← Chapters

ပင်မခန္ဓာ၏ ရောက်ရှိလာမှု

Vol. 111 Ch. 1654

ပင်မခန္ဓာ၏ ရောက်ရှိလာမှု

Vol. 111 Ch. 1654

လူသားဧကရာဇ်က ထွက်ခွာသွားပြီဖြစ်သော်လည်း သူသည် လူသားဧကရာဇ်ဓမ္မအမိန့်ပြန်တမ်းကို ကိုယ်တိုင်ရေးထိုးပြီး လောကရှိ ကံကြမ္မာအခွင့်အလမ်းများကို စုစည်းစေကာ ၎င်းကို လူသားဧကရာဇ်ချိတ်စည်းနှင့်အတူ ဆူဇီမိုထံ လွှဲပေးခဲ့လေသည်။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် မဟာယာနအဆင့်မှာသာ ရှိနေသေးသော်လည်း သူသည် ဧကရာဇ်တစ်ပါး၏ အော်ရာကို ထုတ်ဖော်နိုင်နေပြီဖြစ်၏။ သူ၏ လောကကို ငုံ့ကြည့်ရင်း သူ၏ အော်ရာက သိပ်သည်းပြင်းထန်နေ၏။

“လူသားဧကရာဇ်ကို နှုတ်ဆက်ပါတယ်”

ပုံပြောအဖိုးအိုက ဆူဇီမိုရှိရာဘက်သို့ သူ၏ လက်သီးနှစ်ဖက်ကို ယှက်ဖြာပြီး အရင်ဆုံး ဦးညွှတ်လိုက်၏။

ပုံပြောအဖိုးအိုသည် လက်ရှိဂမ္ဘီရဧကရာဇ်ဖြစ်လေသည်။

ဂမ္ဘီရဧကရာဇ်က စ၍ အရင်ဦးစွာ နှုတ်ဆက်လာသောအခါ ကျန်ရှိနေသော ဧကရာဇ်ငါးဦးသည် ရိုသေလေးစားသော အမူအရာများနှင့်အတူ အလောတကြီး ဦးညွှတ်လိုက်ကြ၏။

ဧကရာဇ် ၆ပါးကတောင် ထိုသို့ဆိုလျှင် အခြားသောကျင့်ကြံသူများက မလိုလားခြင်း ၊ မကျေနပ်ခြင်း သို့မဟုတ် မနာလိုခြင်းရှိနေမည်ဆိုလျှင်တောင် အရေးမကြီးတော့ပေ။

ထိုအခိုက်အတန့်မှာ သူတို့အားလုံးသည် သိပ်သည်းပြင်းထန်သောဖိအားကို ခံစားလာရပြီး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကျသွား၏။

“စီနီယာ… အဲ့လိုတွေလုပ်စရာ မလိုပါဘူး”

ဆူဇီမိုက လူသားဧကရာဇ်ဓမ္မအမိန့်ပြန်တမ်းနှင့် လူသားဧကရာဇ်ချိတ်စည်းကို သိမ်းဆည်းကာ ရှေ့သို့အလောတကြီး တက်လိုက်၏။ သူက ပုံပြောအဖိုးအို၏ လက်နှစ်ဖက်ကို ကိုင်မြှောက်ပြီး ပြောလိုက်လေသည်။

“ကျုပ်က… လူသားဧကရာဇ်ဘွဲ့နဲ့ မထိုက်တန်ပါဘူး… ရှေးဟောင်းခေတ်မှာပဲဖြစ်ဖြစ်… ဒီဘက်မျိုးဆက်မှာပဲ ဖြစ်ဖြစ် လူသားဧကရာဇ်က တစ်ဦးတည်းပဲရှိတယ်”

“ကျုပ်က အနာဂတ်မှာ ဧကရာဇ်တစ်ပါးဖြစ်လာမယ်ဆိုရင် ကျုပ်က လူသားဧကရာဇ်ဘွဲ့ကို ခံယူမှာ မဟုတ်ဘူး”

အဲ့ဒါသည် ထာဝရလူသားဧကရာဇ်ပေါ် ဆူဇီမို၏ လေးစားမှုဖြစ်လေသည်။

သူနှင့် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ နှလုံးသားများထဲတွင် လူသားဧကရာဇ်က တစ်ဦးတည်းသာလျှင်ရှိလေသည်။

“စီနီယာ ဂမ္ဘီရဧကရာဇ်... ခင်ဗျားက ဒီမျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ဆက်ပြီးကျင်းပပေးဖို့ ကျုပ်မျှော်လင့်တယ်”

ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဒါပေါ့”

ပုံပြောအဖိုးအိုက ခေါင်းညိတ်ပြလိုက်၏။

“ကမ္ဘာဦးမျိုးနွယ်က လူတိုင်းပဲ... မျိုးနွယ်စုတစ်သောင်းစုဝေးပွဲဆက်ပြီး ကျင်းပဖို့ ကန့်ကွက်စရာရှိလား”

ပုံပြောအဖိုးအိုသည် စုန်းကလန်ခေါင်းဆောင်နှင့် အခြားသူများကိုကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကန့်ကွက်စရာ မရှိပါဘူး”

စုန်းမျိုးနွယ်နှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ကလန်ခေါင်းဆောင်များက သူတို့၏ ခေါင်းများကို ခါယမ်းပြလိုက်ကြ၏။

လူသားဧကရာဇ် ရောက်ရှိလာမှုက အခြေအနေကို လုံးဝပြောင်းလဲသွားစေ၏။ ကမ္ဘာဦးမျိုးနွယ်များအားလုံးသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေခဲ့ကြပြီး သူတို့၏ အကြောက်တရားကနေ ယခုအချိန်ထိ ရုန်းထွက်မလာနိုင်သေးပေ။

ဘယ်သူက ကန့်ကွက်ရဲဦးမှာလဲ။

“ဟေး...”

ရုတ်တရက် ဖက်တီးလေးက ရှေ့သို့ခုန်ထွက်ပြီး စုန်းမျိုးနွယ်နှင့် ရွှေကျီးကန်းမျိုးနွယ် ရှိရာဘက်သို့ လက်ညိုးထိုးကာ အော်ပြောလိုက်၏။

“မျိုးနွယ်စုတစ်သောင်းစုဝေးပွဲကို ဆက်ပြီးကျင်းပတော့မယ်... မင်းတို့ ကမ္ဘာဦးမျိုးနွယ် ၆စုက ဧကရာဇ်တွေက ဘယ်ရောက်ကုန်တာလဲ... အဲ့ဒီမှာ ဧကရာဇ်တစ်ပါးမှ မရှိတော့ဘူးလား”

“သူတို့က... အကြောက်လွန်ပြီး ပုန်းရှောင်ကုန်ကြတာနေမှာပေါ့”

ရှစ်ကျန့်ကလည်း ဘေးကနေပြောဆိုလိုက်၏။

ဖက်တီးလေးက သူ၏ မျက်လုံးကို စွေကြည့်ပြီး သူ၏ နှုတ်ခမ်းကို စူလိုက်လေသည်။

“သူတို့က အစွမ်းအစမဲ့တဲ့ ငကြောက်တစ်အုပ်စုလို့ မင်းကပြောချင်တာလား... စောစောက အရမ်းတွေမောက်မာပြနေတော့ သူတို့က အရမ်းကိုသန်မာမယ်လို့ ငါထင်နေတာ”

သူတို့နှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက် အတိုင်အဖောက်ညီညီပြောဆိုလိုက်ကြပြီး ကမ္ဘာဦးမျိုးနွယ် ၆စု မှ ကလန်ခေါင်းဆောင်များ၏ မျက်နှာအမူအရာက အလွန်တရာပျက်ယွင်းလာခဲ့၏။

စောစောက သူတို့သည် လူသားမျိုးနွယ်ကို အရှက်ခွဲပြီး သတ္တိကြောင်သော ကြွက်များဖြစ်သည်ဟု လှောင်ပြောင်သရော်ခဲ့ကြ၏။

သို့သော် ယခုအခါ ကံတရားက ပြောင်းလဲသွားခဲ့လေသည်။

ထာဝရလူသားဧကရာဇ် ဆင်းသက်လာသောအခါ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ် ၊ ငရဲစုန်းဧကရာဇ်နှင့် အခြားသူများက သေသူသေ ဒဏ်ရာရသူရ ဖြစ်ကုန်ကြ၏။

လူသားဧကရာဇ်က ထွက်ခွာသွားသည်ဆိုလျှင်တောင် ကမ္ဘာဦးမျိုးနွယ် ၆ စုမှ ကျန်ရှိနေသော ဧကရာဇ်များက ကြောက်လန့်၍ တားမြစ်ကုန်းမြေများမှာ ပုန်းကွယ်နေကြပြီဖြစ်ပြီး ပေါ်ထွက်လာရဲတော့မည် မဟုတ်ပေ။

လူသားဧကရာဇ်က ထွက်ခွာသွားခါစဖြစ်ပြီး သူက ဘာဝှက်ဖဲတွေ ချန်ထားခဲ့မလဲဆိုတာ မည်သူက သိနိုင်မလဲ။

ဤတစ်ခေါက် လူသားဧကရာဇ်ရောက်ရှိမှုသည် ကမ္ဘာဦမျိုးနွယ် ၆စုအပေါ် ကြီးမားပြင်းထန်သည့် ပျက်စီးထိခိုက်မှုကို ဖြစ်စေခဲ့၏။ အပေါ်ယံမှာ ဧကရာဇ်တချို့သေဆုံးသွားသည့်အပြင် အဲ့ဒါထက် အဲ့ဒီမှာ မမြင်နိုင်သော ခြိမ်းခြောက်မှုတစ်ရပ်ပါ ရှိလာခဲ့၏။

နတ်ဘုရားကလန်ခေါင်းဆောင်က ညင်သာစွာ ချောင်းဟန့်လိုက်၏။

“ကမ္ဘာဦးမျိုးနွယ်တွေက ကလန်ခေါင်းဆောင်တွေအနေနဲ့ ကျုပ်တို့က မျိုးနွယ်စုတစ်သောင်းစုဝေးပွဲမှာ ဆုံးဖြတ်ချက်ချပေးနိုင်ပါတယ်”

“ဟုတ်တာပေါ့... ဟုတ်တာပေါ့”

စုန်းကလန်ခေါင်းဆောင်နှင့် အခြားသူများကလည်း အလောတကြီး ခေါင်းညိတ်လိုက်ကြ၏။

ပုံပြောအဖိုးအိုက နတ်ဘုရားကလန်ခေါင်းဆောင်ကို မှင်သေသေဖြင့် တစ်ချက်စိုက်ကြည့်လိုက်၏။

“မျိုးနွယ်စုတစ်သောင်းစုဝေးပွဲကို ဆက်ပြီးကျင်းပနိုင်တယ်... ဒါပေမဲ့ နတ်ဘုရားမျိုးနွယ် မပါဘူး”

နတ်ဘုရားကလန်ခေါင်းဆောင်၏ အမူအရာက ပြောင်းလဲသွား၏။

ပုံ​ပြောအဖိုးအိုက ဆက်ပြောလိုက်လေသည်။

“မျိုးနွယ်စုတစ်သောင်းစုဝေးပွဲမှာ ငါတို့ရဲ့ ဆွေးနွေးပြောဆိုမှုကိုပြုလုပ်ကြတာနဲ့ ငါတို့က နတ်ဘုရားမျိုးနွယ်ရဲ့ အရေးကိစ္စကိုပါ ဆုံးဖြတ်ချက်ချရလိမ့်မယ်”

နတ်ဘုရားကလန်ခေါင်းဆောင်က ခွန်းတုံ့ပြန်ရဲခြင်း မရှိပေ။

“ချန်နဂါးဧကရာဇ်... လူရိုင်းဧကရာဇ်... ခွန်ဧကရီ ခင်ဗျားတို့ရော ဘယ်လိုထင်လဲ”

ပုံပြောအဖိုးအိုသည် ချန်နဂါးဧကရာဇ်နှင့် အခြားနှစ်ယောက်ဘက်ကိုလှည့်ကာ မေးလိုက်လေသည်။

သူသည် အထူးသဖြင့် ချန်နဂါးဧကရာဇ်အပေါ် အလွန်တရာလေးစားမှုရှိလေသည်။

ချန်နဂါးဧကရာဇ်ကြောင့်သာမဟုတ်လျှင် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်နှင့် အခြားသူများသည် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ မည်သည့် ငဲ့ကွက်ထိန်ချန်မှုမှမရှိဘဲ တိုက်ခိုက်ခဲ့ကြလိမ့်မည်ဖြစ်၏။

သို့သော်ယခု... ငရဲစုန်းနှင့် ရွှေကျီးကန်းမီးဧကရာဇ်တို့က ဒဏ်ရာအပြင်းအထန် ရရှိကာ ထွက်ပြေးသွားကြပြီဖြစ်ပြီး ချန်နဂါးဧကရာဇ်က အိုမင်းနေပြီဖြစ်သော်လည်း သူက ထျန်ဟွန်ကုန်းမြေတိုက်မှာ အသန်မာဆုံး ဧကရာဇ်ဖြစ်လာခဲ့လေသည်။

“ငါ့မှာဘာကန့်ကွက်စရာမှ မရှိဘူး”

ချန်နဂါးဧကရာဇ်က ခေါင်းညိတ်ပြလိုက်၏။

ပုံပြောအဖိုးအိုက ဘေးဘက်တွင်ရှိသော မျိုးနွယ်စုတစ်သောင်းမှ သားရဲဧကရာဇ်တချို့နှင့် သက်ရှိများဘက်သို့ လှည့်ကြည့်ပြီး လေးနက်သောအသံဖြင့် ​ပြောလိုက်၏။

“ဒီလိုဆိုမှတော့... မျိုးနွယ်စုတစ်သောင်းစုဝေးပွဲကို ဆက်ပြီးကျင်းပကြတာပေါ့”

လူသားဧကရာဇ် ဆင်းသက်လာသော်လည်း ဒီဘက်မျိုးဆက်မှာ လူသားမျိုးနွယ်၏ ခွန်အားက ကမ္ဘာဦးမျိုးနွယ်များနှင့်ယှဥ်လျှင် နိမ့်ကျနေဆဲဖြစ်၏။

သူက ကမ္ဘာဦးမျိုးနွယ်ပေါ် လွန်ကဲစွာပြုမူမည်ဆိုလျှင် အဲ့ဒါက အန္တရာယ်ရှိလာနိုင်လေသည်။

ယခုအချိန်မှာ လူသားမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ်များနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိသေးပေ။

ပုံပြောအဖိုးအိုသည် မျိုးနွယ်စုတစ်သောင်းနှင့်အတူ ယှဥ်တွဲနေထိုင်ဖို့ကိုသာ အကြုံပြုပေးနိုင်လေသည်။

နတ်ဘုရားမျိုးနွယ်ကလွဲလျှင် ကမ္ဘာဦးမျိုးနွယ် ၈ စု၏ ပိုင်နက်နယ်မြေများကို ချဲ့ထွင်ခွင့်ပေးရပေမည်။

ကမ္ဘာဦးမျိုးနွယ်များ၏ သက်ရှိများသည် ဆက်လက်၍အပယ်ခံဘဝမှာ နေစရာမလိုတော့ဘဲ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်၏။

သို့သော်လည်း သူတို့သည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို မဆင်မခြင်သတ်ဖြတ်နိုင်ခြင်း မရှိစေရပေ။

မျိုးနွယ်စုတစ်သောင်းသည် တည်ငြိမ်အေးချမ်းသောပုံစံဖြင့် ထျန်ဟွမ်ကုန်းမြေတိုက်မှာ အတူယှဥ်တွဲနေထိုင်ကြမည်ဖြစ်၏။

သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းများကို လုံးလုံးလျားလျား ရှောင်လွှဲနိုင်မည် မဟုတ်သော်လည်း သူတို့သည် အကြောင်းအရင်းမရှိဘဲ အားနည်းသောမျိုးနွယ်များကို ထင်တိုင်းကြဲသတ်ဖြတ်ခြင်း သို့မဟုတ် အနိုင်ကျင့်ခြင်းနှင့် ကျွန်ပြုခြင်းများ မပြုလုပ်ရပေ။

ချန်နဂါးဧကရာဇ် ၊ လူရိုင်းဧကရာဇ်နှင့် ခွန်ဧကရီတို့က ဤအကြံပြုချက်နှင့်ပတ်သက်၍ ကျေနပ်မှုရှိကြလေသည်။

ကျန်ရှိနေသော ကမ္ဘာဦးမျိုးနွယ် ငါးစုကလည်း ကန့်ကွက်မှု မရှိကြပေ။

နောက်ပိုင်းမှာ မျိုးနွယ်စုတစ်သောင်းစုဝေးပွဲသည် ပိုင်နက်နယ်မြေများ ခွဲဝေပုံနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြလေသည်။

အဲ့ဒါသည် အလွန်တရာ အသေးစိတ်၍ ရှုပ်ထွေးပွေလီသော စီမံကိန်းတစ်ရပ်ဖြစ်ပြီး နောက်ဆုံးအဖြေထုတ်ဖို့အတွက် နေ့နေ့ညညအချိန်ယူရပေလိမ့်မည်။

ဆူဇီမိုသည် ဤကဲ့သို့သော ကိစ္စများမှာ စိတ်ဝင်စားခြင်း မရှိပေ။

ထိုအခိုက်အတန့်မှာ သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထား​ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က နေရာတစ်ခွင် ကျင်လည်ကျက်စား​နေပြီဖြစ်၏။

ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုး...

ခရမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က ရောက်ရှိလာခဲ့၏။ ထိုကျင့်ကြံသူ၏ မျက်နှာကို မြူခိုးတစ်လွှာက လွှမ်းခြုံထားပြီး သူ၏ သွင်ပြင်ကို ရှင်းလင်းစွာမတွေ့မြင်နိုင်ပေ။ သို့သော်လည်း သူသည် လောကကို ငုံ့ကြည့်နေသော အရှင်သခင်တစ်ပါးဖြစ်သည့်အလား ရပ်တန့်၍မရနိုင်သော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

သိုင်းတာအိုပင်မခန္ဓာက ဆင်းသက်ရောက်ရှိလာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာသည် ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး ခဏမျှအာရုံခံပြီးနောက် အလောတ​ကြီးမရှိသောပုံစံဖြင့် အရပ်တစ်ဘက်သို့ လျှောက်လှမ်းသွားလေသည်။

သို့သော်လည်း တစ်ခဏချင်းမှာပင် သိုင်း​တာအိုပင်မခန္ဓာသည် ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုးတစ်ခုလုံးကို ဖြတ်ကျော်သွားပြီး တောင်ကြောရိုး၏ အပြင်ဘက်အစပ် ထောင့်တစ်နေရာသို့ ရောက်ရှိလာခဲ့၏။

ဘေးပတ်ဝန်းကျင်က သဘာဝပေါက်ပင်များနှင့် သစ်ရွက်များ အုံ့မှိုင်းနေသည့် ရှေးဟောင်းသစ်ပင်များနှင့်အတူ စိမ်းစိုလန်းဆန်းနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် လောကနှင့် ပေါင်းစည်းထားသည့်အလား ဆင်းသက်လာခဲ့​ပြီး သူ၏အော်ရာကို ရုပ်သိမ်းလိုက်၏။

ထိုအခိုက်အတန့်မှာ တစ်စုံတစ်ယောက်သည် သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့မှာ သူတို့၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး မတ်တတ်ရပ်နေမည်ဆိုလျှင်တောင် သူတို့သည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ထားလျှင်တောင် သူတို့သည် သူ၏ တည်ရှိမှုကို အာရုံခံမိလိမ့်မည် မဟုတ်ပေ။

ဤထောင့်နေရာ၏ အနက်ပိုင်းထဲမှာ နက်မှောင်နေသော လိုဏ်ဂူတစ်ခုရှိလေသည်။

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ပြုံး၍ လိုဏ်ဂူထဲသို့ လျှောက်လှမ်းသွားလေသည်။

လိုဏ်ဂူထဲမှာ အဖြူရောင်ဝတ်အမျိုးသားတစ်ယောက်သည် တင်ပျဥ်ခွေထိုင်နေ၏။ သူ၏ လက်ချောင်းထိပ်ဖျားကို မြေပြင်နှင့် ထိထားပြီး သူ၏ လက်တစ်ချောင်းလုံးက နီရဲနေ၏။

အဖြူရောင် အမျိုးသားသည် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး သူ၏ စိတ်ကို တည်ငြိမ်စေကာ ဤနေရာမှာရှိသော မျိုးဆက်သွေးများကို ဂရုတစိုက်သန့်စင်နေ၏။

ပဟေဠိနန်းတော်၏ တိုက်ပွဲမြေပြင်မှာကျန်ရစ်ခဲ့သော မျိုးဆက်သွေးများက အသန်မာဆုံးဖြစ်လေသည်။

သို့သော်လည်း ပဟေဠိနန်းတော်၌ ဧကရာဇ်များစွာ၏ သတိထားခြင်းခံရမည်ကိုစိုးသည့်အတွက် သူက အဲ့ဒါကို မထိတွေ့ရဲပေ။

ကောင်းကင်ဖြန့်ကြက်တောင်ကြောရိုး၏ မရေမတွက်နိုင်သော သက်ရှိများသည် ဤတိုက်ပွဲမှာ သေဆုံးခဲ့ရလေသည်။

ထိုအခိုက်အတန့်မှာ အဖြူရောင်ဝတ်အမျိုးသားသည် ထိုသက်ရှိများ၏ မျိုးဆက်သွေးများကို သန့်စင်နေခြင်းဖြစ်၏။

လူသားဧကရာဇ်၏ ကြေးမုံက ဧကရာဇ်လက်နက်တစ်ခုဖြစ်လေသည်။ သို့သော်လည်း သူသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာသာရှိနေသေး၏။

စောစောက လူသားမျိုးနွယ်ကို ကပ်ဘေးကနေ ကျော်ဖြတ်နိုင်စေဖို့အတွက် သူသည် လူသားဧကရာဇ်ကြေးမုံကို အတင်းအကျပ်အသက်သွင်းခဲ့ပြီး အဲ့ဒါက သူ့အပေါ်ကြီးမားသည့် တန်ပြန််ရိုက်ခတ်မှုတစ်ခုဖြစ်စေခဲ့လေသည်။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ဤကဲ့သို့သော ဒဏ်ရာကို ကုသဖို့အတွက် အနည်းဆုံး ရက်အနည်းငယ်ကြာ အချိန်ယူရပေလိမ့်မည်။

သို့သော်လည်း သူသည် သူ၏ မျိုးဆက်သွေးကို သန့်စင်ပြီး အမြုတေသွေးကို အဆက်မပြတ်စုပ်ယူဖို့အတွက် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အသုံးချနိုင်လေသည်။ သူ၏ ပြန်လည်ကုသနိုင်စွမ်းက အလွန်တရာ တုန်လှုပ်စရာကောင်းပြီး ပုံမှန်ကုသခြင်းထက် အဆများစွာ ပိုမိုမြန်ဆန်လေသည်။

All Chapters