← Chapters

အလယ်အလတ်အဆင့် မဟာယာန

Vol. 111 Ch. 1665

အလယ်အလတ်အဆင့် မဟာယာန

Vol. 111 Ch. 1665

သီယွီသည် ခန်းမထဲရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားဖြစ်ပြီး ဒီဘက်မျိုးဆက်မှာ သီကလန်၏ တစ်ဦးတည်းသော ဧကရာဇ်လည်း ဖြစ်လေသည်။

သီယွင်သည်လည်း မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်သော်လည်း သူက သီယွီ၏ ရှေ့မှာ ဂျူနီယာတစ်ယောက်သာ ဖြစ်လေသည်။

သီကလန်မှာ သီယွီနှင့် ပတ်သက်သော ဒဏ္ဍာရီများစွာ ရှိလေသည်။

အရင်တုန်းက.. သီယွီသည် အသန်မာဆုံး ပြိုင်စံရှားတစ်ယောက် ဖြစ်ခဲ့ပြီး အရာရာတိုင်းကို ရရှိအောင်မြင်ခဲ့လေသည်။ သူသည် အသက် ၁၆နှစ်မှာ ရွှေအမြုတေအဆင့်၊ အသက် ၂၀မှာ နိုးထဝိညာဉ်အဆင့်၊ အသက် ၄၀မှာ မူလနတ္ထိအဆင့်နှင့် အသက် ၁၀၀မှာ ဓမ္မဝိသေသ အဆင့်တို့ကို ရောက်ရှိခဲ့လေသည်။

ဤကြောက်စရာကောင်းသော ကျင့်ကြံမှု အမြန်နှုန်းက သမိုင်းတစ်လျှောက်မှာပင် ရှားရှားပါးပါး ဖြစ်လေသည်။

သီကလန်၏ မှတ်တမ်းများထဲမှာ သီယွီ ပါဝင်ပတ်သက်သော တိုက်ပွဲပေါင်း တစ်သောင်းကျော် ရှိလေသည်။

သူ ပေါ်ထွက်လာခဲ့သည့် အနီးစပ်ဆုံး တိုက်ပွဲမှာ လွန်ခဲ့သည့် နှစ်တစ်သောင်းက ဖြစ်လေသည်။

သီယွီသည် ဧကရာဇ်ဘွဲ့ကို မခံယူခင် သူက မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ် မြောက်ပိုင်းဒေသသို့ ဆင်းသက်ရောက်ရှိလာခဲ့ပြီး ဘိုးဘေးနဂါးတစ်ကောင်ကို စီးပိုးခြယ်လှယ်စွာ တိုက်ခိုက်ပြီး ဖိနှိမ်ခဲ့လေသည်။

ထိုတိုက်ပွဲသည် မြောက်ပိုင်းဒေသမှာ ကြီးမားသော အက်ကွဲကြောင်းတစ်ခုကို ပေါ်ထွက်လာစေခဲ့၏။

နောက်ပိုင်းမှာ ထိုအက်ကွဲကြောင်းသည် ကျင့်ကြံရေးလောကမှာ နဂါးသင်္ချိုင်းတောင်ကြားအဖြစ် ကျော်ကြားခဲ့လေသည်။

သီယွင်၏ ဘေးရှိ မျိုးနွယ်စုခေါင်းဆောင် ၃ယောက်သည် သီကလန်မှ မဟုတ်ကြသော်လည်း သူတို့သည် ကစဉ့်ကလျား အမြုတေဂိုဏ်း၏ ဂိုဏ်းသားများ ဖြစ်ကြလေသည်။ သူတို့သည် ဧကရာဇ် သီယွီ ဆင့်ခေါ်လိုက်သည်ကို ကြားရသောအခါ သူတို့သည် နှောင့်နှေးကြန့်ကြာရဲခြင်း မရှိဘဲ ချက်ချင်းပင် အပြေးအလွှား ရောက်ရှိလာကြ၏။

“အထီးကျန်သိုင်းသခင် ရောက်လာပြီလို့ ငါကြားတယ်”

သီယွီက သူ၏ မျက်လုံးကို မှိတ်ထားဆဲဖြစ်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အဲဒါ ဂိုဏ်းက လာတဲ့ သတင်းအချက်အလက်ပဲ ဖြစ်မယ်ထင်တယ်”

လမ့်ယန်ဟူသော တာအိုဘွဲ့နှင့် မျိုးနွယ်စုခေါင်းဆောင်က အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။

“ဒါပေမဲ့.. ရှေးဟောင်းတိုက်ပွဲမြေက အရမ်းကို ကြီးမားတယ်.. အထီးကျန်သိုင်းသခင်က လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုကို ရှာဖွေပြီး ကျင့်ကြံနေမယ်ဆိုရင်.. သူ့ကို ရှာဖို့က ခဲယဉ်းလိမ့်မယ်”

သီယွင်ကလည်း ခေါင်းညိတ်လိုက်၏။

“အခုချိန်ထိတော့ အထီးကျန်သိုင်းသခင်ရဲ့ ဘာသတင်းမှ မရသေးဘူး”

“ငါတို့က မြေလှန်ရှာရမယ်ဆိုရင်တောင်မှ အထီးကျန်သိုင်းသခင်ကို ရှာရမယ်”

သီယွီက အေးစက်စွာ ပြောလိုက်၏။

အလယ်အလတ်အဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်က အနည်းငယ် တုံ့ဆိုင်းနေ​ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်က လူသားဧကရာဇ်ရဲ့ ဓမ္မအမိန့်ပြန်တမ်းနဲ့ လူသားဧကရာဇ်ချိတ်စည်းကို ရရှိထားတယ်လို့ ကျုပ်ကြားထားတယ်.. အဲဒါ လူသားဧကရာဇ်ကိုယ်တိုင် ရောက်ရှိလာတာနဲ့ တူညီတယ်.. သူ့ကို ကိုင်တွယ်ဖို့က လွယ်မှာ မဟုတ်ဘူး”

“မင်းက ဘာကို ကြောက်နေတာလဲ”

သီယွင်က လှောင်ရယ်လိုက်၏။

“အထီးကျန်သိုင်းသခင်က မဟာယာနအဆင့်ကို ဝင်ရောက်ကာစပဲ ရှိသေးတယ်.. သူက တဗူးနဂါးဖီးနစ်လည်း မဟုတ်ဘူး.. ငါရှိနေမှတော့ သူ့ကို မဖိနှိမ်နိုင်စရာ အကြောင်းမရှိဘူး”

“မပူကြနဲ့”

သီယွီက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းတို့တွေက အထီးကျန်သိုင်းသခင်ကို ရှာဖို့ပဲ လိုတယ်.. အဲဒီအချိန်ကျရင် ရှေးဟောင်းတိုက်ပွဲမြေမှာ ငါကိုယ်တိုင် သူ့ကို သတ်မယ်”

မျိုးနွယ်စုခေါင်းဆောင် ၄ယောက်က တုန်လှုပ်သွားလေသည်။

ဧကရာဇ်တစ်ပါးက အစောပိုင်းအဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို ကိုယ်တိုင်တိုက်ခိုက်မည်ဆိုလျှင် အထီးကျန်သိုင်းသခင်က သေချာပေါက် သေရပေလိမ့်မည်။

တကယ်တော့ သူသည် ဤတစ်ခေါက်မှာ အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်နိုင်ခဲ့မည်ဆိုလျှင်တောင် သီယွီ၏ နာမည်ဂုဏ်သတင်းက သေချာပေါက် ထိုးဆင်းသွားပေလိမ့်မည်။ ဘာပဲပြောပြော.. ဤကဲ့သို့သော တိုက်ခိုက်မှုက အရမ်းကို ဂုဏ်သိက္ခာမဲ့ရာကျလေသည်။

ဒါ့အပြင် အထီးကျန်သိုင်းသခင်သည် လူသားဧကရာဇ်ဘွဲ့ကို ဆက်ခံရရှိပြီးနောက် သူ၏ နာမည်ဂုဏ်သတင်းက အလွန်တရာ မြင့်မားလာခဲ့၏။

အထီးကျန်သိုင်းသခင်ကို ဆန့်ကျင်တိုက်ခိုက်သော မည်သူမဆို.. ထာဝရ လူသားဧကရာဇ်နှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ဆန့်ကျင်တိုက်ခိုက်ခြင်းနှင့် တူနေပေလိမ့်မည်။

သီယွီက ဆက်ပြောလိုက်၏။

“အချိန်ကို ကောင်းကောင်းအသုံးချပြီး တခြားဂိုဏ်းတွေ၊ အဖွဲ့အစည်းတွေက မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ ပူးပေါင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားကြ.. အထီးကျန်သိုင်းသခင်ရဲ့ အသက်ကို လိုချင်နေတာက ငါတို့ချည်းပဲ မဟုတ်ဘူး”

သီယွင်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ကျုပ်နားလည်ပါပြီ.. ကောင်းကင်စင်ရော်ဂိုဏ်း၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနဲ့ ဖန်းလိုင်ကျွန်းက မျိုးနွယ်စုခေါင်းဆောင်တွေကလည်း အထီးကျန်သိုင်းသခင်ကို သေချာပေါက် မုန်းတီးနေမှာပဲ”

“မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့နဲ့ ဖေးသွမ်က အထီးကျန်သိုင်းသခင်ရဲ့ တဗူးကိုယ်ပွားရဲ့ လက်ထဲမှာ သေဆုံးခဲ့ရတာပဲ”

သီယွီက မသိမသာ ခေါင်းညိတ်ပြလိုက်၏။

“အဲဒီ ဂိုဏ်းကြီး ၃ဂိုဏ်းတင် မကဘူး.. အဲဒီမှာ ဓားဂိုဏ်း၊ မိုးကြိုးလေပြေနန်းတော်၊ လျှို့ဝှက်မရဏဂိုဏ်း၊ အဆိပ်ဂိုဏ်းနဲ့ အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းတို့လည်း ရှိတယ်.. မင်းတို့တွေက သူတို့နဲ့လည်း ပူးပေါင်းရမယ်”

“အထီးကျန်သိုင်းသခင်က အဲဒီဂိုဏ်းတွေကို ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီး မပေးခဲ့ဘူးလို့ ငါကြားတယ်.. အဲဒီ မျိုးနွယ်စုခေါင်းဆောင်တွေကလည်း သူ့ကို သေချာပေါက် အငြိုးအတေးထားမှာပဲ”

“ငါတို့က ရှေးဟောင်းတိုက်ပွဲမြေမှာ ရှိတဲ့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေရဲ့ တစ်ဝက်ကို အသုံးချနိုင်မယ်ဆိုရင်.. ငါတို့က အထီးကျန်သိုင်းသခင်ကို မရှာနိုင်ဘူးလို့ ငါမယုံဘူး”

ခဏမျှ ရပ်တန့်ပြီးနောက်.. သီယွီက ဆက်ပြောလိုက်၏။

“ငါတို့က သူ့ကို တတ်နိုင်သမျှ မြန်မြန်ရှာဖွေရမယ်.. ကိုယ်တော်ခုံးယွမ်နဲ့ အခြားသူတွေက သူတို့ရဲ့ ဒဏ်ရာတွေကို ကုသပြီးတာနဲ့ သူ့ကို သတ်ဖို့က ပိုပြီးတော့ ခဲယဉ်းသွားလိမ့်မယ်”

“နားလည်ပါပြီ”

သီယွင်က ခေါင်းညိတ်ပြလိုက်၏။

“မင်းတို့တွေ သွားလို့ရပြီ”

သီယွီက လက်ကာပြလိုက်၏။

သီယွင်နှင့် အခြားသုံးယောက်သည် သူတို့၏ လက်သီးများကို ယှက်ပြီး နောက်ဆုတ်သွားကြ၏။

သီယွီသည် အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ချင်ရသည့် အကြောင်းရင်းမှာ ကလန်အတွင်းရှိ ရန်ငြိုးရန်စကြောင့်သာ မဟုတ်ပေ။

သူတို့၏ ကျင့်ကြံမှုအဆင့်၌ သူတို့သည် မျိုးဆက်ပေါင်း မရေမတွက်နိုင်အောင် ကွာခြားသွားသည့် နောက်ပိုင်းမျိုးဆက်တစ်ယောက်၏ သေဆုံးမှုကို ဂရုစိုက်တော့မည် မဟုတ်ပေ။

သူတို့၏ စိတ်ကို တကယ်တမ်း ယိမ်းယိုင်စေခဲ့သည်မှာ စွမ်းအားကြီးမားသော ရတနာများနှင့် အန္တိမ နတ်ဘုရားစွမ်းအားများ ဖြစ်လေသည်။

လူသားဧကရာဇ်ချိတ်စည်းသည် လူသားဧကရာဇ်ကိုယ်တိုင် သန့်စင်မွမ်းမံခဲ့သော ဧကရာဇ်လက်နက်တစ်ခု ဖြစ်ရုံသာမကပေ။

လူသားဧကရာဇ်ချိတ်စည်းပေါ်မှာ လူသားဧကရာဇ်၏ အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ခတ်နှိပ်ထားသည်ဟု ဆိုလေသည်။

အဲဒါက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ဖြစ်လေသည်။

သူသည် လူသားဧကရာဇ်၏ ချိတ်စည်းကို ရယူနိုင်မည်ဆိုလျှင် သူသည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ကို ကျင့်ကြံပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားများစွာ တိုးလာဖို့ အခွင့်အရေး ရှိလေသည်။

အဲဒါသည် အတိတ်ကာလတုန်းက လူသားဧကရာဇ်၏ အသန်မာဆုံး အန္တိမ နတ်ဘုရားစွမ်းအားများထဲမှ တစ်ခုဖြစ်လေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဆယ်နှစ်ကြာ နေထိုင်ခဲ့စဉ်အတွင်း ဆူဇီမိုသည် နယ်မြေဒေသ ၄ခု၊ သမုဒ္ဒရာ ၃စင်းနှင့် တိုက်ကြီးတစ်တိုက်တို့ထံ သွားရောက်ကျင်လည်ခဲ့ပြီး အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့၏။ သို့သော်လည်း သီယွီက ထိုစဉ်တုန်းက မတိုက်ခိုက်ခဲ့ပေ။

အဲဒါသည် သူက မတိုက်ခိုက်ချင်သောကြောင့် မဟုတ်ဘဲ သူ့မှာ သတိထားစရာများ ရှိနေသောကြောင့် ဖြစ်၏။

ဆူဇီမိုသည် အစကတည်းက ခြိမ်းခြောက်မှုတစ်ရပ် မဟုတ်ပေ။

သို့သော်လည်း သူ့မှာ တဗူးနဂါးဖီးနစ်ကိုယ်ပွား ရှိလေသည်။

တဗူးနဂါးဖီးနစ်၏ နောက်မှာ နဂါးမျိုးနွယ်နှင့် နဂါးဧကရာဇ်ကဲ့သို့ အန္တိမ ပညာရှင်တစ်ဦး ရှိနေ၏။

သူက ဆူဇီမိုကို သတ်ဖြတ်ဖို့ ကြိုးစားမည်ဆိုလျှင် သူသည် ချန်နဂါးဧကရာဇ်ကဲ့သို့ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေခဲ့၏။ အဲဒါကြောင့် ဆူဇီမိုက ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာပြီးမှသာ သူက ဆူဇီမိုကို ထိဖို့ ကြိုးစားရဲခြင်း ဖြစ်၏။

ဤနေရာမှာ သူက မည်သည့် ငဲ့ကွက်ထိန်ချန်မှုမှ မရှိဘဲ ပြုမူလှုပ်ရှားနိုင်လေသည်။

ကျင့်​ကြံခြင်းက အဆုံးမဲ့ပြီး အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွား၏။ တစ်ခဏချင်းမှာပင် ရှေးဟောင်းတိုက်ပွဲမြေသို့ ဆူဇီမို ဝင်ရောက်လာခဲ့သည်မှာ နှစ်တစ်ရာ ကြာသွားခဲ့လေပြီ။

ပြီးခဲ့သည့် နှစ်တစ်ရာအတွင်း.. ထျန်ဟွမ်ကုန်းမြေတိုက်က ကြီးမားစွာ ပြောင်းလဲသွား၏။

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲအပြီး၌.. ကမ္ဘာဦးမျိုးနွယ် ရှစ်စုက သူတို့၏ ပိုင်နက်နယ်မြေများကို ချဲ့ထွင်လာကြ၏။

ကမ္ဘာဦးမျိုးနွယ်များ ချဲ့ထွင်လာသည့် ပိုင်နက်နယ်မြေအတွင်းရှိ လူသားပေါင်းများစွာက နေရာရွှေ့ပြောင်းပေးရလေသည်။

လူသားမျိုးနွယ်နှင့် ကမ္ဘာဦးမျိုးနွယ်သည် တစ်ဖက်ကို တစ်ဖက် စောင့်ကြည့်နေခဲ့ကြ၏။ အဲဒီမှာ ရံဖန်ရံခါ ပဋိပက္ခများ ဖြစ်ပွားတတ်သော်လည်း ကြီးမားသော တိုက်ပွဲများ ပေါ်ထွက်မလာခဲ့ပေ။

လူသားဧကရာဇ်က သူ၏ ဘွဲ့ကို လွှဲပေးခဲ့သောကြောင့် အထီးကျန်သိုင်းသခင်သည် လောကတစ်ဝှမ်း ကျော်ကြားလာခဲ့လေသည်။

သိုင်းတာအိုက ကျော်ကြားထွန်းကားလာပြီး အဲဒါကို ကျင့်ကြံသော သက်ရှိများက ပို၍ ပို၍ များပြားလာနေ၏။

သူတို့ကြားမှာ ပြိုင်စံရှား အချို့ပင် မွေးဖွားပေါ်ထွက်လာ၏။

ညဝိညာဉ်၏ ဦးဆောင်မှုဖြင့် ခွန်လွင်အပျက်အစီးဒေသရှိ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး ပညာရှင်များသည် နတ်မိမယ် လင်းလုံ၏ လျှို့ဝှက်လမ်းကြောင်းကနေတစ်ဆင့် ခွန်လွင်အပျက်အစီးဒေသကနေ ထွက်ခွာလာကြ၏။

သူတို့သည် ခွန်လွင်အပျက်အစီးဒေသမှာ မဟာယာနအဆင့်သို့ ဘယ်တော့မှ တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။

အကြောင်းမှာ.. သူတို့သည် မဟာယာနအဆင့်သို့ ဝင်ရောက်သည်နှင့် နတ်ဘုရားစွမ်းအား မုန်တိုင်းတစ်ခုကို နှိုးဆွမိပြီး နေရာမှာပင် သေဆုံးရမည် ဖြစ်သောကြောင့်ပင်။

သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ရောက်ရှိလာမှသာ.. မဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်မည်ဖြစ်၏။

အဲဒါသည် လျစ်လျူရှု၍ မရနိုင်သည့် အလွန်တရာ စွမ်းအားကြီးမားသော အင်အားတစ်ရပ် ဖြစ်လေသည်။

ခွန်လွင်မျိုးနွယ်ထဲမှာ မျိုးနွယ်စုခေါင်းဆောင်များ သို့မဟုတ် ဧကရာဇ်များ မရှိသော်လည်း အဲဒီမှာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများစွာ ရှိလေသည်။ သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်သို့ ပြန်ရောက်လာ​ပြီး ဆိုးယုတ်စိတ်ဝိညာဉ်သစ်သီးများ၏ အကူအညီနှင့်အတူ မဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းလာမည်ဆိုလျှင် ထိုအဖွဲ့အစည်းသည် မည်သည့် ထိပ်သီးဂိုဏ်းကြီးထက်မဆို သေချာပေါက် သာလွန်သွားပေလိမ့်မည်။

ခွန်မျိုးနွယ်က ထျန်ဟွမ်ကုန်းမြေတိုက်မှာ ရုတ်တရက် ပေါ်ထွက်လာမည်ဆိုလျှင် အဲဒါက အလွန်တရာ ထင်ရှားပေါ်လွင်နေပေလိမ့်မည်။

ညဝိညဉ်၏ ဦးဆောင်မှုဖြင့် ခွန်လွင်မျိုးနွယ်သည် လောလောဆယ်မှာ ဆန်းကြယ်တောင်ထွတ်တွင် အခြေချနေထိုင်ကြလေသည်။

ထိုနှစ်တစ်ရာအတွင်း.. ညဝိညာဉ်ကလည်း မဟာယာနအဆင့်သို့ ဝင်​ရောက်သွားခဲ့လေပြီ။

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲအပြီး၌.. မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် အခြားသူများသည် တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖျက်တက်လှမ်းပြီး နယ်မြေဒေသတစ်ခုကို အုပ်စိုးသော သားရဲအိုကြီးများ ဖြစ်လာကြ၏။

သို့သော်လည်း နှစ်တစ်ရာကြာပြီးနောက်.. ရှေးဟောင်းတိုက်ပွဲမြေမှာ မည်သည့်ပြောင်းလဲမှုမှ မရှိသည့်ပုံပင်။

ဤနေရာမှာ ရှိသော ကျင့်ကြံသူများ အားလုံးက မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ ဖြစ်ကြ၏။

မဟာယာနမျိုးနွယ်စုခေါင်းဆောင် တစ်ယောက်ချင်းစီသည် ဘဝသက်တမ်း နှစ်တစ်သိန်း ရှိကြလေသည်။

နှစ်တစ်ရာက ထိုမျိုးနွယ်စုခေါင်းဆောင်များအတွက် တဒင်္ဂအချိန်တစ်ခုသာ ဖြစ်လေသည်။

ဤနေ့တွင်..

ရုတ်တရက်.. တိတ်ဆိတ်ခြောက်ကပ်သော စွန့်ပစ်နယ်မြေတစ်ခု၏ အလယ်ကနေ ပြင်းထန်ကြမ်းတမ်းသော စွမ်းအင် အတက်အကျတစ်ခု ပေါ်ထွက်လာ​ပြီး မြေခဲများက ပြိုကျကာ ဧရာမ တွင်းချိုင့်တစ်ခု ဖြစ်ပေါ်လာ၏။

ပုံရိပ်တစ်ခုက လေထဲသို့ တိုးထွက်လာ​​ပြီး သူက လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော နတ်ဘုရားစွမ်းအားတစ်ခုဖြင့် ပြည့်လျှမ်းနေ၏။ သူသည် ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ပြီး အဲဒါသည် စွန့်ပစ်နယ်မြေထဲမှာ ယိမ်းနွဲ့လှုပ်ရှားနေသော အစိမ်းရောင် ကြာပန်းတစ်ခုနှင့် ဆင်တူနေ၏။

၎င်း တစ်ချက်ယိမ်းနွဲ့လိုက်တိုင်း ကြီးမားသော ရှေးဟောင်းတိုက်ပွဲမြေကို တုန်ခါသွားစေလေသည်။

ဆူဇီမိုက အဆင့်ချိုးဖျက်တက်လှမ်းသွားလေပြီ။

အလယ်အလတ်အဆင့် မဟာယာန… ။

All Chapters