← Chapters

နတ်နန်းတော်ကိုဖျက်ဆီးခြင်း

Vol. 62 Ch. 924

နတ်နန်းတော်ကိုဖျက်ဆီးခြင်း

Vol. 62 Ch. 924

လေယာဉ်ပျံဖြင့် ပျံသန်းလာသော လူတစ်စုသည် ကြယ်စင်အရှင်သခင်၏ နတ်နန်းတော် ခံတပ်ကို တိုက်ချကာ အတွင်းသို့ ဖောက်ထွင်းဝင်ရောက်လာခဲ့သည်။

ထိုသတင်းက တမဟုတ်ချင်း ပျံ့နှံ့သွားပြီး နတ်တာအိုကြယ်မှ ပြည်သူ အားလုံးက တုန်လှုပ်သွားကြသည်။

ဂြိုလ်မျိုးစုံမှ ကျွန်ခံနေသော မွန်းစတားများသည် အဓိကမြို့ကြီးဆီသို့ ဝိုင်းအုံလာကြသည်။

ကောင်းကင်ကြီးတွင် စစ်သည်များစွာဖြင့် ထူထပ် ပြည့်ကျပ်နေသည်။

ဒါမျိုး အရင်က မဖြစ်ဖူးပေ။

အလွှာပေါင်းစုံမှ မွန်းစတားများသည် ၎င်းတို့၏ စွမ်းပကားကို ပြသခဲ့ကြသည်။

ချန်းချောင်က နတ်နန်းတော် ခံတပ်ကို ဝင်တိုက်ပြီးနောက်တွင် ကျွန်ပြုခံနေရသော မွန်းစတားများ၏ နှလုံးသားထဲတွင် ကာလအတန်ကြာ စုစည်းနေခဲ့သော နာကြည်းမှုသည် ပေါက်ကွဲထွက်လာခဲ့သည်။

၎င်းတို့သည် မူလက မတူညီသော ဂြိုဟ်များမှ ဆင်းသက်လာခဲ့ကြပြီး ငြိမ်းချမ်းသော ဘဝများဖြင့် နေထိုင်ခဲ့ကြသည်။

အကယ်၍ နတ်တာအိုကြယ်သာ ၎င်းတို့၏ ဇာတိဂြိုလ်များကို အတင်းအကြပ် ဝါးမျိုခြင်း မပြုခဲ့လျှင် ၎င်းတို့သည် နတ်တာအိုကြယ်၏ ကျွန်များအဖြစ် ဤနေရာတွင် ရှိနေလိမ့်မည် မဟုတ်ပေ။

မွန်းစတားများသည် အတိတ်က ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောင်း သတိရချိန်တိုင်းတွင် နာကြည်းမှုများကို ပြင်းပြင်းထန်ထန် ခံစားနေရဆဲ ဖြစ်သည်။

စစ်ဘေးကြောင့် သူတို့၏ မိသားစုများသည်လည်း တကွဲတပြား ဖြစ်ခဲ့ရသည် မဟုတ်ပါလား။

နတ်နန်းတော်ခံတပ် နှင့် လေယာဥ် တိုက်မိမှုသည် အတိုင်းအဆမရှိ တုန်ခါသွားပြီး နတ်တာအိုကြယ်ပေါ်ရှိ ထောင်ပေါင်းများစွာသော မွန်းစတားများ၏ နှလုံးသားများကိုပါ တုန်ခါစေခဲ့သည်။

သူတို့၏ ဇာတိ ဘာသာစကားကို ပြောဆိုနေကြသော မွန်းစတားများသည် ၎င်းတို့၏ ခွန်အားများကို အသုံးပြု၍ ပင်မမြို့တော်ကို ဝိုင်းထားခဲ့ကြသည်။

ဤအရှိန်အဟုန်သည် နတ်တာအိုကြယ်ပေါ်ရှိ တန်ခိုးအာဏာရှိသည့် "နတ်နဂါးမျိုးနွယ်"ကိုပင် တုန်လှုပ်စေခဲ့သည်။

"အရှင်.. ကျတော်တို့ ဘာဆက်လုပ်ရမှာလဲ"

နတ်နဂါးများသည် တခဏမျှ ဝရုန်းသုန်းကား ဖြစ်သွားခဲ့သည်။

အကြောင်းရင်းမှာ ကြယ်စင်အရှင်သခင်၏ နတ်နန်းတော် အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သောကြောင့်ပင်။

အရှေ့ခန်းမဆောင် နှင့် အလယ်ခန်းမ၏ လက်ဝဲလက်ယာ ကာကွယ်သူတို့သည် လေယာဉ်ကို တားဆီးရာတွင် ကျရှုံးသွားခဲ့သည်။

ထို့အပြင် လေယာဥ်က ခံတပ်ကို ဝင်တိုက်ပြီးနောက် နန်းတော်၏ အတားအဆီးများစွာကို ပျက်စီးစေခဲ့သည်။

သို့သော် ယင်းက သူတို့ ကိုင်တွယ်ရမည့် တစ်ခုတည်းသော ပြဿနာ မဟုတ်ပေ။

ယခုအခါ မြို့ကြီးသည် အရပ်မျက်နှာ အနှံ့မှ မွန်းစတားများ၏ တိုက်ခိုက်ခြင်းကို ခံနေရပြီ ဖြစ်သည်။

ဤသည်မှာ ကာလကြာရှည်စွာ ဂြိုလ်များကို လိုက်လံ လုယူခဲ့ခြင်း၏ အကျိုးဆက်လည်း ဖြစ်၏။

နတ်တာအိုကြယ်သည် ဂြိုလ်များ၏ စွမ်းအင်များကို ဝါးမျိုခဲ့သော်လည်း ကွဲပြားသော ယဉ်ကျေးမှု များစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

ယခုပုန်ကန်မှုက ကျွန်ပြုထားသော မွန်းစတား မျိုးနွယ်စုများ ထံမှဖြစ်၍ ချေမှုန်းရန် မလွယ်ကူပေ။

နတ်နဂါးမျိုးနွယ်၏ သူရဲကောင်း စစ်သူကြီးသည် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လိပ်ပြာလေး ဖြစ်သည်။

၎င်းက အင်ပါယာစစ်တပ်တွင် သန်းနှစ်ဆယ်ရှိသော နတ်နဂါးများ၏ တပ်မှူးကြီးလည်း ဖြစ်သည်။

ထိုအချိန်တွင် သူ၏အမူအရာသည် အနည်းငယ် လေးလံနေခဲ့သည်။

လူတစ်စုသည် နတ်နန်းတော်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်လာခဲ့သည်။

ယင်းမှာ မကြုံစဖူးသော ဖြစ်ရပ်တစ်ခုလည်း ဖြစ်၏။

ထိုလူများသည် စိတ်ဝိညာဉ်များ ဖိနှိပ်ခံထားရလု နီးပါးဖြစ်သော မွန်းစတားကျွန်အုပ်စု၏ သွေးကိုပင် လှုံ့ဆော်ခဲ့သည်။

ထိုသို့ ဖြစ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ထိုအချိန်တွင် နတ်နဂါး သူရဲကောင်း တပ်မှူးကြီး၏ အတွေးများသည် အလွန်ရှုပ်ထွေးနေခဲ့သည်။

နတ်နဂါး မျိုးနွယ်စုသည် မရေမတွက်နိုင်သော ဂြိုဟ်များကို လုယူခဲ့ပြီး အချို့မှာ ကမ္ဘာဂြိုဟ် ထက်ပင် ပိုမိုအားကောင်း၏။

သူတို့သည် အချိန်တိုင်းတွင် တူညီသည့် နည်းဗျူဟာကိုသာ အသုံးပြုခဲ့သည်။

ယင်းမှာ ဂြိုဟ်ပေါ်ရှိ အသန်မာဆုံးလူကို ဖမ်းယူပြီး ထိုဂြိုဟ်ကို မလုယူမီ နတ်တာအိုကြယ်တွင် ကျွန်ခံစေခြင်း ဖြစ်သည်။

သို့သော် ကမ္ဘာမြေကဲ့သို့ ဂြိုလ်လေးတစ်ခုသည် အမှန်တကယ် ရှုပ်ထွေးမှုများ ဖြစ်စေမည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပေ။

"အရှင်.. စစ်သည်က သန်းနှစ်ဆယ်ပဲ ရှိတဲ့အတွက် သူတို့ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး.. မွန်းစတားတွေက မြို့တော်ရဲ့ ဆယ့်ရှစ်ခုမြောက် အတားအဆီးကိုတောင် ဖြတ်ကျော်နေပြီ”

ထိုအချိန်တွင် နတ်နဂါးတစ်ကောင်က ပြေးလာပြီး သတင်းစကား ပါးလိုက်သည်။

သူတို့ ယခုကြုံတွေ့နေရသည်မှာ ဂြိုဟ်အသီးသီးမှ ဘီလီယံနှင့်ချီသော မွန်းစတားများက မြို့ထဲကို လမ်းကြောင်းပေါင်းစုံကနေ မရပ်မနား တိုးဝင်လာနေခြင်း ဖြစ်သည်။

အင်ပါယာစစ်သည် သန်းနှစ်ဆယ်လောက်က သူတို့ကို တားဆီးနိုင်မည်ဟု တွေးခြင်းသည် လုံးဝ လက်တွေ့မကျပေ။

နတ်နဂါးသူရဲကောင်း တပ်မှူးကြီး၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည်။

“ပုန်ကန် ဆန့်ကျင်တဲ့သူတွေကို သတ်ပစ်”

“ဒါဆို ကျူးကျော်သူတွေကိုရော..”

“အဲဒီကမ္ဘာ​ဂြိုဟ်က လူသားတွေကိုတော့ မေ့ထားလိုက်ပါ.. ငါတို့လုပ်ရမှာက ဒီမွန်းစတားအုပ်ကြီးကို နှိမ်နင်းဖို့ပဲ.. အခြားဂြိုလ်တွေက မွန်းစတားတွေက ကမ္ဘာဂြိုဟ်က လူသားတွေထက် အများကြီး သာလွန်တယ်.. ဒါကြောင့် သူတို့ကို ဦးစားပေးနှိမ်နင်းရမယ်"

"စိတ်မပူပါနဲ့.. နတ်နန်းတော်ထဲမှာ ကြယ်စင်အရှင်သခင် ရှိနေတဲ့အတွက် ကမ္ဘာဂြိုဟ်က လူသားတွေ သက်ဆိုးမရှည်လောက်ဘူး"

နတ်နဂါး သူရဲကောင်း စစ်သူကြီးက ရယ်မော၍ ပြောလိုက်သည်။

"ဒါက အလဟဿ အသေလာခံတာပဲ.. ကြယ်စင်အရှင်သခင်က သူတို့ကို အေးအေးဆေး ဖြေရှင်းလိမ့်မယ်”

…..................

နတ်တာအိုကြယ်တွင် သွေးထွက်သံယို စစ်ပွဲကြီး ဖြစ်ပွားခဲ့သည်။

နတ်တာအိုကြယ် တစ်ခုလုံးရှိ လူပေါင်း သန်းနှင့်ချီ၍ ပုန်ကန်ထကြွလာကာ ပင်မမြို့ကြီးသို့ ထိုးစစ်ဆင်ခဲ့ကြသည်။

ကော်ဖျင်က ဤမြင်ကွင်းကို ဖန်သားပြင်ပေါ်မှ ကြည့်ရင်း မျက်လုံးများကနေ မျက်ရည်များ စီးကျလာသည်။

သူက ဤနေ့ကို စောင့်နေတာ ကြာပြီ ဖြစ်သည်။

အမျိုးမျိုးသော ဂြိုဟ်များမှ သတ္တဝါများသည် မဟာမိတ်တပ်ပေါင်းစုကြီးအလား လမ်းများတစ်လျှောက်တွင် ပျံ့နှံ့နေခဲ့သည်။

ခံတပ်ကို ဝင်တိုက်ပြီးနောက် ချန်းချောင်၏ လေယာဉ်သည် အတားအဆီးမဲ့ ခရီးဆက်ခဲ့သည်။

အခြေခံအားဖြင့် သူတို့ကို ရပ်တန့်နိုင်သူ တစ်ယောက်မျှ မရှိတော့ပေ။

မရေမတွက်နိုင်သော နတ်နဂါးများသည် အဓိကရုဏ်းများကို နှိမ်နင်းရန်အတွက် နတ်နန်းတော်ကနေ ရှေ့တန်းသို့ ထွက်သွားကြ၍ သူတို့ကို တားဆီးမည့်သူ သိပ်မရှိတော့ပေ။

ထို့ပြင် လေယာဥ်ကို မဟာတာအို မျိုးစုံ၏ ရောင်လျှံစက်ဝန်းများစွာက သက်ရောက်နေသည်။

ထို့ကြောင့် လေယာဥ်က အလွန်အစွမ်းထက်နေပြီး လမ်းတွင်ဟန့်တားသည့် နတ်နဂါးများ၏ ဝမ်းဗိုက်ကို ထိုးဖောက်ကာ ၎င်းတို့၏ ဝိညာဉ်များကို လုံးလုံးလျားလျား မျိုချပစ်လိုက်သည်။

"သူတို့က တကယ်ပဲ ကမ္ဘာဂြိုဟ်ကလား"

"ကမ္ဘာဂြိုဟ်က လူသားတွေက အားနည်းတယ်လို့ ပြောကြတာတကယ် မဟုတ်ဘူးလား"

နတ်နဂါးများစွာ၏ နှုတ်ခမ်းများက ရွဲ့စောင်းသွားသည်။

--------------

လေယာဥ်က ဝမ်လင်းနှင့် ပိုင်ချောင်းတို့ကို ကောင်းကင်ယံမှ အောက်သို့ ပစ်ချလိုက်သည်။

ဖန့်ရှင်းက ဝမ်လင်းကို ကြည့်လိုက်သည်။

သူက ဝမ်လင်းနှင့် မခွဲချင်သော်လည်း ချန်းချောင်တို့နှင့် လိုက်သွားရပေမည်။

သူ၏ တိုက်ပွဲဝင် အင်အားနှင့် ဆိုလျှင် နယ်နဂါး တပ်မှူးတစ်ဦးကို တိုက်ခိုက်ရန် လုံလောက်သည် မဟုတ်ပါလော။

"သွားလေတော့ မစ္စပိုင်နဲ့ လဘ်ကောင်လေးရေ"

ချန်းချောင်က လေယာဉ်ပေါ်ကနေ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဝမ်လင်း“…..........”

လေယာဉ် ထွက်ခွာသွားသောအခါ အတွင်းခန်းမဆောင်မှ အလင်းတန်းတစ်ခုသည် လေယာဉ်ရှေ့သို့ ရောက်ရှိလာသည်။

ပိုင်ချောင်းက သူမ၏ ဆံပင်များဖြင့် ထိုအလင်းတန်းကို တားဆီးလိုက်သည်။

ထိုခဏတွင် ​ကမ္ဘာမြေ၏ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသော ကြယ်စင်အရှင်သခင်သည် မန်ဒရင်း ဘာသာစကားဖြင့် နန်းတော်ထဲကနေ ပြောဆိုလိုက်သည်။

"မင်းက ကမ္ဘာပေါ်မှာ အသန်မာဆုံး မိန်းကလေးလား.. ဒါဆို မင်းရဲ့မွေးရပ်မြေကို ငါနည်းနည်း လျှော့တွက်မိခဲ့ပြီ"

ပိုင်ချောင်း နှင့် ဝမ်လင်းက အံ့သြသွားသည်။

ဤကြယ်စင်အရှင်သခင်သည် အရှေ့မြောက် လေယူလေသိမ်းကို အမှန်တကယ်ပင် သင်ယူထားခဲ့သည်။

သို့သော် ကြယ်စင်အရှင်သခင်က ထိုသို့ ပြောလိုက်သည်နှင့် ဝမ်လင်း၏ တင်းကျပ်နေသော နှလုံးသားသည် ချက်ချင်းပင် စိတ်ချလက်ချ ဖြစ်သွားခဲ့သည်။

ဤကြယ်စင်အရှင်သခင်က ရင်ဆိုင်ရခက်ခဲလောက်သည်ဟု အစပထမတွင် သူထင်ခဲ့သည်။

အဆုံးသတ်တွင် တစ်ဖက်လူသည် ပိုင်ချောင်းကို အသန်မာဆုံးဟု ထင်နေခဲ့သည် မဟုတ်ပါလော။

[ကြယ်စင်အရှင်သခင်တောင်မှ ငါက အသန်မာဆုံး ဆိုတာ မသိနိုင်ခဲ့ဘူး.. လခွမ်း.. အနန္တတန်ခိုးရှင်ဆိုတာ ဒါတဲ့လား]

အပိုင်း(၉၂၄) ပြီး၏

All Chapters