← Chapters

မုန်တိုင်းတောင်ကြားတွင်း ခရီးသွားခြင်း

Vol. 5 Ch. 64

မုန်တိုင်းတောင်ကြားတွင်း ခရီးသွားခြင်း

Vol. 5 Ch. 64

ဖုန့်ချန်းသည် မြေပုံကိုလက်ထဲတွင်ကိုင်ထားပြီး ပြထားသောလမ်းအတိုင်း မုန်တိုင်းတောင်ကြားအတွင်းသို့ တဖြည်းဖြည်းနယ်ချဲ့လာခဲ့သည်။

ခရီးပိုရောက်လာသည်နှင့် ပတ်ဝန်းကျင်၏အပြောင်းအလဲမှာ ပိုလို့သိသာလာသည်။ ကောင်းကင်မှာ အဆုံးမရှိသကဲ့သို့မည်းမှောင်လို့နေပြီး တစ်ချက်တစ်ချက်လင်းလက်လာသော မိုးကြိုးလျှပ်စီးတို့က ဤသို့နယ်မြေကြမ်းတွင် ကြောက်စရာအသွင်ကိုဆောင်၏။

ဖုန့်ချန်းသည်လည်း မိုးကြိုးအကြိမ်ရေအနည်းငယ်ပစ်ခတ်ခံခဲ့ရသော်လည်း ဒဏ်ရာအနာတရမရှိပေ။ ထို့အပြင် ပိုလို့တောင်သွက်လက်ကျန်းမာလာပုံပေါ်သေးသည်။

"သူတော်စင်အလယ်အဆင့် ခန္ဓာသန့်စင်ကျမ်းကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲလား"

မိုးကြိုးလျှပ်စီးတို့မှာ ယခုအချိန်ထိ ဖုန့်ချန်းကိုအနာတရဖြစ်အောင် မပတ်ခတ်နိုင်ကြပေ။

ဖုန့်ချန်းမှာ မိုးကြိုးကိုအလွယ်တကူစုပ်ယူနိုင်ရုံပင်မက ခန္ဓာကိုယ်တွင်းအင်အားပြည့်ဝမှုကိုပင် တစ်ဆက်တည်းခံစားလိုက်ရပြီး သူတော်စင်အလယ်အဆင့် ခန္ဓာသန့်စင်ကျမ်း၏ စွမ်းအားအစစ်အမှန်ကိုပင် အပြည့်အဝဖမ်းဆုပ်နိုင်လိုက်၏။ အကျိုးသက်ရောက်မှုကား သူမျှော်မှန်းထားသည်ထက်ပင် သာလွန်နေသေးသည်။

သူ့ဘက်မှစွမ်းအားပိုမြင့်လာသလို ရင်ဆိုင်ရသောသားရဲအဆင့်များမှာလည်း မြင့်သည်ထက်ပိုမြင့်လာကြရာ အဆင့်၃သားရဲဆိုသည်မှာ အနိမ့်ဆုံးတွေ့ရသည့်အဆင့်ဖြစ်လို့နေပေပြီ။

အဆင့်၃သားရဲများကတော့ ဖုန့်ချန်းကိုမြင်လိုက်သည်နှင့်ပင် ထွက်ပြေးတိမ်းရှောင်ကြပေသည့် အဆင့်၄သားရဲများမှာမူ တစ်ဖက်ရန်သူကဓာတ်ကြီးသုံးပါးနတ်အဆင့်မှန်း သိသည့်တိုင်အောင် သူတို့အနိုင်ပိုင်းနိုင်လိမ့်မည်ဟု တွေးကာ ရင်ဆိုင်တတ်ကြလေသည်။

အဆင့်၄သားရဲတစ်ချို့ ဖုန့်ချန်းကိုလာရောက်တိုက်ခိုက်ကြသော်လည်း အရေအတွက်ဘယ်လောက်များများ ရှင်းထုတ်ဖို့မိနစ်ပိုင်းမျှသာ အချိန်ယူရလေသည်။

တိုက်ခိုက်ပြီးသွားလျှင်တော့ ထိုအဆင့်၄သားရဲကောင်အလောင်းများကို ဖုန့်ချန်းစုဆောင်းယူထားလေ့ရှိသည်။

အဆင့်၄သားရဲအလောင်းများမှာ အဖိုးတန်လှသည်ပင်။ သူတို့ဆီမှရသော နတ်ဆိုးသားရဲအမြုတေနှင့် အဆီအနှစ်များမှာ ရောင်းအားကောင်းလှသည်လေ။

ထိုသားရဲများ၏ နတ်ဆိုးသားရဲအမြုတေဆိုလျှင် ရွှေဒင်္ဂါးထောင်ချီတန်လေသည်။ ထို့ကြောင့်ပင် ကြေးစားကျင့်ကြံသူများ အသက်စွန့်၍ မုန်တိုင်းတောင်ကြားသို့လာရောက်အမဲလိုက်ချင်ကြတာဖြစ်၏။

"ရတနာသိုက်ရှိမယ့်နေရာမှာဆိုရင် အဆင့်၅ အဆင့်၆သားရဲတွေ ရှိလောက်မယ့်ပုံပဲ" ဖုန့်ချန်းခပ်တိုးတိုးရေရွတ်မိသည်။

ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးအနေနှင့် အဆင့်၅သားရဲကောင်များကို သိပ်ထည့်တွက်နေစရာမလိုပါ။ အင်အားကြီးသည်ဆိုလျှင်တောင် ရင်ဆိုင်ရန် ပြဿနာကြီးကြီးမားမားတော့ရှိမည်မဟုတ်ဟု သူထင်သည်။

သို့သော် အဆင့်၆သားရဲများကတော့ မတူပေ။ သူကိုယ်တိုင်လည်းမရင်ဆိုင်ဖူး၍ ယှဥ်တိုက်လျှင် မည်သို့မည်ပုံရလဒ်ထွက်မည်နည်း မခန့်မှန်းနိုင်ပါချေ။

အဆင့်၆သားရဲများကိုရင်ဆိုင်ရန် ပြဿနာရှိနိုင်သော်လည်း နောက်ပြန်ဆုတ်ရန်တော့ ဖုန့်ချန်းလုံးဝမတွေးပါ။

ထိုအဆင့်၆သားရဲကောင်ကို သူမသတ်နိုင်လျှင်တောင်မှ ထွက်ပြေးတိမ်းရှောင်ဖို့ကတော့ ခက်မည့်ပုံမ‌ပေါ်ပါ။

ထို့အပြင် သူ့တွင် သူတော်စင်အလယ်အဆင့် ခန္ဓာသန့်စင်ကျမ်းရှိပြီး မိုးကြိုးများကိုစုပ်ယူနိုင်သောကြောင့် သားရဲများအနေဖြင့် သူ့ကိုသတ်ရန်လွန်စွာမှခက်ခဲလှပေမည်။

အဆင့်၄သားရဲများ၏ နတ်ဆိုးသားရဲအမြုတေများနှင့် အဆီအနှစ်များကို သိုလှောင်လက်စွပ်အတွင်းထည့်သိမ်းပြီး သူမြေပုံကိုတစ်ချက်ကြည့်လိုက်သည်။

"နီးလာပြီပဲ"

ဖုန့်ချန်းခပ်တိုးတိုးရေရွတ်နေစဥ်တွင် ဧရာမသတ္တဝါကြီးတစ်ကောင်သည် ချောက်ကမ်းပါးတစ်ခုဘေးမှ သူ့ဆီသို့တည့်တည့်ခုန်ဝင်လာလေသည်။ ဖုန့်ချန်းမြင်လိုက်သဖြင့် အမြန်တိမ်းရှောင်လိုက်နိုင်သည်။

ထိုသတ္တဝါမှာ မိုးကြိုးလက်သည်း တောကြောင်ရိုင်းဖြစ်၏။ ခန္ဓာကိုယ်တစ်လျှောက် လျှပ်စီးစွမ်းအင်များစီးဆင်းလို့နေပြီး မျက်လုံးများမှာလည်း သားကောင်ကိုတွေ့လိုက်ရသကဲ့သို့ သတ်ချင်ဖြတ်ချင်စိတ်တို့လျှံထွက်နေသည်။

ထိုတောကြောင်ရိုင်းမှာ အဆင့်၅သားရဲဖြစ်ပြီး မုန်တိုင်းထန်နေသော တောင်ကြားရာသီဥတုက သူ့ကိုထပ်လောင်းအားဖြည့်ပေးနေသကဲ့သို့ပင်။ "မဆိုးဘူးပဲ" ဖုန့်ချန်း‌ရေရွတ်လိုက်ပြီး ဓားသွားကိုရွပ်ခနဲဆွဲထုတ်လိုက်တော့သည်။

"ငါထင်တာတော့ မိုးကြိုးလက်သည်းတောကြောင်ရိုင်းနဲ့ တစ်ခါမှမတိုက်ဖူးသလိုပဲ မင်းဘာလုပ်နိုင်မလဲ ကြည့်ကြတာပေါ့"

-ဝေါင်း

မိုးကြိုးလက်သည်းတောကြောင်ရိုင်းသည်လည်း တစ်ချက်လေးပင်တုံ့ဆိုင်းမနေတော့ဘဲ မမြင်နိုင်သော်အရှိန်ဖြင့် လှစ်ခနဲခုန်အုပ်ပစ်ဝင်လာတော့သည်။ လက်သည်းများတွင် လျှပ်စီးကြောင်းများစီးဆင်းလျက်။

ဝှစ်

ဖုန့်ချန်းအလွယ်ပင်ရှောင်လိုက်နိုင်သည်။ ခန္ဓာကိုယ်လှုပ်ရှားမှုမှာ ပျော့ပျောင်းသွက်လက်လျက်ပင်။

တောကြောင်ရိုင်း၏တိုက်ကွက်များမှ လျှပ်စီးမီးပွားများ လွင့်စင်ထွက်လာ‌သော်လည်း ဖုန့်ချန်းတည်ငြိမ်မှုကိုထိန်းသိမ်းထားရင်း တစ်ဖက်ရန်သူကိုမပြတ်လေ့လာနေလိုက်သည်။

မိုးကြိုးလက်သည်းတောကြောင်ရိုင်းဆိုသည့်သားရဲမှာ အားပြင်းသောတိုက်ကွက်များနှင့် လွန်စွာမှမြန်ဆန်သောအရှိန်ရှိသည်ဟု သူကြားဖူးသော်လည်း မှန်ကန်ဟန်မတူပါ။

သူ့ဘက်ကပေါ့ပေါ့ပါးပါးရှောင်တိမ်းနေသော်လည်း တောကြောင်ရိုင်းမှာ သူ့ကိုတစ်ချက်ပင်ထိအောင်တိုက်နိုင်မည့်ပုံမပေါ်ချေ။

"မိုးကြိုးလက်သည်းတောကြောင်ရိုင်းရဲ့တိုက်ကွက်က ဘယ်လောက်အင်အားကြီးသလဲသိရအောင် စမ်းကြည့်ရကောင်းမလား"

ဖုန့်ချန်းတွေးတောရေရွတ်ရင်း ရှောင်တိမ်းနေသည်ကိုရပ်လိုက်သည်။

လှုပ်ရှားမှုများကို အလုံးစုံရပ်တန့်လိုက်ပြီးနောက် မိုးကြိုးလက်သည်းတောကြောင်ရိုင်း သူ့အနားရောက်လာမည့်အချိန်ကို ခပ်တည်တည်ပင်ရပ်စောင့်နေလိုက်သည်။

အခွင့်အ‌ရေးကိုမြင်သောသားရဲသည် ဟိန်းဟောက်သံတစ်ချက်ပြုလိုက်ပြီး ‌ရှေ့သို့တိုးဝင်လာသည်။ လေထုထဲသို့ခုန်ဝင်လာသောလက်သည်းများတွင် လျှပ်စီးကြောင်းများလက်နေပြီး သူတို့ဦးတည်ရာသည်ကား ဖုန့်ချန်း၏နှလုံးအိမ်တည့်တည့်သို့ပင်။

-ကုတ်ခြစ်သံ

တိုက်ကွက်သည် ဦးတည်ရာသို့ဆိုက်ရောက်သွားပြီး ဖုန့်ချန်းစပ်ဖျဥ်းဖျဥ်းဒဏ်ကိုခံစားလိုက်ရသော်လည်း လုံးဝကိုမှမပြင်းထန်ပါ။

တိုက်ကွက်တွင်ပါဝင်သောစွမ်းအင်သည် သူ့အသားအရည်ကိုထိသည်နှင့်လျှင်မြန်စွာပျောက်ကွယ်သွားပြီး ခြစ်ရာခပ်တိမ်တိမ်ကိုသာ ချန်ထားရစ်နိုင်ခဲ့လေ၏။

ခြစ်ရာမှ သွေးစီးကြောင်းလေးတစ်သွယ်စီးကျလာသော်ငြား အသက်အန္တရာယ်နှင့် ဝေလာဝေးပင်။

"အဆင့်၅သားရဲကို စိတ်ကြိုက်တိုက်ခိုက်ခွင့်ပေးလိုက်တာတောင်မှ ရလာတဲ့ဒဏ်ရာကကြောင်ကုတ်ရာလေးတဲ့"

ရင်ဘတ်မှခြစ်ရာလေးကိုငုံ့ကြည့်ရင်း ဖုန့်ချန်းညည်းလိုက်သည်။

အားအပြင်းဆုံးတိုက်ကွက်ကိုသုံးလိုက်သော်လည်း ခြစ်ရာလေးထင်လိုက်နိုင်သော မိုးကြိုးလက်သည်းတောကြောင်ရိုင်းမှာ အနောက်သို့ဆုတ်သွားရသည်။

ထိုအချိန်တွင် ဖုန့်ချန်းမှာတော့ သူတော်စင်အလယ်အဆင့် ခန္ဓာသန့်စင်ကျမ်း၏ ကာကွယ်ရေးစွမ်းအင်ကို အံ့သြနေရဆဲပင်။

"သူတော်စင်အဆင့်ကျင့်စဥ်ဆိုတာ ဂုဏ်သတင်းမွှေးလောက်ပါပေတယ် အဆင့်၅သားရဲဆီကနေ ဟာလာဟင်းလင်းကြီးတိုက်ခိုက်ခံလိုက်ရတာကို ဒဏ်ရာအသေးအမွှားပဲရလိုက်တာပဲ"

တောကြောင်ရိုင်း၏ဟိန်းသံထပ်မံပေါ်ထွက်လာသည်။ ၎င်းမှာအစောကထက်ပို၍သတိထားနေပုံပေါ်ပြီး ခန္ဓာကိုယ်ကိုမြေပြင်တွင်အသာဝပ်လျက် စိတ်ရှုပ်ထွေးကာဒေါသထွက်နေသောအကြည့်ဖြင့် ဖုန့်ချန်းကိုပတ်ပတ်လည်မှအကဲခတ်လို့နေ၏။

တစ်ဖက်ရန်သူမှာ သူထင်သလောက်အင်အားနည်းမနေသည်ကို တွေ့သောအခါ ထွက်ပြေးရန်ကြံစည်နေပြီဖြစ်လောက်မည်။

"ကောင်းပြီလေ" ဖုန့်ချန်းလက်ဆစ်များကို တဖျောက်ဖျောက်ချိုးလိုက်၏။

"မင်းကိုအခွင့်အရေးပေးပြီးသွားပြီ အခုငါ့အလှည့်ပဲ"

စွမ်းအင်လှိုင်းတစ်ခုကိုထုတ်လွှတ်၍ ဖုန့်ချန်းစတင်တိုက်ခိုက်သည်။ ဓားသွားကိုလေထုထဲတွင်ဝှေ့ယမ်းလိုက်ပြီး တောကြောင်ရိုင်း၏ လျှပ်စီးတလက်လက်နှင့် လက်သည်းများကို တစ်ချက်တည်းခုတ်ဖြတ်လိုက်တော့သည်။

_ဝေါင်း

တောကြောင်ရိုင်းသည် နာကျင်စွာဟိန်းဟောက်သံပြုလိုက်ပြီး ယိုင်တိုင်တိုင်နှင့်ရှောင်ထွက်ရန်ကြိုးစား‌သော်လည်း ဖုန့်ချန်းကတစ်ချက်တည်းဖြင့် အပြီးသတ်လိုက်နိုင်၏။

"အဆင့်၅သားရဲတစ်ကောင်အနေနဲ့ သိပ်မဆိုးဘူးဆိုပေမယ့် လိုတော့လိုသေးတယ်" ပြောပြောဆိုဆိုဖြင့် သားရဲထံမှ အဆီအနှစ်များနှင့် နတ်ဆိုးသားရဲအမြုတေကို ထုတ်ယူလိုက်သည်။

ပစ္စည်းများကို သိုလှောင်လက်စွပ်အတွင်းသို့ထည့်ရင်း အဆင့်၆သားရဲကိုရင်ဆိုင်ရမည့်အခါ ဖြစ်နိုင်ချေတို့ကို ကြိုတင်တွက်ဆကြည့်လိုက်သည်။

"အဆင့်၅ကိုတောင်ဒီလောက်လွယ်လွယ်နဲ့ပြီးသွားတာဆိုတော့ နောက်တစ်ဆင့်ကို သိပ်စိုးရိမ်နေစရာမလိုလောက်ပါဘူး"

အဆင့်၅သားရဲမှာ သူထင်သ‌လောက်စွမ်းအားကြီးမနေသဖြင့် အဆင့်၆သားရဲကိုလည်း အစောကလောက် စိတ်ပူမနေမိတော့ပေ။ စိတ်ပူရမည့်အစား ပို၍ပင်စိတ်လှုပ်ရှားလာ၏။ အနာဂတ်တွင် ပိုစွမ်းအားကြီးသောရန်သူများနှင့် ရင်ဆိုင်ရဦးမည်ဖြစ်ရာ ဤသားရဲများနှင့်ရင်ဆိုင်ရခြင်းကသူ့အတွက် လေ့ကျင့်ရေးဆင်းသလိုပင် အကူအညီဖြစ်လှသည်။

ပေါ့ပါးသောခြေလှမ်းများဖြင့် ရှေ့ဆက်သွားရင်း မုန်တိုင်းတောင်ကြား၏အတွင်းဘက်သို့ ပို၍ခရီးရောက်လာတော့သည်။

လမ်းတစ်လျှောက်တွင် အဆင့်၅သားရဲအချို့နှင့်ထပ်တွေ့ခဲ့ရသော်လည်း အလွယ်ပင်အနိုင်ယူခဲ့ပြီး ခန္ဓာကိုယ်များမှ အဖိုးတန်အစိတ်အပိုင်းများကိုလည်း စုဆောင်းရရှိခဲ့သေးသည်။

နောက်ထပ်နည်းနည်းလောက် ထပ်တိုက်ခိုက်ပြီးသည့်အချိန်တွင် အဆင့်၅သားရဲမှာ သူ့အတွက်လေ့ကျင့်ရေးဟုပြောရလောက်အောင်ပင် အင်အားမရှိမှန်းသိလာရ၏။

"အဆင့်၆သားရဲတွေနဲ့ မြန်မြန်တွေ့ချင်နေပြီကွာ"

အဆင့်၅သားရဲများကို ရိုးအီလာသည့်အလျောက် ဖုန့်ချန်းညည်းညူမိရသည်။

သို့သော် ဝမ်းနည်းစရာကောင်းလှစွာပင် မြေပုံ၌အမှတ်အသားပြထားသော်နေရာသို့ရောက်သည်အထိ မည်သည့်အဆင့်၆သားရဲမှ သူ့ဆီရောက်မလာခဲ့ပါ။

"ဆိုတော့ ဒီနေရာ‌ပေါ့"

ဖုန့်ချန်းတစ်ကိုယ်တည်းရေရွတ်ရင်း‌ ဘေးပတ်ပတ်လည်ကိုစူးစမ်းကြည့်သော်လည်း ထူးထူးဆန်းဆန်းတစ်ခုမှမတွေ့ရပေ။

မည်မျှပင်စစ်ဆေးကြည့်နေပါစေ ဘာမှ‌ထွက်ပေါ်လာခြင်းမရှိသောကြောင့် ဖုန့်ချန်းမျက်မှောင်ပင်ကြုတ်မိရလေပြီ။

ရတနာမြေပုံထက် မှတ်သားထားသောနေရာတွင် ပပ်ကြားအက်နေသောကျောက်ကြမ်းမြေသာရှိပြီး မည်သည့်လျှို့ဝှက်ရတနာသိုက်ကိုမှ မတွေ့ရပါပေ။

ဖုန့်ချန်းရှေ့သို့လျှောက်ကြည့်ရင်း မျက်လုံးများလည်းကျဥ်းမြောင်းလာရသည်။ သဲလွန်စတစ်ခုခုတွေ့လိုတွေ့ငြား ဝိဉာဥ်အာရုံခံစားမှုကိုပင် ဖွင့်ထားလိုက်သေးသည်။

မြေပုံအတုသာဖြစ်လိမ့်မည်ဟု သူကောက်ချက်ချလုဆဲဆဲတွင် အနီးအနားရှိကျောက်တုံးကြီးတစ်ခုထံမှ ခပ်ဖျော့ဖျော့အလင်းလေးတစ်ချက်လက်သွားပြီး သူ့အာရုံကိုဖမ်းစားလိုက်တော့၏။

"ဒီနားမှာတစ်ခုခုရှိနေတယ်"

ဖုန့်ချန်းစိတ်လှုပ်ရှားစွာရေရွတ်ရင်း အနားသို့ချဥ်းကပ်သွားလိုက်သည်။ ထိုအလင်းလက်လက်ရှိရာသို့ လက်ကိုဆန့်တန်း၍စူးစမ်းလိုက်၏။

သူ့လက်နှင့်ထိခါနီးဆဲဆဲတွင် လေထုတွင်းသို့ လှိုင်းလေးတစ်ခုလွင့်ခတ်သွားပြီး ဖုံးကွယ်ထားသောအစီအရင်ကို ရုပ်လုံးပေါ်လာစေသည်။

"ဟမ် အဆင့်၄အစီအရင်လား"

အစီအရင်မှာ အနီးအနားရှိ လူသား သားရဲ စသည့်သက်ရှိအားလုံးကို မရှိသလိုဖုံးကွယ်ကာစည်းထားနိုင်သည့်အစွမ်းရှိသည်။

"ဆိုတော့ ဒီအစီအရင်ကအားလုံးကိုဖုံးထားတာပေါ့"

ဖုန့်ချန်းလည်း တွေးတွေးဆဆဖြင့် အစီအရင်ကိုအနီးကပ်လေ့လာကြည့်လိုက်သော် အနားသတ်လိုင်းများကို အနုစိတ်ဖန်တီးပြုလုပ်ထားပြီး တည်ငြိမ်သောစွမ်းအင်လှိုင်းတစ်ခုစီးဝင်နေတာကိုလည်း တွေ့ရ၏။

အကာအရံကို အစမ်းသဘောဖြင့် တစ်ချက်မျှပုတ်ကြည့်လိုက်သော် ပြင်းထန်သောစွမ်းအားကိုခံစားမိသော်ငြား ချိုးဖျက်၍မရနိုင်သည်အထိတော့မဟုတ်။

အစီအရင်တစ်ခုကိုချိုးဖျက်ရန် နည်းလမ်းနှစ်ခုရှိသည်။

ပထမနည်းလမ်းမှာ အစီအရင်ကို ဖန်တီးသူထက် ပိုနားလည်ကျွမ်းကျင်အောင်လေ့လာပြီး နည်းလမ်းတကျဖျက်သိမ်းခြင်းဖြစ်သည်။ ဒုတိယနည်းလမ်းမှာတော့ ကျိုးနိုင်လောက်သည့်အင်အားဖြင့် ရိုက်ချိုးပစ်ရန်သာဖြစ်၏။ အစီအရင်မှာ စွမ်းအားကြီးလှပြီး ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူ၏အားကိုပင် တောင့်ခံနိုင်စွမ်းရှိမည့်ပုံပေါ်လေသည်။ သို့သော် ဖုန့်ချန်းမှာ ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူဖြစ်၏။

အကယ်၍ ဓာတ်ကြီးသုံးပါးနတ်အဆင့်တွင်သာ ရှိဦးမည်ဆိုလျှင်တောင် ထိုအစီအရင်ကိုချိုးဖျက်နိုင်သေးသည်ဟု ဖုန့်ချန်းခပ်ကြွားကြွားတွေးမိသော်လည်း သက်သေပြရန်ကားနည်းလမ်းမရှိပါ။

"စနစ်ဈေးဆိုင်မှာ အစီအရင်ဆရာစွမ်းရည်များဝယ်လို့ရမလား ကြည့်လိုက်ရအောင်"

ဖုန့်ချန်းရေရွတ်ရင်း အမြန်စစ်ကြည့်လိုက်၏။

"ဟင် အဆင့်၃အစီအရင်ဆရာစွမ်းရည်အတွက် စနစ်ရမှတ်၇သောင်းတဲ့လား ဓားပြတိုက်ချင်တယ်ဆိုလည်း ပေါ်တင်တိုက်ပါကွာ"

စိတ်မောစွာဖြင့်ပင် ဖုန့်ချန်းစနစ်ဈေးဆိုင်မှပြန်ထွက်လာလိုက်သည်။ အဆင့်၃ပင်ထိုမျှဈေးကြီးနေလျှင် အဆင့်၄အစီအရင်ဆရာစွမ်းရည်ကို သူဘယ်လိုမှတတ်နိုင်မည်မဟုတ်။ အထူးသဖြင့် အခုလိုမွဲနေချိန်မှာပေါ့။

"ထားလိုက်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲလုပ်တာပေါ့"

စွမ်းအင်များကို လက်ဝါးထက်သို့လွှဲပြောင်းစုစည်းလိုက်ပြီး အစီအရင်ကိုဖြိုခွဲရန် အသင့်ပြင်လိုက်တော့သည်။

-ဘန်း

အမိအရရိုက်ချလိုက်သော်လည်း အရာခပ်ပါးပါးသာထင်ကျန်ခဲ့သည်ကိုတွေ့လိုက်ရသော် ဖုန့်ချန်းမျက်မှောင်အနည်းငယ်ကြုတ်သွားရသည်။ "ဟမ့် တစ်ချက်တောင်ပဲ့မသွားဘူး" သူမကျေမနပ်‌ရေရွတ်လိုက်၏။

နောက်တစ်ကြိမ်တွင်မူ အားပိုထည့်၍ မြေကမ္ဘာပြိုကွဲလက်ဝါးသိုင်းကို သုံးကြည့်လိုက်သည်။

-ဘန်း

အက်ကွဲရာအသေးလေးထင်သွားသော်လည်း အကာအရံမှာ ခိုင်ခိုင်မာမာကျန်ရှိနေဆဲပင်။

"ဒီအဆင့်၄အစီအရင်က ငါထင်ထားတာထက် ပိုခိုင်နေတာပဲ"

"ငါလျှော့တွက်မိတာပဲ ဓာတ်ကြီးသုံးပါးနတ်အဆင့်စွမ်းအားနဲ့ဆိုရင် တုတ်တုတ်တောင်လှုပ်မယ်မထင်ဘူး အဆင့်၄အစီအရင်စွမ်းရည်တောင် သွားဝယ်ရမယ့်ကိန်းဆိုက်နေပြီ"

ထို့နောက် စိတ်ပိုင်းဖြတ်လိုက်ပြီး ဓားသွားကိုဆွဲထုတ်လိုက်သည်။ အသက်ပြင်းပြင်းတစ်ချက်ရှူကာ ပြင်းထန်သောဓားချက်ကို လွှဲထုတ်လိုက်တော့၏။

"ကောင်းကင်အင်ပါယာဓားသိုင်း"

ဓားကလေထုကိုနှစ်ပိုင်းပိုင်းဖြတ်ပြီး ပြင်းထန်လှသောစွမ်းအင်ဖြင့် တောက်ပသွားသည်။

-ခရပ် (ကွဲအက်သံ)

ကွဲအက်သံတစ်ချက်ဖြင့် အကာအကွယ်မှာနှစ်ပိုင်းခွဲခံလိုက်ရပြီး ဖုံးကွယ်ထားသောရတနာများ ပေါ်ထွက်‌လာပေတော၏။

"ကဲ ဒါပဲလေ... ငါကွ သောက်ဆရာကြီး"

All Chapters