← Chapters

စာအုပ်ပြန်ထားသွားခြင်း

Vol. 112 Ch. 1677

စာအုပ်ပြန်ထားသွားခြင်း

Vol. 112 Ch. 1677

လက်ဝါးရိုက်ချက်တစ်ချက်နှင့်ပင် အထီးကျန်သိုင်းသခင်သည် မျိုးနွယ်စုခေါင်းဆောင် ရှုကျင်း၏ ဓမ္မရတနာကို လက်ဗလာဖြင့် ဖျက်ဆီးပစ်လိုက်၏။

နောက်ပိုင်းအဆင့် မဟာယာနတစ်ယောက်ဖြစ်သော အထီးကျန်သိုင်းသခင်သည် ဤမျှလောက် သန်မာနေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။

အဲ့ဒါသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ ပါရမီအလားအလာဖြစ်လေသည်။

ဤနှစ်များအတွင်း အဆင့်မြင့်နတ်ဘုရားစွမ်းအားများ၏ ဆေးကြောသန့်စင်မှုနှင့် မွမ်းမံမှုကို ခံယူပြီးနောက် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အလျင်အမြန်ကြီးထွားလာပြီး ပို၍ပင် သန်မာလာခဲ့၏။

သို့သော်လည်း အဲ့ဒါသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အကန့်အသတ်နှင့် အထွတ်အထိပ်မဟုတ်သေးပေ။

တိုက်ပွဲနယ်မြေမှာ...

ဆေဘာက ကြေမွသွားပြီး ဆူဇီမိုက သူ၏ လက်ဖဝါးဖြင့် ပစ်ပေါက်ချလိုက်၏။ ဆေဘာအစအနများစွာသည် အေးစက်နေသော အလင်းများစွာအဖြစ် ပြောင်းလဲသွား​ပြီး မျိုးနွယ်စုခေါင်းဆောင် ရှုကျင်း၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပင်ဝင်ရောက်သွားလေသည်။

သူတို့နှစ်ယောက်သည် အရမ်းကို နီးကပ်နေပြီး ဆူဇီမိုက သူ၏ ဆေဘာကို ခြေမွှဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု မျိုးနွယ်စုခေါင်းဆောင်ရှုကျင်းက ထင်မှတ်မထားသည့်အတွက် သူက အချိန်မီမတုံ့ပြန်နိုင်တော့ပေ။

ဖောက်... ဖောက်...

မျိုးနွယ်စုခေါင်းဆောင်ရှုကျင်းထံမှ သွေးမြူများက ပေါက်ကွဲထွက်ပေါ်လာ၏။

ခဏမျှရပ်တန့်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ဆေဘာအစအနများထဲတွင်ပါဝင်သော စွမ်းအားကို ခံနိုင်ရည်မရှိဘဲ ပေါက်ကွဲထွက်သွား၏။

မျိုးနွယ်စုခေါင်းဆောင် ရှုကျင်း၏ အမြုတေစိတ်ဝိညာဥ်က အဝေးသို့ ထွက်ပြေးသွားလေသည်။

“ဟမ့်.. “

ဆူဇီမိုက လှောင်ရယ်လိုက်၏။

“မင်းက ထွက်ပြေးနိုင်မယ် ထင်နေလို့လား”

ဇီ...

ဖျတ်ခနဲဆို အလျှံညီးညီး ဓားအလင်းတန်းတစ်ခုဆင်းသက်လာပြီး မျိုးနွယ်စုခေါင်းဆောင်ရှုကျင်း၏ အမြုတေစိတ်ဝိညာဥ်ကို ချက်ချင်းပင် နှစ်ပိုင်းလှီးဖြတ်လိုက်လေသည်။

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ အဆင့်၂၁ မျိုးနွယ်စုခေါင်းဆောင်ရှုကျင်းက သေဆုံးသွားလေပြီ။

လူအုပ်ကြီးသည် ခဏမျှငြိမ်သက်သွားပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

တိုက်ပွဲက အလွန်လျင်မြန်စွာ ​ပြီးဆုံးသွားလေသည်။

ဆူဇီမို တိုက်ခိုက်လိုက်ချိန်မှ မျိုးနွယ်စုခေါင်းဆောင်ရှုကျင်း သေဆုံးချိန်ထိ အသက်ဆယ်ရှိုက်စာပင် မကြာခဲ့ပေ။

အစကနေ ယခုအချိန်ထိ မျိုးနွယ်စုခေါင်းဆောင်ရှုကျင်းသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကိုသာ ထုတ်ဖော်ခဲ့ရပြီး သူက ဒုတိယနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ဖို့ အခွင့်အရေးပင်မရဘဲ သေဆုံးသွားလေသည်။

“အဲ့ဒါက သက်ရှိအားလုံးအတွက် တာအိုတည်ထောင်ပေးခဲ့တဲ့ အထီးကျန်သိုင်းသခင်လား”

ထိုသည်ကိုတွေ့မြင်သောအခါ လေထဲရှိ စစ်တုရင်ဧကရာဇ်က ခေါင်းညိတ်၍ ချီးကျူးလိုက်၏။

“​နောက်ပိုင်းမဟာယာနအဆင့်မှာတင် မင်းက မင်းထက် ကျင့်ကြံမှုအဆင့် ပိုမြင့်တဲ့ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က ပညာရှင်တွေကို သတ်ဖြတ်နိုင်နေပြီပဲ... မင်းက မင်းရဲ့ နာမည်ဂုဏ်သတင်းနဲ့ တကယ်ပဲလိုက်ဖက်ပါပေတယ်”

ဆူဇီမိုသည် ထိုရွှေရောင်နယ်မြေမှာ ဆက်လက်ကြန့်ကြာနေခြင်းမရှိပေ။ ထိုအစား သူက လှည့်ထွက်လာပြီး နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ မျိုးနွယ်စုခေါင်းဆောင်များကို ကြည့်လိုက်၏။

“ကောင်းကင်စင်ရော်ဂိုဏ်း ၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းနဲ့ ဖန်းလိုင်ကျွန်းက မျိုးနွယ်စုခေါင်းဆောင်တွေ... မင်းတို့တွေ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ကနေ နုတ်ထွက်လို့ရပြီ”

“ဘယ်အချက်ပေါ် မူတည်ပြီးတော့လဲ”

နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ရှိ အဆင့် ၁၇ မျိုးနွယ်စုခေါင်းဆောင် ချင်းထျန်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“အဲ့ဒီစကားကိုပြောတဲ့လူက ငါဖြစ်နေလို့ပဲ”

ဆူဇီမိုက အေးစက်စွာပြောလိုက်၏။

“မင်းတို့တွေက အဆင့်သတ်မှတ်ချက်ပေါ်ကနေ မင်းတို့သဘောနဲ့မင်းတို့ နှုတ်မထွက်ဘူးဆိုရင် မင်းတို့တွေက ရှုကျင်းလိုမျိုး တူညီတဲ့ ကံကြမ္မာနဲ့ အဆုံးသတ်ရလိမ့်မယ်”

“အထီးကျန်သိုင်းသခင်.... မင်းက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်အတွက် တိုက်ခိုက်ချင်တယ်ဆိုရင် နားလည်လက်ခံပေးနိုင်တယ်... ဒါပေမဲ့ အခုကတော့ အရမ်းကို စိုးမိုးဗိုလ်ကျလွန်းမနေဘူးလား”

“အဲ့ဒါအမှန်ပဲ”

ချက်ချင်းပင် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မျိုးနွယ်စုခေါင်းဆောင်က သဘောတူထောက်ခံပြီး စစ်တုရင်ဧကရာဇ်ဘက်သို့ လက်နှစ်ဖက်ကိုယှက်ကာ အော်ပြောလိုက်လေသည်။

“ပဟေဠိနန်းတော်က အဆင့်သတ်မှတ်ချက် ၃ခုကို အမြဲတမ်း မျှမျှတတနဲ့ သမာသမတ်ကျကျ ဆုံးဖြတ်ပေးခဲ့တယ်... စီနီယာစစ်တုရင်ဧကရာဇ် ကျေးဇူးပြုပြီး... အထီးကျန်သိုင်းသခင်ကို ဖိနှိမ်ပေးပါ”

စစ်တုရင်ဧကရာဇ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်လေသည်။

“မင်းပြောတာမှန်တယ်... ပဟေဠိနန်းတော်က အမြဲတမ်းမျှမျှတတနဲ့ သမာသမတ်ကျခဲ့တယ်... ဒီလိုကိစ္စမျိုးမှာ ငါတို့က ဝင်ပါစရာအကြောင်းမရှိဘူး”

“အထီးကျန်သိုင်းသခင်က နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်က နေရာတစ်နေရာအတွက် တိုက်ခိုက်နေတာပဲ... သူက အားနည်းတဲ့သူကို အနိုင်ကျင့်တာမဟုတ်သလို... အရေအတွက်အားကိုးနဲ့ အနိုင်ကျင့်နေတာလည်း မဟုတ်ဘူး... ငါက သူ့ကို ဘာလို့ဖိနှိမ်ပေးရမှာလဲ”

“ဒါပေမဲ့...”

မျိုးနွယ်စုခေါင်းဆောင် ချင်းထျန်က ငြင်းဆန်ချင်လေသည်။

စစ်တုရင်ဧကရာဇ်က သူ၏ အင်္ကျီလက်စကို ညင်သာစွာ ဝေ့ယမ်းလိုက်၏။

“ဘာမှ ထပ်ပြောစရာမလိုတော့ဘူး... အထီးကျန်သိုင်းသခင်က မင်းတို့ရဲ့ နာမည်တွေကို ဖယ်ရှားပစ်ချင်တယ်ဆိုရင်တောင် သူ့မှာ အဲ့လိုလုပ်ပိုင်ခွင့်ရှိတယ်... ဘယ်သူမဆို နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်မှာ သူတို့ရဲ့ နာမည်တွေကို ချန်ထားနိုင်တယ်... ဒါပေမဲ့ မင်းတို့ဂိုဏ်းသုံးဂိုဏ်းက မျိုးနွယ်စုခေါင်းဆောင်တွေကတော့ အဆင့်မမီဘူး”

“လူသားမျိုးနွယ်က ဒုက္ခရောက်နေချိန်မှာ မင်းတို့တွေက ငါတို့မျိုးနွယ်ကို စွန့်ခွာပြီး အသက်ရှင်သန်ဖို့အတွက် ကမ္ဘာဦးမျိုးနွယ် ၆စု ထံမှာ အညံ့ခံသွားကြတယ်... မင်းတို့တွေက ဘယ်လိုမျက်နှာနဲ့များ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်မှာ ဆက်ပြီး ရှိနေနိုင်သေးတာလဲ”

မျိုးနွယ်စုခေါင်းဆောင်ချင်းထျန်နှင့် အခြားသူများသည် စစ်တုရင်ဧကရာဇ်၏ ဆူပူငေါက်ငမ်းခြင်းခံရပြီးနောက် သူတို့၏ မျက်နှာများက ရှက်ရွံ့မှုဖြင့် နီမြန်းသွားကြ၏။

သို့သော်လည်း သူတို့အားလုံးသည် လူတိုင်း၏ ရှေ့မှောက်မှာပင် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ကနေ ဤကဲ့သို့ နှုတ်ထွက်ရဖို့ကို တွေဝေတုံ့ဆိုင်းနေကြဆဲ ဖြစ်၏။

ထိုစဥ်မှာပင် ဆူဇီမိုက သူတို့ထံသို့ လျှောက်လှမ်းလာခဲ့၏။

မျိုးနွယ်စုခေါင်းဆောင် ချင်းထျန်နှင့် အခြားသူများ၏ အမူအရာက ပြောင်းလဲသွားပြီး အံကိုတင်းတင်းကြိတ်ကာ ခွေလေခွေးလွင့်များကဲ့သို့ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပေါ်ကနေ ချာခနဲ လှည့်ထွက်ပြေးသွားကြလေသည်။

သို့သော်လည်း ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ အခြားသော မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်ကတော့ နတ်ဘုရားစွမ်းအာ အဆင့်သတ်မှတ်ချက်ပေါ်ကနေ ထွက်ခွာသွားခြင်းမရှိပေ။

နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်ပေါ်ရှိ အဆင့်၂.. မျိုးနွယ်စုခေါင်းဆောင် ချီဟောက်...။

ဘုန်း...

ထိုစဥ်မှာပင် တိုက်ပွဲနယ်မြေကနေ နောက်ထပ်ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာပြီး ကျင့်ကြံသူများစွာ၏ စိတ်အာရုံကို ဆွဲဆောင်လိုက်လေသည်။

ကိုယ်တော်တာမင်းနှင့် မျိုးနွယ်စုခေါင်းဆောင် ကျိလေက စတင်တိုက်ခိုက်နေကြပြီဖြစ်၏။

အခြားသော ရွှေရောင်နယ်မြေများမှာ တိုက်ခိုက်နေကြသည့် မျိုးနွယ်စုခေါင်းဆောင်များ ရှိကြသော်လည်း လူတိုင်း၏ အကြည့်ကို ကိုယ်တော်တာမင်းက ဆွဲဆောင်နိုင်ဆဲ ဖြစ်၏။

လူတိုင်းသည် ကိုယ်တော်တာမင်း၏ နောက်ခံနှင့် နည်းလမ်းများနှင် ပတ်သက်၍ သိချင်စိတ်ပြင်းပြနေကြဆဲ ဖြစ်၏။

မျိုးနွယ်စုခေါင်းဆောင်များစွာအတွက်တော့ ကိုယ်တော်တာမင်း တိုက်ခိုက်လာသည်နှင့်အမျှ သူ၏ နည်းစနစ်များအပေါ် အခြေခံပြီး သူ၏ သရုပ်သကန်နှင့် နည်းစနစ်များကို အခြေခံပြီး ထိုသူ၏ နောက်ခံကို သေချာပေါက် ဖော်ထုတ်နိုင်မည်ဟု မှတ်ယူထားခဲ့ကြလေသည်။

သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင်များစွာက စိတ်ပျက်လက်ပျက် ဖြစ်သွားရလေသည်။

တိုက်ခိုက်မှု၏ ဤနေရာအရောက်ထိ ကိုယ်တော်တာမင်းသည် မည်သည့်လျှို့ဝှက်အတတ် သို့မဟုတ် မည်သည့် နတ်ဘုရားစွမ်းအားကိုမှ ထုတ်ဖော်ခြင်းမရှိပေ။

သူသည် သူ၏ ကိုယ်ကာယာခန္ဓာကိုယ်နှင့် သွေးချီနှင့်အတူ မျိုးနွယ်စုခေါင်းဆောင် ကျိလေကို အဆက်မပြတ် ဖိနှိမ်နေလေသည်။

ထိုသူက အပြင်းအထန်နောက်ဆုတ်နေရပြီး လုံးဝကို အရေးနိမ့်နေရ၏။

စောစောက ကျယ်လောင်သောမြည်သံသည် မျိုးနွယ်စုခေါင်းဆောင် ကျိလေ ထုတ်ဖော်လိုက်သော အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုသည် ကိုယ်တော်တာမင်း၏ လက်ဖဝါးရိုက်ချက်ဖြင့် ကြေမွသွားသော အသံဖြစ်လေသည်။

“အဲ့ဒီလူရဲ့ နောက်ခံက ဘာလဲ... သူက အရမ်းကို သန်မာတာပဲ”

“သူက... ခန္ဓာမီးဆေးခြင်းမှာ အထူးပြုတဲ့ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းက ဖြစ်ရမယ်... သူက ဖန်သားနန်းတော်ကလား ပဒေသရာဇ်နန်းတော်ကလား... ဒါမှမဟုတ် စိန်ကျောင်းတော်ကပဲလား”

“မဖြစ်နိုင်ဘူး... ထိပ်သီးဂိုဏ်းကြီးတွေရဲ့ ခန္ဓာမီးဆေးဓမ္မအစီအရင်တွေတောင်မှ နတ်ဘုရားစွမ်းအားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့အထိ ကြောက်စရာကောင်းမှာမဟုတ်ဘူး”

မျိုးနွယ်စုခေါင်းဆောင်များစွာက အတန်ကြာသည့်အထိ ဆွေးနွေးလိုက်သော်လည်း မည်သည့်အဖြေမှရရှိမလာပေ။

လေထဲတွင်...

စစ်တုရင်ဧကရာဇ်က မျက်မှောင်အနည်းငယ် ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။

“အဲ့ဒါဘယ်သူလဲ... ငါတောင်မှ သူ့ရဲ့နောက်ခံကို မပြောနိုင်ဘူး... စိတ်ဝင်စားစရာပဲ”

လင်းရွှမ်ကျီ၏ မျက်လုံးက တဖျတ်ဖျတ်ဖြစ်သွားလေသည်။

“အဲ့ဒီလူက ပဟေဠိနန်းတော်ထဲကို စိမ့်ဝင်ထိုးဖောက်ပြီး ဂမ္ဘီရမိုးကောင်းကင် မှတ်တမ်းကို ခိုးယူသွားတဲ့သူ ဖြစ်ဖို့များတယ်”

“အို...”

စစ်တုရင်ဧကရာဇ်က လင်းရွှမ်ကျီကို တစ်ချက်ကြည့်ပြီး အံ့အားသင့်စွာဖြင့် ပြောလိုက်၏။

“ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်း ခိုးယူခံခဲ့ရတဲ့ကိစ္စက တကယ်ပဲကိုး... အဲ့ဒီသတင်းကိုကြားတုန်းက တစ်ယောက်ယောက်က အဓိပ္ပါယ်မရှိလျှောက်ပြောနေတာဖြစ်မယ်လို့ ငါထင်ထားတာ”

“အဲဒါတင်မကဘူး... သူက မကြာသေးခင်နှစ်တွေထဲ ထျန်ဟွမ်ကုန်းမြေတိုက်မှာ ပေါ်ထွက်လာတဲ့ ကိစ္စတွေရဲ့ နောက်ကွယ်ကလူ ဖြစ်လိမ့်မယ်လို့ ကျုပ်သံသယရှိတယ်”

လင်းရွှမ်ကျီက ပြောလိုက်၏။

“စီနီယာအစ်ကို ကောင်းကင်ဘုံလျို့ဝှက်ချက်က သေသင့်သေထိုက်တယ်ဆိုပေမဲ့ သူက အဲ့ဒီလူရဲ့ လျှို့ဝှက်ကြံစည်ခြင်းခံခဲ့ရတာ ဖြစ်ဖို့များတယ်”

“တကယ့်ကို အထင်ကြီးစရာပဲ”

စစ်တုရင်ဧကရာဇ်က ပို၍ပင် အံအားသင့်သွားလေသည်။

ခဏမျှစဥ်းစားတွေးတောပြီးနောက် သူကပြောလိုက်၏။

“ငါတို့ ခဏလောက်စောင့်ကြည့်ရတာပေါ့... ပြီးရင် အဲ့ဒီလူကို ငါဖိနှိမ်ပြီး ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းကို ထုတ်ပေးဖို့ သူ့ကို ငါဖိအားပေးရမယ်”

“အဲ့လိုလုပ်စရာမလိုတော့ဘူး”

လင်းရွှမ်ကျီက ခေါင်းခါပြလိုက်၏။

“ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းကို လွန်ခဲ့တဲ့နှစ်သုံးရာက ပြန်လာထားပြီးသွားပြီ”

“ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်း ပျောက်ဆုံးခဲ့တဲ့အတွက်ကြောင့် ဂိုဏ်းရဲ့ စာကြည့်တိုက်ကို ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ကာကွယ်ထားခဲ့ကြတယ်... အပေါ်ယံမှာ စောင့်ကြပ်နေတဲ့ အစောင့်တွေအပြင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်တောင်မှ စာကြည့်တိုက်ကို တိတ်တဆိတ် စောင့်ရှောက်နေကြတယ်”

“အဲ့ဒီတော့ ဘာဖြစ်သွားလဲ”

စစ်တုရင်ဧကရာဇ်က မေးလိုက်၏။

လင်းရွှမ်ကျီက ခါးသီးစွာ ရယ်မောလိုက်၏။

“အဲ့ဒီမဟာယာနမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ရှိနေတာတောင်မှ ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းကို ဘယ်အချိန်မှာ ပြန်လာထားသွားသလဲ ဘယ်သူကမှ မသိလိုက်ကြဘူး”

“မင်းဘာပြောလိုက်တာလဲ”

စစ်တုရင်ဧကရာဇ်က ရင်တစ်ချက်ထိတ်သွာလေသည်။

သူသည် ဤမျှအထိတုန်လှုပ်သွားရသည်မှာ မထူးဆန်းပေ။

လင်းရွှမ်ကျီ၏ စကားအရ ဤလူသည် ပဟေဠိနန်းတော်ထဲသို့ နောက်တစ်ဖန် ထိုးဖောက်ဝင်ရောက်ပြီး မဟာယာနမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်၏ စောင့်ကြည့်မှုအောက်မှာပင် ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းကို ပြန်လာထားသွားသည်ဟု ဆိုလိုလေသည်။

သို့သော်လည်း အဲ့ဒါကို မည်သူကမှ သတိမထားမိဘဲ သူက တိတ်တဆိတ် ပြန်လည်ထွက်ခွာသွားနိုင်ခဲ့၏။

“အဲ့ဒီလူက ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်းကို ခိုးယူသွားနိုင်ခဲ့တဲ့ အကြောင်းရင်းကို ကျုပ်က နားလည်ပေးနိုင်တယ်”

လင်းရွှမ်ကျီက ပြောလိုက်၏။

“ဘာပဲပြောပြော အဲ့ဒီအချိန်တုန်းက စာကြည့်တိုက်ကို ဘယ်မျိုးနွယ်စုခေါင်းဆောင်ကမှ စောင့်ရှောက်မနေကြဘူး... နောက်ပြီး အဲ့ဒီအချိန်တုန်းက ပဟေဠိနန်းတော်တစ်ခုလုံးရဲ့ စိတ်အာရုံက အထီးကျန်သိုင်းသခင်နဲ့ အခြားသူတွေအပေါ်ရောက်ရှိနေကြတာ... အဲ့ဒီလူက အဲ့ဒီအခွင့်အလမ်းကိုချိန်ဆပြီး အခြေအနေပေါ် အမြတ်ထုတ်သွားခံတာပဲ”

“အနည်းဆုံးတော့... အဲ့ဒီလူ စာအုပ်ကို ခိုးယူသွားခဲ့တုန်းက ခြေရာလက်ရာတချို့ ကျန်ခဲ့တယ်... ဒါပေမဲ့ စာအုပ်ကို သူပြန်လာထားသွားတဲ့ပုံစံက အရမ်းကိုကြောက်ဖို့ကောင်းတယ် သူက တကယ့်ကို လုံးဝအံမခန်းပဲ ဘာခြေရာလက်ရာမှ မကျန်ခဲ့ဘူး”

“စာကြည့်တိုက်ကို အလှည့်ကျစစ်ဆေးတဲ့ တပည့်ဂိုဏ်းသားတွေက ဂမ္ဘီရမိုးကောင်းကင်မှတ်တမ်း ပြန်ရောက်နေတာကို အမှတ်တမဲ့ တွေ့ရှိသွားတာကြောင့်မဟုတ်ရင် ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ဘယ်သူကမှ... မဟာယာနမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်တောင်မှ တစ်ယောက်ယောက်က စာကြည့်တိုက်ထဲဝင်ပြီး ပြန်ထွက်သွားတာကို သတိထားမိမှာ မဟုတ်ဘူး”

All Chapters