← Chapters

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ နေရာများ

Vol. 111 Ch. 1662

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ နေရာများ

Vol. 111 Ch. 1662

ပုံပြောအဘိုးအိုက ခေါင်းညိတ်ပြလိုက်၏။

“အဲဒါ အမှန်ပဲ… လူသားဧကရာဇ်ချိတ်စည်းက ထျန်ဟွမ်ကုန်းမြေတိုက်မှာ အရမ်းကို ကြီးမားတဲ့ လက်နက်တစ်ခုပဲ.. အဲဒါ ဆင်းသက်လာတဲ့အခါ အဲဒါက ကီလိုမီတာ ထောင်ချီအတွင်းမှာ ရှိတဲ့ တောင်တန်းတွေနဲ့ မြစ်တွေကို ဖိနှိမ်နိုင်တယ်… ​ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်နဲ့ အခြားသူတွေတောင်မှ အဲဒါကို စိုးရိမ်ရတယ်”

“လူသားဧကရာဇ်ချိတ်စည်းက မင်းရဲ့ လက်ထဲကို ရောက်နေပြီဆိုတော့.. အဲဒါအတွက် သေချာပေါက် တိုက်ခိုက်လာမယ့်သူတွေ ရှိလာလိမ့်မယ်လို့ ငါထင်တယ်.. မင်းက တော်တော်ကို ဂရုစိုက်မှရမယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

လူသားဧကရာဇ်ဘွဲ့နှင့် လူသားဧကရာဇ်ချိတ်စည်း၏ ​အတွဲအဖက်နှင့်အတူ အဲဒါသည် သူ့အတွက် လူသားဧကရာဇ် ချန်ထားရစ်ခဲ့သော လေ့ကျင့်ပေးမှု ပုံစံတစ်ခု ဖြစ်လေသည်။

သူက ထပ်မံ၍ ​ကြီးပြင်းလာချင်သည်ဆိုလျှင် သူက ဤအရာများကို တွေ့ကြုံဖြတ်ကျော်ရပေမည်။

သူသည် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာပြီး ရှေးဟောင်းတိုက်ပွဲမြေမှာ နတ်ဘုရားစွမ်းအားများကို တစ်ခုပြီးတစ်ခု နားလည်ဆင်ခြင်နေမည်ဆိုလျှင် သူသည် နှစ်တစ်ထောင် မပြောနှင့်.. နှစ်တစ်သောင်းမှာပင်လျှင် ဧကရာဇ်တစ်ပါး ဖြစ်လာချင်မှ ဖြစ်လာပေလိမ့်မည်။

ပုံပြောအဘိုးအိုက ခဏမျှ တွေးတောပြီး ဆက်ပြောလိုက်၏။

“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်မှာ နေရာ ၃၆နေရာ ရှိတယ်.. သူတို့ကြားထဲမှာ ဧကရာဇ်တွေ မပါဘူး.. ပြောရမယ်ဆိုရင် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က လူတိုင်းက မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေပဲ”

“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က နာမည်ဂုဏ်သတင်းအတွက်ပဲဆိုရင်.. ကျုပ်က အဲဒီမှာ ဝင်ပြိုင်မနေတော့ဘူး”

ဆူဇီမိုက ထိုကဲ့သို့သော အရာများကို အရေးမလုပ်ပေ။

ပဟေဠိနန်းတော်၏ အဆင့်သတ်မှတ်ချက် ၃ခုထဲမှာ သူသည် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက်သာ တိုက်ခိုက်ခဲ့ဖူးလေသည်။

“ဘိုးဘေးလင်းလုံက ရှေးဟောင်းခေတ်မှာ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို တည်ထောင်ခဲ့တာ.. နာမည်ဂုဏ်သတင်းက အဓိက မဟုတ်ဘူး”

ပုံပြောအဘိုးအိုက ခေါင်းခါပြလိုက်၏။

“အရေးကြီးဆုံးက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်မှာ အဆင့်မြင့် နတ်ဘုရားစွမ်းအား ၃၆ခု ရှိတယ်.. လူတစ်ယောက်ရဲ့ နာမည်က အဆင့်သတ်မှတ်ချက်မှာ အပေါ်ကို ပိုရောက်လေလေ… နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကနေ သူတို့ ဆက်ခံရရှိနိုင်မယ့် အဆင့်မြင့် နတ်ဘုရားစွမ်းအား အရေအတွက်က ပိုများလေပဲ”

ပုံပြောအဘိုးအိုက ပြောလိုက်၏။

“ဥပမာ ပြောရရင်.. မင်းက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ရဲ့ အဆင့် ၃၆မှာ ရပ်တည်မယ်ဆိုရင်.. မင်းက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကနေ အဆင့်မြင့် နတ်ဘုရားစွမ်းအား တစ်ခုကို ဆက်ခံရရှိလိမ့်မယ်”

“မင်းက အဆင့် ၃၅မှာ ရပ်တည်မယ်ဆိုရင်… နတ်ဘုရားစွမ်းအား နှစ်ခုကို ဆက်ခံရရှိမယ်”

“မင်းက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်မယ်ဆိုရင်.. မင်းက အဆင့်မြင့် နတ်ဘုရားစွမ်းအား ၃၆ခုကို အမွေဆက်ခံရရှိလိမ့်မယ်”

ခဏမျှ ရပ်တန့်ပြီးနောက်.. ပုံပြောအဘိုးအိုက ဆက်ပြောလိုက်၏။

“အဲဒါတင်မကဘူး.. နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို လူသားဧကရာဇ်ကိုယ်တိုင် သန့်စင်မွမ်းမံခဲ့ပြီး အဲဒီထဲမှာ သူ့ရဲ့ အန္တိမ နတ်ဘုရားစွမ်းအား ၆ခုကိုပါ ထည့်သွင်းထားတယ်”

“မင်းက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံး ၆နေရာအတွင်း ရပ်တည်နိုင်မယ်ဆိုရင်.. မင်းက လူသားဧကရာဇ် အမွေချန်ထားခဲ့တဲ့ အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ရရှိနိုင်မယ့် အခွင့်အရေးတစ်ခု ရှိတယ်”

ဆူဇီမိုက အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။

ကြည့်ရသည်မှာ.. နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ နေရာများအတွက် ယှဉ်ပြိုင်မှုက အလွန်တရာ အကြိတ်အနယ် ရှိနေပေလိမ့်မည်။ အဲဒါသည် ဂုဏ်သတင်းအတွက် တိုက်ခိုက်ခြင်းသာ မဟုတ်ဘဲ ကြီးမားသော အကျိုးအမြတ်များအတွက် ဖြစ်လေသည်။

အဆင့်သတ်မှတ်ချက် ပိုမြင့်လေလေ.. သူတို့ အမွေဆက်ခံ ရရှိမည့် အဆင့်မြင့် နတ်ဘုရားစွမ်းအား အရေအတွက်ကလည်း ပိုများလေလေ ဖြစ်ပေလိမ့်မည်။

အဆင့်မြင့် နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ပြီးနောက်.. တိုးမြင့်လာမည့် တိုက်ခိုက်ရေးခွန်အားက အလွန်တရာ သိသာထင်ရှားလေသည်။ အဲဒါကြောင့် သူတို့သည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်မှာ နေရာ ကောင်းကောင်းတစ်ခု ရရှိဖို့အတွက် အမြဲတမ်း ကြိုးစားနေပေလိမ့်မည်။

အဲဒါက ကောင်းမွန်သော လည်ပတ်မှုစက်ဝန်းတစ်ခု ဖြစ်လေသည်။

ဒါ့အပြင်.. နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ၆နေရာရှိ လူများက လူသားဧကရာဇ်၏ အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ရရှိနိုင်သော အခွင့်အရေး ရှိလေသည်။

တကယ်တော့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သည် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ချက်ချင်း နားလည်ဆင်ခြင်နိုင်လိမ့်မည် မဟုတ်ပေ။ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အနေဖြင့် အချိန်အတန်ကြာသည်အထိ ကျင့်ကြံခြင်း၊ သိပ်သည်းကျစ်လစ်စေခြင်း၊ စုဆောင်းခြင်းနှင့် နားလည်ဆင်ခြင်ခြင်းတို့ကို ဆက်လက်ပြုလုပ်ဖို့ လိုအပ်လေသည်။

သို့သော်လည်း အန္တိမ နတ်ဘုရားစွမ်းအားများက အရမ်းကို အဖိုးတန်ပြီး အဲဒါက တကယ့်ကို ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ရပ် ဖြစ်လေသည်။

ရှေးဟောင်းတိုက်ပွဲမြေမှာပင်လျှင် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ရှာဖွေထောက်လှမ်းနိုင်ဖို့ ဖြစ်နိုင်ခြေက အလွန်တရာ နည်းပါးလေသည်။

ဒါ့အပြင် အဲဒါက လူသားဧကရာဇ် ကျင့်ကြံခဲ့သော အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လေသည်။ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ၆နေရာအကြား တိုက်ပွဲများက ပို၍ပင် အကြိတ်အနယ် ရှိနေမည်ကို စဉ်းစားကြည့်ဖို့ မခက်ခဲပေ။

ဆူဇီမို၏ မျက်လုံးထဲတွင်​ အေးစက်စက် အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားပြီး သူက စဉ်းစားချင့်ချိန်ကာ ပြောလိုက်လေသည်။

“အဲ့လိုဆိုရင်တော့ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်အတွက် ကျုပ် တိုက်ခိုက်ရလိမ့်မယ်”

“ဒါပေါ့.. မင်း သေချာပေါက် တိုက်ခိုက်ရမှာ”

ပုံပြောအဘိုးအိုက ပြောလိုက်၏။

“ဒါပေမဲ့.. နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်မှာ ရပ်တည်နိုင်တဲ့ ဘယ်သူမဆို.. သူတို့က နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ရဲ့ အဆင့် ၃၆မှာ ရပ်တည်နေမယ်ဆိုရင်တောင်.. သူတို့က ပကတိ မဟာယာနအဆင့်မှာ ရှိနေတယ်ဆိုတာ မင်းသိထားရမယ်.. မင်းက သူတို့ကို လုံးဝ အထင်သေးလို့ မရဘူး”

လူတစ်ယောက်သည် အဆင့်မြင့် နတ်ဘုရားစွမ်းအား အနည်းဆုံး ၁၀ခုကို နားလည်ဆင်ခြင်ပြီးမှ ပကတိ မဟာယာနအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်မှုက ဘယ်လောက်တောင် ပြင်းထန်ကြမ်းတမ်းမလဲ သိသာလေသည်။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ အဆင့် ၃၄၊ ၂၇ နှင့် ၂၁ ဖြစ်သော မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့၊ မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်နှင့် မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းတို့သည် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ ပေါ်ထွက်လာခဲ့ကြပြီး သူတို့ထဲမှ နှစ်ယောက်သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ မျိုးနွယ်စုခေါင်းဆောင် ရှုကျင်းသာလျှင် အသက်ရှင်လျက် ကျန်ရစ်ခဲ့လေသည်။

သူတို့ သုံးယောက်စလုံးသည် ပကတိ မဟာယာနအဆင့်များ ဖြစ်ကြလေသည်။

သို့သော်လည်း.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် တဗူးနဂါးဖီးနစ် မဟုတ်ပေ။ သူက အစောပိုင်း မဟာယာနအဆင့်သို့ ဝင်ရောက်လာသည်မှာပင် မကြာသေးဘဲ ဖန်တီးခြင်း ကြာပဒုမ္မာကလည်း အဆင့်-၈ မှာသာ ရှိနေသေး၏။

သူသည် ပကတိ မဟာယာနတစ်ယောက်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူ့မှာ အနိုင်ရဖို့အတွက် အခွင့်အရေး သေချာပေါက် မရှိပေ။ သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာမှာ အလွန်အားကောင်းသော ပါရမီအလားအလာ ရှိလေသည်။ သူက ဆက်လက်၍ ကြီးပြင်းလာပြီး ဖန်တီးခြင်း ကြာပဒုမ္မာက အဆင့်ရှစ်၏ အထွတ်အထိပ်သို့ ရောက်ရှိလာလျှင် သူက ဧကရာဇ်လက်နက်များနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ကောင်းလေသည်။

သူက အဆင့်-၉ အထိ ကြီးထွားလာနိုင်မည်ဆိုလျှင်…

ပုံပြောအဘိုးအိုက ပြောလိုက်၏။

“ဒီတစ်ခေါက်မှာ ငါက လူသားဧကရာဇ် နန်းတော်ထဲကို ဝင်ရောက်ပြီး အဲဒီမှာ ရှိတဲ့ အမွေအနှစ်ကို လက်ခံရယူရမယ်.. နန်းတော်အစောင့်အရှောက်ကလည်း သူ့ရဲ့ အထွတ်အထိပ် ကပ်ဘေးကို ဖြတ်ကျော်ရလိမ့်မယ်… ငါက လောလောဆယ်မှာ မင်းကို ကူညီပေးနိုင်မှာ မဟုတ်ဘူး”

“ဒီတာအိုရောင်းရင်း ငါးယောက်ကတော့..”

ပုံပြောအဘိုးအိုသည် သူ့ဘေးတွင် ရှိသော ဧကရာဇ် ငါးပါးကို ကြည့်ပြီး ပြောလိုက်လေသည်။

“သူတို့က ကမ္ဘာဦးမျိုးနွယ်တွေကို ဖိနှိမ်ဖို့အတွက် ငါနဲ့ ပူးပေါင်းပြီး နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို အတင်းအကျပ် ဆင့်ခေါ်ခဲ့ကြတယ်.. ဒါပေမဲ့ သူတို့ကလည်း တန်ပြန်ရိုက်ခတ်မှုတစ်ခုကို ခံစားခဲ့ရတယ်.. သူတို့က ပြန်လည်ကုသဖို့အတွက် အနည်းဆုံး နှစ်တစ်ထောင်လောက် အချိန်ယူရလိမ့်မယ်”

“မင်းက ရှေးဟောင်းတိုက်ပွဲမြေမှာ မင်းကိုယ်မင်းပဲ အားကိုးရလိမ့်မယ်.. မင်း သတိကြီးကြီးထားရလိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ပုံပြောအဘိုးအိုသည် နောက်ထပ် သတိပေးစကား အချို့ကို ပြောဆိုပြီးနောက်.. နန်းတော်အစောင့်အရှောက်နှင့်အတူ လူသားဧကရာဇ် နန်းတော်ထဲသို့ လှည့်ဝင်သွားလေသည်။

ဘုန်း.. ဘုန်း.. ဘုန်း..

လူသားဧကရာဇ် နန်းတော်က လေထုကို ဆုတ်ဖြဲ၍ လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားလေသည်။

အဲဒီနောက်.. ကိုယ်တော်ခုံးယွမ်နှင့် အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။ ပဟေဠိနန်းတော်ရှိ လူစုလူဝေးက တဖြည်းဖြည်း ပြန့်ကွဲသွားပြီး တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိလာခဲ့၏။

ဆူဇီမိုသည် လူတစ်ယောက်ကို တွေးမိသွားပြီး ရင်တစ်ချက်ထိတ်သွား၏။ သူက ဘေးဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ထိုလူ၏ မည်သည့် အရိပ်အယောင်ကိုမှ ရှာမတွေ့တော့ပေ။

ကြင်ရာတော် ယု…

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ၌ သူက အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်မှာ ကြင်ရာတော် ယုက ရှေ့သို့ ထွက်လာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

သို့သော် ယခုအခါ ကြင်ရာတော် ယုက ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး သူမက ဘယ်ဆီဘယ်ဝယ် ရောက်ရှိသွားသလဲ မသိရတော့ပေ။

ဆူဇီမိုက ညင်သာစွာ သက်ပြင်းချလိုက်၏။

သူက သူမကို ကျေးဇူးမတင်နိုင်ခင်မှာပင်.. သူမက တိတ်တဆိတ် ထွက်ခွာသွားခဲ့လေပြီ။

မြေခွေးလေးက လျှောက်လှမ်းလာပြီး သူမ၏ မျက်လုံးများကို ပုတ်ခတ် ပုတ်ခတ်လုပ်နေ၏။ သူမ၏ မျက်ဝန်းထဲရှိ နှမျောတမ်းတမှု အရိပ်အယောင်နှင့်အတူ တီးတိုးပြောလိုက်လေသည်။

“သခင်လေး.. ရှင်က ပြန်ပြီးတော့ ထွက်သွားဦးမှာလား”

မျောက်နှင့် အခြားသူများကလည်း ဆူဇီမိုကို မျှော်လင့်စောင့်စားစွာဖြင့် ကြည့်နေကြ၏။

သူတို့က နှမျောတွန့်တိုနေကြသော်လည်း သူတို့က မည်သည့်အရာကိုမှ ပြောဆိုခြင်း မရှိပေ။

ဤနှစ်များအတွင်း သူတို့ ညီအစ်ကို မောင်နှမ ၇ ယောက်သည် အတူရှိချိန် အလွန်တရာ ရှားပါးခဲ့လေသည်။ သားရဲတစ်ထောင် တောင်ကြားမှာ အတူရှိခဲ့သည့် ထိုနှစ်တစ်ရာက သူတို့အတွက် ရှားရှားပါးပါး အချိန်ကောင်းတစ်ခု ဖြစ်ခဲ့လေသည်။

“အလောတကြီး လုပ်စရာ မလိုပါဘူး”

ဆူဇီမိုက ညင်သာစွာ ပြုံးပြလိုက်၏။

“အခု ကမ္ဘာဦးမျိုးနွယ်တွေရဲ့ ပြဿနာကို ဖြေရှင်းပြီးသွားပြီဆိုတော့.. ငါက အချိန်အတိုင်းအတာတစ်ခုထိ နားနေဦးမယ်.. ငါ ညဝိညာဉ်ကို လှမ်းခေါ်လိုက်မယ်.. သူရောက်လာရင် ငါတို့ တွေ့ဆုံပွဲတစ်ခု ကောင်းကောင်းလုပ်ကြတာပေါ့”

“ကောင်းလိုက်တာ... ဟေးး..”

မြေခွေးလေးက လက်ခုပ်လက်ဝါးတီး၍ အော်ဟစ်ရယ်မောလိုက်လေသည်။

မျောက်က သူ၏ ရင်ဘတ်ကို စိတ်လှုပ်ရှားစွာဖြင့် တဖုန်းဖုန်း ထုရိုက်လိုက်၏။

စိတ်ဝိညာဉ်ကျားကလည်း ပြုံးဖြီးနေလေသည်။

ထိုသည်ကို တွေ့မြင်သောအခါ.. ဆူဇီမို၏ ရင်ထဲမှာ နွေးထွေးသော ခံစားချက်တစ်ခု ဝင်ရောက်လာ၏။

လူသားမျိုးနွယ်၏ အန္တရာယ်က အပြီးတိုင် ပြေလည်သွားခြင်း မရှိသေးသော်လည်း.. မည်သို့ပင်ဆိုစေ ထျန်ဟွမ်ကုန်းမြေတိုက်မှာ အတော်အတန် တည်ငြိမ်အေးချမ်းသော အချိန်အပိုင်းအခြားတစ်ခု ရရှိလာပေလိမ့်မည်။

သူ၏ ဘေးရှိ သူ၏ ညီအစ်ကို မောင်နှမများနှင့်အတူ အနာဂတ်မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ဘာတွေပဲ ဖြစ်လာဖြစ်လာ.. သူတို့က အရာရာတိုင်းကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု ဆူဇီမိုက ယုံကြည်လေသည်။

နောက်အချိန်အပိုင်းအခြားတစ်ခုအတွင်း.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ကျင့်ကြံဖို့အတွက် ဘိုးဘေးနဂါးကုန်းမြေသို့ ပြန်လည်ဝင်ရောက်သွားလေသည်။

သိုင်းတာအိုပင်မခန္ဓာက ပင်ယန်းမြို့သို့ ပြန်လာခဲ့ပြီး သူရရှိလာခဲ့သော ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ်များစွာကို စုပ်ယူသန့်စင်နေ၏။ သူက အဲဒါတွေကို သိုင်းတာအိုမီးဖိုထဲမှာ ထည့်သွင်းပေါင်းစည်းပြီး မဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းဖို့ ပြင်ဆင်လိုက်လေသည်။

နောက်နှစ်အနည်းငယ်အကြာမှာ.. ဆူဇီမိုသည် အဆုံးစွန်မီးနှင့်အတူ အသွန်းတစ်ရာဂိုဏ်းသို့ အလည်သွားခဲ့လေသည်။

တစ်ခါမှာ သူသည် ကျိချန်းရှန်၊ လမ့်ရို၊ ဖက်တီးလေးနှင့် အခြားသူများနှင့်အတူ ရှောင်းနင်ကိုပါ ဆန်းကြယ်တောင်ထွတ်သို့ ပြန်ခေါ်လာခဲ့ပြီး သူတို့ကို အင်မော်တယ် ကြိုးကြာအိုကြီးနှင့် အခြားသူများနှင့်အတူ ပြန်လည်ဆုံစည်းစေခဲ့၏။

အဲဒီနောက်.. သူသည် မဟာကျိုးမြို့တော်သို့ပင် သွားရောက်ခဲ့ပြီး အတိတ်ကာလများအကြောင်း စားမြုံ့ပြန်ရင်း ကျိယောင်ရွှယ်နှင့်အတူ စကားများ ပြောဆိုခဲ့လေသည်။

ဤနှစ်များအတွင်း မဟာကျိုး၏ ဧကရီအနေဖြင့် ကျိယောင်ရွှယ်သည် သူမ၏ ကြိုးစားအားထုတ်မှု အများစုကို မဟာကျိုးအင်ပါယာအပေါ်မှာ မြုပ်နှံထားခဲ့လေသည်။ အဲဒါကြောင့် သူမ၏ ကျင့်ကြံခြင်းက အတော်လေး နှေးကွေးသွားခဲ့၏။

(ပြည်နယ်များနှင့် နိုင်ငံများကို အုပ်စိုးသော ဧကရာဇ်နှင့် ကျင့်ကြံရေးလောကရှိ ကျင့်ကြံမှုဘွဲ့ ဧကရာဇ်က မတူပါ။ အမျိုးသမီးများကိုတော့ ဧကရီဟု ခေါ်ပါသည်။)

ယခုအချိန်မှာ သူမသည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်ခါစသာ ဖြစ်လေသည်။ သူတို့နှစ်ယောက်ကြား အကွာအဝေးက တကယ့်ကို ကြီးမားကျယ်ပြန့်သွားခဲ့လေပြီ။ သို့သော်လည်း အရင်တုန်းက သူတို့နှစ်ယောက် တွေ့ကြုံခဲ့ရမှုများ အပြီး၌ ကျိယောင်ရွှယ်သည် အမြဲတမ်း တစ်မူထူးခြားပြီး အစားထိုးလို့ မရသည့် လူတစ်ယောက်ဖြစ်သည်ဟု ဆူဇီမိုက ခံစားရလေသည်။

နောက်ပိုင်းမှာ ဆူဇီမို၊ ညဝိညာဉ်၊ မျောက်နှင့် အခြားသူများသည် သားရဲနယ်မြေ ရှစ်ခွင်မှာ စိုးမိုးခြယ်လှယ်ခဲ့ကြ၏။ ချင်ချင်၏ ဖခင် သေဆုံးခဲ့ရသည့် အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ဖို့အတွက် သူတို့သည် ပင့်ကူတစ်ထောင် သဲသောင်ခုံသို့ သွားရောက်ခဲ့ပြီး အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့လေသည်။

ပင့်ကူတစ်ထောင် သဲသောင်ခုံမှ သားရဲမျိုးနွယ်စုခေါင်းဆောင်များပင်လျှင် ထိုကိစ္စမှာ ဝင်ပါရဲခဲ့ခြင်း မရှိပေ။

သူတို့ ညီအစ်ကို မောင်နှမ ၇ယောက်သည် သမုဒ္ဒရာ သုံးစင်းသို့ပင် သွားလာကျင်လည်ခဲ့ပြီး ဂမ္ဘီရ ရတနာများစွာကို လုယူကာ ထျန်ဟွမ်ကုန်းမြေတိုက်သို့ ပြန်လာခဲ့ကြ၏။

ဆယ်နှစ်ကြာပြီးနောက်…

ညဝိညာဉ်နှင့် အခြားသူများကို နှုတ်ဆက်ကာ ဆူဇီမိုသည် ရှေးဟောင်းတိုက်ပွဲမြေသို့ ဦးတည်လိုက်လေသည်။

All Chapters