← Chapters

ထိတ်လန့်ဖွယ်ကောင်းသော အပြောင်းအလဲ

Vol. 88 Ch. 1355

ထိတ်လန့်ဖွယ်ကောင်းသော အပြောင်းအလဲ

Vol. 88 Ch. 1355

ဤအခိုက်အတန့်မှာ ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက် သက်တံ့တံတားပေါ်တွင် ရှေးဘုရင်ဂြိုလ်ပေါ်သို့ ခြေချခွင့်မရကြသော အရာရှိများနှင့် ဝန်ကြီးများသည် တည်ကြည်လေးနက်သော အမူအရာဖြင့် ခေါင်းငုံ့ထားကြသည်။

သက်တံ့တံတား၏ အပြင်ဘက်တွင် ကျင့်ကြံသူအုပ်စုများက ဒူးထောက်နေကြသည်။

အမှန်မှာ နန်းမြို့တော်တစ်ခုလုံး ထိုအတိုင်းဖြစ်သည်။ ကောင်းကင်ပေါ်မှ ကမ္မနဂါးများက ဟိန်းဟောက်လိုက်ကြလေရာ ကောင်းကင်သည် အရောင်လင်းလက်တောက်ပသွားသည်။ လူသားမျိုးနွယ်၏ စည်းချအစီအရင်သည် အပြည့်အဝ အသက်ဝင်လာပြီး ကျယ်ပြောသော လောကတစ်ခုကို ဖန်တီးလိုက်သည်။

မဟာနန်းမြို့တော်ဒေသကြီးတစ်ခုတည်းသာ မဟုတ်ပေ။ ဤအခိုက်အတန့်မှာ မဟာနန်းမြို့တော်ဒေသကြီး၏ အပြင်ဘက်ရှိ ဒေသငယ်ခုနစ်ခုအပါအဝင် သန့်စင်ရေလှိုင်းဒေသကြီး၊ ကောင်းကင်နက်ဒေသကြီးနှင့် ဝိညာဉ်နက်ဒေသကြီးသည်လည်း ရိုးရာဓလေ့များ ပြုလုပ်နေကြပြီး တည်ကြည်လေးနက်စွာ အရိုအသေပေးနေကြသည်။

အမှန်မှာ လူသားမျိုးနွယ်၏ ပိုင်နက်အတွင်းမှာရှိကြသော ဒေသအကြီးအကဲများနှင့် ဒေသအရှင်သခင်များသည် အင်ပါယာအမိန့်တော်ကို အစောကြီးကတည်းက ရရှိထားကြသည်။

ယင်းက လူသားမျိုးနွယ်၏ ကြီးကျယ်ခမ်းနားသော ပွဲအခမ်းအနားတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ လူသားမျိုးနွယ်တစ်ခုလုံးနီးပါးက ဤအကြောင်းကို သိရှိထားကြပြီး မဟာနန်းမြို့တော်ဒေသကြီး၏ ဦးတည်ရာဆီသို့ တစ်ညီတစ်ညာတည်း ကြည့်နေကြသည်။

ယနေ့တွင် လူသားမျိုးနွယ်ထဲမှ မျိုးနွယ်ခြားများနှင့် အင်အားစုများသည် သူတို့ကိုယ်သူတို့ ကောင်းမွန်စွာ ချုပ်ထိန်းထားကြသည်။ သူတို့က လူသားမျိုးနွယ်၏ ဘိုးဘေးကန်တော့ပွဲအပေါ် နည်းနည်းမှ မနှောင့်ယှက်ဝံ့ကြချေ။

ပုံမှန်နေ့ရက်များတွင် နှောင့်ယှက်ခြင်းသည် သေးငယ်သော ကိစ္စသာ ဖြစ်သည်။ သို့သော် ယနေ့တွင်တော့ မည်သည့်အနှောင့်အယှက်မဆို ကြီးလေးသော ရာဇဝတ်မှုအဖြစ် သတ်မှတ်ခံရလိမ့်မည်။ ယင်းက လူသားမျိုးနွယ်အပေါ် ကြီးမားစွာ စော်ကားလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် လူသားမျိုးနွယ်ထဲမှ မျိုးနွယ်ခြားများနှင့် အင်အားစုများသည် မဆင်မခြင် မလှုပ်ရှားဝံ့ကြချေ။

အချိန်တစ်ခဏကြာပြီးနောက် လူသားမျိုးနွယ်၏ ပိုင်နက်ထဲမှာ ကမ္မက မြှောက်တတ်လာသည်။ လူသားများ၏ သွေးမျိုးဆက်သည် တအိအိလှုပ်ခတ်သွားပြီး ကောင်းကင်ကို တုန်လှုပ်သွားစေမည့် ပြင်းထန်သော အရှိန်အဟုန်ကို ဖန်တီးလိုက်သည်။

လူသားမျိုးနွယ်၏ မဟာမိတ်များသည်လည်း သဘောတူညီချက်အတိုင်း လိုက်နာပြီး အတူတကွ အရိုအသေပေးလိုက်ကြသည်။

ပိုင်ဇီမျိုးနွယ်နှင့် စီအဲမျိုးနွယ်ကို မဆိုထားနှင့် လပူဇော်ဒေသကြီးထဲမှာပင် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် လပူဇော်ယဇ်ပလ္လင်ပေါ်မှာ မတ်တတ်ရပ်နေကြပြီး နန်းမြို့တော်၏ ဦးတည်ရာကိုကြည့်၍ စိတ်ခံစားချက်များဖြင့် သက်ပြင်းချနေကြသည်။

သူတို့က သီးခြားလွတ်လပ်သွားပြီး ကိုယ့်ခြေထောက်ပေါ်မှာကိုယ် ရပ်တည်နေကြပြီဖြစ်သော်လည်း မည်သို့ကြောင့် လူသားမျိုးနွယ်နှင့် ခွဲခွာနိုင်မည်နည်း။

လူသားမျိုးနွယ်၏ နယ်နိမိတ်အပြင်ဘက်တွင် မရေမတွက်နိုင်သော မျိုးနွယ်ခြားများသည် တုန်လှုပ်သွားကြသည်။ သူတို့က အရေအတွက်များပြားသော စစ်တပ်များကို နယ်စပ်ဒေသများဆီသို့ ရွှေ့ပြောင်းလိုက်ကြသည်။

သူတို့မှာ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိပေ။ စစ်တပ်များကို ရွှေ့ပြောင်းရခြင်းမှာ လူသားမျိုးနွယ်က ဘိုးဘေးကန်တော့ပွဲကို အကြောင်းပြု၍ သူတို့ဆီသို့ ကျူးကျော်တိုက်ခိုက်လာမည်ကို ကြိုတင်ကာကွယ်ရန် ဖြစ်သည်။

တစ်ချိန်တည်းမှာ ဝမ်ကူးကုန်းမြေမှ အစွမ်းထက် မျိုးနွယ်စုကြီးအားလုံး၏ အကြည့်များသည် လူသားမျိုးနွယ်၏ နန်းမြို့တော်ဆီသို့ ကျရောက်သွားကြသည်။ အတွေးအမျိုးမျိုးက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှာ ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာပြီးနောက် လူသားမျိုးနွယ်သည် ဘိုးဘေးကန်တော့ပွဲကို ကျင်းပခဲ့သည်။

ဝမ်ကူးကုန်းမြေထဲတွင် ကိစ္စကြီးများ ဖြစ်ပျက်ခြင်းသည် မရှားပေ။ သို့သော်လည်း တစ်နှစ်တည်းမှာ ထိုသို့ခဏခဏ ဖြစ်ပျက်ခြင်းသည် အလွန်ရှားပါးသည်။

သို့ဖြစ်၍ အစွမ်းထက် မျိုးနွယ်စုကြီးများက ဤကိစ္စအပေါ် မည်သို့ကြောင့် လျစ်လျူရှုနိုင်မည်နည်း။

လူတိုင်း၏ နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု စတင်လာတော့မည်ဟု ခံစားမိနေကြသည်။

ထို့ကြောင့် ယနေ့တွင် လူသားမျိုးနွယ်သည် ဝမ်ကူးကုန်းမြေတစ်ခုလုံး၏ အာရုံစိုက်စရာဖြစ်လာသည်။

မရေမတွက်နိုင်သော အတွေးများက စုဝေးသွားပြီး မရေမတွက်နိုင်သော နှလုံးသားများက ပေါင်းစပ်သွားသည်။ လူတိုင်းထံမှ အကြည့်များက လင်းလက်လာသည်။

လူသားမျိုးနွယ်၏ ဘိုးဘေးကန်တော့ပွဲသည် အတိတ်နှင့် ပစ္စုပ္ပန်တွင် ဝမ်ကူးကုန်းမြေတစ်ခုလုံး၏ အတွေးများ၊ နှလုံးသားများနှင့် အကြည့်များကို တစ်နေရာတည်းမှာ စုစည်းနိုင်သော ရိုးရာဓလေ့များအနက် တစ်ခုအပါအဝင် ဖြစ်သည်။

ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေ၏ အာရုံစိုက်ခြင်းခံနေရသော လူသားမျိုးနွယ်၏ နန်းမြို့တော်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ရှေးဘုရင်ဂြိုလ်က အပေါ်သို့ ဆက်လက် မြှောက်တတ်သွားနေသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများသည် ရှေးဘုရင်ဂြိုလ်၏ အနက်ပိုင်းထဲမှ ပေါ်ထွက်လာကြပြီး လှည့်ပတ်သွားကြသည်။

အချိန်လေဟာနယ်တံခါးများက ပြိုကွဲပျက်စီးသွားပြီး ရှေးဘုရင်ဂြိုလ်အတွက် အာဟာရဓာတ်အဖြစ် ပြောင်းလဲသွားသည့်အခါ ဧရာမဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။

ဝဲကတော့က ဝုန်းခနဲ မြည်ဟိန်းသွားသည့်အခါ ကောင်းကင်သည် အရောင်ပြောင်းလဲသွားသည်။

ဝဲကတော့၏ အလယ်တွင် ဝမ်ကူးကုန်းမြေတစ်ခုလုံး၏ အာရုံစိုက်ခြင်းခံနေရသော ဧရာမယဇ်ပလ္လင်တစ်ခု ရှိသည်။ ပုံရိပ်ကိုးဆယ့်ကိုးခုက ယဇ်ပလ္လင်၏ အောက်ဘက်မှာ အရိုအသေပေးနေကြပြီး မင်းသားငါးပါးက အနောက်မှ လိုက်ပါသွားကြသည်။ လူသားဧကရာဇ်သည်တော့ သူတို့အားလုံးကို ဦးဆောင်၍ အရှေ့သို့ ဆက်လက် လျှောက်သွားနေသည်။

ဝေဟင်ထက်တွင် မည်သည့်အတားအဆီးမှ မရှိသလို မြေပြင်ပေါ်တွင်လည်း မည်သည့်အဟန့်အတားမှ မရှိပေ။ ဤသည်မှာ ကောင်းကင်နှင့် မြေပြင်က တစ်သားတည်းဖြစ်နေသည့်အလားပင်။

လူသားဧကရာဇ်သည် ကြည်ညိုရိုသေခြင်းနှင့် စိတ်ရင်းမှန်နှင့်အတူ ကန်တော့ပွဲကို ဆက်လက် ကျင်းပသည်။

သူက ယဇ်ပလ္လင်ပေါ်သို့ တစ်လှမ်းချင်း တစ်လှမ်းချင်း တတ်လှမ်းသွားနေသည်။

ထိုစဉ် ဂုဏ်သိက္ခာကြီးမြတ်သော အသံသည် ဟင်းလင်းပြင်ထဲမှ ပဲ့တင်ထပ်လာသည်။

“ ရွှမ်ကမ္ဘာမြေက လူသားဘိုးဘေးတွေ… ဝမ်ကူးကုန်းမြေရဲ့ ရှေးဦးကျင့်ကြံသူတွေ… ”

“ သူတို့ရဲ့ အောင်မြင်မှုတွေက စကြာဝဠာတစ်ခွင် ပျံ့နှံ့သွားပြီး ကောင်းကင်ဘုံဝိညာဉ်တွေကို ကောင်းချီးပေးခဲ့တယ်… သူတို့ရဲ့ ရဲစွမ်းသတ္တိက သိုင်းပညာစွမ်းရည်ကို တိုးပွားစေခဲ့တယ်… မျိုးနွယ်စုအားလုံးကို စည်းလုံးညီညွတ်စေခဲ့ပြီး လုံခြုံစိတ်ချမှုကို ခေတ်အဆက်ဆက် သေချာစေခဲ့တယ် ”

“ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှု၊ ဇွဲကောင်းမှုတို့က တကယ်ပဲ အရိုအသေပေးထိုက်တယ်… မရေမတွက်နိုင်အောင် ခေတ်အဆက်ဆက်ကြာပြီးတဲ့နောက် ဝမ်ကူးကုန်းမြေရဲ့ အရှေ့ပိုင်းမှာ… ”

“ …သန်းနဲ့ချီတဲ့ လူသားမျိုးဆက်တွေက ကောင်းကင်ဘုံတစ်ခွင် ပျံ့နှံ့သွားခဲ့တယ် ”

ထိုစကားများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း လူတိုင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။

သက်တံ့တံတားပေါ်မှာ ရှိနေသော လူများသော်လည်းကောင်း ရှေးဘုရင်ဂြိုလ်ပေါ်မှ ကျင့်ကြံသူများသော်လည်းကောင်း သူတို့အားလုံး ထိတ်လန့်သွားကြသည်။

ရွှီချင်းသည်လည်း ဆတ်ခနဲ ခေါင်းမော့လိုက်သည်။

သူ၏ ဘေးမှ လူတိုင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။

အဘယ့်ကြောင့်ဆိုသော် ဘိုးဘေးကန်တော့ပွဲအတွက် စကားများက ရှေးဘုရင်ရွှမ်ယုံကို ရည်ညွှန်းနေခြင်းမဟုတ်ဘဲ လူသားမျိုးနွယ်၏ ဘိုးဘေးများကို ရည်ညွှန်းနေသောကြောင့် ဖြစ်သည်။

ထိုလူသားဘိုးဘေးများသည် ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ဝမ်ကူးကုန်းမြေဆီသို့ ပထမဆုံး ရောက်ရှိလာခဲ့ကြသော အင်မော်တယ်များ ဖြစ်ကြသည်။ သူတို့က မျိုးနွယ်စုအသီးသီးထံမှ အင်မော်တယ်များ ဖြစ်ကြသည်။ ဝမ်ကူးကုန်းမြေကို ဖွဲ့စည်းခဲ့ကြသော အင်မော်တယ်များထဲမှာ လူသားအင်မော်တယ်များသည်လည်း ပါဝင်ခဲ့ကြသည်။ သူတို့က ပထမဆုံးရှေးဘုရင်ကို ဆုံးဖြတ်ခဲ့ကြပြီး လူသားမျိုးနွယ်နှင့် တခြားမျိုးနွယ်စုများ၏ အကျိုးစီးပွားကို ဤနေရာမှာ တိုးတတ်ကြီးပွားစေရန် ဆောင်ရွက်ခဲ့ကြသည်။

ရှေးဘုရင်ရွှမ်ယုံကို အရိုအသေမပေးဘဲ ရှေးခေတ်လူသားဘိုးဘေးများကို အရိုအသေပေးသော ဘိုးဘေးကန်တော့ပွဲသည် လူသားမျိုးနွယ်၏ သမိုင်းထဲမှာ တစ်ခါမှ မရှိဖူးခြင်း မဟုတ်ပေ။ သို့သော် ထိုသို့ဘိုးဘေးကန်တော့ပွဲသည် အလွန်ရှားပါးသည်။

ရှေးဘုရင်ရွှမ်ယုံခေတ်တွင် ဘိုးဘေးကန်တော့ပွဲများကို ထိုအတိုင်း ကျင်းပခဲ့သည်။

ဤအခိုက်အတန့်မှာ လူသားဧကရာဇ်ရွှမ်ကျန်း၏ ဘိုးဘေးကန်တော့ပွဲသည် ဆက်လက် ဖြစ်ပွားနေသည်။

လူတိုင်းက နှလုံးတုန်နေစဉ် လူသားဧကရာဇ်က ယဇ်ပလ္လင်ပေါ်သို့ ဆက်ပြီး တတ်လှမ်းသွားနေသည်။

ကြီးမြတ်သော အသံသည်လည်း ဆက်လက် ပဲ့တင်ထပ်နေသည်။

“ ဒါပေမဲ့… နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ကောင်းကင်ဘုံက သူတို့ရဲ့ အခွင့်အာဏာတွေကို ဆုံးရှုံးသွားပြီး ကမ္ဘာမြေက ဆက်ပြီး မလည်ပတ်တော့ဘူး… ဘိုးဘေးတွေ မရှိတော့တဲ့နောက် ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေက ထပ်ခါတလဲလဲ ဖြစ်ပေါ်လာတယ်… လူသားမျိုးနွယ်ရဲ့ ကမ္မက နိမ့်တစ်လှည့် မြင့်တစ်လှည့် ပြောင်းလဲနေတယ်… မျိုးနွယ်ခြားတွေရဲ့ ရန်က နေရာတိုင်းမှာ ထွက်ပေါ်လာတယ် ”

“ စစ်ပွဲတွေအများကြီး ဒုက္ခတွေအများကြီးကို တွေ့ကြုံပြီးတဲ့နောက် ကုန်းမြေတစ်ခုလုံး သွေးစွန်းသွားတဲ့အချိန်မှာ ရှေးဘုရင်ရွှမ်ယုံက မြင့်တတ်လာခဲ့တယ်… ဒါပေမဲ့ သိပ်မကြာဘူး နတ်ဘုရားတွေ ရောက်ချလာတယ်… အစွမ်းထက် အင်အားစုတွေက သေကြေပျက်စီးသွားကြတယ် ”

“ တောင်တန်းတွေ မြစ်ချောင်းတွေက ပြိုကျပျက်စီးသွားပြီး သက်ရှိတွေက ကပ်ဘေးဒုက္ခတွေ ခံစားခဲ့ကြရတယ်… စစ်ပွဲတွေက ဆက်တိုက် ဖြစ်ပွားလာပြီး အစွမ်းထက် မျိုးနွယ်ခြားတွေက လူသားမျိုးနွယ်ထဲ ကျူးကျော်ဝင်ရောက်ဖို့ တာဆူနေကြတယ် ”

“ ဒုန်းရှန့်ဧကရာဇ်ရဲ့ အမှား… အဲ့ဒါက ဘယ်သူ့ရဲ့ အမှားလဲ… ဧကရာဇ်ကျင့်ယွင်ရဲ့ ဝမ်းနည်းပူဆွေးမှု… အဲ့ဒါက ဘယ်သူရဲ့ ကမ္မလဲ ”

“ အဲ့ဒီနောက် ကောင်းကင်နက်မျိုးနွယ်နဲ့ နီလာနတ်သမီးက ထကြွသောင်းကျန်းလာတယ်… အမှောင်ထုက ပျံ့နှံ့သွားပြီး သွေးမိုးတွေ ရွာသွန်းလာတယ် ”

“ ဒါပေမဲ့ ငါတို့ရဲ့ စစ်သည်တော်တွေက စစ်ချပ်ဝတ်ကို ဝတ်ဆင်ပြီး အလင်းရောင်ကို‌ ဆောင်ကြဉ်းပေးခဲ့တယ်… နောက်ဆုံးမှာ မျိုးနွယ်ရဲ့ အရှက်တရားကို ပြန်ချေဖျက်နိုင်ခဲ့ပြီး ကောင်းကင်နက်ဒေသကြီးကို လူသားမျိုးနွယ်ရဲ့ ပိုင်နက်ထဲ သိမ်းသွင်းနိုင်ခဲ့တယ် ”

“ ကောင်းကင်နဲ့ မြေပြင်က တဖန်မြင့်တတ်လာပြီး အခွင့်အရေးတွေက ထွက်ပေါ်လာတယ်… လမ်းကြောင်းအသစ်တွေ ပွင့်လာပြီး ပါရမီရှင်တွေ ထွက်ပေါ်လာတယ်… နောက်ဆုံးတော့ လူသားမျိုးနွယ်ရဲ့ ဂုဏ်အရှိန်အဝါက တဖန်ပြန်လည်ထွန်းတောက်လာတယ် ”

ကြီးမြတ်သော အသံသည် ချောက်ချားဖွယ်ကောင်းသော စကားလုံးများကို သယ်ဆောင်လျက် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာ လူသားဧကရာဇ်သည် ကောင်းကင်ဘုံယဇ်လ္လင်၏ ထိပ်ဖျားပေါ်သို့ ရောက်ရှိသွားသည်။

သူက ယဇ်ပလ္လင်ပေါ်သို့ ခြေချလိုက်သည့်အခိုက် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားသည်။

ကြီးမြတ်သော အသံသည် ဆက်လက် မထွက်ပေါ်လာချေ။ အသံက ဆက်လက် ပဲ့တင်ထပ်နေသော်လည်း ယင်းက အစောနက အသံမဟုတ်တော့ပေ။ ယင်းအစား လူသားဧကရာဇ်၏ နှုတ်တော်မှ ထွက်ပေါ်လာသော အသံဖြစ်သည်။

လူသားဧကရာဇ်သည် ပထမဆုံးအကြိမ် စကားပြောလိုက်သည်။ သူ၏ ဂုဏ်သိက္ခာကြီးမားသော အသံသည် ကောင်းကင်ဘုံအာဏာစက်ကို သယ်ဆောင်လျက် ပျံ့ပွားသွားသည်။

“ ကြယ်တွေက ပြောင်းလဲသွားပြီး ခေတ်တွေက ကုန်လွန်သွားတယ်… ”

“ မျက်မှောက်ခေတ်မှာ တောင်တန်းတွေနဲ့ မြစ်ချောင်းတွေက ပြန်လည်အသက်ဝင်လာတယ်… လူသားမျိုးနွယ်က စစ်ပွဲအများကြီးကို တွေ့ကြုံပြီးတဲ့နောက် အတိတ်တုန်းက သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့တယ်… ”

“ ဒါပေမဲ့ တာဝန်က ငါတို့ရဲ့ နှလုံးသားထဲမှာရှိနေပြီး ကြီးမားတဲ့ ဝတ္တရားတွေက ငါတို့ရဲ့ ပခုံးပေါ်မှာ ရှိနေတုန်းပဲ… ငါကိုယ်တော် ရွှမ်ကျန်းဟာ ဘိုးဘေးတွေရဲ့ မျှော်လင့်ချက်အတိုင်း နေထိုင်ခဲ့ပြီး လူသားမျိုးနွယ်အတွက် အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးခဲ့တယ် ”

“ လူသားမျိုးနွယ်က အထွတ်အထိပ်ကို ပြန်ရောက်ရမယ်လို့ ငါကျိန်ဆိုခဲ့တယ် ”

“ ဒီနေ့ ငါကိုယ်တော်မြတ်က ယဇ်ပူဇော်မှု(၃)ခုကို ပြုလုပ်မယ် ”

လူသားဧကရာဇ်သည် ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်က ဝမ်ကူးကုန်းမြေ၏ အပြင်ဘက်မှ စကြာဝဠာနှင့် အာကာသဟင်းလင်းပြင်ပေါ်သို့ ကျရောက်သွားသည်။

သူ၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သူ၏ အမူအရာသည်ပင် မတည်မငြိမ် ဖြစ်လာသည်။

ရှင်းလင်းစွာပင် သူက ဤနေ့အတွက် နှစ်ပေါင်းများစွာကြာအောင် စောင့်ဆိုင်းခဲ့ရသည်။

“ ပထမအနေနဲ့ လူသားမြေပုံကို ယဇ်ပူဇော်မယ် ”

လူသားဧကရာဇ်သည် စကားဆုံးသည်နှင့် သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ကမ္မသည် နေရာတိုင်းမှ ပေါ်လျှိုးလာပြီး သူ၏ အရှေ့မှာ ဧရာမမြေပုံတစ်ခုအဖြစ် စုဝေးသွားသည်။

ထိုမြေပုံထဲမှာ လူသားမျိုးနွယ်၏ လက်ရှိပိုင်နက်နယ်မြေများကို ဖော်ပြနေသည်။

မြေပုံထဲမှာ ဒေသကြီးလေးခု ပါဝင်ကြသည်။

“ ဒုတိယအနေနဲ့ သူရဲကောင်းဝိညာဉ်မှတ်တမ်းတွေကို ယဇ်ပူဇော်မယ် ”

လူသားဧကရာဇ်က ထပ်မံ စကားပြောလိုက်သည့်အခါ မရေမတွက်နိုင်သော ကျောက်တိုင်များက ထွက်ပေါ်လာကြပြီး အဆုံးမဲ့စွာ ကြီးမားလာကြသည်။ မည်သည့်ကျောက်တိုင်ပေါ်တွင်မဆို ရေတွက်ရန်ခဲယဉ်းသော နာမည်များကို ရေးထွင်းထားကြသည်။

ထိုနာမည်များသည် ရှေးဘုရင်ရွှမ်ယုံ ထွက်ခွာသွားသည့်အချိန်မှစ၍ လူသားမျိုးနွယ်အတွက် အသက်စတေးသွားခဲ့ကြသော သူရဲကောင်းများ၏ နာမည်များ ဖြစ်ကြသည်။

နာမည်များ၏ အရေအတွက်အတိအကျကို ပြောရန် ခက်ခဲပေသည်။ သို့သော်လည်း ၎င်းတို့ထံမှ သူရဲကောင်း အရှိန်အဝါသည် ကောင်းကင်ဘုံအထိ ပျံတတ်သွားသည်။

ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ ရင်းနှီးကျွမ်းဝင်သော နာမည်တချို့ကို ကျောက်တိုင်များပေါ်တွင် သူမြင်တွေ့သွားသည်။ ထိုထဲတွင် ဖုန်းဟိုင်ဒေသငယ်၏ ဓားကိုင်ရုံးတော်သခင် ခုန်းလျှန်ရှို့လည်း ပါဝင်သည်။

ဝမ်းနည်းမှုသည် ရွှီချင်းတစ်ယောက်တည်း၏ နှလုံးသားထဲမှာသာ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ လူသားအများစု၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာကြသည်။

သူတို့မိသားစု၏ ဘိုးဘေးများ၏ နာမည်ကို ထိုကျောက်တိုင်များပေါ်မှာ မြင်နိုင်ကြသည်။ ထိုနာမည်များကို ကြည့်၍ ဤနှစ်များတွင် လူသားမျိုးနွယ် တွေ့ကြုံခဲ့ရသော ဒုက္ခဆင်းရဲများကို မည်သူမဆို ခံစားနိုင်ပေသည်။

“ တတိယအနေနဲ့ လေနဲ့မိုးကို ယဇ်ပူဇော်မယ် ”

လူသားဧကရာဇ်သည် တည်ကြည်လေးနက်သော အမူအရာဖြင့် ထပ်မံ ပြောသည်။

သူ၏ စကားဆုံးသွားသည့်အခါ ကြမ်းတမ်းသော လေပြင်းက တိုက်ခတ်လာပြီး မိုးက သည်းကြီးမည်းကြီး ရွာချလာသည်။

လေသည် လူသားမျိုးနွယ်၏ လေဖြစ်သည်။ ယင်းက နှစ်ပေါင်းများစွာကြာအောင် လူသားမျိုးနွယ်၏ ပိုင်နက်များအတွင်းမှာ တိုက်ခတ်နေခဲ့ပြီး မရေမတွက်နိုင်သော တိုက်ပွဲများထဲမှာ ပါဝင်ခဲ့သည်။ ယခု လေသည် အချိန်ကာလထဲမှ ဆွဲထုတ်ခံလိုက်ရသည်။

မိုးသည် လူသားမျိုးနွယ်၏ မိုးဖြစ်သည်။ ယင်းက လူသားမျိုးနွယ်၏ ပိုင်နက်များအတွင်းမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ရွာသွန်းခဲ့ပြီး လူသားမျိုးနွယ်၏ ဝမ်းနည်းပူဆွေးမှုကို သက်သေပြုပေးခဲ့သည်။ မိုးသည် ယနေ့ထိတိုင် မတူညီသော ခေတ်အဆက်ဆက်ထံမှ လူများ၏ စုဆောင်းခြင်းခံခဲ့ရသည်။

ယနေ့ လေနှင့်မိုးက အတူပေါင်းစည်းသွားပြီး ယဇ်ပူဇော်ခြင်းခံလိုက်ရသည်။ တစ်နည်းအားဖြင့် ကောင်းမွန်သော ရာသီဥတုဖြစ်ပေါ်လာရန် ရည်ရွယ်သည်။

ယင်းတို့ကို ပြောင်းပြန်အဓိပ္ပာယ်ကောက်ရသော်…

လေက ကောင်းကင်ပေါ်မှ မဆင်းသက်လာသောကြောင့် လေသည် ကမ္ဘာမြေထဲမှ မြှောက်တတ်လာပြီး ကောင်းကင်ပေါ်ထိ တိုက်ခတ်သွားမည်ဟု အဓိပ္ပာယ်ရသည်။

မိုးက ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာတော့မည် မဟုတ်ချေ။ ယင်းအစား ကမ္ဘာမြေပေါ်မှ ပျံတတ်သွားပြီး ကောင်းကင်ပေါ်မှာ ပျံဝဲသွားလိမ့်မည်။

ယခုအချိန်မှာ ငတုံးငအ လူတစ်ယောက်သည်ပင် ဘိုးဘေးကန်တော့ပွဲက တစ်စုံတစ်ခု လွဲမှားနေကြောင်း ပြောနိုင်ပေသည်။

လှိုင်းလုံးများသည် ရွှီချင်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ သူ၏ ဘေးပတ်ဝန်းကျင်မှ လူများသည်လည်း အသက်ရှူမြန်လာကြသည်။

ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်တွင်လည်း ထို့အတူပင်။ သက်တံ့တံတား၏ အပေါ်တွင် အရိုသေပေးနေကြသော ဝန်ကြီးများနှင့် အရာရှိများသည် နှလုံးတုန်လာကြသည်။ စိုးရိမ်ကြောင့်ကြသော ခံစားမှုက သူတို့၏ နှလုံးသားထဲမှာ ပိုပြီးအားကောင်းလာသည်။

သေမျိုးများထဲတွင် လူအများစုက ယင်းကို နားမလည်နိုင်ကြသော်လည်း ဉာဏ်ပညာရှိသော လူတချို့က တုန်လှုပ်သွားကြသည်။

ဘိုးဘေးကန်တော့ပွဲက ဆက်လက် ဖြစ်ပွားနေသည်။

“ ဘိုးဘေးတွေရဲ့ အဆုံးအမကို မှတ်သားထားပြီး ငါတို့ရဲ့ နောင်မျိုးဆက်တွေကို ကောင်းချီးပေးပါတယ်… ဒီယဇ်ပူဇော်မှုနဲ့အတူ ကန်တော့ပွဲရိုးရာဓလေ့မှာ အမှားအယွင်းကင်းပါစေ ”

ယဇ်ပူဇော်မှုကို ပြုလုပ်ပြီးနောက် လူသားဧကရာဇ်သည် နေရာမှာ မတ်တတ်ရပ်လျက် ဝမ်ကူးကုန်းမြေ၏ ကောင်းကင်အလွန်ဆီသို့ ထပ်ခါထပ်ခါ ဦးချလိုက်သည်။

သူ၏ ဦးချမှုတိုင်းမှာ စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။

ပထမအကြိမ် အရိုအသေပေးခြင်း… သုံးကြိမ်မြောက် အရိုအသေပေးခြင်း… ကိုးကြိမ်မြောက် အရိုအသေပေးခြင်း…

သူ၏ အရိုအသေပေးမှုတိုင်းမှာ ကြည်ညိုရိုသေမှုဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ သူက နှုတ်ဆက်ခွဲခွာနေသည့်အလားပင်။

သုံးကြိမ်ဦးချပြီး ကိုးကြိမ်အရိုအသေပေးပြီးနောက် မဟာနန်းမြို့တော်ထဲမှ တောင်တန်းများနှင့် မြစ်ချောင်းများသည် ချက်ချင်း တုန်လှုပ်သွားကြသည်။

တောင်တန်းများက လှုပ်ခါသွားကြပြီး မြစ်ချောင်းများက ပြောင်းပြန်စီးဆင်းသွားကြသည်။

နန်းမြို့တော်ထဲမှ ရှေးဘုရင်ဂြိုလ်ပေါ်ရှိ ကောင်းကင်ဘုံယဇ်ပလ္လင်ပေါ်တွင် တောင်တန်းများနှင့် မြစ်ချောင်းများ၏ ပုံရိပ်များက ထွက်ပေါ်လာကြသည်။

ဤသည်မှာ ဒေသကြီးအတွင်းမှ တောင်ဝိညာဉ်နှင့် မြစ်ဝိညာဉ်၏ ရောက်ရှိလာမှု ဖြစ်သည်။

ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်မှာ ရွေ့လျားနေကြသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါများသည် နူးညံ့စွာ သက်ပြင်းချလိုက်ကြသည်။ ဝေဝါးသော ပုံရိပ်များသည် တောင်တန်းများနှင့် မြစ်ချောင်းများထဲမှ ထွက်ပေါ်လာကြသည်။

သူတို့က ဤပွဲအခမ်းအနားမှာ ပါဝင်ချင်သည့်အလား ယဇ်ပူဇော်မှုထဲသို့ လျှောက်သွားကြသည်။

တစ်ချိန်တည်းမှာ လူသားမျိုးနွယ်၏ အလွန်သိပ်သည်းသော ကမ္မစွမ်းအားသည် ဤအခိုက်အတန့်မှာ ထွက်ပေါ်လာပြီး နန်းမြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လူတိုင်းက ဖိအားကို ခံစားမိသွားကြသောအခါ ချက်ချင်း ခေါင်းငုံ့လိုက်ကြသည်။

လူသားဧကရာဇ်သည် တောင်တန်းများနှင့် မြစ်ချောင်းများ၏ ပုံရိပ်များ၊ ယဇ်ပူဇော်မှုထဲသို့ တဖြည်းဖြည်း ပေါင်းစပ်သွားနေသော ဝေဝေဝါးဝါး ပုံရိပ်များကို ကြည့်လိုက်သည်။ ထို့နောက် ယခင်ကဲ့သို့ မကြီးမြတ်တော့ဘဲ အက်ရှနေသော သူ၏ အသံက နူးညံ့စွာ ပျံ့လွင့်သွားသည်။

“ ငါတို့ရဲ့ ယဇ်ပူဇော်မှုကို ဝိညာဉ်တွေက… ”

လူသားဧကရာဇ်က ပြောချင်သည်မှာ ငါတို့ရဲ့ ယဇ်ပူဇော်မှုကို ဝိညာဉ်တွေက ရရှိပါစေဟု ဖြစ်သည်။

သို့သော်လည်း သူ၏ စကားမဆုံးခင်မှာ ထိတ်လန့်ဖွယ်ကောင်းသော အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။

အသံတစ်သံသည် လူသားဧကရာဇ်၏ အနောက်မှာ ထွက်ပေါ်လာသည်။

“ ရွှမ်ကျန်း… မင်းက လူသားဧကရာဇ်ဖြစ်ဖို့ မထိုက်တန်ဘူး ”

“ ဒီနေ့ ဘိုးဘေးတွေရဲ့ အရှေ့မှာ လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်နဲ့ သားတော်တစ်ပါးရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့အတူ လူသားမျိုးနွယ်ရဲ့ ဓားကို ကိုင်ဆွဲပြီး မင်းကျင့်တရားနဲ့ မညီတဲ့၊ သူတော်ကောင်းတရားနဲ့ မပြည့်စုံတဲ့ ကိုယ့်အမျိုးအနွယ်အပေါ် ဂုတ်သွေးစုပ်တဲ့ မင်းလို အယုတ်တမာကို ငါသုတ်သင်ပစ်မယ် ”

ထိုအော်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားလေရာ ဟင်းလင်းပြင်နှင့် ကောင်းကင်သည် တအိအိလှုပ်ခတ်သွားသည်။

တစ်လောကလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ရွှီချင်းသည် ဆတ်ခနဲ ခေါင်းမော့လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအသံကို ကောင်းကောင်း သူမှတ်မိသည်။

ကောင်းကင်ဘုံယဇ်ပလ္လင်ပေါ်တွင် လူသားဧကရာဇ်သည် ဖြည်းညင်းစွာ ခေါင်းလှည့်လိုက်ပြီး သူ့အနောက်ကို ကြည့်လိုက်သည်။

လူသားဧကရာဇ်၏ အနောက်တွင် မင်းသားငါးပါးအနက် မင်းသားလေးပါးသည် အမူအရာပြောင်းလဲသွားပြီး ချက်ချင်း အနောက်ဆုတ်သွားကြသည်။ မင်းသားတစ်ပါးသည်သာ နေရာမှာ ဆက်လက် ရပ်နေပြီး လူသားဧကရာဇ်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည်။

ထိုမင်းသားသည် နင်ယန်ဖြစ်သည်။

All Chapters