ငရဲတာအို
Vol. 111 Ch. 1663
ရှေးဟောင်းတိုက်ပွဲမြေ၏ လေဟာနယ်ထဲတွင် အက်ကွဲကြောင်းတစ်ခုက ရုတ်တရက် ပေါ်ထွက်လာပြီး အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က ခုန်ဝင်လာခဲ့၏။ သူသည် ကြော့ရှင်းရည်မွန်သော ရုပ်ရည်သွင်ပြင်ရှိပြီး မျိုးနွယ်စုခေါင်းဆောင် အထီးကျန်သိုင်းသခင် ဆူဇီမိုပင်ဖြစ်လေသည်။
ဘေးပတ်ဝန်းကျင်က မည်သည့်အသက်ဓာတ် လက္ခဏာမှမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေ၏။
ဆူဇီမိုသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး ဂရုတစိုက်အာရုံခံကြည့်လိုက်၏။
ရှေးဟောင်းတိုက်ပွဲမြေက ထျန်ဟွမ်ကုန်းမြေတိုက်နှင့် တကယ်ပင် ကွဲပြားခြားနားလေသည်။
ရှေးဟောင်းတိုက်ပွဲမြေသည် သူ့ကိုယ်ပိုင်လောကတစ်ခုဖြစ်ပြီး အဲ့ဒီမှာ ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့ပြီး သိပ်သည်းပြင်းထန်သော စွမ်းပကားကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားစွမ်းအားများစွာက ကျန်ရစ်နေ၏။
ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များက ဝင်ရောက်လာမည်ဆိုလျှင် သူတို့၏ ခန္ဓာကိုယ်များသည် ထိုဖိအားကို ခံနိုင်ရည်ရှိမည်မဟုတ်ဘဲ သွေးမြူတစ်ခုအဖြစ် ဖျစ်ညှစ်ခံရကာ နေရာမှာပင် သေဆုံးသွားမည်ဖြစ်၏။
ရှေးဟောင်းတိုက်ပွဲမြေ၏ မိုးကောင်းကင်ထက်မှာ ဧရာရွှေရောင်စာလိပ်တစ်ခုက လွင့်မျောနေ၏။
အဲ့ဒါက ပဟေဠိနန်းတော်သို့ ဆင်းသက်လာခဲ့ပြီး ကမ္ဘာဦးမျိုးနွယ်များကို ဖိနှမ်ခဲ့သည့် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ဖြစ်လေသည်။
ရှေးဟောင်းတိုက်ပွဲမြေသည် အလွန်တရာ ကျယ်ပြောသော်လည်း မိုးကောင်းကင်ထက်ရှိ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို ရှေးဟောင်းတိုက်ပွဲမြေရှိ နေရာတိုင်းကနေ တွေ့မြင်နိုင်လေသည်။
အဲ့ဒါသည် ရှေးဟောင်းတိုက်ပွဲမြေတစ်ခုလုံး၏ အလယ်ဗဟိုလည်းဖြစ်လေသည်။
ယခုအချိန်မှာ ဆူဇီမိုသည် အစောပိုင်းမဟာယာနအဆင့်မှာသာရှိနေပြီး သူက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ နေရာတစ်နေရာအတွက် အလောတကြီးရှိမနေပေ။
လတ်တလော သူလုပ်စရာရှိသည်မှာ သာမန်နတ်ဘုရားစွမ်းအားများကို တတ်နိုင်သလောက် များများ နားလည်ဆင်ခြင်ပြီး သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို အဆက်မပြတ် မီးဆေးပေးဖို့ဖြစ်၏။
သူသည် လုံလောက်သည့် သာမန်နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နိုင်သည်နှင့်အမျှ သူသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ဖို့ ကြိုးပမ်းနိုင်လာပေလိမ့်မည်။ ဖန်တီးခြင်းကြာပဒုမ္မာသည် အစကတည်းက နတ်ဘုရားစွမ်းအား တချို့ကို ပိုင်ဆိုင်ထားပြီး သူတို့က သာမန်နှင့် အဆင့်မြင့်နတ်ဘုရားစွမ်းအားများဖြစ်လေသည်။
တကယ်ဆို... သူတို့သည် အန္တိမနတ်ဘုရားစွမ်းအားများအဖြစ်ပင် အဆက်မပြတ် ဆင့်ကဲပြောင်းလဲလာနိုင်လေသည်။
တကယ်တော့... ထိုဖြစ်စဥ်က တစ်ဆင့်ခြင်းသွားရမည်သာဖြစ်လေသည်။
ဆူဇီမိုသည် ပါရမီအရည်အချင်း လွန်စွာမြင့်မားသည်ဆိုလျှင်တောင် သူသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ချက်ချင်းလက်ငင်း နားလည်ဆင်ခြင်ပြီး ဧကရာဇ်တစ်ပါးဖြစ်လာနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် နားလည်ဆင်ခြင်ပြီး ကျင့်ကြံဖို့အတွက် သာမန်နတ်ဘုရားစွမ်းအား တစ်ခုခုကို ရှာဖွေတွေ့ရှိနိုင်မလား ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုဖို့ စိတ်ကူးလိုက်လေသည်။
သူသည် ဦးတည်ဘက်တစ်ခုကို ရွေးချယ်ပြီး ဤစွန့်ပစ်နယ်မြေကနေ ထွက်ခွာဖို့ ပြင်ဆင်လိုက်၏။
ရှေးဟောင်းတိုက်ပွဲမြေရှိ သဲတစ်ပွင့်ချင်းစီနှင့် ကျောက်တုံးတစ်တုံးချင်းစီမှာပင် နတ်ဘုရားစွမ်းအားတချို့ ရှိနေနိုင်လေသည်။
ဆူဇီမိုသည် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ် စူးစမ်းရှာဖွေနေ၏။
သိပ်မကြာခင် သူရှေ့မှာ ကျောက်စာတိုင်တစ်တိုင်က ပေါ်ထွက်လာ၏။
ကျောက်စာတိုင်၏ တစ်ဝက်သည် နတ်ဘုရားလက်နက်တစ်ခုခုဖြင့် ဖြတ်တောက်ခြင်းခံထားရပြီး ပြတ်ရှရာက အရမ်းကို ချောမွေ့နေ၏။
ကျန်ရှိနေသော ကျောက်စာတိုင်တစ်ပိုင်းပေါ်တွင် စကားလုံးတချို့ကို ရေးထိုးထားပြီး အဲ့ဒီမှာ နတ်ဘုရားစွမ်းအားများ၏ စွမ်းအားပါရှိနေသည်မှာ သိသာလေသည်။
ကျောက်စာတိုင်ပေါ်တွင် သာမန်နတ်ဘုရားစွမ်းအားတစ်ခုကို ခတ်နှိပ်ထားလေသည်။
ဆူဇီမိုသည် တည်ငြိမ်သော အမူအရာနှင့်အတူ ခပ်လှမ်းလှမ်းကနေ ကျောက်စာတိုင်ကို ကြည့်လိုက်၏။ ရုတ်တရက်... သူ၏ မျက်လုံးအနက်ပိုင်းထဲတွင် လှောင်ပြောင်သရော်လိုသည့် ပုံရိပ်တစ်ခုထင်ဟပ်လာပြီးက သူက ကျောက်စာတိုင်ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။
ကျောက်စာတိုင်ရှေ့သို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုက အာရုံစိုက်၍ ကြည့်လိုက်၏။
ကျောက်စာတိုင်ပေါ်ရှိ စာလုံးများသည် ကွေးညွှတ်နေပြီး အက်ကွဲကြောင်းတစ်ခုချင်းစီကနေ အလွန်တရာ ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုက ဖြာထွက်နေ၏။ ဆိုးယုတ်တစ္ဆေများနှင့် မိစ္ဆာများသည် သူတို့၏ သွားစွယ်များနှင့် လက်သည်းချွန်များကို ထုတ်ဖော်ပြီး ကျောက်စာတိုင်ထဲကနေ ရုန်းထွက်လာတော့မည့်အလားပင်။
ရုတ်တရက်ဆိုသလို... ဆူဇီမို၏ ဘေးပတ်လည်ရှိ ကျတ်တီးမြေက ပျောက်ကွယ်သွားပြီး သူက ငရဲခန်းထဲသို့ ကျဆင်းသွားသည့်အလား ခံစားလိုက်ရ၏။
သူ၏ ဘေးပတ်ဝန်းကျင်က အေးစက်နေသော သွေးချီနှင့်အတူ မှောင်မည်းသွားပြီး မရေမတွက်နိုင်သော မိစ္ဆာများက သူ့ကိုဝိုင်းပတ်လာခဲ့၏။
သူသည် ငရဲခန်းထဲသို့ နစ်မြုပ်သွားပြီး သူ့ကိုယ်သူ ရုန်းမထွက်နိုင်တော့အလား သူ၏ အမူအရာက ငေးငိုင်ပျောက်ဆုံးနေ၏။
ရုတ်တရက်ဆိုသလို...
ဆူဇီမို၏ အောက်ဘက်ကနေ အေးစက်နေသော သတ်ဖြတ်ဖြင်းစိတ်ဆန္ဒတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
“ဟမ့်...”
ဆူဇီမိုက လှောင်ရယ်၍ သူ၏ မျက်လုံးများက ချက်ချင်းပင် ကြည်လင်သွားလေသည်။
သူက ချက်ချင်းပင် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို စုဖွဲ့လိုက်ပြီး သူ၏ ဘေးပတ်လည်ရှိ မြင်ကွင်းများက ပျောက်ကွယ်သွားလေသည်။
သူက ပြင်းထန်စွာ ခြေတစ်ချက်ဆောင့်ချလိုက်၏။
ဘုန်း...
အဲ့ဒီမှာ ကျယ်လောင်သောမြည်သံတစ်သံ ထွက်ပေါ်လာ၏
သူသည် သူ့အောက်ဘက်ရှိမြေပြင်ကို ဆောင့်နင်းပြီး ကြီးမားသော တွင်းချိုင့်တစ်ခုကို ဖြစ်ပေါ်လာစေ၏။ သဲများနှင့်ကျောက်ခဲများက လွင့်စင်ထွက်သွားပြီး ဓားရှည်တစ်လက်ကို ကိုင်ဆွဲထားသည့် ပုံရိပ်တစ်ခုက ထွက်ပေါ်လာ၏။
ဓားသွားက ဆူဇီမို၏ ခြေထောက်ကို ထိုးစိုက်လာခဲ့၏။
ထိုပုံရိပ်၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သည့် အကြည့်တစ်ခုရှိနေ၏။
သူ့အတွက်တော့ သူ၏ တိုက်ခိုက်မှုက ဆူဇီမို၏ ခြေထောက်ကို ထိုးဖောက်ဖို့လုံလောက်လေသည်။
ချွမ်...
သူ့အတွေးမဆုံးသေးခင်မှာပင် သူက ကျွတ်ဆတ်ဆတ်အသံတစ်သံကို ကြားလိုက်ရ၏။
သူ၏ ဓားသည် ဆူဇီမိုခြေထောက်ကို မထိုးဖောက်နိုင်ရုံသာမက အဲ့ဒီမှာ သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။
သူ၏ ဓားသည် သံမဏိနံရံတစ်ခုကို ထိခတ်သွားသည့်အလား ကွေးညွှတ်သွားလေသည်။ ၎င်း၏ အရောင်အဝါက မှေးမှိန်သွားပြီး ၎င်းက ကျိုးလုမတတ် ဖြစ်သွား၏။
“အာ...”
ထိုလူ၏ အမူအရာက ပြောင်းလဲသွားပြီး ဆူဇီမို၏ ဘေးဘက်သို့ ဖျတ်ခနဲရောက်ရှိလာ၏။ သူ၏ မျက်လုံးကို မှေးကျဥ်းပြီး ဆူဇီမိုကို တိတ်တဆိတ်အကဲဖြတ်ကြည့်လိုက်၏။
ဆူဇီမို၏ အကြည့်က ထိုလူ့ထံသို့ ရွေ့လျားသွားလေသည်။
အဲ့ဒါက ပိန်ပိန်ပါးပါး ကျင့်ကြံသူတစ်ယောက်ဖြစ်၏။
အစောပိုင်းအဆင့် မဟာယာန...
ရှေးဟောင်းတိုက်ပွဲမြေမှာ အားအနည်းဆုံး ကျင့်ကြံသူများကပင်လျှင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များဖြစ်ကြလေသည်။
“ငါတို့ကြားမှာ ဘာရန်ငြိုးရန်စမှမရှိဘဲ မင်းကငါ့ကို ဘာလို့သတ်ချင်တာလဲ”
ဆူဖီမိုက အေးစက်စွာ မေးလိုက်၏။
“ဟီး...”
ပိန်ပိန်ပါးပါး ကျင့်ကြံသူက လှောင်ရယ်လိုက်၏။
“မင်းက... ဒီလောက်နုံအပုံနဲ့ မဟာယာနအဆင့်ကို ဘယ်လိုရောက်လာတာလဲ... ကျင့်ကြံရေးလောကမှာ တိုက်ခိုက်မှုတိုင်းအတွက် အကြောင်းပြချက်လိုလို့လား”
ပျက်စီးနေသော ကျောက်စာတိုင်းပေါ်မှာ အမှန်တကယ်ပင် သာမန်နတ်ဘုရားစွမ်းအားတစ်ခုရှိနေ၏။
ထိုပိန်ပိန်ပါးပါး ကျင့်ကြံသူသည် သာမန်နတ်ဘုရားစွမ်းအားကို ကျင့်ကြံပြီးနောက် ထွက်ခွာမသွားခဲ့ပေ။ ထိုအစားသူက ပျက်စီးနေသော ကျောက်စာတိုင်နားမှာ ပုန်းလျှိုးနေပြီး အခြားသောမျိုးနွယ်စုခေါင်းဆောင်များ ရောက်အလာကို စောင့်ဆိုင်းနေ၏။
သူက ယုံကြည်မှုမရှိဟု ခံစားရလျှင်သူက ဆက်လက်ပုန်းကွယ်နေပြီး တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။
သူသည် ဆူဇီမိုကဲ့သို့ အစောပိုင်းမဟာယာနအဆင့်မှာရှိနေသည့် တစ်ယောက်ယောက်နှင့် ဆုံတွေ့ရမည်ဆိုလျှင် သူက ချောင်းမြောင်းတိုက်ခိုက်၍ ထိုသူကို သတ်ဖြတ်မည်ဖြစ်၏။
ဤပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်သည် ဤကဲ့သို့သော နည်းလမ်းမျိုးကို ယခင်ကလည်း ကြိုးစားခဲ့ဖူးလေသည်။
သူသည် သေဆုံးသွားသော မျိုးနွယ်စုခေါင်းဆောင်များထံမှ သာမန်နတ်ဘုရားစွမ်းအားအချို့ကိုပင် ရရှိနိုင်ခဲ့၏။
ကံဆိုးစွာနှင့်ပင် ယနေ့... သူက ဆူဇီမိုနှင့် ပက်ပင်းတိုးသွားခဲ့လေသည်။
ဆူဇီမိုက ကျောက်စာတိုင်ကို တွေ့မြင်လိုက်သည့်ခဏမှာပင် သူ၏ စွမ်းအားကြီးမားသော အာရုံခံသတိစိတ်က အန္တရာယ်ကို ခံစားမိသွားခဲ့ပြီဖြစ်၏။
“ကောင်လေး.... မင်းခြေထောက်ပေါ်က ဓမ္မရတနာကိုထုတ်ပေး... မင်းမှာ နတ်ဘုရားစွမ်းအားတစ်ခုခုရှိမယ်ဆိုရင် အဲ့ဒါကိုပါထုတ်ပေး အဲ့ဒါဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်”
ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်က အေးစက်စွာပြောလိုက်၏။
သူ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် ဘွတ်ဖိနပ်ရှည်ကဲ့သို့ ဓမ္မရတနာတစ်ခုကို သူ၏ ခြေထောက်ပေါ်မှာ တပ်ဆင်ထားတာ ဖြစ်ရပေမည်။ အဲ့ဒါကြောင့်သာ ထိုသူ၏ ခြေထောက်က လက်နက်များကို မမှုခြင်းပင်။
ဆူဇီမိုက ပြုံး၍မေးလိုက်၏။
“မင်းငါ့ကို မသိဘူးလား”
“မင်းဘယ်သူလဲ ငါဂရုမစိုက်ဘူး”
ပိန်းပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်က လှောင်ရယ်လိုက်၏။
“ငါက မင်းလိုမျိုး မဟာယာနအဆင့်ကို ဝင်ရောက်ခါစ ကောင်စုတ်ဆယ်ကောင်ကျော်ကို သတ်ခဲ့ပြီးပြီ”
“အဲ့လိုလား”
ဆူဇီမိုက ခေါင်းညိတ်၍ မှင်သေသေဖြင့် ပြောလိုက်၏။
“အဲ့ဒါဆိုလည်း... ဒီနေ့မင်းအသက်နဲ့ ပြန်ပေးဆပ်လိုက်တော့”
သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမို၏ ပုံရိပ်က ဖျတ်ခနဲလှုပ်ရှားသွားပြီး သူ၏ သွေးချီက တလိပ်လိပ်တက်လာကာ အလင်းရောင်ခြည်များကို ထုတ်ဖော်လိုက်၏။ သူက သူ၏ လက်ကို ဆန့်ထုတ်ပြီး ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်လေသည်။
“အို...”
ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်၏ အမူအရာက ပြောင်းလဲသွားလေသည်။
ဆူဇီမို၏ တိုက်ခိုက်မှုကနေ ထုတ်ဖော်လိုက်သော စွမ်းအားနှင့် အော်ရာသည် အရမ်းကိုသန်မာလေသည်။ သူသည် အန္တရာယ်အငွေ့အသက်ကို အမှန်တကယ်ပင် ခံစားလာရပြီး ထိတ်လန့်သွားလေသည်။
ရွှစ်....
ပိန်းပိန်ပါးပါးမျိုးနွယ်စုခေါင်းဆောင်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ လက်ထဲရှိဓားကို ဆန့်ထုတ်ပြီး တစ်ချိန်တည်းမှာပင် သူ၏ သွေးချီကို လှည့်ပတ်ကာ ဆူဇီမို၏ လက်ဖဝါးဆီသို့ ပစ်ထုတ်လိုက်လေသည်။
ချွမ်း...
ဓားက ဆူဇီမို၏ လက်ဖဝါးနှင့် ထိခတ်သောအခါ နောက်ထပ် ကျွတ်ဆတ်ဆတ်အသံတစ်သံက ထွက်ပေါ်လာ၏။
သာမန်ဓမ္မရတနာများသည် အဆင့် ၈ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို လုံးဝထိခိုက်စေနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမို၏ အမူအရာက အေးစက်နေပြီး သူ၏ အကြည့်က မှင်သေသေဖြင့် ရှိနေ၏။ သူ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်ပြီး ဓားကိုဖမ်းဆုပ်ကာ ဆတ်ခနဲ ဆွဲခါလိုက်လေသည်။
ဖျောက်... ဖျောက်... ဖျောက်...
ဓားပေါ်မှာ အက်ကွဲကြောင်းများပေါ်ထွက်လာ၏။
သိပ်သည်းပြင်းထန်သော စွမ်းအားတစ်ခုက ပိန်းပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။
ပိန်ပိန်ပါးပါးမျိုးနွယ်စုခေါင်းဆောင်သည် မိုးကြိုးပစ်ချခံရသည့်အလား ဆတ်ခနဲတုန်ယင်သွား၏။ သူ၏ လက်ဖဝါးနှစ်ဖက်က စုတ်ပြဲသွားပြီး နောက်သို့အဆက်မပြတ်ဆုတ်ရင်း သွေးများက တစ်စက်စက် စီးကျနေ၏။
ဆူဇီမိုက အရိပ်တစ်ခုပမာ လိုက်ပါလာခဲ့လေသည်။
“ငရဲတာအို...”
ပိန်းပိန်ပါးပါးမျိုးနွယ်စုခေါင်းဆောင်က အော်ငေါက်၍ သာမန်နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
ငရဲတာအိုသည် ကျောက်စာတိုင်ပေါ်ရှိ သာမန်နတ်ဘုရားစွမ်းအားတစ်ခုဖြစ်လေသည်။
အဲ့ဒီမှာ သာမန်နတ်ဘုရားစွမ်းအားများစွာရှိပြီး ငရဲတာအိုသည် အသန်မာဆုံး သာမန်နတ်ဘုရားစွမ်းအားများထဲမှ တစ်ခုဖြစ်လေသည်။
ဆူဇီမိုက ညင်သာစွာပြုံး၍ သူ၏ လက်ဖဝါးကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်၏။
အဲ့ဒီမှာ ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုဖြင့် ပြည့်လျှမ်းနေသော အစိမ်းရောင်ကြာပန်းတစ်ပွင့်ရှိလေသည်။