အရာရာတိုင်းကို ဖိနှိမ်ခြင်း
Vol. 112 Ch. 1679
အစကတော့ ဆူဇီမိုသည် မျိုးနွယ်စုခေါင်းဆောင် ချီဟောက်ထံကို သွားရောက်ဖို့ ရည်ရွယ်ထားသော်လည်း သူက ကိုယ်တော်တာမင်း၏ တိုက်ပွဲကို စောင့်ကြည့်ဖို့အတွက် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။
ကိုယ်တော်တာမင်းသည် မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုကို လှည့်ကြည့်လိုက်လေသည်။
“ငါမင်းကို အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးကနေ စောင့်နေမယ်”
ထိုသို့ပြောပြီးသည်နှင့် ကိုယ်တော်တာမင်းသည် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ အဆင့်သုံးနေရာ ရွှေရောင်အလင်းနယ်မြေကနေ ထွက်ခွာပြီး အဆင့် ၁ နယ်မြေသို့ ဦးတည်သွားလေသည်။
အဲ့ဒီမှာ နတ်ဘုရားစွမ်းအာ အဆင့်သတ်မှတ်ချက်အတွက် တိုက်ခိုက်ဖို့ ရည်ရွယ်ထားသော မျိုးနွယ်စုခေါင်းဆောင်များစွာရှိကြလေသည်။ သို့သော်လည်း သူတို့ထဲ မည်သူကမှ နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်၏ အဆင့် ၁ နေရာကို စိန်ခေါ်ရဲခြင်း မရှိတော့ပေ။
သူတို့သည် နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်၏ အဆင့်-၁ နေရာအတွက် တိုက်ခိုက်ချင်သည်ဆိုလျှင် သူတို့သည် မျိုးနွယ်စုခေါင်းဆောင် ကျိလေလောက် သန်မာရဲ့လား သူတို့ကိုယ်သူတို့ ဝေဖန်ဆန်းစစ်ရပေလိမ့်မည်။
ထိုအခိုက်အတန့်မှာ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ အဆင့် ၁ နေရာအတွက် တိုက်ခိုက်ဖို့အဆင့်မီသော မျိုးနွယ်စုခေါင်းဆောင် ချီဟောက်သည် ဆူဇီမို၏ ပစ်မှတ်ထားခြင်းခံလာရလေပြီ။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ အဆင့် ၄ မျိုးနွယ်စုခေါင်းဆောင် ကျိရွှမ်းနှင့် အဆင့် ၅ မျိုးနွယ်စုခေါင်းဆောင် ဖီရှင်းတို့က အကြည့်ချင်းဖလှယ် လိုက်ကြ၏။ သူတို့ထဲ မည်သူကမှ ကိုယ်တော်တာမင်းကို စိန်မခေါ်ကြပေ။
ကိုယ်တော်တာမင်းနှင့် မျိုးနွယ်စုခေါင်းဆောင် ကျိလေ၏ တိုက်ပွဲ အးဆုံသတ်သွားပြီးနောက် မျိုးနွယ်စုခေါင်းဆောင်များစွာသည် ဆူဇီမိုဘက်ကိုပြန်၍ အာရုံစိုက်လာကြ၏။
နောက်ထပ်ကြီးမားသော တိုက်ပွဲတစ်ခုက အချိန်မရွေးပေါ်ထွက်လာနိုင်လေသည်။
နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ အဆင့်-၂ နေရာ.. ရွှေရောင်အလင်းနယ်မြေတွင် ဆူဇီမိုက မျိုးနွယ်စုခေါင်းဆောင် ချီဟောက်နှင့် တေ့တေ့ဆိုင်ဆိုင် ရပ်လိုက်လေသည်။
“အထီးကျန်သိုင်းသခင်”
မျိုးနွယ်စုခေါင်းဆောင် ချီဟောက်၏ အမူအရာက အေးစက်နေပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။
“မင်းက နောက်ပြီးကျရင် အဲ့ဒီလူနဲ့ တိုက်ခိုက်ရဦးမှာ... မင်းငါ့ကို ရန်မစတာ ကောင်းလိမ့်မယ်”
“ငါက ငါ့ရဲ့အစွမ်းကုန်ကို တကယ်ပဲထုတ်ဖော်မယ်ဆိုရင်... မင်းကလည်း အခြေအနေကောင်းမှာ မဟုတ်ဘူး... အဲ့ဒီလူနဲ့ မင်းတိုက်ခိုက်မယ့်အချိန်ကျရင် မင်းက သေချာပေါက်ရှုံးနိမ့်ရလိမ့်မယ်”
“မင်းပြောတာမှားတယ်”
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းက မင်းရဲ့အစွမ်းကုန်ကို ထုတ်ဖော်မယ်ဆိုရင်တောင် သုံးစားမရဘူး”
သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး ဧရာမ အနက်ရောင်ချိတ်စည်းတစ်ခုက သူ၏ လက်ဖဝါးထဲမှာ ပေါ်ထွက်လာ၏။ ၎င်းက ရှေးကျ၍ စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေပြီး လေဟာနယ်ကို တုန်ခါသွားစေ၏။
လူသားဧကရာဇ်ချိတ်စည်း...။
ဆူဇီမိုသည် ကိုယ်တော်တာမင်းနှင့် တိုက်ခိုက်ချင်သည်ဆိုလျှင် သူက မျိုးနွယ်စုခေါင်းဆောင် ချီဟောက်ကို ကိုင်တွယ်ဖို့အတွက် သက်လုံအားနှင့် နည်းလမ်းများစွာကို သေချာပေါက် ဖြုန်းတီးပစ်လို့ မဖြစ်ပေ။
အဲ့ဒါကြောင့် သူသည် မျိုးနွယ်စုခေါင်းဆောင် ချီဟောက်ကို ဖိနှိမ်ဖို့အတွက် အရိုးရှင်းဆုံးနှင့် တဲ့တိုးအဆန်ဆုံးနည်းလမ်းကို အသုံးပြုဖို့ရွေးချယ်လိုက်၏။
မျိုးနွယ်စုခေါင်းဆောင် ချီဟောက်၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ် လှုပ်သွား၏။
ဆူဇီမို ကိုင်ဆွဲထားသည့်အရာက သာမန် ဓမ္မရတနာမဟုတ်ဘဲ ထျန်ဟွမ်ကုန်းမြေတိုက်၏ အလွန်ကြီးမားသော လက်နက်တစ်ခုဖြစ်လေသည်။ ထာဝရလူသားဧကရာဇ်၏ လက်နက်သည် ကြောက်စရာကောင်းသော ခွန်အားကိုပိုင်ဆိုင်ထားပြီး တောင်တန်းများနှင့် မြစ်များကို ဖိနှိမ်နိုင်လေသည်။
“ တစ္ဆေငါးကောင် စိတ်ဝိညာဥ်ဆုတ်ဖြဲခြင်း”
မျိုးနွယ်စုခေါင်းဆောင်ချီဟောက်က အော်ဟစ်လိုက်ပြီး သူ၏ စိတ်ဝိညာဥ်ကိုလှည့်ပတ်ကာ မည်သည့် အကဲစမ်းမှုမှ မရှိဘဲ အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
တစ္ဆေသရဲဆန်ဆန် ပုံရိပ်ငါးခုက သူ၏ လက်ဖဝါးထဲကနေ ရုတ်တရက် ပျံသန်းထွက်လာပြီး အလွန်တရာအေးစက်နေသော အော်ရာများနှင့်အတူ ဆူဇီမိုထံသို့ ခုန်ဝင်လာကြ၏။
တစ္ဆေငါးကောင်သည် ရုပ်ဒြပ်မရှိဘဲ ဓမ္မရတနာများကို မကြောက်ရွံ့ပေ။
ကျင့်ကြံသူတစ်ယောက်ကို တွယ်ကပ်မိသည်နှင့် သူတို့သည် ထိုကျင့်ကြံသူ၏ အမြုတေစိတ်ဝိညာဥ်ကို ထိုသူ မသေမချင်း ဝါးမျိုပစ်မည်ဖြစ်လေသည်။
“ဟမ့်...”
ဆူဇီမိုက လှောင်ရယ်လိုက်ပြီး သူ့လက်ထဲရှိ လူသားဧကရာဇ်ချိတ်စည်းကို သူ့ရှေ့မှာ မြှောက်လိုက်လေသည်။ သူက ညင်သာစွာ အော်ပြောလိုက်၏။
“နတ်ဆိုးနဲ့ မွန်းစတားတွေ ပျက်ပြယ်စမ်း”
ဘုန်း...
လူသားဧကရာဇ်ချိတ်စည်းက ညင်သာစွာ တုန်ခါသွားပြီး အလွန်တရာစီးပိုးနိုင်သော အော်ရာတစ်ခုကို ထုတ်ဖော်လိုက်၏။
တစ္ဆေငါးကောင်သည် ဓမ္မရတနာများကို ကြောက်ရွံ့မှု မရှိသော်လည်း လူသားဧကရာဇ်ချိတ်စည်း၏ စွမ်းအားက သာမန်ဓမ္မရတနာများ၏ အတိုင်းအတာကို ကျော်လွန်သွားခဲ့ပြီဖြစ်၏။ ဆိုးယုတ်နတ်ဘုရားစွမ်းအားများသည် လူသားဧကရာဇ်ချိတ်စည်းကို လုံးဝရင်မဆိုင်နိုင်ပေ။
ဆူဇီမို၏ ခန္ဓာကိုယ်ကနေ အစိမ်းရောင်အလင်းတစ်ခု ဖြာထွက်လာပြီး ပြေးဝင်လာသော တစ္ဆေငါးကောင်ကို ပျက်ပြယ်သွားစေလေသည်။
“အကျော်ဇေယျ လက်ညိုး ၇ ချောင်း”
မျိုးနွယ်စုခေါင်းဆောင် ချီဟောက်က သူ၏ အမြုတေစိတ်ဝိညာဥ်ကို တစ်ဖန်လှည့်ပတ်ပြီး ဒုတိယမြောက် နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်၏။
သူသည် သူ၏ လက်ညိုးကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်ထက်မှာ ရှေးကျသော ကြယ်ခုနှစ်စင်းက ချက်ချင်းပင်ပေါ်ထွက်လာကာ အဆုံးမဲ့ ကြယ်အလင်းရောင်နှင့်အတူဆင်းသက်၍ သူ၏ လက်ညိုးထိပ်မှာ စုစည်းလာ၏။
ကြယ်ခုနှစ်စင်းက တစ်တန်းတည်း ချိတ်ဆက်သွားပြီး မျိုးနွယ်စုခေါင်းဆောင် ချီဟောက်၏ လက်ညိုး၏ စွမ်းအားကို ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိလာစေ၏။
ဆူဇီမိုက ခပ်ယဲ့ယဲ့ပြုံး၍ သူ့လက်ထဲရှိ လူသားဧကရာဇ်ချိတ်စည်းကို လေထဲသို့ ပစ်မြှောက်ကာ ၎င်းကို ဝင်ရောက်လာသော အကျော်ဇေယျ လက်ညိုး ၇ ချောင်းထံ ပစ်ပေါက်လိုက်လေသည်။
ဘုန်း...
လူသားဧကရာဇ် ချိတ်စည်းက အကျော်ဇေယျ လက်ညိုး ၇ ချောင်းနှင့် ကျယ်လောင်စွာ ထိတွေ့ရိုက်ခတ်သွား၏။
ထို့နောက် ချက်ချင်းပင် ကြယ် ၇ စင်းက ကြေမွသွား၏။
ဖောက်...
သွေးမြူတစ်ခုက ပန်းထွက်လာပြီး မျိုးနွယ်စုခေါင်းဆောင် ချီဟောက်၏ လက်ညိုးက လူသားဧကရာဇ်ချိတ်စည်းဖြင့် ကြိတ်ခြေခံလိုက်ရ၏။
အဆင့်မြင့်နတ်ဘုရားစွမ်းအားများပင်လျှင် လူသားဧကရာဇ်ချိတ်စည်း၏ စွမ်းအားကို မခုခံနိုင်ပေ။
မျိုးနွယ်စုခေါင်းဆောင် ချီဟောက်က ညည်းတွားအော်ဟစ်ပြီး သူ၏ မျက်လုံးထဲမှာ အေးစက်စက်အလင်းတစ်ခု ဖျတ်ခနဲလက်လာ၏။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်များအတွက် သူတို့၏ လက်ညိုးများ ကြိတ်ခြေခံရခြင်းက အပေါ်ယံ ဒဏ်ရာမျှသာဖြစ်လေသည်။
တစ်ခဏချင်းမှာပင် မျိုးနွယ်စုခေါင်းဆောင်ချီဟောက်၏ လက်ညိုးက ပြန်ပေါက်လာခဲ့၏။
သို့သော်လည်း ထိုစဥ်မှာပင် ကြီးမားသော အရိပ်တစ်ခုက အုပ်မိုးကျဆင်းလာခဲ့လေသည်။
လူသားဧကရာဇ်ချိတ်စည်းသည် တုန်လှုပ်စရာကောင်းသော အော်ရာတစ်ခုကို သယ်ဆောင်ပြီး မျိုးနွယ်စုခေါင်းဆောင်ချီဟောက်ကို ဖိနှိမ်လာခဲ့၏။ လေက အော်မြည်တိုက်ခတ်လာပြီး နေရာတစ်ခွင် တုန်ခါသွားစေ၏။
သူသည် စဥ်းစားနေဖို့ အချိန်မရဘဲ လူသားဧကရာဇ်ချိတ်စည်းထံသို့ သူ့လက်ထဲရှိဆေဘာဖြင့် လက်ပြန်လွှဲကာ ခုတ်ပိုင်းချလိုက်၏။
ချွမ်း...
ဆေဘာက ကြေမွသွားလေသည်။
မည်သည့်ဓမ္မရတနာကမှ လူသားဧကရာဇ်ချိတ်စည်းကို မခုခံနိုင်ပေ။
မျိုးနွယ်စုခေါင်းဆောင်ချီဟောက်၏ အမူအရာက ပျက်ယွင်းသွားပြီး သူက ဒုတိယမြောက် ဓမ္မရတနာတစ်ခုကို အလောတကြီးထုတ်ယူလိုက်၏။
အဲ့ဒါက လူသားဧကရာဇ် ကြေးမုံနှင့် အလွန်တရာဆင်တူသော ရှေးဟောင်းကြေးမုံတစ်ချပ်ဖြစ်လေသည်။ အဲ့ဒါသည် လူသားဧကရာဇ်ကြေးမုံကို တုပပြီး ဖန်တီးထားသော ဓမ္မရတနာတစ်ခုဖြစ်ကာ အလွန်တရာသန်မာသော ခုခံရေးစွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
ဖြောက်....
ရှေးဟောင်းကြေးမုံကို ဆင့်ခေါ်လိုက်သည့်ခဏမှာပင် ၎င်းသည် လူသားဧကရာဇ်ချိတ်စည်းကြောင့် နောက်တစ်ခါ ကြေမွသွားလေသည်။
ပုံစံတူပြုလုပ်ထားသော ဓမ္မရတနာသည် လူသားဧကရာဇ်ချိတ်စည်းကို မတိုက်ခိုက်နိုင်ပေ။
ထိုအခိုက်အတန့်မှာ ပကတိခွန်အားနှင့် ရင်ဆိုင်ရချိန် နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာများက သုံးစားမရဖြစ်နေ၏။
ဆူဇီမိုသည် အရာရာတိုင်းကို အပြတ်အသတ် ဖိနှိမ်ချင်သောကြောင့် လူသားဧကရာဇ်ချိတ်စည်းကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်လေသည်။
ရွှစ်...
မျိုးနွယ်စုခေါင်းဆောင် ချီဟောက်သည် သူက အဲ့ဒါကို မခုခံနိုင်တော့ဘူးဆိုတာကို သိမြင်လိုက်ပြီး နောက်ဆုံးမှာ ဆက်လက်၍ တောင့်မခံနိုင်ပေ။ သူက အလင်းတန်းတစ်ခု အသွင်ပြောင်းလဲပြီး သူ၏ ထွက်ပြေးခြင်းနတ်ဘုရားစွမ်းကို ထုတ်ဖော်ကာ ပြေးထွက်လိုက်လေသည်။
“ထောင်ချောက်”
ဆူဇီမိုက သူ၏ လက်ညိုးထိပ်ကိုကိုက်ပြီး လေထဲမှာ သွေးနီရောင်စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်၏။
သွေးနီရောင်စက်ဝိုင်းက မျိုးနွယ်စုခေါင်းဆောင် ချီဟောက်၏ ခြေဖဝါးအောက်သို့ ချက်ချင်းပင် ဆင်းသက်လာပြီး မမြင်နိုင်သော အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်စေကာ သူ့ကို နေရာမှာပင် ချုပ်နှောင်လိုက်၏။
ထောင်ချောက်စကားလုံးပညာရပ်... အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခု။
စစ်တုရင်ဧကရာဇ်က သူ့ဘာသာသူ ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
“အထီးကျန်သိုင်းသခင်က စီနီယာလူသားဧကရာဇ်ရဲ့ အမွေအနှစ်ကို တကယ်ဆက်ခံရရှိထားတာပဲ... စီနီယာလူသားဧကရာဇ်ထွက်ခွာပြီးတဲ့နောက် အဲ့ဒီအဆင့်မြင့်နတ်ဘုရားစွမ်းအားကလည်း ပျောက်ဆုံးသွားခဲ့တယ်... အထီးကျန်သိုင်းသခင်က အဲ့ဒါကို ကျင့်ကြံနိုင်တဲ့ ဒုတိယမြောက်လူပဲ”
ခဏမျှ ရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။
“ဒါပေမဲ့ အဲ့ဒါက ထူးဆန်းတယ်... ရှေးဟောင်းတိုက်ပွဲမြေမှာ ထောင်ချောက်စကားလုံးပညာရပ်အတွက် ဘာဓမ္မအစီအရင်မှ မရှိလောက်ဘူး... အထီးကျန်သိုင်းသခင်က အဲ့ဒါကို ဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်ရတာလဲ”
“ပျက်စမ်း”
မျိုးနွယ်စုခေါင်းဆောင် ချီဟောက်က သူ၏ နတ်ဘုရားစွမ်းအားကို တစ်ဖန်ထုတ်ဖော်ပြီး ဆိုးယုတ်စိတ်ဝိညာဥ်တစ်ခုကို ဆင်းသက်လာစေ၏။ သူသည် ထောင်ချောက်စကားလုံးပညာရပ်၏ အချုပ်အနှောင်ကနေ ရုန်းထွက်ရင်း သူ၏ အော်ရာက တလိပ်လိပ်ထိုးတက်ကာ သူ၏ ခွန်အားကလည်း မြင့်တက်လာ၏။
သို့သော်လည်း ထိုနှောင့်နှေးကြန့်ကြာမှုအပြီး၌ လူသားဧကရာဇ်ချိတ်စည်းက ပြန်လည်ဆင်းသက်လာခဲ့လေပြီ။
ဘုန်း... ဘုန်း...
အဲ့ဒီမှာ ကျယ်လောင်သော မြည်သံတစ်ခုထွက်ပေါ်လာပြီး မြေပြင်က တသိမ်သိမ့်လှုပ်ခါသွား၏။
မျိုးနွယ်စုခေါင်းဆောင် ချီဟောက်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီဖြစ်ပြီး လူသားဧကရာဇ်ချိတ်စည်း၏ အောက်မှာ ဖိနှိမ်ခံလိုက်ရခြင်းပင်။
လူသားဧကရာဇ်ချိတ်စည်း၏ အောက်ဘက်နေ နီရဲနေသော သွေးစီးကြောင်းများက စိမ့်ထွက်လာခဲ့၏။
မျိုးနွယ်စုခေါင်းဆောင် ချီဟောက်က သေဆုံးသွားလေပြီ။
တိုက်ပွဲက ပို၍ပင်မြန်ဆန်စွာ အဆုံးသတ်သွားခဲ့၏။
ဆူဇီမိုသည် မျိုးနွယ်စုခါင်းဆောင် ချီဟောက်ကို အပြီးတိုင်သတ်ဖြတ်ဖို့အတွက် ခွန်အားများစွာ အသုံးပြုစရာမလိုဘဲ လူသားဧကရာဇ် ချိတ်စည်းကို ထိန်းချုပ်ခဲ့ရုံမျှသာဖြစ်လေသည်။
ဆူဇီမိုသည် မျိုးနွယ်စုခါင်းဆောင် ချီဟောက်၏ သိုလှောင်အိတ်ကို သိမ်းဆည်းပြီး နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်၏ အဆင့်တစ်နေရာ ရွှေရောင်အလင်းနယ်မြေဆီသို့ လျှောက်လှမ်းသွားလေသည်။
“ပွဲကတော့ ကြည့်ကောင်းပြီ”
မျိုးနွယ်စုခေါင်းဆောင်များစွာသည် စိတ်ထဲကနေ ညည်းတွားပြီး အားတက်သရော်ရှိလာကြ၏။
အဖြူရောင်ဝတ်လူ၏ နောက်ခံက လျှို့ဝှက်ဆန်းကြယ်ပြီး တကယ့်ကို အံ့မခန်းဖြစ်လေသည်။ သူနှင့် အထီးကျန်သိုင်းသခင်ကြားတိုက်ပွဲသည် တကယ့်ကို ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲတစ်ခုဖြစ်လာပေလိမ့်မည်။
သူတို့နှစ်ယောက်သည် နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်သော ရလဒ်နှင့်အတူ အသေအကြေတိုက်ခိုက်မည်ဆိုပါက အကောင်းဆုံးဖြစ်လိမ့်မည်ဟု မျိုးနွယ်စုခေါင်းဆောင်အများစုက တွေးကြလေသည်။
“ငါကတော့... အဲ့ဒီအဖြူရောင်ဝတ်လူ နိုင်မယ့်ဘက်က လောင်းမယ်”
မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ဝေဖန်ဆန်းစစ်လိုက်၏။
“အဲ့ဒီလူက အရမ်းကိုလျှို့ဝှက်ဆန်းကြယ်တယ်... နောက်ပြီး သူက အခုချိန်ထိ သူ့ရဲ့ အစစ်အမှန် အစွမ်းအစကို ထုတ်ဖော်မပြသရသေးဘူး”
“ဒီတိုက်ပွဲမှာ အထီးကျန်သိုင်းသခင်က သေချာပေါက်အနိုင်ရလိမ့်မယ်”
နောက်ထပ်မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ခေါင်းခါပြလိုက်၏။
“လူသားဧကရာဇ်ချိတ်စည်းက အရာရာတိုင်းကိုဖိနှိမ်ပြီး ဖယ်ရှားရှင်းလင်းပစ်နိုင်တယ်.... ဘယ်ဟာက အဲ့ဒါကို တားဆီးနိုင်မှာလဲ”
လေထဲတွင်... လင်းရွှမ်ကျီက ပြောလိုက်၏။
“ညီကိုဆူရဲ့ အစွမ်းအစအရဆို...သူက အဲ့ဒီလူထူးဆန်းရဲ့ ခွန်အားအပြည့်အဝ ထွက်ပေါ်လာအောင် သေချာပေါက်ဖိအားပေးနိုင်လိမ့်မယ်”
“အဲ့ဒီအချိန်ကျရင်... ဒီလောကမှာ သူက ဘယ်သူလဲဆိုတာ ကျုပ်တို့သိရမှာပဲ”
ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဤကဲ့သို့ ပြန်ဝင်စားမွန်းစတားတစ်ယောက် ပေါ်ထွက်လာပြီး ပဟေဠိနန်းတော်၏ စောင့်ကြည့်မှုအောက်ကနေပင် လွတ်မြောက်နေသည့်အချက်က လင်းရွှမ်ကျီကို မကျေမနပ်ဖြစ်စေလေသည်။