← Chapters

ကမ္ဘာမြေကိုတွန်းထုတ်ခြင်း

Vol. 63 Ch. 932

ကမ္ဘာမြေကိုတွန်းထုတ်ခြင်း

Vol. 63 Ch. 932

မောက်ရှို့ သုတေသနပညာရှင်၏ စကားကြောင့် လူတိုင်းကအံ့ဩသွားကြသည်။

သုတေသနပညာရှင်က သူ၏အစီအစဉ်တစ်ခုလုံးကို အလွန်ယုံကြည်နေမှန်း အလွန်ထင်ရှားနေသည်။

၎င်းက စခရင်ပေါ်ကနေ သူရေးဆွဲထားသည့် အသေးစိတ်ပုံကြမ်းများကို ထုတ်ပြခဲ့သည်။

ယင်းမှာ ဖော်မြူလာများနှင့် စမ်းသပ်မှု ရလဒ်အမျိုးမျိုးကို ပြုလုပ်ထားသော ရာနှင့်ချီသောစာရွက်များ ဖြစ်သည်။

မောက်ရှို့သုတေသနပညာရှင်သည် ဤပရောဂျက်အား အချိန်အတော်ကြာကတည်းက စီစဉ်ထားပုံရပြီး အကောင်အထည်ဖော်ရန် အခွင့်အလမ်းကို စောင့်ဆိုင်းနေသည်မှာ အလွန်ပင် ထင်ရှားနေသည်။

တကယ်တမ်းတွင် လူမျိုးတိုင်းသည် ဤနှစ်များတလျှောက်လုံးတွင် ဂြိုဟ်သားများ ကျူးကျော်ဝင်ရောက်သည့် ပြဿနာကို စူးစမ်းလေ့လာခဲ့ကြသည်။

သူတို့ အဓိက ရင်ဆိုင်ရမည်အရာမှာ မတူညီသော ယဉ်ကျေးမှုများ ထိပ်တိုက်တွေ့ကြခြင်းပင် ဖြစ်၏။

ရင်းနှီးသော သံတမန်ဆက်ဆံရေးပင်ဖြစ်စေ သို့မဟုတ် ရန်လိုသော ကျူးကျော်မှုပင်ဖြစ်စေ မတူညီသော ယဉ်ကျေးမှုများသည် ပဋိပက္ခများကို ဖြစ်စေတတ်သည်။

ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ သုသေသနဌာနများမှ လေ့လာခဲ့ကြသော ပြဿနာမှာ အဆိုပါမီးပွားများကို မီးမလောင်စေရန်နှင့် ယဉ်ကျေးမှု ဖလှယ်ရာတွင် ကမ္ဘာနျူကလီးယား ကပ်ဆိုးကြီးအဖြစ်သို့ ပြောင်းလဲမသွားစေရန်အတွက် အသုံးပြုမည်နည်းလမ်းများအား ရှာဖွေရန် ဖြစ်သည်။

“ဘာလို့အိမ်သာဆောက်ရမှာလဲ”

တစ်စုံတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။

“အားလုံးသိကြတဲ့အတိုင်းပဲ ငါတို့ရဲ့ကမ္ဘာက လက်ရှိအချိန်မှာ စိတ်ဝိညာဉ်ချီတွေနဲ့ ကင်းမဲ့နေတယ်.. စိတ်ဝိညာဉ်ချီ အတွက် ယုံကြည်စိတ်ချရတဲ့ စွမ်းအင်ကို အစားထိုးဖို့ ငါတို့ ရှာဖွေမတွေ့ခင်မှာ ငါ့ရဲ့အစီအစဉ်က လူသားတွေ စဉ်ဆက်မပြတ် ကျင့်ကြံနိုင်ဖို့ အတွက် ဆက်လက် လုပ်ဆောင်နိုင်စေလိမ့်မယ်.. ငါ့တို့အနေနဲ့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေအတွက် အရည်အသွေးမြင့် အိမ်သာစုစုပေါင်း နှစ်ဘီလီယံလောက်ကို ဆောက်ထားရမယ်.. ငါတို့တွေမှာ ဒီလောက်များပြားတဲ့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ မရှိပေမဲ့လည်း စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို စံနှုန်းအဖြစ်သတ်မှတ်ခြင်းက အနာဂတ်အတွက် ဖြစ်တယ်.. စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေသာ ပြဿနာ တစ်စုံတစ်ရာမရှိဘဲ အိမ်သာတွေကို အသုံးပြုနိုင်မယ်ဆိုရင် အဲဒီအဆင့်အောက်မှာ ရှိတဲ့ ကျင့်ကြံသူတွေက အလိုအလျောက်အဆင်ပြေလာလိမ့်မယ်”

“ဒါဆို မစ္စတာအဲလီးဇဘတ်ပူတင်ရဲ့ ပထမခြေလှမ်းက အိမ်သာပန်းခြံတစ်ခုကို ဆောက်ပြီး စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အိမ်သာနှစ်ဘီလီယံကို တည်ဆောက်ဖို့ပေါ့”

“အဲဒီအိမ်သာဆောက်တာက ဘာလုပ်ဖို့လဲ”

“ဂြိုဟ်သားတွေရဲ့ ကျူးကျော်ဝင်ရောက်မှုကို ကာကွယ်ဖို့နဲ့ ကမ္ဘာကြီးကို နေအဖွဲ့အစည်းထဲကနေ တွန်းထုတ်ဖို့ပဲ”

ပရော်ဖက်ဆာ အဲလီးဇဘတ်ပူတင်က ထိုသို့ပြောပြီးနောက်တွင် ဗီဒီယိုအစည်းအဝေး တစ်ခုလုံးက အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။

သူတို့က သူတို့၏ နားများကိုပင် မယုံကြည်နိုင်ခဲ့ပေ။

ဤမောက်ရှို့နိုင်ငံမှ ပညာရှင်၏ ရူးသွပ်လောက်ဖွယ်အကြံအစည်ကို အမှန်တကယ်ပင် အံ့ဩနေခဲ့ကြသည်။

“ကမ္ဘာကြီးကို နေအဖွဲ့အစည်းထဲကနေ တွန်းထုတ်ဖို့လား.. ငါတို့က အဲဒါကို ဘယ်လိုလုပ်ကြမှာလဲ”

အချိန်အတော်ကြာ အံအားသင့်ပြီးနောက်တွင် အဆုံးသတ်၌ တစ်စုံတစ်ယောက်သည် အရေးကြီးသော မေးခွန်းကို ထုတ်မေးလိုက်သည်။

ထိုမေးခွန်းကိုကြားလျှင် မောက်ရှို့နိုင်ငံမှ ကျင့်ကြံသူသည် အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြခဲ့သည်။

“မင်းရဲ့စိတ်ကူးစိတ်သန်းက အရမ်းအားနည်းတာပဲ.. အိမ်သာပန်းခြံ အကြောင်းကို ကြားပြီးကတည်းက မင်းဆီမှာ အတွေးတစ်ခုခု ရှိနေသင့်တယ်.. ကမ္ဘာမြေက လောလောဆယ်မှာ စိတ်ဝိညာဉ်ချီ နည်းပါးနေတယ်.. ဒါကြောင့် ကမ္ဘာမြေကို နေအဖွဲ့အစည်းကနေ တွန်းထုတ်ဖို့အတွက် တွန်းအားတစ်ခုအဖြစ် ပြောင်းလဲဖို့ စိတ်ဝိညာဉ်ချီ လုံလောက်မှုမရှိဘူး.. ပကတိအင်မော်တယ်အဆင့် ကျင့်ကြံသူတွေအတူ ပူးပေါင်းပြီး ကမ္ဘာမြေကြီးကို နေအဖွဲ့အစည်းကနေ တွန်းထုတ်လိုက်ရင်ရောဖြစ်နိုင်မလားလို့ အစောပိုင်းက မက်ဆေ့ချ်တွေထဲမှာ တစ်စုံတစ်ဦး မေးတာကို တွေ့လိုက်ရတယ်.. ဒါကလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး.. ပကတိအင်မော်တယ်တွေကြားတိုက်ပွဲက ကမ္ဘာမြေကြီးကို ပျက်စီးစေနိုင်တာ မှန်ပေမဲ့လည်း ကမ္ဘာမြေကို နေအဖွဲ့အစည်းကနေ တွန်းထုတ်ဖို့အတွက်ကတော့ ပကတိအင်မော်တယ် အဆင့်ခွန်အားနဲ့ ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ်ဘူး”

ထိုစကားကို ပြောပြီးနောက် မောက်ရှို့ပညာရှင်က ပုံကြမ်းတစ်ခုကို ပြခဲ့သည်။

ယင်းမှာ အလွန်ကြီးမားသော တွန်းကန်အားစနစ် အတွက် ဆောက်လုပ်ရေးဆိုင်ရာ အသေးစိတ်ပုံကြမ်း ဖြစ်သည်။

ပရော်ဖက်ဆာ အဲလီးဇဘတ်ပူတင်က ထိုပုံကြမ်းကိုအသေးစိတ် ရေးဆွဲခဲ့ရုံသာမက တိကျသော ကန့်သတ်ချက်များကိုပါ လိုက်လျောညီထွေစွာ မှတ်သားထားခဲ့သည်။

“ဒါက ငါ့ရဲ့ကနဦးအယူအဆပါ.. ငါ့ရဲ့ကနဦး ခံယူချက်ကတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတဲ့ ရွှေအမြုတေအဆင့်နဲ့အထက်က ကျင့်ကြံသူတွေ အားလုံး အိမ်သာပန်းခြံထဲမှာ အိမ်သာတွေ အတူတူလာသုံးကြဖို့ပဲ.. အဲဒါဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပုပ်သိုးနေတဲ့ချီတွေကို တွန်းအားအဖြစ်ပြောင်းလဲပေးနိုင်လိမ့်မယ်.. ဟုတ်တယ်.. ပုပ်သိုးနေတဲ့ချီမှာ နားလည်ရလွယ်တဲ့ အခြားနာမည်တစ်ခု ရှိသေးတယ်.. အဲဒါက အီအီးပဲ”

လူတိုင်း “……….”

“ကိရိယာတွေက သူတို့ရဲ့ ညစ်ညမ်းနေတဲ့ချီတွေကို အချိန်တိုအတွင်း ပြိုကွဲစေပြီး လောင်ကျွမ်းစေနိုင်တဲ့ အာနိသင်ရှိတဲ့အရာတွေကို ထုတ်ယူနိုင်တယ်.. လူတိုင်း သိထားကြတဲ့အတိုင်း ကျင့်ကြံသူတွေရဲ့ အီအီးတွေက သာမန်လူတွေနဲ့မတူဘူး.. သင်တို့တွေ အရင်တုန်းက ကြုံဖူးလားတော့ မသိဘူး.. တချို့ပစ္စည်းတွေကို ပြန်လည်အသုံးချသလိုမျိုး ငါတို့ရဲ့အီအီးတွေကို စွမ်းအင်အဖြစ် ပြန်လည် အသုံးပြုနိုင်တယ်”

“……...….”

“သာမန်လူတစ်ယောက်ရဲ့ ဝမ်းထဲမှာ နိုက်ထရိုဂျင် ၅၉%၊ ဟိုက်ဒရိုဂျင် ၂၁%၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ၉%၊ မီသိန်း ၇% အောက်ဆီဂျင် ၃%နဲ့ အခြားသောဓာတ်ငွေ့တွေ ၁% ပါဝင်တယ်.. ကျင့်ကြံသူတွေ စွန့်ထုတ်လိုက်တဲ့ အီအီးတွေထဲမှာ ယင်စိတ်ဝိညာဉ်ချီ အချို့ပါဝင်တယ်.. ကျင့်ကြံသူရဲ့နယ်ပယ်အဆင့်ကပိုမြင့်လေ ယင်စိတ်ဝိညာဉ်ချီက ပိုပြီးများပြားလေပဲ”

“……….”

“ငါတို့ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ ယင်စိတ်ဝိညာဉ်ချီကို မီသိန်းဓာတ်ငွေ့နဲ့ ပေါင်းစပ်လိုက်ရင် တွန်းကန်အား စနစ်အတွက် လိုအပ်တဲ့ စွမ်းအင်အရင်းအမြစ်အဖြစ် ပြောင်းလဲနိုင်တယ်.. အဆုံးသတ်ကျရင် ငါတို့က ကမ္ဘာမြေကို အလင်းရောင်တွေ ဆောင်ကျဉ်းပေးနိုင်မှာပဲ. နေအဖွဲ့အစည်းထဲက ထွက်တာနဲ့ နေ အသစ်တစ်ခုကို ရှာဖွေပြီး ဘဝသစ်တစ်ခုကို စတင်လိုက်ရုံပဲ”

“……….”

“ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အတွက်ကတော့ အချိန်အတော်ယူရလိမ့်မယ်.. ငါတို့ရဲ့ အနာဂတ် မျိုးဆက်တွေ လက်ထက် ကျမှပဲ ဒီအစီအစဉ်က အပြီးသတ်နိုင်လိမ့်မယ်.. ဒီအစီအစဉ်က ပြည်သူတွေအတွက် တကယ်ကို အကျိုးရှိလိမ့်မယ်.. စွမ်းအင်အရင်းအမြစ် ထုတ်ယူပြီး ကျန်ရှိတဲ့ အီအီးတွေကိုတော့ ကန်စွန်းဥ စိုက်ပျိုးကြမယ်.. ဒါက စီးပွားရေးကို မြှင့်တင်ပေးနိုင်မယ့်အပြင် မဝေးတော့တဲ့ အနာဂတ်မှာ ကန်စွန်းဥ ရောင်းချရမယ့် ပမာဏကို အထွတ်အထိပ် ရောက်ရှိစေလိမ့်မယ်.. ဒီအတွက်လည်း ဒီလူက အရည်အချင်းမပြည့်မီပေမဲ့ ဆောင်ပုဒ်တစ်ခုကို စဉ်းစားထားပြီးသားဖြစ်တယ်.. အကောင်းဆုံးမိသားစုကပဲ ကန်စွန်းဥကို အတူစားကြတယ်.. သင်က ဦးတည်ချက်မဲ့ကမ္ဘာမြေပရောဂျက်နဲ့ ထိုက်တန်တယ်”

“……....….”

[အစည်းအဝေးကို ပရိုမိုးရှင်း ဧရိယာများ ထင်နေလား.. ကန်စွန်းဥ ကြော်ငြာက ဝင်လာပြန်ပြီ]

ဗီဒီယိုအစည်းအဝေးတွင် ပါဝင်သည့် ကမ္ဘာတဝှမ်းမှ ကျင့်ကြံသူများ အားလုံးသည် မောက်ရှို့နိုင်ငံမှ သုတေသန ပညာရှင်၏ စကားကြောင့် အံ့ဩသွားကြပြီး လက်ထဲမှဖောင်တိန်များပင် လွတ်ကျသွားခဲ့ကြသည်။

ဝမ်မင်က စခရင်ကို တိတ်တဆိတ် ပိတ်လိုက်ပြီး ဘဝအကြောင်းကို လေးလေးနက်နက် တွေးတောနေမိသည်။

နွေရာသီအားလပ်ရက်၏ ၁၉ရက်မြောက်နေ့သည် သောကြာနေ့ဖြစ်ပြီး စက်တင်ဘာလ တစ်ရက်နေ့ ဖြစ်သည်။

ယနေ့တွင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အင်တာနက်ကဖေးသို့ လာရောက်လည်ပတ်သည့်အမှတ်၆၀ အထက်တန်းကျောင်းမှ ချန်းချောင်၊ ကော်ဟောက်နှင့် မြေပဲလေးတို့သည် အလွန်တရာ စိတ်လှုပ်ရှားနေကြသည်။

ချန်းချောင်တို့က နတ်တာအိုကြယ်၏ ကြယ်စင်အရှင်သခင်နှင့် ထိပ်တိုက်တွေ့ဆုံမှုတွင် ပါဝင်ခဲ့ကြသည်။

ထိုအတွက် ကော်ဖျင်က ဂိမ်းပြီးဆုံးချိန်တွင် အင်တာနက်ကဖေးထံမှ ဆုလာဘ်ကို ရရှိမည်ဖြစ်ကြောင်း သူတို့အား ယခင်က ပြောခဲ့ဖူးသည်။

ဗုံးပစ်စီနီယာအင်မော်တယ်သည် တွန့်တိုသောသူ တစ်ယောက် မဟုတ်ပေ။

သူက ပုံရိပ်ယောင် ဂိမ်းစက်သုံးလုံးကို သုံးယောက်သား၏ အိမ်သို့ ပို့ဆောင်ရန် ချက်ချင်းပင် အော်ဒါတင်ပေးခဲ့သည်။

ထိုအတွက်ကြောင့် သူတို့၏ မိဘများသည် အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။

၎င်းတို့၏ သားများက မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးနှင့် အဆက်အသွယ် ရှိလိမ့်မည်ဟု သူတို့လုံးဝ မထင်ထားခဲ့ပေ။

ထို့အပြင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ဂိုဏ်းခေါင်းဆောင်သည် ဈေးကွက်မှ နောက်ဆုံးပေါ် ပုံရိပ်ယောင်ဂိမ်းစက်ကို ၎င်းတို့၏အိမ်သို့ပင် အရောက် ပို့ဆောင်ပေးခဲ့သည်။

အဆင့်မြင့်ပုံရိပ်ယောင် ဂိမ်းစက်တစ်လုံးသည် သန်းပေါင်းများစွာ ကုန်ကျ၏။

ချန်းချောင်၏ မိဘများသည် ဂိမ်းစက်တပ်ဆင်ရန် ရောက်လာကြသော ဝန်ထမ်းများကို ကျေးဇူးတင်စကားပြောရင်း မေးခွန်းများကို တိတ်တဆိတ် မေးခဲ့ကြသည်။

“ဒီဂိမ်းစက်က စာလေ့လာမှုအပေါ်မှာ သက်ရောက်မှုရှိမှာလား”

“အဲဒီအတွက်စိတ်ချပါ.. ကျွန်တော်တို့ ခေါင်းဆောင်က ဂိမ်းစက်တွေကို အသေအချာ ပြုပြင်ထားတယ်.. ကောလိပ်ဝင်ခွင့် စာမေးပွဲမပြီးမချင်း ဂိမ်းစက်အသုံးပြုမှု အတွက် နေ့စဉ်အချိန်ကန့်သတ်ချက် ရှိပါတယ်.. ဒါ့အပြင် အသုံးပြုသူက ဘာသာစုံမေးခွန်းတွေကို နေ့စဉ်လေ့ကျင့်ဖို့ လိုအပ်တယ်.. ဒီလိုမှမဟုတ်ရင် ဂိမ်းကိုကစားနိုင်မှာ မဟုတ်ဘူး.. ဒါက ဂိမ်းထဲမှာ အရမ်းကြီး မနစ်မျောသွားရအောင် သူတို့ကို အခက်အခဲပေးထားတဲ့ သဘောပါပဲ.. စာမလုပ်သရွေ့တော့ သူတို့က သော့ကလောက် အရည်ပျော်သွားသည့်တိုင်အောင်၊ ခွေးတွေက ဂျုံမှုန့်တွေအားလုံးကို လျှာနဲ့လျက်ပြီးသည့် တိုင်အောင်၊ ကြက်တွေက စပါးစေ့တွေအကုန်လုံးကို စားပြီးသည့်တိုင်အောင် စောင့်ရလိမ့်မယ်.. အဲဒီလောက် အချိန်အကြာကြီးစောင့်ပြီးမှလည်း ဂိမ်းရဲ့သော့က အလိုအလျောက်ပွင့်သွားပြီး သူတို့အနေနဲ့ ကစားနိုင်ပါလိမ့်မယ်”

ချန်းချောင်၏မိဘနှစ်ပါး “……….”

အပိုင်း(၉၃၂) ပြီး၏

All Chapters