ခေါင်း ၃လုံး၊ လက် ၆ဖက်
Vol. 110 Ch. 1646
ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၏ သေဆုံးမှုနှင့်အတူ ထိပ်သီးဧကရာဇ် ငါးဦးဖြစ်သော ငရဲစုန်း၊ ရွှေကျီးကန်းမီး၊ သွေး၊ ဆိုးယုတ်လေယက္ခနှင့် မဟူရာမျက်လုံး ဧကရာဇ်တို့သည် ကြမ်းကြုတ်ခက်ထန်သော အော်ရာများနှင့်အတူ လူသားဧကရာဇ်ကို ဝိုင်းပတ်လာခဲ့ကြ၏။
“လူသားဧကရာဇ်.. မင်းရဲ့ ခန္ဓာကိုယ်က ပျက်စီးသွားခဲ့ပြီ.. မင်းရဲ့ အမြုတေစိတ်ဝိညာဉ်ကလည်း မင်းဆင်းသက်လာတဲ့ ခဏမှာပဲ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့တယ်.. မင်းက ထျန်ဟွမ်ကုန်းမြေတိုက်မှာ သိပ်ကြာကြာနေနိုင်မှာ မဟုတ်တော့ဘူး”
ငရဲစုန်းဧကရာဇ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
ရွှေကျီးကန်း မီးဧကရာဇ်ကလည်း လှောင်ရယ်လိုက်၏။
“လူသားဧကရာဇ်.. မင်းရဲ့ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာရနေပြီ… မင်းက အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကို ဆက်တိုက်ထုတ်ဖော်ပြီးတဲ့နောက်.. မင်းရဲ့ အကန့်အသတ်ကို ရောက်ရှိနေပြီပဲ.. ဟုတ်တယ်မလား”
ထိုစဉ်မှာပင် ထူးဆန်းသော စွမ်းအင်အတက်အကျတစ်ခု ဖြစ်ပေါ်လာ၏။
အစက ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် ငါးဦးသည် လူသားဧကရာဇ်ကို ဝိုင်းပတ်ထားကြ၏။
သို့သော်လည်း သူတို့ထဲမှ နှစ်ယောက်က လူသားဧကရာဇ်နှင့် စကားပြောဆိုနေစဉ်မှာပင် တစ်စုံတစ်ယောက်က တိုက်ပွဲနယ်မြေကနေ ပျောက်ကွယ်သွားခဲ့လေပြီ။
ဆိုးယုတ်လေယက္ခဧကရာဇ်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
လူတိုင်း မတုံ့ပြန်နိုင်ခင်မှာပင်… ဆိုးယုတ်လေယက္ခဧကရာဇ်သည် လူသားဧကရာဇ်၏ နောက်ဘက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး လက်မအနည်းငယ်သာ ကွာဝေးတော့လေသည်။
“လျှပ်တပြက် ကူးပြောင်းခြင်း”
ချန်နဂါးဧကရာဇ်က သူ၏ မျက်လုံးကို မှေးကျဉ်းပြီး တိုးတိတ်စွာ ရေရွတ်လိုက်၏။
“အဲဒါ ဘာလဲ”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အလိုလိုမေးလိုက်၏။
“လျှပ်တပြက် ကူးပြောင်းခြင်းက အလျင်အဟုန် အမျိုးအစား အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုပဲ.. ရှင်းရှင်းပြောရရင် အဲဒါကို တည်နေရာ ခုန်ကူးခြင်းလို့လည်း ခေါ်တယ်.. လူတစ်ယောက်ရဲ့ အလျင်အဟုန်က သူ့ရဲ့ အကန့်အသတ်ထိ ရောက်ရှိလာတဲ့အခါ သူက တိုက်ပွဲနယ်မြေမှာ နေရာတိုင်းကို ခုန်ကူးနိုင်တယ်”
ချန်နဂါးဧကရာဇ်က ရှင်းပြလိုက်၏။
“လူသားဧကရာဇ်က အန္တရာယ်ရှိနေပြီ”
လူသားဧကရာဇ်၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အနီးကပ် တိုက်ခိုက်ရည်မှာ အားအနည်းဆုံး ဖြစ်နေပြီး ဆိုးယုတ်လေယက္ခဧကရာဇ်က သူ့ထံသို့ ချဉ်းကပ်လာသည့် ခဏမှာပင် သူက အလွန်တရာ အန္တရာယ်ရှိလာခဲ့လေပြီ။
ဆိုးယုတ်လေယက္ခဧကရာဇ်က အေးစက်နေသော ဆေဘာကွေးနှစ်လက်ကို သူ၏ လက်ထဲမှာ ကိုင်ဆွဲပြီး လူသားဧကရာဇ်၏ ဦးခေါင်းကို ခုတ်ပိုင်းချလိုက်၏။
တစ်ချိန်တည်းမှာပင်.. ငရဲစုန်း၊ ရွှေကျီးကန်းမီး၊ သွေးနှင့် မဟူရာမျက်လုံးဧကရာဇ်တို့က တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလာပြီး လူသားဧကရာဇ်ထံသို့ ပြေးဝင်ကာ ထိုသူကို သတ်ဖြတ်ဖို့အတွက် သူတို့၏ အကွာအဝေးကို တိုတောင်းချင်လေသည်။
လူသားဧကရာဇ်၏ မျက်လုံးထဲတွင် သရော်တော်တော် ပုံရိပ်တစ်ခုက ထင်ဟပ်လာ၏။
ဆိုးယုတ်လေယက္ခက သူ့နောက်ဘက်သို့ ရောက်ရှိလာသည့် ခဏမှာပင် သူက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး တိုးတိတ်စွာ ရေရွတ်လိုက်လေသည်။
“အချိန်ရပ်တန့်ခြင်း”
ဇီး..
အလွန်တရာ စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအား အတက်အကျတစ်ခုက လေဟာနယ်ထဲမှာ ဖြန့်ကြက်ထွက်ပေါ်လာပြီး ဧကရာဇ် ငါးဦးကို လွှမ်းခြုံသွားလေသည်။
ချက်ချင်းပင် ဆိုးယုတ်လေယက္ခ ဧကရာဇ်က လေထဲမှာ မလှုပ်မယှက်ဖြင့် အေးခဲရပ်တန့်သွား၏။
သူ့လက်ထဲရှိ ဆေဘာနှစ်လက်က လူသားဧကရာဇ်၏ ဦးခေါင်းနှင့် ထိတွေ့တော့မည့်ဆဲဆဲ ဖြစ်သော်လည်း သူတို့က ရှေ့သို့ ဆက်မတိုးနိုင်တော့ပေ။
ငရဲစုန်း၊ ရွှေကျီးကန်းမီး၊ သွေးနှင့် မဟူရာမျက်လုံးဧကရာဇ်တို့ကလည်း လေထဲမှာ ရပ်တန့်သွားကြ၏။ သူတို့၏ အမူအရာများက တောင့်တင်းနေပြီး သူတို့၏ ယခင် ပြုမူလှုပ်ရှားမှုအတိုင်း ရပ်တန့်ကာ ဆက်ရှိနေကြ၏။
အချိန်က လုံးဝကို အေးခဲသွားခဲ့၏။
လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာ၏။
ချန်နဂါးဧကရာဇ်၏ မျက်လုံးထဲမှာလည်း နက်ရှိုင်းသော အကြောက်တရားက ပေါ်ထွက်လာပြီး သူက အသံကို နှိမ့်၍ ပြောလိုက်၏။
“လူသားဧကရာဇ်က အဲဒီ အန္တိမ နတ်ဘုရားစွမ်းအားကိုတောင် နားလည်ဆင်ခြင်ထားတာလား”
လူရိုင်းဧကရာဇ်ကလည်း ဆွံ့အသွားလေသည်။
“အချိန်ရပ်တန့်ခြင်း.. အဲဒါက သတ်ဖြတ်ခြင်း အမျိုးအစား အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု မဟုတ်ပေမဲ့ သူ့ရဲ့ စွမ်းပကားက အရမ်းကို ကြောက်စရာကောင်းတယ်.. အချိန်ရပ်တန့်ခြင်းအောက်မှာ မင်းက မင်းရဲ့ ပြိုင်ဘက်ကို အလွယ်တကူ သတ်ဖြတ်နိုင်တယ်”
ချန်နဂါးဧကရာဇ်က နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို တစ်ချက်ကြည့်လိုက်၏။
“မင်းရဲ့ ဆေဘာတစ်လက်ကဲ့သို့ အချိန်က အချိန်ရဲ့ စွမ်းအားကို အသုံးချတာပဲ.. အဲဒါက အချိန်ရပ်တန့်ခြင်းနဲ့ ဆင်တူတယ်”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ထိုမြင်ကွင်းကို အလေးအနက် စဉ်းစားတွေးတောကာ ကြည့်နေ၏။
သူသည် ဆေဘာဧကရာဇ်၏ အမွေအနှစ် တည်ငြိမ်ပင်လယ်မှ သာမန်နတ်ဘုရားစွမ်းအား ခန္ဓာငြိမ်သက်ခြင်း နည်းစနစ်ကို နားလည်ဆင်ခြင်ထားလေသည်။
ယခု သူသည် လူသားဧကရာဇ် ထုတ်ဖော်လိုက်သော အန္တိမ နတ်ဘုရားစွမ်းအားကို တွေ့မြင်သောအခါ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက နားလည်သဘောပေါက်မှုတစ်ခု ရရှိသွားသည်ဟု ထင်ရ၏။
သူသည် ခန္ဓာငြိမ်သက်ခြင်း နည်းစနစ်ကို ၎င်း၏ အကန့်အသတ်ထိ ကျင့်ကြံနိုင်မည်ဆိုလျှင် အချိန်က ရပ်တန့်ကောင်း ရပ်တန့်သွားနိုင်လေသည်။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ဘေးကနေ စောင့်ကြည့်ရင်း နားလည်ဆင်ခြင်နေ၏။
ဆူဇီမို၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကတော့ ၎င်းသည် သူ၏ အသိစိတ်အတွင်းမှာ ရှိနေပြီး လူသားဧကရာဇ်က နတ်ဘုရားစွမ်းအားများ တစ်ခုပြီးတစ်ခု ထုတ်ဖော်နေသည်ကို စောင့်ကြည့်နေ၏။ သူ ရရှိသည့် အကျိုးအမြတ်က မျှော်မှန်းစဉ်းစား၍ မရနိုင်အောင်ပင်။
တကယ်တော့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအနေဖြင့် မည်သည့် အန္တိမ နတ်ဘုရားစွမ်းအားကိုမှ တိုက်ရိုက်နားလည်ဆင်ခြင်နိုင်လိမ့်မည် မဟုတ်ပေ။
သူသည် မဟာယာနအဆင့်သို့ ဝင်ရောက်ခါစဖြစ်ပြီး အဆင့်မြင့် နတ်ဘုရားစွမ်းအားများကို မပြောနှင့်… သာမန်နတ်ဘုရားစွမ်းအားများစွာကို နားလည်ဆင်ခြင်ရသေးခြင်း မရှိပေ။ သူ့အနေဖြင့် အန္တိမ နတ်ဘုရားစွမ်းအားများကို တိုက်ရိုက်နားလည်ဆင်ခြင်ဖို့က မဖြစ်နိုင်ပေ။
သို့သော်လည်း ဤကဲ့သို့သော အတွေ့အကြုံကို ရရှိပြီးနောက်.. နတ်ဘုရားစွမ်းအားများအပေါ် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ နားလည်ဆင်ခြင်မှုသည် သေချာပေါက် ပိုမိုမြန်ဆန်လာပေလိမ့်မည်။
အဲဒါက အလွန်တရာ တန်ဖိုးရှိသော အတွေ့အကြုံများ ဖြစ်လေသည်။
ထိုကဲ့သို့သော အခွင့်အလမ်းမျိုးက သမိုင်းတစ်လျှောက်မှာပင် ကြုံတောင့်ကြုံခဲ ဖြစ်လေသည်။
တိုက်ပွဲနယ်မြေမှာ…
လူသားဧကရာဇ်က အချိန်ရပ်တန့်ခြင်းကို ထုတ်ဖော်လိုက်၏။ သူက လှည့်ကြည့်ခြင်း မရှိဘဲ လူသားဧကရာဇ် စုတ်တံကို ဝှေ့ယမ်းကာ ဆိုးယုတ်လေယက္ခဧကရာဇ်၏ နှာရောင်ကို လှမ်းတောက်လိုက်လေသည်။
လူသားဧကရာဇ် စုတ်တံ၏ ထိပ်ဖျားက ပျော့ပြောင်းသည်ဟု ထင်ရသော်လည်း ၎င်းသည် ဆိုးယုတ်လေယက္ခဧကရာဇ်၏ နှာရောင်ကို မပြောနှင့်.. နတ်ဘုရားလက်နက်များကိုပင် ထိုးဖောက်နိုင်လေသည်။
ရုတ်တရက်ဆိုသလို…
နတ်ဘုရားစွမ်းအားတစ်ခုက ဆိုးယုတ်လေယက္ခဧကရာဇ်ထံကနေ ပစ်လွင့်ထွက်ပေါ်လာပြီး သူက ရုတ်တရက် နေရာကနေ ပျောက်ကွယ်သွား၏။
သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ သူက ခပ်လှမ်းလှမ်းသို့ ရောက်ရှိသွားခဲ့လေပြီ။ သူသည် အချိန်ရပ်တန့်ခြင်းကနေလည်း လွတ်မြောက်သွားခဲ့ပြီဖြစ်၏။
သူ၏ မျက်နှာက ကြောက်လန့်တကြား ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး သည်းထန်စွာ မောဟိုက်နေ၏။
အချိန်က ရပ်တန့်သွားခဲ့သော်လည်း လေဟာနယ်က လုံးလုံးချိတ်ပိတ်ခြင်း မခံခဲ့ရပေ။
သူ၏ အသက်က ကြီးမားသော ခြိမ်းခြောက်မှုနှင့် တွေ့ကြုံနေရစဉ်မှာ သူက နောက်ထပ် တည်နေရာခုန်ကူးခြင်းကို ထုတ်ဖော်ပြီး သူ၏ နေရာကနေ ထွက်ခွာသွားခဲ့၏။
လူသားဧကရာဇ် စုတ်တံက လွဲချော်သွားခဲ့၏။
လူသားဧကရာဇ်က သူ့မျက်လုံးထဲရှိ နှမြောသည့် ပုံရိပ်တစ်ခုနှင့်အတူ ညင်သာစွာ သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက နောက်ဆုံးမှာတော့ အရမ်းကို အားနည်းလေသည်။
ဒါ့အပြင် အဲဒါက သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ် မဟုတ်ဘဲ သူက အဲဒါကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခြင်း မရှိချေ။ ထိုသို့ဖြင့် သူ၏ တိုက်ခိုက်မှု အလျင်အဟုန်က များစွာနှေးကွေးသွားခဲ့၏။ အဲဒါက သူ၏ ခန္ဓာကိုယ်သာဆိုလျှင် ဆိုးယုတ်လေယက္ခဧကရာဇ်က ၁၀ခါပြန်သေသွားနိုင်လေသည်။
အချိန်ရပ်တန့်ခြင်းကို အကန့်အသတ်မဲ့စွာ အသုံးပြုနိုင်ခြင်း မရှိပေ။
ထိုတဒင်္ဂနှောင့်နှေးကြန့်ကြာမှုသည် အချိန်ရပ်တန့်ခြင်း၏ စွမ်းအားကို ပျက်ပြယ်သွားစေ၏။
ဧကရာဇ် လေးဦးသည် သူတို့၏ လွတ်လပ်မှုကို ပြန်လည်ရရှိသွားပြီး သူတို့၏ မျက်လုံးများထဲမှာ စိုးရိမ်ပူပန်သည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာကာ တွေဝေတုံ့ဆိုင်းသွားကြပြီဖြစ်၏။
သို့သော် မကြာခင် ဧကရာဇ် လေးဦးသည် သူတို့ကိုယ်သူတို့ ဣန္ဒြေဆည်ပြီး လူသားဧကရာဇ်ထံသို့ တစ်ဖန်ပြေးဝင်သွားကြ၏။
“အား..”
လူသားဧကရာဇ်က သူ၏ ခေါင်းကို မော့ပြီး တောက်လောင်ပြင်းပြသော အကြည့်တစ်ခုနှင့်အတူ မာန်သွင်းအော်ဟစ်လိုက်၏။ သူက တစ်စုံတစ်ရာကို ဆင့်ခေါ်နေသည့်အလား သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။
ရွှစ်…
ထက်ရှသော လက်နက်တစ်ခုက လေထုကို ဆုတ်ဖြဲ၍ အနက်ရောင် အလင်းတန်းတစ်ခုအနေဖြင့် လူသားဧကရာဇ်၏ လက်ဖဝါးထဲသို့ ဆင်းသက်လာခဲ့၏။
အဲဒါက အလွန်တရာ ရှေးကျသော အော်ရာတစ်ခုနှင့်အတူ ပြည့်နှက်နေသည့် မီးခိုးရောင် ရှေးဟောင်း ကြေးမုံတစ်ချပ် ဖြစ်၏။ ၎င်းက လူသားဧကရာဇ်၏ လက်ဖဝါးထဲသို့ ဆင်းသက်လာသောအခါ ရှေးဟောင်း ကြေးမုံက ရုတ်တရက် နတ်ဘုရားအလင်းတစ်ခုကို ထုတ်ဖော်လိုက်၏။
လူသားဧကရာဇ်၏ ကြေးမုံ…
လူသားဧကရာဇ်၏ ကြေးမုံသည် အစက ကိုယ်တော်တာမင်း၏ လက်ထဲမှာ ဖြစ်၏။ ယခု လူသားဧကရာဇ်က တိုက်ခိုက်နေသောအခါ သူက အဲဒါကို ယာယီအားဖြင့် ပြန်ယူလိုက်လေသည်။
ဘုန်း.. ဘုန်း…
ထိုစဉ်မှာပင် မိုးကောင်းကင်ထက်ရှိ ကျိန်းစပ်နေသော အဖြူရောင်အလင်းနှင့်အတူ တောက်ပနေသော အက်ကွဲကြောင်းထဲကနေ အနက်ရောင် အစက်အပြောက်တစ်ခုက ရုတ်တရက် ကျဆင်းလာ၏။ ဥက္ကာခဲတစ်ခုကဲ့သို့ ၎င်းက အလျှံညီးညီး မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး တုန်လှုပ်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ အောက်သို့ ထိုးဆင်းလာခဲ့၏။
လူသားဧကရာဇ်က သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်က ယိမ်းနွဲ့လှုပ်ရှားသွား၏။
သူ၏ လည်ပင်းပေါ်မှာ နောက်ထပ် ဦးခေါင်းနှစ်လုံး ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်၏ ဘေးတစ်ဖက် တစ်ချက်စီကနေ နောက်ထပ် လက်လေးဖက်က ကြီးထွားလာ၏။
“အန္တိမ နတ်ဘုရားစွမ်းအား၊ ခေါင်းသုံးလုံး လက်ခြောက်ဖက်”
ချန်နဂါးဧကရာဇ်က တိုးတိတ်စွာ ရေရွတ်လိုက်၏။
“လူသားဧကရာဇ်ကို နာမည်ဂုဏ်သတင်း ကြီးမားစေခဲ့တဲ့ အဲဒီ နတ်ဘုရားစွမ်းအားကို နောက်ဆုံးမှာ ငါတို့က ကိုယ်တိုင်မြင်တွေ့ရပြီပဲ”
လူရိုင်းဧကရာဇ်၏ မျက်လုံးများကလည်း ကြည်ညိုလေးစားမှုဖြင့် ပြည့်နှက်လာ၏။
“ဒဏ္ဍာရီအရဆို.. ရှေးဟောင်းခေတ် စစ်ပွဲမှာတုန်းက လူသားဧကရာဇ်က အဲဒီ နတ်ဘုရားစွမ်းအားအပေါ် မှီခိုပြီး ဓမ္မရတနာသုံးခုကို ကိုင်ဆွဲရင်း ကမ္ဘာဦးမျိုးနွယ်က ဧကရာဇ်တွေနဲ့ ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်.. သူက အကုန်လုံးကို ဖိနှိမ်ပြီး သူ့ရဲ့ လမ်းကြောင်းမှာ ရှိတဲ့ အရာရာတိုင်းကို ဖျက်ဆီးချေမှုန်းနိုင်ခဲ့တယ်”
ဘုန်း…
ထိုစဉ်မှာပင်.. ကောင်းကင်ထက်နေ အနက်ရောင် အလင်းစက်တစ်ခု ကျဆင်းလာပြီး အဲဒါကို လူသားဧကရာဇ်က လက်ခံယူလိုက်၏။
လူတိုင်းက အာရုံစိုက်၍ ကြည့်လိုက်ကြ၏။ အဲဒါက အေးစက်နေသော သတ္တုအလင်းဖြင့် တောက်ပနေသော နက်မှောင်နေသည့် ဧရာမ ချိတ်စည်းတစ်ခု ဖြစ်လေသည်။
၎င်း၏ အနားစောင်းများက တိကျသေသပ်ပြီး ၎င်း၏ အော်ရာက ကြောက်စရာကောင်းလေသည်။
လူသားဧကရာဇ်၏ ချိတ်စည်းက ဆင်းသက်လာခဲ့လေပြီ။
လောကကို နှိမ်နင်းဖို့အတွက် ရှေးဟောင်းခေတ်တုန်းက လူသားဧကရာဇ် အသုံးပြုခဲ့သော မဟာဓမ္မရတနာ ၃ ခုသည် ပြန်လည်စုစည်းလာခဲ့လေပြီ။
“တိုက်”
လူသားဧကရာဇ်က မာန်သွင်းအော်ဟစ်ပြီး သူ၏ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့်အတူ သူ၏ ဓမ္မရတနာ ၃ ခုကို ဝှေ့ယမ်းကာ ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် အင်အားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
ထိုသည်ကို တွေ့မြင်သောအခါ များစွာသော ကျင့်ကြံသူများ၏ မျိုးဆက်သွေးများက ဆူပွက်လာခဲ့လေသည်။
အဲဒါသည် လူသားမျိုးနွယ်က ပိုင်ဆိုင်ခဲ့ဖူးသော ဧကရာဇ်တစ်ပါး ဖြစ်လေသည်။
လူတိုင်းသည် ရှေးဟောင်းခေတ်သို့ ပြန်ရောက်သွားသည့်အလား.. လူသားဧကရာဇ်၏ ပြိုင်ဘက်ကင်း ကြီးကျယ်ခမ်းနားမှုကို မြင်တွေ့လာရလေသည်။