← Chapters

နတ်ဘုရားစွမ်းအား တိုက်ပွဲ

Vol. 110 Ch. 1641

နတ်ဘုရားစွမ်းအား တိုက်ပွဲ

Vol. 110 Ch. 1641

လူသားဧကရာဇ်၏ စုတ်တံသည် အတိတ်ကာလတုန်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို လူသားဧကရာဇ် အုပ်စိုးနိုင်ခဲ့သော အန္တိမဓမ္မရတနာတစ်ခုဖြစ်လေသည်။

ရှေးဟောင်းခေတ်စစ်ပွဲမှာ ကမ္ဘာဦးမျိုးနွယ်မှ မရေမတွက်နိုင်သော ပညာရှင်များသည် လူသားဧကရာဇ်၏ စုတ်တံအောက်မှာသေဆုံးခဲ့ရ၏။

စုတ်ချက်တစ်ချက်သည် ဧကရာဇ်တစ်ပါး၏ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်လေသည်။

စုတ်ချက်တစ်ချက်သည် နတ်ဘုရားလက်နက်များကို ဖျက်ဆီးပစ်နိုင်လေသည်။

ရှေးဟောင်းခေတ်မှာတုန်းက လူသားဧကရာဇ်သည် ဓမ္မရတနာသုံးခုကို ကိုင်ဆွဲခဲ့ပြီး လောကတစ်ဝန်း ပြိုင်ဘက်ကင်းခဲ့လေသည်။

အသန်မာဆုံး သတ်ဖြတ်ခြင်းလက်နက် လူသားဧကရာဇ်၏ စုတ်တံ ၊ အသန်မာဆုံး ခုခံခြင်းပစ္စည်း လူသားဧကရာဇ်၏ ကြေးမုံနှင့် စွမ်းပကားအကြီးမားဆုံးခွန်အားကို ပိုင်ဆိုင်ထားသည့် လူသားဧကရာဇ်၏ ချိပ်စည်း... ထိုလက်နက်များသည် ဓမ္မရတနာသုံးခုဖြစ်လေသည်။

ယခုအချိန်မှာ လူသားဧကရာဇ်၏ ကြေးမုံနှင့် လူသားဧကရာဇ်၏ စုတ်တံက ပေါ်ထွက်လာခဲ့လေပြီ။

လူသားဧကရာဇ်၏ ကြေးမုံက ကိုယ်တော်တာမင်း၏ လက်ထဲမှာဖြစ်၏။

လူသားဧကရာဇ်၏ စုတ်တံကတော့ ၎င်းသည်နန်းတော်အစောင့်အရှောက်၏ လက်ထဲမှာဖြစ်၏။

လူသားဧကရာဇ်၏ ကျောက်စိမ်းရောင်စုတ်တံ ပေါ်ထွက်လာသည့်ခဏမှာပင် ကမ္ဘာဦးမျိုးနွယ်များ၏ ပညာရှင်များ၏ သူငယ်အိမ်များက စိုးရိမ်ပူပန်သော အမူအရာများနှင့်အတူ တင်းကျပ်သွားကြ၏။

“သတ်...”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က အကြောက်အလင်းကင်းမဲ့စွာဖြင့် အော်ဟစ်လိုက်၏။

သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေးက တလိပ်လိပ်တက်လာပြီး ဧရာမကောင်းကင်ဘုံနတ်ဘုရား၏ ပုံရိပ်ယောင်က ဆင်းသက်လာ၏။

သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပေါင်းများစွာတိုးလာပြီး သူက နန်းတော်အစောင့်အရှောက် ရှိရာသို့ ပြေးဝင်သွားလေသည်။

နန်းတော်အစောင့်အရှောက်ကလည်း မန္တန်တစ်ခုကို ရွတ်ဆိုပြီး လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်၏။ သူ၏ အော်ရာက အဆက်မပြတ်မြင့်တက်လာပြီး သူ၏ သွေးချီက တလိပ်လိပ် ထိုးတက်လာ၏။

သူသည် လူသားဧကရာဇ်၏ စုတ်တံကို သူ၏ လက်ထဲမှာ ဝေ့ယမ်းပြီး ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်နှင့် ထပ်တလဲလဲ ထိတွေ့ရိုက်ခတ်လိုက်၏။ လေဟာနယ်က တုန်ခါသွားပြီး ဧရာမအက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။

တိုက်ပွဲမြေပြင်က ပြိုကျသွားခဲ့ပြီဖြစ်ပြီး ထိုအထဲသို့ အမှတ်တမဲ့ ဆွဲယူသွင်းခြင်းခံရပါက သာမန်ဧကရာဇ်များပင်လျှင် သေဆုံးရပေလိမ့်မည်။

အဲ့ဒါသည် ထိပ်သီးဧကရာဇ်များကြား တိုက်ပွဲတစ်ပွဲဖြစ်၏။

မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် အဝေးသို့ ထွက်ခွာသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။ ချန်နဂါးဧကရာဇ်ရှိနေသည့်အတွက် ဆူဇီမိုသည် ထိုတိုက်ပွဲကို အနီးကပ် ကြည့်ရှုနိုင်လေသည်။

ဤတိုက်ပွဲသည် ဆူဇီမို၏ အစစ်အမှန်ခန္ဓာ နှစ်ခု နားလည်ဆင်ခြင်ဖို့အတွက် ရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ်ဖြစ်လေသည်။

ယခုအချိန်မှာ နှစ်ဘက်စလုံးသည် သူတို့၏ ခွန်အားကုန်ကို ထုတ်ဖော်အသုံးမပြုရသေးသည်မှာ သိသာကြလေသည်။ သူတို့သည် သူတို့၏ သွေးချီနှင့် အနီးကပ်တိုက်ခိုက်ရည်မှာ ယှဥ်ပြိုင်နေခြင်းသာဖြစ်လေသည်။

သူတို့သည် သူတို့၏ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်သည်နှင့် အဲ့ဒါက ပို၍ပင် ကြောက်စရာကောင်းလာပေလိမ့်မည်။

ဆူဇီမိုက တိုးတိတ်စွာ မေးလိုက်၏။

“ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က အန္တိမနတ်ဘုရားစွမ်းအား လေးခုကို နားလည်ဆင်ခြင်ထားတာပဲ... ပုံမှန်အခြေအနေအောက်မှာဆိုရင် သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက အန္တိမနတ်ဘုရားစွမ်းအား ခြောက်ခုကို နားလည်ဆင်ခြင်ထားတဲ့... လူသားမျိုးနွယ်က ဧကရာဇ်တစ်ယောက်နဲ့ တူညီလိမ့်မယ်”

“နန်းတော်အစောင့်အရှောက်က အန္တိမနတ်ဘုရားစွမ်းအား ငါးခုကိုပဲ နားလည်ဆင်ခြင်ထားတာပဲ... သူက ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်နဲ့ အရေးနိမ့်တာမရှိဘဲ ယှဥ်နိုင်တာလဲ”

“အဲ့ဒါက... လူသားဧကရာဇ်ရဲ့နန်းတော်ကြောင့်ပဲ”

ချန်နဂါးဧကရာဇ်က ရှင်းပြလိုက်၏။

“လူသားဧကရာဇ်ရဲ့နန်းတော်ကို လူသားဧကရာဇ်က အထက်ဘုံကို မတက်လှမ်းခင် ဖန်တီးခဲ့တာပဲ... အဲ့ဒီလက်နက်မှာ အန္တိမစွမ်းအားနဲ့ စွမ်းပကားတွေပါဝင်နေတယ်”

“နန်းတော်အစောင့်အရှောက်က လူသားဧကရာဇ်နန်းတော်ကနေ တစ်ချိန်လုံး ထွက်ခွာမလာခဲ့ဘူး... တကယ်ဆို သူက လူသားဧကရာဇ်နန်းတော်ရဲ့ အင်အားကို အသုံးချပြီး ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်နဲ့ ဆန့်ကျင်တိုက်ခိုက်နေတာပဲ”

“သံမဏိမြင်းတပ်”

ထိုစဥ်မှာပင် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် စိတ်မရှည်နိုင်ဖြစ်လာခဲ့၏။

သူ၏ လှံကိုဝေ့ယမ်းပြီး သူက နန်းတော်အစောင့်အရှောက်ရှိရာဘက်သို့ စေညွှန်လိုက်၏။

ဘုန်း... ဘုန်း.... ဘုန်း...

ရှေးကျသော မြင်းတပ်တစ်တပ်သည် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။ စစ်သည်တော်များက လှံများကို ကိုင်ဆွဲထားပြီး တိုက်ပွဲဝင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြ၏။ သူတို့စီးနင်းလာသော မြင်းများသည်ပင် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး နက်မှောင်နေသော အလင်းရောင်ဖြင့် တောက်ပနေသည့် သူတို့၏ မျက်လုံးတစ်စုံကိုသာ ထုတ်ဖော်ထားကြ၏။

မြင်းတပ်၏ လှံတံများသည် ရွှေရောင်အလင်းဖြင့် တောက်ပနေပြီး မြင်းခွာသံများက ချောက်ချားစရာကောင်းနေလေသည်။

မြင်းတပ်သည် ရှေ့သို့ပြေးဝင်လာပြီး မိုးကောင်းကင်ကိုနင်းချေကာ ကောင်းကင်ထက်တွင် နက်ရှိုင်းသော အက်ကွဲကြောင်းများကို ပေါ်ထွက်လာစေ၏။

မြေပြင်က တသိမ့်သိမ့်လှုပ်ခါလာခဲ့၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် တုန်လှုပ်သွားကြလေသည်။

ထိုအင်အားက အရမ်းကို ကြောက်စရာကောင်းလွန်းလေသည်။

မြင်းတပ်ရှေ့သို့ ပြေးဝင်လာသောအခါ သူတို့သည် ပဟေဠိနန်းတော်တစ်ခုလုံးကို အပိုင်းပိုင်းခြေမွှပြီး အပျက်အစီးပုံအဖြစ် ပြောင်းလဲပစ်နိုင်လေသည်။

အန္တိမနတ်ဘုရားစွမ်းအားတစ်ခု...။

အန္တိမနတ်ဘုရားစွမ်းအားများသာလျှင် ဤကဲ့သို့ တုန်လှုပ်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

နန်း​တော်အစောင့်အရှောက်က သုန်မှုန်နေသောအမူအရာတစ်ခုရှိလာပြီး သူက လူသားဧကရာဇ်၏ စုတ်တံကို ဝေ့ယမ်းကာ သူ၏ ရှေ့တွင် စာလုံးများကို အလျင်အမြန်ရေးထိုးလိုက်၏။

“ကမ္ဘာမြေအကျဥ်းထောင်ပန်းချီကား”

ဘုန်း... ဘုန်း...

လူသားဧကရာဇ်၏ စုတ်တံထံမှ အစိမ်းရောင်နတ်ဘုရားအလင်းတန်းများ ပစ်လွင့်ထွက်ပေါ်လာပြီး လေဟာနယ်ထဲသို့ ဝင်ရောက်သွား၏။

ကျင့်ကြံသူများစွာ၏ ရှေ့မှောက်မှာ မြင်းတပ်၏ ခြေရင်းရှိ မြေပြင်က ရုတ်တရက်အက်ကွဲသွားပြီး ကျောက်ခဲများက အဘက်ဘက်သို့ လွင့်စင်ထွက်ကာ ဧရာမကောင်းကင်ထောက်တိုင် ကျောက်တိုင်များကို ဖြစ်ပေါ်စေပြီး ကြီးမားသည့် အကျဥ်းထောင်တစ်ခုကို ဖန်တီးလိုက်​လေသည်။

ကျောက်တိုင်များက ဆူးချွန်များဖြင့် ပြည့်နှက်နေပြီး မနှိုင်းယှဥ်သာအောင် ထက်ရှနေ၏။ ဤအကျဥ်းထောင်သည် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ် ထုတ်ဖော်လိုက်သော သံမဏိမြင်းတပ်ကို အကျဥ်းချလိုက်​လေသည်။

ဘန်း... ဘန်း....ဘန်း...

အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုသည် လေထဲမှာထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သောမြည်သံတစ်သံကို ထွက်ပေါ်လာစေ၏။

သိပ်မကြာခင်... အန္တိမနတ်ဘုရားစွမ်းအား နှစ်ခုက ပျက်ပြယ်သွားပြီး အင်အားကြီးမားသော စွမ်းပကားတစ်ခုသည် ချောက်ချားစရာကောင်းသောပုံစံဖြင့် လေဟာနယ်ထဲမှာ ဖြန့်ကြက်နေသေးလေသည်။

“ကောင်းတယ်ကွာ... မင်းမှာအစွမ်းအစတချို့ရှိသားပဲ”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ မျက်လုံးက အေးစက်စွာတောက်ပနေပြီး သူက ကြမ်းကြုတ်စွာပြောလိုက်၏။

“မင်းက နောက်ထပ်ဘယ်လောက်ကြာကြာတောင့်ခံနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”

ချန်နဂါးဧကရာဇ်က ညင်သာစွာ သက်ပြင်းချလိုက်၏။ ဆူဇီမိုကလည်း မျက်မှောင်ကြုတ်လိုက်၏။ နန်းတော်အစောင့်အရှောက်ကို လူသားဧကရာဇ်၏ နန်းတော်က နောက်ခံပေးထားသော်လည်း သူက ဘာပဲပြောပြော အိုမင်းနေလေပြီ။

သို့သော်လည်း ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ကတော့ သူ၏ အထွတ်အထိပ်အရွယ်မှာ ရှိနေ၏။

သူတို့က ခါးသီးသော တိုက်ပွဲတစ်ခုကို ဆင်နွှဲကြမည်လျှင် နန်းတော်အစောင့်အရှောက်က သေချာပေါက် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

ထိုစဥ်မှာပင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။ သူ၏ လက်ထဲမှာ မီးခိုးရောင်မြူခိုးတစ်ခုက တလိပ်လိပ်တက်လာပြီး သူ၏ လက်ဖဝါးနှစ်ဖက်ကြားမှာ ဆေဘာနှစ်လက်က အလိုလိုဖြစ်ပေါ်လာ၏။

အဆင့်မြင့်နတ်ဘုရားစွမ်းအား ဆေဘာကဲ့သို့အချိန်...။

ရွှစ်...

မီးခိုးရောင်ဆေဘာက ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ် ရှိရာသို့ ခုတ်ပိုင်းကျဆင်းလာ၏။

“ဟီးဟီး”

ဧကရာဇ်များစွာက ထိုသည်ကို တွေ့မြင်ကြလေသည်။

သို့သော်လည်း သူတို့သည် သူ့ကို မတားဆီကြပေ။ ထိုအစားသူတို့က သရော်တော်တော်အကြည့်များနှင့်အတူ လှောင်ရယ်လိုက်ကြ၏။

“ဘယ်လောက်တောင်မောက်မဲလိုက်သလဲ... သူက အဆင့်မြင့်နတ်ဘုရားစွမ်းအား တစ်ခုလောက်နဲ့ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ကို ထိခိုက်အောင်လုပ်နိုင်မယ်ထင်နေတာလား”

ရွှေကျီးကန်းမီးဧကရာဇ်က လှောင်ရယ်လိုက်၏။

ငရဲစုန်းဧကရာဇ်က တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ မျက်မှောင်ကြုတ်လိုက်၏။

သူသည် ထိုဆေဘာထံမှာ တစ်မူထူးခြားသော အော်ရာတစ်ခုကို ခံစားမိလိုက်၏။

“ဟမ့်...”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် နန်းတော်အစောင့်အရှောက်နှင့် တိုက်ခိုက်နေသော်လည်း သူက ပတ်ဝန်းကျင်ကို လျစ်လျူရှုမထားပေ။ သူသည် နောက်ဘက်မှ ဝင်ရောက်လာသော မီးခိုးရောင်ဆေဘာကို အာရုံခံမိသောအခါ သူက ဟက်ခနဲရယ်မောလိုက်လေသည်။

“ပိုးစုန်းကြူးတစ်ကောင်ရဲ့ အလင်းပဲ”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် နောက်သို့လှည့်ပင်မကြည့်ဘဲ မီးခိုးရောင်ဆေဘာကို လက်ပြန်ဖမ်းဆွဲကာ ခြေမွှပစ်လိုက်၏။

သူ၏ လက်ဖဝါးက လုံးဝအထိအခိုက်မရှိပေ။

“ဟမ့်...”

သို့သော် မကြာခင် သူ၏ အမူအရာက ပြောင်းလဲသွား၏။

တစ်စုံတစ်ရာက လွဲမှားနေလေသည်။

ထိုအခိုက်အတန့်မှာပင် သူ၏ ဘဝသက်တမ်းက နှစ်သုံးသောင်းကျော် လျော့ကျသွားလေသည်။

ဤတစ်ကြိမ်မှာတော့ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က တုန်လှုပ်သွား၏။

ယေဘုယျအားဖြင့် ပြောရလျှင် နတ်ဘုရားမျိုးနွယ်၏ ဘဝသက်တမ်းက လူသားမျိုးနွယ်ထက် နှစ်ဆဖြစ်လေသည်။

တစ်နည်းအားဖြင့်ဆိုလျှင်... နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ်တစ်ပါး၏ ဘဝသက်တမ်းက နှစ်နှစ်သိန်းဖြစ်လေသည်။

သို့သော်လည်း ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ ပါရမီအရည်အချင်းက ကြောက်စရာကောင်းလေသည်။ သူက ဤအဆင့်ထိကျင့်ကြံဖို့ နှစ်တစ်သိန်းကျော်ကျော်သာလျှင် အချိန်ယူခဲ့လေသည်။

ဆေဘာက ခုတ်ပိုင်းကျဆင်းလာသည့်ခဏမှာပင် သူက နှစ်တစ်သိန်းသုံးသောင်းအရွယ်သို့ ရောက်ရှိသွား၏။

“ငါက... ထင်ယောင်ထင်မှား ဖြစ်နေတာလား”

ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်က အချိန်မီမတုံ့ပြန်နိုင်ပဲ သူ၏ နတ်ဘုရားစွမ်းအားကို စုဖွဲ့ကာ သူ၏ ဘဝသက်တမ်းကို ပြန်လည်ရယူချင်လေသည်။

သူ၏ ထင်မြင်ချက်အရ အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုက သူ့အပေါ် ဘယ်လိုလုပ်ပြီး သက်ရောက်နိုင်မှာလဲ။

သူ၏ ဘဝသက်တမ်းက လျော့ကျသွားလျှင်တောင် သူက နတ်ဘုရားစွမ်းအားများ၏ စွမ်းအားကို လှည့်ပတ်လိုက်သည်နှင့်အမျှ နဂိုမူလအ​ခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။

သို့သော်လည်း နောက်ခဏ၌ သူ၏ အမူအရာက လုံးဝညိုမည်းသွား၏။

သူ၏ ဘဝသက်တမ်း နှစ်သုံးသောင်းက အပြီးတိုင်ပျောက်ကွယ်သွားခဲ့လေပြီ။

ငရဲစုန်းဧကရာဇ်နှင့် အခြားသူများကလည်း ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ ပြောင်းလဲမှုကို သတိထားမိသွားကြ၏။

“အဲ့ဒီနတ်ဘုရားစွမ်းအားရဲ့ ဘဝသက်တမ်းလျော့ကျမှုက ပြန်အစားမရနိုင်ဘူးလား”

“အဲ့ဒါက အဆင့်မြင့်နတ်ဘုရားစွမ်းအား တစ်ခုပဲကို... အဲ့ဒါက ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်ကို ထိခိုက်စေနိုင်​တာလဲ”

ရွှေကျီးကန်းမီးဧကရာဇ်နှင့် အခြားသူများက မျက်မှောင်ကြုတ်လိုက်ကြ၏။

ငရဲစုန်းဧကရာဇ်က လေးနက်သောအသံဖြင့် ပြောလိိုက်၏။

“အားလုံးပဲ... သတိထားကြ အထီးကျန်သိုင်းသခင်ရဲ့ အဲ့ဒီအဆင့်မြင့်စွမ်းအားက နည်းနည်းတော့ထူးဆန်းတယ်... အဲ့ဒါမှာ အချိန်ရဲ့စွမ်းအား ပါဝင်နေတယ်... ငါတို့က ငါတို့ရဲ့ ကိုယ်ကာယကိုသုံးပြီး အဲ့ဒါကို ခုခံနိုင်မှာ မဟုတ်ဘူး... ငါတို့က နတ်ဘုရားစွမ်းအားတွေရဲ့ စွမ်းအားကို သုံးပြီးတော့ပဲ အဲ့ဒါကို ခုခံနိုင်လိမ့်မယ်”

“ဂျူနီယာ.... မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”

သူ၏ ခန္ဓာကိုယ်ထဲရှိပြောင်းလဲမှုကို သတိထားမိသွားပြီး ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်သည် ဒေါသူပုန်ထကာ နန်းတော်အစောင့်အရှောက်ကို လျစ်လျူရှုလိုက်လေသည်။

သူ​က နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ ရှိရာလက်သို့ လှည့်၍ပြေးဝင်လာခဲ့၏။

သူသည် နန်းတော်အစောင့်အရှောက်နှင့် တိုက်ခိုက်ခဲ့စဥ်မှာ မည်သည့်ထိခိုက်ဒဏ်ရာမှ မရရှိခဲ့ပေ။

ယခုတော့... နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံမှ ခုတ်ချက်တစ်ချက်သည် သူ၏ ဘဝသက်တမ်း နှစ်သုံးသောင်းကို နှုတ်ယူသွားခဲ့လေသည်။

All Chapters