← Chapters

ကျင့်ပိုင် ခွန်အားပြခြင်း

Vol. 62 Ch. 929

ကျင့်ပိုင် ခွန်အားပြခြင်း

Vol. 62 Ch. 929

အတောင်ပံ ၁၆ခု ရှိသော နတ်ဘုရားနှင့် နတ်နန်းတော်မှ ပလ္လင်တော်ကို ကမ္ဘာဖျက်ဓားဖြင့် ဖျက်ဆီးလိုက်ပြီးနောက်တွင် ဤတိုက်ပွဲ၏ အောင်နိုင်သူက ထင်ရှားသွားပြီ ဖြစ်သည်။

ပလ္လင်တော်၌ မြှုပ်ထားသော ကျောက်မျက်ရတနာများသည်လည်း လေထုထဲသို့ ကွယ်ပျောက်သွားကြ၏။

ပုလ္လင်တော်က လုံးလုံးလျားလျား ပျောက်ကွယ်မသွားခင် အဆင့်မြင့် တည်နေရာ ကူးပြောင်းခြင်း မှော်အတတ်ကို အသုံးပြုလိုက်သည်။

ကျင့်ပိုင်က ရှင်းရှင်းလင်းလင်းပင် မြင်လိုက်သော်လည်း ရပ်တန့်ရန် စိတ်မ၀င်စားခဲ့ပေ။

သူက ဓားဘုရင် ဖြစ်သည်။

သူ့လို အဆင့်အတန်းက ၎င်းကို ဖမ်းမိရန်အတွက် အသည်းအသန် ကြိုးစားနေစရာ မလိုအပ်ပေ။

သို့သော် ဤတစ်ကြိမ်တွင် အစစ်အမှန် နတ်ဘုရား နယ်​မြေသည် ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်ကာ မွှေနှောက်ခဲ့သောကြောင့် ခွန်အားပြဖို့တော့ လိုအပ်၏။

တောင်ပံ ၁၆ခု နတ်ဘုရားကို သတ်ရုံလောက်ဖြင့် လုံးဝ ကျေနပ်စရာ မရှိပေ။

ဤအတွေးဖြင့် ကျင့်ပိုင်က သူ့လက်ချောင်းများဖြင့် ကောင်းကင်ယံတွင် အပေါက်တစ်ခုကို ဖောက်လိုက်သည်။

ထိုအပေါက်က အစစ်အမှန် နတ်ဘုရားနယ်မြေသို့ တိုက်ရိုက်ပို့ဆောင်သော ဝင်ပေါက်ဆိုလည်း မမှားပေ။

သူက လက်ကို ဟန်ပါပါနောက်ပစ်ကာ အစစ်အမှန်နတ်ဘုရားနယ်မြေ ဆီသို့ ဦးတည်နေသော အပေါက်ထဲသို့ လှမ်းဝင်လိုက်သည်။

…..................

ထိုအတောအတွင်း တိုက်ပွဲကို စောင့်ကြည့်နေသော ဝမ်လင်း သည်လည်း နှင်းဖြူ ဝိညာဉ်ကမ္ဘာထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

ဤသည်မှာ ပလ္လင် ပျက်သုန်းပြီးနောက် ပုလ္လင်၏ တောင်းဆိုချက် ဖြစ်၏။

ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် သဘောတူလိုက်သည်။

သေခါနီး လူတစ်ယောက်၏ စကားကို ငြင်းဆန်ရခက်သည် မဟုတ်ပါလား။

ဝမ်လင်းက သေဆုံးပြီးနောက် ပုလ္လင်တော်၏ ပုံစံကို မြင်လိုက်ရသည်။

၎င်းက အထီးအမ အင်္ဂါရပ်များ မရှင်းလင်းသော အမျိုးသားတစ်ဦး ဖြစ်သည်။

သူ၏ ကျောဘက်တွင် အတောင်ပံတစ်စုံလည်း ရှိနေ၏။

သူက လေထဲတွင် ရပ်တန့်နေခဲ့သည်။

ဤသည်က သေပြီးနောက်တွင် ပလ္လင်တော်၏ အလင်းမှုန် ပုံရိပ် ဖြစ်သည်။

"ငါရှုံးသွားပြီ"

ပလ္လင်တော်က နှုတ်ကနေ ဖွင့်ပြောလိုက်သည်။

သူ့လေသံထဲတွင် နောင်တရမှု အချို့ ရှိနေပုံ ပေါ်သော်လည်း ထိုနောင်တက အလွန် နောက်ကျသွားသည်မှာ ထင်ရှား၏။

ဝမ်လင်းက ပလ္လင်တော်ကို စူးစိုက်ကြည့်ကာ ငြိမ်သက်နေခဲ့သည်။

“မင်းရဲ့ စိတ်နှလုံးထဲမှာ သံသယများစွာကို သိမ်းဆည်းထားတယ်.. ဒီသံသယတွေ အတွက် အဖြေကို အစစ်အမှန်နတ်ဘုရားနယ်မြေမှာ ရှာတွေ့နိုင်တယ်”

ပလ္လင်တော်၏ အသံက ပေါ့ပါးစွာ ထွက်ပေါ်လာသည်။

ဝမ်လင်းက စကားပြန်မပြောခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ဝမ်လင်းသည် အမှန်တကယ်ပင် စိတ်ရှုပ်နေခဲ့သည်။

အထူးသဖြင့် အစစ်အမှန် နတ်ဘုရားနယ်မြေ ရှိမှန်း သိလိုက်ရ၍ သူက ပို၍ပင် အံ့သြနေခဲ့သည်။

ထိုခဏတွင် အစစ်အမှန် နတ်ဘုရားနယ်မြေက သူ၏ စွမ်းအားကို ထိန်းချုပ်ရန် ကူညီပေးနိုင်မလားဟု သူတွေးတောနေမိသည်။

အစစ်အမှန် နတ်ဘုရားနယ်မြေက မည်သို့သောနေရာနည်း။

သူအသိချင်ဆုံးအရာမှာ ထိုနေရာတွင် သရေစာ ခေါက်ဆွဲခြောက်ကြော် ရှိမရှိ ဖြစ်သည်။

ပလ္လင်တော်၏ မှုန်ဝါးသောပုံရိပ်က ဝမ်လင်းကို လှမ်းကြည့်လိုက်သည်။

“မင်းရဲ့ အတိတ်နဲ့ အနာဂတ်မှာ ဘာမှမမြင်ရဘူး.. ဒါက မင်းအသိချင်ဆုံးအရာလို့ ငါယုံကြည်တယ်…”

ဝမ်လင်း “…...........”

“ငါ ပျောက်ကွယ်သွားတော့မယ်.. ဘာပဲဖြစ်ဖြစ် ပကတိ နတ်ဘုရားတစ်ပါးရဲ့ သေခြင်းက သက်သောင့်သက်သာ ရှိတော့ တော်သေးတယ်လို့ ဆိုရမယ်”

ထိုစကားကိုပြောရင်း အလင်းမှုန်ပုံရိပ်၏ အောက်ပိုင်းသည် မှိန်ဖျော့သွားခဲ့သည်။

သူက ဝမ်လင်း၏ မျက်နှာကို ကြည့်လိုက်သည်။

"မင်းဘာလို့ စော်မရှိတာလဲလို့ ​တွေးဖူးလား"

ဝမ်လင်း၏ မျက်နှာက နီရဲသွားသည်။

“မင်းရဲ့ ခွန်အားကို စည်းတံဆိပ်ခတ်လိုက်တဲ့အခါ မင်းရဲ့ စိတ်ခံစားချက်တွေကိုပါ စည်းတံဆိပ်ခတ်မိလိုက်လို့ပဲ”

“.........…”

"မင်းက ငါတို့ထဲက တစ်ယောက် ဖြစ်လာနိုင်ပေမဲ့ အချိန်က မမှန်ကန်ခဲ့ဘူး"

ထိုအချိန်တွင် အလင်းမှုန်ပုံရိပ်၏ အများစုသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

သူက လုံးဝ ပျောက်ကွယ်မသွားခင် နောက်ဆုံး စကားတစ်ခွန်း ချန်ထားခဲ့သည်။

"မင်း အသက်ကြီးလာတာနဲ့အမျှ အစစ်အမှန် နတ်ဘုရားနယ်မြေက ရင်ပြင်ပေါ်မှာ တခြားနတ်ဘုရားတွေနဲ့အတူ ကပြရမယ်"

“…..............”

----------------------------------

အစစ်အမှန် နတ်ဘုရား နယ်မြေသည် ကျင့်ပိုင် မေ့လုနီးပါးဖြစ်ခဲ့သည့် နေရာတစ်ခု ဖြစ်သည်။

စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမန်များနှင့် မရေမတွက်နိုင်သော ဝိညာဥ်ခန္ဓာများဖြင့် လည်ပတ်နေသော ဤလောကသည် အစစ်အမှန် နတ်ဘုရားနယ်မြေ ဖြစ်သည်။

ကျင့်ပိုင်က အစစ်အမှန် နတ်ဘုရား နယ်မြေသို့ လှမ်းဝင်လိုက်သည့်အခိုက်တွင် အဝေးမှ ဝိညာဥ်ခန္ဓာများက ပေါင်းစည်းသွားပြီး အတောင်ပံနတ်ဘုရား အဖြစ် ပြောင်းလဲလိုက်သည်။

ထို့နောက်တွင် အတောင်ပံနတ်ဘုရားထံမှ သတိပေးသံ ထွက်ပေါ်လာသည်။

“အစစ်အမှန် နတ်ဘုရားနယ်မြေက တောင်ပံ နတ်ဘုရားများက သင့်ကို သတိပေးတယ်.. စည်းကမ်းမဲ့ ကျူးကျော်ဝင်ရောက်မှုတွေကြောင့် သင်ချစ်ရတဲ့သူတွေကို မျက်ရည်မကျပါစေနဲ့”

ဤသည်မှာ အတောင်ပံ၉၈ နတ်ဘုရား ဖြစ်သည်။

"မင်းရဲ့ အတောင် ၁၀၀၀ နတ်ဘုရားကို ငါ့ဆီ လာတွေ့ဖို့ ပြောလိုက်"

ကျင့်ပိုင်က သူ့လက်ကို မြှောက်လိုက်သည်။

သူ့လက်ချောင်းများမှ ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး အတောင်ပံ၉၈ခု နတ်ဘုရားသည် ချက်ချင်းပင် ပျက်သုဉ်းသွားခဲ့သည်။

ကျင့်ပိုင်သည် တောင်ပံ၉၈နတ်ဘုရား နှင့် သောက်ရေးမပါသည့် စကားများပြောဆိုရန် စိတ်မ၀င်စားပေ။

အကြောင်းရင်းမှာ ဤသည်က ပထမဆုံး အကြိမ် ပေါင်းစပ်မှုဖြစ်၍ သူ သိပ်ကြာကြာ မထိန်းသိမ်းနိုင်သောကြောင့်ပင်။

သူ့အနေဖြင့် အရာရာကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းရပေမည်။

ဤနေရာတွင် နတ်ဘုရားစွမ်းအင်သည် သမုဒ္ဒရာတစ်ခု ကဲ့သို့ဖြစ်ပြီး ကြီးမားသောလှိုင်းတံပိုးများ ကဲ့သို့ အဆုံးမရှိသောစွမ်းအင် ဖြစ်သည်။

ဤနေရာကို ရောက်လာသည့် ကိုးဆကြယ်(ဝါ) နတ်ဘုရားနယ်မြေမှ မည်သူမဆို ချက်ချင်းပင် ပြိုကွဲသွားလိမ့်မည်သာ။

ကမ္ဘာမြေမှ ကျင့်ကြံသူများဆိုလျှင်မူ ပြောနေစရာပင် မလိုတော့ပေ။

၎င်းတို့၏ ခန္ဓာကိုယ်များသည် အလွန်အားနည်းသောကြောင့် စွမ်းအင်ဖိအားဒဏ်ကို ခံစားမိသည်နှင့် ဖုန်မှုန့်များပမာ ချက်ခြင်း ကြေမွသွားပေလိမ့်မည်။

အကယ်၍ ပေါင်းစည်းထားသော အခြေအနေ မရှိပါက ကျင့်ပိုင်သည်လည်း ဤနေရာတွင် အကြာကြီး မနေရဲပေ။

ထို့ကြောင့် ကျင့်ပိုင် အစစ်အမှန် နတ်ဘုရား နယ်မြေတွင် ယခု တွေ့မြင်နေရသည့် အရာအားလုံးသည် ဝိညာဉ် ခန္ဓာကိုယ်များသာ ဖြစ်သည်။

သူတို့သည် လေနှင့် အလင်းရောင် ပမာ ဆင်တူသည့် ပုံစံအမျိုးမျိုးဖြင့် နေထိုင်ခဲ့ကြသည်။

သို့သော်လည်း တိုင်းတစ်ပါးရန်သူများ ကျူးကျော်ဝင်ရောက်လာသောအခါတွင်မူ ဝိညာဉ်ခန္ဓာများသည် အချင်းချင်း ပေါင်းစပ်ကာ အတောင်ပံ နတ်ဘုရားများ အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။

သူတို့တွင် အတောင်ပံတွေများလေလေ ပိုမို သန်မာလေလေ ဖြစ်၏။

ဆိုရလျှင် အစစ်အမှန် နတ်ဘုရားနယ်မြေ၌ ရှိသော နတ်ဘုရားများသည် ၎င်းတို့၏ မှတ်ဉာဏ်နှင့် အသိဉာဏ် အားလုံးကို အချင်းချင်း ဝေမျှထားကြသည်။

ကျင့်ပိုင်သည် တောင်ပံ၉၈ခု နတ်ဘုရားကို ဖြိုခွဲလိုက်သောအခါတွင် ကောင်းကင်တစ်ခွင် လည်ပတ်နေသော ဝိညာဉ်ခန္ဓာများ၏ ဝမ်းနည်းပူဆွေးသော အော်ဟစ်သံကို ရှင်းရှင်းလင်းလင်း ကြားနိုင်ခဲ့သည်။

ယင်းမှာ မွေးကင်းစကလေးများ၏ ငိုကြွေးသံများ၊ ကလေးများ၏ ဖြဲငိုသော အော်သံများ၊ အရွယ်ရောက်သောလူများ၏ စိတ်ဆင်းရဲစေပြီး မျက်ရည်ကျဖွယ် စကားများ ဖြစ်သည်။

အတောင်ပံ၉၈ခု နတ်ဘုရား ပျောက်ကွယ်သွားပြီးနောက်တွင် ကျင့်ပိုင်သည် စက္ကန့်အနည်းငယ်မျှ စောင့်ဆိုင်းနေခဲ့၏။

ထိုခဏမှာပင် သူ့ပတ်ဝန်းကျင်မှာရှိသည့် ဝိညာဥ်ခန္ဓာများသည် မရေမတွက်နိုင်သော ငါးတွေလို ကောင်းကင်မှာ ပေါင်းစုသွားပြီး ခြေထောက်တွေကနေ စပြီး ပေါင်၊ ခန္ဓာကိုယ်၊ လက်၊ လည်ပင်း၊ ဦးခေါင်း၊ အဆုံးသတ်တွင် ကျောဘက်၌ အတောင်တစ်ရာပါသော နတ်ဘုရားအထိ ပေါင်းစည်းသွားကြသည်။

"မင်းရဲ့ တောင်ပံတစ်ထောင် နတ်ဘုရားကို ငါ့ဆီ လာတွေ့ခိုင်းဖို့ ငါပြောခဲ့တယ် မဟုတ်လား"

ကျင့်ပိုင်၏လက်သည် သူ့ရှေ့မှ တောင်ပံ တစ်ရာ နတ်ဘုရားကို သတ်ရန် မြှောက်ထားပြီးပြီ ဖြစ်သည်။

တောင်ပံ တစ်ရာ နတ်ဘုရားက သက်ညှာပေးရန် တောင်းပန်ခဲ့သည်။

"သနားတော်မူပါ ဘုရင်ကြီး"

ကျင့်ပိုင် ရပ်တန့်သွားသည်။

"မင်းတို့ရဲ့ တောင်ပံ ၁၀၀၀ ကြက်ဖြူကြီးက ကိုယ့်အမှားကိုယ် ပြန်သုံးသပ်ပြီးပြီလား"

တောင်ပံတစ်ရာ နတ်ဘုရားက သူ၏ အတောင်ပံများကို ခတ်လိုက်ရာ မရေမတွက်နိုင်သော နတ်အမွေးအတောင်များသည် ပန်းပွင့်များကဲ့သို့ ပျံ့လွင့်သွားပြီး သက်သောင့်သက်သာနှင့် အေးချမ်းသောလေကို ရရှိစေခဲ့သည်။

နောက်ထပ် တစ်စက္ကန့်တွင် ဤဖြူစင်သော အမွေးအမှင်များသည် ကောင်းကင်ပေါ်တွင် စာလိပ်တစ်ခု အဖြစ်ပြောင်းလဲသွားပြီး ကျင့်ပိုင်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။

"ဒါဘာလဲ"

ကျင့်ပိုင်က မဖွင့်သေးဘဲ မေးလိုက်သည်။

“တောင်ပံတစ်ထောင် နတ်ဘုရားရဲ့ ဘဝအတွေ့အကြုံ စာစီစာကုံး တောင်းပန်စာပါ”

တောင်ပံတစ်ရာ နတ်ဘုရားက ပြန်ဖြေလိုက်သည်။

သူက ကျင့်ပိုင် နှင့် မျက်လုံးချင်းဆုံမိစေရန် လေးစားမှု၏ လက္ခဏာတစ်ခုအဖြစ် ခန္ဓာကိုယ်အရွယ်အစားကို သေးငယ်လိုက်သည်။

"စာစီစာကုံး တစ်ခုပဲလား.. မလုံလောက်ဘူး.. ဒီလောက်နဲ့ မလုံလောက်ဘူး"

ကျင့်ပိုင်က အော်ငေါက်လိုက်သည်။

“ဒါဆို ဘုရင်ကြီး ဆိုလိုတာက..”

"ကမ္ဘာ့ပြက္ခဒိန်အတိုင်း ငါ့သခင်ရဲ့ နွေရာသီအားလပ်ရက် မကုန်ဆုံးမီအထိ တောင်ပံတစ်ထောင် နတ်ဘုရားက တစ်နေ့ကို စာစီစာကုံး တစ်ပုဒ် ရေးသားရမယ်.. ဒါ့အပြင် မင်းတို့ တောင်ပံတစ်ထောင် နတ်ဘုရားအနေနဲ့ ကိုယ်တွေ့တွေကို စာစီစာကုံးကို ရေးသားခြင်းမှတပါး အခြားနည်းလမ်းနဲ့ အပြစ်ဖြေခွင့် မရှိဘူး"

"ဘုရင်ကြီးကျင့်ပိုင် စေခိုင်းတဲ့အတိုင်း ကျနော်တို့ လုပ်ပါ့မယ်”

အတောင်ပံ တစ်ရာ နတ်ဘုရားက သူ၏ချွေးများကို သုတ်လိုက်သည်။

“ဝါးမျိုထားတဲ့ ကြယ်ဂြိုဟ်တွေကို ပြန်ယူဖို့ ငါဆုံးဖြတ်ထားတယ်.. ဒါ့အပြင် ကိုယ်ကျိုးအတွက် လုပ်ဆောင်ခဲ့တဲ့ ကြယ်စင် အရှင်သခင်ကိုလည်း ငါအပြစ်ပေးချင်တယ်”

“မင်းတို့က နတ်နဂါးတွေကို ဖန်ဆင်းထားတဲ့သူတွေ ဆိုတော့ မင်းပဲ သူတို့ကို အပြစ်ပေးလိုက်ပါ.. ဒါကလွဲပြီး ငါပြောစရာ ဘာကျန်သေးလဲ”

“ကျန်ပါတယ်.. ဒီတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အပြစ်မဲ့ သတ္တဝါအားလုံးကို ရှင်ပြန်ထမြောက်စေဖို့ပါ"

အတောင်ပံတစ်ရာ နတ်ဘုရားက ပြောလိုက်သည်။

"ဒါ့အပြင် နတ်တာအိုကြယ် နဲ့ နတ်ဘုရားနယ်မြေ တို့ကြားမှာ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ အတွက် တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ”

“နောက်ထပ် ဘာမိန့်စရာ ကျန်သေးလဲ ဘုရင်ကြီး”

ကျင့်ပိုင် မျက်မှောင်ကြုတ်လိုက်သည်။

“ကမ္ဘာဂြိုဟ် နဲ့ပါ သံတမန်ဆက်ဆံရေးကို ထူထောင်ပါ”

ထိုအမိန့်ကြောင့် တောင်ပံတစ်ရာ နတ်ဘုရားက အနည်းငယ် အံ့သြသွားခဲ့သည်။

"နောက်ထပ် ဘာမိန့်စရာ ကျန်သေးလဲ ဘုရင်ကြီး”

ကျင့်ပိုင်က ဒေါသထွက်သွားပြီး တောင်ပံတစ်ရာ နတ်ဘုရား၏ လည်ပင်းကို လက်ညှိုးဖြင့် ထောက်လိုက်သည်။

"မင်းမစဉ်းစားနိုင်သေးရင် မင်းကိုလက်ညှိုးနဲ့ တစ်ခါထဲ ထိုးသတ် ပစ်လိုက်မယ်.. ပြီးရင် မင်းရဲ့တောင်ပံတစ်ထောင် နတ်ဘုရားကို မင်းကိုယ်စား စဥ်းစားခိုင်းမယ်

"သရေစာ ခေါက်ဆွဲခြောက်ကြော်.. ကျနော်တို့ ဘုရင်ကြီးကို သရေစာ ခေါက်ဆွဲခြောက်ကြော်တွေပါ ပို့ပေးပါ့မယ်"

“မင်းမဆိုးဘူး.. သင်ပေးလို့ရတယ်”

ကျင့်ပိုင်က ခေါင်းညိတ်လိုက်ပြီး သူ့လက်ချောင်းများကို ပြန်ရုတ်သိမ်းလိုက်သည်။

အပိုင်း(၉၂၉) ပြီး၏

All Chapters