← Chapters

ငြင်းပယ်ခြင်း

Vol. 5 Ch. 58

ငြင်းပယ်ခြင်း

Vol. 5 Ch. 58

"ဟားဟားဟား တတိယမင်းသားဆီကတိုက်ရိုက်လာတဲ့ ကမ်းလှမ်းချက်ကို‌တောင် ငြင်းရဲသေးတယ်ပေါ့ မင်းအ‌တော်သတ္တိကောင်းတာပဲ"

အိမ်တော်ထိန်းလီသည် ဒေါသမျက်နှာကို လုပ်ပြုံးတစ်ခုဖြင့်ဖုံးလျက် ရွဲ့တဲ့တဲ့ပြောလာ၏။

တော်ဝင်မင်းသားတစ်ပါး၏အိမ်တော်ထိန်းဖြစ်သည့်အလျောက် ခံစားချက်များကိုဖုံးကွယ်သိုဝှက်ရာတွင် ကျွမ်းကျင်သော်လည်း ဖုန့်မိသားစုကဲ့သို့ အညတရမိသားစုလေးထံမှ မထီလေးစားဆက်ဆံခံရသည့်ခံစားချက်မှာဆိုးရွားလှ၍ ဒေါသမပေါက်ကွဲရန်ပင် အနိုင်နိုင်ဟန်လုပ်နေရသည်။

ဝမ်ရိဖန်းမှာ အံ့သြမှုများနှင့် မယုံကြည်နိုင်မှုများရောယှက်လျက်သည် ပွဲကြည့်ပရိတ်သတ်လုပ်လို့နေ၏။ အိမ်တော်ထိန်းလီကို ပေါ်တင်ငြင်းဆန်ရဲသည်အထိ ဖုန့်ချန်းအတင့်ရဲလိမ့်မည်ဟုမထင်ခဲ့ပေ။

သူ့အတွေးတွင်လည်း အိမ်တော်ထိန်းလီ၏ကမ်းလှမ်းချက်ကိုလက်ခံလိုက်ခြင်းက ဖုန့်မိသားစုအတွက် အကောင်းဆုံးသောရွေးချယ်မှုဟုထင်သည်။ များသောအားဖြင့် အင်အားချဲ့ထွင်လိုကြသောလူအများစုသည် ကျော်ကြားပေါ်လွင်ခြင်းမှရရှိလာသော အကျိုးဆက်များအကြောင့် ထည့်မစဥ်းစားတတ်ကြပေ။

သို့သော် တော်ဝင်မင်းသားတစ်ပါး၏အရိပ်တွင် ခိုလှုံခွင့်ရသွားသည်နှင့် အခွင့်အလမ်းများကို စိတ်ကြိုက်ဖမ်းဆုပ်နိုင်ပေသည်။ ကျောထောက်နောက်ခံမရှိသော မိသားစုငယ်များအဖို့ ရွေးချယ်သင့်သောလမ်းတစ်ခုဖြစ်၏။

အိမ်တော်ထိန်းလီသည် စိတ်ပျက်လက်ပျက်ဖြစ်ခြင်းကို မဖုံးကွယ်နိုင်တော့ဘဲ အမူအရာမှာလည်း တည်တည်ငြိမ်ငြိမ်မရှိ‌တော့ချေ။ သူဒေါသထွက်နေမှန်းအသိသာကြီးဖြစ်သော်လည်း မျက်နှာတစ်ချက်ပင်မပျက်သောဖုန့်ချန်းကို စုံချည်ဆန်ချည်ကြည့်ရင်း မျက်လုံးများကျဥ်းမြောင်းလာသည်။

"မင်းဘာကိုငြင်းလိုက်တယ်ဆိုတာတော့ မင်းဘာသာမင်းသိမယ်မလား? တတိယမင်းသားရဲ့ကမ်းလှမ်းချက်က မင်းတို့မိသားစုရဲ့လုံခြုံရေးကိုသာမက အနာဂတ်တက်လမ်းကိုလည်း သေချာပေါက်အထောက်အကူပြုလိမ့်မယ် ဒီလိုကျောထောက်နောက်ခံကိုလက်လွှတ်ပြီး ကျိုးမိသားစုကိုတကယ်ကြီးရင်ဆိုင်နိုင်မယ်လို့ မင်းကိုယ်မင်းထင်တယ်ပေါ့?"

အိမ်တော်ထိန်းလီ၏လေသံတွင် ကဲ့ရဲ့အထင်သေးမှုများ စွက်နေပေပြီ။

သူဒေါသမထိန်းနိုင်၍သာ ဤစကားများကိုပြောထွက်လိုက်ခြင်းဖြစ်ပေမယ့် မှားနေတာတော့မဟုတ်။

ဖုန့်ချန်း၏ကျင့်ကြံဆင့်က ဓာတ်ကြီးသုံးပါးနတ်အဆင့်တွင်သာရှိသေးသည်ဆိုလျှင် တတိယမင်းသား၏ကမ်းလှမ်းမှုကို မလွဲမသွေလက်ခံမှရမည်ဖြစ်၏။

ကျိုးမိသားစုက သူတို့၏အကြီးအကဲများအတွက်လက်စားပြန်ချေရန် ချက်ချင်းတော့လူလွှတ်ရန်စလာမည်မဟုတ်။ သို့သော် ငြိမ်နေသည်ဆိုတိုင်း မေ့သွားတာလည်းမဟုတ်။

သူတို့လက်ရှိကိစ္စတွေဖြတ်ပြီးသွားပြီး အခွင့်အရေးရသည်နှင့် ဖုန့်မိသားစုဘက်ကိုအာရုံရောက်လာကြမှာဖြစ်သည်။ ရှိသမျှအရင်းအမြစ်တွေကိုပုံအောပြီး သူတို့၏အကြီးအကဲနှစ်ယောက်အတွက် ဖုန့်မိသားစုကို သေချာပေါက်အပြစ်ပေးလာလိမ့်မည်။

ထို့ကြောင့် အသက်ရှင်ချင်သေးသည်ဆိုလျှင် ဖုန့်မိသားစု၏တစ်ခုတည်းသောရွေးချယ်မှုမှာ တတိယမင်းသား၏ကမ်းလှမ်းချက်ကို လက်ခံလိုက်ရန်ပင်။ ဤသည်မှာ အိမ်တော်ထိန်းလီ၏အတွေးဖြစ်သည်။

"ကမ်းလှမ်းမှုအတွက် ကျုပ်ဘက်ကလည်းဂုဏ်ယူရပါတယ် ဒါပေမယ့် ပြောခဲ့တဲ့အတိုင်း ကျုပ်တို့မိသားစုက တတိယမင်းသားရဲ့အမှုတော်ကိုထမ်းရွက်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး လောလောဆယ်‌တော့ မြူခိုးချိုင့်ဝှမ်းမြို့တွင်းမှာပဲ တိုးတက်ရေးကိုဆက်လက်အာရုံစိုက်တာ ပိုကောင်းပါမယ်"

ဖုန့်ချန်းက ထပ်ငြင်းပြန်သည်။

အိမ်တော်ထိန်းလီ၏မျက်လုံးများမှာ မယုံကြည်မှုဖြင့် တစ်ဖန်ပြူးကျယ်သွားပြန်၏။

"ဆိုတော့ မင်းပြောချင်တာက တတိယမင်းသားရဲ့အကူအညီမပါဘဲ မင်းမိသားစုရဲ့ဒီလိုအခြေအနေနဲ့ လာသမျှအန္တရာယ်တိုင်းကို‌‌တောင့်ခံနိုင်တယ်‌ပေါ့လေ"

ဖုန့်ချန်းက အခိုင်အမာပင်ခေါင်းညိတ်လိုက်သည်။

"မင်းကတော့ သေလောက်မယ့်အမှားကြီးတစ်ခုလုပ်လိုက်မိပြီပဲ ဖုန့်မိသားစုခေါင်းဆောင်ရေ တတိယမင်းသားရဲ့ကာကွယ်မှုနဲ့ဆိုရင် တော်ရုံလာမခြိမ်းခြောက်ရဲကြပေမယ့် အခုလိုငြင်းလိုက်တယ်ဆိုတော့လည်း ကံကောင်းအောင်ယကြာလေးချေရင်း ဘာဆက်ဖြစ်မလဲ စောင့်ကြည့်လိုက်ပေါ့ကွာ"

ဖုန့်ချန်းကား နဂိုအမူအရာအတိုင်း မပြောင်းမလဲပင်။ တော်ဝင်မိသားစုအဆက်အနွယ်များကြား ဝင်ရှုပ်ရသည်ထက်စာလျှင် ကျိုးမိသားစုနှင့်တိုက်ခိုက်လိုက်တာကမှ တော်ပေဦးမည်။

ကျိုးမိသားစုကိုကိုင်တွယ်ဖို့ရာအတွက်တော့ သူ့ကိုယ်သူယုံကြည်မှုရှိပေမယ့် တော်ဝင်မျိုးနွယ်များ၏လက်အောက်ခံဂိုဏ်းများတွင်မူ ဝိဉာဥ်သန္ဓေအဆင့်များပါ ပါလာနိုင်သောကြောင့် သူ့ဘက်ကသေချာပေါက်နိုင်လိမ့်မည်ဟု မဆိုနိုင်ပေ။

ထို့ကြောင့် တတိယမင်းသားနှင့်ပေါင်းစည်းပြီး ပိုကြီးသည့်ခြိမ်းခြောက်မှုများကိုဖိတ်ခေါ်ခြင်းမှ သူရှောင်ရှားလိုက်တာဖြစ်သည်။

"ဖုန့်မိသားစုအတွက် အကောင်းဆုံးကိုပဲတွေးပြီး ဆုံးဖြတ်လိုက်တာပါ ကျန်တဲ့ပြဿနာကိုတော့ ကျုပ်တို့နည်းကျုပ်တို့ဟန်နဲ့ ဖြေရှင်းလိုက်ပါ့မယ်"

အိမ်တော်ထိန်းလီမှာ သိသိသာသာပင်ဒေါသထွက်နေပြီး လေသံလည်းမြင့်လာသည်။

"မင်းက မင်းဖန်တီးလိုက်တဲ့အခြေအနေကို ပေါ့ပေါ့လေးတွက်ထားတာပဲ တတိယမင်းသားရဲ့ကမ်းလှမ်းမှုဆိုတာမျိုးက ဒီတိုင်းကျော်သွားလိုက်လို့ရတဲ့ထဲမှာမပါဘူးကွ မင်းရဲ့ငြင်းပယ်မှုကိုလည်း ဒီတိုင်းမေ့ပစ်လိုက်မယ်မထင်နဲ့"

အခြေအနေကို ဘေးမှလေ့လာအကဲဖြတ်နေသာ ဝမ်ရိဖန်းမှာ စိုးရိမ်ပူပန်လာဟန်ဖြင့်ဝင်ဖျန်ဖြေသည်။

"အိမ်တော်ထိန်းလီ ဖုန့်မိသားစုကို ကိုယ့်အခြေအနေကိုယ်ပြန်ဆန်းစစ်ဖို့ အချိန်ခဏပေးလိုက်တာပိုကောင်းပါမယ် နောက်ကျစိတ်ပြောင်းချင်ပြောင်းလာနိုင်တာပဲလေ"

အိမ်တော်ထိန်းလီ၏မျက်လုံးများမှာ ဒေါသငွေ့တို့လွှမ်းနေကြပြီဖြစ်သော်လည်း သူခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ ငါတတိယမင်းသားကို ဒီကိစ္စပြန်တင်ပြလိုက်မယ် မင်းဆုံးဖြတ်ချက်ကြောင့်ရလာမယ့်အကျိုးဆက်တွေကို စောင့်နေလိုက်ပေါ့"

ထိုသို့ပြောပြီးနောက် အိမ်တော်ထိန်းလီသည် ဖုန့်အိမ်တော်မှ ချာခနဲလှည့်ထွက်သွားသည်။ ဒေါသထွက်နေဟန်ဖြင့် ခြေလှမ်းများမှာလည်း မြန်ဆန်လျက်။

တံခါးကိုပြင်းစွာဆောင့်ပိတ်သွားခဲ့ပြီး ကျန်ခဲ့သောအခန်းတွင်းမှာမူ တိတ်ဆိတ်ခြင်းသာကြီးစိုးနေ၏။

ဝမ်ရိဖန်းက ဖုန့်ချန်းကို ချီးကျူးလိုဟန်တစ်ဝက် စိုးရိမ်ပူပန်ဟန်တစ်ဝက်ဖြင့်ကြည့်လိုက်သည်။

"သတ္တိရှိတဲ့ရွေးချယ်မှုတစ်ခုလုပ်ခဲ့တာပဲ ဒါပေမယ့်အကျိုးဆက်တွေကတော့ ပေါ့သေးသေးမဟုတ်လောက်ဘူ ဒီဆုံးဖြတ်ချက်ကြောင့် ဖြစ်လာမယ့်ဆိုးကျိုးတွေကို ခင်ဗျားဘက်ကကိုင်တွယ်နိုင်မယ်ထင်လား"

ဖုန့်ချန်းက ယုံကြည်မှုရှိစွာပင် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ် ဘာတွေပဲဖြစ်လာလာ ရင်ဆိုင်ရမှာပေါ့ နန်းတွင်းရေးအရှုပ်အထွေးတွေထဲဝင်ပါတာထက်စာရင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အခက်အခဲတွေကိုထိပ်တိုက်ရင်ဆိုင်လိုက်တာက ပိုကောင်းပါလိမ့်မယ်"

ဝမ်ရိဖန်သည် နားလည်သွားဟန်ဖြင့် မျက်နှာအမူအရာလည်းပျော့ပြောင်းသွားသည်။

"ကျုပ်ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကိုလေးစားပါတယ် ခေါင်းဆောင်ဖုန့်ချန်း ဒါပေမယ့်ဧကရာဇ်ရဲ့ကျန်းမာရေးကြောင့် မင်းနေပြည်တော်မှာအခြေအနေတွေတင်းမာနေပြီ နိုင်ငံရေးအဖွဲ့အစည်းတွေက ရရင်ရသလို အကျိုးအမြတ်ရှာနေကြမှာပဲ အဲ့ဒီထဲမှာတတိယမင်းသားလည်းပါတယ် သူအခြေခိုင်ဖို့အင်အားကို ရတဲ့နေရာကနေယူလိမ့်မယ်"

ဝမ်ရိဖန်းပြောရင်းခဏရပ်လိုက်သည်။ သူမျက်နှာမကောင်းပုံအရ ကိစ္စတွေမှာ ချောချောမွေ့မွေ့တော့မရှိလောက်ပေ။

"မင်းနေပြည်တော်မှာ ကမောက်ကမတွေဖြစ်တော့ မဟာမိတ်တွေက ဒီအချိန်မှာအဖိုးတန်အင်အားတွေဖြစ်နေပြီ အရှုပ်အထွေးတွေလည်း သေချာပေါက်ပိုများလာဖို့ပဲရှိတယ် တတိယမင်းသားရဲ့ကမ်းလှမ်းချက်ကလည်း ခေါင်းဆောင်ကိုသစ္စာခံခိုင်းပြီး အင်ပါယာအရှေ့ခြမ်းကိုအာဏာဖြန့်ဖို့ပဲဖြစ်မယ်"

ရိုးသားပွင့်လင်းစွာဖြင့် သူကဆက်၍အကြံပေးသည်။

"သြဇာအာဏာဆိုတာကလည်း မတည်မြဲတတ်ဘူး ဒီအချိန်မှာ အဖွဲ့အစည်းတစ်ခုခုနဲ့ချိတ်မထားရင် ကြားညပ်မိနေမှာပဲ"

ဝမ်ရိဖန်း၏ အဓိပ္ပာယ်ရှိသောအကြံပေးစကားများကို အသိအမှတ်ပြုသည့်အနေဖြင့် ဖုန့်ချန်းခေါင်းညိတ်ထောက်ခံလိုက်သည်။ တတိယမင်းသား၏ကမ်းလှမ်းချက်ကို ငြင်းလိုက်သည်ဆိုသော်လည်း ထိုအာဏာလုပွဲစက်ကွင်းမှ လွတ်ကင်းမည်ဟုအာမမခံနိုင်။

အခြားမိသားစုများ အဖွဲ့အစည်းများမှလည်း အာဏာဖြန့်ကျက်လွှမ်းမိုးဖို့ ကြိုးစားချဲ့ထွင်ကြမည်ဖြစ်ရာ ဖုန့်မိသားစုသည်လည်း တစ်ကြိမ်မဟုတ်တစ်ကြိမ် ပစ်မှတ်ထားခံရမည်သာပင်။

သူတို့၏လက်ရှိအင်အားနှင့်ကျော်ကြားမှုအရ အင်ပါယာအရှေ့ပိုင်းသို့ခြေဆန့်ချင်သော တော်ဝင်မိသားစုအဆက်အနွယ်များမှာ ဖုန့်မိသားစုကို သေချာပေါက်မျက်စိကျလာလိမ့်မည်။

ဖုန့်မိသားစု၏ထင်ပေါ်မှုနှင့် အလားအလာသည်ကား သတိမထားမိရန်မဖြစ်နိုင်ချေ။

"ကျွန်တော်အခြေအနေကိုနားလည်တာမလို့ နိုးနိုးကြားကြားနေပါ့မယ် ဖုန့်မိသားစုကိုကာကွယ်ပြီး အရှုပ်အထွေးတွေကြားတည်ငြိမ်အောင်ထိန်းသိမ်းထားနိုင်ဖို့က ပထမဦးစားပေးပါပဲ"

ဝမ်ရိဖန်းက အရိုအသေပြုဦးညွှတ်လိုက်သည်။

"ခေါင်းဆောင်ရဲ့အတွေးအမြင်ကိုလက်ခံပါတယ် ကျုပ်ဒီကိုလာတာက အိမ်တော်ထိန်းလီရဲ့ကိစ္စကြောင့်တင်မကဘဲ အရေးကြီးကိစ္စတစ်ခုအသိပေးဖို့လာခဲ့တာပါ"

ဝမ်ရိဖန်းမှဆက်ပြောသည်။

"အင်ပါယာရဲ့အ‌ရှေ့ပိုင်းဒေသမှာ သုံးနှစ်တစ်ကြိမ် စုဝေးပွဲကြီးတစ်ခုလုပ်လေ့ရှိပါတယ် ဒီတစ်ကြိမ်မှာ ဖုန့်မိသားစုတက်ရောက်ရပါမယ်"

All Chapters