← Chapters

ခိုင်မာပြတ်သားစွာဖြင့်

Vol. 110 Ch. 1637

ခိုင်မာပြတ်သားစွာဖြင့်

Vol. 110 Ch. 1637

“ငရဲစုန်း... ရွှေကျီးကန်း... ဒါကဘာသဘောလဲ”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က မျက်မှောင်ကြုတ်ပြီး လေးနက်သောအသံဖြင့် မေးလိုက်၏။

“မင်းတို့တွေက အဲ့ဒီဂျူနီယာပြောတာကို တကယ်ပဲ ယုံနေကြတာလား”

ငရဲစုန်းဧကရာဇ်နှင့် အခြားသူများက အမူအရာကင်းမဲ့၍ မှင်သေသေဖြင့် ရှိနေကြ၏။

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

“ကမ္ဘာဦးခေတ်စစ်ပွဲကို ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ ဘိုးဘေးတွေက ပြုလုပ်ခဲ့ကြတာပဲ... သူတို့က အိုမင်းကုန်ကြပြီ... သူတို့က ကြီးမားတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့ပေမဲ့ အဲ့ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး”

“ဒီနေ့မှာ... နတ်ဘုရားမျိုးနွယ်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ရှင်သန်နေထိုင်ပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့ကြတယ်... ငါတို့က ငါတို့ကိုယ်ငါတို့ ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူထားခဲ့တာ ကြာခဲ့​ပြီ... ငါတို့ရဲ့ နှစ်ပေါင်းများစွာ ဆက်ဆံရေးက အဲ့ဒီဂျူနီယာရဲ့ စကားတချို့ကိုတောင် မယှဥ်နိုင်ဘူးလား”

“ငါတို့က နှစ်ပေါင်းများစွာ ဆက်ဆံလာခဲ့တာတောင် မင်းကငါတို့ကို အမှန်တရားကို ဘယ်တုန်းကမှ ပြောမပြခဲ့ဘူးလေ”

ရွှေကျီးကန်းမီးဧကရာဇ်က အေးစက်စွာဖြင့် ပြောလိုက်၏။

“ဒီနေ့ကိစ္စကြောင့်သာမဟုတ်ရင် ငါတို့ကမ္ဘာဦးမျိုးနွယ် ၅ စုက အမှောင်ထဲမှာပဲ ဆက်ရှိနေဦးမှာ... ငါတို့က လက်နက်တွေအဖြစ် အသုံးချခံနေရဦးမှာ”

“ဟီးဟီး”

ငရဲစုန်းဧကရာဇ်က ခြောက်ကပ်စွာရယ်မော၍ မည်သည့်အရာကိုမှ ပြောဆိုခြင်း မရှိပေ။

လက်ရှိဧကရာဇ်များထဲ မည်သူကမှ အရူးမဟုတ်ကြပေ။ သူတို့သည် ကမ္ဘာဦးခေတ်စစ်ပွဲနှင့် နတ်ဘုရားမျိုးနွယ်၏ မူလဇာစ်မြစ်ကို သိရှိသွားပြီဖြစ်တာကြောင့် သူတို့သည် နတ်ဘုရားမျိုးနွယ်ကို သတိကြီးကြီးထား၍ စောင့်ကြည့်ရပေတော့မည်။

သွေးဧကရာဇ်ကလည်း လှောင်ရယ်လိုက်၏။

“ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်... ကမ္ဘာဦးမျိုးနွယ်တွေက ကြီးမားတဲ့တိုက်ပွဲတစ်ခုမှာ ကျရှုံးပြီး သေကြေပျက်စီးကုန်ကြမယ်ဆို နတ်ဘုရားကုန်းမြေတိုက်က ထျန်ဟွမ်ကုန်းမြေတိုက်ကို ကျူးကျော်သိမ်းပိုက်လာတဲ့အခါ မင်းက ငါတို့အပေါ် ဆက်ပြီးတော့ ကောင်းနိုင်ဦးမှာလား”

တစ်ခဏချင်းမှာပင် မျိုးနွယ်စုတစ်သောင်းစုဝေးပွဲ၏ အခြေအနေသည် တုန်လှုပ်စရာကောင်းလောက်အောင် ပြောင်းလဲသွား၏။ အစက ကမ္ဘာဦးမျိုးနွယ် ၆စုသည် အတူပူးပေါင်းထားပြီး သိပ်သည်းပြင်းထန်သော အော်ရာများနှင့် ရန်လိုခက်ထန်နေခဲ့ကြ၏။ လူသားမျိုးနွယ်က ထွက်လမ်းမရှိတော့သလောက်နီးပါးဖြစ်ခဲ့လေသည်။

သို့သော် ယခုအခါ... ဆူဇီမိုသည် နိုးထလာခဲ့ပြီး ကမ္ဘာဦးစစ်ပွဲ၏ အမှန်တရားကို ထုတ်ဖော်ပြောဆိုကာ သူသည် ကမ္ဘာဦးမျိုးနွယ် ၆စု၏ ပူးပေါင်းမှုကို ဖြိုခွဲ၍ နတ်ဘုရားမျိုးနွယ်ကို တစ်သီးတစ်သန့် ခွဲထုတ်လိုက်လေသည်။

လူတိုင်းပဲ... ကိစ္စက ဒီလိုဆိုမှတော့.. ကမ္ဘာဦးမျိုးနွယ် ၈စုက နတ်ဘုရားမျိုးနွယ်ကို ဖိနှိမ်ဖို့အတွက် အတူပူးပေါင်းသင့်တယ်... ငါတို့က ကမ္ဘာဦးခေတ်က ငါတို့ဘိုးဘေးတွေအတွက် လက်စားချေရမယ်”

လူရိုင်းမျိုးနွယ်က ကြမ်းကြုတ်ခက်ထန်သော အော်ရာနှင့်အတူ အော်ပြောလိုက်၏။

“ငါသဘောတူတယ်”

ခွန်ဧကရီ၏ အမူအရာကလည်း အေးစက်နေ၏။

ကမ္ဘာဦးတဗူး ခွန်ဖန်း၏ သေဆုံးမှုသည် နတ်ဘုရားမျိုးနွယ်၏ အကွက်ချကြံစည်မှုဖြစ်သည့်အတွက် ခွန်ဧကရီက ယခုအခါ လွန်မင်းစွာ ဒေါသထွက်နေ၏။

ခွန်ဧကရီက ပြောလိုက်လေသည်။

“နတ်ဘုရားမျိုးနွယ်က ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ အကြီးမားဆုံး အန္တရာယ်ပဲ... ငါတို့က သူတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ချေမှုန်းသင့်တယ်”

ချန်နဂါးဧကရာဇ်က တစ်စုံတစ်ရာဝင်ရောက်ပြောဆိုခြင်း မရှိပေ။

သူသည် ရှင်သန်နေထိုင်လာခဲ့သည်မှာ အရမ်းကြာခဲ့ပြီဖြစ်ပြီး သူက အခြေအနေကို ပို၍ရှင်းလင်းစွာ အကဲခတ်နိုင်လေသည်။

ကမ္ဘာဦးခေတ်စစ်ပွဲ၏ အမှန်တရာက ပေါ်ထွက်လာလျှင်တောင် လူတိုင်း၏ နှလုံးသားများနှင့် ခံယူချက်များက ကွဲပြားကြသည့်အတွက် ကိစ္စများက ရိုးရှင်းလိမ့်မည် မဟုတ်ကြောင်း သူကောင်းကောင်းသိလေသည်။

ငရဲစုန်းဧကရာဇ်က ပြုံးပြလိုက်၏။

“အရင်တုန်းက နဂါးဖီးနစ်နဲ့ ခွန်ဖန်းတို့က ဝမ်းနည်းဖွယ်ရာ သေဆုံးခဲ့ကြတာပဲ... အဲ့ဒါရဲ့ လက်သည်တရားခံက နတ်ဘုရားမျိုးနွယ်ပဲ”

“နဂါးမျိုးနွယ်... ခွန်မျိုးနွယ်နဲ့ လူရိုင်းမျိုးနွယ်က ပူးပေါင်းပြီး ချန်နဂါးဧကရာဇ်နဲ့ဆိုရင် နတ်ဘုရားမျိုးနွယ်ကို ဖျက်ဆီးပစ်ဖို့လုံလောက်နေပြီပဲ”

လူရိုင်းဧကရာဇ်က မျက်မှောင်ကြုတ်လိုက်၏။

“မင်းရဲ့စကားက ဘာအဓိပ္ပါယ်လဲ”

ငရဲစုန်းဧကရာဇ်က ပြုံးပြလိုက်၏။

“မပူပါနဲ့... မင်းတို့တွေက နတ်ဘုရားမျိုးနွယ်တွေကို တိုက်ခိုက်သတ်ဖြတ်ကြမယ်ဆိုရင် စုန်းမျိုးနွယ်က သူတို့ကို ဝင်ကူပေးမှာမဟုတ်ဘူး”

“ရွှေကျီးကန်းမျိုးနွယ်ကလည်း ဝင်ပါမှာ မဟုတ်ဘူး”

ရွှေကျီးကန်းမီးဧကရာဇ်က ထပ်ပြောလိုက်၏။

သွေးနွယ်ပင် ၊ ယက္ခနှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ဧကရာဇ်များသည်လည်း သူတို့၏ ရပ်တည်ချက်များကို ပြသလိုက်ကြ၏။

ဧကရာဇ် ၅ ဦး ကြံစည်တွေးတောနေသည်ကို သိမြင်ရဖို့ လွယ်ကူလေသည်။

သူတို့သည် ကိစ္စများ၏ အပြင်ဘက်သို့ ထွက်ရပ်ပြီး ဘေးကနေ အေးစက်စွာ စောင့်ကြည့်နေချင်ကြ၏။ သူတို့သည် နဂါး ၊ ခွန်နှင့် လူရိုင်းမျိုးနွယ်တို့ကို နတ်ဘုရားမျိုးနွယ်နှင့် တိုက်ခိုက်စေချင်​လေသည်။ သူတို့က နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်သောရလဒ်ဖြင့် အသေအကြေတိုက်ခိုက်ကြမည်ဆိုလျှင် အကောင်းဆုံးဖြစ်လေသည်။

ခွန်ဧကရီက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကမ္ဘာဦးမျိုးနွယ် ၈စုက အတူပူးပေါင်းလိုက်မယ်ဆိုရင်... ငါတို့က ပျက်စီးထိခိုက်မှု အနည်းဆုံးနဲ့ နတ်ဘုရားမျိုးနွယ်ကို သတ်ဖြတ်နိုင်မှာပဲ... အဲ့ဒါဆိုရင်ရော ဘယ်လိုသဘောရလဲ”

ငရဲစုန်းဧကရာဇ်က လက်ကာပြလိုက်၏။

“ငါတို့က ဘာပဲပြောပြော အရင်တုန်းက နတ်ဘုရားမျိုးနွယ်နဲ့ ပူးပေါင်းခဲ့ကြတာပဲ... အခုတစ်ခဏချင်းမှာပဲ ငါတို့က ငါတို့ရဲ့ မဟာမိတ်ကို တိုက်ခိုက်မယ်ဆိုရင် တကယ်ပဲ စည်းမစောင့်ရာကျတယ်... ငါက အဲ့လိုလုပ်ချင်ရင်တောင်မှ ဒီကိစ္စကို ကူညီပေးနိုင်မှာ မဟုတ်ဘူး”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အမူအရာက ညိုမည်းလာခဲ့၏။

သူက သန်မာပြီး ငရဲစုန်းဧကရာဇ်နှင့် အခြားသူများအပေါ် ခြိမ်းခြောက်နိုင်စွမ်း ရှိနေခြင်းကြောင့်သာမဟုတ်လျှင် နတ်ဘုရားမျိုးနွယ်က ယနေ့ အပြီးတိုင် ချေမှုန်းဖျက်ဆီးခံရနိုင်ကြောင်း သူကောင်းကောင်းသိလိုက်လေသည်။

လက်ရှိအခြေအနေက နဂါး ၊ ခွန်နှင့် လူရိုင်းမျိုးနွယ်တို့၏ မဟာမိတ်အဖွဲ့အဖြစ် အလျင်အမြန်ကူးပြောင်းသွားလေသည်။

စုန်း ၊ ရွှေကျီးကန်း ၊ သွေးနွယ်ပင် ၊ ကောင်းကင်ဘုံမျက််လုံးနှင့် ယက္ခမျိုးနွယ်တို့က အတူတကွ ဘေးသို့ထွက်ရပ်နေကြ၏။

နတ်ဘုရားမျိုးနွယ်က တစ်သီးတစ်ခြား ကွဲထွက်သွားလေသည်။

ထိုအဖွဲ့အစည်းသုံးခုသည် တစ်ဘက်ကိုတစ်ဘက် ချိန်ဆနေကြပြီး မည်သူကမှ စတင်တိုက်ခိုက်မလာကြပေ။

နဂါး ၊ ခွန်နှင့် လူရိုင်းမျိုးနွယ်တို့သည် အတူပူးပေါင်းမည်ဆိုပါက နတ်ဘုရားမျိုးနွယ်ကို ဖျက်ဆီးချေမှုန်းနိုင်ဖို့ တကယ်ပင် အခွင့်များလေသည်။

သို့သော်လည်း ဤတိုက်ပွဲမှာ မျိုးနွယ်စုသုံးစုကလည်း သေချာပေါက် ပျက်စီးထိခိုက်ဆုံးရှုံးရမည်ဖြစ်၏။ ချန်နဂါးဧကရာဇ်၏ ဘဝသက်တမ်းအရ သူသည် ထိုတိုက်ပွဲမှာ သေဆုံးရဖို့ပင် ဖြစ်နိုင်ချေများလေသည်။

ထိုအချိန်ကျလျှင် ဒီဘက်မျိုးဆက်၏ နဂါးဖီးနစ်ကို ဘယ်သူက ကာကွယ်ပေးမှာလဲ...။ စုန်းမျိုးနွယ်နှင့် အခြား ကမ္ဘာဦးမျိုးနွယ်များကတော့ သူတို့သည် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ကို ရှိန်နေကြပြီး သူတို့က အလွယ်တကူတိုက်ခိုက်လာကြလိမ့်မည် မဟုတ်ပေ။

သူတို့သည် နောက်ပိုင်းမှာ အကျိုးအမြတ်ကို ရိတ်သိမ်းနိုင်မည်ဆိုလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

နတ်ဘုရားမျိုးနွယ်ကတော့ ကမ္ဘာဦးမျိုးနွယ် ၈စုကို စတင်စိန်ခေါ်ရလောက်အောင် ရူးမိုက်ကြလိမ့်မည် မဟုတ်ပေ။ အဖွဲ့အစည်းသုံးခုကြားမှာ လျှို့ဝှက်ဆန်းကြယ်သော မျှခြေတစ်ခုက ဖြစ်ပေါ်လာခဲ့၏။

ချန်နဂါးဧကရာဇ်က ညင်သာစွာ ချောင်းဟန့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“ကိစ္စက ဒီလိုဆိုမှတော့... ငါတို့က ဒီမျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ အေးဆေးထိုင်ပြီး စကားပြောကြရအောင်... အခုချိန်မှာ နတ်ဘုရားကုန်းမြေတိုက်က အချိန်မရွေးကျူးကျော်လာနိုင်တယ်.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးအတွက် အကျိုးအရှိဆုံးအ​ခြေအနေကတော့... မျိုးနွယ်စုတစ်သောင်းက အတူယှဥ်တွဲနေထိုင်ပြီး နောက်ထပ် စစ်ပွဲမီးတောက်တွေ ထပ်ပြီးဖြစ်ပွားမလာဖို့ဘဲ”

ကျင့်ကြံသူများသည် မျှော်လင့်ချက်ကို နောက်တစ်ဖန် တွေ့မြင်သွားပြီး စိတ်အားတက်ကြွလာကြ၏။

ကမ္ဘာဦးခေတ်စစ်ပွဲ၏ အမှန်တရားနှင့်ပတ်သက်၍ ဆူဇီမိုထုတ်ဖော်ပြောဆိုခဲ့ခြင်းက ဘယ်လောက်ထိအရာရောက်သွားသလဲ လူတိုင်းက နောက်ဆုံးမှာ နားလည်သဘောပေါက်သွားကြ၏။

နတ်ဘုရားမျိုးနွယ်က တစ်သီးတစ်သန့် ခွဲထုတ်လိုက်ရသည့်အပြင် ကမ္ဘာဦးမျိုးနွယ် ၆စု၏ ပူးပေါင်းမှုကလည်း ပြိုကွဲသွားလေသည်။

ပို၍အရေးကြီးသည်မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ကမ္ဘာဦးမျိုးနွယ်များသည် အန္တရာယ်ကို အာရုံခံမိသွားပြီဖြစ်ပြီး သူတို့က ကြီးမားသော စစ်ပွဲတစ်ခုကို မဆင်မခြင်စတင်လာတော့မည် မဟုတ်ပေ။

“မျိုးနွယ်စုတစ်သောင်းက အတုယှဥ်တွဲနေချင်တယ်ဆိုရင်လည်း ရတယ်လေ”

ငရဲစုန်းဧကရာဇ်က ခဏကြာငြိမ်သက်နေပြီးမှ ဖြည်းဖြည်းချင်းပြောလိုက်၏။

“ကမ္ဘာဦးခေတ်တုန်းကလည်း မျိုးနွယ်စုတစ်သောင်းက အတူယှဥ်တွဲနေခဲ့ကြတာပဲ... ဒါပေမဲ့ အဲ့ဒီထဲမှာ လူသားမျိုးနွယ် မပါခဲ့ဘူး”

ချန်နဂါးဧကရာဇ်နှင့် အခြားသူများက မျက်မှောင်ကြုတ်လိုက်၏။

ဆူဇီမိုက လေးနက်စွာ မေးလိုက်လေသည်။

“ခင်ဗျားက ဘာကိုဆိုလိုချင်တာလဲ”

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ကမ္ဘာဦးမျိုးနွယ်များမှ ဧကရာဇ်များနှင့် အပြန်အလှန်ပြောဆိုရဲသော လူသားမျိုးနွယ်ဘက်ခြမ်းမှ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်လာခဲ့လေသည်။

“ဘာရယ်တော့ မဟုတ်ဘူး”

ငရဲစုန်းဧကရာဇ်က လှောင်ရယ်လိုက်၏။

“အဲ့ဒါတော့ အမှန်ပဲ... ကမ္ဘာဦးခေတ်တုန်းက လူသားမျိုးနွယ်က မျိုးနွယ်စုတစ်သောင်းရဲ့ အောက်ဆုံးမှာရပ်တည်ခဲ့တာပဲ... သူတို့က မျိုးနွယ်စုတိုင်းရဲ့ ကျွန်ပြုခြင်းကို ခံခဲရတယ်... မင်းတို့တွေက ဘာဂုဏ်သိက္ခာ ဘာအဆင့်အတန်းမှ မရှိခဲ့ဘူး... မင်းတို့တွေက မျိုးနွယ်စုပေါင်းစုံရဲ့ နောက်လိုက်အစေခံတွေ ဖြစ်ခဲ့ကြတာပဲ”

“အခုချိန်မှာ လူသားမျိုးနွယ်က မျိုးနွယ်စုတစ်သောင်းနဲ့ အတူယှဥ်တွဲနေထိုင်ချင်တယ်ဆိုရင်... မင်းတို့မှာ ဘာအခွင့်အာဏာရှိလို့လဲ”

ငရဲစုန်းဧကရာဇ် ထုတ်ဖော်ပြောဆိုလိုက်သော ထို သွေးသံရဲရဲ သမိုင်းကြောင်းသည် အလွန်တရာ နားထောင်ရဆိုးသည်ဟု ထင်ရလေသည်။

ကျင့်ကြံသူများစွာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူတို့က လွန်မင်းစွာ အရှက်ခွဲခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။

“အဲ့ဒါက အရမ်းကိုကြာခဲ့ပြီပဲ”

ဆူဇီမိုက အော်ပြောလိုက်၏။

“ရှေးဟောင်းခေတ်စစ်ပွဲပြီးတဲ့နောက်... ကမ္ဘာဦးမျိုးနွယ်တွေက ငါတို့လူသားဘိုးဘေး ထာဝရလူသားဧကရာဇ်ရဲ့ ရက်ရက်စက်စက် ဖိနှိမ်ခြင်းကို ခံခဲ့ရတာပဲမလား... မင်းတို့တွေက အဲ့ဒီအချိန်ကစပြီး အပယ်ခံဘဝနဲ့ နေခဲ့ရတာပဲ”

“ဒီနှစ်တွေထဲမှာ မင်းတို့တွေမှာရော ဘာဂုဏ်သိက္ခာ ဘာအဆင့်အတန်းရှိခဲ့လို့လဲ”

ဆူဇီမိုသည် မဟာယာနအဆင့်သို့ ဝင်ရောက်ခါစဖြစ်သော်လည်း သူသည် ငရဲစုန်းဧကရာဇ်ကဲ့သို့ ထိပ်သီးဧကရာဇ်တစ်ပါးနှင့် ယှဥ်ရာမှာ သူ၏ အော်ရာက နိမ့်ကျခြင်းမရှိပေ။

အဲ့ဒါသည် သူပြောနေသည်က အမှန်တရားဖြစ်သောကြောင့်ပင်။

အဲ့ဒါက ဆူဇီမိုတစ်ယောက်တည်း မဟုတ်ပေ။

သူ၏ နောက်ဘက်မှာ စည်ပင်ထွန်းကားသော ကျင့်ကြံရေးယဥ်ကျေးမှု၊ သမိုင်းထဲမှာ သူတို့၏ အမည်များကို ချန်ထားရစ်ခဲ့သော ရှေးဟောင်းဧကရာဇ်များနှင့် လူသားမျိုးနွယ်၏ ဂုဏ်ကျက်သရေထွန်းတောက်သော ခေတ်ကာလတစ်ခုရှိလေသည်။

အဲ့ဒါက သူ၏ ယုံကြည်မှု ဖြစ်လေသည်။

သူတို့သည် ထိုစကားကို ကြားသောအခါ ကျင့်ကြံသူများစွာ၏ သွေးများက ဆူပွက်လာသည်ဟု ထင်ရ၏။

လူသားများသည် ဝမ်းနည်းချောက်ချားစရာကောင်းသော အမှောင်ခေတ်တစ်ခေတ်ကို အမှန်တကယ်ပင် တွေ့ကြုံခံစားခဲ့ရ၏။ သို့သော်လည်း သူတို့သည် သူတို့၏ မယိမ်းမယိုင်သော စိတ်ဝိညာဥ်များနှင့်အတူ ရက်စက်ကြမ်းတမ်းသော ကမ္ဘာဦးခေတ်မှာ ရှင်သန်နိုင်ခဲ့လေသည်။

သူတို့သည် မြင့်မားတိုးတက်လာခဲ့ပြီး ထျန်ဟွန်ကုန်းမြေတိုက်ကြီးကို အုပ်စိုးကာ ဂုဏ်ကျက်သရေ ထွန်းတောက်သော လူမှုအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့၏။

“လူသားမျိုးနွယ်က အတိတ်ကာလတုန်းက အားနည်းခဲ့ပေမဲ့ ငါတို့က ကမ္ဘာဦးမျိုးနွယ်တွေတောင် မလုပ်နိုင်ခဲ့တဲ့... အထွတ်အထိပ်ကာလတစ်ခုကို ရောက်ရှိနိုင်ခဲ့တယ်”

ဆူဇီမို၏ အသံက ပြောနေရင်းနှင့် ပြတ်သားလာခဲ့၏။

“အရင်တုန်းက ထာဝရလူသားဧကရာဇ်ပေါ်ထွက်လာပြီး ဧကရာဇ်တွေအားလုံးကို ဖိနှိမ်ခဲ့တယ်... အဲ့ဒီအချိန်တုန်းက မင်းတို့ ကမ္ဘာဦးမျိုးနွယ်တွေထဲ ဘယ်သူကများ သူ့ရှေ့မှာ မရိုမသေ ထွက်ရပ်ရဲခဲ့လို့လဲ”

ထာဝရလူသားဧကရာဇ်အကြောင်းပြောဆိုချိန်တွင် များစွာသော ကျင့်ကြံသူများက စိတ်လှုပ်ရှားစွာဖြင့် သူတို့၏ လက်သီးများကို ဆုပ်ထားကြ၏။

စောစောက သူတို့ခံစားခဲ့ရသည့် အရှက်ခွဲခံရမှုသည် လုံးဝပယ်ရှင်းသွားသည်ဟု ခံစားရလေသည်။

အဲဒါက နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီဖြစ်လျှင်တောင် လူသားဧကရာဇ်၏ ပုံရိပ်ယောင်ပေါ်ထွက်လာမှုက ကမ္ဘာဦးမျိုးနွယ်များကို ကောင်းကောင်းခြိမ်းခြော​က်နိုင်ခဲ့၏။ သူတို့သည် အတိတ်ကာလတုန်းက လူသားဧကရာဇ်ကို ဘယ်လောက်တောင် ကြောက်ရွံ့ခဲ့ရသလဲ သိသာလေသည်။

All Chapters