← Chapters

အထွတ်အမြတ် ပွဲအခမ်းအနား

Vol. 88 Ch. 1354

အထွတ်အမြတ် ပွဲအခမ်းအနား

Vol. 88 Ch. 1354

အဝတ်ရုပ်ကို မြင်လိုက်သည့်အခိုက် ရွှီချင်းက အမူအရာကင်းမဲ့စွာဖြင့် ဆက်ရှိနေဆဲပင်။ သို့သော်လည်း လှိုင်းလုံးများက သူ၏ နှလုံးသားထဲမှာ တဖြည်းဖြည်း ပေါ်လျှိုးလာသည်။

ထိုအဝတ်ရုပ်ကို သူမှတ်မိသည်။

ယင်းက ပြိုင်ဘက်ကင်းမြို့တော်ထဲမှာ သူနေထိုင်ခဲ့စဉ် အကိုကြီးက သူ့ကို ပေးခဲ့သော မွေးနေ့လက်ဆောင်ဖြစ်သည်။

ကပ်ဘေးဖြင့် တွေ့ကြုံခဲ့သည့်အချိန်မှာ သူက ခြောက်နှစ်ခုနစ်နှစ် အရွယ်သာ ရှိသေးသည်။ သူက အရုပ်ကို ပွေ့ဖက်ထားလျက် သွေးမိုးထဲမှာ ငိုကြွေးနေပြီး ဖေဖေ၊ မေမေနှင့် အကိုကြီးကို အော်ခေါ်နေခဲ့သည်။

ထို့နောက် သူက သတိမေ့သွားခဲ့သည်။

သူပြန်နိုးလာသည့်အခါ အဝတ်ရုပ်သည် ပျောက်သွားခဲ့သည်။

ယနေ့မှာ ထိုအဝတ်ရုပ်က ဤနေရာမှာ ပြန်ပေါ်လာသည်။

ထိုနောက်ကွယ်တွင် အဓိပ္ပာယ်တစ်ခု ပါဝင်သည်။

“ သူက ငါ့ဆီ ဒီအရုပ်ကို ပို့လိုက်တာ ငါ့ကို စဉ်းစားခိုင်းတာပဲ… ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

သူစိတ်ရှုပ်ထွေးသော ကိစ္စတချို့ ရှိသည်။ ဥပမာ လပူဇော်ဒေသကြီးထဲတွင် နီလာနတ်သမီးနှင့် တိုက်ပွဲ၌ ခရမ်းသလင်းကျောက်ထဲမှ မှတ်ဉာဏ်များသည် သူ၏ အသိစိတ်ထဲမှ မှတ်ဉာဏ်များနှင့် သဟဇာတမဖြစ်ပေ။

ထိုမြင်ကွင်းထဲတွင် လက်ဝါးသည် သူ၏ ဦးခေါင်းပေါ်သို့ တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ ရိုက်ချသွားခဲ့သည်။

သို့သော်လည်း သူ၏ အသိစိတ်ထဲမှ မှတ်ဉာဏ်များထဲတွင် လက်ဝါးသည် မရှိပေ။ ယင်းအစား သူက သူ့ဘာသာ သတိမေ့သွားခဲ့သည်။

နောက်တစ်ခုမှာ ထိုနေ့က ပျောက်သွားခဲ့သော အရုပ်သည် ယခု ပြန်ပေါ်လာသည်။ ထို့ပြင် အရုပ်ကို အပ်ချည်ဖြင့် ပြန်ချုပ်ထားသည်။

အရုပ်က ဘာလို့ အပိုင်းပိုင်း ဆုတ်ပြဲသွားတာလဲ…

အချိန်အတော်ကြာပြီးနောက် ရွှီချင်းက မျက်လုံးမှိတ်လိုက်သည်။

သူက အဝတ်ရုပ်ကို မယူဆောင်ပေ။ ယင်းကို ဂိတ်တံခါးရှေ့မှာသာ ထားလိုက်သည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ညလေက ကြမ်းတမ်းစွာ တိုက်ခတ်လာပြီး မြေပြင်ပေါ်မှ ဖုန်မှုန့်များကို အဝတ်ရုပ်ပေါ်သို့ ပြန့်ကျဲသွားစေသည်။

လေထဲမှ အအေးဓာတ်သည် အရပ်မျက်နှာအဘက်ဘက်မှ စုဝေးလာသည်။ ယင်းက ချုပ်ရိုးကြောင်းများဖြင့် ပြည့်နှက်နေသော အဝတ်ရုပ်ကို အနည်းငယ် တုန်ယင်သွားစေဟန် ရသည်။

အတိတ်တွင် ဆင်းရဲသားရပ်ကွက်ထဲမှာ ဒူးနှစ်ဖက်ကို ပွေ့ဖက်ထားလျက် ခိုက်ခိုက်တုန်နေသော ကလေးငယ်သည်လည်း ထိုသို့အခြေအနေမျိုး တွေ့ကြုံခဲ့ဖူးသည်။

တစ်ရက်ကုန်ဆုံးသွားသည်။

ဘိုးဘေးကန်တော့ပွဲစတင်ရန် တစ်ရက်သာ လိုတော့သည်။ ထို့ကြောင့် အထက်တန်းစားလူများနှင့် ဝန်ကြီးများသည် သူတို့၏ နေအိမ်ထဲမှာ အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။

ယင်းက ဘိုးဘေးကန်တော့ပွဲ ဖြစ်သည်။

သူတို့က လူသားဧကရာဇ်နောက်ကိုလိုက်၍ ရှေးဘုရင်ဂြိုလ်ဆီသို့ ဝင်ရောက်ခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဘိုးဘေးများကို ကန်တော့ရလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ဘိုးဘေးကန်တော့ပွဲကို အတွင်းပိုင်းနှင့် အပြင်ပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။

အတွင်းပိုင်းကို ရှေးဘုရင်ဂြိုလ်ပေါ်မှာ ကျင်းပလိမ့်မည်။ အပြင်ပိုင်းတွင်တော့ သူတို့၏ ရိုသေလေးစားမှုကို ဖော်ပြရုံသာ ဖြစ်သည်။

ထို့ပြင် သူတို့က ဘိုးဘေးကန်တော့ပွဲမစတင်ခင် ဘိုးဘေးဘုရားကျောင်း၏ အပြင်ဘက်မှာ နေမထွက်လာခင်အထိ ခြောက်နာရီကြာအောင် စောင့်ဆိုင်းကြရလိမ့်မည်။

ဘိုးဘေးဘုရားကျောင်းသည် ပုံမှန်နေ့ရက်များတွင် မတည်ရှိပေ။

ဘုရားကျောင်းသည် နန်းတော်၏ အပြင်ဘက် အထူးဧရိယာတစ်ခုထဲ၌ ဘိုးဘေးကန်တော့ပွဲမစတင်ခင် ခြောက်နာရီအတွင်းမှာသာ ထွက်ပေါ်လာလိမ့်မည်။ ဤသည်မှာ ဘုရားကျောင်းက အချိန်မြစ်ထဲမှ ထွက်ပေါ်လာသည့်အလားပင်။

ဆယ့်ခြောက်နာရီကြာပြီးနောက် ရွှီချင်းက ညအမှောင်အောက်မှာ စံအိမ်ထဲမှ ထွက်လာသည်။

သူက ဂိတ်တံခါးနှင့် အဝတ်ရုပ်ကို ဖြတ်ကျော်သွားသည့်အခိုက် တစ်ခဏ ရပ်တန့်သွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး အဝတ်ရုပ်ကို စိုက်ကြည့်လိုက်သည်။

အချိန်အတန်ကြာပြီးနောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး ထွက်သွားသည်။

သူက အချိန်ကို တွက်ဆလိုက်သည်။ မကြာမီ သူက ဘိုးဘေးဘုရားကျောင်း၏ အရှေ့သို့ ရောက်ရှိသွားသည်။

ကောင်းကင်က မှောင်ရီနေသော်လည်း ဤအခိုက်အတန့်မှာ ရောင်စုံအလင်းများက အမှောင်ထုထဲမှာ ရောထွေးနေသည်။

အလွန်ကျယ်ပြောပြီး ခမ်းနားထည်ဝါသော ဘုရားကျောင်းက နန်းတော်၏ အရှေ့အရပ်မှာ မားမားမတ်မတ် ရပ်နေသည်။

ရွှီချင်းက ပထမဆုံးရောက်ရှိလာသူ မဟုတ်ပေ။ အတိအကျဆိုရလျှင် လူတိုင်းက တစ်ချိန်တည်းမှာ ရောက်ရှိလာကြသည်။

ကောင်းကင်ဘုရင်တစ်ပါးအနေဖြင့် ရွှီချင်းက အရှေ့မှာ ရပ်ခွင့်ရသည်။

ဘုရင်ကျန်းယန်က သူ့ဘေးမှာ ရှိသည်။

ကောင်းကင်ဘုရင်များ၏ အနောက်တွင် ကောင်းကင်ဘုံအမတ်များ ရှိကြသည်။ သူတို့၏ အနောက်တွင် ဝန်ကြီးများနှင့် အမတ်များက ရှိကြသည်။ စုစုပေါင်း အယောက်တစ်ထောင်ရှိသည်။ သို့သော်လည်း သူတို့အားလုံးက လုံးဝတိတ်ဆိတ်နေကြသည်။

သူတို့အားလုံး၏ အကြည့်က အရှေ့သို့ ကျရောက်နေကြသည်။

ထိုနေရာတွင် ပုံရိပ်ခြောက်ခုက ဟင်းလင်းပြင်ထဲမှာ ရပ်နေကြသည်။

သူတို့က လူသားဧကရာဇ်နှင့် ရှေးဘုရင်ဂြိုလ်ဆီသို့ သူ့နောက်မှလိုက်ပါရန် အရည်အချင်းပြည့်မီသော မင်းသားများ ဖြစ်ကြသည်။

ယနေ့တွင် လူသားဧကရာဇ်၏ တော်ဝင်ဝတ်ရုံသည် အလွန်ခမ်းနားထည်ဝါပြီး ဖော်မပြနိုင်အောင် ထွန်းလင်းတောက်ပသည်။

သူ၏ အနောက်တွင် မင်းသားကြီး၊ စတုတ္ထမင်းသား၊ ပဉ္စမမင်းသားနှင့် မင်းသားဆယ့်နှစ်က ရပ်နေကြသည်။

နင်ယန်က အဆင့်ချိုးဖြတ်ရန် တံခါးပိတ်ကျင့်ကြံနေသော်လည်း ယနေ့တွင် မည်မျှအရေးကြီးသော အကြောင်းကိစ္စရှိပါစေ သူက ဘိုးဘေးကန်တော့ပွဲကို သေချာပေါက် တတ်ရောက်ရမည်။

နင်ယန်သော်လည်းကောင်း တခြားမင်းသားများသော်လည်းကောင်း ယနေ့တွင် သူတို့အားလုံး၏ အဝတ်အစားများက ယခင်ကနှင့် ခြားနားနေသည်။ သူတို့က ခမ်းနားထည်ဝါသော ရိုးရာနန်းတွင်းဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

ထို့ပြင် လူတိုင်းကို အံ့ဩသွားစေသည်မှာ မင်းသားဆယ့်နှစ်၏ ဘေးတွင် နောက်ထပ် မင်းသားတစ်ပါး ရှိနေသည်။

ထိုသူက မင်းသားတစ်ဆယ်ဖြစ်သည်။

သူက ဤနေရာမှာ ရပ်နေလေရာ လူသားဧကရာဇ်က သူ့ကို ပါဝင်ခွင့်ပြုထားကြောင်း ထင်ရှားပေသည်။ သို့သော်လည်း ဤမတိုင်ခင် လူသားဧကရာဇ်သည် ထိုအကြောင်းနှင့်ပတ်သက်ပြီး မည်သည့်အင်ပါယာအမိန့်တော်ကိုမှ မထုတ်ပြန်ခဲ့ပေ။

သို့သော်လည်း ထိုကိစ္စက မင်းသားတစ်ပါးနှင့် ဆက်စပ်နေသောကြောင့် မည်သူမှ အများကြီး မပြောဝံ့ကြချေ။ ရွှီချင်းသည် ပညာရှိအမတ်၏ သရုပ်ကြောင့် ထိုကိစ္စကို မေးမြန်းနိုင်သော်လည်း သူက ယင်းကို စိတ်မဝင်စားချေ။

အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် လူတိုင်း၏ အာရုံစိုက်မှုအောက်မှာ လူသားဧကရာဇ်၏ အကြည့်က ဝန်ကြီးများထံသို့ ကျရောက်သွားသည်။

ဤအခိုက်အတန့်မှာ လူသားဧကရာဇ်က ခါတိုင်းနှင့် အနည်းငယ် ကွဲပြားနေဟန် ရ၏။

အတိတ်တွင် သူ၏ မျက်လုံးထဲမှာ မည်သည့်အလင်းရောင်မှ မရှိပေ။ သို့သော်လည်း ယခု သူ၏ မျက်လုံးထဲမှာ လှိုင်းတချို့ရှိနေဟန် ရသည်။

သူက ဝန်ကြီးများကို အသက်တစ်ခါရှူချိန်မျှသာ ကြည့်လိုက်သည်။ ထို့နောက် သူက တောင်တန်းများ၊ မြစ်ချောင်းများ၊ နန်းမြို့တော်နှင့် အဝေးမှ မဟာဧကရာဇ်၏ ရုပ်တုကို ကြည့်လိုက်သည်။

ထို့နောက် လူသားဧကရာဇ်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ မျက်လုံးထဲမှ လှိုင်းဂယက်တချို့သည် ပျောက်ကွယ်သွားသည်။ သူက ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီးနောက် အရှေ့သို့ ပြန်လှည့်လိုက်သည်။

မင်းသားငါးပါးသည် ခေါင်းငုံ့လိုက်ကြပြီး အနောက်ဆုတ်သွားကြသည်။ ထို့နောက် လူသားဧကရာဇ်သည် အဝေးမှ ဘိုးဘေးဘုရားကျောင်းကို ကြည့်လိုက်ပြီး အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။

လူသားဧကရာဇ်က ပေတစ်ရာအဝေးသို့ ရောက်သွားသည့်အခါမှသာ မင်းသားငါးပါးက သူ့အနောက်သို့ တည်ကြည်လေးနက်စွာ လျှောက်သွားကြသည်။

ထိုခြောက်နာရီအတွင်းမှာ ဘိုးဘေးကန်တော့ပွဲ၏ ရိုးရာဓလေ့အရ လူသားဧကရာဇ်သည် ဘိုးဘေးဘုရားကျောင်းထဲမှာ တင်ပျဉ်ခွေ၍ တရားထိုင်ပြီး အချိန်ကျလာမည်ကို စောင့်ဆိုင်းရလိမ့်မည်။ မင်းသားများသည်တော့ ဘိုးဘေးဘုရားကျောင်းထဲမှာ လူသားဧကရာဇ်နှင့်အတူ ဒူးထောက်ပြီး နေထွက်လာသည်ကို စောင့်ဆိုင်းရလိမ့်မည်။

ဘိုးဘေးဘုရားကျောင်း၏ အတွင်းနှင့် အပြင်သည် ထိုခြောက်နာရီအတွင်းမှာ လုံးဝတိတ်ဆိတ်နေလိမ့်မည်။

နန်းမြို့တော်သည်ပင် ဖော်မပြနိုင်အောင် တိတ်ဆိတ်ငြိမ်သက်နေလိမ့်မည်။

အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ ညအမှောင်ကောင်းကင်သည် တဖြည်းဖြည်း ဝေဝါးလာသည်။ ဤသည်မှာ မီးတောက်များက မိုးကုပ်စက်ဝိုင်းထဲမှာ လောင်ကျွမ်းနေသည့်အလား မီးပင်လယ်က အမှောင်ညကို ဖျက်ဆီးပစ်နေသည်။

နောက်အခိုက်အတန့်မှာ အနီရောင်အလင်းက ပျံ့နှံ့သွားသည်။ ဤသည်မှာ လောကကို ထမ်းပိုးထားသော ဧရာမဘီလူးကြီးတစ်ကောင်က အမှောင်ည၏ ကန့်လန့်ကာကို ဆွဲဖယ်လိုက်သည့်အလားပင်။

ရောင်စုံအလင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ထွန်းလင်းတောက်ပသော အလင်းရောင်က ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွားသည်။

“ ပွဲအခမ်းအနားအတွက် အချိန်ကျပြီ ”

ထိုအခိုက်အတန့်မှာ နက်ရှိုင်းသော အသံက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။

ဘိုးဘေးဘုရား‌ကျောင်း၏ အပြင်ဘက်ရှိ ကောင်းကင်ဘုရင်များမှစ၍ ဝန်ကြီးများအထိ လူတိုင်းက ဒူးထောက်လိုက်ကြသည်။

“ ရှေးဘုရင်ဂြိုလ် ကျေးဇူးပြုပြီး နိုးထပါလော့ ”

ထိုစကားသံ၏ အနောက်တွင် ကြီးကျယ်မြင့်မြတ်သော ခေါင်းလောင်းမြည်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

ကောင်းကင်ပေါ်တွင် ရောင်စုံအလင်းတန်းများဖြင့် ပြည့်နှက်နေသည်။ လူသားမျိုးနွယ်၏ ကမ္မနဂါးများသည် ရောင်စုံအလင်းများကြားထဲမှာ ရွေ့လျားကူးခတ်နေကြပြီး နန်းမြို့တော်၏ ကောင်းကင်ကို လှည့်ပတ်နေကြသည်။ ၎င်းတို့၏ အသက်ရှူထုတ်မှုတိုင်းမှာ ကောင်းချီးမင်္ဂလာတိမ်တိုက်များက ထွက်ပေါ်လာကြသည်။

တစ်ချိန်တည်းမှာ လူသားမျိုးနွယ်၏ ဘိုးဘေးပုံရိပ်များက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြပြီး နန်းတော်၏ ဦးတည်ရာဆီသို့ အရိုအသေပေးလိုက်ကြသည်။

သူတို့က လက်ရှိလူသားဧကရာဇ်ကို အရိုအသေပေးနေခြင်း မဟုတ်ပေ။ ယင်းအစား ရှေးဘုရင်ဂြိုလ်ကို ဖြစ်သည်။

နောက်အခိုက်အတန့်မှာ ရှေးဘုရင်ဂြိုလ်က ထွန်းလင်းတောက်ပလာသည်။ ကျယ်လောင်သော ဝုန်းခနဲ မြည်သံနှင့်အတူ ရှေးဘုရင်ဂြိုလ်က လေထဲသို့ မြှောက်တတ်သွားသည်။ ဂြိုလ်သည် တဖြည်းဖြည်း ကြီးမားလာပြီး လူတိုင်း၏ အသိစိတ်ကို တုန်လှုပ်သွားစေသည်။

အစက ရှေးဘုရင်ဂြိုလ်ကို သိပ်သည်းသော မြူခိုးထုက ဖုံးလွှမ်းထားသည်။ ယခု ထိုမြူခိုးက ရောင်စဉ်ခုနစ်သွယ်အဖြစ် ပြောင်းလဲသွားပြီး သက်တံ့တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ သက်တံ့သည် ရှည်ထွက်လာပြီး ဘိုးဘေးဘုရားကျောင်းဆီသို့ ပျံ့နှံ့သွားသည်။

နောက်ဆုံးမှာတော့ ဘိုးဘေးဘုရားကျောင်းနှင့် ရှေးဘုရင်ဂြိုလ်သည် ဆက်သွယ်သွားသည်။

သက်တံ့သည် လမ်းကြောင်းတစ်ခု သို့မဟုတ် တံတားတစ်စင်း ဖြစ်လာသည်။

ဘိုးဘေးဘုရားကျောင်းထဲမှာ တရားထိုင်နေသော လူသားဧကရာဇ်သည် အပြင်သို့ ထွက်လျှောက်လာပြီး လေထဲသို့ ပျံသန်းသွားသည်။ သူက သက်တံ့တံတားပေါ်သို့ ခြေချလိုက်ပြီး အရှေ့ဆုံးမှ လျှောက်သွားသည်။

မင်းသားငါးပါးသည် လူသားဧကရာဇ်၏ ပေတစ်ရာအနောက်မှ လိုက်သွားကြပြီး ခေါင်းငုံ့ထားကြသည်။

ထို့နောက် ဘုရင်ကျန်းယန်က လေထဲသို့ ပျံသန်းသွားလေရာ သူ၏ အကြည့်က လေးနက်လာသည်။ တခြားကောင်းကင်ဘုရင်များသည်လည်း တစ်ချိန်တည်းမှာ သက်တံ့တံတားပေါ်သို့ ခြေချလိုက်ကြသည်။

ရွှီချင်း၏ အမူအရာသည် အစကတည်းက တည်ကြည်လေးနက်နေသည်။

သူတို့၏ အနောက်တွင် ကောင်းကင်ဘုံအမတ်များက လိုက်ပါလာကြသည်။ ဝန်ကြီးများသည် သူတို့၏ ရာထူးအဆင့်အလိုက် အုပ်စုငယ်များ ခွဲသွားကြသည်။ သူတို့က သက်တံ့တံတားပေါ်မှာ လမ်းလျှောက်နေစဉ် သူတို့ကြားမှာ ပေတစ်ရာအကွာအဝေး ခြားထားကြသည်။

အဝေးမှကြည့်လျှင် လူတစ်ထောင်က သက်တံ့တံတားပေါ်မှာ တိတ်ဆိတ်ငြိမ်သက်စွာ လျှောက်လှမ်းနေကြောင်း မြင်နိုင်လိမ့်မည်။ လူသားဧကရာဇ်၏ ဦးဆောင်မှုအောက်မှာ သူတို့က ရှေးဘုရင်ဂြိုလ်ဆီသို့ ဖြည်းညင်းစွာ ရွေ့လျားသွားနေကြသည်။

ဤအခိုက်အတန့်မှာ နန်းမြို့တော်ထဲ၌ ဘိုးဘေးဘုရားကျောင်းဆီသို့ သွားရောက်ရန် အရည်အချင်းမပြည့်မီသော သေမျိုးများနှင့် ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းမော့လိုက်ကြပြီး လူသားမျိုးနွယ်၏ ကြီးကျယ်ခမ်းနားသော ပွဲအခမ်းအနားကို ကြည့်လိုက်ကြသည်။

တစ်ချိန်တည်းမှာ အသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားပြီး နာမည်များကို တစ်ခုပြီးတစ်ခု ခေါ်လိုက်သည်။

“ ဘုရင်ကျန်းယန်… ဘုရင်ကျန်းကန်… ”

လူတိုင်းက သက်တံ့တံတားပေါ်မှာ ရွေ့လျားနေစဉ် ထိုအသံက နာမည်များကို ဆက်လက် ခေါ်နေသည်။

ကောင်းကင်ဘုရင်အားလုံး၊ ကောင်းကင်ဘုံအမတ်အားလုံးနှင့် ဝန်ကြီးအားလုံးက နာမည်ခေါ်မခံရပေ။

(၉၉)ကြိမ်မြောက် နာမည်ခေါ်ပြီးနောက် ၎င်းက ရပ်တန့်သွားသည်။

“ မင်းတို့အားလုံးက ရှေးဘုရင်ဂြိုလ်ပေါ်ကို ဝင်ရောက်ပြီး ဘိုးဘေးကန်တော့ပွဲကို ကြည့်ရှုဖို့ အရည်အချင်းပြည့်မီကြတယ် ”

ထိုအသံက အဆုံးသတ်သွားသည့်အခိုက် အရှေ့ဆုံးမှ လူသားဧကရာဇ်သည် သက်တံ့တံတား၏ အဆုံးသို့ ရောက်ရှိသွားသည်။ သူက ရပ်တန့်ခြင်းမပြုဘဲ ရှေးဘုရင်ဂြိုလ်ပေါ်သို့ ခြေချလိုက်သည်။

ထို့နောက် မင်းသားငါးပါးက ရှေးဘုရင်ဂြိုလ်ပေါ်သို့ လျှောက်သွားကြသည်။ သူတို့၏ အနောက်တွင် နာမည်ခေါ်ခံရသော ကောင်းကင်ဘုရင်များ၊ ကောင်းကင်ဘုံအမတ်များနှင့် ဝန်ကြီးများက လိုက်ဝင်သွားကြသည်။

အရည်အချင်းပြည့်မီသော လူများထဲတွင် ရွှီချင်းသည်လည်း ပါဝင်သည်။ ဤအခိုက်အတန့်မှာ ရွှီချင်းက သက်တံ့တံတား၏ အဆုံးသတ်သို့ ရောက်ရှိသွားပြီး ရှေးဘုရင်ဂြိုလ်ပေါ်သို့ ခြေချလိုက်သည်။ ရှေးဘုရင်ဂြိုလ်သည် တုန်ယင်သွားသည်။ ရှေးဘုရင်ဂြိုလ်ပေါ်မှာ မြူခိုးက ပရမ်းပတာ လှုပ်ရှားနေလေရာ တစ်စုံတစ်ယောက်သည် အပေါ်သို့ မြှောက်တတ်သွားနေသော ဧရာမယဇ်ပလ္လင်တစ်ခုကို မသဲမကွဲ မြင်နိုင်လိမ့်မည်။

တစ်ချိန်တည်းမှာ နန်းမြို့တော်၏ စည်းချအစီအရင်သည် အစွမ်းအပြည့် လှည့်ပတ်လာပြီး ဤနေရာကို ကာကွယ်ပေးလိုက်သည်။

ရှေးဘုရင်ဂြိုလ်ပေါ်သို့ ခြေချခွင့်မရကြသော လူများသည်တော့ သက်တံ့တံတားပေါ်မှာ မတ်တတ်ရပ်လိုက်ကြပြီး ရှေးဘုရင်ဂြိုလ်ဆီသို့ လေးနက်စွာ အရိုအသေပေးလိုက်ကြသည်။

သူတို့က ဘိုးဘေးကန်တော့ပွဲကို အတူတကွ သက်သေပြုပေးကြလိမ့်မည်။

အပေါ်သို့ မြှောက်တတ်သွားနေသော ရှေးဘုရင်ဂြိုလ်ပေါ်မှ ယဇ်ပလ္လင်သည်တော့ တဖြည်းဖြည်း ကြီးမားလာပြီး ထင်ရှားလာသည်။ နောက်ဆုံးမှာတော့ ယဇ်ပလ္လင်သည် ရှေးဘုရင်ဂြိုလ်၏ ကောင်းကင်ပေါ်သို့ ရောက်ရှိသွားသည်။

ယင်းက ကောင်းကင်ဘုံ၏ ယဇ်လ္လင်ဖြစ်လာသည်။

“ အဲ့ဒါက… ရှေးဘုရင်ဂြိုလ်ပဲ ”

ကောင်းကင်ဘုံယဇ်ပလ္လင်၏ အောက်တွင် အရည်အချင်းပြည့်မီသော လူများက ထွက်ပေါ်လာကြသည်။ ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။

ဤနေရာတွင် ပထမဆုံး သူအာရုံခံမိသည်မှာ အလွန်သိပ်သည်းသော ကမ္မစွမ်းအား ဖြစ်သည်။ ထို့နောက် နေရာတိုင်းထံမှ အင်ပါယာသွေးမျိုးဆက်လှိုင်းများကို သူအာရုံခံမိသည်။

ဤအခိုက်အတန့်မှာ လောက၏ အရောင်က ပြောင်းလဲသွားပြီး လေကြမ်းများက တိုက်ခတ်လာသည်။

ကမ္မစွမ်းအားနှင့် အင်ပါယာသွေးမျိုးဆက်၏ အားလှိုင်းအတတ်အကျများအပြင် အလွန်အံ့ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်များလည်း ရှိသည်။

ဝိညာဉ်စွမ်းအင်၏ သိပ်သည်းမှုက အလွန်မြင့်မားလေရာ ယင်းတို့က ဝိညာဉ်စမ်းချောင်းများအဖြစ် ရှေးဘုရင်ဂြိုလ်၏ ဟင်းလင်းပြင်များထဲမှာ စီးဆင်းနေကြသည်။ အဝေးမှကြည့်လျှင် ယင်းတို့က ဝေဝါးနေသော ဝိညာဉ်နဂါးများနှင့် ဆင်တူပေသည်။

သို့သော်လည်း ရွှီချင်းမှာ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရန် အချိန်မရှိပေ။ ဘိုးဘေးကန်တော့ပွဲက စတင်နေပြီ ဖြစ်သည်။

အသံက ဆက်လက် ထွက်ပေါ်လာသည်။

“ လူသားဧကရာဇ်က စစ်ချပ်ဝတ်ကို ဝတ်ဆင်ပေးပါ ”

ဘိုးဘေးကန်တော့ပွဲသည် လူသားဧကရာဇ်၏ ပွဲအခမ်းအနားဖြစ်သည်။ သို့ဖြစ်၍ လူတိုင်း၏ အကြည့်အောက်မှာ လူသားဧကရာဇ်က အရှေ့သို့ လျှောက်သွားသည်။ ရောင်စုံအလင်းတန်းများသည် အရပ်မျက်နှာအဘက်ဘက်မှ စုဝေးရောက်ရှိလာကြပြီး လူသားဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်တွင် ဖျင်ကြမ်းဝတ်စုံတစ်ထည်အဖြစ် ဖွဲ့စည်းသွားသည်။

“ ရှေးခေတ်ကာလကတည်းက ဧကရာဇ်တွေဟာ အင်မော်တယ်တွေရဲ့ အမိန့်တော်ကို လိုက်နာပြီး လောကကို အုပ်ချုပ်တယ်… ဒါကြောင့် ကောင်းကင်နဲ့မြေပြင်ကို အရာအားလုံး ပြန်လည်ပေးအပ်တဲ့ သဘောအနေနဲ့ သရဖူကို ချွတ်ပြီး ဖိနပ်ကို ပေးအပ်ပါ ”

အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

လူသားဧကရာဇ်က မျက်လုံးမှိတ်ထားစဉ် သူ၏ ဦးခေါင်းပေါ်မှ သရဖူက လေထဲသို့ ပျံတတ်သွားပြီး သူ၏ ဖိနပ်က ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားသည်။

ကမ္မစွမ်းအားမှ ဖြစ်ပေါ်လာသော ပုံရိပ်ယောင်တစ်ခုသည် သရဖူနှင့် ဖိနပ်ကို လက်နှစ်ဖက်ဖြင့် လက်ခံလိုက်သည်။

ထို့နောက် ဧကရာဇ်သည် သူ၏ ဦးခေါင်းထက်နှင့် ခြေဖဝါးအောက်မှာ မည်သည့်အတားအဆီးမှ မရှိတော့သည့်အခါ အရှေ့သို့ ဆက်လက် လျှောက်သွားသည်။

“ လူသားမျိုးနွယ်ရဲ့ ကမ္မအမွှေးတိုင်ကို ထွန်းညှိပြီး ဘိုးဘေးတွေကို ဂုဏ်ပြုပါ ”

ဧကရာဇ်၏ ရှေ့တော်တွင် လူသားမျိုးနွယ်၏ ကမ္မက စုဝေးသွားပြီး ခြေသုံးချောင်း အမွှေးတိုင်ခွက်အဖြစ် ဖွဲ့စည်းသွားသည်။ အမွှေးတိုင်သုံးချောင်းသည် လေထဲမှာ ထွက်ပေါ်လာပြီး လူသားဧကရာဇ်၏ လက်ထဲသို့ ကျရောက်သွားသည်။ လူသားဧကရာဇ်သည် အမွှေးတိုင်သုံးချောင်းကို အမွှေးတိုင်ခွက်ထဲမှာ တည်ကြည်လေးနက်စွာ စိုက်လိုက်သည်။

နောက်အခိုက်အတန့်မှာ အမွှေးတိုင်သုံးချောင်းက မီးထွန်းညှိခံလိုက်ရပြီး မီးခိုးငွေက လေထဲသို့ ပျံ့လွင့်သွားသည်။

ကောင်းကင်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး တိမ်တိုက်များသည် ပရမ်းပတာ လှုပ်ခတ်သွားကြသည်။ လျှပ်စီးသည် ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။ ဤသည်မှာ ပုံရိပ်ယောင်တံခါးများစွာက လေထဲမှာ ထွက်ပေါ်လာကြသည့်အလားပင်။

တံခါးများသည် ဤလောကထဲမှာ လွင့်မျောနေကြသည်။ ဤသည်မှာ မရေမတွက်နိုင်သော အချိန်လေဟာနယ်ကမ္ဘာများက တစ်ပြိုင်နက် ဆက်သွယ်သွားကြသည့်အလားပင်။

ဤအခိုက်အတန့်မှာ အနက်ရောင်အငွေ့များက တံခါးများထဲမှ ထွက်ပေါ်လာသည်။ ဤသည်မှာ ဖော်မပြနိုင်သော တည်ရှိမှုများက ကမ္မအမွှေးနံ့ကို အာရုံခံမိသွားကြသည့်အလား ၎င်းတို့က မိစ္ဆာများနှင့် သရဲတစ္ဆေများအဖြစ် အသွင်ပြောင်းလဲပြီး တံခါးများကို ချိုးဖြတ်ချင်နေဟန် ရသည်။

သို့သော်လည်း တံခါးများက တုန်ယင်သွားသည့်အခါ ပိုပြီးကြောက်စရာကောင်းသော အရှိန်အဝါများသည် ကောင်းကင်ဘုံယဇ်ပလ္လင်အောက်မှ ရှေးဘုရင်ဂြိုလ်၏ အနက်ပိုင်းထဲမှာ ရုတ်တရက် ပျံ့နှံ့ထွက်လာကြသည်။

၎င်းတို့၏ ထွက်ပေါ်လာမှုသည် ပြောမပြနိုင်အောင် လွှမ်းမိုးဖိနှိပ်သည်။ ၎င်းတို့က ဘေးပတ်ဝန်းကျင်သို့ ရွေ့လျားသွားနေစဉ် ပင်လယ်ကြီးတမျှ ကျယ်ပြောသော ဖိအားက ဖြစ်ပေါ်လာသည်။ ထို့နောက် မသဲမကွဲသော ရေရွတ်သံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

ထိုရေရွတ်သံများထဲမှာ လောကကြီးကို တုန်လှုပ်သွားစေနိုင်သော စိတ်ဆန္ဒတစ်ခု ကိန်းအောင်းနေသည်။

ကြောက်စရာကောင်းသော ရေရွတ်သံအောက်မှာ ကောင်းကင်ဘုံယဇ်ပလ္လင်၏ တည်နေရာမှလွဲ၍ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးနှင့် ပုံရိပ်ယောင်တံခါးများက ပြိုကွဲပျက်စီးသွားကြပြီး ဝိညာဉ်မိုးအဖြစ် ပြောင်းလဲသွားသည်။ ဝိညာဉ်မိုးရေစက်များသည် အရပ်မျက်နှာအဘက်ဘက်သို့ ကျဆင်းသွားပြီး ရှေးဘုရင်ဂြိုလ်ကို အာဟာရဖြည့်ပေးလိုက်သည်။

ထိုမြင်ကွင်းသည် ဘိုးဘေးကန်တော့ပွဲကို ပထမဆုံးအကြိမ် တတ်ရောက်ဖူးသော ရွှီချင်းကို နှလုံးတုန်သွားစေသည်။

လူသားဧကရာဇ်သည်တော့ အမွှေးတိုင်များ ထွန်းညှိပြီးနောက် အရှေ့သို့ ဆက်လက် လျှောက်သွားသည်။ သူက မနှေးလွန်း မမြန်လွန်းသော ခြေလှမ်းနှင့်အတူ ယဇ်ပလ္လင်၏ အမြင့်ဆုံးနေရာဆီသို့ လျှောက်သွားသည်။

လူသားဧကရာဇ်၏ အနောက်တွင် နင်ယန်အပါအဝင် မင်းသားငါးပါးက လိုက်ပါလာကြသည်။ ကမ္မ၏ သက်ရောက်မှုအောက်မှာ သူတို့က ဖျင်ကြမ်းဝတ်စုံကို ဝတ်ဆင်လိုက်ကြသည်။ သူတို့၏ သရဖူနှင့် ဖိနပ်များက ဖယ်ရှားခံလိုက်ရသည့်အခါ သူတို့က ခြေဗလာနှင့်အတူ အရှေ့သို့ ဆက်လျှောက်သွားကြသည်။

သူတို့က ယဇ်ပလ္လင်ပေါ်သို့ ဦးတည်သွားကြသည်။

All Chapters