မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို သတ်ဖြတ်ခြင်း
Vol. 112 Ch. 1666
လူတစ်ယောက်သည် သာမန်နတ်ဘုရားစွမ်းအား ဆယ်ခုကျော်ကို နားလည်ဆင်ခြင်ပြီးမှသာ အလယ်အလတ်မဟာယာနအဆင့်သို့ တက်လှမ်းနိုင်လေသည်။
နှစ်တစ်ရာအတွင်းမှာ သာမန်နတ်ဘုရားစွမ်းအားဆယ်ခုကို နားလည်ဆင်ခြင်နိုင်သည့် အမြန်နှုန်းက အရမ်းကို တုန်လှုပ်စရာကောင်းနေခဲ့ပြီဖြစ်၏။
တစ်ဘက်မှာတော့ အဲ့ဒါသည် ဆူဇီမိုက ကောင်းကင်နှင့်မြေကြီး၏ ဖန်တီးမှုကိုခိုးယူနိုင်သော လူပုံသဏ္ဌာန် ဖန်တီးခြင်းကြာပဒုမ္မာ ဖြစ်နေသောကြောင့်ပင်။ နတ်ဘုရားစွမ်းအားများအပေါ် သူ၏ နားလည်ဆက်ခြင်မှုအမြန်နှုန်းက ကျင့်ကြံသူအများစုထက် များစွာသာလွန်သွားလေပြီ။
တစ်ဘက်မှာတော့ ဆူဇီမိုသည် သားရဲတစ်ထောင် တောင်ကြား၌ ဧကရာဇ်များကြား ကမ္ဘာတုန်လောက်ဖွယ်ရာတိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်၏။
ထိုအဆင့်တိုက်ပွဲက သူ့အတွက် ရှားရှားပါးပါးနှင့် လွန်စွာအဖိုးတန်သော အတွေ့အကြုံတစ်ခုဖြစ်လေသည်။
ပို၍အရေးကြီးသည်မှာ လူသားဧကရာဇ်သည် ကမ္ဘာဦးမျိုးနွယ်မှ ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်နှင့် အခြားသူများနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို အသုံးပြုခဲ့သောကြောင့်ဖြစ်၏။
ထိုအချိန်တုန်းက ကျင့်ကြံသူများစွာ၏ မျက်လုံးထဲမှာ တိုက်ပွဲထဲ၌ အန္တိမနတ်ဘုရားစွမ်းအားများကိုသာ တစ်ချိန်လုံးထုတ်ဖော်နေကြသည့်အလားပင်။
သို့သော်လည်း ဆူဇီမို၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်သည် သူ၏ အသိစိတ်ထဲမှာ အဲ့ဒါကိုရှင်းလင်းစွာခံစားမိနိုင်၏။ ထိုတိုက်ပွဲမှာ ထာဝရလူသားဧကရာဇ်သည် သာမန်နှင့် အဆင့်မြင့်နတ်ဘုရားစွမ်းအားများစွာကိုလည်း အသုံးပြုခဲ့လေသည်။
ဆူဇီမိုသည် ဤတစ်ခေါက် သီးခြားအထိုင်ချကျင့်ကြံနေရာကနေ ထွက်ပေါ်လာရသည့်အကြောင်းရင်းမှာ သူက ကျင့်ကြံခြင်းမှာ အဟန့်အတားတစ်ခုနှင့် တွေ့ကြုံနေရသောကြောင့်ဖြစ်၏။
သူသည် နောက်ပိုင်းမဟာယာနအဆင့်သို့ ချိုးဖျက်တက်လှမ်းချင်သည်ဆိုလျှင် သူက အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ရပေမည်။
ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ တာအိုနည်းစနစ်များကို သိပ်သည်းစုဖွဲ့ထားပြီး သာမန်နတ်ဘုရားစွမ်းအားသုံးခုကိုလည်း ကျင့်ကြံထားလေသည်။
အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ အဆင့်မြင့်နတ်ဘုရားစွမ်းအားများစွာရှိပြီး သူက သူတို့အားလုံးကို နားလည်ဆင်ခြင်နိုင်မည့် အခွင့်အရေးတစ်ရပ်ရှိလေသည်။
သို့သော်လည်း အခြားသော အဆုံးစွန်နည်းလမ်းများမရှိသရွေ့ အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ရခြင်းက အင်မတန်ခက်ခဲလေသည်။
ဆူဇီမိုသည် ကောင်းကင်ထက်မှာလွင့်မျောနေသော နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို အဓိပ္ပါယ်ပါပါကြည့်လိုက်၏။
ယခုအချိန်ထိ သူသည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်အတွက် တိုက်ခိုက်ရန် မပြင်ဆင်ရသေးပေ။
သူ၏ လက်ရှိတိုက်ခိုက်ရည်ခွန်အားအရ သူ၏ ဝှက်ဖဲများအားလုံးကို အသုံးချမည်ဆိုလျှင် သူက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ နေရာတစ်နေရာအတွက် သေချာပေါက်တိုက်ခိုက်နိုင်လေသည်။ သို့သော်လည်း သူ့အနေဖြင့် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ၆နေရာထိ ဝင်ရောက်ဖို့က အင်မတန်ခက်ခဲလေသည်။
ဆူဇီမိုသည် နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်အတွက် မတိုက်ခိုက်ခင် အဆင့်မြင့်နတ်ဘုရားစွမ်းအား တစ်ခုကို နားလည်ဆင်ခြင်ပြီး နောက်ပိုင်းမဟာယာနအဆင့်သို့ တက်လှမ်းဖို့ ရည်ရွယ်ထားလေသည်။
“အထီးကျန်သိုင်းသခင် ... လက်စသတ်တော့ မင်းက ဒီကိုရောက်နေတာပဲ”
ထိုစဥ်မှာပင် မလှမ်းမကမ်းကနေ အေးစက်နေသော အသံတစ်သံထွက်ပေါ်လာ၏။
လေဟာနယ်ထဲမှာ ပုံရိပ်တစ်ခုက ဆူဇီမိုထံသို့ ဖြည်းဖြည်းချင်း ချဥ်းကပ်လာပြီး လှောင်ရယ်လိုက်၏။
ဤမျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာက အဝါရောင်သန်းနေပြီး သူက ဝါးခြမ်းပြားတစ်ခုကို ထောင်ထားသကဲ့သို့ ပိန်လှီနေလေသည်။ သူ၏ အဝတ်အစားများက အရောင်အသွေးစုံလင်ပြီး ခပ်ဖျော့ဖျော့ သွေးရနံ့တစ်ခုကို ဖြာထုတ်ပေးနေ၏။
ဆူဇီမို၏ အမူအရာက မှင်သေသေဖြင့် ရှိနေ၏။
မဟာယာနအဆင့်သို့ သူ၏ တက်လှမ်းမှုသည် အတော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေပြီး အခြားသော ကျင့်ကြံသူများကို ဆွဲဆောင်မိပေလိမ့်မည်။
ထိုမျိုးနွယ်စုခေါင်းဆောင်သည် မမာမကျန်းဖြစ်နေသော ခလေးငယ်တစ်ယောက်နှင့်တူသော်လည်း သူ၏ ခန္ဓာကိုယ်က အဆိပ်ရှိသတ္တဝါများဖြင့် ပြည့်နှက်နေ၏။
သူက အာရုံစိုက်၍ ကြည့်ရှုမည်ဆိုလျှင် အရောင်အသွေးစုံလင်သော ထိုအဝတ်များက အနည်းငယ်ရွေ့လျားနေပြီး အဲ့ဒါကို အမျိုးမျိုးသော အဆိပ်ရှိသတ္တဝါများဖြင့် ပြုလုပ်ထားသည်ကို သတိထားမိပေလိမ့်မည်။
အဆိပ်ဂိုဏ်း၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်...။
ဆူဇီမိုသည် ထိုလူကို သာမန်ကာလျှံကာတစ်ချက်ကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းက...အစောပိုင်းအဆင့် မဟာယာနတစ်ယောက်ပဲ... မင်းက သေချင်လို့လား”
အဆိပ်ဂိုဏ်း၏ ဤမျိုးနွယ်စုခေါင်းဆောင်သည် ရှေးဟောင်းတိုက်ပွဲမြေသို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ပေါင်းသုံးသောင်းကျော် ကြာသွားခဲ့ပြီဖြစ်သော်လည်း သူသည် သာမန်နတ်ဘုရားစွမ်းအားအချို့ကိုသာ နားလည်ဆင်ခြင်ရသေးပြီး အစောပိုင်းမဟာယာနအဆင့်မှာသာရှိနေ၏။
သို့သော်လည်း အလယ်အလတ်အဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များပင်လျှင် သူ့ကိုမတိုက်ခိုက်နိုင်ကြပေ။
တိုက်ခိုက်ရည်ခွန်အားအရ အလယ်အလတ်အဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် အဆိပ်ဂိုဏ်း၏ ဤမျိုးနွယ်စုခေါင်းဆောင်ကို သေချာပေါက်ဖိနှိမ်နိုင်မည်ဖြစ်၏။
သို့သော်လည်း အဆိပ်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်ကို အဆိပ်ရှိသတ္တဝါများက ဖုံးလွှမ်းထားလေသည်။ မည်သူမဆို ထိုသတ္တဝါများ၏ ကိုက်ခဲခြင်းခံရပါက သူတို့သည် မသေလျှင်တောင် သေလုမတတ်ဖြစ်သွားပေလိမ့်မည်။
မျိုးနွယ်စုခေါင်းဆောင်အများစုသည် မည်သို့မှရှောင်လွှဲမရသော ပဋိပက္ခတစ်ခု ဖြစ်ပွားမလာသရွေ့ အဆိပ်ဂိုဏ်းမျိုးနွယ်စုခေါင်းဆောင်များက်ို ရှောင်ရှားကြမည်ဖြစ်၏။
“အထီးကျန်သိုင်းသခင်.... အခြားသူတွေက မင်းကို ကြောက်ရင်ကြောက်လိမ့်မယ်... ငါကတော့ မကြောက်ဘူး”
လော့ယင်ဟုအမည်သော အဆိပ်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က အေးစက်စွာပြောလိုက်၏။
“နောက်ပြီး....ငါမင်းကိုပြောလိုက်မယ်... ရှေးဟောင်းတိုက်ပွဲမြေမှာ မင်းကို အရူးအမူးရှာဖွေနေတဲ့ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေ မရေမတွက်နိုင်အောင်ရှိတယ်”
“သူတို့က မင်းကိုရှာတွေ့သွားနဲ့ မင်းက သေချာပေါက်သေမှာပဲ”
“အဲ့လိုလား”
ရုတ်တရက် အထီးကျန်သိုင်းသခင်သည် သူ၏ ခြေထောက်ကိုမြှောက်ပြီး မြေပြင်ပေါ်သို့ ဆောင့်နင်းချလိုက်၏။
ဖောင်း...
သူ့ခြေထောက်အောက်ရှိ မြေပြင်မှာ အရမ်းကိုညှီစို့သော အနံ့တစ်ခုနှင့်အတူ သွေးလုံးတစ်လုံးက ရုတ်တရက်ပေါက်ကွဲလာ၏။
အဆိပ်ရှိ ပိုးကောင်တစ်ကောင်က သူ့ကိုယ်သူ ရုပ်လုံးထွက်ပြမလာခင်မှာပင် ဆူဇီမို၏ နင်းခြေသတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
ဆူဇီမိုက မျိုးနွယ်စုခေါင်းဆောင် လော့ယင်ကိုကြည့်ပြီး အေးစက်စွာပြောလိုက်၏။
“မင်းကငါ့ကို တိုက်ခိုက်ရဲတယ်ဆိုတော့ တကယ့်ကိုသေချင်နေတာပဲ”
ရွှစ်...
ဖျတ်ခနဲဆို ဆူဇီမိုသည် မျိုးနွယ်စုခေါင်းဆောင် လော့ယင်၏ ရှေ့သို့ တစ်ခဏချင်းရောက် ရှိလာခဲ့၏။ အလွန်တရာ မြန်ဆန်သော အလျင်အဟုန်နှင့်အတူ သူ၏ လက်ညိုးကို ဆန့်ထုတ်ကာ ထိုသူ၏ နှာရောင်ကို ပစ်ထိုးလိုက်လေသည်။
“ဟမ်... “
မျိုးနွယ်စုခေါင်းဆောင် လော့ယင်၏ မျက်လုံးနှစ်ဖက်က မကောင်းဆိုးဝါးဆန်ဆန် တောက်ပလာပြီး သူ၏ ခန္ဓာကိုယ်က တုန်ယင်ကာ ဆူဇီမိုထံသို့ တစ်ဖျတ်ဖျတ်တစ်လက်လက် အလင်းရောင်တစ်ခုကို ပစ်ထုတ်လိုက်လေသည်။
သူသည် နှစ်ပေါင်းသောင်းနှင့်ချီပြီး ထိုအဆိပ်ရှိပိုးကောင်များကို မွေးမြူထားခဲ့လေသည်။
နောက်ပိုင်းအဆင့် သို့မဟုတ် ပကတိအဆင့် မဟာယာန မျိုးနွယ်စုခေါင်းဆောင်များပင်လျှင် ဤမျှများပြားလှသော အဆိပ်ရှိပိုးကောင်များ၏ ကိုက်ခဲခြင်းခံရပြီးနောက် ရှင်သန်နိုင်ဖို့ ခက်ခဲပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုအကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ တောက်ပနေပြီး နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းမရှိပေ။
သူက ဝင်ရောက်လာသော အဆိပ်ရှိပိုးကောင်များကို လျစ်လျူရှုပြီး သူ၏ လက်ညိုးဖြင့် ဆက်လက်ပစ်ထိုးလိုက်၏။
နောက်ဆုံးအခိုက်အတန့်မှာ သူသည် သူ၏ နည်းဗျူဟာကို ပြောင်းလဲပြီး သူ၏ လက်ညိုးလက်ခလယ်ကို ပူးကပ်ကာ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကို ထုတ်ဖော်လိုက်၏။
ထိုပြောင်းလဲမှုက အရမ်းကိုမြန်ဆန်ပြီး မျိုးနွယ်စုခေါင်းဆောင်လော့ယင်က အချိန်မီမတုံ့ပြန်နိုင်တော့ပေ။
ဖောက်...
ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီက မျိုးနွယ်စုခေါင်းဆောင် လော့ယင်၏ နှာရောင်ကို ထိုးဖောက်သွားသည့် အခိုက်အတန့်မှာပင် အဆိပ်ရှိပိုးကောင်များက ဆူဇီမိုပေါ်သို့ ဆင်းသက်လာပြီး အရူးအမူးကိုက်ခဲလိုက်ကြ၏။
“အထီးကျန်သိုင်းသခင်... မင်းတော်တော်ရက်စက်တာပဲ”
မျိုးနွယ်စုခေါင်းဆောင် လော့ယင်၏ မျက်လုံးများက တဖြည်းဖြည်း မှေးမှိန်သွား၏။
ဆူဇီမိုသည် သူ၏ အဆိပ်ရှိပိုးကောင်များကို လုံးဝမရှောင်တိမ်းဘဲ သူ၏ နှာရောင်ကို ဆက်လက်ထိုးဖောက်လာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။ သူ၏ အမြုတေစိတ်ဝိညာဥ်ပင်လျှင် ချမ်းသာရာမရခဲ့ပေ။
“ငါသေရမယ်ဆိုရင်တောင် ရတယ်လေ”
မျိုးနွယ်စုခေါင်းဆောင်လော့ယင်၏ နောက်ဆုံးအကြွင်းအကျန်အသိစိတ်က တင်းမာခက်ထန်စွာဖြင့် ပြောလိုက်၏။
“သိပ်မကြာခင်....မင်းကလည်း ငါနဲ့အတူသေရမှာပဲ... ဒီနေရာမှာ မင်းအဆိပ်မိပြီးသေတာကို ငါစောင့်ကြည့်ဦးမယ်”
ထိုအခိုက်အတန့်မှာ ဆူဇီမို၏ ခန္ဓာကိုယ်သည် အဆိပ်ရှိပိုးကောင်များဖြင့် ပြည့်နှက်သွားပြီး သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းနီးပါးကို ဖုံးအုပ်သွားလေသည်။
အဲ့ဒါကို တွေ့မြင်ရသောမည်သူမဆို ခေါင်းနပန်းကြီးသွားပေလိမ့်မည်။
ဤမျှများပြားလှသော အဆိပ်ရှိပိုးကောင်များနှင့် ရင်ဆိုင်ရချိန်မှာ ဘယ်သူက ရှင်သန်နိုင်ပါ့မလဲ။
“ဖန်တီးခြင်းကြာပဒုမ္မာက ဘာလဲဆိုတာ.... မင်းလုံးဝမသိသေးတဲ့ပုံပဲ”
ထိုစဥ်မှာပင် ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။
ထိုအသံက တည်ငြိမ်၍ စိတ်ခံစားချက်ကင်းမဲ့နေဆဲ ဖြစ်၏။
“မင်းတို့တွေအားလုံး လစ်ကြစမ်း”
ရုတ်တရက် ဆူဇီမိုက အော်ငေါက်လိုက်ပြီး သူ၏ သွေးချီကို လှည့်ပတ်လိုက်၏။
အစိမ်းရောင်အလင်းတန်းများက သူ၏ ခန္ဓာကိုယ်ကနေ ပစ်လွင့်ထွက်ပေါ်လာပြီး အဆုံးမဲ့အရောင်အဝါတစ်ခုနှင့်အတူ အဘက်ဘက်သို့ ဖြန့်ကြက်သွားလေသည်။
အစိမ်းရောင်အလင်းနှင့်ရင်ဆိုင်ရချိန်မှာ အဆိပ်ရှိပိုးကောင်းများသည် တစီစီအော်မြည်၍ ပြုတ်ကျလာကာ အလွန်တရာနာကျင်စွာဖြင့် မြေပြင်ပေါ်မှာရုန်းကန်နေ၏။
ဖန်တီးခြင်းကြာပဒုမ္မာသည် လောကဆိုင်ရာ အဆုံးစွန်ရတနာတစ်ခုဖြစ်ပြီး ချို့ယွင်းချက် ကင်းမဲ့၍ အဆိပ်များကို မမှုပေ။
အကဲဖြတ်တစ်ချက်မှားခြင်းက မျိုးနွယ်စုခေါင်းဆောင် လော့ယင်ကို သေဆုံးရဖို့ ဖြစ်သွားစေလေသည်။
ဆူဇီမိုက မျိုးနွယ်စုခေါင်းဆောင်လော့ယင်၏ သိုလှောင်အိတ်ကို ကြည့်ရှုလိုစိတ်မရှိဘဲ တာအိုမီးလုံးတစ်လုံးကို ထုတ်ဖော်ကာ ထိုသူပေါ်သို့ ပစ်ထုတ်လိုက်လေသည်။
တာအိုမီးက ဆင်းသက်လာသည့်ခဏမှာပင် မျိုးနွယ်စုခေါင်းဆောင်လော့ယင်၏ ခန္ဓာကိုယ်ကနေ အဆိပ်ရှိပိုးကောင်များက တစ်ကောင်ပြီးတစ်ကောင် ပျံသန်းထွက်ပေါ်လာ၏။
သူတို့၏ ခန္ဓာကိုယ်များက မီးတောက်မျာဖြင့်လောင်ကျွမ်းနေပြီး အဆက်မပြတ် ရုန်းကန်လှုပ်ရှားနေ၏။
သို့သော်လည်း သိပ်မကြာခင် သူတို့သည် တာအိုမီးဖြင့် ပြာချခံလိုက်ရ၏။
“ဂါး...”
ထိုစဥ်မှာပင် ကြမ်းကြုတ်ခက်ထန်သော ဟိန်းဟောက်သံတစ်သံက ခပ်ဝေးဝေးကနေ ထွက်ပေါ်လာပြီး အန္တိမမိစ္ဆာတစ်ကောင်ပေါ်ထွက်လာသည့်အလား ဆူဇီမိုထံသို့ အလျင်အမြန် ချဥ်းကပ်လာနေ၏။
အခြားတစ်ဘက်မှာ စွမ်းအားကြီးမားသော အော်ရာများက ပေါက်ကွဲထွက်ပေါ်လာပြီး ပျံသန်းလာနေကြ၏။
ဆူဇီမိုသည် ဗုဒ္ဓကျောင်းတော်များ၏ ကောင်းကင်ဘုံမျက်လုံး ၊ ကောင်းကင်ဘုံအကြားအာရုံနှင့် ကောင်းကင်ဘုံခြေလှမ်းတို့ကို ကျင့်ကြံထားခဲ့ပြီဖြစ်၏။
သူသည် အဝေးကလာနေသော ထိုပညာရှင်များကို ခံစားမိနိုင်လေသည်။
ပို၍ပို၍များလာသော မျိုးနွယ်စုခေါင်းဆောင်များက သူရှိရာအရပ်သို့ ချဥ်းကပ်လာနေကြ၏။
ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် လမ်းကြောင်းတစ်ခုကို ရှာဖွေပြီး ထွက်ပြေးရန် ဗုဒ္ဓကျောင်းတော်များ၏ နတ်ဘုရားစွမ်းအားသုံးခုအပေါ် မှီခိုနိုင်လေသည်။ သို့သော်လည်း သူက သရော်ပြုံးပြုံး၍ ထွက်ခွာသွားခြင်း မရှိပေ။ ထိုအစား သူက နေရာမှာပင် မလှုပ်မယှက် ရပ်နေပြီး ထိုပညာရှင်များ ရောက်အလာကို စောင့်ဆိုင်းနေလေသည်။