မျိုးနွယ်စုခေါင်းဆောင်များကို အမဲလိုက်ခြင်း
Vol. 112 Ch. 1674
အချိန်က အလျင်အမြန်ကုန်ဆုံးသွား၏။
အထီးကျန်သိုင်းသခင်သည် ရှေးဟောင်းတိုက်ပွဲမြေတွင် ပေါ်ထွက်လာခဲ့သည်မှာ နှစ်သုံးရာရှိသွားခဲ့လေပြီ။
ပြီးခဲ့သည့် နှစ်သုံးရာမှာ ရှေးဟောင်းတိုက်ပွဲမြေ၌ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ရံဖန်ရံခါ ဖြစ်ပွားခဲ့သော်လည်း သူတို့က လှုပ်ခတ်မှုများစွာမဖြစ်စေခဲ့ပေ။
နှစ်သုံးရာအတွင်း မည်သူကမှ အထီးကျန်သိုင်းသခင်၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့မြင်ရပေ။ အထီးကျန်သိုင်းသခင်သည် ပေါ်ထွက်လာပြီးနောက် အပြီးတိုင်ပျောက်ကွယ်သွားသည့်အလားပင်။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲက ချဥ်းကပ်လာသည်နှင့်အမျှ ရှေးဟောင်းတိုက်ပွဲမြေသည် တစ်ဖန်ပြန်၍ ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့၏။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ နယ်မြေဒေသသို့ စုဝေးလာသော မဟာယာနမျိုးနွယ်စုခေါင်းဆောင်များက ပို၍ပို၍ များလာနေခဲ့၏။
တံခါးပိတ်ကျင့်ကြံနေသော မဟာယာနမျိုးနွယ်စုခေါင်းဆောင်အချို့ပင်လျှင် ပေါ်ထွက်လာကြလေသည်။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို နှစ်တစ်သောင်းတိုင်းမှာသာ တစ်ကြိမ်ကျင်းပပြီး အဲ့ဒါက ရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ်ဖြစ်လေသည်။
လူတစ်ယောက်သည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်မှာ နေရာတစ်ခုကိုရရှိပြီး အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို အမွေဆက်ခံရရှိနိုင်မည်ဆိုလျှင် အဲ့ဒါသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တံခါးပိတ်ကျင့်ကြံသည်ထက် သူတို့၏ ခွန်အားက ပို၍တိုးလာနိုင်လေသည်။
ဒါ့အပြင် ဤတစ်ခေါက် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်မှာ နေရာအလွတ်တချို့ရှိနေခဲ့၏။
ဥပမာအားဖြင့် ကောင်းကင်စင်ရောင်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင် ယွဲ့လော့နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင် ဖေးသွမ်တို့သည် မျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ သေဆုံးခဲ့ကြလေသည်။
လွန်ခဲ့သည့်နှစ်သုံးရာက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက် ပေါ်တွင် အဆင့် ၃၃ ဝင်သော သီယွင်သည် အထီးကျန်သိုင်းသခင်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရလေသည်။
ပြီးခဲ့သည့်နှစ်တစ်သောင်းမှာ နေရာလွတ်များက ပို၍ပင် ပေါ်ထွက်လာခဲ့၏။ သူတို့ထဲမှ အချို့သည် ရှေးဟောင်းတိုက်ပွဲမြေမှာ တိုက်ခိုက်ရင်းသေဆုံးသွားကြပြီး သူတို့ထဲမှ အချို့သည် အန္တိမနတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ကာ ဧကရာဇ်များဖြစ်လာ၍ နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ပေါ်ရှိ သူတို့၏ နေရာများကို စွန့်လွှတ်လိုက်ကြခြင်းပင်။
နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ပေါ်ရှိ နေရာ ၃၆ နေရာထဲမှာ ၁၁ နေရာက ယခုအခါ လစ်လပ်နေခဲ့၏။
ထိုလစ်လပ်နေသော နေရာများအတွက် တိုက်ပွဲက ပို၍ပင် သေချာပေါက်အကြိတ်အနယ်ရှိလာပေလိမ့်မည်။
မျိုးနွယ်စုခေါင်းဆောင် အချို့အတွက်တော့... သူတို့သည် ဤတစ်ခေါက် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို အသုံးချကာ သူတို့၏ နေရာကို မြှင့်တင်ချင်ကြလေသည်။ အဲ့ဒါမှသာ သူတို့သည် နောက်ထပ်အဆင့်မြင့်နတ်ဘုရားစွမ်းအားများကို အမွေဆက်ခံရရှိနိုင်မည်ဖြစ်၏။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ နေရာတစ်နေရာအတွက် တိုက်ခိုက်ဖို့ လုံလောက်သည့်ခွန်အားမရှိသော အစောပိုင်း ၊ အလယ်အလတ်နှင့် နောက်ပိုင်းအဆင့် မဟာယာနခေါင်းဆောင်အချို့ပင်လျှင် ဤနေရာသို့ လာရောက်ကြည့်ရှုကြမည်ဖြစ်၏။
မျိုးနွယ်စုခေါင်းဆောင်များစွာအတွက်တော့ အဲ့ဒါက ရှားရှားပါးပါး ပွဲစဥ်တစ်ခုဖြစ်လေသည်။
ထိုအချိန်မှာ... မျိုးနွယ်စုခေါင်းဆောင်များနှင့် ပညာရှင်များစွာသည် ဤနေရာသို့ ဝင်ရောက်လာကြပေလိမ့်မည်။
အဲ့ဒီကနေ အသိပညာတချို့ကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် သူတို့၏ ခရီးစဥ်က အလဟဿဖြစ်တော့မည်မဟုတ်ပေ။
“လွန်ခဲ့တဲ့ နှစ်တစ်သောင်းက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ရဲ့ အဆင့်တစ်နေရာက ကျိချန်ဇီက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ပြီး အခုသူက ဧကရာဇ်တစ်ပါးဖြစ်သွားပြီလို့ ငါကြားတယ်.... အခု သူက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကနေ နုတ်ထွက်သွားပြီ.. သူ့နေရာကို ဘယ်သူရယူနိုင်မလဲ ငါသိချင်မိတယ်”
“အဲ့ဒါက ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက မျိုးနွယ်စုခေါင်းဆောင် ချီဟောက်ပဲ သေချာပေါက်ဖြစ်မှာပေါ့... သူက လွန်ခဲ့တဲ့ နှစ်သုံးသောင်းကတည်းက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်နေရာမှာ နံပါတ်နှစ်ကို ရယူထားခဲ့ပြီ... လွန်ခဲ့တဲ့ နှစ်နစ်သောင်းတုန်းက သူက ကျိချန်ဇီကို တိုက်ကွက်တစ်ကွက်အနိမ့်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့်သာ မဟုတ်ရင် သူက အဲ့ဒီအချိန်ကတည်းက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ရဲ့ အဆင့်တစ်ဖြစ်နေမှာ”
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက် မစတင်ခင်မှာပင် များပြားလှစွာသော မျိုးနွယ်စုခေါင်းဆောင်များသည် ထိုအကြောင်းကို စတင်ဆွေးနွေး၍ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ရဲ့ အခြေအနေကို ဝေဖန်ဆန်းစစ်နေကြပြီဖြစ်၏။
“အဲ့လိုပြောလို့ မရသေးဘူး”
နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က သူ၏ ခေါင်းကို ညင်သာစွာခါယမ်းပြလိုက်၏။
“နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က အဆင့်သုံး... မိုးကြိုးလေပြည်နန်းတော်ရဲ့ မျိုးနွယ်စုခေါင်းဆောင် ကျိလေကလည်း လွန်ခဲ့တဲ့ နှစ်နှစ်သောင်းကတည်းက တတိယနေရာကို သိမ်းပိုက်ထားခဲ့ပြီ.... မျိုးနွယ်စုခေါင်းဆောင် ကျိလေက ဒီတစ်ခေါက်မှာ အနိုင်ရဖို့ အခွင့်အရေးရှိတယ်လို့ ငါထင်တယ်”
“အဲ့ဒါကို ထားလိုက်ပါဦး... အခု ထိပ်ဆုံးနေရာက လစ်လပ်သွားပြီဆိုတော့... ထိပ်ဆုံး ၆နေရာထဲက အခြား၅ယောက်က နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ရဲ့ အဲ့ဒီနေရာအတွက် တိုက်ခိုက်ရယူနိုင်တဲ့ အခွင့်ရေးရှိတာပဲ”
ထိုစဥ်မှာပင် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ရုတ်တရက်ပြောလိုက်၏။
“ဒီတစ်ခေါက်... နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်မှာ အထီးကျန်သိုင်းသခင်ကလည်း သေချာပေါက် ပေါ်ထွက်လာမယ်လို့ ငါထင်တယ်... သူက နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာတချို့အတွက် တိုက်ခိုက်နိုင်ကောင်း တိုက်ခိုက်နိုင်လိမ့်မယ်”
“သူလား”
နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က မကျေမနပ်ဟန်ဖြင့် နှုတ်ခမ်းစူလိုက်လေသည်။
“သူက လွန်ခဲ့တဲ့နှစ်သုံးရာကမှ အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ထားခဲ့တာပဲ... အလွန်ဆုံး သူက နောက်ထပ် တစ်ခုနှစ်ခုလောက်ကို ထပ်ပြီး နားလည်ဆင်ခြင်နိုင်ရုံပေါ့”
“အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနဲ့ဆိုရင်တောင် သူက နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာ ၂၀ထဲ ဝင်ရောက်နိုင်မယ်ဆိုရင်တောင် မဆိုးလှဘူး ဆိုရမယ်.... ထိပ်ဆုံးနေရာအချို့အတွက် တိုက်ခိုက်ဖို့ သူ့မှာ ခွန်အားဘယ်လောက်ရှိမှာလဲ”
ဘေးမှာရှိသော မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကလည်း ထောက်ခံလိုက်လေသည်။
“အမှန်ပဲ... နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံး ၆နေရာကို မပြောနဲ့ ထိပ်ဆုံး ၁၀နေရာမှာရှိတဲ့ မျိုးနွယ်စုခေါင်းဆောင်တွေကတောင် ရှေးဟောင်းတိုက်ပွဲမြေမှာ နှစ်ပေါင်းများစွာ ကျော်ကြားနေခဲ့ပြီး အဆင့်မြင့်နတ်ဘုရားစွမ်းအား ၁၅ ခုကျော်ကို နားလည်ဆင်ခြင်ထားကြတာပဲ... သူတို့ကြား ကွာဟချက်က အရမ်းကိုကြီးမားတယ်”
“အဲ့ဒါတင် မကသေးဘူး”
နောက်ထပ်တစ်ယောက်ကလည်း ပြောလိုက်လေသည်။
“လွန်ခဲ့တဲ့ နှစ်သုံးရာက သီကလန်ရဲ့ ဧကရာဇ်တစ်ပါးက အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တာကို မမေ့လိုက်နဲ့”
“အထီးကျန်သိုင်းသခင်က... ဒီတစ်ခေါက် ပေါ်ထွက်လာရဲမှာတောင် မဟုတ်ဘူးလို့ ငါထင်တယ်”
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က ချဥ်းကပ်လာသည်နှင့်အမျှ နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ပေါ်ရှိ အပြောင်းအလဲများကလည်း ပိုပြီးသိသာထင်ရှားလာခဲ့၏။
နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်သည် ကောင်းကင်ထက်မှာ ရစ်ဝဲနေပြီး သူတို့၏ အမည်များရေးထိုးထားသည့် စာလိပ်များကို ဖြန့်ချကာ ရွှေရောင်အလင်းများက ဖြာထွက်နေ၏။
သူတို့ထဲမှ နေရာအချို့က ဗလာကျင်းနေပြီး အဲ့ဒီနေရာများက လစ်လပ်နေကြောင်း ဖော်ပြနေ၏။
လူတစ်ယောက်က အနားသို့ ချဥ်းကပ်လာမည်ဆိုလျှင် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ နေရာတစ်နေရာချင်းစီသည် မြေပြင်ပေါ်ရှိ ကြီးမားသော နေရာဒေသတစ်ခုစီသို့ ရောက်ပြန်ဟပ်စေပြီး ထိုနေရာကို ရွှေရောင်အလင်းဖြင့် လွှမ်းခြုံထားပေးသည်ကို တွေ့ရပေလိမ့်မည်။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ အောက်ဘက်မှာ ဤကဲ့သို့သော ရွှေရောင်ဒေသ ၃၆ ခု ရှိလေသည်။
အဲ့ဒါသည် နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်၏ စစ်တလင်းမြေဖြစ်လေသည်။
ရွှေရောင်နယ်မြေများထဲမှ အချို့တွင် ထိုနေရာများကို စောင့်ကြပ်နေသော မဟာယာနမျိုးနွယ်စုခေါင်းဆောင်များရှိလေသည်။
တစ်စုံတစ်ယောက်က ထိုနေရာအတွက် တိုက်ခိုက်ချင်သည်ဆိုလျှင် သူတို့သည် သီးသန့်ပိုင်းခြားထားသော ရွှေရောင်နယ်မြေထဲသို့ ဝင်ရောက်ပြီး ထိုနေရာမှာရှိသည့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်ကို စိန်ခေါ်ရမည်ဖြစ်လေသည်။
တိုက်ခိုက်မှုကို မည်သူကမှ ဟန့်တားနှောက်ယှက်ခွင့် မရှိပေ။
ရွှေရောင်နယ်မြေဒေသတစ်ခုချင်းစီသည် လူနှစ်ယောက်ကိုသာ ဝင်ဆံ့စေနိုင်လေသည်။
ထိုအခိုက်အတန့်မှာ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ အောက်ဘက်၌ စုဝေးလာကြသော မဟာယာနမျိုးနွယ်စုခေါင်းဆောင် ရာနှင့်ချီ ရှိနေကြလေပြီ။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ၏ ဘဝသက်တမ်းက နှစ်တစ်သိန်းဖြစ်လေသည်။
ဤမဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် လူသားမျိုးနွယ်၏ နှစ်တစ်သိန်းစာ အခြေခံအုတ်မြစ်နှင့် တူညီလေသည်။
“ကြည့်စမ်း... နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ပေါ်မှာ အဆင့် ၂၈ ကပျောက်ကွယ်သွားပြီ”
ထိုစဥ်မှာပင် လူအုပ်ကြီးထဲမှ အော်သံတစ်သံထွက်ပေါ်လာပြီး များစွာသော မျိုးနွယ်စုခေါင်းဆောင်များသည် ကောင်းကင်ထက်ရှိ နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ကို တုန်လှုပ်သွားသော အမူအရာများနှင့်အတူ လက်ညိုးထိုးလိုက်ကြ၏။
နောက်ပိုင်းမှ ရောက်ရှိလာသော မျိုးနွယ်စုခေါင်းဆောင် အချို့က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
“မကြာသေးခင်က နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်မှာရှိတဲ့ မျိုးနွယ်စုခေါင်းဆောင်တွေက တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်ခံလာရပြီး အဲ့ဒီနေရာနွေက လစ်လပ်ကုန်တယ်လို့ ငါကြားထားတယ်”
မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ရှင်းပြလိုက်၏။
“အခု... ငါးရက်မှာ အဲ့ဒါက ငါးယောက်ရှိသွားပြီ”
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များသည် ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားကြလေသည်။
မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်၏ တိုက်ပွဲ မစတင်ခင်မှာပင် ဖယ်ရှားခံရမည်ဆိုပါက ဖြစ်နိုင်ခြေနှစ်ခုသာလျှင် ရှိလေသည်။
ပထမတစ်ခုမှာ ဤမဟာယာနမျိုးနွယ်စုခေါင်းဆောင်သည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ပြီး ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သည်ဆိုပါက သူသည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ကနေ သေချာပေါက် ပျောက်ကွယ်သွားပေလိမ့်မည်။
သို့သော်လည်း ထိုဖြစ်နိုင်ခြေက အလွန်တရာကျဥ်းမြောင်းလေသည်။
ဒါ့အပြင် ဤမျှများပြားလှသော ဧကရာဇ်များက ဆက်တိုက်ပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။
အဲ့ဒါက ငါးရက်မှာ မျိုးနွယ်စုခေါင်းဆောင် ငါးယောက်ဖြစ်လေသည်။
ဒုတိယဖြစ်နိုင်ခြေမှာ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က သတ်ဖြတ်ခံရခြင်းပင်။
သူတို့သေဆုံးသွားလျှင် သူတို့သည် နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ပေါ်ကနေ ဖယ်ရှားခံရပေလိမ့်မည်။
“တစ်ယောက်ယောက်က နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က မျိုးနွယ်စုခေါင်းဆောင်တွေကို အမဲလိုက်နေတာပဲ”
ထိုစဥ်မှာပင် တစ်စုံတစ်ယောက်ပြောလိုက်သောစကားက လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ မျိုးနွယ်စုခေါင်းဆောင်များကို အမဲလိုက်ခြင်း...။
အဲ့ဒါက ဘယ်သူလဲ။
ဘယ်သူ့မှာ ထိုကဲ့သို့သော နည်းလမ်းမျိုးရှိတာလဲ။
“အထီးကျန်သိုင်းသခင်လား”
မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်လေသည်။
“အဲ့ဒါကို အထီးကျန်သိုင်းသခင်လုပ်တာပဲ ဖြစ်ရမယ်... အထီးကျန်သိုင်းသခင်က ပြန်ပြီး ပေါ်ထွက်လာပြီ”
“အဲ့ဒါ အထီးကျန်သိုင်းသခင် မဟုတ်ဘူး”
ထိုစဥ်မှာပင် နောက်ထပ် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ပြန်ပြောင်းစဥ်းစားသော အမူအရာတစ်ခုကို ထုတ်ဖော်ပြသလိုက်၏။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါက ရှေးဟောင်းတိုက်ပွဲမြေထဲမှာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်နဲ့ တွေ့ခဲ့တယ်... သူ့ရဲ့ ဆံပင်ရှည်တွေက သူ့ရဲ့မျက်နှာနေရာအများစုကို ဖုံးအုပ်ထားတော့... သူ့ရဲ့ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး”
“အဲ့ဒီအနက်ရောင်ဝတ်လူက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က မျိုးနွယ်စုခေါင်းဆောင်တချို့ရဲ့ တည်နေရာတွေနဲ့ပတ်သက်ပြီး ငါ့ကို မေးမြန်းခဲ့သေးတယ်”
“အဲ့တုန်းကတော့ ငါက သိပ်ပြီးတော့ မစဥ်းစားခဲ့မိဘူး... ငါအခုမှ စဥ်းစားမိတယ်... အဲ့ဒီလူက မျိုးနွယ်စုခေါင်းဆောင်တွေကို အမဲလိုက်နေတာဖြစ်ရမယ်”
“အဲ့ဒါက ဘယ်သူလဲ”
မျိုးနွယ်စုခေါင်းဆောင်များက တွေဝေရှုပ်ထွေးနေကြ၏။
ရှေးဟောင်းတိုက်ပွဲမြေမှာ အထီးကျန်သိုင်းသခင်အပြင် နောက်ထပ် ပြန်ဝင်စားမွန်းစတားတစ်ယောက် ပေါ်ထွက်လာတာလား။
ထိုစဥ်မှာပင် လူအုပ်ကြီးထဲမှ နောက်ထပ် ရုတ်ရုတ်သဲသဲ အသံတစ်သံထွက်ပေါ်လာ၏။
“ကြည့်စမ်း”
တစ်စုံတစ်ယောက်သည် ဖြူဖပ်ဖြူရော် အမူအရာတစ်ခုနှင့်အတူ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကို လက်ညိုးထိုးပြီး တုန်ယင်နေသောအသံဖြင့် ပြောလိုက်၏။
“နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ပေါ်က အဆင့် ၆.. မျိုးနွယ်စုခေါင်းဆောင် ပြောက်ကျားညက ပျောက်ကွယ်သွားပြီ”