အသေအကြေတိုက်ပွဲ
Vol. 111 Ch. 1655
တစ်နာရီခန့် ကြာပြီးနောက်.. အဖြူရောင်ဝတ် အမျိုးသားက လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်၏။
သူ၏ ထိခိုက်ဒဏ်ရာများက သက်သာပျောက်ကင်းလာခဲ့လေပြီ။
ပို၍ အရေးကြီးသည်မှာ သူသည် မဟာယာနအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းတစ်ရပ်ကို အာရုံခံမိသွားနိုင်ပြီဖြစ်၏။
အဖြူရောင်ဝတ်လူက သူ၏ မျက်လုံးကို ဖွင့်ပြီး မဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းရန် ဘေးကင်းလုံခြုံ စိတ်ချရမည့် နေရာတစ်ခုကို ရှာဖွေဖို့အတွက် ဤနေရာကနေ ထွက်ခွာဖို့ ပြင်ဆင်လိုက်လေသည်။
သို့သော်လည်း သူ၏ မျက်လုံးကို ဖွင့်လိုက်သည့် ခဏမှာပင် သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။
သူ၏ တည်ငြိမ်သော စိတ်နေစရိုက်နှင့်ပင်လျှင် သူ၏ အမူအရာက ပြောင်းလဲသွား၏။
သူ့ရှေ့ မလှမ်းမကမ်းမှာ တစ်စုံတစ်ယောက်က မတ်တတ်ရပ်နေ၏။
အဲဒါသည် မျက်နှာကို မြူခိုးတစ်လွှာဖြင့် လွှမ်းခြုံထားသော ခရမ်းရောင်ဝတ် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူက သူ၏ အမြင်အာရုံနှင့်ပင် အဲဒါကို ထွင်းဖောက်မမြင်နိုင်ပေ။
ကိုယ်တော်တာမင်းသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်ပြီး ခရမ်းရောင်ဝတ် ကျင့်ကြံသူကို စစ်ဆေးကြည့်ရှုရင်း ပို၍ပင် သတိကြီးကြီးထားလာ၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်၌ သူ့စိတ်ဝိညာဉ်အသိစိတ်၏ ခွန်အားသည် သာမန် မဟာယာနမျိုးနွယ်စုခေါင်းဆောင် အချို့ထက်ပင် ပိုမိုသန်မာနေပြီဖြစ်၏။
ထိုသို့ဆိုလျှင်တောင် သူ၏ စွမ်းအားကြီးမားသော စိတ်ဝိညာဉ်အသိစိတ်နှင့်ပင်လျှင် သူသည် ခရမ်းရောင်ဝတ်လူ၏ ရုပ်ရည်သွင်ပြင်ကို ထောက်လှမ်းနိုင်ခြင်း မရှိပေ။
သူ့ရှေ့ရှိ ခရမ်းရောင်ဝတ်လူက လျှို့ဝှက်ဆန်းကြယ်ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင်တစ်ယောက် ဖြစ်သည်ကိုသာ သူက ပြောနိုင်လေသည်။
အဲဒါက လွဲလျှင် သူက တခြား ဘာကိုမှ မသိရပေ။
အဲဒါက အရေးကြီးဆုံးအရာတော့ မဟုတ်ပေ။
အဖြူရောင်ဝတ် အမျိုးသားကို တကယ်တမ်း တုန်လှုပ်စေခဲ့သည်မှာ သူသည် လျှို့ဝှက်ဆန်းကြယ်သောလူ ဘယ်အချိန်က ပေါ်ထွက်လာခဲ့သည်ကို သတိမထားမိခဲ့ခြင်းပင်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများအတွက် သူတို့ကြား ပေအနည်းငယ် အကွာအဝေးက လျစ်လျူရှု၍ ရသလောက်နီးပါးပင်။
တစ်နည်းအားဖြင့်ဆိုလျှင် လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်ဝတ်လူက မကောင်းသော စိတ်အကြံရှိပြီး သူ့ကို စောစောက တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူက ထိခိုက်ဒဏ်ရာရရှိသွားဖို့ ၅၀% အခွင့်ရှိလေသည်။
သို့သော်လည်း အဲဒီမှာ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိသေးလေသည်။
လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်ဝတ်လူက တိုက်ခိုက်လာသည့် ခဏမှာပင်.. သူက အဲဒါကို အာရုံခံမိသွားပြီး တုံ့ပြန်ကာ တန်ပြန်တိုက်ခိုက်နိုင်ပေလိမ့်မည်။
အဲဒါကြောင့် အဖြူရောင်ဝတ်လူ၏ မျက်လုံးထဲမှာ ခရမ်းရောင်ဝတ် ကျင့်ကြံသူသည် လျှို့ဝှက်ဆန်းကြယ်၍ လက်ဦးမှု ရရှိနိုင်သော်လည်း သူက ခြိမ်းခြောက်မှုတစ်ရပ် မဟုတ်သေးပေ။
သူ့မှာ ယုံကြည်မှု ရှိလေသည်။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာ မည်သူကမှ သူ့ကို မယှဉ်နိုင်ပေ။
“မင်း ဒီကိုရောက်နေတာ ဘယ်လောက်ကြာသွားပြီလဲ”
အဖြူရောင်ဝတ်လူက သူ့ကိုယ်သူ လျင်မြန်စွာ ဣန္ဒြေဆည်ပြီး မှင်သေသေဖြင့် မေးလိုက်၏။
“တစ်နာရီ မပြည့်သေးဘူး”
လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်ဝတ်လူက ပြန်ဖြေလိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အသံကို တမင်ပြောင်းလဲထားလေသည်။
“မင်း ငါ့ကို လာရှာတာလား”
အဖြူရောင်ဝတ်လူက ထပ်မေးလိုက်၏။
“ဟုတ်တယ်”
သိုင်းတာအိုပင်မခန္ဓာက ပြန်ဖြေလိုက်လေသည်။
အဖြူရောင်ဝတ်လူက သူ၏ မျက်လုံးကို မှေးကျဉ်းပြီး သူ၏ နှာရောင်ပေါ်ရှိ ဒေါင်လိုက်မျက်လုံးပေါ်မှာ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာကာ အင်အားကြီးမားသော စွမ်းပကားတစ်ခု လျှံထွက်လာ၏။ သူက သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာကို ထွင်းဖောက်ကာ တွေ့မြင်ချင်လေသည်။
သို့သော်လည်း အတန်ကြာ စိုက်ကြည့်ပြီးနောက် သူက ဘာကိုမှ ရှာမတွေ့နိုင်သေးပေ။
အဖြူရောင်ဝတ်လူသည် အတတ်နိုင်ဆုံး ကြိုးစား၍ ပြန်လည်စဉ်းစားကြည့်လိုက်သော်လည်း သူသည် သူ့ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သော ဤလူနှင့် ယှဉ်နိုင်သည့် မည်သည့် သတင်းအချက်အလက်ကိုမှ ရှာမတွေ့ပေ။
သူသည် ဤလူကို အရင်က တစ်ခါမှ မတွေ့မြင်ဖူးသည်မှာ သေချာလေသည်။
သူက ဤကဲ့သို့ ထူးခြားသော သူတစ်ယောက်ကို ယခင်က တွေ့မြင်ဖူးသည်ဆိုလျှင် သူက အဲဒီလူကို သေချာပေါက် စွဲစွဲမြဲမြဲ မှတ်မိနေပေလိမ့်မည်။
“ငါ မင်းကို မသိဘူး.. မင်း လူမှားပြီး လာရှာတာလား”
အဖြူရောင်ဝတ်လူက ပြောလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ပြုံးပြလိုက်၏။
“မင်း ငါ့ကို မသိဘူးဆိုလည်း ရတယ်.. ဒါပေမဲ့ ငါ မင်းကို သိတယ်”
“အို..”
အဖြူရောင်ဝတ်လူက ပြုံး၍ မေးလိုက်၏။
“ငါ ဘယ်သူလဲ မင်းသိလို့လား”
“ကိုယ်တော်တာမင်း”
သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်း ပြောလိုက်၏။
အဖြူရောင်ဝတ် အမျိုးသားသည် ထိုစကားကို ကြားသောအခါ အမူအရာ ကင်းမဲ့နေသော်လည်း သူ၏ ရင်ထဲမှာ လှုပ်ခတ်သွား၏။
အဖြူရောင်ဝတ်လူက ကိုယ်တော်တာမင်း ဖြစ်လေသည်။
သူသည် ဒီဘက်မျိုးဆက်မှာ ပြန်လည်ပေါ်ထွက်လာပြီးနောက် ဂရုတစိုက် ပြုမူလှုပ်ရှားနေခဲ့ပြီး သူ၏ သရုပ်သကန်ကို မည်သူမှ မသိရှိနိုင်စေရန် အရာရာတိုင်းကို ကြိုတင်အကွက်ချကာ စီစဉ်နေခဲ့၏။
တကယ်ဆို သူ့ကို အရင်က မည်သူကမှ မတွေ့မြင်ဖူးခဲ့ပေ။
တစ်စုံတစ်ယောက်က သူ့ကို တွေ့မြင်ဖူးသည်ဆိုလျှင်တောင် သူတို့က သူ့ကို မှတ်မိကြလိမ့်မည် မဟုတ်ပေ။
အကြောင်းမှာ သူသည် လွန်ခဲ့သည့် နှစ်လေးသောင်းက သေဆုံးခဲ့သော တစ်စုံတစ်ယောက် ဖြစ်သောကြောင့်ပင်။
သို့သော်လည်း သူ့ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သောလူက စကားတစ်ခွန်းတည်းဖြင့် သူ၏ သရုပ်သကန်ကို ဖော်ထုတ်လိုက်လိမ့်မည်ဟု ကိုယ်တော်တာမင်းက ထင်မှတ်မထားပေ။
“မင်း ငါ့ကို ဘာလို့ လာရှာတာလဲ”
ကိုယ်တော်တာမင်းက သူ၏ သရုပ်သကန်ကို တိတ်တဆိတ် ဝန်ခံရင်း ပြန်မေးလိုက်၏။
“မင်းကို သတ်မလို့”
သိုင်းတာအိုပင်မခန္ဓာက ထိုသို့ပြောလိုက်သည့် ခဏမှာပင် လိုဏ်ဂူထဲရှိ အပူချိန်က ထိုးဆင်းသွားလေသည်။
ကိုယ်တော်တာမင်းက ညင်သာစွာ ပြုံး၍ နည်းနည်းကလေးပင် ပူပန်ကြောင့်ကြလာခြင်း မရှိပေ။ သူက ထပ်မေးလိုက်၏။
“မင်းက ဒီကိုရောက်နေတာ ကြာနေပြီဆိုမှတော့.. ငါ့ကို သတ်ချင်တယ်ဆိုရင် ဘာလို့ စောစောကတည်းက အဲဒါကို မလုပ်ခဲ့တာလဲ”
“မင်း အားအင်ပြန်ပြည့်လာမှာကို ငါစောင့်နေတာ”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“မင်းက ဒဏ်ရာရထားခဲ့တယ်.. အဲဒီပုံစံနဲ့ မင်းကို ငါသတ်လိုက်ရင် ငါက ဘာကိုမှ ခံစားရမှာ မဟုတ်ဘူး”
“ဟီးဟီး.. စိတ်ဝင်စားစရာပဲ”
ဤတစ်ခေါက်မှာတော့ ကိုယ်တော်တာမင်းက ရယ်မောလိုက်လေသည်။
သူသည် နှစ်လေးသောင်းကြာ ရှင်သန်နေထိုင်ခဲ့ပြီး သူ၏ ရှေ့မှာ မည်သူကမှ ဤကဲ့သို့ မောက်မာစွာ မပြောဆိုခဲ့ဖူးပေ။
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားက သူ့ကို သေစေချင်သော်လည်း သူက သူ၏ အားအင်အပြည့်အဝ ပြန်လည်ရရှိလာပြီးမှသာ အဲဒါကို ပြုလုပ်ချင်လေသည်။
ကိုယ်တော်တာမင်းက အေးစက်စွာ ပြောလိုက်၏။
“ငါ ဒဏ်ရာရနေတုန်း မင်းက မတိုက်ခိုက်ခဲ့ဘူးဆိုမှတော့.. မင်းက မင်းရဲ့ နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးသွားပြီ”
သူ့စကား မဆုံးသေးခင်မှာပင်.. ကိုယ်တော်တာမင်းက မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။
“ဥုံ.. မာ.. ဏီ.. ပါ.. မီ…ဟုံ..”
အဲဒါသည် တာမင်းကျောင်းတော်၏ အဆုံးစွန်ပညာရပ် တာမင်းမန္တာန် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် ကိုယ်တော်တာမင်း၏ လက်ဖဝါးက လက်ဟန်ချိတ်စည်းများကို ထပ်တလဲလဲ ဆင့်ခေါ်လိုက်၏။ တာမင်းမန္တာန် ၆သံနှင့်အတူ တွဲဖက်၍ သူသည် မနှိုင်းယှဉ်သာအောင် စွမ်းပကား ကြီးမားသော ဓမ္မချိတ်စည်း ၆ခုကို ထုတ်လွှတ်လိုက်လေသည်။
မိစ္ဆာနှိမ်နင်းချိတ်စည်း.. သားရဲနှိမ်နင်းချိတ်စည်း.. အင်မော်တယ်ထောင်ချောက်ချိတ်စည်း.. မလှုပ်ရှားနိုင်သော အုတ်မြစ်ချိတ်စည်း.. မဟာဝရဇိန်လှည်းဘီးချိတ်စည်းနှင့် မဟာမြင်းမိုရ်တောင်ချိတ်စည်း။
တာမင်း ဓမ္မချိတ်စည်း ၆ခုက ကြောက်စရာကောင်းသော စွမ်းအားနှင့်အတူ ဆင်းသက်လာပြီး သိုင်းတာအိုပင်မခန္ဓာပေါ်ကို လွှမ်းခြုံသွားလေသည်။
သိုင်းတာအိုပင်မခန္ဓာက မည်သည့် ပြုမူလှုပ်ရှားမှုမှ ရှိဘဲ ရှေ့ကိုသာ လျှောက်လှမ်းလာခဲ့၏။
သူက သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး လက်သီးတစ်လုံးအဖြစ် ဆုပ်ကာ တာမင်းချိတ်စည်း ၆ခုကို ပစ်ထိုးလိုက်လေသည်။
“ပြိုကွဲစမ်း”
တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာက အော်ဟစ်လိုက်၏။
သူ၏ အသံက မိုးကြိုးသံကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာ၏။
အဲဒါသည် စကားတစ်ခွန်းသာ ဖြစ်သော်လည်း ၎င်းသည် တာမင်းမန္တာန် ၆သံကို ဖိနှိမ်သွားလေသည်။
ဘုန်း…
သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးက ဓမ္မချိတ်စည်း ၆ခုနှင့် ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သော မြည်သံနှင့်အတူ သူတို့ကို ချက်ချင်းပင် လဲပြိုကျသွားစေ၏။
ကိုယ်တော်တာမင်း၏ အကြည့်က တောင့်တင်းသွားလေသည်။
လျှို့ဝှက်ဆန်းကြယ်သောလူက မည်သည့် ဓမ္မပညာရပ်ကိုမှ ထုတ်ဖော်ခဲ့ခြင်း မရှိပေ။ တကယ်ဆို သူက သူ၏ သွေးချီကိုပင် လှည့်ပတ်ခဲ့ခြင်း မရှိပေ။ သူသည် သူ၏ ကိုယ်ကာယဖြင့် ပစ်ထိုးလိုက်ခြင်းသာ ဖြစ်ပြီး တာမင်းဓမ္မချိတ်စည်းများကို ပျက်စီးသွားစေ၏။
ဤလျှို့ဝှက်ဆန်းကြယ်သောလူက အလွန့်အလွန် သန်မာလေသည်။
သို့သော်လည်း ကိုယ်တော်တာမင်းက အကြောက်အလန့် မရှိပေ။ သူသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများ အကြားမှာ ပြိုင်ဘက်ကင်းသည်ဟု သူ့ကိုယ်သူ ယုံကြည်လေသည်။
သူ့အနေဖြင့် ဤကဲ့သို့ ပြိုင်ဘက်တစ်ယောက်နှင့် တွေ့ဆုံရသည်မှာ ရှားရှားပါးပါး အခွင့်အရေးတစ်ခု ဖြစ်လေသည်။ ကိုယ်တော်တာမင်း၏ မျက်လုံးများက တိုက်ခိုက်လိုသော စိတ်ဝိညာဉ်ဖြင့် တောက်လောင်ပြင်းပြလာပြီး သိုင်းတာအိုပင်မခန္ဓာ ရှိရာသို့ လှစ်ခနဲ ခုန်ဝင်လာခဲ့၏။
တစ်ခဏချင်းမှာပင်.. သူတို့နှစ်ယောက်က အရမ်းကို နီးကပ်သွားကြလေပြီ။
ကိုယ်တော်တာမင်းသည် သိုင်းတာအိုပင်မခန္ဓာနှင့် အနီးကပ် တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်၏။
“ဘယ်မှာမှ ရှာမတွေ့သော ခန္တီတရား.. ငြိမ်သက်သော စိတ်ကို ဆင့်ကဲပြောင်းလဲစေ..”
သူသည် တီးတိုးရေရွတ်ပြီး စိန်ကျောင်းတော်၏ လျှို့ဝှက်အတတ်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်၏။
ဒုံ..
ကိုယ်တော်တာမင်း၏ ရင်ဘတ်သည် ရှေးဟောင်းနတ်ဘုရား သက်ရှိတစ်ပါးက ဧရာမ ဗုံတစ်လုံးကို တီးခတ်လိုက်သည့်အလား… ထုံထိုင်းထိုင်း အသံတစ်သံနှင့်အတူ ပြင်းထန်စွာ တုန်ခါလာခဲ့၏။ ထိုအသံက နက်ရှိုင်း၍ စွမ်းအားကြီးမားပြီး ချောက်ချားစရာကောင်းလေသည်။
သူ၏ နှလုံးက ဝင်းလက်တောက်ပလာခဲ့၏။
ထိုနှလုံးခုန်သံတစ်ချက်သည် အလွန်တရာ ကြောက်စရာကောင်းသော မျိုးဆက်သွေးကို ထုတ်ဖော်လိုက်ပြီး သူ၏ ခြေလက်များနှင့် အင်္ဂါအစိတ်အပိုင်းများဆီသို့ ချက်ချင်းပင် တလိပ်လိပ် တိုးဝင်သွားလေသည်။
ဝေါ…
ဆူနာမီသွေးအသံက ကိုယ်တော်တာမင်း၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာ၏။
တကယ်ဆို သူ၏ ခန္ဓာကိုယ်ကို ရွှေရောင် ဗုဒ္ဓအလင်းတစ်လွှာက လွှမ်းခြုံထားလေသည်။
ထိုအခိုက်အတန့်မှာ ကိုယ်တော်တာမင်းသည် ရှေးကျသော ဗုဒ္ဓတစ်ပါးအဖြစ် အသွင်ပြောင်းလဲသွားသည်ဟု ထင်ရ၏။ သူသည် ပြိုင်ဘက်ကင်း၍ သူ၏ ဓမ္မစွမ်းအားများက အကန့်အသတ်မဲ့လေသည်။ သူ၏ စွမ်းပကားက ကြောက်စရာကောင်းပြီး သူက နတ်ဆိုးများ အားလုံးကို ဖိနှိမ်ချင်လေသည်။
ဝေါ…
သိုင်းတာအိုပင်မခန္ဓာက သူ၏ မျိုးဆက်သွေးကို လှည့်ပတ်လိုက်သောအခါ သူကလည်း ဆူနာမီသွေးအဆင့်သို့ ရောက်ရှိသွားလေသည်။
ဘုန်း…
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေ အမူအရာတစ်ခု ရှိနေပြီး ကိုယ်တော်တာမင်း၏ နတ်ဘုရားစွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ အကြောက်အလန့် ကင်းမဲ့လေသည်။ သူက နောက်တစ်ဖန် တိုက်ခိုက်လိုက်ပြီး အဲဒါက ထိုးချက်တစ်ချက်သာ ဖြစ်နေဆဲပင်။
ဘုန်း…
ကိုယ်တော်တာမင်းကလည်း ပြန်လည်ထိုးနှက်လိုက်လေသည်။
အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
သူတို့၏ လက်သီးနှစ်ဖက်က ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်ပြီး အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားစက်ကွင်းတစ်ခုကို ထုတ်လွှတ်ကာ လိုဏ်ဂူတစ်ခုလုံးကို တုန်ခါသွားစေ၏။
သဲများနှင့် ကျောက်ခဲများက အဆက်မပြတ် လိမ့်ဆင်းလာခဲ့၏။
ကိုယ်တော်တာမင်းက ခပ်သဲ့သဲ့ ညည်းတွား၍ ခြေလှမ်းဝက် နောက်ဆုတ်လိုက်ရ၏။
သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေသည်။ အရိပ်တစ်ခုပမာ သူသည် မီးကဲ့သို့ ကြမ်းကြုတ်ခက်ထန်စွာဖြင့် နောက်တစ်ဖန် ပစ်ထိုးလိုက်၏။
ကိုယ်တော်တာမင်းသည် သူ၏ လက်သီးကိုသာ မြှောက်၍ ခုခံလိုက်ရ၏။
ဘုန်း…
နောက်ထပ် ကျယ်လောင်သော မြည်သံတစ်သံ ထွက်လာ၏။
ကိုယ်တော်တာမင်းသည် နောက်တစ်ဖန် နောက်ဆုတ်သွားရပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းကလည်း ယိမ်းထိုး၍ အလျင်အမြန် မှေးမှိန်လာခဲ့လေသည်။