← Chapters

နတ်ဘုရားစွမ်းအားများကို မွမ်းမံသန့်စင်ခြင်း

Vol. 112 Ch. 1673

နတ်ဘုရားစွမ်းအားများကို မွမ်းမံသန့်စင်ခြင်း

Vol. 112 Ch. 1673

ခွန်လွင်အပျက်အစီးဒေသတွင်…

အဲဒီမှာ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ အားလုံးအတွက် တားမြစ်ကုန်းမြေတစ်ခု ရှိလေသည်။ ဤနေ့မှာ ခရမ်းရောင်ဝတ် အမျိုးသားတစ်ယောက်က ရောက်ရှိလာခဲ့၏။ သူ၏ မျက်နှာကို မြူခိုးတစ်လွှာဖြင့် လွှမ်းခြုံထားသည့်အလား ဝေဝါးနေ၏။ သိုင်းတာအိုပင်မခန္ဓာသည် မလှမ်းမကမ်းရှိ အပျက်အစီးနယ်မြေကို ကြည့်ပြီး နက်ရှိုင်းသော အကြည့်နှင့်အတူ ရှေ့သို့ လျှောက်လှမ်းလာခဲ့၏။

သူသည် ခွန်လွင်အပျက်အစီးဒေသ၏ အပြင်ဘက် အစပ်ကို ဖြတ်ကျော်လာပြီး ခွန်လွင်အဟန့်အတား ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ခွန်လွင်အဟန့်အတားကို ဖြတ်ကျော်ကာ ခွန်လွင်အပျက်အစီးဒေသသို့ ဝင်ရောက်သွားလေသည်။

သိုင်းတာအိုပင်မခန္ဓာက ခွန်လွင်အပျက်အစီးဒေသသို့ ဝင်ရောက်လာသည့် ခဏမှာပင်.. ခွန်လွင်အပျက်အစီးဒေသတစ်ခုလုံးက နှိုးဆွခံလိုက်ရသည့်အလား တုန်ခါလာခဲ့၏။

နတ်ဘုရားစွမ်းအားများသည် သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှာ စတင်စုဝေးလာပြီး နတ်ဘုရားစွမ်းအား မုန်တိုင်းတစ်ခုကို အလျင်အမြန် ဖြစ်ပေါ်စေကာ သူ့ကို လွှမ်းခြုံသွားလေသည်။

နတ်ဘုရားစွမ်းအား မုန်တိုင်းတွင် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်နိုင်သော အလွန်တရာ ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခု ပါဝင်လေသည်။ ၎င်းသည် အရာရာတိုင်းကို ဖျက်ဆီးပစ်ချင်သည့်အလား အသက်ဓာတ်အားလုံးကို ဖျက်ဆီးပစ်ပေလိမ့်မည်။

ကုသခြင်း နတ်ဘုရားစွမ်းအား မုန်တိုင်းတစ်ခုနှင့် မတူဘဲ ဤနတ်ဘုရားစွမ်းအား မုန်တိုင်းမှာ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း စွမ်းအားတစ်ခု ပါဝင်နေ၏။

၎င်းသည် သာမန် နတ်ဘုရားစွမ်းအား မုန်တိုင်းတစ်ခု ဖြစ်သော်လည်း ထိုမုန်တိုင်း ဆင်းသက်လာသည့် ခဏမှာပင်.. သိုင်းတာအိုပင်မခန္ဓာ၏ အရေပြား မျက်နှာပြင်ပေါ်မှာ သွေးသံရဲရဲ ဒဏ်ချက်များ ပေါ်ထွက်လာ၏။

သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်က ဓမ္မရတနာများနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ပြီး မည်သည့် နတ်ဘုရားလက်နက်ထက်မှ အားမနည်းပေ။

သို့သော်လည်း သူသည် နတ်ဘုရားစွမ်းအား မုန်တိုင်းဖြင့် လွှမ်းခြုံခံရပြီးနောက်.. ဒဏ်ရာများဖြင့် ပြည့်နှက်လာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲမှာ မည်သည့် ကြောက်ရွံ့မှုမှ မရှိပေ။ ထိုအစား သူ၏မျက်လုံးများက ပိုမိုတောက်ပလာ၏။

“သန့်စင်စမ်း”

သိုင်းတာအိုပင်မခန္ဓာက အော်ငေါက်လိုက်၏။

ဝှစ်..

သူ၏ ပုံရိပ်က ပျောက်ကွယ်သွားသည်ဟု ထင်ရပြီး ၎င်း၏ နေရာမှာ ဧရာမ မီးဖိုတစ်လုံး ပေါ်ထွက်လာခဲ့၏။ သိုင်းစိတ်ဝိညာဉ်မီးက ဒေါသတကြီး လောင်ကျွမ်းနေပြီး နတ်ဘုရားစွမ်းအား မုန်တိုင်းကို သန့်စင်ပစ်ချင်လေသည်။

စွမ်းအားနှစ်ခုက အဆက်မပြတ် ယှက်ဖြာသွားလေသည်။

နတ်ဘုရားစွမ်းအား မုန်တိုင်းသည် သိုင်းတာအိုမီးကို ငြိမ်းသတ်ချင်နေစဉ်မှာ သိုင်းတာအိုမီးကလည်း နတ်ဘုရားစွမ်းအား မုန်တိုင်းကို လောင်ကျွမ်းပြာချပစ်ချင်နေ၏။

ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာသည် ဓမ္မပညာရပ်များကို အရည်ဖျော်ခြင်း မဟုတ်ဘဲ နတ်ဘုရားစွမ်းအားများကို ဖြစ်လေသည်။

ရှေးဟောင်းတိုက်ပွဲမြေမှာ အမျိုးမျိုးသော နတ်ဘုရားစွမ်းအားများကို ရှာဖွေ၍ နားလည်ဆင်ခြင်ကာ ကျင့်ကြံရခြင်းက အရမ်းကို နှေးကွေးလေသည်။

ဒါ့အပြင် သူက နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ဖို့အတွက် ရှေးဟောင်းတိုက်ပွဲမြေသို့ သွားရောက်မည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာသည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲကို ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ဘဲ သူ၏ သရုပ်သကန်က သေချာပေါက် ဖော်ထုတ်ခံရပေလိမ့်မည်။

သူသည် နတ်ဘုရားစွမ်းအားများကို တစ်ဆင့်ပြီးတစ်ဆင့် နားလည်ဆင်ခြင်မည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုပင် လိုက်မီချင်မှ လိုက်မီပေလိမ့်မည်။

အကြောင်းမှာ ဖန်တီးခြင်း ကြာပဒုမ္မာသည် အစကတည်းက လောကဆိုင်ရာ ရတနာတစ်ခုဖြစ်ပြီး အဲဒီမှာ နတ်ဘုရားစွမ်းအားများ ပါဝင်နေသောကြောင့်ပင်။ ၎င်းသည် စကြာဝဠာနှင့် ပိုမိုနီးစပ်ပြီး လူသားဧကရာဇ်ကလည်း သူ၏ ဘွဲ့ကို လွှဲအပ်ကာ လောက၏ ကံကြမ္မာအခွင့်အလမ်းများကို စုစည်းစေခဲ့သည့်အတွက် ၎င်း၏ ကျင့်ကြံမှု အမြန်နှုန်းက အလွန်တရာ တုန်လှုပ်စရာကောင်းနေပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာက သူ၏ တိုက်ခိုက်ရည်ခွန်အားကို တတ်နိုင်သမျှ မြန်မြန်မြှင့်တင်ချင်သည်ဆိုလျှင် သူက မတူညီသော လမ်းကြောင်းတစ်ခုကို ရွေးချယ်ရပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာသည် ဓမ္မပညာရပ်များ အားလုံးကို အရည်ဖျော်ချနိုင်သည်ဆိုမှတော့ နတ်ဘုရားစွမ်းအားများကိုရော ဘာလို့ မလုပ်နိုင်ရမှာလဲ။

နတ်ဘုရားစွမ်းအားတစ်ခုကို အပြီးတိုင် အရည်ဖျော်ချပစ်နိုင်သည်နှင့်အမျှ ထိုနတ်ဘုရားစွမ်းအားသည် သိုင်းတာအိုမီးဖိုထဲသို့ အရည်ပျော်ဝင်သွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်နှင့် တူညီပေလိမ့်မည်။

နတ်ဘုရားစွမ်းအား မုန်တိုင်းနှင့် သိုင်းစိတ်ဝိညာဉ်မီးက တိုက်ခိုက်နေကြဆဲဖြစ်၏။

မည်သည့်ဘက်ကမှ အလျှော့မပေးလိုကြပေ။

အန္တရာယ်အများဆုံး အခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်က ပျက်စီးသွားခဲ့လေသည်။

ကျန်ရှိနေသော သိုင်းစိတ်ဝိညာဉ်မီးကလည်း နတ်ဘုရားစွမ်းအား မုန်တိုင်းကြောင့် ပျက်ပြယ်လုနီးပါးဖြစ်ပြီး အလွန်တရာ အားပျော့သော မီးတောက်တစ်မျှင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

သိုင်းစိတ်ဝိညာဉ်မီးက ငြိမ်းသေသွားမည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာ သေဆုံးသွားခြင်းနှင့် တူညီပေလိမ့်မည်။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သိုင်းတာအိုပင်မခန္ဓာသည် ဤကဲ့သို့ အန္တရာယ်များသော အခြေအနေတစ်ရပ်နှင့် ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ရပေ။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် မည်သည့် ကြောက်ရွံ့မှုကိုမှ မပြသပေ။ ထိုအစား သူ၏ အကြည့်က ပိုမိုခိုင်မာလာခဲ့၏။ နတ်ဘုရားစွမ်းအား မုန်တိုင်းကို အရည်ဖျော်ရင်း သူသည် သူ၏ တာအိုနှလုံးသားနှင့် စိတ်ဓာတ်ခိုင်မာမှုကိုပါ မီးဆေးပေးနေ၏။

အချိန်အတန်ကြာပြီးနောက်.. နတ်ဘုရားစွမ်းအား မုန်တိုင်းက တဖြည်းဖြည်း အားပျော့လာခဲ့၏။

သိုင်းစိတ်ဝိညာဉ်မီး၏ အလင်းရောင်က သိပ်သည်းစုဖွဲ့လာခဲ့၏။

သိုင်းတာအိုမီးဖိုက နောက်ဆုံးမှာ အသာစီး ပြန်လည်ရရှိလာခဲ့လေပြီ။

နောက်ထပ် အချိန်ကာလတစ်ခု ကြာအောင် သန့်စင်မွမ်းမံပြီးနောက် သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်ရှိ နတ်ဘုရားစွမ်းအား မုန်တိုင်းသည် တဖြည်းဖြည်း ပျက်ပြယ်လာခဲ့၏။

အတိအကျဆိုရလျှင် ၎င်းက ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ ၎င်းသည် သိုင်းတာအိုမီးဖိုဖြင့် အပြီးတိုင် သန့်စင်ခြင်းခံရပြီး ၎င်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ခြင်းပင်။

သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းအားကလည်း သိသိသာသာ တိုးလာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ပေါ်ထွက်လာပြီး သူ၏ သွေးချီကို လှည့်ပတ်လိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက တစ်ခဏချင်း ပျောက်ကင်းသွားလေသည်။

ထိုစဉ်မှာပင် သိုင်းတာအိုပင်မခန္ဓာသည် တစ်စုံတစ်ရာကို ခံစားမိသွားပြီး အလိုလိုလှည့်ကြည့်လိုက်၏။

မသိလိုက် မသိဘာသာနှင့်ပင်.. စွမ်းအားကြီးမားသော သက်ရှိများက သူ၏ ဘေးပတ်လည်မှာ စုဝေးနေကြ၏။

သူပြုလုပ်လိုက်သော ရုတ်ရုတ်သဲသဲ အခြေအနေက ခွန်လွင်ကလန်သား များစွာကို ဆွဲဆောင်မိသွားလေသည်။

ထိုခွန်လွင်ကလန်သားများသည် မျက်လုံးများ ပြူးကျယ်၍ သိုင်းတာအိုပင်မခန္ဓာကို ကြည့်နေပြီး သူတို့က လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြ၏။

အတိတ်ကာလတုန်းက အထီးကျန်သိုင်းသခင်က လွဲလျှင် နတ်ဘုရားစွမ်းအား မုန်တိုင်းတစ်ခုထဲကနေ အသက်ရှင်လျက် ထွက်လာနိုင်သည့် တစ်စုံတစ်ယောက်ကို သူတို့က ပထမဆုံးအကြိမ် တွေ့မြင်ရခြင်း ဖြစ်လေသည်။

ထိုစဉ်တုန်းကပင် အထီးကျန်သိုင်းသခင်သည် နတ်ဘုရားစွမ်းအား မုန်တိုင်းထဲကနေ ရှင်သန်နိုင်ခဲ့သည့် အကြောင်းရင်းမှာ အလွန်အမင်း ကံကောင်းမှုကြောင့် ဖြစ်လေသည်။

သူသည် အကြောင်းအခွင့် တိုက်ဆိုင်စွာဖြင့် ရှင်သန်နိုင်ခဲ့ခြင်းမှာ အဲဒါသည် ကြမ္မာဆိုးဓား၏ စွမ်းအားနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့သော ကုသခြင်း နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်နေခဲ့သောကြောင့်ပင်။

သို့သော် ယခုအခါ ခရမ်းရောင်ဝတ် လူထူးဆန်းသည် သူ၏ ကိုယ်ပိုင်ခွန်အားနှင့် နတ်ဘုရားစွမ်းအား မုန်တိုင်းကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး ရှင်သန်ခဲ့လေသည်။

အဆုံးသတ်မှာတော့ နတ်ဘုရားစွမ်းအား မုန်တိုင်းသည်ပင် တောင့်မခံနိုင်ဘဲ ၎င်း၏ စွမ်းအားက ပျက်ပြယ်ပျောက်ကွယ်သွားရလေသည်။

ထိုအခိုက်အတန့်မှာ နတ်ဘုရားစွမ်းအား မုန်တိုင်း၏ စွမ်းအားက လုံးဝ ပျက်ပြယ်ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ သိုင်းတာအိုပင်မခန္ဓာ၏ အရည်ဖျော်ပေါင်းစည်းခြင်း ခံလိုက်ရသည်ကို ခွန်လွင်ကလန်သားများစွာက နားလည်သဘောပေါက်ခြင်း မရှိကြပေ။

“ကျူးကျော်သူ.. ခင်ဗျား ဘယ်သူလဲ”

ခွန်လွင်တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က လေးနက်သော အသံဖြင့် မေးလိုက်၏။

ခွန်လွင်မျိုးနွယ်၏ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အထွတ်အထိပ် ပညာရှင်များသည် အဆင့်ချိုးဖျက်တက်လှမ်းရန် ညဝိညာဉ်နောက်သို့ လိုက်ပါသွားပြီး လောလောဆယ်မှာ ဆန်းကြယ်တောင်ထွတ်တွင် နေထိုင်ကြလေသည်။

ကျန်ရှိနေသော ခွန်လွင်ကလန်သား ထက်ဝက်ကျော်က ခွန်လွင်အပျက်အစီးဒေသကို စောင့်ရှောက်ဖို့အတွက် ဤနေရာမှာ နေခဲ့ကြ၏။

နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြား အထက်ရှိ သက်တံလှိုဏ်ဂူထဲမှာ တစ်ခုခုဖြစ်ပွားလာလျှင် သူတို့သည် ခွန်လွင်အရှင် ညဝိညာဉ်ကို ချက်ချင်းပင် သတင်းပေးပို့ရမည်ဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာသည် ဘေးပတ်လည်ရှိ ခွန်လွင်ကလန်သားများကို လျစ်လျူရှုပြီး ခွန်လွင်အပျက်အစီးဒေသထဲသို့ ဆက်လက်လျှောက်လှမ်းလိုက်လေသည်။

“ကျုပ် ခင်ဗျားကို သတိပေးလိုက်မယ်”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ဒီနေရာမှာ နတ်ဘုရားစွမ်းအားတွေ အများကြီးရှိတယ်.. စောစောက ခင်ဗျား ကြုံတွေ့ခဲ့ရတာက သူတို့ထဲက တစ်ခုပဲ ရှိသေးတယ်.. ခင်ဗျားက အဆင့်မြင့် ဒါမှမဟုတ် အန္တိမ နတ်ဘုရားစွမ်းအား မုန်တိုင်းတစ်ခုကို နှိုးဆွမိလိုက်မယ်ဆိုရင်.. ခင်ဗျားက သေချာပေါက် အပိုင်းပိုင်း ဆုတ်ဖြဲခံရလိမ့်မယ်”

“အဲ့လိုလား”

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ရေရွတ်ပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲကနေ နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

ထွက်ပေါ်လာသော ထိုစွမ်းအားက ခွန်လွင်အပျက်အစီးဒေသမှာ နောက်ထပ် ပြင်းထန်ကြမ်းကြုတ်သော စွမ်းအင် အတက်အကျတစ်ခုကို ဖြစ်ပေါ်လာစေပြီး သိပ်သည်းပြင်းထန်သော နတ်ဘုရားစွမ်းအားများသည် သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှာ နောက်တစ်ဖန် စုဝေးလာ၏။

တစ်ခဏချင်းမှာပင် နတ်ဘုရားစွမ်းအား မုန်တိုင်းနှစ်ခုက ဖြစ်ပေါ်လာခဲ့၏။

“သူက သောက်ရူးနားကန်းလား.. သူက နတ်ဘုရားစွမ်းအား မုန်တိုင်းနှစ်ခုကို အရင်စပြီးတောင်မှ ဆင့်ခေါ်လိုက်သေးတယ်”

“အားလုံးပဲ နောက်ကို ဆုတ်ကြ.. အဲဒီစွမ်းအားနဲ့ မထိတွေ့မိစေနဲ့”

ခွန်လွင်ကလန်သားများစွာသည် သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှာ ဖြစ်ပေါ်လာသော နတ်ဘုရားစွမ်းအား မုန်တိုင်းဖြင့် သက်ရောက်ခြင်း ခံရမည်ကို စိုးသည့်အတွက် အော်ဟစ်ကာ နောက်သို့ ဆုတ်ခွာလိုက်ကြ၏။ သူတို့သည် ခွန်လွင်အပျက်အစီးဒေသမှာ နှစ်ပေါင်းမရေတွက်နိုင်အောင် ရှင်သန်နေထိုင်လာခဲ့သော်လည်း သူတို့သည် ဤကဲ့သို့သော တစ်စုံတစ်ယောက်ကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

အခြားသူများသည် နတ်ဘုရားစွမ်းအား မုန်တိုင်းများကို တတ်နိုင်သမျှ ရှောင်လွှဲချင်ကြလေသည်။ ဤလူကတော့ သူက အရင်စပြီး အဲဒါကို အမှန်တကယ် ဆင့်ခေါ်ခဲ့လေသည်။

နတ်ဘုရားစွမ်းအား မုန်တိုင်းနှစ်ခုက ဖြစ်ပေါ်လာပြီး သိုင်းစိတ်ဝိညာဉ်မီး​က နောက်တစ်ဖန် လောင်ကျွမ်းလာခဲ့၏။ သိုင်းတာအိုမီးဖိုက ပေါ်ထွက်လာပြီး နတ်ဘုရားစွမ်းအား မုန်တိုင်းများ၏ စွမ်းအားကို အရည်ဖျော်ချပစ်နေ၏။

ယခုအချိန်ထိကို သိုင်းတာအိုပင်မခန္ဓာသည် အလွန်တရာ သတိကြီးကြီးထားနေဆဲဖြစ်ပြီး သူက အဆင့်မြင့် နတ်ဘုရားစွမ်းအား မုန်တိုင်းတစ်ခုကို မနှိုးဆွရဲပေ။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ.. သိုင်းတာအိုမီးဖိုသည် လုံလောက်သည့် သာမန် နတ်ဘုရားစွမ်းအား မုန်တိုင်းများကို အရည်ဖျော်ချပြီးနောက်.. သူ့ခန္ဓာကိုယ်နှင့် မီးဖို၏ စွမ်းအားက ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိလာပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူသည် အဆင့်မြင့် နတ်ဘုရားစွမ်းအား မုန်တိုင်းများကို အရည်ဖျော်ချဖို့ ကြိုးပမ်းကြည့်နိုင်လေသည်။

နောက်ဆုံးမှာတော့ သူသည် အန္တိမ နတ်ဘုရားစွမ်းအားများကိုပါ အရည်ဖျော်ချမည်ဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာအတွက် ခွန်လွင်အပျက်အစီးဒေသထက် ပိုမိုသင့်လျော်သော မည်သည့်နေရာမှ မရှိတော့ပေ။

ဤအပျက်အစီးနယ်မြေမှာ ပါဝင်သော နတ်ဘုရားစွမ်းအားများသည် ရှေးဟောင်းတိုက်ပွဲမြေမှာထက်ပင် များစွာပိုမို ကြွယ်ဝလေသည်။

ပို၍ အရေးကြီးသည်မှာ သိုင်းတာအိုပင်မခန္ဓာသည် ဤနေရာမှာ သူ၏ သရုပ်သကန် ဖော်ထုတ်ခံရမည်ကို စိုးရိမ်ပူပန်စရာ မလိုပေ။

အထဲမှာ ရှိသော ခွန်လွင်ကလန်သားများက ခွန်လွင်အဟန့်အတားကြောင့် အပြင်ဘက်သို့ မထွက်နိုင်သလို အပြင်ဘက်မှ လူများကလည်း အထဲသို့ ဝင်ရောက်မလာနိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာသည် ကမ္ဘာဦးမျိုးနွယ်များထံကနေ ပုန်းကွယ်ချင်ရုံသာမက.. သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ ပို၍ပင် ကြောက်စရာကောင်း၍ လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုများထံကနေလည်း သူ့ကိုယ်သူ ဖုံးကွယ်ထားချင်လေသည်။

All Chapters