင်းမရှိဘဲ သူ၏ လူသားသွင်ပြင်ဖြင့်သာ ကမ္ဘာဦးမျိုးနွယ်များစွာနှင့် တိုက်ခိုက်နေခဲ့၏။
ယခုအခါမှသာ အဲ့ဒါသည် ညဝိညာဥ်၏ ကိုယ်ပွားတစ်ခုသာဖြစ်သည်ကို မျောက်နှင့်အခြားသူများက နားလည်သဘောပေါက်သွားကြ၏။
အမြုတေသွေးနှင့် စိတ်ဝိညာဥ်အသိစိတ် တစ်မျှင်သည် ညဝိညာဥ်၏ အစစ်အမှန်ပုံစံကို ထောက်ပံ့ပေးနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမို၏ အကြည့်က ငရဲစုန်းဧကရာဇ်နှင့် အခြားသူများဘက်သို့ ဖြတ်သန်းသွားပြီး သူက လှောင်ပြောင်သရော်လိုဟန်ဖြင့် ပြောလိုက်လေသည်။
“မျိုးနွယ်စုတစ်သောင်းစုဝေးပွဲမှာ... ယုတ်ညံ့တဲ့ စိတ်ထားရှိပြီး ညဝိညာဥ်ကြီးပြင်းလာမှာကို မလိုချင်တဲ့သူတချို့ ရှိနေမှာကို ငါစိုးရိမ်နေခဲ့တာ... တကယ်ပဲ... ငါထင်တာမှန်နေတာပဲ”
တကယ်တော့... ခွန်လွင်အပျက်အစီးဒေသမှာတုန်းက ဆူဇီမိုသည် ညဝိညာဥ်ကို မျိုးနွယ်စုတစ်သောင်း စုဝေးပွဲသို့ လိုက်ပါမလာစေလိုခဲ့ပေ။
သူ့မှာ အစစ်အမှန်ခန္ဓာ သုံးခုရှိလေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် နဂါးမျိုးနွယ်၏ နောက်ခံရှိလေသည်။
အဆိုးရွားဆုံးရလဒ်အနေဖြင့် သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုလုံးက သေဆုံးသွားမည်ဆိုလျှင်တောင် သူ့မှာ သိုင်းတာအိုပင်မခန္ဓာ ရှိနေဆဲပင်။
သို့သော်လည်း မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ၌ ညဝိညာဥ်မှာ မည်သည့်နောက်ခံမှ မရှိပေ။
ဧကရာဇ်တစ်ပါးက ပေါ်ထွက်လာပြီး ညဝိညာဥ်ကို သတ်ဖြတ်ချင်သည်ဆိုလျှင် မည်သူကမှ အဲ့ဒါကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
နောက်ပိုင်းတွင် ညဝိညာဥ်သည် သူ၏ ကိုယ်ပွားနှင့် ဆူဇီမိုနောက်သို့ လိုက်ပါလာခဲ့လေသည်။
ယခုအခါ... မျိုးနွယ်စုတစ်သောင်းစုဝေးပွဲ၏ အန္တရာယ်သည် ဆူဇီမိုတွေးထင်ထားသည်ထက်ပင် များစွာပို၍ ကြောက်စရာကောင်းနေ၏။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှ အသန်မာဆုံး ပညာရှင်များက ဤနေရာမှာ စုစည်းမိလာခဲ့ကြ၏။
တကယ်ဆို သူတို့၏ အသည်းနှလုံးများက ပို၍ပင်ကြောက်စရာကောင်းလေသည်။
ဆူဇီမိုသည် ကမ္ဘာဦးခေတ်စစ်ပွဲ၏ အမှန်တရားကို ထုတ်ဖော်ပြောဆိုပြီး တဗူးဂမ္ဘီရဟို့၏ နာမည်ဂုဏ်သတင်းကို အမှန်ပြင်ပေးခဲ့ပြီးတာတောင် ငရဲစုန်းဧကရာဇ်နှင့် ရွှေကျီးကန်းမီးဧကရာဇ်တို့သည် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ် တိုက်ခိုက်လာသည်ကို မမြင်ချင်ယောင်ဆောင်နေခဲ့ကြ၏။
ဆူဇီမိုသည် မည်သည့်အရာမှ ထပ်မံ၍မပြောတော့ဘဲ ငရဲစုန်းဧကရာဇ်နှင့် ရွှေကျီးကန်းမီးဧကရာဇ်တို့ကိုသာ ပြုံးစစဖြင့် ကြည့်နေ၏။
ဧကရာဇ်နှစ်ပါး၏ အတွေးအကြံက သူ့ထံကနေ ဖုံးကွယ်မထားနိုင်ပေ။
သူတိုနှစ်ယောက်က အမူအရာကင်းမဲ့နေကြ၏။
သူတို့နှစ်ယောက်က ဘယ်လိုမျိုး ဂုဏ်အဆင့်အတန်းကို ပိုင်ဆိုင်ထားပါသလဲ။
ဧကရာဇ်နှစ်ပါးသည် သူတို့၏ စိတ်များကို ဆူဇီမိုက ဖတ်မိနိုင်သည်ဆိုလျှင်တောင် ဂရုစိုက်ကြလိမ့်မည် မဟုတ်ပေ။
ငရဲစုန်းဧကရာဇ်သည် သူ့မျက်လုံးထဲရှိ စိမ်းဖန့်ဖန့်အလင်းရောင်နှင့်အတူ ဆူဇီမိုကို ကြည့်လိုက်လေသည်။
ဤဝိညာဥ်ရိတ်သိမ်းပညာရပ်သည် အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုသာဖြစ်လေသည်။ သို့သော်လည်း ဆူဇီမိုသည် မဟာယာနအဆင့်သို့ ဝင်ရောက်ခါစဖြစ်ပြီး သူက အဲ့ဒါကို ခုခံနိုင်လိမ့်မည်မဟုတ်ဟု ငရဲစုန်းဧကရာဇ်က ယုံကြည်လေသည်။
ဆူဇီမိုသည် သူ့ကို ဆက်လက်၍ စိုက်ကြည့်နေမည်ဆိုလျှင် သူ၏ ဝိညာဥ်က သူ၏ ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်ခံရပေလိမ့်မည်။
ချန်နဂါးဧကရာဇ်က အနီးနားမှာရှိနေပြီး သူ့ကိုအချိန်မီတားဆီးနိုင်ခဲ့မည်ဆိုလျှင်တောင် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။
ငရဲစုန်းဧကရာဇ်သည် ဆူဇီမိုကို သင်ခန်းစာတစ်ခုပေးချင်လေသည်။
ငရဲစုန်းဧကရာဇ် သူ့ကို မည်သူကမှ ရန်မစနိုင်စေရ။
“အဲ့ဒီအထီးကျန်သိုင်းသခင်က တော်တော်နမော်နမဲ့နိုင်တာပဲ... သူ့က ငရဲစုန်းဧကရာဇ်ကို ရန်သွားစပြီး သူ့ရဲ့မျက်လုံးတွေကိုတောင် သွားပြီးစိုက်ကြည့်ရဲသေးတယ်ဆိုတော့...”
တစ်စုံတစ်ယောက်က မှတ်ချက်ပြုပြောဆိုလိုက်၏။
“မင်းရဲ့ဆရာကတော့ ထိခိုက်ခံစားရတော့မယ်”
ယင်လန်ကလည်း ရှောင်းယောင်ထံသို့ အသံတစ်ခုကို ပို့လွှတ်လိုက်၏။
ငရဲစုန်းဧကရာဇ်က ဝိညာဥ်ရိတ်သိမ်းအဆင့်မြင့်နတ်ဘုရားစွမ်းအားကို လှည့်ပတ်လိုက်စဥ်မှာပင် ဆူဇီမို၏ မျက်လုံးနှစ်ဖက်က ရုတ်တရက် မင်ကဲ့သို့ နက်မှောင်လာပြီး နက်မှောင်၍ အေးစက်နေသော အလင်းတစ်ခုကို ဖြာထုတ်ပေးလာ၏။
တမလွန်မီးရောင်ကျောက်တုံးသည် အန္တရာယ်ကို အာရုံခံမိသွားပြီး ၎င်း၏ တမလွန်မီးရောင်မျက်လုံးကို ထုတ်ဖော်လာခဲ့၏။
အဲ့ဒါက တမလွန်မီးရောင်မျက်လုံးသက်သက်သာဆိုလျှင် ၎င်းသည် ငရဲစုန်းဧကရာဇ်၏ အဆင့်မြင့်နတ်ဘုရားစွမ်းအားကို ခုခံဖို့ခဲယဥ်းပေးလိမ့်မည်။
သို့သော်လည်း ဆူဇီမို၏ မျက်လုံးထဲမှာ တမလွန်မီးရောင်ကျောက်တုံးကဲ့သို့ ဂမ္ဘီရပစ္စည်းတစ်ခုရှိနေလေသည်။
ဆူဇီမိုသည် ငရဲစုန်းဧကရာဇ်နှင့် အကြည့်ချင်းဆုံသွားပြီး လုံးဝအရေးနိမ့်ခြင်း မရှိပေ။
ထို့နောက်... ချက်ချင်း ငရဲစုန်းဧကရာဇ်သည် တုန်လှုပ်သွားသည့်အလား သူ၏ ဦးခေါင်းကို အလိုလိုလှည့်ကာ ရှောင်တိမ်းလိုက်လေသည်။
သက်ရှိအများစုသည် ထိုလှုပ်ရှားမှုအနည်းငယ်ကို သတိမထားမိနိုင်သော်လည်း ချန်နဂါးဧကရာဇ်နှင့် အခြားသူများကတော့ သတိထားမိနိုင်လေသည်။
တမလွန်မီးရောင်မျက်လုံးသည် တဗူးဂမ္ဘီရဟို့၏ စက္ခုနည်းစနစ်ဖြစ်လေသည်။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ကောင်းကင်ဘုံမျက်လုံးပင်လျှင် အဲ့ဒါကို ရှောင်လွှဲရပေလိမ့်မည်။
ငရဲစုန်းဧကရာဇ်သည် ထိုစက္ခုနည်းစနစ်ကို တွေ့မြင်သောအခါ သူ၏ မျိုးဆက်သွေးထဲရှိ မွေးရာပါအကြောက်တရားက နိုးထလာခဲ့ပြီး သူက အဲ့ဒါကို အလိုလိုရှောင်တိမ်းမိသွားလေသည်။
သို့သော်သူက အမူအရာပျက်ယွင်းသွားသော်လည်း သိပ်မကြာခင် သူ့ကိုယ်သူ တည်ငြိမ်စေလိုက်နိုင်လေသည်။
“လူတိုင်းပဲ... အကုန်လုံးက အခုချိန်မှာရှင်းလင်းသွားပြီ”
ဆူဇီမိုက ထုတ်ဖော်ကြေညာလိုက်၏။
“ဒီဘက်မျိုးဆက်မှာ နတ်ဘုရားမျိုးနွယ်က စုန်းမျိုးနွယ် ၊ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်နဲ့ အခြားကမ္ဘာဦးမျိုးနွယ်တွေနဲ့ ပူးပေါင်းပြီး နဂါးမျိုးနွယ်နဲ့ လူသားမျိုးနွယ်ကို တိုက်ခိုက်ချင်နေတယ်ဆိုတာ... သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ခွန်အားကို ပြုန်းတီးစေချင်လို့ပဲ”
“ကျုပ်တို့ကြားမှာ နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်တဲ့ရလဒ်တစ်ခုဖြစ်လာဖို့ သူတို့က လိုချင်တာပဲ... အဲ့လိုမှပဲ နတ်ဘုရားကုန်းမြေတိုက်က ဘယ်လိုအဟန့်အတားအနှောက်အယှက်မှမရှိဘဲ ထျန်ဟွမ်ကုန်းမြေတိုက်ကို ကျူးကျော်လာနိုင်လိမ့်မယ်”
“ငါတို့က.. အဲ့လို မဟုတ်ဘူး”
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အမူအရာကပြောင်းလဲသွားပြီး သူက အလောတကြီးရှင်းပြလိုက်၏။
“ငါတို့ ကမ္ဘာဦးမျိုးနွယ် ၆စုက ဒီတစ်ခေါက်အတူပူးပေါင်းထားတယ်ဆိုတာ... ငါတို့က လူသားမျိုးနွယ်ကို ဖိနှိမ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကို နောက်တစ်ဖန်အုပ်စိုးချင်လို့ပဲ... အဲ့ဒါက..”
“ဟီးဟီး”
ဆူဇီမိုက လှောင်ရယ်၍ ဖြတ်ပြောလိုက်လေသည်။
“အဲ့ဒါဆိုရင်... လွန်ခဲ့တဲ့နှစ် ၈၀က ခွန်လွင်အပျက်အစီးဒေသမှာ ဖြစ်ခဲ့တဲ့ နတ်ဘုရားကုန်းမြေတိုက်ရဲ့ ကျူးကျော်မှုကို ခင်ဗျားဘယ်လိုရှင်းပြမှာလဲ”
“ကမ္ဘာဦးမျိုးနွယ် ၈စုကြားမှာ သဘောထားကွဲလွဲလာအောင် သွေးထိုးလှုံ့ဆော်ဖို့ ခင်ဗျားက အချိန်အတန်အကြာကတည်းက ကြိုတင်ပြင်ဆင်လာခဲ့တာပဲ”
“အဓိပ္ပါယ်မရှိတာကွာ”
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် ဒေါသချောင်းချောင်း ထွက်လာပြီး သူက ပေါက်ကွဲတော့မည့်ဆဲဆဲဖြစ်လေသည်။
တကယ်တော့... ခွန်လွင်အပျက်အစီးဒေသရှိ ခွန်လွင်အဟန့်အတား၏ တည်ရှိမှုကြောင့် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ နတ်ဘုရားမျိုးနွယ်သည် နတ်ဘုရားကုန်းမြေတိုက်ရှိ နတ်ဘုရားမျိုးနွယ်နှင့် ယခုအချိန်ထိ အဆက်အသွယ်မရသေးသည်ကို ဆူဇီမိုက သိရှိထားလေသည်။
သို့သော်လည်း အဲ့ဒါက အရေးမကြီးပေ။ လွန်ခဲ့သည့်နှစ် ၈၀ က နတ်ဘုရားကုန်းမြေတိုက်က ခွန်လွင်အပျက်အစီးဒေသသို့ ကျူးကျော်ဝင်ရောက်လာခဲ့၏။
ယခု... ကမ္ဘာဦးမျိုးနွယ်များက တိုက်ခိုက်ကြတော့မည့်ဆဲဆဲအခြေအနေမှာရှိလေသည်။ ဤကဲ့သို့သောအခြေအနေမှာ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် အရာရာတိုင်းကို ဘယ်လိုမှ ရှင်းပြနိုင်တော့မည် မဟုတ်ပေ။
ငရဲစုန်းဧကရာဇ် ၊ ရွှေကျီးကန်းမီးဧကရာဇ် ၊ ဆိုးယုတ်လေယက္ခဧကရာဇ် ၊ သွေးဧကရာဇ်နှင့် မဟူရာမျက်လုံးဧကရာဇ်တို့က လက်ဟန်အမူအရာများ ပြသပြီး ကမ္ဘာဦးမျိုးနွယ်များကို ဦးဆောင်ကာ တဖြည်းဖြည်း နောက်သို့ဆုတ်ခွာ၍ နတ်ဘုရားမျိုးနွယ်နှင့် အကွာအဝေးတစ်ခုခြားလိုက်ကြ၏။
တစ်ခဏချင်းမှာပင် နတ်ဘုရားမျိုးနွယ်က ပဟေဠိနန်းတော်အတွင်းမှာ တစ်သီးတစ်သန့် ဖြစ်လာခဲ့၏။