← Chapters

နောက်ထပ် ဧကရာဇ်တစ်ပါးကို သတ်ဖြတ်ခြင်း

Vol. 110 Ch. 1648

နောက်ထပ် ဧကရာဇ်တစ်ပါးကို သတ်ဖြတ်ခြင်း

Vol. 110 Ch. 1648

“ကျောက်ရုပ်မျက်လုံး”

မဟူရာမျက်လုံးဧကရာဇ်သည် သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်ပြီး သူ၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးက ပွင့်ဟလာခဲ့၏။ ထူးဆန်းပြီး ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုက လူသားဧကရာဇ်ကို ချက်ချင်းပင် လွှမ်းခြုံလာခဲ့၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသားက ရုတ်တရက် အလွန်တရာတောင့်တင်းသွားပြီး သူ၏ သွေးများကို မလှည့်ပတ်နိုင်တော့ပေ။ သူ၏ အရေပြားက ကျောက်သားကဲ့သို့ ကြမ်းတမ်းလာခဲ့၏။

တစ်ခဏချင်းမှာပင် လူသားဧကရာဇ်သည် နေရာမှာပင် အေးခဲရပ်တန့်သွားပြီး ခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့်အတူ လူပုံသဏ္ဌာန် ကျောက်တုံးတစ်တုံးအဖြစ် မလှုပ်မယှက်ဖြစ်သွား၏။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကောင်းကင်နှင့်မြေကြီး၏ ဖန်တီးခြင်းကို ခိုးယူထားသော်လည်း ၎င်းသည် နောက်ဆုံးမှာ အဆင့်-၈ သို့ ဝင်ရောက်ခါစဖြစ်၏။ ဒါ့အပြင် ဆူဇီမိုသည် မဟာယာနအဆင့်သို့ တက်လှမ်းခါစဖြစ်ပြီး နတ်ဘုရားစွမ်းအားတချို့တလေကိုသာ နားလည်ဆင်ခြင်ရသေး၏။ သူသည် မည်သည့် အန္တိမနတ်ဘုရားစွမ်းအားကိုမှ နားလည်ဆင်ခြင်ရသေးခြင်းမရှိပေ။ တကယ်ဆိုသူသည် အဆင့်မြင့် နတ်ဘုရားစွမ်းအားများနှင့်ပင် ထိတွေ့နိုင်ခြင်း မရှိသေးပေ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားများနှင့် အန္တိမနတ်ဘုရားစွမ်းအားများ၏ ဆေးကြောသန့်စင်မှုကို တွေ့ကြုံခံစားဖူးခြင်း မရှိပေ။

ခွန်အားနှင့် မျိုးဆက်သွေးကွာဟချက်က အရမ်းကိုကြီးမားနေ၏။

လူသားဧကရာဇ်သည် ကျောက်ရုပ်မျက်လုံးကြောင့် အေးခဲရပ်တန့်သွားသည်မှာ လူသားဧကရာဇ်က လုံလောက်အောင်မသန်မာသောကြောင့် မဟုတ်ပေ။

အဲ့ဒါသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကမ္ဘာဦးမျိုးနွယ်များမှ အသန်မာဆုံး ဧကရာဇ်များနှင့် ယှဥ်နိုင်ဖို့ ဝေးကွာလွန်းသေးသောကြောင့်ဖြစ်၏။

တစ်ချိန်တည်းမှာပင် ရွှေကျီးကန်းမီး ၊ သွေးနှင့် ဆိုးယုတ်လေယက္ခဧကရာဇ်တို့ကလည်း တစ်ချိန်တည်းမှာ တိုက်ခိုက်လာကြပြီး သူတို့၏ အန္တိမနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။

“တစ္ဆေခုတ်ချက်”

ဆိုးယုတ်လေယက္ခဧကရာဇ်သည် ဆေဘာနှစ်လက်ကို ကိုင်ဆွဲပြီး အနက်ရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွား၏။ သူက အန္တိမအလျင်အဟုန်နှင့်အတူ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်က စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုဖြင့် ပြည့်နှက်နေကာ လူသားဧကရာဇ်ထံသို့ ပြေးဝင်လာခဲ့၏။

ရွှစ်...

ဆိုးယုတ်လေယက္ခဧကရာဇ်၏ ပုံရိပ်ဆယ်ခုကျော်က လူသားဧကရာဇ်၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာပြီး သူတို့ကြားမှာ အစစ်နှင့်အတုအယောင်ကို ခွဲခြားဖို့ခက်ခဲလေသည်။ ထိုပုံရိပ်များအားလုံးက လူသားဧကရာဇ်ထံသို့ ​ပြေးဝင်လာနေခဲ့ကြ၏။

ပုံရိပ်များစွာထဲမှာ တစ်ခုကသာလျှင် ဆိုးယုတ်လေယက္ခဧကရာဇ်၏ အစစ်အမှန်ခန္ဓာဖြစ်လေသည်။ သို့သော်လည်း မှားယွင်းအကဲဖြတ်မှုက သေခြင်းတရားဆီသို့ ဦးတည်သွားစေနိုင်၏။

အခြားတစ်ဘက်မှာတော့ သွေးဧကရာဇ်သည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲထားပြီး မြေပြင်ပေါ်မှာ အမြစ်တွယ်ရပ်တည်ကာ တုတ်ခိုင်သော သွေးနွယ်ပင်တစ်ထောင်ကိုဝေ့ယမ်း၍ သွေးများကို အဆက်မပြတ်ပန်းထွက်လာစေ၏။

အန္တိမနတ်ဘုရားစွမ်းအား အဆုံးမဲ့သွေးပင်လယ်...။

သွေးဧကရာဇ်သည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး သူ၏ အမြုတေသွေးကို ကြားခံအဖြစ်သုံးကာ လောကတစ်ခုလုံးကို သွေးဖြင့် လွှမ်းခြုံစေလိုက်၏။ လေဟာနယ်ထဲမှာ အဆုံးမဲ့သွေးပင်လယ်တစ်စင်းက ပေါ်ထွက်လာပြီး လူသားဧကရာဇ်ထံသို့ ဝါးမျိုလာခဲ့၏။

သွေးဧကရာဇ်က လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး အဆုံးမဲ့သွေးပင်လယ်အတွင်းမှာ ပုန်းကွယ်နေလေသည်။

ထိုအန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်သောအခါ ပြိုင်ဘက်သည် တိုက်ခိုက်ချင်သည်ဆိုလျှင်တောင် သူတို့သည် သွေးဧကရာဇ်၏ မည်သည့်တစ်စွန်းတစ်ကိုမှ ရှာဖွေတွေ့နိုင်တော့မည် မဟုတ်ပေ။

“လောင်ကျွမ်းကောင်းကင် ဆူပွက်ပင်လယ်”

ရွှေကျီးကန်းမီးဧကရာဇ်က မာန်သွင်းအော်ဟစ်ပြီး သူ့ရှေ့မှာ လက်နှစ်ဖက်ကိုဝေ့ယမ်းကာ ဧရာမမီးလုံးတစ်လုံးကို ဖြစ်ပေါ်လာစေ၏။

မီးလုံးထံမှ အလွန်တရာကြောက်စရာကောင်းသော အပူချိန်တစ်ခု ဖြာထွက်လာပြီး ကောင်းကင်ဘုံကို လောင်ကျွမ်းကာ သမုဒ္ဒရာများကို ဆူပွက်စေနိုင်၏။ အဲ့ဒါက သက်ရှိများအားလုံးကို လောင်ကျွမ်းပြာချပစ်နိုင်လေသည်။

“လောင်ကျွမ်းကောင်းကင် ဆူပွက်ပင်လယ်”

ချန်နဂါးဧကရာဇ်၏ အမူအရာက သုန်မှုန်တည်တံလာခဲ့၏။

“အဲ့ဒါက မီးဓာတ်ဓမ္မအစီအရင်တွေကို သူတို့ရဲ့ အကန့်အသတ်ထိ လောင်ကျွမ်းစေပြီးမှ စုဖွဲ့နိုင်တဲ့ စွမ်းအားကြီးမားတဲ့ နတ်ဘုရားစွမ်းအားတစ်ခုပဲ”

ကျောက်ရုပ်မျက်လုံးသည် လူသားဧကရာဇ်ကို အေးခဲရပ်တန့်သွားစေပြီး အန္တိမနတ်ဘုရားစွမ်းအားသုံးခုက ဆင်းသက်လာခဲ့၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲမှာ ဆူဇီမို၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်သည် မလှမ်းမကမ်းရှိ လူသားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်ကို ကြည့်လိုက်၏။

ဤကဲ့သို့ အန္တရာယ်များလွန်းသော အခြေအနေမှာတောင် လူသားဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်၏ မျက်နှာပေါ်တွင် မည်သည့်ထိတ်လန့်မှုနှင့် ကြောက်ရွံမှုတို့မှ မရှိပေ။ သူက တည်ငြိမ်နေရုံသာဖြစ်၏။

“ကြေမွစမ်း”

လူသားဧကရာဇ်က သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး နောက်ထပ်ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားတစ်ခုကို သူ၏ ခန္ဓာကိုယ်ကနေ ပစ်လွင့်ထွက်စေကာ ကျောက်ရုပ်အခြေအနေကနေ ချက်ချင်းပင် ရုန်းကန်လိုက်၏။

သူ၏ ခန္ဓာကိုယ်မှ အစအနတချို့နှင့် ဖုန်မှုန့်များက တထောင်းထောင်းလိမ့်စင်းလာ၏။

“တစ္ဆေခုတ်ချက်တဲ့လား”

လူသားဧကရာဇ်၏ အမူအရာက သရော်တော်တော်ရှိနေပြီး သူ၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ နက်ရှိုင်းနေ၏။ ရုတ်တရက်သူက သူ၏ လက်ကို ဖြေလျှော့လိုက်ပြီး လူသားဧကရာဇ်ကြေးမုံက လည်ပတ်သွား၏။ ၎င်းထံမှ ဂမ္ဘီရအလင်းတစ်ခု ဖြာထွက်လာပြီး ဆိုးယုတ်လေယက္ခဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်သွားလေသည်။

လက်ရှိလူတိုင်းအတွက်တော့...ဆိုးယုတ်လေယက္ခဧကရာဇ်၏ နောက်ချန်ပုံရိပ်များစွာက အရမ်းကိုမြန်ဆန်ပြီး သူတို့ကို အစစ်အမှန်ကနေ ခွဲခြားဖို့ခဲယဥ်းလေသည်။

ချန်နဂါးဧကရာဇ်နှင့် အခြားသူများပင်လျှင် ထိုအန္တိမနတ်ဘုရားစွမ်းအား၏ သတ်​ဖြတ်ခြင်းစွမ်းအားကို ကိုင်တွယ်ရာမှာ ခေါင်းကိုက်ရပေလိမ့်မည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ၏ စွမ်းအားကြီးမားသော အာရုံခံသတိစိတ်နှင့်အတူ ဘေးကနေ စောင့်ကြည့်နေလျှင်တောင် သူသည် ဖြစ်ပျက်နေသည့်အရာကို သဲလွန်စရှာမရနိုင်ပေ။

သို့သော်လည်း လူသားဧကရာဇ်သည် အကြည့်တစ်ချက်နှင့်အတူ ဆိုးယုတ်လေယက္ခဧကရာဇ်၏ အစစ်အမှန်ခန္ဓာကို ရှာဖွေတွေ့ရှိနိုင်လေသည်။

လူသားဧကရာဇ်ကြေးမုံက ၎င်း၏ ဂမ္ဘီရအလင်းကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် လူသားဧကရာဇ်၏ စုတ်တံက အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဆိုးယုတ်လေယက္ခဧကရာဇ်ထံသို့ ထိုးစိုက်လာခဲ့၏။

“ဘယ်လောက်တောင်သန်မာလိုက်သလဲ”

လူသားဧကရာဇ် ကြေးမုံ၏ အလင်းရောင်ဖြင့် လွှမ်းခြုံခြင်းခံလိုက်ရသောအခါ ဆိုးယုတ်လေယက္ခဧကရာဇ်က ဆတ်ခနဲတုန်ယင်သွားပြီး စိတ်ထဲကနေ ထိတ်လန့်တကြားရေရွတ်လိုက်၏။

လူသားဧကရာဇ်၏ စုတ်တံက ထိုးဖောက်ဝင်ရောက်လာခဲ့ပြီဖြစ်၏။ သူသည် စဥ်းစားနေဖို့ အချိန်မရဘဲ လေဟာနယ်ခုန်ကူးခြင်း အန္တိမနတ်ဘုရားစွမ်းအားကို ချက်ချင်းပင်ထုတ်ဖော်ကာ နေရာကနေ ထွက်ခွာချင်လေသည်။

သို့သော်လည်း ဆိုးယုတ်လေယက္ခဧကရာဇ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

အဲ့ဒါကို အသုံးပြု၍ မရတော့ပေ။

ဤတစ်ခေါက်မှာ လူသားဧကရာဇ်သည် အချိန်ရပ်တန့်ခြင်းကို မထုတ်ဖော်ခဲ့ပေ။

လူသားဧကရာဇ်၏ ကြေးမုံကနေ ထုတ်ဖော်လိုက်သော ဂမ္ဘီရအလင်းက အာကာသချိတ်စည်းတစ်ခုဖြစ်နေလေသည်။

ဆိုးယုတ်လေယက္ခဧကရာဇ်သည် စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။

ဤအဆင့်တိုက်ပွဲတစ်ပွဲမှာ အကဲဖြတ်မှုအမှားတစ်ချက်က သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်၏။

သူသည် စဥ်းစားနေဖို့အချိန်မရဘဲ သူ၏ အသားပြားတောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်၏။ သူ၏ သွေးချီကို လှည့်ပတ်ပြီး သူ၏ အလျင်အဟုန်က ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိလာကာ အဝေးသို့ပြေးထွက်လိုက်လေသည်။ သူသည် လူသားဧကရာဇ်စုတ်တံ၏ ထက်ရှမှုကို ရှောင်တိမ်းဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။

လူသားဧကရာဇ်၏ ကြေးမုံက အာကာသကို ချိတ်ပိတ်ထားပြီး ထိုအတွင်းမှာ ဆိုးယုတ်လေယက္ခဧကရာဇ်ကို လေဟာနယ်ခုန်ကူးခြင်းမပြုနိုင်အောင် တားဆီးထားရုံမျှသာဖြစ်၏။

သို့သော်လည်း သူသည် ယက္ခမျိုးနွယ်၏ အလျင်အဟုန်ကို အသုံးချပြီး ဤနေရာကနေ ထွက်ပြေးနိုင်လေသည်။

ဆိုးယုတ်လေယက္ခဧကရာဇ်သည် သူ၏ အလျင်အဟုန်အရ လူသားဧကရာဇ်၏ စုတ်တံကပင် သူ့ကိုလိုက်မီနိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်လေသည်။

ဤတစ်ခေါက်မှာ သူက နောက်သို့ဆုတ်ခွာဖို့ စိတ်ကူးထားလေသည်။

လူသားဧကရာဇ် ဤနေရာမှာရှိနေသည်နှင့်အမျှ သူ၏ အကြံအစည်များက မအောင်မြင်နိုင်ပေ။

လူသားဧကရာဇ်သည် ကောင်းကင်နှင့်မြေကြီး နိယာမများကို ချိုးဖျက်၍ ဆင်းသက်လာပြီးနောက် ထျန်ဟွမ်ကုန်းမြေတိုက်မှာ သိပ်ကြာကြာ နေနိုင်လိမ့်မည် မဟုတ်ဟု ဆိုးယုတ်လေယက္ခဧကရာဇ်က ယုံကြည်လေသည်။

သူသည် လောလောဆယ်မှာ လူသားဧကရာဇ်ကို ရှောင်တိမ်းပြီး ထိုသူထွက်ခွာသွားပြီးမှ ပြန်လာဖို့ရွေးချယ်နိုင်လေသည်။

သို့သော်လည်း သူက နှောင့်နှေးကြန့်ကြာသွားသည့်ခဏမှာပင် လူသားဧကရာဇ်က ထိုအခွင့်အလမ်းကို ချိန်ဆလိုက်ပြီဖြစ်၏။

လူသားဧကရာဇ်၏ စုတ်တံက သူ့ရှေ့သို့ရောက်ရှိလာသောအခါ ၎င်း၏ ထိပ်ဖျားပေါ်ရှိ ငွေရောင်ချည်မျှင်သုံးထောင်က ရုတ်တရက် ဖြန့်ကြက်သွားပြီး သူတို့သည် အသိစိတ်ရှိသည့်အလား ဆိုးယုတ်လေယက္ခဧကရာဇ်ကို လွှမ်းခြုံလိုက်လေသည်။

ဆိုးယုတ်လေယက္ခဧကရာဇ်သည် ဤပြောင်းလဲမှုမှာ လုံးဝပြင်ဆင်ထားမှု မရှိပေ။

ချက်ချင်းနီးပါးပင် သူသည် ငွေရောင်ချည်မျှင်သုံးထောင်ဖြင့် ငြိတွယ်သွားလေသည်။

ငွေရောင်ချီမျှင်သုံးထောင်သည် လူသားဧကရာဇ်စုတ်တံ၏ ထိပ်ဖျားကနေ ဖြစ်ပေါ်လာခဲ့လေသည်။ ငွေရောင်ချည်မျှင်တစ်ခုချင်းစီက အလွန်တရာ ထက်ရှပြီး နတ်ဘုရားလက်နက်များနှင့်ပင်ယှဥ်နိုင်လေသည်။

သူတို့သည် ဆိုးယုတ်လေယက္ခဧကရာဇ်ကို ရစ်ပတ်ပြီး သူ၏ အသားများကို ချက်ချင်းပင်ဆုတ်ဖြဲပစ်လိုက်၏။

ဆိုးယုတ်လေယက္ခဧကရာဇ်က သွေးများဖြင့် စိုရွှဲသွားလေသည်။

ပို၍အရေးကြီးသည်မှာ သူ၏ တောင်ပံများက ငွေရောင်ချည်မျှင်များဖြင့် လုံးဝချိတ်ဆွဲခံထားရပြီး သူက ရုန်းမ​ထွက်နိုင်ပေ။

ရုတ်တရက်ဆိုသလို...

ဆိုးယုတ်လေယက္ခဧကရာဇ်သည် သူ့ပေါ်သို့ အနက်ရောင်အရပ်တစ်ခုအုပ်မိုးလာသည်ဟု ခံစားလိုက်ရ၏။

ထိုစဥ်မှာပင် လူသားဧကရာဇ်၏ ချိတ်စည်းက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ​ပစ်တိုက်ချလာခဲ့ပြီဖြစ်၏။

သွေးများက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ မျက်နှာများက ရှုံ့မဲ့သွားလေသည်။

လူရိုင်းဧကရာဇ်က ပို၍ပင်တုန်လှုပ်သွား၏။

ဆိုးယုတ်လေယက္ခဧကရာဇ်ကို မပြောနှင့် သူ၏ ခန္ဓာကိုယ်ပင်လျှင် လူသားဧကရာဇ်ချိတ်စည်း၏ စွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

လူတိုင်း၏ ရှေ့မှောက်မှာ ဆိုးယုတ်လေယက္ခဧကရာဇ်သည် လူသားဧကရာဇ်ချိတ်စည်းကြောင့် အသားပျော့ဖတ်တစ်ခုဖြစ်သည်အထိ ဖိခြေခံလိုက်ရပြီး အရိုးတစ်ချောင်းပင် အကောင်းတိုင်းမကျန်ရှိပေ။

“သေပြီလား”

ချန်နဂါးဧကရာဇ်က တိုးတိတ်စွာ ရေရွတ်လိုက်၏။

“ဆိုးယုတ်လေယက္ခဧကရာဇ်ရဲ့ အမြုတေစိတ်ဝိညာဥ်က ထွက်မပြေးနိုင်ခဲ့ဘူးလား”

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက အလောတကြီးမေးလိုက်၏။

ချန်နဂါးဧကရာဇ်က သူ၏ ခေါင်းကို ခါယမ်းပြလိုက်၏။

“သူက လူသားဧကရာဇ်စုတ်တံက ငွေရောင်ချည်မျှင်သုံးထောင်နဲ့ ချုပ်နှောင်ခံထားရတယ်... သူ့ရဲ့ အမြုတေစိတ်ဝိညာဥ်က လွတ်ထွက်လာနိုင်ခဲ့မယ်ဆိုရင်တောင် အဲ့ဒါက ငွေရောင်ချည်မျှင်သုံးထောင်ရဲ့ ထက်ရှတဲ့ အနားစောင်းကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

“နောက်ပြီး... သူ့ရဲ့အမြုတေစိတ်ဝိညာဥ်က သူ့ခန္ဓာကိုယ်ထဲကနေ မထွက်ခွာနိုင်ခင်မှာပဲ လူသားဧကရာဇ်ချိတ်စည်းရဲ့ သေသည့်တိုင်အောင် ကြိတ်ချေခြင်းခံလိုက်ရတယ်”

ခွန်ဧကရီကလည်း တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုရှိနေပြီး ညင်သာစွာ ပြောဆိုလိုက်၏။

“ထာဝရလူသားဧကရာဇ်ဆိုတဲ့အတိုင်းပါပဲလား... သူက သူ့ရဲ့နတ်ဘုရားစွမ်းအားတွေကိုတောင် မထုတ်ဖော်ခဲ့ဘူး... သူ့ရဲ့ဧကရာဇ်လက်နက်သုံးခုနဲ့တင် သူက ထိပ်သီးဧကရာဇ်တစ်ပါးကို သတ်ဖြတ်လိုက်တယ်”

ခွန်ဧကရီ၏ မျက်လုံးထဲမှ အထင်ကြီးလေးစားသည့် ပုံရိပ်တစ်ခုကထင်ဟပ်လာ၏။

သူမပင်လျှင် ဤကဲ့သို့သောပညာရှင်တစ်ဦးနှင့် သူ၏ ပြိုင်ဘက်ကင်း ကြီးကျယ်ခမ်းနားမှုမှာ အထင်ကြီးလေးစားရလေသည်။

All Chapters