သီကလန်
Vol. 111 Ch. 1664
ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်က သူ၏ ငရဲတာအိုကို ထုတ်ဖော်လိုက်သည့် ခဏမှာပင် ဘေးပတ်ဝန်းကျင်က ချက်ချင်းပင် ပြောင်းလဲသွား၏။ မရေမတွက်နိုင်သော တစ္ဆေများက မကောင်းဆိုးဝါးဆန်၍ ကြောက်စရာကောင်းသော ပုံစံဖြင့် ပေါ်ထွက်လာပြီး သွေးချီများက အကန့်အသတ်မဲ့သော အမှောင်ထုထဲမှာ ပျံ့နှံ့လာခဲ့၏။
ငရဲတာအိုသည် နတ်ဆိုးတာအို ၃ခုကြားမှာ ကြမ်းကြုတ်ခက်ထန်မှု အရှိဆုံး နတ်ဘုရားစွမ်းအား ဖြစ်လေသည်။
တောကောင်တာအိုသည် လူသားများကို တောကောင်များအဖြစ်သို့ ပြောင်းလဲပေးနိုင်၏။
ဆာလောင်တစ္ဆေတာအိုသည် သက်ရှိများကို ဆာလောင်တစ္ဆေတာအိုထဲသို့ ပစ်ထုတ်နိုင်ပြီး သူတို့ကို မရေမတွက်နိုင်သော ဆာလောင်တစ္ဆေများ၏ ဝါးမျိုနှိပ်စက်ခြင်းကို ခံရစေနိုင်၏။
သို့သော်လည်း ငရဲတာအိုထဲသို့ ကျဆင်းသွားသည်နှင့်.. သူတို့သည် နေ့အလင်းရောင်ကို ဘယ်တော့မှ ပြန်မြင်ရတော့မည် မဟုတ်ပေ။ အဲဒါသည် မည်သူကမှ ရုန်းမထွက်နိုင်မည့် အဆုံးမဲ့ ချောက်နက်တစ်ခု ဖြစ်လေသည်။
သို့သော်လည်း အစိမ်းရောင်ကြာပန်းက ဆူဇီမို၏ လက်ဖဝါးထဲမှာ ဖူးပွင့်လာသည့် ခဏမှာပင်.. ငရဲခန်းထဲရှိ အရာရာတိုင်းက ပျက်ပြယ်သွားလေသည်။
ငရဲခန်းတစ်ခုလုံးသည် ဖန်တီးခြင်း ကြာပဒုမ္မာကနေ ထုတ်ဖော်လိုက်သော အရောင်အဝါဖြင့် ဇကာပေါက် ဖြစ်သွားလေသည်။
ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
ဤအခိုက်အတန့်မှာ သူသည် မည်သူနှင့် ကြုံတွေ့နေရသလဲဆိုတာကို နားလည်သိရှိသွားလေသည်။
“အထီးကျန်သိုင်းသခင်”
ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်က အထိတ်တလန့် ရေရွတ်လိုက်၏။
“မင်းက အထီးကျန်သိုင်းသခင်ပဲ”
သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ အရာရာတိုင်းကို လျစ်လျူရှုထားသော်လည်း မျိုးနွယ်စုတစ်သောင်းစုဝေးပွဲ၌ ဖြစ်ပေါ်ခဲ့သော ရုတ်ရုတ်သဲသဲ အခြေအနေက အရမ်းကို ကြီးမားပြီး လူသားဧကရာဇ်ပင်လျှင် ကိုယ်တိုင်ဆင်းသက်လာခဲ့၏။
ဒါ့အပြင်.. လူသားဧကရာဇ်သည် အထီးကျန်သိုင်းသခင်ထံသို့ ဓမ္မအမိန့်ပြန်တမ်းတစ်ခုကို ကိုယ်တိုင်လွှဲအပ်ခဲ့ကြောင်း လူတိုင်းက သိရှိထားလေသည်။
သူသည် ရှေးဟောင်းတိုက်ပွဲမြေမှာ အချိန်တိုင်း တံခါးပိတ်ကျင့်ကြံနေခဲ့မည် ဆိုလျှင်တောင် သူက ဤအကြောင်းကို သိရှိပေလိမ့်မည်။
ဖန်တီးခြင်း ကြာပဒုမ္မာသည် လောကဆိုင်ရာ အဆုံးစွန် ရတနာတစ်ခု ဖြစ်၏။
အဲဒါသည် အထီးကျန်သိုင်းသခင်၏ အကြီးမားဆုံး သွင်ပြင်လက္ခဏာများထဲမှ တစ်ခုလည်း ဖြစ်လေသည်။
အထီးကျန်သိုင်းသခင်သည် မျိုးနွယ်စုတစ်သောင်းစုဝေးပွဲမှာ လူတိုင်းကို သတ်ဖြတ်ခဲ့ပြီး မဟာယာနမျိုးနွယ်စုခေါင်းဆောင် အချို့ပင် သေဆုံးခဲ့ရသည်ဟု ဆိုလေသည်။ ဤပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်သည် ဆက်လက်၍ တိုက်ခိုက်ရဲခြင်း မရှိတော့ဘဲ လှည့်ထွက်ပြေးလိုက်လေသည်။
ရွှစ်..
ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး သူ၏ ခြေထောက်ကနေ ဓမ္မစွမ်းအားများက တလိပ်လိပ် တိုးထွက်လာ၏။ သူ၏ ပုံရိပ်က အလွန်တရာ မြန်ဆန်သွားပြီး သူ ဖြတ်သန်းသွားရာ နေရာတိုင်း ပုံရိပ်ယောင်များက အတန်းလိုက် ကျန်ရစ်ခဲ့လေသည်။
ကောင်းကင်ဘုံခြေလှမ်း..
အဲဒါသည် သာမန် နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လေသည်။
အဲဒါသည် ဗုဒ္ဓကျောင်းတော်များ၏ နတ်ဘုရားစွမ်းအား ၆ခုထဲမှ တစ်ခုလည်း ဖြစ်လေသည်။
ဒါ့အပြင်.. ဤသာမန် နတ်ဘုရားစွမ်းအားကို ၎င်း၏ အထွတ်အထိပ်ထိ ကျင့်ကြံနိုင်ခဲ့လျှင် ၎င်းသည် အဆင့်မြင့် နတ်ဘုရားစွမ်းအားအဖြစ်သို့ ပြောင်းလဲနိုင်လေသည်။ အဲဒါသည် ဗုဒ္ဓကျောင်းတော်များ၏ အကျော်ကြားဆုံး ထွက်ပြေးခြင်း နည်းစနစ်များထဲမှ တစ်ခုလည်း ဖြစ်လေသည်။
ဆူဇီမို၏ နောက်ဘက်တွင် တောင်ပံများက ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ မိုးကြိုးလျှပ်စီးကြောင်းများကလည်း တဖျတ်ဖျတ်လက်လာ၏။ တစ်ချိန်တည်းမှာပင်.. သူက ကန့်သတ်မဲ့ ရွှေအလင်းကို ထုတ်ဖော်ပြီး သူ၏ အလျင်အဟုန်ကို ၎င်း၏ အကန့်အသတ်ထိ မြှင့်တင်လိုက်၏။
ဆန်းကြယ်တောင်ပံ၊ မိုးကြိုးလေပြေ ထွက်ပြေးခြင်းနှင့် ကန့်သတ်မဲ့ ရွှေအလင်းတို့က တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်ပေါ်လာ၏။
ထိုထွက်ပြေးခြင်း နည်းစနစ် သုံးခုအတွင်းမှာ အလွန်တရာ စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုပင်လျှင် ရှိနေ၏။
ဆူဇီမိုသည် မဟာယာနအဆင့်သို့ ဝင်ရောက်လာပြီးနောက်.. ကန့်သတ်မဲ့ ရွှေအလင်းသည် လုံးဝ အသွင်ပြောင်းလဲသွားပြီး သာမန် နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လာခဲ့လေပြီ။
ရွှေရောင်မိုးကြိုးတစ်စင်းက ဖျတ်ခနဲ လက်သွားပြီး ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင် နောက်သို့ ပြေးလိုက်သွားလေသည်။
သူတို့နှစ်ယောက်ကြား အကွာအဝေးက အလျင်အမြန် တိုတောင်းလာ၏။
ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်က လှည့်ကြည့်လိုက်ပြီး ကြောက်လန့်ကာ ထခုန်လိုက်လေသည်။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင်.. ဆူဇီမိုက ချဉ်းကပ်လာခဲ့လေပြီ။
ဇီး…
ဆူဇီမိုသည် သူ၏ လက်ချောင်းကို ညင်သာစွာ လှုပ်ခါပြီး အဖြူရောင် ဓားအလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်လေသည်။ ၎င်းသည် ချက်ချင်းပင် ဆင်းသက်လာပြီး ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွား၏။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ ဆင်းသက်လာခဲ့လေသည်။
သွေးရောင်က ဖြာလက်သွား၏။
ကြမ်းကြုတ်ခက်ထန်သော ဓားချီက ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာပြီး သူ့ကို သွေးမြူတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားစေလေသည်။
ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်က အခြေအနေ မကောင်းတော့သည်ကို အာရုံခံမိသွားပြီး ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ ဆင်းသက်လာချိန်မှာပင်… သူ၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပြေးသွားလေသည်။
“စုဖွဲ့စမ်း”
သူ၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပြေးနေရင်း သွေးကနေ ပြန်လည်မွေးဖွားခြင်းကို သုံးကာ သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားလိုက်၏။
“နုပ်နုပ်စင်းလိုက်”
ရုတ်တရက် ဆူဇီမို၏ အသံက တစ်မူထူးခြားသော အေးစက်မှုနှင့်အတူ ထွက်ပေါ်လာ၏။
ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ် ပေါက်ကွဲသွားသော သွေးမြူအတွင်းမှာ ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီသည် အဆုံးမဲ့ ထက်ရှမှုတစ်ခုကို ထုတ်လွှတ်ပြီး သွေးမြူများ အတွင်းရှိ အသက်ဓာတ်အားကို နုပ်နုပ်စင်းလိုက်လေသည်။
ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ်က ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီဖြင့် သေသည့်တိုင်အောင် နုပ်နုပ်စင်းခံလိုက်ရ၏။ အဲဒီမှာ မည်သည့် အသက်ဓာတ်မှ မကျန်ရှိတော့ပေ။
သွေးကနေ ပြန်လည်မွေးဖွားခြင်းအတွက် မဖြစ်မနေ လိုအပ်ချက်မှာ သွေးတစ်စက်ကို ပိုင်ဆိုင်ထားဖို့ ဖြစ်လေသည်။
သို့သော် ယခုအခါ ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်တွင် ထိတ်ထိတ်ပျာပျာ ဖြစ်နေသော အမြုတေစိတ်ဝိညာဉ်တစ်ခုသာလျှင် ကျန်ရစ်တော့လေသည်။
ဝုန်း..
မိုးကြိုးတစ်စင်းက ထောင့်ဖြတ် ဆင်းသက်လာပြီး ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်၏ အမြုတေစိတ်ဝိညာဉ်အပေါ်ကို ပစ်ချလိုက်၏။
ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်သည် တိုက်ရိုက် သတ်ဖြတ်ခြင်း မခံလိုက်ရသော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာ အပြင်းအထန် ရရှိသွားလေသည်။
ထို့နှောင့်နှေးကြန့်ကြာမှုနှင့်အတူ ဆူဇီမို၏ ပုံရိပ်က ဆင်းသက်လာခဲ့ပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်၏ အမြုတေစိတ်ဝိညာဉ်ကို ဖမ်းဆီးလိုက်လေသည်။ သူက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ဝိညာဉ်ရှာဖွေခြင်းအတတ်ကို ထုတ်ဖော်လိုက်၏။
ဆူဇီမို၏ လက်ဖဝါးပေါ်တွင် ဧရာမ အလင်းလုံးတစ်လုံးက ပေါ်ထွက်လာ၏။
အနက်ရောင် ချည်မျှင်များက ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်၏ အမြုတေစိတ်ဝိညာဉ်ကို ထိုးဖောက်ပြီး သူ၏ မှတ်ဉာဏ်များကို အဆက်မပြတ် စုပ်ယူလိုက်၏။
ဆူဇီမိုသည် သူ၏ မျက်လုံးကို မှိတ်ပြီး ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်၏ မှတ်ဉာဏ်များထဲရှိ အသုံးဝင်သော အပိုင်းများကို ရှာဖွေနေ၏။
ခဏနေပြီးနောက်.. ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်၏ အမြုတေစိတ်ဝိညာဉ်က ညိုးခြောက်၍ မှေးမှိန်သွားလေသည်။
ဆူဇီမိုကတော့ သူသည် ဝိညာဉ်ရှာဖွေခြင်းကနေ အကျိုးအမြတ် အတော်များများကို ရရှိခဲ့၏။
ပိန်ပိန်ပါးပါး မျိုးနွယ်စုခေါင်းဆောင်သည် စောစောက ပျက်စီးနေသော ကျောက်စာတိုင်ကို သုံးပြီး ဤနေရာမှာ လူများစွာကို အမှန်တကယ်ပင် သတ်ဖြတ်ခဲ့လေသည်။ အဲဒီကနေ သူက သာမန် နတ်ဘုရားစွမ်းအား ၆ခုကို ရရှိခဲ့လေသည်။
သူသည် လိုဏ်ခေါင်းကျောင်းတော်၏ ကိုယ်တော်တစ်ပါးကို သတ်ဖြတ်ပြီး ကောင်းကင်ဘုံခြေလှမ်းကို ရရှိထားခြင်း ဖြစ်လေသည်။
ယခု ဆူဇီမိုက ထိုသာမန် နတ်ဘုရားစွမ်းအား ၆ခုစလုံးကို မှတ်သားပြီး သူတို့ကို နားလည်ဆင်ခြင်ဖို့အတွက် လုံခြုံစိတ်ချရမည့် နေရာတစ်ခုကို ရှာဖွေဖို့ ပြင်ဆင်လိုက်၏။
ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာသောအခါ.. မျိုးနွယ်စုခေါင်းဆောင်များ အားလုံးသည် နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ခြင်းမှာ သူတို့၏ အချိန်အများစုကို အသုံးပြုကြလေသည်။
ဆူဇီမိုကလည်း ခြွင်းချက် မရပေ။
ဆူဇီမိုသည် ပျက်စီးနေသော ကျောက်စာတိုင်ထံသို့ ပြန်လည်ရောက်ရှိလာပြီး ၎င်းအပေါ်ရှိ စာလုံးများ အားလုံးကို သူ၏ စိတ်ထဲမှာ မှတ်သားလိုက်လေသည်။ တဖြည်းဖြည်း သူသည် ကျတ်တီးမြေထဲကို နစ်ဝင်ပျောက်ကွယ်သွားပြီး သီးခြား အထိုင်ချ ကျင့်ကြံဖို့ ပြင်ဆင်လိုက်လေသည်။
ဆူဇီမို ပျောက်ကွယ်သွားပြီး မကြာခင်.. မလှမ်းမကမ်း လေဟာနယ်ထဲမှာ တစ်စုံတစ်ယောက်က ရုတ်တရက် ပေါ်ထွက်လာ၏။
ထိုသူသည် ဘယ်အချိန်ကတည်းက ဤနေရာကို ရောက်ရှိနေသလဲ မသိရပေ။ သို့သော်လည်း သူက ဆူဇီမို၏ အသိစိတ်ကနေ ပုန်းကွယ်နိုင်ခဲ့၏။
သူက အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက် ဖြစ်လေသည်။ သူ၏ ဆံပင်ရှည်များက တဖျပ်ဖျပ်လွင့်နေပြီး သူ၏ မျက်နှာနေရာအများစုကို ဖုံးအုပ်ကာ သူ၏ နှာရောင်ပေါ်တွင် ခပ်ဖျော့ဖျော့ သွေးအမာရွတ်တစ်ခု ရှိနေ၏။
ကိုယ်တော်တာမင်း..
ကိုယ်တော်တာမင်းသည် ဆူဇီမိုထက် အနည်းငယ် စောလျင်၍ ရှေးဟောင်းတိုက်ပွဲမြေထဲသို့ ဝင်ရောက်လာခဲ့၏။
သူသည် ဆူဇီမို ပျောက်ကွယ်သွားရာ အရပ်ဘက်ကို ကြည့်ပြီး အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေ၏။ သူ၏ အကြည့်က ပျက်စီးနေသော ကျောက်စာတိုင်ပေါ် ဆင်းသက်သွားပြီး ၎င်းပေါ်ရှိ စာလုံးများကို သူ၏ စိတ်ထဲမှာ မှတ်သားလိုက်လေသည်။
ဆူဇီမိုသည် အလွန်တရာ ထက်ရှသော အာရုံခံ အသိစိတ်တစ်ခုကို ပိုင်ဆိုင်ထားသည်ကို ကိုယ်တော်တာမင်းက သိရှိထားလေသည်။ အဲဒါကြောင့် သူက သိပ်ပြီး နီးကပ်စွာ ချဉ်းကပ်မလာရဲခဲ့ပေ။ ခပ်လှမ်းလှမ်းကနေ သူသည် ကျောက်စာတိုင်ကို ကြည့်ပြီး အတန်ကြာအောင် နားလည်ဆင်ခြင်ပြီးမှ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
“အထီးကျန်သိုင်းသခင်.. မင်းက နောက်ဆုံး ငါ့ကို လိုက်မီလာခဲ့ပြီပဲ.. ငါ မင်းကို ရှေ့ကနေ စောင့်နေမယ်”
ကိုယ်တော်တာမင်းက စိတ်ထဲကနေ ရေရွတ်ပြီး လှည့်ထွက်သွားလေသည်။
တစ်ချိန်တည်းမှာပင်..
ရှေးဟောင်းတိုက်ပွဲမြေရှိ အတော်အတန် ကောင်းမွန်သေးသော နန်းတော်တစ်ခုထဲမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အလယ်မှာ ထိုင်နေ၏။ သူသည် မြင့်မား၍ စွမ်းပကား ကြီးမားလေသည်။ သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး သက်ရှိများ အားလုံးကို အထင်သေးနိုင်သည့် ဧကရာဇ်တစ်ပါး၏ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းကို ဖြာထုတ်နေ၏။
အဲဒါက အစစ်အမှန် ဧကရာဇ်တစ်ပါး ဖြစ်လေသည်။
ထိုစဉ်မှာပင်.. မဟာယာနမျိုးနွယ်စုခေါင်းဆောင် ၄ယောက်က အထဲသို့ လျှောက်လှမ်းဝင်ရောက်လာ၏။ သူတို့၏ ဝတ်ရုံများက ဆင်တူပြီး သူတို့သည် ကစဉ့်ကလျား အမြုတေဂိုဏ်းမှ ဖြစ်ကြလေသည်။
အဲဒီမှာ အလယ်အလတ်အဆင့် မဟာယာန နှစ်ယောက်၊ နောက်ပိုင်းအဆင့် မဟာယာန တစ်ယောက်နှင့် ပကတိ မဟာယာန တစ်ယောက် ပါဝင်လေသည်။
ပကတိ မဟာယာနက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၃၃ ဖြစ်သော သီယွင် ဖြစ်လေသည်။
“နှုတ်ဆက်ပါတယ် ဧကရာဇ် သီယွီ”
ကစဉ့်ကလျား အမြုတေဂိုဏ်း မျိုးနွယ်စုခေါင်းဆောင် လေးယောက်သည် ခန်းမထဲသို့ ဝင်ရောက်လာပြီး မြင့်မား၍ စွမ်းပကား ကြီးမားသော သက်လတ်ပိုင်းအရွယ် အမျိုးသားကို တွေ့မြင်သောအခါ သူတို့၏ မျက်လုံးများက ကြည်ညိုလေးစားမှုဖြင့် ပြည့်နှက်လာပြီး ကြမ်းပြင်ပေါ်မှာ ဒူးထောက်ချကာ ကျယ်လောင်စွာ နှုတ်ဆက်လိုက်ကြ၏။
အဲဒါသည် ကျင့်ကြံရေးလောက၏ အကြီးမားဆုံး ကလန်များထဲမှ တစ်ခုဖြစ်သော သီကလန် ဖြစ်လေသည်။ သီကလန်၏ ခွန်အားသည် ရှေးတော်ဝင်မိသားစု ၃စုနှင့် မယှဉ်နိုင်သော်လည်း သူတို့မှာ မျိုးနွယ်စုခေါင်းဆောင်များနှင့် ဧကရာဇ်များ နောက်ခံ ရှိလေသည်။
သီကလန်သည် ရှေးဟောင်းခေတ်ကနေ ဆင်းသက်လာခဲ့သော သက်တမ်းအရင့်ဆုံး ကလန်တစ်ခု ဖြစ်လေသည်။
ဒဏ္ဍာရီအရဆို.. သီကလန်၏ ဘိုးဘေးသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ အင်ပါယာတစ်ခုကို ပထမဆုံး တည်ထောင်ခဲ့သူ ဖြစ်လေသည်။ သူ၏ မျိုးဆက်များက မနှိုင်းယှဉ်သာအောင် မြင့်မြတ်သော မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းကို ခံရလေသည်။
သီကလန်သည် ရှည်လျားသော သမိုင်းကြောင်း ရှိပြီး မျိုးဆက်တိုင်းနီးပါးမှာ အန္တိမ ပြန်ဝင်စား မွန်းစတားတစ်ယောက်စီကို မွေးထုတ်ပေးနိုင်ခဲ့လေသည်။
ဒီဘက် မျိုးဆက်မှာ သီယင်းကဲ့သို့ ပြန်ဝင်စား မွန်းစတားတစ်ယောက်ကို မွေးထုတ်ပေးခဲ့လေသည်။
ကံဆိုးစွာနှင့်ပင်.. သူသည် ဆူဇီမို၏ သတ်ဖြတ်ခြင်း ခံရပြီး အရွယ်မတိုင်ခင် သေဆုံးသွားရလေသည်။