← Chapters

ပါရမီတံတား

Vol. 110 Ch. 1649

ပါရမီတံတား

Vol. 110 Ch. 1649

လူသားဧကရာဇ်သည် ဆိုးယုတ်လေယက္ခဧကရာဇ်ကို သတ်ဖြတ်ပြီးနောက် သူ၏ ဧကရာဇ်လက်နက် ၃ခုက သူ့ဘက်ခြမ်းမှာ ဆက်လက်၍ မရှိတော့ပေ။

ထိုအခိုက်အတန့်မှာ သွေးဧကရာဇ်၏ အန္တိမ နတ်ဘုရားစွမ်းအားက ဆင်းသက်လာခဲ့ပြီး အဆုံးမဲ့ သွေးပင်လယ်က တလိပ်လိပ်တက်ကာ ဧကရာဇ်လက်နက် ၃ခုကို လွှမ်းခြုံသွားလေသည်။

လူသားဧကရာဇ်သည် ဧကရာဇ်လက်နက် ၃ခု၏ အော်ရာကို ဆက်လက်၍ အာရုံမခံနိုင်တော့ပေ။

“မင်းရဲ့ ဧကရာဇ်လက်နက် ၃ခုကို ဆုံးရှုံးပြီးသွားရင် မင်းမှာ တခြားဘာရှိဦးမလဲ ကြည့်ရသေးတာပေါ့”

ရွှေကျီးကန်းမီးဧကရာဇ်၏ အော်ရာက သိပ်သည်းပြင်းထန်လာခဲ့ပြီး မာန်သွင်းအော်ဟစ်ကာ လူသားဧကရာဇ်ထံသို့ သူ့လက်ထဲရှိ ဧရာမမီးလုံးကို ပစ်ထုတ်လိုက်၏။

တစ်ချိန်တည်းမှာပင်.. ရွှေကျီးကန်းမီးဧကရာဇ်သည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။ သူသည် ရွှေရောင်မီးတောက်စီးကြောင်းတစ်ခုအဖြစ် အသွင်ပြောင်းလဲပြီး လူသားဧကရာဇ်ထံသို့ ခုန်ဝင်လာခဲ့၏။

အခြားတစ်ဖက်မှာ… အဆုံးမဲ့ သွေးပင်လယ်ကလည်း တလိပ်လိပ်တက်လာခဲ့ပြီဖြစ်၏။

“လောင်ကျွမ်းကောင်းကင် ဆူပွက်ပင်လယ်တဲ့လား… အဲဒါကို ငါလည်း လုပ်နိုင်သားပဲ”

လူသားဧကရာဇ်၏ အမူအရာက တည်ငြိမ်နေပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အစစ်အမှန် လောင်ကျွမ်းကောင်းကင်နဲ့ ဆူပွက်ပင်လယ်ဆိုတာ ဘာလဲ မင်းကို ပြပေးမယ်”

သူ၏ စကား မဆုံးသေးခင်မှာပင် လူသားဧကရာဇ်က သူ၏ လက်နှစ်ဖက်ကို ဖြန့်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်လိုက်၏။

အလွန်တရာ ကြောက်စရာကောင်း၍ ချစ်ချစ်တောက် ပူလောင်သော အော်ရာတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက ဖြန့်ကြက်လာခဲ့၏။

ရွှစ်…

ကြီးမားသော သွေးနီရောင် မီးတောက်တစ်ခုက လူသားဧကရာဇ်၏ ဘေးပတ်လည်မှာ ထွန်းတောက်လာပြီး အဆက်မပြတ် ဖြန့်ကြက်ကာ မီးတောက်ပင်လယ်တစ်စင်းကို ချက်ချင်းပင် ဖြစ်ပေါ်လာစေ၏။

အဲဒါကလည်း အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်၏။

သို့သော်လည်း လူသားဧကရာဇ်၏ လောင်ကျွမ်းကောင်းကင် ဆူပွက်ပင်လယ်သည် ရွှေကျီးကန်းမီးဧကရာဇ်၏ စွမ်းအားထက် များစွာပိုမိုသန်မာလေသည်။

ရွှေကျီးကန်းမီးဧကရာဇ် ဆင့်ခေါ်လိုက်သော ဧရာမ မီးလုံးသည် မီးတောက်ပင်လယ်ထဲသို့ ကျဆင်းသွားပြီး သိပ်မကြာခင် ငရဲမီးတစ်ခုကဲ့သို့ တဟုန်းဟုန်း တောက်လောင်ကာ ဝါးမျိုခြင်းခံလိုက်ရ၏။ မီးတောက်ပင်လယ်က အဆုံးမဲ့ သွေးပင်လယ်အတွင်းမှာ ဆင်းသက်လာခဲ့၏။

ဗွက်.. ဗွက်..

တစ်ခဏချင်းမှာပင် အဆုံးမဲ့ သွေးပင်လယ်က ဆူပွက်လာခဲ့၏။

လူသားဧကရာဇ်သည် ထိုအန္တိမ နတ်ဘုရားစွမ်းအားကို ထုတ်ဖော်သောအခါ သူသည် သာမန်သမုဒ္ဒရာတစ်စင်းကိုသာ ဆူပွက်စေခြင်း မဟုတ်ဘဲ သွေးဧကရာဇ် ထုတ်ဖော်လိုက်သော အဆုံးမဲ့ သွေးပင်လယ်ကို ဆူပွက်စေခြင်းဖြစ်လေသည်။

မိုးကောင်းကင်က လောင်ကျွမ်းနီရဲလာခဲ့၏။

သွေးပင်လယ်ကလည်း ဆူပွက်လာခဲ့၏။

အတိအကျဆိုရလျှင် သွေးပင်လယ်သည် ဆူပွက်နေရုံသာမက.. ၎င်းသည် အလျင်အမြန် အငွေ့ပျံပြီး သွေးချီများက ကောင်းကင်ထက်သို့ ဖြန့်ကြက်နေ၏။ ပူနွေး၍ မသတီစရာကောင်းသော သွေးမိုးတစ်ခုက ကောင်းကင်ထက်ကနေ ရွာသွန်းလာခဲ့၏။

ရွှေကျီးကန်းမီးဧကရာဇ်က လူသားဧကရာဇ် ရှေ့သို့ ရောက်ရှိမလာခင်မှာပင် သူက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သူ၏ အသံထဲမှာ အဆုံးမဲ့ အကြောက်တရားတစ်ခု ပါဝင်နေ၏။

သူသည် အစက မီးတောက်များမှာ အထူးပြုသော ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ သက်ရှိတစ်ယောက် ဖြစ်လေသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် လူသားဧကရာဇ်၏ လောင်ကျွမ်းကောင်းကင် ဆူပွက်ပင်လယ်ဖြင့် ထိခိုက်ဒဏ်ရာ ရရှိသွားလေသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ငှက်မွေးများက လောင်ကျွမ်းတူးချစ်သွားလေသည်။

ရွှေကျီးကန်းမီးဧကရာဇ်သည် အဝေးသို့ အရူးအမူး ပြေးထွက်သွားလေသည်။

သူသည် လူသားဧကရာဇ် ထုတ်ဖော်ခဲ့သော သွေးမီးတောက်များကို ပါးစပ်အပြည့် ထွေးထုတ်နေရပြီး အဲဒါက သူ၏ ကိုယ်တွင်းအင်္ဂါများကို လောင်ကျွမ်းပြာချပစ်လုနီးပါးပင်။

သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း လောင်မြိုက်ခံခဲ့ရ၏။

ရွှေကျီးကန်းမီးဧကရာဇ်မှာ ယခင်ကကဲ့သို့ မြင့်မားသော စိတ်ဝိညာဉ် ဆက်လက်၍ မရှိတော့ပေ။

သူသည် မီးမြိုက်ခံထားရသော လင်းတတစ်ကောင်ကဲ့သို့ သူ၏ တောင်ပံများကို တဖျပ်ဖျပ်ခတ်ပြီး အလွန်တရာ ဆိုးဆိုးဝါးဝါးပုံစံဖြင့် အဝေးသို့ ထွက်ပြေးသွားလေသည်။

လူသားဧကရာဇ်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

ရွှေကျီးကန်းမီးဧကရာဇ်က ဒဏ်ရာ အပြင်းအထန် ရရှိသွားသည်ဆိုလျှင်တောင် သူ၏ လှုပ်ရှားမှု နည်းစနစ်က မြန်ဆန်နေသေး၏။

ယခုအချိန်မှာ သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ငှားရမ်းအသုံးပြုနေရ၏။ သူက လိုက်မီနိုင်သည်ဆိုလျှင်တောင် အဲဒါက အချိန်အတော်ကြာ ယူရပေလိမ့်မည်။

သို့သော်လည်း သူက ထိုမျှကြာမည့်အချိန်ကို မတတ်နိုင်ပေ။

ယခုက သူသည် ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရပြီဖြစ်၏။

ထိုသို့အတွေးဖြင့် လူသားဧကရာဇ်သည် ရွှေကျီးကန်းမီးဧကရာဇ်နောက်သို့ လိုက်ဖို့ကို လက်လျှော့လိုက်ပြီး လောင်ကျွမ်းကောင်းကင် ဆူပွက်ပင်လယ်၏ စွမ်းအားကို အဆုံးမဲ့ သွေးပင်လယ်ထဲသို့ လှည့်ပတ်ကာ ၎င်းကို အရူးအမူး လောင်မြိုက်စေလေသည်။

အသက်ရှူချိန် အနည်းငယ်မျှနှင့် အဆုံးမဲ့ သွေးပင်လယ်က ခြောက်ခမ်း၍ အငွေ့ပျံသွား၏။

ဤတစ်ခေါက်မှာတော့ လူသားဧကရာဇ်၏ ဧကရာဇ်လက်နက် ၃ခုက ပြန်လည်ပေါ်ထွက်လာရုံသာမက သွေးဧကရာဇ်၏ ခန္ဓာကိုယ်ကလည်း ပြေးစရာနေရာ မရှိဘဲ လုံးလုံးလျားလျား ပေါ်ထွက်လာခဲ့ပြီဖြစ်၏။

သွေးဧကရာဇ်သည် ကြောက်လန့်တကြား အမူအရာရှိနေပြီး သူ၏ ဂုဏ်သိက္ခာကို လုံးဝ ဂရုမစိုက်နိုင်တော့ဘဲ သနားညှာတာဖို့အတွက် အလောတကြီး တောင်းပန်လိုက်လေသည်။

“လူသားဧကရာဇ်.. ကျေးဇူးပြုပြီး ကျုပ်ကို ချမ်းသာပေးပါ… ကျုပ်မှားပါတယ်.. ကျေးဇူးပြုပြီး ကျုပ်ကို ချမ်းသာပေးပါ လူသားဧကရာဇ်..”

လူသားဧကရာဇ်က လှောင်ရယ်၍ သွေးပင်လယ်ကို ဆင်းသက်လာစေပြီး သွေးဧကရာဇ်ကို ချက်ချင်းပင် လွှမ်းခြုံသွားစေလေသည်။

“အား… အ… အား…”

တုတ်ခိုင်သော သွေးနွယ်ပင်ထောင်ချီက မီးတောက်ပင်လယ်ထဲမှာ လှုပ်ရှားရုန်းကန်နေပြီး သွေးဧကရာဇ်က စူးစူးဝါးဝါး အော်ဟစ်နေ၏။

သွေးနွယ်ပင်မျိုးနွယ်က မီးကို အကြောက်ရွံ့ဆုံး ဖြစ်လေသည်။

ဒါ့အပြင် အဲဒါသည် လူသားဧကရာဇ် ထုတ်ဖော်လိုက်သော အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လေသည်။

မီးတောက်များကို ထိန်းချုပ်ပြီး နေမင်းအမြုတေမီးကို ကျင့်ကြံထားသော ​ရွှေကျီးကန်းမီးဧကရာဇ်ပင်လျှင် သေလုနီးပါး လောင်မြိုက်ခံခဲ့ရ၏။ တိုက်ခိုက်ရည်ခွန်အား ပို၍ပင် နိမ့်ကျသော သွေးဧကရာဇ်ကို ထည့်တွက်နေစရာပင် မလိုတော့ပေ။

အသက်ရှူချိန် အနည်းငယ်မျှမှာ သွေးဧကရာဇ်၏ စူးစူးဝါးဝါး အော်သံက ပျောက်ကွယ်သွား၏။

မီးတောက်ပင်လယ်ထဲမှာ သွေးနွယ်ပင်များ၏ တဖျောက်ဖျောက်မြည်သံကသာလျှင် ကျန်ရစ်ခဲ့လေသည်။

သွေးနွယ်ပင်သည် ကမ္ဘာဦးမျိုးနွယ်ဝင်ဖြစ်သော်လည်း မီးတောက်များထဲမှာ သူတို့သည် အခြားသော သစ်ပင်များနှင့် မခြားနားဘဲ တဖြည်းဖြည်း လောင်ကျွမ်းပြာကျသွား၏။

ထိုသည်ကို တွေ့မြင်သောအခါ သွေးနွယ်ပင်များစွာက လိပ်ပြာလွင့်မတတ် ကြောက်လန့်ကုန်ကြ၏။

အစကနေ ယခုအချိန်ထိ ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များစွာသည် မြေပြင်ပေါ်မှာ ဒူးထောက်နေကြပြီး မဆင်မခြင် ပြုမူလှုပ်ရှားရဲခြင်း မရှိပေ။

ထိုသည်ကို တွေ့မြင်သောအခါ ကမ္ဘာဦးမျိုးနွယ်ဝင်များသည် ပို၍ပင် ထိတ်လန့်ကြောက်ရွံ့လာကြ၏။

လူသားဧကရာဇ် ဆင်းသက်လာသည်မှာ ဘယ်လောက်မှပင် မကြာသေးပေ။

သို့သော်လည်း ငရဲစုန်းဧကရာဇ်၊ ရွှေကျီးကန်းမီးဧကရာဇ်တို့သည် ပြင်းထန်သော ဒဏ်ရာများနှင့်အတူ ထွက်ပြေးသွားရပြီဖြစ်ပြီး ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၊ ဆိုးယုတ်လေယက္ခဧကရာဇ်နှင့် သွေးဧကရာဇ်တို့က သေဆုံးသွားကြလေပြီ။

အခြေအနေမကောင်းတော့သည်ကို အာရုံခံမိသွားပြီး မဟူရာမျက်လုံးဧကရာဇ်ကလည်း ထွက်ပြေးချင်လေသည်။

ကံဆိုးစွာနှင့်ပင်.. သူ၏ လှုပ်ရှားမှု နည်းစနစ်က ရွှေကျီးကန်းမီးဧကရာဇ်ထက် များစွာနိမ့်ကျနေ၏။

လူသားဧကရာဇ်က သူ့အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပြီး ဧကရာဇ်လက်နက် ၃ခုသည် လေထုကို ဖြတ်သန်းလာခဲ့၏။ လူသားဧကရာဇ်၏ ကြေးမုံက လေထဲမှာ ရစ်ဝဲပြီး ဂမ္ဘီရအလင်းတစ်ခုကို ထုတ်ဖော်ကာ မဟူရာမျက်လုံးဧကရာဇ်ပေါ်သို့ ထိုးဆင်းသွားစေလေသည်။

မဟူရာမျက်လုံးဧကရာဇ်သည် ညည်းတွားအော်ဟစ်​ပြီး သူက ရွှံ့ညွန်တောတစ်ခုထဲသို့ ကျဆင်းသွားသည့်အလား လှုပ်ရှားဖို့အတွက် ခက်ခဲလာခဲ့၏။

အခြားတစ်ဖက်မှာ လူသားဧကရာဇ်၏ ချိတ်စည်းက ရန်လိုခက်ထန်သော အော်ရာတစ်ခုနှင့်အတူ မဟူရာမျက်လုံးဧကရာဇ်ထံသို့ ပစ်ဝင်လာခဲ့၏။

လူသားဧကရာဇ်၏ စုတ်တံကလည်း အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွားပြီး ထိုးဆင်းလာခဲ့၏။

“လူသားဧကရာဇ်.. မင်းက ငါ့ကို သူသေကိုယ်သေ တိုက်ခိုက်ရအောင် ဖိအားပေးလိုက်တာပဲ”

မဟူရာမျက်လုံးဧကရာဇ်က မာန်သွင်းအော်ဟစ်ပြီး သူ၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးက နောက်တစ်ဖန် ပွင့်ဟလာ၏။

ဤတစ်ခေါက်မှာ မဟူရာမျက်လုံးဧကရာဇ်၏ ကောင်းကင်ဘုံမျက်လုံးသည် လုံးဝ အမှောင်ထုအပြည့် ပြောင်းလဲသွား၏။

တစ်ချိန်တည်းမှာပင်… မဟူရာမျက်လုံးဧကရာဇ်၏ မျက်လုံးများထဲရှိ အဖြူဆံက ပျောက်ကွယ်သွားပြီး လုံးဝ နက်မှောင်သွားခဲ့လေသည်။

အဲဒါက နက်မှောင်နေသော မျက်လုံးသုံးလုံးဖြစ်လေသည်။

မဟူရာမျက်လုံးဧကရာဇ် ထုတ်ဖော်လိုက်သော အန္တိမ နတ်ဘုရားစွမ်းအားသည် အရမ်းကို ကြောက်စရာကောင်းပြီး သူ၏ မျက်လုံးများက ပေါက်ကွဲထွက်ကာ ပိန်းပိတ်အောင် နက်မှောင်နေသော တွင်းချိုင့်တစ်စုံကို ဖြစ်ပေါ်လာစေ၏။

မဟူရာမျက်လုံးဧကရာဇ်၏ ကောင်းကင်ဘုံမျက်လုံးပင်လျှင် အဲဒါကို ခံနိုင်ရည်မရှိဘဲ မသတီစရာ သွေးစီးကြောင်းများက ပန်းထွက်လာခဲ့၏။

“ဘန်း…”

မျက်လုံးသုံးလုံးသည် အလွန်တရာ ကြောက်စရာကောင်းသော အနက်ရောင် အလင်းတစ်ခုနှင့်အတူ ပေါက်ကွဲထွက်သွားပြီး နေရာတစ်ခုတည်းမှာ စုဆုံကာ ဧရာမ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လူသားဧကရာဇ်ထံသို့ ပစ်ဝင်လာခဲ့၏။

အရာရာတိုင်းကို ဖျက်ဆီးပစ်ဖို့ ခြိမ်းခြောက်နိုင်သော အော်ရာတစ်ခုက ဖြန့်ကြက်ထွက်ပေါ်လာ၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ထိုအနက်ရောင် အလင်းတန်းကို ကြည့်ပြီး သူတို့၏ နှလုံးများက တုန်ခါလာသည်ဟု ခံစားကြရ၏။

လူသားဧကရာဇ်၏ စုတ်တံက မဟူရာအလင်းတန်းနှင့် ထိတွေ့မိသောအခါ ၎င်းက ချက်ချင်းပင် ဖယ်ရှားရှင်းလင်းခံလိုက်ရ၏။

အနက်ရောင်အလင်းက လုံးဝ ရပ်တန့်သွားခြင်း မရှိဘဲ ဝင်ရောက်လာသော လူသားဧကရာဇ် ချိတ်စည်းကို ထိခတ်သွားလေသည်။ ဘန်းခနဲ မြည်သံနှင့်အတူ ၎င်းသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ ကြီးမားသော ဤလက်နက် လူသားဧကရာဇ် ချိတ်စည်းကို လွင့်စင်ထွက်သွားစေ၏။

လူသားဧကရာဇ် ချိတ်စည်းပင်လျှင် ထိုအနက်ရောင် အလင်းတန်းကို မခုခံနိုင်ပေ။

“အဲဒါက ကမ္ဘာဖျက်မျက်လုံးပဲ”

ချန်နဂါးဧကရာဇ်က တည်တံ့စွာ ပြောလိုက်၏။

“မဟူရာမျက်လုံးဧကရာဇ်က အဲဒီ အန္တိမ နတ်ဘုရားစွမ်းအားကိုတောင် ကျင့်ကြံထားနိုင်တာပဲ”

အဲဒါကို ကမ္ဘာဖျက်မျက်လုံးဟု ခေါ်ဆိုရသည့်အချက်ကပင် ထိုအန္တိမ နတ်ဘုရားစွမ်းအား၏ စွမ်းပကားကို သက်သေပြပေးနေ၏။

“မင်းက ငါနဲ့ သူသေကိုယ်သေ တိုက်ခိုက်ဖို့ အဆင့်မမီဘူး”

လူသားဧကရာဇ်က တည်ငြိမ်သော အမူအရာနှင့်ပင် ခပ်ပေါ့ပေါ့ ပြောလိုက်၏။

သူ့စကားမဆုံးသေးခင်မှာပင်.. သူ၏ အင်္ကျီလက်စနှစ်ဖက်ကို ဝှေ့ယမ်းပြီး လေထဲမှာ ရှည်လျားသော တံတားတစ်စင်းကို ပေါ်ထွက်လာစေ၏။ ၎င်းသည် သူ၏ ခြေဖဝါးအောက်ကနေ အနက်ရောင် အလင်းတန်းဆီသို့ ဆန့်တန်းသွားလေသည်။

တံတားသည် လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများဖြင့် ပြည့်နှက်နေပြီး လူသားဧကရာဇ်၏ တာအိုနှင့် ဓမ္မပညာရပ်များကို ခိုင်မာစေကာ အခြားတစ်ဖက်သို့ ဦးတည်သွားသည်ဟု ထင်ရလေသည်။

အန္တိမ နတ်ဘုရားစွမ်းအား ပါရမီတံတား…

ပါရမီတံတားသည် အနက်ရောင် အလင်းတန်းနှင့်အတူ ကျယ်လောင်စွာ ထိတွေ့ရိုက်ခတ်သွား၏။

ခဏမျှ ရပ်တန့်ပြီးနောက်.. အနက်ရောင် အလင်းတန်းက စတင်ပြိုလဲ၍ ကြေမွသွား၏။

တစ်ချိန်တည်းမှာပင် မဟူရာမျက်လုံးဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး သူ၏ ပါးစပ်ထဲကနေ သွေးများက ပန်းထွက်လာခဲ့၏။

All Chapters