← Chapters

ဓားချီအကျဥ်းထောင်

Vol. 112 Ch. 1667

ဓားချီအကျဥ်းထောင်

Vol. 112 Ch. 1667

အနောက်ဘက်အရပ်ကနေ မြင့်မား၍ တောင့်တင်းသော ပုံရိပ်တစ်ခုက ခုန်ထွက်လာလေသည်။ သူတစ်ချက်ခုန်လိုက်တိုင်း ပေပေါင်းများစွာကို ဖြတ်ကျော်နိုင်လေသည်။

သူတစ်ကြိမ်ဆင်းသက်တိုင်းမှာ မြေပြင်က ကျယ်လောင်သောမြည်သံနှင့် တုန်ခါသွားတတ်လေသည်။

တစ်ခဏချင်းမှာပင် မြင့်မားသော ပုံရိပ်က ချဥ်းကပ်လာခဲ့ပြီဖြစ်၏။

ထိုပုံရိပ်ကို ရွှေရောင်သားမွေးများက ဖုံးအုပ်ထားပြီး ပုပ်သိုးဆွေးရိသော အလောင်းကောင်၏ အနံမျိုး ဖြာထွက်နေလေသည်။ သူ၏ လက်သည်းချွန်ဆယ်ချောင်းက ရှည်လျားပြီး အနည်းငယ်ကွေးညွှတ်ကာ အေးစက်စက် ဆေဘာကွေးဆယ်လက်နှင့် ဆင်တူနေ၏။

အဲ့ဒါက အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း၏ တိုက်ပွဲဝင်အလောင်းတစ်လောင်းဖြစ်လေသည်။

အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သည် အနီးနားမှာ ပုန်းကွယ်နေပြီး ပေါ်ထွက်မလာပေ။ သို့သော်လည်း သူတိတ်တဆိတ် ထိန်းချုပ်နေသော တိုက်ပွဲဝင်အလောင်းက ဆူဇီမိုရှေ့သို့ ရောက်ရှိလာပြီဖြစ်၏။

ဤတိုက်ပွဲဝင်အလောင်းသည် သူအသက်ရှင်ခဲ့စဥ်က မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့သည်မှာ သိသာလေသည်။ နောက်ပိုင်းတွင် ၎င်းသည် အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်း၏ များစွာသော လျှို့ဝှက်အတတ်များဖြင့် သန့်စင်မွန်းမံခံခဲ့ရပြီး ဤကဲ့သို့ မွန်းစတားတစ်ကောင်ဖြစ်လာခဲ့လေသည်။

“ဂါး...”

တိုက်ပွဲဝင်အလောင်းသည် ဆူဇီမိုနှင့် ရင်ဆိုင်ရချိန်မှာ အကြောက်အလန့်ကင်းမဲ့ပြီး ဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်ကာ ၎င်း၏ နှုတ်ခမ်းထောင့်စွန်းကနေ ညှီစို့စို့ ပျစ်ချွဲချွဲ အဝါရောင်အရည်များက စီးကျလာ၏။

အခြားတစ်ဘက်မှာ ကောင်းကင်စင်ရော်ဂိုဏ်း၏ မဟာယာနမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က ရောက်ရှိလာခဲ့၏။

ဘယ်ဘက်မှာရှိသော လူ၏ မျက်နှာပေါ်တွင် သစ်ရွက်တစ်ရွက်၏ ပုံသဏ္ဌာန် အနက်ရောင်အမှတ်တစ်ခုရှိလေသည်။ သူ၏ တာအိုဘွဲ့က ပါးယို​ဖြစ်ပြီး သူက နောက်ပိုင်းမဟာယာနအဆင့်မှာ ရှိလေသည်။

ညာဘက်ကတစ်ယောက်သည် ရှည်လျားသော မျက်နှာနှင့် အေးစက်စက် အကြည့်တစ်ခုရှိလေသည်။ သူ၏ တာအိုဘွဲ့က ဖြိုခွင်းအလင်းဖြစ်ပြီး သူသည် အလယ်အလတ်မဟာယာနအဆင့်မှာရှိလေသည်။

ဤမျိုးနွယ်စုခေါငိးဆောင်နှစ်ယောက်သည် မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့နှင့် အခြားသူများနှင့်အတူ ပဟေဠိနန်းတော်သို့ တစ်ခါရောက်ခဲ့ဖူးလေသည်။

အနောက်ဘက်အရပ်မှာ အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသော ကျင့်ကြံသူသုံးယောက်က သိပ်သည်းသော ဆိုးယုတ်အော်ရာတစ်ခုနှင့်အတူ ရောက်ရှိလာကြ၏။

သူတို့သည် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်များဖြစ်ကြ၏။

အဲ့ဒီမှာ အလယ်အလတ်အဆင့် မဟာယာနတစ်ယောက်နှင့် နောက်ပိုင်းအဆင့် မဟာယာနနှစ်ယောက် ပါလေသည်။

အရှေ့ဘက်အရပ်ကနေ ဆူနာမီသံက ထွက်ပေါ်လာ၏။

ဓမ္မစွမ်းအားများစွာက စုစည်းနေပြီး မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ရေလှိုင်းတစ်ခုကို စီးနင်းလာလေသည်။

သူသည် ငွေရောင်အသွားသုံးဖက်ပါသော လှံပုဆိန်တစ်လက်ကို ကိုင်ဆွဲထားပြီး သူ၏ ခန္ဓာကိုယ်ကို သိပ်သည်းပြင်းထန်သော အော်ရာနှင့်အတူ ရေနွေးငွေ့တစ်ခုက လွှမ်းခြုံထား၏။

ပကတိမဟာယာနအဆင့်မှာရှိသော ဖန်းလိုင်ကျွန်း၏ မျိုးနွယ်စုခေါင်းဆောင် ဖေးလန်...။

တောင်ဘက်အရပ်ကနေ...

ကစဉ့်ကလျားအမြုတေဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က အပြေးနှင်လာကြ၏။ သူတို့ထဲမှ တစ်ယောက်သည် ပကတိမဟာယာနအဆင့်မှာရှိပြီး နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်တွင် အဆင့် ၃၃ဝင်သော သီယွင်ဖြစ်လေသည်။

အခြားတစ်ယောက်က ကစဉ့်ကလျားအမြုတေဂိုဏ်း၏ နောက်ပိုင်းအဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်လမ့်ယန်ဖြစ်လေသည်။

သူတို့နှစ်ယောက်သည် အထီးကျန်သိုင်းသခင်၏ သတင်းကိုကြားကြားချင်း ရောက်လာခဲ့ကြပြီး ကစဉ်ကလျားအမြုတေဂိုဏ်းမှ အခြားသူများကလည်း လမ်းမှာလာနေကြဆဲ ဖြစ်၏။

နောက်ထပ် ပိုမိုများပြားသော မဟာယာနမျိုးနွယ်စုခေါင်းဆောင်များက ဤနေရာသို့ ပြေးလာနေကြ၏။

ဆူဇီမို၏ နားနှစ်ဖက်က လှုပ်သွားပြီး ဘက်ပေါင်းစုံမှ အဝတ်စလေတိုးသံများကို ကြားလိုက်ရလေသည်။

အထီးကျန်သိုင်းသခင်၏ ပေါ်ထွက်လာမှုသည် မရေမတွက်နိုင်သော မဟာယာနမျိုးနွယ်စုခေါင်းဆောင်များကို ဆွဲဆောင်မိသွားလေသည်။

သူ့ရှေ့မှလူများသည် ဤနေရာနှင့် အနီးဆုံးမှာရှိနေသော သူများသာဖြစ်လေသည်။

အချိန်ကြာလာသည်နှင့်အမျှ နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်များကလည်း ရောက်ရှိလာပေလိမ့်မည်။

“မင်းတို့တွေက ဒီလောက်ထိ တစ်ပုံတစ်ခေါင်းကြီး စုဝေးပြီး ဘာများလုပ်ကြမလို့လဲ”

ဆူဇီမိုက ဘေးပတ်လည်ကို တည်ငြိမ်စွာလှည့်ကြည့်ပြီး မေးလိုက်၏။

“အထီးကျန်သိုင်းသခင်”

ပါးယိုက အေးစက်စွာပြောလိုက်၏။

“မင်းရဲ့ သေခြင်းတရားက ရောက်လာပြီ”

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကလည်း အေးစက်စွာပြောလိုက်၏။

“အထီးကျန်သိုင်းသခင်.... မင်းက ပဟေဠိနန်းတော်မှာ မင်းရဲ့နာမည်ကို တည်ဆောက်ဖို့အတွက် ငါတို့ဂိုဏ်းက မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်ကိုတောင် သတ်ခဲ့သေးတယ်... ဒီနေ့ မင်းက မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်”

မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ့်ကို နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သတ်ဖြတ်ခဲ့ခြင်းဖြစ်လေသည်။

သူတို့သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ဤမျိုးနွယ်စုခေါင်းဆောင်များက ယခုကဲ့သို့ ပြောဆိုရဲလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူတို့ရှေ့ရှိ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အလယ်အလတ်မဟာယာနအဆင့်မှာသာရှိပြီး သာမန်နတ်ဘုရားစွမ်းအား ဆယ်ခုကိုသာ နားလည်ဆင်ခြင်ရသေးလေသည်။ အဲ့ဒါကြောင့် သူတို့က ကြောက်ရွံ့မှုကို မခံစားရပေ။

ဒါ့အပြင် သူတို့မှာ အရေအတွက်အားသာချက်ရှိလေသည်။

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များကြားမှာ သီယွင်ကဲ့သို့ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ ပညာရှင်များပင်လျှင် ပါရှိလေသည်။ ဤကဲ့သို့သော အစုအဖွဲ့က အထီးကျန်သိုင်းသခင်ကဲ့သို့ အလယ်အလတ်အဆင့် မဟာယာနတစ်ယောက်ကို ဖိနှိမ်ဖို့ လုံလောက်သည်ထက်ပိုလေသည်။

သီယွင်က ဆူဇီမိုကိုစိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်... ငါတို့သီကလန်ရဲ့ အမျက်ဒေါသကို ဆွပေးလိုက်တာက မင်းရဲ့ အကြီးမားဆုံးအမှားပဲ”

“လူတိုင်းပဲ... အထီးကျန်သိုင်းသခင်ကို အခုပဲသတ်လိုက်ကြရေအောင်”

သီယွင်က သူ၏ လက်နှစ်ဖက်ကို ဝေ့ယမ်းပြလိုက်၏။

ဝှစ်... ဝှစ်... ဝှစ်...

မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြပြီး ဓမ္မရတနာများစွာက နတ်ဘုရားအလင်းများအသွင်ပြောင်းလဲကာ လေထဲမှာ ယှက်ဖြာ၍ မည်သည့်အကြားအလပ်မှမရှိဘဲ မထိုးဖောက်နိုင်လုနီးပါး ထောင်ချောက်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

ဓမ္မရတနာများစွာက ဆူဇီမိုထံသို့ ပစ်ဝင်လာခဲ့၏။

“အချိန်ကိုက်ပဲ”

ဆူဇီမိုက အော်ဟစ်ရယ်မောလိုက်ပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။

သူ၏ သွေးချီက တရုန်းရုန်းထကြွလာပြီး သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော ဆူနာမီသံနှင့်အတူ သူ၏ အော်ရာက လျင်မြန်စွာမြင့်တက်လာ၏။

ရွှစ်...

ဆူဇီမို၏ ပုံရိပ်က ပျောက်ကွယ်သွားသည်ဟု ထင်ရပြီး သူ၏ နေရာမှာ ကောင်းကင်ထက်သို့ ငွားငွားစွင့်စွင့် ထောင်မတ်နေသော ဖန်တီးခြင်းကြာပဒုမ္မာက ပေါ်ထွက်လာ၏။ ၎င်းသည် လောကကို လင်းထိန်စေမည့် ပြိုးပြိုးပြက်ပြက် အ​ရောင်အဝါတစ်ခုဖြင့် တောက်ပနေလေသည်။

များစွာသော ဓမ္မရတနာများသည် အစိမ်းရောင်အလင်းဖြင့် မီးထိုးခံလိုက်ရပြီး သူတို့က ဆက်လက်၍ ကျဆင်းမလာနိုင်တော့ပေ။ သူတို့အားလုံးသည် လေထဲမှာ ယတိပြတ်ရပ်တန့်သွားပြီး သိပ်သည်းပြင်းထန်သော ဖိအားကို ခံစားနေရသည့်အလား အနည်းငယ်ယိမ်းထိုးနေကြ၏။

မည်သည့်ဓမ္မရတနာကမှ ဖန်တီးခြင်းကြာပဒုမ္မာပေါ်သို့ ဆင်းသက်မလာပေ။

ခဏမျှ လွန်ဆွဲပြီးနောက် ဓမ္မရတနာများသည် တောက်ပသည်ထက် တောက်ပလာခဲ့ပြီး ပို၍ပင်ပြင်းထန်စွာ တုန်ခါလာခဲ့၏။

“ပျက်ပြယ်စမ်း”

ဆူဇီမို၏ အသံက ထွက်ပေါ်လာပြီး ညင်သာစွာ ငေါက်ငမ်းလိုက်၏။ ဖန်တီးခြင်းကြာပဒုမ္မာက ညင်သာစွာယိမ်းနွဲ့သွားပြီး လေဟာနယ်တစ်ခုလုံးက သိပ်သည်းစုဖွဲ့လာသည်ဟု ထင်ရကာ ဓမ္မရတနာများစွာကို ထိခတ်လာသည့် ဝဲဂယက်များ​ဖြစ်ပေါ်လာလေသည်။

ဘန်း... ဘန်း....ဘန်း...

စွမ်းအားကြီးသော ဓမ္မရတနာအချို့သည် လေဟာနယ်ဝဲဂယက်များဖြင့် လွင့်စင်ထွက်ကုန်၏။

အစောပိုင်းအဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ၏ ဓမ္မရတနာအချို့သည် လေဟာနယ်ဝဲဂယက်များဖြင့် ကြိတ်ခြေခံလိုက်ရပြီး လေနှင့်အတူ ပျက်ပြယ်ပျောက်ကွယ်သွားလေသည်။ အလယ်အလတ်အဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်အချို့၏ ဓမ္မရတနာများပေါ်မှာလည်း ကြီးမားသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။ သူတို့က အရောင်အဝါမှေးမှိန်သွားပြီး လေထဲကနေ ပြုတ်ကျကာ သတ္တုပျက်များအဖြစ် ပြောင်းလဲသွားလေသည်။

အဆင့်မြင့်နတ်ဘုရားစွမ်းအားများဖြင့် မီးဆေးထားသည့် နောက်ပိုင်းအဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ၏ ဓမ္မရတနာအချို့ကသာလျှင် ဖန်တီးခြင်းကြာပဒုမ္မာ၏ ရိုက်ခတ်မှုမှာ အကောင်းတိုင်း ကျန်ရှိနိုင်လေသည်။

ဖွီး... ဖွီး... ဖွီး...

မဟာယာနမျိုးနွယ်စုခေါင်းဆောင်အချို့သည် ဆတ်ခနဲတုန်ယင်သွားပြီး သွေးများကို ထွေးထုတ်လိုက်ရ၏။

ထို​ဓမ္မရတနာများစွာသည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ၏ မူပိုင်ဓမ္မရတနာများဖြစ်လေသည်။

သူတို့၏ မူပိုင်ဓမ္မရတနာများ ​ပြင်းထန်စွာ ပျက်စီးသွားခြင်းနှင့်အတူ ထိုမဟာယာနမျိုးနွယ်စုခေါင်းဆောင်များ၏ အမြုတေစိတ်ဝိညာဥ်များကလည်း သက်ရောက်ခံလိုက်ရလေသည်။

“ဟမ့်...”

ဆူဇီမို၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာပြီးနောက် ဖျတ်ခနဲဆို နေရာကနေ နောက်တစ်ဖန်ပျောက်ကွယ်သွားလေသည်။

သူက ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင် သုံးယောက်ရှေ့သို့ ရောက်ရှိလာပြီး သူ၏ လက်ဖဝါးကို ဝေ့ယမ်းကာ ပစ်ရိုက်ချလိုက်၏။

ဖောင်း....

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ ဓမ္မရတနာက ကြေမွထားပြီး သူက သွေးတစ်လုတ်ကို ထွေးထုတ်နေရ၏။ သူက မတုံ့ပြန်နိုင်ခင်မှာ ဆူဇီမိုက သူ့ကို သေသည့်တိုင်အောင် ပစ်ရိုက်ချလိုက်၏။

သူ၏ အမြုတေစိတ်ဝိညာဥ်က သူ၏ အသိစိတ်ထဲမှာ ရှိနေစဥ်မှာပင် ဆူဇီမို၏ စွမ်းအားဖြင့် ကြေမွသွားခဲ့ပြီဖြစ်၏။

အခြေအနေမကောင်းတော့သည်ကို သတိထားမိသွားပြီး အခြားသော ဆိုးယုတ်မြေကမ္ဘာဂိုဏ်း မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က လှည့်ထွက်ပြေးကာ ဆူဇီမိုနှင့် အကွာအဝေးတစ်ခုခြားချင်လေသည်။

“ထွက်ပြေးချင်တာလား”

ဆူဇီမိုက အေးစက်စွာလှောင်ရယ်လိုက်ပြီး သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ကာ ဓားကွက်တစ်ခုကို ထုတ်ဖော်၍ ဆိုးယုတ်မြေကမ္ဘာဂိုဏ်း မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ရှိရာသို့ ညင်သာစွာခုတ်ပိုင်းချလိုက်၏။

ဇီ... ဇီ.... ဇီ...

ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီတစ်ထောင်က ဆူဇီမို၏ ဓားလက်ညိုးကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ဆိုးယုတ်မြေကမ္ဘာဂိုဏ်း မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ကို ချက်ချင်းပင်လွှမ်းခြုံကာ ဓားချီအကျဥ်းထောင်တစ်ခုကိုဖြစ်ပေါ်လာစေ၏။

အစကတော့... ဆိုးယုတ်မြေကမ္ဘာဂိုဏ်း မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် သူတို့ကျင့်ကြံထားသော နတ်ဘုရားစွမ်းအားများပေါ် မှီခိုပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားချီနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်နေဆဲ ဖြစ်၏။

သို့သော်လည်း အဲ့ဒီမှာ အလွန်တရာထက်ရှသော ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီ တစ်ထောင်ရှိပြီး ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် အဆက်မပြတ် လှီးဖြတ်ခံနေရ၏။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးသံရဲရဲ ဒဏ်ချက်များပေါ်ထွက်လာခဲ့၏။

နောက်ထပ် အသက်သုံးရှိုက်စာ ကုန်ဆုံးသွား၏။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ ခန္ဓာကိုယ်များသ​ည် အပိုင်းပိုင်း လှီးဖြတ်ခံလိုက်ရပြီး သွေးမြူနှစ်ခုအဖြစ်ပြောင်းလဲသွားလေသည်။

အသက်တစ်ရှိုက်စာ ကြာပြီးနောက် သွေးမြူလုံးနှစ်လုံးသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီဖြင့် သေသည့်တိုင်အောင် နုတ်နုတ်စင်းခံလိုက်ရပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များကလည်း ထိုအထဲမှာ သေဆုံးသွားလေသည်။

ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီတစ်ထောင်ဖြင့် သေသည့်တိုင်အောင် ကြိတ်ခြေခံလိုက်ရလေသည်။

“မင်းတို့ရဲ့ အစွမ်းအစနဲ့ ငါ့ကိုသတ်နိုင်မယ်လို့ မင်းတို့တွေက တကယ်ပဲထင်နေတာလား”

ဆူဇီမိုက တောက်လောင်ပြင်းပြသောအကြည့်နှင့်အတူ လူတိုင်းကို ငုံ့ကြည့်လိုက်၏။

သူ၏ ခန္ဓာကိုယ်ကို အစိမ်းရောင်အလင်းတစ်ခုက လွှမ်းခြုံထားပြီး သူ၏ အော်ရာ သိပ်သည်းပြင်းထန်နေ၏။

သူက နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး မည်သူကမှ သူနှင့်အကြည့်ချင်း မဆုံရဲကြပေ။

All Chapters