← Chapters

ကြယ်သခင်နှင့်တိုက်ပွဲ

Vol. 62 Ch. 922

ကြယ်သခင်နှင့်တိုက်ပွဲ

Vol. 62 Ch. 922

နတ်တာအိုကြယ်၊ နတ်နဂါး မျိုးနွယ်ဝင်၊

ဤသည်မှာ ကော်ဖျင် ထံမှ ရရှိခဲ့သည့် ကြယ်စင်အရှင်သခင်၏ အချက်အလက်အားလုံး ဖြစ်သည်။

အရူး တစ်ယောက်ကို တိုက်ရန် နည်းလမ်း နှစ်ခုသာရှိသည်။

နည်းလမ်း၁- အရူးက သင့်ကိုကြိုက်သည်ဟု ပြောသည် → သင်လက်ခံသည် → သင်သည် အရူး နှင့်အတူ ပျော်ရွှင်စွာနေထိုင်သွားသည်။

နည်းလမ်း၂- အရူးက သင့်ကိုကြိုက်သည်ဟု ပြောသည် → သင်သူ့ကို ငြင်းပယ်သည် → သင်ရက်စက်စွာ သေသည်။

ဆိုရလျှင် နတ်တာအိုကြယ်၏ ကြယ်စင် အရှင်သခင်သည် ရူးသွပ်မှုတွင် အမြင့်ဆုံးအဆင့် ရှိနေသည်မှာ ထင်ရှား၏။

၎င်းက တစ်ခုခုကို နှစ်သက်သ၍ တစ်ဖက်လူ၏ သဘောထားကို ဂရုစိုက်နေစရာ မလိုဘဲ လုပ်ဆောင်နိုင်စွမ်းရှိသူ ဖြစ်၏။

ထို့ကြောင့် ဝမ်လင်းက ကြယ်စင်အရှင်သခင် မည်မျှအစွမ်းထက်သည်ကို နားလည်နေပြီ ဖြစ်သည်။

ဤကိစ္စကို ကောင်းစွာ မဖြေရှင်းနိုင်လျှင် အာဒံနှင့် ဧဝ အသစ်သည် နတ်တာအိုကြယ်တွင် ပေါ်လာတော့မည် မဟုတ်ပါလော။

"သူဟာ နတ်နဂါးလား နဂါးပေါက်စလား ဆိုတာ ငါတို့ သူ့ကို မတိုက်ရမချင်း သေချာမသိနိုင်ဘူး"

ပိုင်ချောင်းက ပြောလိုက်သည်။

"မစ္စပိုင်က ကြယ်စင်အရှင်သခင်ရဲ့ ပစ်မှတ် ဖြစ်တာမို့ ကြယ်စင်အရှင်သခင်နဲ့ ယှဥ်နိုင်မယ်လို့ ငါတို့ ယုံကြည်မှုရှိတယ်.. ငါတို့က ကိစ္စတွေကို အလျင်အမြန် ဆောင်ရွက်ရမယ်.. အချိန်သိပ်မကျန်တော့ဘူး"

ကော်ဖျင်က မျက်မှောင်ကြုတ်၍ လေးနက်စွာ ပြောလိုက်သည်။

သူက သူ့လက်ပတ်နာရီမှ ခလုတ်ကို နှိပ်လိုက်ပြီး မြေပုံကို လေထဲတွင် ဖြန့်ပြလိုက်သည်။

“ကြယ်ပွင့်တွေနဲ့ အမှတ်အသားပြုထားတဲ့ နေရာက ကြယ်စင်အရှင်သခင်ရဲ့ နန်းတော်ပဲ.. အရင်တုန်းက ပုတ်သင်လူသားတစ်ကောင်ဆီက ID အတုတွေ ဝယ်ခဲ့ဖူးတယ်.. ငါတို့ သူ့ကို ခိုးဝင်ပြီး သတ်သင့်လား”

"မင်းက အင်ပါယာချင်ကို လုပ်ကြံတဲ့ ကျင့်ခယ်လိုမျိုး လုပ်ချင်လို့လား.. ဒီလောက်ထိ ဒုက္ခခံစရာ မလိုပါဘူး”

ပိုင်ချောင်းက ခေါင်းခါယမ်းလိုက်ပြီး လက်ပိုက်ထားလိုက်သည်။

"ငါတို့က ရှေ့ကနေ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ရတာကိုပဲ နှစ်သက်ကြတယ်"

ကော်ဖျင်“......…”

ထိုအချိန်တွင် သူသည် ခံစားချက်မဲ့ ငါးမသာမျက်လုံးနှင့် လူငယ်ကို ကြည့်လိုက်သည်။

အစောပိုင်းက သူ၏ ခေါင်းထဲသို့ ရောက်လာသော “နာနာလေးရိုက်မယ်”ဟူသော စကားလုံးသည် ဤချာတိတ်ထံမှ ဖြစ်သည်မှာ ထင်ရှား၏။

သို့သော် ဤလူငယ်လေး၏ ပုံစံက တကယ်ကို ပျော့ညံ့လွန်းလှသည်။

[ထားလိုက်ပါ.. ဆယ်ကျော်သက် ဆိုတော့ ပေါ့ပြက်ပြက် တွေးနေတဲ့ပုံပဲ]

ကော်ဖျင် နားမလည်သည်တော့ မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ကြယ်စင်အရှင်သခင်ကို တိုက်ခိုက်ခြင်းသည် အဆုံးသတ်တွင် မစ္စပိုင်ချောင်း နှင့်သာ သက်ဆိုင်သည် မဟုတ်လော။

သူမသည် ကမ္ဘာမြေပေါ်တွင် အသန်မာဆုံးလူ ဖြစ်သည်။

ကော်ဖျင်က နတ်တာအိုကြယ်သို့ ဆွဲခေါ်ခံရသော အထက်တန်းကျောင်းသားများ ထံမှ အကူအညီကို ဘယ်သောအခါမှ အားမကိုးခဲ့ပေ။

ပွင့်လင်းစွာ ပြောရလျှင် အထက်တန်းကျောင်းသားများသည် မည်သည့်အရာကို လုပ်နိုင်ပါအံ့နည်း။

ကောလိပ်စာမေးပွဲ သုံးနှစ်နှင့် လက်တွေ့ ငါးနှစ် ပြီးသည်နှင့် ၎င်းတို့က ဆရာ့ဆရာကြီး ဖြစ်သွားမည်လော။

…..........

တစ်ချိန်တည်းမှာပင် ကမ္ဘာမြေပေါ်ရှိ စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်နှင့် ထိုအထက်တွင်ရှိသော ကျင့်ကြံသူများသည် လေထဲတွင် တခါမှ မခံစားဖူးသော စွမ်းအင်လှိုင်းများကို ခံစားမိခဲ့ကြသည်။

ယင်းက သူတို့ မမြင်တွေ့ဖူးသည့် စွမ်းအားတစ်ခု ဖြစ်၏။

ထိုအချိန်တွင် ဗိုလ်ချုပ်ရီသည် တောင်ပေါ်၌ နိုင်ငံခေါင်းဆောင်နှင့် စစ်တုရင် ကစားနေခဲ့သည်။

နိုင်ငံခေါင်းဆောင်က ကျောက်တုံးနက်ကို စစ်တုရင်ခုံ ပေါ်သို့ ချလိုက်သည့်အခါ စစ်တုရင်ခုံက အမှန်တကယ် ကွဲအက်သွားပြီး အစိတ်အပိုင်းများစွာ ကွဲသွားခဲ့သည်။

"ရီရီလေး.. ဒီစစ်တုရင်ခုံက သိပ်အဆင်မပြေသလိုပဲ.. အရည်အသွေး အကောင်းဆုံး စစ်တုရင်ခုံကို ဝယ်ခဲ့တယ်လို့တော့ ငါ့ကိုမပြောနဲနော်.. ငါစောနက ဘာမှ အားထည့်ထားတာ မဟုတ်ဘူး"

“နိုင်ငံခေါင်းဆောင် နားလည်မှုလွဲနေပါပြီ.. ကျနော့်ရဲ့ စစ်တုရင်ခုံက သောင်ချင် ထုတ်ကုန်တစ်ခု ဆိုပေမဲ့ အရည်အသွေး အရမ်းကြီးတော့ မဆိုးသေးပါဘူး.. နိုင်ငံခေါင်းဆောင်ကိုက သန်မာလွန်းနေလို့ပါ.. ဒါနဲ့ နိုင်ငံခေါင်းဆောင်.. လေထဲမှာ ထူးဆန်းတဲ့ အော်ရာ အတက်အကျကို ခံစားမိလား”

"ဒီအတက်အကျနဲ့ ပတ်သက်ပြီး တစ်ခုခု မူမမှန်ဘူး"

နိုင်ငံခေါင်းဆောင်က မျက်မှောင်ကြုတ်ပြီး သူ့ဘေးနားရှိ ဘဏ္ဍာစိုး ထန်ချမ့်ကို လှည့်ကြည့်လိုက်သည်။

"ထန်ချမ့်.. ဟွာရှို့မဟာမိတ် နဲ့ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို ဖုန်းခေါ်ဆိုပြီး တစ်စုံတစ်ယောက်က စမ်းသပ်မှု တစ်မျိုးမျိုးကို လုပ်ဆောင်နေသလား ဆိုတာ စစ်ဆေးခိုင်းလိုက်ပါ"

…...................

ထိုအချိန်တွင် သုတေသနဌာနမှ ပညာရှင်များ အားလုံးသည် အသင့်အနေအထားဖြင့် ရှိနေကြသည်။

ဝမ်မင် နှင့် ကျိုက်ယန် တို့သည် အရေးပေါ် ပြုပြင်မှုများ ပြုလုပ်ရန်အတွက် အခင်းဖြစ်ပွားရာ နေရာသို့ အမြန်ဆုံး သွားခဲ့ကြသည်။

လွန်ခဲ့သည့်ငါးမိနစ်ကစပြီး သုတေသနဌာန၏ စောင့်ကြည့်ရေးကိရိယာများသည် ရုတ်တရက် ပျက်စီးသွားခဲ့သည်။

ထိုကဲ့သို့ တစ်ခါမှ မဖြစ်ဖူးပေ။

ကမ္ဘာခြားဂိတ်တံခါး ဆင်းသက်လာစဥ်ကလည်း ပုံမှန်မဟုတ်သည့် စွမ်းအင် အတက်အကျများကြောင့် စွမ်းအားတိုင်းတာသည့် ကိရိယာ ဆယ်ပုံတစ်ပုံခန့် ကျိုးသွားခဲ့ဖူး၏။

"ထိတ်လန့်ကြောက်ရွံ့စရာ မလိုပါဘူး.. လုပ်ဆောင်ချက် အစီအစဉ်ကို လိုက်နာပြီး ဒေတာ တိုင်းတာမှုကို အရင်ဆုံး ထိန်းချုပ်ပါ”

ဝမ်မင်က တည်တည်ငြိမ်ငြိမ်ပင် အမိန့်ပေးလိုက်သည်။

အိတ်ကပ်ထဲသို့ လက်ထည့်ထားသည့် အသန်မာဆုံး ဦးနှောက်ပိုင်ရှင် ဝမ်မင်၏ အသွင်အပြင်က ဝန်ထမ်းများ၏ စိတ်ကို အေးချမ်းစေခဲ့သည်။

သို့သော် တကယ်တမ်းတွင် အိတ်ကပ်ထဲရှိ ဝမ်မင်၏ လက်များသည် ချွေးများ ထွက်နေပြီ ဖြစ်သည်။

သူက ဥက္ကဌချီနှင့် ဖုန်းပြောခဲ့ပြီးပြီ ဖြစ်၏။

သူတို့၏ သုတေသနဌာန တစ်ခုတည်းတင် မဟုတ်ဘဲ

အလားတူ ဖြစ်ရပ်များသည် ကမ္ဘာတစ်ဝှမ်းရှိ သုတေသနဌာနများတွင် တစ်ပြိုင်နက်တည်း ဖြစ်ပွားနေပြီး အိမ်နီးချင်းနိုင်ငံများမှ ဂြိုဟ်တုအများအပြား ပြုတ်ကျခဲ့ကြောင်း သိခဲ့ရသည်။

"ဒါက ကမ္ဘာမြေကို ကျူးကျော်မှုတစ်ခုပဲ"

ကိရိယာပေါ်မှ လွဲမှားစွာ လှုပ်ရှားနေသော ညွှန်ပြချက်များကို စိုက်ကြည့်ရင်း ဝမ်မင်က မျက်မှောင်ကြုတ်လိုက်သည်။

သူ့မျက်နှာပေါ်တွင် အလွန်လေးနက်သော အမူအရာတစ်ခု ရှိနေ၏။

ဝမ်မင်က ဝမ်လင်း၏ တည်နေရာကို စစ်ကြည့်လိုက်ရာ သူ၏ မိုက်မဲသော ညီလေးသည် အမှန်တကယ်ပင် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး၏ အင်တာနက်ကဖေး အသစ်တွင် ရှိနေခဲ့သည်။

ကမ္ဘာကြီး ပျက်စီးတော့မည် ဖြစ်သော်လည်း သူ့ညီက ဂိမ်းဆော့နေဆဲပင်။

…..............

ကော်ဖျင် အထူးပြုပြင်ထားသော ဂြိုလ်သားလေယာဉ်ဖြင့် ပိုင်ချောင်း ဦးဆောင်သောအဖွဲ့သည် ကြယ်စင်အရှင်သခင်၏ နတ်နန်းတော်သို့ ထွက်ခွာသွားကြသည်။

ကော်ဖျင်ကမူ လေယာဥ်ကို အဝေးကနေ ညွှန်ကြားမှုများ ပေးရန် နေရစ်ခဲ့သည်။

ဤလေယာဉ်ကို ကော်ဖျင်က အမှိုက်ပုံမှ ကောက်လာခဲ့ပြီး ဂြိုလ်၏ စွမ်းအင်အရင်းအမြစ်ကို အသုံးပြုကာ ပြန်လည်ပြုပြင်ခဲ့ခြင်း ဖြစ်သည်။

လေထဲတွင် ပျံသန်းသည်က မွန်းစတားများ၏ သံသယကို နှိုးဆွမိမည် မဟုတ်ပေ။

"ငါတို့ ဘော့စ်အဆင့် ရောက်နေပြီလား"

ချန်းချောင်က ဇာတ်ကွက် အလွန် လျင်မြန်စွာ ဖြစ်ထွန်းလာသောကြောင့် အံ့အားသင့်နေသည်။

သူက ပျံသန်းခြင်းဂိမ်းများကို မကြာခဏ ကစားလေ့ရှိ၍ မမျှော်လင့်ဘဲ ဂြိုဟ်သားလေယာဉ်ကို ချောမွေ့စွာ မောင်းနှင်နိုင်ခဲ့သည်။

ကော်ဟောက် နှင့် မြေပဲလေး တို့သည် ရှေ့ခရီးသည်တင် ထိုင်ခုံတွင် ထိုင်နေကြသည်။

"ငါတို့ ဂိမ်းကို ရှင်းနိုင်မလားဆိုတာ ဘော့စ်ပိုင်ချောင်း အပေါ်မှာပဲ မူတည်နေတယ်.. ဒါပေမယ့် မင်းဦးလေး ကော်ဖျင်က ကြယ်စင်အရှင်သခင်ကို တိုက်ခိုက်ဖို့ ဘော့စ်ပိုင်ချောင်းကို ဘာလို့ရွေးချယ်ခဲ့တာလဲ"

မြေပဲလေးက ပြောလိုက်သည်။

“သိသာပါတယ်.. ဂိမ်းရဲ့ ဒီဇိုင်နာက မိန်းကလေး ဖြစ်လောက်တယ်.. ဒါကြောင့်ပဲ ဘော့စ်ပိုင်ချောင်းက ငါတို့အဖွဲ့မှာ တစ်ဦးတည်းသော မိန်းကလေးမို့ ရွေးချယ်ခံရတာ ဖြစ်မယ်"

ကော်ဟောက်က ပြန်ဖြေလိုက်သည်။

ယခုအချိန်အထိ ဤလူသုံးဦးသည် ဤအရာက ဂိမ်းမဟုတ်ကြောင်းနှင့် အရာအားလုံးက အမှန်တကယ်ဖြစ်သည်ကို မသိကြသေးပေ။

ပိုင်ချောင်းကလည်း ထိုအချက်ကို ထုတ်ဖော်မပြောခဲ့ပေ။

ဝမ်လင်းက အာကာသယာဉ် အနောက်ဘက်တွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။

နတ်တာအိုကြယ်တွင် မည်သည့်ဝိညာဉ်ချီမျှ မရှိသော်လည်း ပိုင်ချောင်း နှင့် ဖန့်ရှင်း တို့ကို ထိခိုက်စေမည် မဟုတ်ပေ။

အကြောင်းရင်းမှာ ဝမ်လင်း၏ တည်ရှိမှုသည် ခရီးဆောင် စိတ်ဝိညာဥ်ချီတွင်းကြီး ကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

ယခုအချိန်တွင် ဝမ်လင်းသည် မျက်လုံးမှိတ်၍ အနားယူနေပုံရသော်လည်း အမှန်တကယ်တွင် သူသည် လေယာဉ်ပေါ်ရှိ လူတိုင်းကို မည်သို့သော အကာအကွယ် မှော်စွမ်းရည် အမျိုးအစား ပေးအပ်သင့်သည်ကို တွေးနေခဲ့သည်။

ဤကြယ်စင်အရှင်သခင်သည် ကိုင်တွယ်ရ ခက်ခဲမည်မှာ သေချာ၏။

ထို့ကြောင့် ဤတိုက်ပွဲကို ပေါ့ပေါ့တန်တန် သဘောမထားနိုင်သည်မှာ သဘာဝပင် ဖြစ်သည်။

ထို့ကြောင့် လေယာဉ်က ကြယ်စင်အရှင်သခင်၏ မြင့်မြတ်သော နန်းတော်အနီးသို့ ချဉ်းကပ်လာစဉ် ချန်းချောင်နှင့် အခြားသူများသည် ၎င်းတို့ ဦးခေါင်းထက်တွင် ရောင်လျှံစက်ဝန်းများ ရှိနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

"ဒါကဘာလဲ"

ကော်ဟောက်က မေးလိုက်သည်။

"ကြည့်ရတာ အကာအကွယ်နဲ့ တူတယ်”

ချန်းချောင်က ပြန်ဖြေလိုက်သည်။

မြေပဲလေးက တံထွေး မျိုချလိုက်သည်။

"ဒါက တိုက်ပွဲမဖြစ်ခင် တွေ့ရတတ်တဲ့ ဒဏ္ဍာရီဆန်ဆန် အကာအကွယ် အဆင့်မြှင့်တင်မှုလား"

ထိုအချိန်တွင် လေယာဉ်နောက်ဘက်ရှိ ဝမ်လင်းသည် စကားလုံး တချို့ကို တိတ်တိတ်လေး ရွတ်ဆိုနေခဲ့သည်။

"ကိုယ်ကျိုးမဖက် အထွတ်အထိပ်စွမ်းအား"

“သာလွန်မြင့်မြတ် သိဒ္ဓိရောင်လျှံစက်ဝန်း"

“အန္တိမ သူတော်စင် အတားအဆီး"

"အနန္တတန်ခိုးရှင်၏ အနိုင်မခံအရှုံးမပေးသော နှလုံးသား"

“ထူထဲတဲ့ သံနံရံလို ထွင်းဖောက်ဖို့ခက်တဲ့ ရောင်လျှံစက်ဝန်း"

“အနာရောဂါငြိမ်းစေပြီး အဆိပ်ရည်များကို ကာကွယ်နိုင်သော အတားအဆီး"

"ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး... သုန်ချင်း အကာအကွယ်စွမ်းအား"

“ပွဲတော်တိုင်းရဲ့ ပြင်းထန်သောဆွဲငင်အား"

"အထီးကျန်ကောင်းကင်အင်ပါယာရဲ့ မှော်ရောင်လျှံစက်ဝန်း ပြန်လည်သက်ဝင်လာပြီး မြူးတူးခုန်ပေါက်ခြင်း"

အပိုင်း(၉၂၂) ပြီး၏

All Chapters