← Chapters

ကမ္ဘာမြေပေါ်ကအသန်မာဆုံးလူ

Vol. 62 Ch. 925

ကမ္ဘာမြေပေါ်ကအသန်မာဆုံးလူ

Vol. 62 Ch. 925

ခန်းမအလယ်ရှိ ရွှေပလ္လင်ပေါ်တွင် ထိုင်နေသူက စူးစမ်းသော အကြည့်ဖြင့် ပိုင်ချောင်းကို ကြည့်လိုက်သည်။

သူသည် ကမ္ဘာမြေမှ လူသားကဲ့သို့ သူ့အသွင်အပြင်ကို လုံးဝ ပြောင်းလဲထားခဲ့သည်။

"ငါ မင်းကို ဒီမှာ စောင့်နေတာ ကြာပြီ"

ကြယ်စင်အရှင်သခင်သည် ကမ္ဘာမြေ၏ ဘာသာစကားကို ကျွမ်းကျင်နေပြီ ဖြစ်သည်။

သူ၏ အရှေ့မြောက် လေယူလေသိမ်းသည် ပုံမှန်ဒေသခံ တစ်ဦးလိုပင် ဖြစ်နေခဲ့သည်။

ပတ်ဝန်းကျင်လေထုက တဖြည်းဖြည်း ပြင်းထန်လာသည်။

"ဒီနေ့ ဖြစ်ရပ်က မင်းရဲ့ ချဲ့ထွင်မှုနဲ့ လွှမ်းမိုးမှုတွေရဲ့ အကျိုးဆက်ပဲ.. ဒီနေ့ပြီးရင် မင်း ဘာဖြစ်သွားလဲ ဆိုတာ ငါမြင်ချင်တယ်"

ပိုင်ချောင်းက မျက်မှောင်ကြုတ်ကာ စူးရှသောအကြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူမသည် သူမ၏ ဝိညာဉ်စွမ်းအင်ကို သူမ၏ ဦးခေါင်းပေါ်ရှိ ဆံပင်ဆီသို့ ဖြည်းဖြည်းချင်း စုစည်းခဲ့သည်။

“ငါနဲ့ တိုက်လည်း အလကားပဲ.. ကမ္ဘာပေါ်မှာ အသန်မာဆုံးလူတစ်ယောက်အနေနဲ့ မင်းက ငါလောက် သန်မာတဲ့နေရာ တစ်ကွက်မှ မရှိဘူး

"ကိုယ့်အသက်ကိုယ် ဂရုမစိုက်ရင်တောင်မှ မင်းနဲ့အတူ ဒီအထဲ ပါလာတဲ့ ကလေးတွေကို ထည့်စဉ်းစားသင့်တယ်..

သူတို့က အထက်တန်း ကျောင်းသားလေးတွေ ဆိုတော့ မင်းသာကျွန်ခံရင် သူတို့လေးတွေ အေးဆေးနေထိုင်ရမှာပဲ.. မင်းက ငါနဲ့ဆန့်ကျင်ဘက်မှာ နေမယ်ဆိုရင်တော့ မင်းရဲ့ကျေးဇူးနဲ့ သူတို့​လေးတွေ သေရလိမ့်မယ်"

ကြယ်စင်အရှင်သခင်က ခြိမ်းခြောက်လိုက်သည်။

သူ့မျက်နှာပေါ်ရှိ အမူအရာကလည်း ပို၍ အေးစက်စက် ဖြစ်လာသည်။

သူက ပလ္လင်ပေါ်တွင် ထိုင်နေရင်း မျက်လုံးများကနေ ပြင်းထန်သည့် နတ်တာအိုစွမ်းအားကို ထုတ်လွှတ်လိုက်ရာ ပိုင်ချောင်းသည် ပြင်းထန်သော ဖိနှိပ်မှုကို ခံစားလိုက်ရသည်။

"ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလိုက်လဲ.. မင်းက ခေါင်းပေါ်က ဆံပင်ကို မှော်လက်နက် တစ်ခုအဖြစ် တကယ်ပဲ သန့်စင်ထားတာကိုး...ငါလုယူခဲ့တဲ့ ဂြိုဟ်များစွာထဲမှာ မင်းနဲ့ အရမ်းတူတဲ့ အယောင်ဆောင်ဂြိုဟ်ပေါ်က အဖွဲ့တစ်ဖွဲ့ ရှိတယ်.. သူတို့က မင်းရဲ့ အဝေးရောက် ဆွေမျိုးတွေများ ဖြစ်နေမလား မသိဘူး"

ကြယ်စင်အရှင်သခင်က လှောင်ပြောင်လိုက်သည်။

"ပုလ္လင်ပေါ်က ဆင်းပြီး ငါ့ကို လာတိုက်စမ်းပါ"

ပိုင်ချောင်းက တိုက်ပွဲဝင် စိတ်ဓာတ်အပြည့်ဖြင့် စိန်ခေါ်လိုက်သည်။

"ငါက နတ်တာအို​ကြယ်ရဲ့ ကြယ်စင်အရှင်သခင် ဖြစ်တဲ့အပြင် နတ်တာအိုကြယ်ရဲ့ ဘုရားသခင်လည်း ဖြစ်တယ်.. ငါက ပလ္လင်ပေါ်မှာပဲ ထိုင်နေသင့်တယ်.. မင်းဆီကို ဆင်းလာဖို့လား.. ဟားဟား.. မင်းနဲ့ မထိုက်တန်ဘူး"

ကြယ်စင်အရှင်သခင်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားလျှင်.ပိုင်ချောင်းက ရယ်မောကာ တုံ့ပြန်ပြောဆိုလိုက်သည်။

“ရှင့်ကိုယ်ရှင် ကမ္ဘာဂြိုဟ်ရဲ့ ယဉ်ကျေးမှုကို ကောင်းကောင်းသိနေပြီး ထင်နေလား...ရှင် မသိသေးတဲ့ အရာတွေ အများကြီး ရှိသေးတယ်ဆိုတာ ရှင်သိထားသင့်တယ်.. လူသားတွေ ပြောလေ့ရှိတဲ့ မာနကြီးလေ မြန်မြန်သေလေ ဆိုတဲ့ စကားကို ရှင်ကြားဖူးလား ”

"ခွေးမ.. မင်းက ငါ့အရှင်သခင်ကို ဆဲဆိုဝံ့တယ်လား”

ကြယ်စင်အရှင်သခင်၏ ဘေးတွင် ရပ်နေသော နတ်နဂါးတစ်ကောင်က အော်ငေါက်လိုက်သည်။

ထိုလူက အနက်ရောင် ဝါးဦးထုပ်နှင့် သံမျက်နှာဖုံးကို ၀တ်ဆင်ထားပြီး ကြယ်စင်အရှင်သခင်၏ ကိုယ်ရံတော် တစ်ယောက် ဖြစ်သည်။

ဤလူသည် ကြယ်စင်အရှင်သခင်က လွဲလျှင် နတ်နန်းတော်ရှိလူများထဲတွင် အသန်မာဆုံး ဖြစ်၏။

"ငါ မင်းရဲ့ အရှင်သခင်နဲ့ စကားပြောနေတာ နားမလည်ဘူးလား.. မျက်နှာဖုံးဝတ်ထားတဲ့ ငကြောက်ကောင်.. မင်းတော်တော် ရိုင်းစိုင်းတာပဲ"

ပိုင်ချောင်း၏ အဆိပ်ပြင်းသောလျှာက ထက်မြဲနေဆဲပင်။

"မင်းလို မောက်မာတဲ့ခွေးမ နဲ့ တိုက်ခိုက်ဖို့ ကြယ်စင်အရှင်သခင်တောင် မလိုအပ်ဘူး"

ထိုလူက ​ဒေါသထွက်နေပြီး အံကြိတ်​လိုက်​သည်​။

သူ့ဦးထုပ်ကို ချွတ်လိုက်သည်နှင့် သူ၏ ချွေးပေါက်များထဲမှ ပြင်းထန်သော သွေးအော်ရာ တစ်ခု ထွက်လာခဲ့သည်။

သူ့ကိုယ်ပေါ်တွင် ရွှေဝါရောင် မျဉ်းကြောင်းများက ဖြန့်ကျက်သွားပြီး တခဏအတွင်း ခန်းမအတွင်း၌ နဂါးအော်သံ ထွက်ပေါ်လာခဲ့သည်။

"နတ်နဂါးဟိန်းသံလား"

ပိုင်ချောင်းက မျက်လုံးများ အေးစက်သွားပြီး သူမ၏ ဆံပင်ဖြင့် တိုက်ခိုက်လိုက်သည်။

အဆုံးမရှိသော ရောင်လျှံစက်ဝန်း များဖြင့် အဆင့်မြှင့်တင်ထားသော သူမ၏ ဆံပင်သည် ထိုလူထံသို့ ပိုးစသဖွယ် လွင့်စင်သွားသည်။

အရှိန်အဟုန်က မြန်ဆန်လွန်းသဖြင့် မျက်နှာဖုံးစွပ်လူက တုံ့ပြန်မှုပင် မပြုလုပ်လိုက်ရဘဲ လွင့်ထွက်သွားခဲ့သည်။

ကိုယ်ရံတော်က မမျှော်လင့်ဘဲ သေစေလောက်သော ဝေဒနာကို အကြီးအကျယ် ခံစားခဲ့ရသည်။

၎င်းက နန်း​တော်​တိုင်​တစ်​ခု​ကို​ ကျိုးသွားသည်အထိ ဝင်​ဆောင့်မိပြီး သွေးများ အန်ထုတ်လိုက်ရသည်။

ဤမြင်ကွင်းကြောင့် ကြယ်စင်အရှင်သခင်က မျက်မှောင်ကြုတ်သွား၏။

သူက လက်ကို မြှောက်လိုက်သည်။

ယင်းက လက်ချောင်းတစ်ချောင်းမျှသာ ဖြစ်သော်လည်း အချိန်သည် သူ့အလိုလို နောက်ပြန်ဆုတ်သွားပုံရသည်။

သွေးအန်နေသော ကိုယ်ရံတော်၏ ဒဏ်ရာများက ပျောက်ကင်းပြီး ယခင်နေရာသို့ ပြန်ရောက်သွားသည်။

ကျိုးသွားသော နန်းတော်တိုင်ကလည်း အကောင်းအတိုင်း ပြန်ဖြစ်သွား၏။

ကြယ်စင်အရှင်သခင်က သူ့ကိုယ်ရံတော် ထိခိုက်သွားသဖြင့် အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားသည်။

သူက မျက်မှောင်ကြုတ်ပြီး ကိုယ်ရံတော်ကို စိုက်ကြည့်လိုက်သည်။

"မြန်မြန် ထွက်သွား.. ဒီမှာမင်းကိစ္စ မရှိတော့ဘူး"

ကိုယ်ရံတော်က ဒဏ်​ရာ​များမှ ပြန်​လည်​​ကောင်းမွန်​လာ​ပြီးနောက် အစောပိုင်းက မှတ်ဉာဏ်များပင် ပျောက်​ကွယ်​သွား​ခဲ့​တယ်။

သို့သော် ကြယ်စင်အရှင်သခင်၏ စကားကို ကြားလျှင် သူက ယခုလေးတင် တိုက်ခိုက်ခံရပြီး ရှုံးနိမ့်သွားဖွယ် ရှိကြောင်း ချက်ချင်း သိလိုက်သည်။

ပိုင်ချောင်းက ကြယ်စင်အရှင်သခင်ကို စူးစိုက်ကြည့်လိုက်သည်။

"အချိန်တွေကို နောက်ပြန်ဆုတ်လိုက်တာလား"

“ငါက ဒီမှာ ဘုရားသခင်တစ်ပါးပဲ.. ငါဘာမဆိုလုပ်နိုင်တယ်”

ကြယ်စင်အရှင်သခင်က ဘာမှမဟုတ်သကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"အချိန်ကို ထိန်းချုပ်နိုင်တာက အရာအားလုံးကို ထိန်းချုပ်နိုင်တာနဲ့ အတူတူပါပဲ... ဒါက နတ်တာအိုမှာပဲ ရှိတယ်.. ဒီတာအိုနဲ့ဆို အရာအားလုံးကို အောင်နိုင်တယ်..ဘယ်သူမှ ငါ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး"

"နတ်တာအိုစွမ်းအားလား"

ပိုင်ချောင်း၏ အနောက်မှ ဝမ်လင်းက အံ့သြသွားသည်။

ဤကဲ့သို့ စွမ်းအားမျိုး တစ်ခါမှ သူ မကြားဖူးပေ။

သူက ကောင်းကင်တာအို နှင့် စည်းပြင်ပတာအို အကြောင်းသာ သိသည်။

သို့သော် နတ်တာအို ဆိုသည်မှာ အဘယ်နည်း။

စင်စစ် စကြာဝဠာကြီးက အလွန်ကြီးမား၍ ဝမ်လင်း မသိသည့်အရာများ ရှိနေသည်မှာ မထူးဆန်းပေ။

ပလ္လင်ပေါ်မှာထိုင်နေသည့် ကြယ်စင်အရှင်သခင်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

"နတ်တာအိုနှင့် နှိုင်းယှဥ်ရင် ကောင်းကင်တာအိုနဲ့စည်းပြင်ပတာအိုက သမုဒ္ဒရာအတွင်းက ရေစက်မျှသာ ဖြစ်တယ်.. ငါ့ရဲ့နတ်တာအိုက ကောင်းကင်တာအို တစ်သောင်းနဲ့ ညီမျှတယ်.. အကယ်၍ နတ်တာအိုကို ဒုတိယ၊ တတိယနဲ့ စတုတ္ထအဆင့် အထိ ဖော်ထုတ်နိုင်ခဲ့ရင် စကြဝဠာထဲမှာ ဘယ်သူမှ ငါ့ကို တားနိုင်တော့မှာမဟုတ်ဘူး.. ငါက ပါရမီရှင်ပဲ.. နတ်တာအိုကို ငါ့ဘာသာ နားလည်ခဲ့တယ်.. ဒါကြောင့် ဒီနေရာထိ တက်လှမ်းနိုင်ခဲ့တာပဲ”

ကြယ်စင်အရှင်သခင်က စကား အေးအေးလူလူ ပြောနေချိန်တွင် ပိုင်ချောင်းသည် အသက်ရှူရန်ပင် ရုန်းကန်နေရသည်။

သူမက ကြယ်စင်အရှင်သခင် ရှေ့တွင် တစ်ခါမှ မခံစားဖူးသည့် ပြင်းထန်သော ဖိအားများကို ခံစားနေရ၏။

နတ်တာအိုသည် တကယ်ကို အစွမ်းထက်လွန်းသည်။

နတ်တာအိုတစ်ခုသည် ကောင်းကင်တာအို တစ်သောင်းနှင့်ပင် ညီမျှနေသည် မဟုတ်လော။

"ဒါဆို မင်းက ဒီနတ်တာအိုကို အားကိုးပြီး စကြဝဠာကိုသိမ်းပိုက်အောင်ပွဲခံဖို့ စီစဉ်နေတာပေါ့"

ပိုင်ချောင်းက ကြယ်စင်အရှင်သခင်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

"ဒုတိယနဲ့ တတိယ အဆင့်ကို ငါဖော်ထုတ်ဖို့ သေချာပေါက် စီစဉ်ထားပေမယ့် ဒီနတ်တာအိုတစ်ခုတည်းနဲ့ စကြာဝဠာတစ်ခုလုံးကို အုပ်ချုပ်နိုင်နေပါပြီ"

ကြယ်စင်အရှင်သခင်က ရယ်မောလိုက်သည်။

“ငါ ကျင့်ကြံခြင်းမှာ ပါရမီပါတဲ့သူ တစ်ယောက်ပါ.. ဒါပေမဲ့ ကျင့်ကြံတာထက် စကြဝဠာကို သိမ်းပိုက်တာက ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်လေ”

"ရှင်က ရူးနေတာပဲ.. ရော့ ဒါလေး ခံစားကြည့်လိုက်"

ပိုင်ချောင်း၏ ဆံပင်က ရှေ့ကို လွင့်ထွက်သွားပြန်သည်။

သူမ၏ ဦးခေါင်းထိပ်မှ မြင့်မြတ်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ပလ္လင်တော်ကို ခုတ်လှဲမည့် ကြီးမားသော ရွှေဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကြယ်စင်အရှင်သခင်၏ မျက်လုံးများက အေးစက်သွားသည်။

သူက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ကမ္ဘာဂြိုဟ်သည် အမှန်တကယ်ပင် သူသိမ်းပိုက်ထားသမျှထဲတွင် အညံ့ဆုံးဂြိုဟ် ဖြစ်သည်။

အသန်မာဆုံးလူကပင် ဤမျှလောက်သာ စွမ်းဆောင်နိုင်ခြင်းသည် သူ့ကို အတော်လေး စိတ်ပျက်သွားစေ၏။

“သေးငယ်တဲ့ လှည့်ကွက်လေးနဲ့ ငါ့ကို ယှဥ်ချင်တယ်လား"

သူက ဤကြီးမားလှသော ရွှေဓားကြီးကို လက်ညှိုးလေးဖြင့်ပင် အသာအယာ ဖယ်ထုတ်လိုက်သည်။

ထို့နောက် ကြယ်စင်အရှင်သခင်က နတ်တာအို စွမ်းအားဖြင့် ပိုင်ချောင်း အပေါ် သက်ရောက်နေသည့် ရောင်လျှံစက်ဝန်းများကို ဖျက်ဆီးပစ်ခဲ့သည့်အပြင် ဆံပင်ကိုပင် နှစ်ခြမ်းကွဲသွားစေခဲ့သည်။

"လေ့လာပြီးပြီလား သခင်"

ထိုအချိန်တွင် ပိုင်ချောင်းသည် သူမ၏ ကျောဘက်မှ ဝမ်လင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။

“နောက်ထပ် ငါးစက္ကန့်”

ဝမ်လင်းက ပိုင်ချောင်း၏ အကြည့်ကို ပြန်ကြည့်လိုက်သည်။

ငါး…

လေး…

သုံး..

နှစ်…

တစ်…

နတ်တာအိုကို လေ့လာတာ ပြီးပြည့်စုံသွားပြီ၊

ဝမ်လင်းထံမှ နတ်တာအို၏ အော်ရာများ ထွက်ပေါ်လာသောအခါ ကြယ်စင်အရှင်သခင်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။

[ချီးပဲ.. ခံစားချက်မဲ့ ငါးမသာမျက်လုံးနဲ့ကောင်က တစ်ခုခု မူမမှန်ပါဘူးလို့ ထင်နေတာ တကယ်ပဲဖြစ်နေတာကိုး]

အပိုင်း(၉၂၅) ပြီး၏

All Chapters