နတ်ဘုရားစွမ်းအားများပြိုကွဲခြင်း
Vol. 110 Ch. 1647
အပေါ်ယံမှာကြည့်လျှင်တော့ ဤတိုက်ပွဲသည် လူသားဧကရာဇ်နှင့် ကမ္ဘာဦးမျိုးနွယ်၏ ဧကရာဇ်များကြား တိုက်ပွဲဖြစ်လေသည်။
သို့သော်လည်း တကယ်တမ်းမှာတော့... လူသားဧကရာဇ်သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ထိန်းချုပ်ပြီး သူ၏ အန္တိမနတ်ဘုရားစွမ်းအား ခေါင်းသုံးလုံး လက်ခြောက်ဖက်ကို ထုတ်ဖော်ကာ ကမ္ဘာဦးမျိုးနွယ်မှ ထိပ်သီးဧကရာဇ်များနှင့် တိုက်ခိုက်နေခြင်းဖြစ်၏။
ဆူဇီမို၏ အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်သည် သူ၏ အသိစိတ်အတွင်းမှာ ရှိနေ၏။ သူသည် ထိုသည်ကိုတွေ့မြင်သောအခါ လျှို့ဝှက်ဆန်းကြယ်၍ ဖော်မပြတတ်သော ခံစားချက်တစ်ခုက သူ၏ ရင်ထဲသို့ ဝင်ရောက်လာခဲ့၏။
ဤအစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဓမ္မဝိသေသအဆင့်မှာရှိခဲ့စဥ်က သူသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသုံးခုကို ကျင့်ကြံခဲ့ပြီး သန်မာသော ရန်သူများစွာနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့၏။
အဲ့ဒါသည် အလွန်တရာဆင်တူသော မြင်ကွင်းမျိုးဖြစ်လေသည်။
တိုက်ပွဲနယ်မြေတွင်...
လူသားဧကရာဇ်သည် လူသားဧကရာဇ်စုတ်တံကို ဝေ့ယမ်းနေ၏။ ၎င်းသည် ထက်ရှပြီး သေခြင်းရှင်ခြင်းကို စီရင်ချက်ချနိုင်လေသည်။
သူသည် လူသားဧကရာဇ်၏ ကြေးမုံကို ကိုင်ဆွဲပြီး တိုက်ခိုက်မှုများအားလုံးကို ခုခံနေ၏။
သူသည် လူသားဧကရာဇ်၏ ချိတ်စည်းကို အသက်သွင်းပြီး ၎င်းကို ငရဲစုန်း ၊ ရွှေကျီးကန်းမီး ၊ သွေး ၊ မဟူရာမျက်လုံးနှင့် ဆိုးယုတ်လေယက္ခဧကရာဇ်များထံသို့ ပစ်ပေါက်နေ၏။
လူသားဧကရာဇ်ချိတ်စည်း၏ စွမ်းအားက အရမ်းကိုသန်မာလေသည်။ ဤဧရာမချိတ်စည်းကို ရှေးဟောင်းခေတ်တုန်းက လူသားဧကရာဇ်ကိုယ်တိုင် သန့်စင်မွန်းမံထားပြီး ၎င်းကို လူသားမျိုးနွယ်၏ ပြိုကျသွားသော တောင်တန်းများနှင့် မြစ်များကနေ ဖန်တီးထားခြင်းဖြစ်လေသည်။ ၎င်းသည် လူသားမျိုးနွယ်၏ ကံကြမ္မာကို ပိုင်ဆိုင်ထားပြီး ထျန်ဟွမ်ကုန်းမြေတိုက်၏ အလွန်ကြီးမားသော လက်နက်တစ်ခုဖြစ်၏။
လူရိုင်းမျိုးနွယ်သည် လူသားဧကရာဇ်၏ ချိတ်စည်းကို အကြောက်ရွံ့ဆုံးဖြစ်လေသည်။ လူရိုင်းမျိုးနွယ်သည် ပြိုင်ဘက်ကင်းကိုယ်ကာယရှိပြီး သူတို့၏ ရုပ်ပိုင်းဆိုင်ရာက အလွန်သန်မာလေသည်။ သူတို့သည် လက်နက်များ ရေနှင့်မီးတို့ကို မမှုဘဲ ဓမ္မရတနာအားလုံးနီးပါးကို ခုခံနိုင်လေသည်။
သို့သော်လည်း လူရိုင်းမျိုးနွယ်၏ ဧကရာဇ်များပင်လျှင် လူသားဧကရာဇ်ချိတ်စည်း၏ စွမ်းအားကို မခုခံနိုင်ပေ။
လူသားဧကရာဇ်၏ ရုန်းကန်ပေါက်ကွဲစွမ်းအား အပြည့်အဝသည် လူရိုင်းမျိုးနွယ်၏ အရွတ်များနှင့် အရိုးများကို ကျိုးပျက်စေနိုင်ပြီး သူတို့၏ ခန္ဓာကိုယ်များကိုပက် ခြေမွှဖျက်ဆီးပစ်နိုင်လေသည်။
ဘန်း... ဘန်း... ဘန်း...
လူသားဧကရာဇ်၏ ချိတ်စည်းက ထပ်တလဲလဲပစ်ကျလာနေပြီး ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များ၏ ဓမ္မရတနာများအားလုံးကို မထိန်းချုပ်နိုင်သောပုံစံဖြင့် လွင့်စင်ထွက်နေစေ၏။
ဧရာမချိတ်စည်းမှာ တိကျသေသပ်သော အနားစောင်းများပါရှိလေသည်။ ၎င်းကို တဲ့တိုးပစ်ပေါက်ခြင်းကပင် ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များ ထိပ်တိုက်ရင်မဆိုင်ဝံ့သော တစ်စုံတစ်ရာဖြစ်လေသည်။
ဖရိုဖရဲ အခြေအနေမှာ သွေးဧကရာဇ်ကို လူသားဧကရာဇ်ကြေးမုံ၏ နတ်ဘုရားအလင်းက လွှမ်းခြုံသွားပြီး သူက ခဏကြာသည်အထိ ရုန်းမထွက်နိုင်ပေ။ သူသည် လူသားဧကရာဇ်ချိတ်စည်း၏ သေလုနီးပါး ပစ်ဆောင့်ခြင်းကို ခံလိုက်ရ၏။
မဟူရာမျက်လုံးဧကရာဇ်က ရှောင်တိမ်းမှုနှေးကွေးသွားပြီး သူ၏ လက်သည် လူသားဧကရာဇ်ချိတ်စည်း၏ ထောင့်စွန်းဖြင့် လှီးဖြတ်ချင်းခံရကာ သူ၏ လက်တစ်ဖက်လုံးက ကြောက်စရာကောင်းသောပုံစံဖြင့် သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွား၏။
လူသားဧကရာဇ်စုတ်တံ၏ ထက်ရှမှုက အလွန်တရာသိပ်သည်းကျစ်လျစ်လေသည်။ လူသားဧကရာဇ်သည် ၎င်းကို သာမန်ကာလျှံကာ ဝေ့ယမ်းနေလျှင်တောင် စုတ်တံ၏ အဖျားသည် မွေးညင်းပေါက်တစ်ခုချင်းစီကို ထိုးဖောက်နိုင်သော စူးရှသည့် အနားစောင်းတစ်ခုစီကို ထုတ်ဖော်ပေးနိုင်၏။
ဧကရာဇ်များသည် နမော်နမဲ့ပြုမူမိလျှင် သူတို့၏ ခန္ဓာကိုယ်များက ထိုးဖောက်ခြင်းခံရပေလိမ့်မည်။
လူသားဧကရာဇ်၏ ကြေးမုံမှ ဂမ္ဘီရအလင်းများက ပစ်လွင့်ထွက်ပေါ်လာပြီး ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များ၏ အရှိန်အဟုန်ကို ပိတ်ဆို့တားဆီးနေ၏။
ချွမ်း... ချွမ်း... ချွမ်း...
လူသားဧကရာဇ်၏ ခန္ဓာကိုယ်က ဆက်တိုက်လည်ပတ်၍ သူ၏ လက်ခြောက်ဖက်က တိုက်ပွဲနယ်မြေမှာ ကခုန်နေ၏။ ငရဲစုန်းဧကရာဇ်နှင့် အခြားသူများသည် လုံးဝချဥ်းကပ်မလာနိုင်သည့်အပြင် သူတို့သည် လူသားဧကရာဇ်၏ တိုက်ခိုက်မှုများကြောင့် ပျာပျာသလဲဖြစ်လာကြ၏။
“လူသားဧကရာဇ်က သူ့ရဲ့အမြုတေစိတ်ဝိညာဥ် ကွဲအက်သွားတာတောင် ဒီလောက်ထိကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုကို ဘယ်လိုလုပ်ပြီး ထုတ်ဖော်နိုင်နေတာလဲ”
ငရဲစုန်းဧကရာဇ်က တုန်လှုပ်သွား၏။
“အဆုံးမဲ့ကျိန်စာ”
သူက အော်ငေါက်လိုက်၏။
ငရဲစုန်းဧကရာဇ်သည် မန္တန်တစ်ခုကိုရွတ်ဆိုပြီး လေထဲတွင် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားကာ သူ၏ နှာရောင်ကို နောက်ဆုံးမှာ ထိတွေ့လိုက်၏။
ဇီ...
ချောက်ချားစရာကောင်းသော အော်ရာတစ်ခုက လေဟာနယ်ကနေတစ်ဆင့် ဖြန့်ကြက်ထွက်ပေါ်လာ၏။
ဤနတ်ဘုရားစွမ်းအားသည် မည်သည့်ပုံသဏ္ဌာန်မှမရှိသော်လည်း အဝေးကနေ စောင့်ကြည့်နေသော သက်ရှိများစွာပင် တုန်လှုပ်ချောက်ချားမှုကို ခံစားရလေသည်။
“အဲ့ဒါက အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားတဲ့ စုန်းမျိုးနွယ်ရဲ့ သတ်ဖြတ်ခြင်း အန္တိမနတ်ဘုရားစွမ်းအား တစ်ခုပဲ”
ချန်နဂါးဧကရာဇ်က တည်တံ့သောအမူအရာနှင့်အတူ ရုတ်တရက်ပြောလိုက်၏။
ထိုအန္တိမနတ်ဘုရားစွမ်းအား ဆင်းသက်လာသောအခါ တိုက်ပွဲနယ်မြေမှာ စွမ်းအင်အတက်အကျများစွာ ဖြစ်ပေါ်မလာပေ။
သို့သော်လည်း အလွန်တရာဆိုးယုတ်သော အစိမ်းရင့်ရောင်စွမ်းအားတစ်ခုက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲမှာ ရုတ်တရက်ပေါ်ထွက်လာပြီး အဆက်မပြတ် ကြီးထွားလာ၏။
မည်သူမဆို ၎င်း၏ စုပ်ယူသွင်းခြင်းခံရသည်နှင့် သူတို့က သေရမည့်အပြင် သူတို့၏ မျိုးဆက်သွေးကနေ ဆင်းသက်လာသော သားမြေးများပင်လျှင် ထိုကျိန်စာကနေ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။
အဲ့ဒါသည် စုန်းမျိုးနွယ်၏ အလွန်တရာ ရက်စက်ကြမ်းတမ်းသော အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။
ထိုကျိန်စာ ဆင်းသက်လာသည့်ခဏမှာပင် လူတစ်ယောက်က ထာဝရပျက်သုဥ်းခြင်းဆီသို့ နစ်မြုပ်သွားပေလိမ့်မည်။
အဆုံးမဲ့ကျိန်စာ၏ စွမ်းအား ဆင်းသက်လာပြီး အဆင့်-၈ ဖန်တီးခြင်းကြာပဒုမ္မာသည် အဲ့ဒါကို မခုခံနိုင်ပေ။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်က တဖျပ်ဖျပ်ဖြစ်လာပြီး အရောင်အဝါက အပြတ်အသတ် ဖိနှိမ်ခံလာရ၏။
လူသားဧကရာဇ်က အကြောက်အလန့်ကင်းမဲ့စွာ လှောင်ရယ်၍ ညင်သာစွာ အော်ငေါက်လိုက်၏။
“နတ်ဘုရားစွမ်းအားများပြိုကွဲခြင်း”
ရုတ်တရက် တည်ငြိမ်အေးချမ်းသော အလင်းရောင်တစ်ခုက လူသားဧကရာဇ် အမြုတေစိတ်ဝိညာဥ်၏ ဦးခေါင်းအနောက်ဘက်မှာ ပေါ်ထွက်လာပြီး သက်တံရောင်အလင်းနှင့်အတူ အဘက်ဘက်သို့ ဖြန့်ကြက်သွား၏။ ကျိန်စာ၏ အစိမ်းရင့်ရောင်စွမ်းအားသည် ထိုဂမ္ဘီရအလင်းဖြင့် ထိတွေ့မိစဥ်မှာ ဘာမှမကျန်အောင် ချက်ချင်းပင် ဖယ်ရှားရှင်းလင်းခံလိုက်ရ၏။
ဆူဇီမိုက တုန်လှုပ်သွား၏။
သူသည် ဗုဒ္ဓဝါဒကို ကျင့်ကြံထားပြီး ဗုဒ္ဓကျောင်းတော်များ၏ နတ်ဘုရားစွမ်းအားများစွာကို ကြားဖူးထားလေသည်။
ဗုဒ္ဓကျောင်းတော်များကြားမှာ အကျော်ကြားဆုံး နတ်ဘုရားစွမ်းအား ၆ခု ရှိလေသည်။
ကောင်းကင်ဘုံမျက်လုံး နတ်ဘုရားစွမ်းအားသည် ဗုဒ္ဓကျောင်းတော်များ၏ ကောင်းကင်ဘုံမျက်လုံးကို ကျင့်ကြံနိုင်ပြီး အဲ့ဒါက သာမန်နတ်ဘုရားစွမ်းအားတစ်ခုဖြစ်လေသည်။ သို့သော်လည်း လူတစ်ယောက်သည် ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မမျက်လုံးကို ကျင့်ကြံနိုင်မည်ဆိုလျှင် အဲ့ဒါက အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုဖြစ်လာပေလိမ့်မည်။
ကောင်းကင်ဘုံမျက်လုံး နတ်ဘုရားစွမ်းအား၏ အထွတ်အထိပ်က ဗုဒ္ဓမျက်လုံး နတ်ဘုရားစွမ်းအားဖြစ်ပြီး အဲ့ဒါက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။
ဗုဒ္ဓမျက်လုံးကို ကျင့်ကြံပြီးနောက် ထိုသူ့ထံမှ အကြည့်တစ်ချက်သည် အလွန်တရာဆိုးယုတ်သော မိစ္ဆာတစ်ကောင်ကို သူ၏ သားသတ်ဓားကို ပစ်ချစေပြီး နောင်တသံဝေဂ ရစေနိုင်၏။
ကမ္ဘာ့ကွန်ချာဗုဒ္ဓ၏ နှိမ့်ချသောအကြည့်ဆိုသည့်အရာမှာ ဗုဒ္ဓမျက်လုံး၏ စွမ်းအားဖြစ်လေသည်။
ဗုဒ္ဓကျောင်းတော်များ၏ ဒုတိယမြောက်နတ်ဘုရားစွမ်းအားက ကောင်းကင်ဘုံခြေဖဝါးဖြစ်လေသည်။
ပုံမှန်အားဖြင့် ကောင်းကင်ဘုံခြေဖဝါးသည် သာမန်နတ်ဘုရားစွမ်းအားတစ်ခုသာဖြစ်၏။ ၎င်းကို ကျင့်ကြံပြီးနောက် လူတစ်ယောက်၏ လှုပ်ရှားမှုနည်းစနစ်က အလွန်တရာမြန်ဆန်လာပေလိမ့်မည်။
သို့သော်လည်း ၎င်း၏ အထွတ်အထိပ်၌ ၎င်းသည် မြေလျှိုးမိုးပျံနိုင်ပြီး တမလွန်လောကသို့ ဝင်နိုင်ထွက်နိုင်မည့် အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လာပေလိမ့်မည်။
တတိယမြောက် နတ်ဘုရားစွမ်းအားက ကောင်းကင်ဘုံအကြားအာရုံဖြစ်၏။
လူတစ်ယောက်၏ နားကို တစ်ချက်လှုပ်ရုံဖြင့် နေရာဒေသတစ်ခုရှိ သက်ရှိများ၏ အသံများကို ကြားနိုင်လေသည်။
စတုတ္ထမြောက်နတ်ဘုရားစွမ်းအားက စိတ်နှလုံးထိုးဖောက်ဖြစ်၏။ ထိုနတ်ဘုရားစွမ်းအားသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုဖြစ်သော်လည်း အဲ့ဒါက အလွန်တရာစွမ်းအားကြီးမားလေသည်။
ရှင်းရှင်းပြောရလျှင် တစ်ဖက်လူ၏ စိတ်ကို ဖတ်နိုင်သော ပညာရပ်ဖြစ်လေသည်။
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာတုန်းက ဆူဇီမိုသည် အချိန်အများစုမှာ တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း ကိုယ်တော်ယွမ်ပေက သူ၏ စိတ်အကြံကို ကြိုတင်၍ သိရှိနားလည်နေ၏။ အဲ့ဒါက ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအား၏ သက်ရောက်မှုဖြစ်လေသည်။
တိုက်ပွဲတစ်ပွဲမှာ ထိုသူသည် ရန်သူ၏ လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းနိုင်လိမ့်မည်ဖြစ်၏။
ပဉ္စမမြောက်နတ်ဘုရားစွမ်းအားက ကံကြမ္မာဖြစ်၏။
ထိုအဆင့်မြင့်နတ်ဘုရားစွမ်းအားသည် သက်ရှိများ၏ ကံကြမ္မာကို ဖတ်နိုင်လေသည်။
သမိုင်းတစ်လျှောက်မှာ မရေမတွက်နိုင်သောပညာရှင်များသည် ဗုဒ္ဓကျောင်းတော်များ၏ ပထမဆုံးနတ်ဘုရားစွမ်းအားကို ကျင့်ကြံခဲ့ကြ၏။
သို့သော်လည်း ဆဋ္ဌမမြောက်နတ်ဘုရားစွမ်းအားကို ကျင့်ကြံနိုင်သည့်သူက အနည်းအကျဥ်းမျှသာရှိလေသည်။ သမိုင်းတစ်လျှောက်မှာ ရှေးဟောင်းဗုဒ္ဓဧကရာဇ်ကသာလျှင် အဲ့ဒါကို အောင်မြင်စွာကျင့်ကြံနိုင်ခဲ့လေသည်။
ဗုဒ္ဓကျောင်းတော်များ၏ ဆဋ္ဌမမြောက်နတ်ဘုရားစွမ်းအားက နတ်ဘုရားစွမ်းအားများပြိုကွဲခြင်း ဖြစ်၏။
ထိုနတ်ဘုရားစွမ်းအားကို အဆင့်မြင့်စွာ ကျွမ်းကျင်လာချိန်၌ ၎င်းသည် စွဲလမ်းမှုဥပါဒါန်ကို ချိုးဖျက်ကာ ပြန်လည်ဝင်စားခြင်းကို ကျော်လွှားနိုင်လေသည်။ ၎င်းသည် အဆုံးစွန်ဉာဏ်ပညာကို ပိုင်ဆိုင်ပြီး အဆုံးမဲ့ ဗုဒ္ဓအလင်းတစ်ခုကိုကျင့်ကြံကာ အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားကို ဆပွားများစွာတိုးလာစေ၏။
ယခုအချိန်တွင် ဆူဇီမို၏ အသိစိတ်ထဲမှာ လူသားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်သည် နတ်ဘုရားစွမ်းအားပြိုကွဲခြင်းကို ထုတ်ဖော်လိုက်ပြီး ချို့ယွင်းချက်ကင်းမဲ့သော ဂမ္ဘီရဗုဒ္ဓအလင်းတစ်ခုက ကျိန်စာကိုချေဖျက်ဖို့အတွက် ဖြန့်ကြက်ထွက်ပေါ်လာ၏။
ဗုဒ္ဓအလင်းရောင်က ဖန်တီးခြင်းကြာခုံပေါ်မှာ တောက်ပနေပြီး ကြာရွက်တစ်ရွက်ချင်းစီက ကြည်လင်စိမ်းစိုစွာဖြင့် တောက်ပနေ၏။
ဤစွမ်းအားသည် ဖန်တီးခြင်းကြာခုံအတွက် မျှော်မှန်းစဥ်းစား၍ မရနိုင်သော အားဆေးတစ်ခုဖြစ်လေသည်။
ဗုဒ္ဓအလင်းရောင်က အဆုံးမဲ့ပြီး ဖန်တီးခြင်းကြာခုံက အနည်းအကျဥ်းမျှကို စုပ်ယူနိုင်သည်ဆိုလျှင်တောင် ၎င်း၏ ကြီးထွားမှုအလျင်အဟုန်က သိသိသာသာတိုးလာပေလိမ့်မည်။
“အား...”
ငရဲစုန်းဧကရာဇ်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ညည်းတွားအော်ဟစ်လိုက်၏။
အမြုတေစိတ်ဝိညာဥ်များကြားတိုက်ခိုက်မှုက အန္တရာယ်အများဆုံးဖြစ်လေသည်။
အဆုံးမဲ့ကျိန်စာက ပျက်ပြယ်သွားသည့်ခဏမှာပင် ငရဲစုန်းဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က ကြီးမားသော ရိုက်ချက်တစ်ခုကို လက်ခံရရှိလိုက်၏။
တကယ်တော့ သူ၏ အမြုတေစိတ်ဝိညာဉ်က သိပ်သည်းကျစ်လျစ်နေဆဲ ဖြစ်ပြီး ထိုထိတွေ့ရိုက်ခတ်မှုက သူ၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေဖို့ မလုံလောက်ပေ။
ထိုစဥ်မှာပင် နတ်ဘုရားစွမ်းအားများပြိုကွဲခြင်း၏ ဂမ္ဘီရအလင်းရောင်သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ နှာရောင်ထဲကနေ လျှံထွက်လာပြီး လူသားဧကရာဇ်၏ ကြေးမုံပေါ်သို့ ကျဆင်းသွား၏။
လူသားဧကရာဇ်က လှောင်ရယ်၍ လူသားဧကရာဇ်ကြေးမုံကို ငရဲစုန်းဧကရာဇ်ဘက်သို့ လှည့်ပေးလိုက်၏။
ဂမ္ဘီရဗုဒ္ဓအလင်းရောင်က လူသားဧကရာဇ်ကြေးမုံကနေတစ်ဆင့် တောက်ပလာခဲ့ပြီး မနှိုင်းယှဥ်သာအောင် သိပ်သည်းကျစ်လျစ်လာကာ အလင်းတန်းတစ်ခုအဖြစ် စုဖွဲ့ပြီး ငရဲစုန်းဧကရာဇ်ပေါ်သို့ ချက်ချင်းပင်ထိုးဆင်းသွားလေသည်။
“အား...”
ငရဲစုန်းဧကရာဇ်က စူးစူးဝါးဝါးအော်ဟစ်၍ သူ၏ ခန္ဓာကိုယ်သည် လောင်ကျွမ်းကာ ဆွေးရိလာသည့်အလား သူ၏ အစိမ်းရင့်ရောင်ဝတ်ရုံမှ မီးခိုးများအူထွက်လာ၏။
ဗုဒ္ဓအလင်းရောင်ကြောင့် ဖြစ်ပေါ်လာသော ပျက်စီးထိခိုက်မှုက အရမ်းကိုကြီးမားလေသည်။
ရွှစ်...
ငရဲစုန်းဧကရာဇ်သည် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ပဟေဠိနန်းတော်မှာ ဆက်နေရဲခြင်းမရှိတော့ဘဲ အဝေးသို့ ထွက်ပြေးသွား၏။
လူသားဧကရာဇ်သည် ငရဲစုန်းဧကရာဇ်နောက်သို့ လိုက်လံပြီး ထိုသူကို အပြီးတိုင်သတ်ဖြတ်ချင်လေသည်။ သို့သော်လည်း အခြားသောဧကရာဇ်လေးဦး၏ အန္တိမနတ်ဘုရားစွမ်းအားက ဆင်းသက်လာခဲ့ပြီဖြစ်၏။