← Chapters

အစစ်အမှန်ဂိမ်း

Vol. 62 Ch. 918

အစစ်အမှန်ဂိမ်း

Vol. 62 Ch. 918

ပိုင်ချောင်းက သူမ၏ ဂိမ်းအတွေ့အကြုံ အရမ်းနုသေးသည်ကို ရုတ်တရက် သိလိုက်ရသည်။

သူမက ဇာတ်ညွှန်းသွား ဘယ်လိုလဲဆိုသည်ကို သိနိုင်မည်ဟု သူမကိုယ်သူမ ထင်ခဲ့သည်။

သို့သော် ချန်းချောင်၏ သုံးသပ်မှုကို နားထောင်ပြီးနောက်တွင် ချန်းချောင်ကသာလျှင် စစ်မှန်သော ဂိမ်းသခင် တစ်ယောက် ဖြစ်ကြောင်း သူမ ခံစားလိုက်ရသည်။

ကော်ဟောက် နှင့် မြေပဲလေးတို့ သတိရလာသောအခါတွင် ချန်းချောင်သည် ၎င်းတို့ကို လက်ရှိအခြေအနေအား ရှင်းပြနေသည်။

ဂိမ်းများသည် ကျောင်းသားများ၏ အချိန်နှင့် လုံ့လစိုက်ထုတ်မှုများကို ပြုန်းတီးစေသည်။

ဂိမ်းအတွက်ဆိုလျှင် ကျောင်းသားများသည် ငွေကြေးကိုပင် သုံးစွဲလိုစိတ် ရှိကြသည်။

အဖွဲ့လိုက်ကစားရသော ဂိမ်းဖြစ်စေ သို့မဟုတ် တစ်ဦးတည်းကစားရသော ဂိမ်းဖြစ်စေ ဂိမ်းအသစ်တစ်ခုကို ပထမဆုံးကစားရခြင်းသည် အမြဲတမ်းပင် ပျော်စရာကောင်း၏။

“ဒီဂိမ်းမှာ မြှုပ်ကွက်တွေ အရမ်းများတယ်.. ငါတို့အနေနဲ့ ဇာတ်ကွက်ကို ကိုယ်တိုင် ရှာဖွေမှရမယ်”

“ဒီဂိမ်းက တော်တော်စိတ်ဝင်စားဖို့ ကောင်းတာပဲ”

ကော်ဟောက်က သူ့ပေါင်ကို ပုတ်၍ အားပါးတရ ပြောလိုက်သည်။

ထိုခဏတွင် ချန်းချောင်သည် လက်ရှိအခြေအနေကို ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။

“လောလောဆယ်မှာတော့ အဓိကဇာတ်ကွက်က ဘာလဲဆိုတာကို ငါတို့မသိသေးဘူး.. ဂိမ်းက ငါတို့ကို ဘာထောက်ပံ့မှုမှလည်း မရှိဘူး.. ကုန်ကုန်ပြောရရင် ဂိမ်းမှာသုံးတဲ့ဘာသာစကားကိုတောင် ငါတို့တွေ နားမလည်နိုင်ဘူး.. ပုံမှန်ဆိုရင်တော့ ဂိမ်းက ဇာတ်လမ်းအစမှာတည်းက ဘာသာစကားရွေးချယ်ခွင့်တွေကို ပေးသင့်တယ်.. အကယ်၍ ရွေးချယ်ခွင့်ပေးခဲ့ရင်တောင် ဘာသာစကားတွေ အားလုံးက နိုင်ငံခြားဘာသာစကားတွေ ဖြစ်နေရင် ဂိမ်းကို ဘယ်လိုလုပ်ပြီး ရှင်းရမှာလဲ”

“ဘာသာစကားလား”

မြေပဲလေးက ရေရွတ်လိုက်သည်။

“ဒါဆို ငါတို့အခု ဘယ်လိုလုပ်ရမှာလဲ”

“အရင်ဆုံးမြို့ထဲကို လှည့်ပတ်ကြည့်ရအောင်.. ကော်ဟောက်ရဲ့ဦးလေးက ဒီဂိမ်းထဲမှာ သဲလွန်စတစ်ခုခုကို မြှုပ်နှံထားမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ”

ချန်းချောင်က ပြောလိုက်သည်။

ထိုစကားကြောင့် ဝမ်လင်းက အံ့ဩသွားသည်။

“ဟမ်.. ကော်ဟောက်ရဲ့ ဦးလေး.. ဟုတ်လား”

“ဝမ်လင်း.. မင်းက ငါတို့နဲ့ ဂိမ်းသိပ်မဆော့တော့ မသိသေးတာသဘာဝကျပါတယ်”

ချန်းချောင်က ရယ်မောနေသည်။

“ကော်ဟောက်ရဲ့ ဦးလေးတစ်ယောက်က ဂိမ်းပရိုဂရမ်တွေ ဆွဲတယ်လေ.. သူပရိုဂရမ်ဆွဲတဲ့ ဂိမ်းအားလုံးမှာ သဲလွန်စတွေကို တိတ်တဆိတ် မြှုပ်နှံထားလေ့ရှိတယ်.. အခြေခံအားဖြင့် ပြောရရင် ငါတို့ကစားတဲ့ ဂိမ်းအားလုံးမှာ သဲလွန်စတွေ မြှုပ်နှံထားလေ့ ရှိကြတယ်”

“……….”

ဝမ်လင်းက ဂိမ်းထဲ၌ သဲလွန်စ တိတ်တဆိတ် မြှုပ်နှံထားမည်ကို မယုံကြည်သော်လည်း ချန်းချောင်၏ ပါးစပ်စီးမှုကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ခံစားခဲ့ပြီးပြီ ဖြစ်သည်။

ဝမ်လင်းက ဘုရင်မျက်လုံးဖြင့် ဂြိုဟ်၏ဖွဲ့စည်းမှုကို အကြမ်းဖျင်း သိရှိပြီးနောက်တွင် ဘုရင်မျက်လုံးကို ပြန်လည်သိမ်းဆည်းလိုက်သည်။

ဤကမ္ဘာမြေပေါ်တွင် မြို့တစ်မြို့သာရှိပြီး ထိုမြို့၏ မြေပုံကို မိုးမျှော်တိုက်တိုင်းတွင် ပရိုဂျက်တာဖြင့် ထင်ရှားစွာပြသထားသည်။

ဝမ်လင်း ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် မွန်းစတားများတွားသွားနေသည့် ဤကမ္ဘာမြေပေါ်မှ ဘုရင်ခံသည် မမျှော်လင့်ဘဲ လူနှင့် အသွင်အပြင် ဆင်တူနေသည်။

သို့သော် တစ်ဖက်လူသည် အမှန်တကယ် လူသား ဟုတ်မဟုတ် မသေချာသေးပေ။

“မင်းတို့တွေ ငါ့ကိုအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ဖို့ တကယ် ဆုံးဖြတ်လိုက်ပြီလား”

ချန်းချောင်က မေးခွန်းထုတ်လိုက်သည်။

“ဟ.. မေးနေစရာလိုသေးလား.. အဖွဲ့ခေါင်းဆောင်နေရာက မင်းကလွဲပြီး ဘယ်သူနဲ့ သင့်တော်မှာလဲ”

ဖန့်ရှင်းက ပြုံး၍ ပြောလိုက်သည်။

ရိုးသားစွာဝန်ခံရလျှင် ဤသည်က ဖန့်ရှင်းအတွက် ဆန်းသစ်သည့်ခံစားချက်တစ်ခု ဖြစ်၏။

ဝမ်လင်းမှလွဲ၍ တစ်စုံတစ်ယောက်ထံမှ စိတ်ချလက်ချ ဖြစ်မှုကို ခံစားရမည့် နေ့တစ်နေ့ရှိလာမည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ဝမ်လင်းက ကောင်းကင်တာအိုကို ဆက်လက် အသုံးပြုနေဆဲဖြစ်သောကြောင့် မြို့ထဲသို့ ခိုးဝင်ရန်မှာ သူတို့ မျှော်လင့်ထားသည်ထက်ပင် ပိုမိုလွယ်ကူခဲ့သည်။

ဝမ်လင်းက လူတိုင်း၏ အသွင်အပြင်ကို မြို့တွင်းရှိ မွန်းစတားများနှင့် တူအောင် ပြောင်းလဲရန်အတွက် မဟာအသွင်ပြောင်းမှော်စွမ်းရည်ကို အသုံးပြုခဲ့သည်။

ချန်းချောင်က ကြောက်မက်ဖွယ် ကြွက်သားအနီကြီးများ ရှိသည့် ဦးချိုနှစ်ချောင်းပါသော မိစ္ဆာဘုရင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ကော်ဟောက်ကမူ ရောင်စုံကြက်ဖကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။

ဤပုံစံကိုဝမ်လင်းက (wrathful rooster)ကို အခြေခံ၍ ဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်၏။

ဝမ်လင်းသည်အွန်လိုင်းဒရာမာဖြစ်သည့်( The Wrath of Time)ကို အရူးအမူးကြည့်ရှုသော ပရိသတ်တစ်ဦး ဖြစ်သည်။

မြေပဲလေးက ဘူးသီး မိစ္ဆာအဖြစ်သို့ ပြောင်းလဲသွားပြီး ဓားနှစ်ချောင်းကို နောက်ကျောတွင် လွယ်ပိုးထားသည်။

ဤဓားမြှောင်များသည် အတုများဖြစ်ပြီး အသုံးမပြုနိုင်ပေ။

ဖန့်ရှင်းကမူ ပန်းမိစ္ဆာအဖြစ်သို့ ပြောင်းလဲခဲ့သည်။

ထိုပုံသဏ္ဍာန်ကို ဝမ်လင်းက အပင်စွယ်စုံကျမ်းတွင် မြင်ဖူးခဲ့ခြင်း ဖြစ်သည်။

ဝမ်လင်း၏ပုံစံကမူ အလွန်ရိုးရှင်းသည်။

သူက ရက်ကွန်းအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်၏။

ပိုင်ချောင်းကမူ ထူးထူးခြားခြား သိပ်မပြောင်းလဲခဲ့ပေ။

သူမက ခြေထောက်များကို ဖျောက်ထားလိုက်ရာ တစ္ဆေဝိညာဉ်ကဲ့သို့ ဖြစ်သွားခဲ့သည်။

ဤသည်မှာ ရှေးဟောင်းဝိညာဉ်များ၏ အားသာချက်တစ်ခု ဖြစ်သည်။

ရှေးဟောင်းဝိညာဉ်များသည် ခြေထောက်များကို အချိန်မရွေး ဖျောက်ထားနိုင်၏။

အမှတ်၆၀ အထက်တန်းကျောင်းမှ မွန်းစတားအဖွဲ့သည် မြို့ထဲသို့ ဝင်လာသောအခါတွင် မြို့ကိုစောင့်ကြပ်နေသော မွန်းစတား စစ်သားများသည် ၎င်းတို့ကို တစ်စုံတစ်ရာ သတိပြုမိခြင်း မရှိခဲ့ပေ။

တစ်မြို့လုံးက ကွဲပြားသော ဘာသာစကားများဖြင့်သာ ပြောဆိုနေသောကြောင့် ချန်းချောင်က လူတိုင်းကို ဘားတစ်ခုသို့ ခေါ်လာခဲ့သည်။‌

ချန်းချောင်က ဆိုင်းဘုတ်မှ စကားလုံးများကို နားမလည်သော်လည်း ဆိုင်အတွင်းရှိ အရက်ပုလင်းများကို မြင်လျှင် ဤသည်က ဘားဆိုင် ဖြစ်ကြောင်း သိရှိခဲ့သည်။

“ဒီလိုမျိုးဂိမ်းတွေမှာ ဇာတ်ကွက်တွေက ဒီလို ဘားတွေကနေ စတာပဲ”

ချန်းချောင်က ဘား၏ဝင်ပေါက်တွင် လူတိုင်းကို ရှင်းပြလိုက်သည်။

ဖန့်ရှင်းက ခေါင်းညိမ့်လိုက်သည်။

သူက ထုံးစံအတိုင်း ချန်ချောင်ကို ယုံကြည်ခဲ့သည်။

ဘားထဲ ဝင်သွားသောအခါတွင် ကောင်တာမှ ဘားတန်ဒါသည် ပုတ်သင်တစ်ကောင် ဖြစ်နေခဲ့သည်။

ဝမ်လင်းနှင့်ဖန့်ရှင်းတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ဤမြို့၌ မွန်းစတားအမျိုးမျိုး ရှိသော်လည်း မြို့ကို စောင့်ကြပ်သော ပုတ်သင်တပ်သားများနှင့် လမ်းများပေါ်တွင်ကင်းလှည့်နေသော လိပ်ပြာတပ်သားများကို အများဆုံးတွေ့ရသည်။

ဤမြို့၏ အဓိကနေရာများကို သိမ်းပိုက်ထားသူများမှာ ပုတ်သင်များသာ ဖြစ်သည်။

သို့သော် ၎င်းတို့၏ ကိုယ်ပေါ်တွင် မည်သည့်နတ်ဆိုး သို့မဟုတ် မိစ္ဆာအငွေ့အသက်ကိုမှ မတွေ့ရပေ။

ဆိုရလျှင် ၎င်းတို့သည် နတ်ဆိုးကမ္ဘာရှိ ပုတ်သင်များနှင့် လုံးဝမတူပေ။

“ခလောင်”

ဘားတံခါးပေါ်မှ ခေါင်းလောင်းသံက မြည်သွားသည်။

တစ်ခဏအတွင်းမှာပင် ဘားအတွင်းရှိ မွန်းစတားအားလုံးသည် ဝမ်လင်းတို့အဖွဲ့ကို လှည့်ကြည့်လိုက်ကြသည်။

ဝမ်လင်း၏ အကာအကွယ် အလင်းရောင်က ချန်းချောင်တို့ အားလုံးကို ကာကွယ်ရန်အတွက် ပျံ့လွင့်သွားခဲ့သည်။

ချန်းချောင်က အစောပိုင်းတွင် ဘားဆိုင်ထဲမှ မွန်းစတားများ၏ ဝိညာဉ်ရေးဆိုင်ရာ ဖိအားကို ခံစားခဲ့ရသော်လည်း ဝမ်လင်းက ထိုဖိအားများကို ကာကွယ်ပေးခဲ့သည်။

ချန်းချောင်နှင့် ကော်ဟောက်တို့က ဂိမ်းမှပေးစွမ်းသော စစ်မှန်သည့် ခံစားချက်များကို အံ့ဩကာ စိတ်ထဲကနေ ရေရွတ်လိုက်ကြသည်။

“လခွမ်း.. ဂိမ်းက အာရုံခံကိရိယာတောင် ပါတယ်ဟ.. ဒီဂိမ်းက တော်တော်လေး အံ့ဩစရာကောင်းတာပဲ”

သူတို့က ဤကဲ့သို့ဂိမ်းစက်များကို ဆော့ရန် မတတ်နိုင်သော်လည်း ဂိမ်းများအပေါ်တွင် နားလည်မှုအချို့ ရှိနေဆဲဖြစ်သည်။

ပုံရိပ်ယောင်ဂိမ်းစက် မော်ဒယ်များမှာ ဈေးကွက်တွင်အနည်းငယ်မျှသာ ရှိသည်။

သူတို့သိရသလောက် ထိုဂိမ်းစက်များအားလုံးသည် လက်တွေ့ဆန်မှု ကင်းမဲ့နေဆဲ ဖြစ်၏။

သို့သော် ဤဂိမ်းတွင်မူ သူတို့သည် ဝိညာဉ်ရေးဖိအားကို အမှန်တကယ် ခံစားသိရှိနိုင်ခဲ့သည်။

“ဒီဂိမ်းက အရမ်းကို လက်တွေ့ဆန်လွန်းနေတာပဲ.. အရမ်းမိုက်တယ်.. မင်းက NPC မဟုတ်လား”

{NPC=ဂိမ်းမှဖန်တီးထားသောဇာတ်ကောင်}

ချန်းချောင်က ပုတ်သင်ညိုဘားတန်ဒါထံ ချက်ချင်း လျှောက်သွားခဲ့ပြီး လုံးဝ ကြောက်ရွံ့မှုမရှိဘဲ နှာခေါင်းကို ဖိညှစ်လိုက်သည်။

ချန်းချောင်၏အပြုအမူကြောင့် ပုတ်သင်ညိုဘားတန်ဒါက မျက်မှောင်ကြုတ်သွားခဲ့၏။

“???”

ချန်းချောင် “အိုး.. မိုက်တယ်ဟ.. ကော်ဟောက် မင်းကြည့်စမ်း.. ဒီNPC အမှန်တကယ်ကို စိတ်ဆိုးနေတဲ့ပုံပဲ.. ဒီဂိမ်းရဲ့လက်တွေ့ဆန်မှုတွေက တကယ်ကို လက်ဖျားခါလောက်စရာပဲ”

ဝမ်လင်း၊ ဖန့်ရှင်းနှင့် ပိုင်ချောင်း “……….”

ထို့နောက်တွင် ချန်းချောင်သည် အခြားမွန်းစတားများ သောက်နေသည့် အရက်ပုလင်းကို ကောက်ယူလိုက်ပြီး ပုတ်သင်ဘားတန်ဒါ၏ ခေါင်းကို ရိုက်ထည့်လိုက်သည်။

ခေါင်းအရိုက်ခံလိုက်ရသဖြင့် ပုတ်သင်ဘားတန်ဒါက ဒေါသအိုး ပေါက်ကွဲလာပြီး ချက်ချင်းပင် မျက်နှာနီရဲလာသည်။

ချန်းချောင် “အိုး လခွမ်းပဲ.. အားလုံးကြည့်စမ်း.. ဒီပုတ်သင်ဓားတန်ဒါက တကယ်ကို စိတ်ဆိုးနေတာပဲ.. ဒီဂိမ်းရဲ့ NPC တွေက တကယ်ကို လက်တွေ့ကျလွန်းတယ်”

ပုတ်သင်ဘားတန်ဒါက ချန်းချောင်ပြောသည့် စကားများကို တစ်ခွန်းမှ နားမလည်ပေ။

သို့သော်လည်း ဒေါသထွက်သည့်ပုံသဏ္ဍာန်သည် စကြာဝဠာရှိနေရာတိုင်းတွင် အတူတူသာ ဖြစ်သည်။

အထင်သေးသောအမူအရာကြောင့် ပုတ်သင်ဘားတန်ဒါသည် သေနက်တစ်လက်ကို ချက်ချင်းထုတ်ကာ ချန်းချောင်ကို ချိန်ရွယ်လိုက်သည်။

“ဟားဟား.. ဒီပုတ်သင်က သေနက်ကိုတောင် ထုတ်လိုက်ပါလားဟ.. တကယ်ရော ငါ့ကို ပစ်နိုင်လို့လား”

ချန်းချောင်က ရယ်မောလိုက်ပြီး ပုတ်သင်ဘားတန်ဒါ၏ လက်ထဲမှ သေနတ်ကို တိုက်ရိုက် လုယူလိုက်သည်။

ဝမ်လင်း၊ ဖန့်ရှင်းနှင့် ပိုင်ချောင်း “……….”

ထို့နောက်တွင် ချန်းချောင်က ပုတ်သင်ဘားတန်ဒါ၏ ခေါင်းကို ချိန်ရွယ်လိုက်သည်။

“NPCလေးကများ ငါ့ကိုအန်တုရဲတယ်.. သွားသေလိုက်တော့”

“ဖောက်”

သေနက်ထဲမှလေဆာရောင်ခြည်က ပုတ်သင်ဘားတန်ဒါ၏ ခေါင်းကို ထိုးဖောက်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ပုတ်သင်ဘားတန်ဒါသည် သွေးအိုင်ထဲတွင် လဲကျသွားခဲ့သည်။

ချန်းချောင်က အံ့ဩသွားပြန်သည်။

“အိုးလခွမ်း.. သွေးတွေတောင်မှ တကယ်ကြီးအနီရောင်ဟ”

ဝမ်လင်း၊ ဖန့်ရှင်းနှင့် ပိုင်ချောင်း “……….”

အပိုင်း(၉၁၈) ပြီး၏

All Chapters