ပညာရှင်များစုဝေးလာခြင်း
Vol. 112 Ch. 1675
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ ထိပ်ဆုံးခြောက်ယောက်သည် ရှေးဟောင်းတိုက်ပွဲမြေမှ အသန်မာဆုံး မျိုးနွယ်စုခေါင်းဆောင်များဖြစ်လေသည်။
တစ်မူထူးခြားသော နည်းလမ်းများမရှိဘဲ ထိုထိပ်ဆုံးခြောက်ယောက်သည် ထာဝရလူသားဧကရာဇ်၏ အန္တိမနတ်ဘုရားစွမ်းအားကို အမွေဆက်ခံရရှိဖို့အတွက် ထိပ်ဆုံးနေရာသို့ တက်လှမ်းလာနိုင်လိမ့်မည် မဟုတ်ပေ။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ခြောက်ယောက်ထဲမှ တစ်ယောက်သည် အစစ်အမှန်တိုက်ပွဲ မစတင်ခင်မှာပင် သေဆုံးသွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
“ထူးဆန်းတယ်”
မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က မျက်မှောင်အနည်းငယ် ကြုတ်ပြီး စဥ်းစားတွေးတောလိုက်၏။
“အဲ့ဒီလူထူးဆန်း အမဲလိုက်ခဲ့တဲ့ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က မျိုးနွယ်စုခေါင်းဆောင်တွေက ပုံသေမရှိဘူးပဲ... သူတို့ထဲကတချို့က နှင်းပုံတောင်ကြားက... တချို့ကတော့ အဆူရာဂိုဏ်းက... တချို့ကတော့ ပုံသဏ္ဌာန်မဲ့ကျောင်းတော်ကပဲ... အဲ့ဒါက အင်မော်တယ် ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေ အကုန်လုံးပါနေတယ်”
“အဲ့ဒီလူရဲ့ နောက်ခံက လာပါလိမ့်... သူက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က မျိုးနွယ်စုခေါင်းဆောင်တွေကို ဘာလို့ အမဲလိုက်ရတာလဲ”
နောက်ထပ်လူတစ်ယောက်က ပြောလိုက်၏။
“ထိပ်သီးဂိုဏ်းကြီးတွေရဲ့ ဧကရာဇ်တွေက ရှေးဟောင်းတိုက်ပွဲမြေမှာ သူ့ကို တိုက်ခိုက်လာမှာကို သူမကြောက်ဘူးလား”
“ခန့်မှန်းမနေကြနဲ့တော့... နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်တိုက်ပွဲစတင်တာနဲ့ အဲ့ဒီလူကလည်း သေချာပေါက် ပေါ်ထွက်လာလိမ့်မယ်”
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲက နီးကပ်သည်ထက် နီးကပ်လာခဲ့လေပြီ။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ ဘေးပတ်လည်ရှိ မဟာယာနမျိုးနွယ်စုခေါင်းဆောင်များ၏ အရေအတွက်က တိုးလာနေဆဲ ဖြစ်ပြီး အဲ့ဒါက အရေအတွက် တစ်ထောင်ကို ကျော်သွားခဲ့လေပြီ”
လွန်ခဲ့သည့်နှစ်သုံးရာကျော်က ဆူဇီမိုသည် ပဟေဠိနန်းတော်မှာ ဆိုးယုတ်စိတ်ဝိညာဥ်သစ်သီးများစွာကို ဖြန့်ဝေပေးခဲ့ပြီး တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများစွာက အဆင့်ချိုးဖျက်တက်လှမ်းကာ မဟာယာနအဆင့်သို့ ဝင်ရောက်လာခဲ့ပြီး ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာခဲ့ကြ၏။
ထိုစဥ်မှာပင် မလှမ်းမကမ်းကနေ ဝုန်းခနဲမြည်သံ ထွက်ပေါ်လာပြီး အန္တိမပညာရှင်တစ်ဦး တံခါးပိတ်ကျင့်ကြံရာနေ ထွက်ပေါ်လာသည့်အလား မြေပြင်က တုန်ခါသွားလေသည်။ မျိုးနွယ်စုခေါင်းဆောင်များစွာက လှည့်ကြည့်လိုက်ကြ၏။
မိုးကုပ်စက်ဝိုင်းကနေ အလျှံညီးညီး မိုးကြိုးတစ်စင်းက ပျံသန်းလာပြီး မျိုးနွယ်စုခေါင်းဆောင်များစွာ၏ ဦးခေါင်းများအထက်သို့ ချက်ချင်းပင်ရောက်ရှိကာ သူ၏ ပုံပန်းသွင်ပြင်က ပေါ်ထွက်လာခဲ့၏။
နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ပေါ်ရှိ အဆင့်၃ မျိုးနွယ်စုခေါင်းဆောင် ကျိလေ...။
ကျင့်ကြံသူများစွာသည် မျိုးနွယ်စုခေါင်းဆောင် ကျိလေကို ကြည်ညိုလေးစားစွာဖြင့် ကြည့်လိုက်ကြ၏။
သူသည် နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ပေါ်တွင် အဆင့် ၃ ဝင်ခဲ့သည်မှာ နှစ်နှစ်သောင်းရှိသွားခဲ့လေပြီ ။ သူသည် နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက် တိုက်ပွဲနှစ်ပွဲမှာ သန်မာသောရန်သူများစွာကို အနိုင်ယူခဲ့လေသည်။
“ဟီးဟီး”
ရုတ်တရက် မလှမ်းမကမ်းကနေ ရယ်မောသံတစ်သံက ထွက်ပေါ်လာ၏။
လူတစ်ယောက်က အပြုံးတစ်ခုနှင့်အတူ လေထဲကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
“ညီကို ကျိလေ... အခြေအနေဘယ်လိုရှိစ”
လူအုပ်ကြီးက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။
ထိုသူသည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ အဆင့်-၅ ဖြစ်သော မျိုးနွယ်စုခေါင်းဆောင် ဖီရှင်းပင်ဖြစ်လေသည်။
“ဘာလို့လဲ... မင်းငါ့ကို စိန်ခေါ်ဦးမှာလား”
မျိုးနွယ်စုခေါင်းဆောင် ကျိလေက မျိုးနွယ်စုခေါင်းဆောင် ဖီရှင်းကို တစ်ချက်ကြည့်ပြီး သရော်တော်တော်အမူအရာနှင့်အတူ လှောင်ပြုံးပြုံးလိုက်လေသည်။
မျိုးနွယ်စုခေါင်းဆောင် ဖီရှင်းက လုံးဝဒေါသထွက်မသွားပေ။
“အဆင်ပြေပါတယ်.... ငါက ဒီတစ်ခေါက် အဲ့ဒါကို မလုပ်နိုင်ဘူးဆိုရင်တောင် နောက်ထပ်နှစ်တစ်သောင်းနေရင် ငါထပ်ပြီး ကြိုးစားနိုင်တာပဲ... ငါက ငယ်သေးတယ်... ဒါပေမဲ့ မင်းကတော့ မင်းရဲ့အရွယ်ကောင်းကို ကျော်လွန်လာခဲ့ပြီ... ဒီတိုင်းဆက်သွားရင် မင်းက သေချာပေါက် ရှုံးနိမ့်ရမှာပဲ”
မျိုးနွယ်စုခေါင်းဆောင် ဖီရှင်းသည် မျိုးနွယ်စုခေါင်းဆောင် ကျိလေကို ရှုံးနိမ့်ခဲ့လေသည်။
ဤနှစ်များအတွင်း သူတို့နှစ်ယောက်သည် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ပြီး မျိုးနွယ်စုခေါင်းဆောင် ဖီရှင်းကသာ အမြဲတမ်းရှုံးနိမ့်ခဲ့လေသည်။
သူတို့နှစ်ယောက်ကို ရန်သူတော်ဟောင်းများအဖြစ် သတ်မှတ်နိုင်လေသည်။
ယခုအချိန်... သူတို့တွေ့ဆုံသည့် ခဏမှာပင် အချေအတင် ဖြစ်လာကြလေပြီ။
“မျိုးနွယ်စုခေါင်းဆောင် ကျိလေရဲ့အသက်က မငယ်တော့ဘူး... သူက နှစ် ၈သောင်း ဝန်းကျင်လောက်ရှိနေပြီလို့ ငါကြားမိတယ်”
“အဲ့ဒါဆို... အိုနေပြီပဲ”
“ပုံမှန်အခြေအနေမှာဆိုရင် နှစ်ရှစ်သောင်းဝန်းကျင်လောက်ဆို သူ့ဘဝရဲ့နှောင်းပိုင်းအရွယ်ကို ရောက်နေသင့်ပြီ... ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင် ကျိလေရဲ့ ခန္ဓာကိုယ်မှာ အိုစာတဲ့ ဘာလက္ခဏာမှမရှိဘူး... သူ့ရဲ့သွေးချီက သန်မာနေတုန်းပဲ... တကယ့်ကိုအထင်ကြီးစရာပဲ”
မျိုးနွယ်စုခေါင်းဆောင် အချို့က တီးတိုးဆွေးနွေးလိုက်ကြ၏။
“ရှင်တို့နှစ်ယောက်က ရှင်တို့ရဲ့ စွမ်းအင်တွေကို ချွေတာထားတာ ပိုကောင်းလိမ့်မယ်”
နောက်ထပ်ပုံရိပ်တစ်ခုက လေထဲကနေ ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။
အဲ့ဒါက ပခုံးထောက်ဆံပင် ခရမ်းရောင်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။ သူမသည် သူမ၏ ကျောပေါ်မှာ ဓားရှည်တစ်လက်ကို လွယ်ထားပြီး သူမ၏ အမူအရာက တည်ကြည်လေးနက်နေ၏။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ အဆင့် ၄.. ခရမ်းရောင်မိုးကောင်းကင်ဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင် ကျိရွှမ်း။
မျိုးနွယ်စုခေါင်းဆောင် ကျိရွှမ်းက ပြောလိုက်၏။
“ရှင်တို့နှစ်ယောက်က နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်ကြံနေခဲ့တာဆိုတော့ နတ်ဘုရာစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က မျိုးနွယ်စုခေါင်းဆောင်တွေကို အထူးတလည်ပစ်မှတ်ထားပြီး အမဲလိုက်နေတဲ့ ပြန်ဝင်စားမွန်းစတားတစ်ယောက် ရှေးဟောင်းတိုက်ပွဲမြေမှာ ပေါ်ထွက်လာတာကို ရှင်တို့ မကြားမိလောက်သေးဘူး”
“အခုဆိုရင်... သူ့လက်ထဲမှာ သေဆုံးခဲ့ရတဲ့ မျိုးနွယ်စုခေါင်းဆောင် အနည်းဆုံး ၆ယောက်ရှိသွားပြီ... နောက်ပြီး ဘယ်သူကမှ သူ့ရဲ့နောက်ခံကို မသိရဘူး... သူက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ်”
“အို... ဟုတ်လား”
မျိုးနွယ်စုခေါင်းဆောင် ကျိလေက အရေးတယူစဥ်းစားတွေးတောခြင်းမရှိဘဲ မှင်သေသေဖြင့် ပြောလိုက်လေသည်။
“ဒါဆို... သူက ပုန်းရှောင်နေတဲ့ ငကြောက်တစ်ကောင်ပေါ့... ဘာတွေများ စိုးရိမ်စရာရှိလို့လဲ”
ရုတ်တရက်ဆိုသလို...
အလွန်တရာ ဖိနှိမ်နိုင်သော အော်ရာတစ်ခု ဆင်းသက်လာသကဲ့သို့ လောကသည် မှောင်မည်းသွားသည်ဟု ထင်ရကာ လူတိုင်းကို အန္တရာယ်အငွေ့အသက် ခံစားချက်တစ်ခုပေးလာခဲ့၏။
လက်ရှိမျိုးနွယ်စုခေါင်းဆောင်များအားလုံးက မွန်းကျပ်ဖွယ်ရာ ခံစားလာရ၏။
မျိုးနွယ်စုခေါင်းဆောင်များသည် ထိုအော်ရာနှင့် အလွန်တရာရင်းနှီးလေသည်။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ အဆင့်နှစ် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင် ချီဟောက်...။
မျိုးနွယ်စုခေါင်းဆောင် ချီဟောက်သည် အင်အားကြီးမားသော စွမ်းပကားတစ်ခုနှင့်အတူ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ရှိရာသို့ မှင်သေသေဖြင့် လျှောက်လှမ်းလာ၏။
လူအုပ်ကြီးထဲရှိ ဆွေးနွေးပြောဆိုသံများက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး လူတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ထိုအခိုက်အတန့်မှာပင် သေဆုံးသွားသော ထိုသူများမှလွဲလျှင် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ မျိုးနွယ်စုခေါင်းဆောင်များအားလုံးက ရောက်ရှိလာကြလေပြီ။
“ကြည့်စမ်း... အဲ့ဒါဟိုလူပဲ”
“ဘယ်သူလဲ”
“နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ပေါ်က မျိုးနွယ်စုခေါင်းဆောင်တွေကို အမဲလိုက်နေတဲ့ လူထူးဆန်းပဲ”
မျိုးနွယ်စုခေါင်းဆောင် ချီဟောက် ပေါ်ထွက်လာခြင်းနှင့်အတူ တိတ်ဆိတ်ငြိမ်သက်သွားခါစ လူအုပ်ကြီးထဲမှ နောက်ထပ် ရုတ်ရုတ်သဲသဲ အသံတချို့ ပြန်လည်ထွက်ပေါ်လာ၏။ မျိုးနွယ်စုခေါင်းဆောင် ချီဟောက်ပင်လျှင် ထိုကဲ့သို့သောအခြေအနေကို မဖိနှိမ်နိုင်တော့ပေ။
မျိုးနွယ်စုခေါင်းဆောင်များစွာက မြောက်ဘက်အရပ်သို့ လှည့်ကြည့်လိုက်ကြ၏။
အဖြူရောင်ဝတ်အမျိုးသားတစ်ယောက်က လျှောက်လှမ်းလာနေ၏။ သူ၏ ဆံပင်ရှည်များကို ဒီတိုင်းဖြန့်ချထားပြီး မျက်နှာနေရာအများစုကို ဖုံးအုပ်ထားလေသည်။
ထိုအမျိုးသားက သူ၏ မျက်လုံးတစ်ဖက်ကိုသာ ထုတ်ဖော်ထားလေသည်။ သို့သော်လည် ထိုမျက်လုံးထဲမှာ အဆုံးမဲ့ဉာဏ်ပညာများ ပါဝင်နေသည့်အလား ၎င်းက နက်ရှိုင်း၍ တောက်ပနေ၏။ ထိုမျက်လုံးနှင့် အကြည့်ချင်းဆုံမိသော မည်သူမဆို အလိုလိုငေးငိုင်သွားကြလေသည်။
ထိုအမျိုးသား၏ နှာရောင်ပေါ်မှာ ခပ်ဖျော့ဖျော့ သွေးအမာရွတ်တစ်ခုကိုလည်း တွေ့မြင်နိုင်လေသည်။
သို့သော်လည်း ထိုသွေးအမာရွတ်ကို ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ကောင်းကင်ဘုံမျက်လုံးနှင့် မည်သူကမှ မဆက်စပ်မိကြပေ။
အကြောင်းမှာ ရှေးဟောင်းတိုက်ပွဲမြေကို အကာအရံအလွှာတစ်ခုနှင့် ချိတ်ပိတ်ထားပြီး ကမ္ဘာဦးမျိုးနွယ်ကနေ မည်သူကမှ ဝင်ရောက်နိုင်မည်မဟုတ်သောကြောင့်ပင်။
သူတို့သည် သွေးအမာရွတ်ကို တွေ့မြင်သောအခါ အဲ့ဒါသည် ထိုသူ၏ နှာရောင်ပေါ်ရှိ ဒဏ်ရာအမာရွတ်တစ်ခုဖြစ်မည်ဟု မျိုးနွယ်စုခေါင်းဆောင်များစွာက တွေးထင်လိုက်ကြလေသည်။
“အဲ့ဒါသူပဲ”
မျိုးနွယ်စုခေါင်းဆောင် ကျိရွှမ်းက တည်ကြည်လေးနက်စွာ ပြောလိုက်လေသည်။
“ငါသူ့ကို အဝေးကနေတစ်ခါမြင်ဖူးတယ်... သူက အရမ်းကိုသန်မာပြီးတော့ အံမခန်းပဲ... ငါကတော့ သူ့ကိုရင်ဆိုင်ဖို့ ယုံကြည်မှု မရှိဘူး”
“အဲ့ဒီငနဲက ဘယ်ကနေရောက်လာတလဲ... ငါသူ့ကို အရင်က ဘာလို့မကြားဖူးရတာလဲ”
မျိုးနွယ်စုခေါင်းဆောင် ဖီရှင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
အဖြူရောင်ဝတ်လူနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် သူပင်လျှင် မအီမသာခံစားလိုက်ရလေသည်။
မျိုးနွယ်စုခေါင်းဆောင် ကျိလေက သူ၏ မျက်လုံးကို မှေးကျဥ်းပြီး သူ၏ အကြည့်က နက်ရှိုင်းသောအတွေးနှင့်အတူ တဖျတ်ဖျတ်ဖြစ်လာခဲ့၏။
မျိုးနွယ်စုခေါင်းဆောင် ချီဟောက်ကလည်း လှည့်ကြည့်လာခဲ့ပြီး ဝင်ရောက်လာသူကို မမှိတ်မသုန်စိုက်ကြည့်ကာ အလွန်တရာခြိမ်းခြောက်နိုင်သော အော်ရာတစ်ခုကို ထုတ်ဖော်နေ၏။
ဤမျှ များပြားသော ပညာရှင်များ၏ အကြည့်များနှင့် ရင်ဆိုင်ရချိန်မှာ အဖြူရောင်ဝတ်အမျိုးသားသည် မသက်မသာဖြစ်မှု နည်းနည်းကလေးမှ မရှိဘဲ ဣန္ဒြေရစွာပင် အေးအေးလူလူလျှောက်လှမ်းလာ၏။
ရုတ်တရက်ဆိုသလို...
သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား အဖြူရောင်ဝတ်အမျိုးသားသည် အရှေ့ဘက်အရပ်သို့ လှည့်ကြည့်လိုက်လေသည်။
ထိုအခိုက်အတန့်မှာ မျိုးနွယ်စုခေါင်းဆောင် ချီဟောက်နှင့် အခြားသူများပင်လျှင် မည်သည့်အရာကိုမှ သတိမထားမိကြပေ။
သို့သော်လည်း သိပ်မကြာခင် အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကနေ ပုံရိပ်တစ်ခုပေါ်ထွက်လာ၏။
သူ၏ အစိမ်းရောင်ဝတ်ရုံက တဖျတ်ဖျတ်လွင့်နေပြီး သူ၏ အနက်ရောင်ဆံပင်ကို ရေတံခွန်တစ်ခုကဲ့သို့ ဖြန့်ချထားလေသည်။ သူ၏ မျက်လုံးများက တည်ငြိမ်နေပြီး လေပေါ်ကနေ စီးနင်းလာခဲ့၏။
“အထီးကျန်သိုင်းသခင်...”
“အထီးကျန်သိုင်းသခင်လည်း ရောက်လာတာပဲ”
“အထီးကျန်သိုင်းသခင်က သေရမှာကို တကယ်မကြောက်ဘူးပဲ”
ဆူဇီမိုကို အရင်က ကိုယ်တိုင်မတွေ့မြင်ဖူးသော ထိုသူများပင်လျှင် သူ၏ ဝတ်စားဆင်ယင်ပုံနှင့် သူထုတ်ဖော်နေသည့် စွမ်းအားကြီးမားသော အသက်ဓာတ်စွမ်းအားအရ အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ သရုပ်သကန်ကို ခန့်မှန်းမိနိုင်ကြလေသည်။
“ခင်ဗျားရောက်နေပြီပဲ”
ဆူဇီမိုက ချဥ်းကပ်လာပြီး သူ၏ အကြည့်က ရွေ့လျားသွားကာ အဖြူရောင်ဝတ်အမျိုးသားကို နှုတ်ဆက်လိုက်လေသည်။
လူတိုင်းက တုန်လှုပ်သွားကြ၏။
သူ၏ လေသံအရ အထီးကျန်သိုင်းသခင်က ဤလျှို့ဝှက်ဆန်းကြယ်သောလူကို သိရှိထားသည့်ပုံပင်။
အခြားသူများသည် အဖြူရောင်ဝတ်အမျိုးသားကို သိရှိထားချင်မှ သိရှိထားမည်ဖြစ်သော်လည်း နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ မျိုးနွယ်စုခေါင်းဆောင်များကို အမဲလိုက်နေသည့် လူထူးဆန်းက ကိုယ်တော်တာမင်းဖြစ်သည်ကို ဆူဇီမိုက သိရှိထားလေသည်။
“ခင်ဗျားဘာလို့ သူတို့ကို သတ်ခဲ့တာလဲ”
ဆူဖီမိုက မျက်မှောင်အနည်းငယ် ကြုတ်ပြီး လိုရင်းကို တန်းမေးလိုက်၏။
ကိုယ်တော်တာမင်းသည် ကောင်းကင်စင်ရော်ဂိုဏ်း ၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနှင့် ဖန်းလိုင်ကျွန်းမှ မျိုးနွယ်စုခေါင်းဆောင်များကို သတ်ဖြတ်ခဲ့သည်ဆိုလျှင် သူက နားလည်ပေးနိုင်လေသည်။
သို့သော်လည်း ကိုယ်တော်တာမင်းသည် နှင်းပုံတောင်ကြားနှင့် အခြားသောထိပ်သီးဂိုဏ်းကြီးများမှ မျိုးနွယ်စုခေါင်းဆောင်များကို ဘာကြောင့်ပစ်မှတ်ထားခဲ့သလဲ သူက နားမလည်နိုင်ပေ။
သူတို့ကြားမှာ မည်သည့်ရန်ငြိုးရန်စမှ မရှိသင့်ပေ။
ကိုယ်တော်တာမင်းက အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွား၏။
“အဲ့ဒါ... ငါမင်းကို သတ်ချင်ခဲ့တဲ့ အကြောင်းရင်းနဲ့ အတူတူပဲ”
“ခင်ဗျားဆိုလိုတာက....”
ဆူဇီမိုက တုန်လှုပ်သွားလေသည်။