ဗုဒ္ဓနှင့် နတ်ဆိုးသဘာဝရှိသူ
Vol. 110 Ch. 1640
ဆူဇီမိုသည် ထိုစကားကိုကြားသောအခါ ရင်တစ်ချက်ထိတ်သွား၏။
ချန်နဂါးဧကရာဇ် ရည်ညွှန်းပြောဆိုနေသည့် လွန်ခဲ့သည့်နှစ်တစ်သောင်းကသူကို သူသိလေသည်။
သူသည် ထိုပုဂ္ဂိုလ်မသေသေးဘူးဆိုတာကိုပါ သိလေသည်။
တစ်စုံတစ်ယောက်သည် လွန်ခဲ့သည့်နှစ်လေးသောင်းက လူသားဧကရာဇ်နန်းတော်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်ဆိုလျှင် အဲ့ဒါက ကိုယ်တော်တာမင်းသာလျှင် ဖြစ်ရပေမည်။
ထိုသို့ဆိုလျှင် စောစောက ကမ္ဘာဦးမျိုးနွယ်များကို တုန်လှုပ်စေခဲ့သော လူသားဧကရာဇ် ပုံရိပ်ယောင်ကို ကိုယ်တော်တာမင်း ပြုလုပ်ခဲ့ခြင်းဖြစ်ရပေမည်။
ထိုသို့အတွေးဖြင့် ဆူဇီမိုက ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရ၏။
ကိုယ်တော်တာမင်းသည် ထိုမျိုးဆက်မှာ တကယ့်ကိုကြောက်စရာအကောင်းဆုံး ပြန်ဝင်စားမွန်းစတား တစ်ယောက် ဖြစ်ခဲ့လေသည်။
သူက လူသားဧကရာဇ်နန်းတော်ထဲသို့ ဝင်ရောက်နိုင်ခဲ့သည့်အချက်ကို အသာထား... သူသည် နန်းတော်အစောင့်အရှောက်၏ အသိအမှတ်ပြုမှုကိုပင် ရရှိခဲ့လေသည်။
နန်းတော်အစောင့်အရှောက်သည် သူ့ကို လူသားဧကရာဇ်နန်းတော်၏ အရိုက်အရာဆက်ခံသူဖြစ်လာပြီး လူသားမျိုးနွယ်ကို ဆက်လက်ကာကွယ်စောင့်ရှောက်ပေးစေချင်ခဲ့၏။
ကံဆိုးစွာနှင့်ပင် သေလောက်အောင်ကြောက်စရာကောင်းသော တိုက်ဆိုင်မှုကြောင့် ကိုယ်တော်တာမင်းနှင့် တာအိုအရှင်သွေးမိစ္ဆာသည် သူတို့၏ တိုက်ပွဲအပြီး၌ ပျောက်ကွယ်သွားခဲ့၏။
ဒီဘက်မျိုးဆက်မှသာလျှင် ကိုယ်တော်တာမင်းက ပြန်လည်ပေါ်ထွက်လာခြင်းဖြစ်၏။
သို့သော်လည်း ကိုယ်တော်တာမင်း၏ ဤတစ်ခေါက်ပေါ်ထွက်လာမှုသည် သူက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲဆိုတာကို ပြသပေးနေ၏။
အဲ့ဒါသည် တိုက်ခိုက်ရည်ခွန်အားမှာသာမဟုတ်ဘဲ သူ၏ ဉာဏ်ပညာနှင့် အကွက်ချကြံစည်မှုတို့ကပါ ချို့ယွင်းချက်ကင်းမဲ့လေသည်။
သူသည် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်း ၊ ကောင်းကင်နှင့်မြေကြီး တောင်ကြားနှင့် ကြယ်ခြောက်စင်းတောင်ပေါ်ရှိ တိုက်ပွဲများ၏ နောက်ကွယ်မှာ ကြိုးကိုင်ခြယ်လှယ်သူဖြစ်ပြီး အမြဲတမ်း အကျိုးအမြတ်ရရှိသူ ဖြစ်ခဲ့လေသည်။
ဆူဇီမိုသည် သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စားမွန်းစတားဟု ကျော်ကြားလေသည်။ သို့သော်လည်း ဒီဘက်မျိုးဆက်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကိုယ်တော်တာမင်းနှင့် ရင်ဆိုင်ရာမှာ အသာစီးမရရှိခဲ့ပေ။
အတိအကျဆိုရလျှင် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကိုယ်တော်တာမင်း၏ ထိန်းချုပ်ခံရလုနီးပါးဖြစ်ခဲ့လေသည်။
သူတို့နှစ်ယောက်သည် တစ်ကြိမ်တိုက်ခိုက်ခဲ့ကြဖူးပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အပြတ်အသတ်ရှုံးနိမ့်ထား၏။
ကျင့်ကြံမှုအဆင့်တူခြင်းမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ရင်ဆိုင်ဖို့ ယုံကြည်မှုမရှိသည့်သူက ကိုယ်တော်တာမင်းသာလျှင် ဖြစ်ရပေမည်။
ကိုယ်တော်တာမင်းသာသည် နှစ်လေးသောင်းကြာ အကျဥ်းချခံရပြီးနောက် များစွာပြောင်းလဲသွားခဲ့၏။
သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားခဲ့လေသည်။
ဤမိစ္ဆာနည်းစနစ်ကို ကျင့်ကြံဖို့အတွက် သူသည် လောဘရမ္မက်တက်သည့် ကျင့်ကြံသူများစွာကို မျှားခေါ်ထုတ်ရန် မဟာကမ္ဘာဦးရှေးဟောင်းဘုရားကျောင်းမှာ ထောင်ချောက်တစ်ခုကိုပင် ခင်းကျင်းခဲ့လေသည်။
ကောင်းကင်နှင့်မြေကြီး တောင်ကြားတိုက်ပွဲမှာ သူသည် လူမြင်ကွင်းနောက်ကွယ်မှာ ပုန်းကွယ်ပြီး ကမ္ဘာဦးမျိုးနွယ်များနှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်အပါအဝင် လောကရှိ ပညာရှင်များအားလုံးကို အကွက်ချကြံစည်ခဲ့လေသည်။
သူသည် ဆူဇီမိုနှင့် ပဟေဠိနန်းတော်ကြား တိုက်ပွဲကို အသုံးချကာ ပဟေဠိနန်းတော်ထဲသို့ စိမ့်ဝင်ထိုးဖောက်ပြီး ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းကို ခိုးယူသွားခဲ့လေသည်။
မည်သူကမှ သူ၏ ထောင်ချောက်ကနေ မလွတ်မြောက်နိုင်သည့်အလားပင်။ လူတိုင်းသည် သူ၏ စစ်တုရင်အရုပ်များ ဖြစ်နေသည့်အလားပင်။ သို့သော်လည်း ကိုယ်တော်တာမင်းသည် ဆုတောင်းပုတီးတစ်ကုံးကို တွေ့မြင်ရုံဖြင့် ဆူဇီမို၏ အသက်ကို ချမ်းသာပေးခဲ့၏။
သူသည် ပြီးပြည့်စုံသော တာမင်းဆုတောင်းပုတီးကိုပင် ဆူဇီမိုကို လက်လွှဲပေးခဲ့လေသည်။
သူ၏ လက်များက အဆုံးမဲ့သော သွေးများဖြင့် စွန်းထင်းနေ၏။
သို့သော်လည်း သူသည် ကြယ်ခြောက်စင်းတောင်အပြင်ဘက်မှာ အာကာသချိပ်စည်းတစ်ခုကို ခင်းကျင်းပြီး သွေးနွယ်ပင်များအားလုံးကို သတ်ဖြတ်ခဲ့လေသည်။
သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားပြီး သွေးဆာရက်စက်လေသည်။
ဆူဇီမို၏ မျိုးဆက်သွေးသည် သူ့အတွက် ပကတိမဟာအားဆေးတစ်ခုဖြစ်လေသည်။
သို့သော်လည်း သူက ဆူဇီမိုကို ကြိမ်ဖန်များစွာ ကယ်တင်ခဲ့၏။
ယနေ့... မျိုးနွယ်စုတစ်သောင်းစုဝေးပွဲ၌ ကမ္ဘာဦးမျိုးနွယ်များသည် ထင်တိုင်းကြဲသတ်ဖြတ်ပြီး မောက်မာရိုင်းစိုင်းနေခဲ့ကြ၏။ ကျင့်ကြံရေးလောကရှိ မည်သူကမှ ရှေ့သို့ထွက်မလာရဲခဲ့ပေ။
သို့သော်လည်း သူသည် လူသားဧကရာဇ်၏ ကြေးမုံကို အသုံးချပြီး လူသားဧကရာဇ်၏ ပုံရိပ်ယောင်ကို ဖန်တီးကာ ကမ္ဘာဦးမျိုးနွယ်များကို ဖိနှိမ်ရန် လူသားမျိုးနွယ်၏ ဧကရာဇ်များကို ကူညီပေးခဲ့၏။
ကိုယ်တော်တာမင်းက ဆန့်ကျင်ကွဲလွဲသော လူတစ်ယောက်ဖြစ်လေသည်။
ဆူဇီမိုသည် ကိုယ်တော်တာမင်းကို တွေ့မြင်သည့်ခဏမှာပင် ထိုခံစားချက်ကို ရရှိလေသည်။
ဤမျှအထိသန်မာသော နတ်ဆိုးသဘာဝနှင့် ဗုဒ္ဓသဘာဝရှိသည့်သူကို သူတစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။
ကိုယ်တော်တာမင်းသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားပြီး သွေးဆာရက်စက်လေသည်။
သို့သော်လည်း သူသည် ဗုဒ္ဓကျောင်းတော်များမှာ ကျင့်ကြံခဲ့ပြီး သတ္တဝါများအပေါ် စာနာသနားစိတ်ရှိလေသည်။
လူတစ်ယောက်၏ နတ်ဆိုးသဘာဝနှင့် ဗုဒ္ဓသဘာဝကအရမ်းကို သန်မာအားကောင်းလာသည့်အခါ ထိုသူသည် အဆုံးမဲ့သော ဖိစီးနှိပ်စက်မှုနှင့် ဆင်းရဲဒုက္ခတို့ကို တွေ့ကြုံရမည်ဟု ဆိုလိုလေသည်။
ကိုယ်တော်တာမင်းသည် ရွေးချယ်မှုတစ်ခုကို ပြုလုပ်နိုင်လေသည်။
သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားပြီဖြစ်ပြီး သူ့ကိုယ်သူ လွတ်မြောက်စေဖို့အတွက် သူ၏ ဗုဒ္ဓသဘာဝကို လုံးလုံးလျားလျား စွန့်ပယ်နိုင်လေသည်။
သို့သော်လည်း သူက ထိုသို့မလုပ်ပေ။
တကယ်ဆို ကိုယ်တော်တာမင်းသည် စစ်မှန်သော လူသားတစ်ယောက်ပင် မဟုတ်ပေ။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ မျိုးဆက်သွေးတစ်ဝက်က သူ၏ ကိုယ်ထဲမှာ စီးဆင်းနေ၏။
ထိုကဲ့သို့သော အဆင့်အတန်းနှင့် တစ်စုံတစ်ယောက်သည် လူသားဧကရာဇ်နန်းတော်၏ အမွေအနှစ်ကို မရရှိသင့်ပေ။
လွန်ခဲ့သည့်နှစ်လေးသောင်းက နန်းတော်အစောင့်အရှောက်သည် ဤဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့စဥ်က သူသည် အတန်ကြာသည့်အထိ တွေဝေတုံ့ဆိုင်းနေပြီး သိပ်သည်းပြင်းထန်သော ဖိအားတစ်ခု ရှိနေခဲ့ပေလိမ့်မည်။ သို့သော် ယနေ့ ဆူဇီမိုသည် နန်းတော်အစောင့်အရှောက်ကို ပြောချင်လေသည်။
ထိုအချိန်တုန်းက သူ၏ ရွေးချယ်မှုက မမှားယွင်းခဲ့ပေ။
ကိုယ်တော်တာမင်းသည် မိစ္ဆာနည်းစနစ်များကို ကျင့်ကြံထားလျှင်တောင် သူသည် မိစ္ဆာတစ်ကောင်အဖြစ် လုံးလုံးလျားလျား မပြောင်းလဲသွားခဲ့ပေ။ ထိုအစား... သူသည် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ သူ၏ ရပ်တည်ချက်ကို ပြသခဲ့၏။
“နန်းတော်အစောင့်အရှောက်... ထွက်လာခဲ့တော့”
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က လှောင်ရယ်၍ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဘာမှ အဆန်းတကြယ်လုပ်နေစရာ မလိုဘူး... မင်းက အိုနေပြီ မင်းရွေးချယ်ထားတဲ့ အရိုက်အရာဆက်ခံသူကလည်း လွန်ခဲ့တဲ့ နှစ်လေးသောင်းတုန်းက သေဆုံးသွားပြီ”
လူသားဧကရာဇ်နန်းတော်၏ တံခါးက ကြွတက်လာပြီး လူတစ်ယောက်က လျှောက်လှမ်းထွက်လာ၏။ လေထဲမှာ မတ်တတ်ရပ်ရင်း ထိုသူသည် လူသားဧကရာဇ်နန်းတော်ထဲမှာ ဆူဇီမိုအရင်က တွေ့မြင်ခဲ့ဖူးသည့် လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုဖြစ်လေသည်။
နန်းတော်အစောင့်အရှောက်သည် သူ၏ လက်ချောင်းကို ညင်သာစွာ တောက်ထုတ်ပြီး ပုံပြောအဖိုးအို၏ ညိုးခြောက်လုနီးပါး အမြုတေစိတ်ဝိညာဥ်ထဲသို့ ကျောက်စိမ်းရောင်အလင်းတစ်ခုကို ဝင်ရောက်သွားစေ၏။
အလွန်တရာ စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုက လေဟာနယ်ထဲမှာ ဖြန့်ကြက်လာခဲ့၏။
ကျောက်စိမ်းအလင်းရောင်ထဲရှိ အသက်ဓာတ်အားက အလွန်တရာကြောက်စရာကောင်းလေသည်။
ချန်နဂါးဧကရာဇ်က ပြောလိုက်၏။
“ထာဝရအသက်ဓာတ်... အဲ့ဒီနတ်ဘုရားစွမ်းအားနဲ့ဆို ပုံပြောအဖိုးအိုက လောလောဆယ် မသေနိုင်တော့ဘူး”
ထင်မှတ်ထားသည့်အတိုင်းပင်...
ကျောက်စိမ်းအလင်းရောင်၏ အားဖြည့်မှုအောက်တွင် ပုံပြောအဖိုးအို၏ အမြုတေစိတ်ဝိညာဥ်က ၎င်း၏ အသက်ဓာတ်နှင့် အသိစိတ်ကို ပြန်လည်ရရှိလာ၏။
သူသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး မလှမ်းမကမ်းတွင်ရှိသော သူ၏ သွေးကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ကို တစ်ခဏချင်း ပြန်လည်တည်ဆောက်လိုက်၏။
တကယ်တော့... သူ၏ အော်ရာက အလွန်တရာအားနည်းသွားဆဲ ဖြစ်၏။
ထာဝရအသက်ဓာတ်သည် သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားကို ပိုင်ဆိုင်ထားသော်လည်း ၎င်းသည် လူတစ်ယောက်၏ ဘဝသက်တမ်းကို မဖြည့်တင်းပေးနိုင်ပေ။
ပုံပြောအဖိုးအိုကတော့ သူ၏ ဘဝသက်တမ်းသည် ကုန်ခန်းလုနီးပါး ဖြစ်နေခဲ့လေပြီ။
နန်းတော်အစောင့်အရှောက်က မျက်မှောင်ကြုတ်လိုက်၏။
“မင်းက... ဒီလိုအချိန်မှာ ပေါ်ထွက်လာသေးတာပဲ”
ငရဲစုန်းဧကရာဇ်က ညင်သာစွာ ပြောလိုက်၏။
“ဒါပေမဲ့... လူသားမျိုးနွယ်ရဲ့ ကံကြမ္မာအခွင့်အလမ်းက ဒီဘက်မျိုးဆက်မှာ ကုန်ခန်းနေပြီ... မင်းက သူတို့ကို ကယ်တင်ပေးနိုင်မှာ မဟုတ်တော့ဘူး”
နန်းတော်အစောင့်အရှောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အားလုံးပဲ... ငါတို့လူသားမျိုးနွယ်က ငါတို့ရဲ့ ပိုင်နက်နယ်မြေတွေကို စွန့်လွှတ်နိုင်တယ်... ဒါပေမဲ့ ဖန်းလိုင်ကျွန်းတစ်ခုတည်းကတော့ လူသားမျိုးနွယ်တစ်ခုလုံးကို ဝင်ဆံ့နိုင်မှာ မဟုတ်ဘူး”
“ငါတို့လူသားမျိုးနွယ်က ဘယ်လောက်ပဲ အားနည်းလာ အားနည်းလာ... ငါတို့က မျိုးနွယ်စုတစ်သောင်းရဲ့ အနိုင်ကျင့်တာကို ခံရမဲ့အဆင့်ထိ မရောက်သေးဘူး “
“မြောက်ပိုင်း... တောင်ပိုင်း... အရှေ့ပိုင်းနဲ့ အနောင်ပိုင်းဒေသတွေထဲက နယ်မြေဒေသတစ်ခုကို လူသားမျိုးနွယ်က ယူမယ်”
ရွှေကျီးကန်းမီးဧကရာဇ် ဟားတိုက်ရယ်မောလိုက်၏။
“နန်းတော်အစောင့်အရှောက်... မင်းက အခုထိအခြေအနေကို သဘောမပေါက်သေးဘူးနဲ့တူတယ်... ဒီနေ့ မင်းကလည်း ထွက်မသွားနိုင်စေရဘူး”
“နန်းတော်အစောင့်အရှောက်... မင်းက အန္တိမနတ်ဘုရားစွမ်းအား ၅ခုကိုပဲ နားလည်ဆင်ခြင်ထားတာ... နောက်ပြီး မင်းက အသက်ကြီးနေပြီ ငါတောင်မှမင်းကို ဖိနှိမ်နိုင်တယ်”
ဆိုးယုတ်လေယက္ခဧကရာဇ်က လှောင်ရယ်လိုက်၏။
“ညီကိုဆိုးယုတ်လေ... ခင်ဗျားတိုက်ခိုက်စရာ မလိုဘူး... ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ အကြည့်က အေးစက်လာပြီး သူက ခက်ထန်စွာပြောလိုက်၏။
“အားလုံးရဲ့ကိုယ်စား ကျုပ်သူ့ကို သတ်ပေးမယ်”
သူသည် သူ၏ သွေးချီကို လှည့်ပတ်ပြီး သူ၏ လက်ထဲမှာ ရွှေရောင်လှံတစ်လက်ပေါ်ထွက်လာ၏။
သူက ကောင်းကင်ထက်သို့ ခြေတစ်လှမ်းယူပြီး နန်းတော်အစောင့်အရှောက်၏ ရှေ့သို့ ချက်ချင်းရောက်ရှိသွားလေသည်။
“သတ်”
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က သူ၏ လှံကို မြှောက်ပြီး ပစ်ထုတ်လိုက်၏။
အဲ့ဒီမှာ မလိုအပ်ဘဲ ရှုပ်ထွေးသည့် မည်သည့်လှုပ်ရှားကွက်မှ မပါရှိပေ။
အဲ့ဒါက တိုက်ရိုက်ဆန်၍ ရိုးရှင်းသောလှံတစ်လက်ဖြစ်ပြီး ကျိန်းစပ်နေသော အရောင်အဝါတစ်ခုနှင့်အတူ ချက်ချင်းပင် ရောက်ရှိလာလေသည်။
ရုတ်တရက် နန်းတော်အစောင့်အရှောက်က သူ၏ ခါးကိုမတ်ပြီး သူ၏ အကြည့်က နက်ရှိုင်းလာခဲ့၏။ သူ၏ လက်ထဲမှာ တစ်ပေသာသာလောက်သာရှိသည့် လှံတိုတစ်လက်ပေါ်ထွက်လာ၏။ အတိအကျဆိုရလျှင် အဲ့ဒါက စုတ်တံတစ်ခုဖြစ်လေသည်။ ၎င်းသည် ကျောက်စိမ်းကဲ့သို့ စိမ်းစိုကြည်လင်နေလေသည်။ စုတ်တံ၏ ထိပ်ဖျားက အမျိုးအမည်မသိရသော ငွေရောင်ချည်မျှင်တစ်ခုနှင့်အတူ အလွန်တရာထက်ရှနေ၏။
ရွှစ်...
နန်းတော်အစောင့်အရှောက်သည် သူ့လက်ထဲရှိ ကျောက်စိမ်းစုတ်တံကို ဝေ့ယမ်းပြီး ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ် လှံကို လှမ်းတောက်လိုက်လေသည်။
ဘုန်း...
အားနည်းသည်ဟုထင်ရသော ကျောက်စိမ်းစုတ်တံသည် ထက်ရှသောလှံသွားနှင့် ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သောမြည်သံကို ထွက်ပေါ်လာစေ၏။ အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ပေါက်ကွဲထွက်သွားပြီး ကြီးမားသော အလင်းရောင်စက်ဝန်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
“အဲ့ဒါက လူသားဧကရာဇ်ရဲ့ စုတ်တံပဲ”
ချန်နဂါးဧကရာဇ်က သူ၏ မျက်လုံးကို မှေးကျဥ်းပြီး တီးတိုးရေရွတ်လိုက်၏။