← Chapters

ပင်မခန္ဓာ ထွက်ခွာခြင်း

Vol. 112 Ch. 1672

ပင်မခန္ဓာ ထွက်ခွာခြင်း

Vol. 112 Ch. 1672

ဆူဇီမိုက ပြေးလွှားနေ၏။

ယွီဧကရာဇ်က နောက်ကနေ ထပ််ကြပ်မကွာလိုက်ပါလာလေသည်။ သူတို့နှစ်ယောက်ကြား အကွာအဝေးက ပို၍ပင် နီးကပ်လာပြီး ဆူဇီမို၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က သိပ်သည်းကျစ်လျစ်လာခဲ့၏။

ရုတ်တရက်ဆိုသလို...

အလွန်တရာ ဆိုးယုတ်သော အော်ရာတစ်ခုက ရုတ်တရက်ဆင်းသက်လာပြီး ဆူဇီမို၏ မျိုးဆက်သွေးက လှုပ်လှုပ်ရှားရှား ဖြစ်သွားရလေသည်။

“ဟမ့်...”

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။

အဲ့ဒါသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ အော်ရာဖြစ်လေသည်။

ဆူဇီမိုသည် သူ၏ ကောင်းကင်ဘုံမျက်လုံးကို လှည့်ပတ်လိုက်လေသည်။ လေဟာနယ်များကို ဖြတ်ကျော်ပြီး သူက ကီလိုမီတာ ၅ထောင်အကွာအဝေးမှ ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်၏။

ထိုပုံရိပ်က အနည်းငယ်ဝေဝါးနေသော်လည်း သူက ချက်ချင်းပင်် မှတ်မိသွားလေသည်။

ကိုယ်တော်တာမင်း...

ကိုယ်တော်တာမင်းက သူ့ကို အကူအညီပေးလာခဲ့ခြင်းဖြစ်၏။

“အာ...”

ဆူဇီမို၏ နောက်ဘက်မှာ ယွီဧကရာဇ်သည် ရုတ်တရက်ညည်းတွား၍ ရပ်တန့်လိုက်လေသည်။ သူက ကြီးမားစွာ သက်ရောက်ခံလိုက်ရသည့်အလား သူ၏ ခြေလှမ်းများက ဒယီးဒယိုင်ဖြစ်သွားလေသည်။

ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ ကောင်းကင်ဘုံခြေလှမ်းကို ထုတ်ဖော်ပြီး မြေအောက်ကို ငုပ်လျှိုးသွားလေသည်။ သူ၏ ခန္ဓာကိုယ်ကို ဗုဒ္ဓအလင်းတစ်ခုက လွှမ်းခြုံထားပြီး သူက မည်သည့်ခုခံမှုမှမရှိဘဲ မြေအောက်ထဲသို့ တိုးဝင်ကာ မြေသားများနှင့် ပေါင်းစည်းသွားသည်ဟု ထင်ရလေသည်။

အဲ့ဒါသည် ကောင်းကင်ဘုံခြေလှမ်း၏ စွမ်းအားဖြစ်လေသည်။

ကောင်းကင်ဘုံခြေလှမ်းကို အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုဖြစ်လာသည့်အထိ ကျင့်ကြံပြီးသည်နှင့် သူသည် ဒြပ်စင်ငါးမျိုးအတွင်း ဖြတ်သန်းသွားလာနိုင်မည်ဖြစ်လေသည်။

ဤတစ်ခေါက်မှာ ဆူဇီမိုထွက်ပြေးလာပြီးနောက် ယွီဧကရာဇ်က သူ့နောက်သို့ လိုက်ပါမလာတော့သည်ကို သူက ခံစားမိလိုက်၏။ သိပ်မကြာခင် သူက ယွီဧကရာဇ်ကို နောက်မှာ အပြတ်အသတ်ချန်ထားရစ်ခဲ့လေသည်။

ဆူဇီမိုက တွေဝေရှုပ်ထွေးနေ၏။

သို့သော်လည်း အန္တရာယ်က ပြီးဆုံးမသွားသေးဘဲ သူက အဲ့ဒါနဲ့ပတ်သက်၍ များစွာစဥ်းစားတွေးတောနိုင်ခြင်းမရှိပေ။ သူသည် ဦးတည်ဘက်များကို ပြောင်းလဲပြီး ကိုယ်တော်တာမင်းရှိရာသို့ ဦးတည်လိုက်လေသည်။

သူ၏ အလျင်အဟုန်အရ သူသည် သိပ်မကြာခင် ထိုနေရာသို့ ရောက်ရှိသွားပြီး မြေကြီးထဲကနေ ခုန်ထွက်လိုက်၏။ သူက မလှမ်းမကမ်းတွင်ရှိသော ကိုယ်တော်တာမင်းကို ကြည့်လိုက်လေသည်။

ဆူဇီမိုက ကိုယ်တော်တာမင်းကို ကျေးဇူးတင်ကြောင်းပြောတော့မည့် ဆဲဆဲမှာပင် ထိုသူ၏ ပုံရိပ်က တဖြည်းဖြည်းဖျော့တော့သွားပြီး ဘာမှမကျန်အောင် ပျက်ပြယ်သွားသည်ကို သိရှိနားလည်လိုက်လေသည်။

ဆူဇီမိုသည် သူ၏ ခေါင်းကို အနည်းငယ်ငုံ့လိုက်ချိန် မြေပြင်ပေါ်တွင်ရေးထားသော စာတစ်ကြောင်းကို တွေ့မြင်လိုက်လေသည်။

“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်မှာ မင်းနဲ့တွေ့မယ်”

ကိုယ်တော်တာမင်းက ထွက်ခွာသွားသည်မှာ ကြာခဲ့ပြီဖြစ်ပြီး ထိုစကားလုံးများနှင့်အတူ သူ၏ ပုံရိပ်ယောင်ကို ချန်ထားရစ်ခဲ့ခြင်းဖြစ်လေသည်။

အဲ့ဒါသည် တိုတောင်းသော စာတစ်ကြောင်းသာဖြစ်သော်လည်း ဆူဇီမိုသည် ကိုယ်တော်တာမင်း၏ တိုက်ခိုက်လိုက်သောစိတ်ဝိညာဥ်ကို ခံစားမိနိုင်လေသည်။

ဤအခိုက်အတန့်မှသာလျှင် ​ကိုယ်တော်တာမင်းသည် ဆူဇီမိုကို သူ၏ ပြိုင်ဘက်အဖြစ် အမှန်တကယ် ရှုမြင်လာခဲ့ခြင်းဖြစ်၏။

ထိုစကားလုံးများက စစ်ကြေညာလိုက်ခြင်းလည်းဖြစ်လေသည်။

အဲ့ဒါက မည်သည့်ရန်ငြိုးရန်စနှင့်မှ မပတ်သက်ပေ။

ဒီဘက်မျိုးဆက်မှာ သူတို့အဆင့်နှင့် နီးစပ်သော ပြိုင်ဘက်ကောင်းတစ်ယောက်ကို မြင်တွေ့ရသော ဘယ်သူမဆို ကျေနပ်နှစ်ခြိုက်ပြီး ယှဥ်ပြိုင်လိုစိတ် ရှိပေလိမ့်မည်။

သည့်ယခင်က ကိုယ်တော်တာမင်းသည် ဆူဇီမို၏ ရှေ့မှာ ကြိုတင်ရောက်ရှိနေခဲ့၏။

ဆူဇီမိုအတွက်တော့... အဲ့ဒါသည် စီနီယာတစ်ယောက်က ဂျူနီယာတစ်ယောက်ကို ကြည့်နေသောပုံစံနှင့် အမြဲတမ်းဆင်တူနေလေသည်။

သို့သော် ယခုအခါ ဆူဇီမိုသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်လိုက်ပြီး နောက်ပိုင်းမဟာယာနအဆင့်သို့ တက်လှမ်းသွားခဲ့လေသည်။ ဆူဇီမိုက သူ၏ ပြိုင်ဘက်ဖြစ်ဖို့ အဆင့်မီသွားပြီကို ကိုယ်တော်တာမင်းက သိရှိလိုက်လေပြီ။

ဆူဇီမိုသည် ထိုစကားလုံးများကို ကြည့်ပြီး ရုတ်တရက်ပြုံးလိုက်၏။

သူတို့နှစ်ယောက်သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်မှာရှိစဥ်က တိုက်ခိုက်ခဲ့ကြပြီးဖြစ်သည်ကို ကိုယ်တော်တာမင်းက ထင်မှတ်မိလိမ့်မည် မဟုတ်ပေ။

တကယ်တော့... အဲ့ဒါက သိုင်းတာအိုပင်မခန္ဓာဖြစ်ခဲ့လေသည်။

ဤအစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကိုယ်တော်တာမင်းနှင့် စိတ်ကျေနပ်အားရသည်အထိ တစ်ခါမှမတိုက်ခိုက်ခဲ့ဖူးပေ။

ဆူဇီမိုပင်လျှင် ထိုတိုက်ပွဲကို မျှော်လင့်တောင့်တလာခဲ့၏။

ရုတ်တရက် ဆူဇီမိုသည် မျက်မှောင်အနည်းငယ် ကြုတ်ပြီး စောစောက သူ့ထံတွင်ရှိခဲ့သည့် သံသယကို ပြန်လည်အမှန်ရသွားခဲ့၏။

စောစောက ဆူဇီမိုသည် ကိုယ်တော်တာမင်းကို တွေ့ခဲ့စဥ်က သူ၏ ကျင့်ကြံမှုအဆင့်သည် နောက်ပိုင်းမဟာယာနအဆင့်မှာသာ ရှိခဲ့လေသည်။

နောက်ပိုင်းမဟာယာနအဆင့် ကိုယ်တော်တာမင်းက ဧကရာဇ်တစ်ပါးအပေါ်ကို ဘယ်လိုလုပ်ပြီး သက်ရောက်စေနိုင်တာလဲ။ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကပင်လျှင် ဤကဲ့သို့သော စွမ်းအားမရှိပေ။

ဒါ့အပြင် ကိုယ်တော်တာမင်းက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို စောစောက ထုတ်ဖော်ခဲ့သောအခါ ဆူဇီမိုသည်လည်း မအီမသာခံစားခဲ့ရလေသည်။

သူ၏ မျိုးဆက်သွေးက သူ၏ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်ပြီး သူ့ခန္ဓာကိုယ်ထဲကနေ ဖောက်ထွက်ချင်နေသည့်ပုံပင်။

ဆူဇီမိုသည် ခဏမျှစဥ်းစားတွေးတောလိုက်သော်လည်း မည်သည့်ကောက်ချက်ကိုမှ မချနိုင်ပေ။

သူက သူ့ရင်ထဲရှိ သံသယကို လောလောဆယ်မှာ ဖိနှိမ်ပြီး ဦးတည်ဘက်တစ်ခုကို ရွေးချယ်ကာ ပြေးထွက်သွားလေသည်။

ယခု... ဆူဇီမိုသည် နောက်ပိုင်းမဟာယာနအဆင့်သို့ တက်လှမ်းလာခဲ့ပြီး သူက ဖန်တီးခြင်းကြာပဒုမ္မာ၏ အခြားသော အဆင့်မြင့်နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ရန် လုံခြုံစိတ်ချရသော နေရာတစ်ခုကိုရှာပြီး နောက်တစ်ဖန် သီးခြားအထိုင်ချကျင့်ကြံဖို့ ပြင်ဆင်လိုက်လေသည်။

ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်ကို နှစ်တစ်ထောင်တိုင်းမှာ တစ်ကြိမ်ကျင်းပလေသည်။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကိုတော့ နှစ်တစ်သောင်းတိုင်းမှာ တစ်ကြိမ်ကျင်းပလေသည်။

ယခင်.... နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို ကျင်းပခဲ့သည်မှာ နှစ်တစ်သောင်းနီးပါး ရှိသွားခဲ့လေပြီ။

နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ကို နောက်နှစ်သုံးရာလောက်မှာ နောက်တစ်ဖန်ပြန်လည် ဖွင့်လှစ်ပေလိမ့်မည်။

ထိုနှစ်သုံးရာမှာ သူသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားများကို တတ်နိုင်သမျှ များများ နားလည်ဆင်ခြင်ရပေမည်။ အဲ့ဒါမှသာ သူက ကိုယ်တော်တာမင်းနှင့် ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်ဖြစ်၏။

ကီလိုမီတာ သိန်းချီအကွာအဝေး၌ ယွီဧကရာဇ်က ပြောင်းလဲသွားသော အမူအရာနှင့်အတူ လေထဲမှာ မတ်တတ်ရပ်နေ၏။

သူ၏ မျက်လုံးများက တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုနှင့်အတူ တဖျတ်ဖျတ်လက်နေ၏။

“အဲ့ဒါက ဘယ်သူပါလိမ့်. .. မဖြစ်နိုင်တာ”

ယွီဧကရာဇ်က ထူးဆန်းသော သွေးရောင်အလင်းနှင့်အတူ သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။

ခဏမျှစဥ်းစားတွေးတောပြီးနောက် သူက မည်သည့်အဖြေကိုမှ မထုတ်နိုင်ပေ။ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် သူက လှောင်ရယ်လိုက်၏။

“အထီးကျန်သိုင်းသခင်... မင်းအခုတော့ လွတ်သွားပြီပေါ့ကွာ... ဒါပေမဲ့ မင်းအမြဲတမ်းမလွတ်နိုင်ပါဘူးကွာ”

“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က နေရာတစ်နေရာအတွက် တိုက်ခိုက်ဖို့ မင်းပေါ်ထွက်မလာမှဘဲ ရလိမ့်မယ်... မင်းပေါ်ထွက်လာတာနဲ့ ငါက မင်းကို သေချာပေါက်မြှုပ်နှံပေးမယ်”

“နောက်တစ်ခါဆိုရင်....ဘယ်လိုမတော်တဆမှ မရှိစေရတော့ဘူး”

ဆူဇီမိုသည် ဤတစ်ခေါက် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာသောအခါ သူသည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး ဧကရာဇ်တစ်ပါး၏ တိုက်ခိုက်မှုကိုပင် ဆွဲဆောင်ကာ ရှေးဟောင်းတိုက်ပွဲမြေကို အတော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေ၏။

သို့သော်လည်း ဆူဇီမိုပျောက်ကွယ်သွားခြင်းနှင့်အတူ အခြေအနေများက တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွား၏။

ရှေးဟောင်းတိုက်ပွဲမြေက ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့လေပြီ။

သို့သော်လည်း အထီးကျန်သိုင်းသခင် ပြန်လည်ပေါ်ထွက်လာသည်နှင့် ရှေးဟောင်းတိုက်ပွဲမြေမှာ နောက်ထပ်သွေးလွှမ်းတိုက်ပွဲတစ်ခု သေချာပေါက်ဖြစ်ပွားလာမည်ကို မျိုးနွယ်စုခေါင်းဆောင်များအားလုံးက သိရှိထားကြလေသည်။

ယွီဧကရာဇ်သည် အထီးကျန်သိုင်းသခင်ကို သေချာပေါက် လွှတ်ပေးလိမ့်မည်မဟုတ်ပေ။

သူတို့နှစ်ယောက်ကြားမှာ ဘာညှိနှိုင်းဆွေးနွေးမှုမှ ရှိနိုင်တော့မည် မဟုတ်ပေ။

ယွီဧကရာဇ်က အထီးကျန်သိုင်းသခင်ကို မသတ်ဖြ​တ်နိုင်ဘူးဆိုရင် အထီးကျန်သိုင်းသခင် ဧကရာဇ်တစ်ပါးဖြစ်လာသည့်နေ့က သူ၏ သေနေ့ ဖြစ်လာပေလိမ့်မည်။

ထျန်ဟွမ်ကုန်း​မြေတိုက်တွင်...

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သီးခြားအထိုင်ချကျင့်ကြံသွားသောအခါ သိုင်းတာအိုပင်မခန္ဓာသည် ပင်ယန်းမြို့မှာ သူ၏ တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာခဲ့၏။

ယခု.... တံခါးပိတ်ကျင့်ကြံရာကနေ သူထွက်လာသောအခါ သိုင်းတာအိုပင်မခန္ဓာသည် မဟာယာနအဆင့်သို့ ဝင်ရောင်သွားခဲ့ပြီဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာအတွက်တော့ သာမန်အဆန်ဆုံး ကျင့်ကြံခြင်းနည်းစနစ်မှာ ရှေးဟောင်းတိုက်ပွဲမြေထဲသို့ ဝင်ရောက်ပြီး အဲ့ဒီမှာရှိတဲ့ နတ်ဘုရားစွမ်းအားတွေကို နားလည်ဆင်ခြင်ဖို့ဖြစ်လေသည်။

သို့သော်လည်း ထိုသို့ဖြင့် သိုင်းတာအိုပင်မခန္ဓာ၏ လမ်းကြောင်းသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ကွဲပြားခြားနားတော့မည် မဟုတ်ပေ။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာအတွက် ရှေးဟောင်းတိုက်ပွဲမြေထက် ပိုမိုသင့်လျော်နိုင်ကောင်း သင့်လျော်နိုင်မည့် အခြားသော နေရာတစ်ခုရှိလေသည်။

တကယ်တော့ အဆိုပါနေရာက အလွန်တရာလည်း အန္တရာယ်များလေသည်။

သိုင်းတာအိုပင်မခန္ဓာက အနောက်အရပ်သို့ ကြည့်ရှုလိုက်၏။

“သခင်လေး... ခင်ဗျားသွားတော့မှာလား”

ထောင်ယောင်က သိုင်းတာအိုပင်မခန္ဓာဘေးသို့ ရောက်ရှိလာပြီး ညင်သာစွာ မေးမြန်းလိုက်၏။

ဤနှစ်များအတွင်း ကျင့်ကြံခြင်းဖြင့် ထောင်ယောင်သည် ပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်ရှိလာကာ မဟာသားရဲတစ်ပါးဖြစ်လာခဲ့လေပြီ”

ပုံမှန်အခြေအနေမှာဆိုလျှင် တံခါးပိတ်ကျင့်ကြံခြင်းအပြင် ကျင့်ကြံသူတစ်ယောက်သည် အပြင်ဘက်သို့ထွက်ပြီး သန်မာသောရန်သူများနှင့် လေ့ကျင့်တိုက်ခိုက်ရမည်ဖြစ်လေသည်။

ကျင့်ကြံခြင်းမှာ အချို့သော အဟန့်အတားများကို သေခြင်းရှင်ခြင်းများကို တွေ့ကြုံဖြတ်ကျော်ပြီးမှသာ ချိုးဖျက်နိုင်လေသည်။

နောက်ဆုံးမှာတော့ ဓမ္မပညာရပ်များအားလုံးကို အရည်ဖျော်ပြီး သုတ္တန်တစ်ရာဖြင့် အားဖြည့်ဖို့အတွက် သိုင်းတာအိုမီးဖိုကို အသုံးချနိုင်သည့်သူက သမိုင်းတစ်လျှောက်မှာ တစ်ယောက်တည်းသာလျှင်ရှိလေသည်။

သို့သော်လည်း ထောင်ယောင်က ပို၍ပင် ထူးဆန်းလေသည်။

သူသည် အခြားသူများနှင့် မတိုက်ခိုက်ရပေ။ သို့သော်လည်း ပင်ယန်းမြို့ရှိ သေးငယ်သော ဤခြံဝန်းလေးထဲမှာ နေထိုင်ရုံဖြင့် သူ၏ကျင့်ကြံမှုက တစ်စတစ်စတိုးလာနေ၏။

အဲ့ဒါက မနှေးလွန်းမမြန်လွန်းသော်လည်း အဲ့ဒီမှာ မည်သည့်အဟန့်အတားမှမရှိပေ။

သိုင်းတာအိုပင်မခန္ဓာသည်ပင် အဲ့ဒါကို နားမလည်နိုင်ပေ။

သို့သော်လည်း သူ၏ မျက်လုံးထဲမှာ အဲ့ဒါက ဆိုးသည့်အရာမဟုတ်ပေ။

နောက်ဆုံးမှာတော့ ထောင်ယောင်က တိုက်ခိုက်ရခြင်းကို မနှစ်သက်ပေ။

ထောင်ယောင်သည် သူ့ကျင့်ကြံမှု၏ ဤအဆင့်မှာ အခြားသူများနှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း သူ၏ လက်က မည်သည့်သွေးစက်နှင့်မှ မစွန်းထင်းခဲ့ပေ။

“ငါသွားတော့မယ်”

သိုင်းတာအိုပင်မခန္ဓာက မသိမသာခေါင်းညိတ်ပြလိုက်၏။

“မင်းငါ့နောက်ကို လိုက်စရာမလိုဘူး... ပင်ယန်းမြို့မှာပဲနေပြီး မြို့သူမြို့သားတွေကိုပဲ ကာကွယ်ပေးနေ”

“ကျုပ် ကောင်းကောင်းလုပ်ပါ့မယ်... စိတ်မပူပါနဲ့ သခင်လေး”

ထောင်ယောင်၏ မျက်လုံးများက ဝန်လေးမှုကို ဖော်ပြနေသော်လည်း သူက နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

All Chapters