ကျင့်ခယ်နဲ့ပိုင်ချောင်း
Vol. 63 Ch. 934
မှော်ရတနာသုတေသနဌာနမှ နတ်တာအိုကြယ်သို့ ပေးပို့မည့် ပစ္စည်းစာရင်းကို ထုတ်ပြန်ပြီးနောက်တွင် ဝမ်မင်သည် ဝမ်လင်းကို မိတ္တူတစ်စောင်အား ချက်ချင်း မျှဝေခဲ့သည်။
ဝမ်လင်းက စာရင်းကို ချက်ချင်းကြည့်လိုက်ရာ သရေစာခေါက်ဆွဲခြောက်ထုပ်များ စာရင်းတွင် မပါဝင်သည်ကို တွေ့လိုက်ရသည်။
ဝမ်မင်က ဝမ်လင်းကိုရှင်းပြရန် အတွက် အီးမေးလ်တစ်စောင်ကို ချက်ချင်း ပေးပို့ခဲ့သည်။
“အေးဆေးသာနေတော့ ငါ့ညီ.. သရေစာ ခေါက်ဆွဲခြောက်ထုပ်တွေက အတော်လေး အဆင့်မြင့်တဲ့အတွက် စာရင်းထဲမှာ ငါဖျက်ပစ်လိုက်ပြီ.. ဒီလောက်ကောင်းတဲ့ သရေစာမျိုးကို ဘာလို့ဂြိုဟ်သားတွေ စားဖို့ ပေးရမှာလဲ”
ဝမ်မင်၏မက်ဆေ့တွင် ဝမ်လင်း၏ ချီးမွမ်းခြင်းကို စောင့်ဆိုင်းနေသည့် အရိပ်အယောင်များ ပါရှိနေသည်။
ဝမ်လင်းက မက်ဆေ့ချ်ကိုဖတ်ရင်း မှင်တက်သွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက်တွင် သူက ဝမ်မင်ကို ပြောလိုက်သည်။
“မင်းဝမ်လင်းဆီမှာ +1ကျေးဇူးရှိသွားပြီ”
“ဘာလို့ +1ပဲရှိတာလဲ.. +999ဖြစ်သင့်တယ် မဟုတ်လား”
ဝမ်မင်က မျက်မှောင်ကြုတ်လိုက်သည်။
စခရင်ကို စိုက်ကြည့်ရင်း ဝမ်လင်းက ညင်သာစွာရယ်မောလိုက်သည်။
သူ့ဝမ်းကွဲအစ်ကို၏ အကျင့်ကို သူကောင်းစွာသိသည်။
ဤကောင်က ပေါ့ပေါ့တန်တန် ချီးကျူး၍မရပေ။
သို့မဟုတ်လျှင် အောက်ခြေလွတ်နေမည်မှာ သေချာသည်။
သို့သော်လည်း ဝမ်မင်သည် ထိုညတွင် အလွန်ပျော်ရွှင်နေခဲ့ပြီး တော်ရုံနှင့် အိပ်မပျော်ခဲ့ပေ။
စက်တင်ဘာ ၃ရက်နေ့သည် နွေရာသီအားလပ်ရက်၏ ၂၁ရက်မြောက်နေ့ ဖြစ်သည်။
ပိုင်ချောင်း၏ဂိမ်း ဖြစ်သည့်(Cultivation emulator)ကို စမ်းသပ်ကစားသည့် အွန်လိုင်းအသုံးပြုသူ အရေအတွက်သည် သန်းငါးဆယ်ကျော် ရှိလာပြီ ဖြစ်သည်။
၎င်းသည် အွန်လိုင်းဂိမ်း သမိုင်းတစ်လျှောက်လုံးတွင် မကြုံစဖူးသော အရေအတွက်တစ်ခု ဖြစ်သည်။
ဒုတိယအဆင့်တွင် သတ်မှတ်ခံရသည့် မျောက်ဝံသူရဲကောင်း ဂိမ်းသည်ပင် အွန်လိုင်းအသုံးပြုသူ သန်းအနည်းငယ်သာ ရှိခဲ့သည်။
အဓိကအချက်မှာ ဒုတိယအကျော့ စမ်းသပ်ဗားရှင်းတွင် ပြုလုပ်ခဲ့သည့် ကစားသမား အရေအတွက်ကြောင့် ဖြစ်သည်။
ဒုတိယအကျော့ စမ်းသပ်ဗားရှင်းတွင် ဝမ်မင်သည် အပလီကေးရှင်း၏ အကောင့်အရေအတွက် အပေါ် ကန့်သတ်ချက်များကို တမင်တကာ ဖြေလျှော့ပေးခဲ့ပြီး အကောင့်သန်းပေါင်းများစွာကို ထုတ်လုပ်ပေးခဲ့သည်။
ထိုအကောင့်အားလုံးက စက္ကန့်ပိုင်းအတွင်းမှာပင် ပြည့်နှက်သွားခဲ့သည်။
သူမ ဖန်တီးထားသည့်ဂိမ်းက ဤမျှလောက်ထိ နာမည်ကြီးလာမည်ဟု ပိုင်ချောင်း ကိုယ်တိုင်ပင် မထင်ထားခဲ့ပေ။
အကယ်၍ ဤအတိုင်းသာ ဆက်သွားလျှင် ထိုဂိမ်းသည်တရားဝင်ဗားရှင်း ဖြန့်ချီသည်နှင့် အသုံးပြုသူ သန်းတစ်ရာကျော် ရှိလာနိုင်သည့် ပထမဆုံး အွန်လိုင်းဂိမ်း ဖြစ်လာနိုင်သည်။
သို့သော် ဒင်္ဂါးတစ်ခုဆီတိုင်းတွင် အစွန်းနှစ်ဖက်ရှိသည်ဟူသော ဆိုရိုးစကားရှိသည် မဟုတ်လော။
ဂိမ်းကိုကြိုက်နှစ်သက်သူများ ရှိသလို မုန်းတီးသူများလည်း ရှိကြသည်။
ပိုင်ချောင်းသည် သူမ၏ဂိမ်းနှင့် ပတ်သက်သည့် အဆင့်သတ်မှတ်ချက်များကို အကဲခတ်နေခဲ့သည်။
ပြန်လည်သုံးသပ်ခြင်း ဝက်ဘ်ဆိုက်များတွင် ရှိသည့် (Cultivation emulator)အတွက် ပျမ်းမျှအဆင့်သတ်မှတ်ချက်သည် 8.3 ပင် ရှိလာပြီဖြစ်သည်။
ယင်းမှာ အတော်လေး ကောင်းသောသတ်မှတ်ချက်ဟု ဆိုရမည်။
သို့သော် မှတ်ချက်ကဏ္ဍတွင် ကြယ်တစ်ပွင့်သာ ရရှိသည့် အဖျက်သဘောဆောင်သည့် မှတ်ချက် အမြောက်အမြား ရှိနေခဲ့သည်။
ထိုမှတ်ချက်များကို တွေ့ပြီး ပိုင်ချောင်း၏ မျက်နှာသည် အကျည်းတန်သွားခဲ့သည်။
ပိုင်ချောင်းသည် အင်တာနက်ကဖေး၏ ရုံးခန်းထဲတွင် ထိုင်၍ ထိုထူးထူးခြားခြား အဆိုးမြင်မှတ်ချက်များကို ဖတ်နေခဲ့သည်။
အနုတ်လက္ခဏာ မှတ်ချက်များထဲတွင် တချို့သည် ထူးထူးခြားခြား အကြောင်းပြချက်များပင် ပေးခဲ့ကြသည်။
အနုတ်လက္ခဏာမှတ်ချက်၁၊ ကြယ်တစ်လုံး
မှတ်ချက်{ဒီဂိမ်းကိုငါတစ်ခါမှမကစားဖူးပေမဲ့ နာမည်လေးကတော့ မဆိုးပါဘူး.. ငါလုံးဝမကြိုက်ဘူး}
အနုတ်လက္ခဏာမှတ်ချက်၂၊ကြယ်တစ်လုံး
မှတ်ချက်{ရမှတ်မြင့်လွန်းနေတာက ပုံမှန် မဟုတ်လောက်ဘူး.. ဒီအတွက် ဒီပုံမှန်မဟုတ်တဲ့ မြင့်မားတဲ့ရမှတ်ကို လျှော့ချဖို့ ကြယ်တစ်ပွင့် အဆင့်သတ်မှတ်ချက်ကို တမင်တကာ ပေးခဲ့မယ်.. ရိုးသားစွာ ပြောရရင် ငါတို့နိုင်ငံရဲ့ဂိမ်းတွေက ဒီလောက်ထိ စိုးရိမ်ဖွယ် အတိုင်းအတာနဲ့ ဖွံ့ဖြိုးတိုးတက်လာတာ စိတ်ပျက်စရာပဲ.. အလားတူ အပြင်အဆင်ပါတဲ့ ဂိမ်းအများအပြားကို မီရှို့နိုင်ငံက ထွက်ရှိထားပြီးပြီ ဖြစ်တယ်.. ဒီဂိမ်းက ကျင့်ကြံမှုအပိုင်းကို ထည့်သွင်းလိုက်ရုံပါပဲ.. မကစားဖူးပေမဲ့လည်း အသစ်အဆန်းတော့ မဟုတ်လောက်ဘူးလို့ ငါထင်တယ်.. ဂိမ်းရဲ့ဒီဇိုင်းနဲ့ အထူးပြုလုပ်ချက်တွေက မီရှို့ရဲ့ဂိမ်းတွေနဲ့ နှိုင်းယှဉ်လို့မရဘူး.. ဘာလို့ ကြယ်ငါးပွင့်မှတ်ချက်တွေက ဒီလောက်တောင် များနေတာလဲ မသိဘူး.. စိတ်ပျက်စရာပဲ}
အနုတ်လက္ခဏာမှတ်ချက်၃၊ ကြယ်နှစ်ပွင့်
မှတ်ချက်{ဂိမ်းရဲ့စမ်းသပ်ဗားရှင်းမှာ စီဒီတစ်ချပ် ပါရှိတယ်.. အဲဒါကို ကျွန်မက ကျွန်မချစ်သူကို လက်ဆောင်ပေးချင်ခဲ့တယ်.. ဒါပေမဲ့ အဆုံးသတ်မှာတော့ ပျောက်ဆုံးသွားခဲ့တယ်.. ဒါနဲ့ပဲ ကျွန်မရဲ့ချစ်သူက ဂိမ်းတွေကို ပေးပို့ရာမှာ အထူးကျွမ်းကျင်တဲ့ အမြန်ချောပို့သမားကို ဆက်သွယ်လိုက်တဲ့အခါမှာ အမြန်ချောပို့တဲ့သူက ခွေးလေးတစ်ကောင်လား ဒါမှမဟုတ် ခွေးကြီးလားလို့ မကောင်းတဲ့စိတ်ထားနဲ့ မေးမြန်းခဲ့တယ်.. ကျွန်မတို့က မှာယူထားတဲ့ပစ္စည်း ဆုံးရှုံးသွားရုံသာမက အမြန်ချောပို့သမားဆီကနေ ခွေးနဲ့တောင် နှိုင်းယှဉ်ခံရတယ်.. ဒါကြောင့် ဒီလိုဂိမ်းမျိုးကို ကစားရတာ ဘယ်လိုလုပ်စိတ်သက်သာရာ ရနိုင်မှာလဲ}
ထပ်လောင်းမှတ်ချက်{တောင်းပန်ပါတယ်.. ကျွန်မချစ်သူကိုထပ်မေးကြည့်တော့ အမြန်ချောပို့သမားက မအော်ငေါက်ဘူးလို့ပြောတယ်.. သူက ပစ္စည်းထုပ် အသေးလေးလား အကြီးလေးလားလို့ မေးတာကို နားကြားမှားသွားတာလို့ ပြောတယ်.. ငါ့ရည်းစားမှားသွားခဲ့ပြီ.. အဆင့်သတ်မှတ်ချက်ကို ပြန်ပြင်လို့ရမလား.. ပြင်လို့မရဘူးဆိုတာ သိလိုက်ရတော့ ရှက်စရာကောင်းလိုက်တာကွာ}
အနုတ်လက္ခဏာမှတ်ချက်၄၊ ကြယ်တစ်ပွင့်
မှတ်ချက်{တောင်းပန်ပါတယ်.. အဲဒါက ကျွန်တော်ပါပဲ.. နောက်ဆုံးမှတ်ချက်ကို ရေးခဲ့သူက ကျွန်တော်ပါ.. အမြန်ချောပို့သမားနဲ့တော့ အဆင်ပြေသွားပါပြီ.. ငါ့ရည်းစားက လက်ဆောင်ပေးလို့ ဒီဂိမ်းကို ကစားခဲ့ပေမဲ့ ဒီဂိမ်းက ငြီးငွေ့စရာကောင်းတယ်.. ပျော်စရာဂိမ်းတစ်ခု မဟုတ်တဲ့အတွက် ထပ်မကစားနိုင်တော့လို့ ငါ့ရည်းစားကို တောင်းပန်ချင်ပါတယ်}
ထိုမှတ်ချက်များကိုဖတ်ရင်း ပိုင်ချောင်းက ဒေါသအိုးပေါက်ကွဲကာ ခေါင်းထဲမှ အခိုးအငွေ့များပင် ထွက်လာသည်။
“ဒီဘလိန်းတဲ့ အုပ်စုကတော့ အွန်လိုင်းမှာဘာတွေ လိုက်လိမ်နေကြတာလဲ.. ဂိမ်းကိုတစ်ခါမှ မကစားဖူးဘဲ ဘာလို့ အာလိုက်ချောင်နေကြတာလဲ”
“မစ္စစ်ဘော့စ်.. စိတ်မဆိုးပါနဲ့.. သူတို့အားလုံးက အာသီးလိုက်ယောင်တဲ့သူတွေပါ.. ဒါက ပုံမှန်ဖြစ်နေကျပါပဲ.. ဒါမျိုးကနယ်ပယ်တိုင်းမှာ ရှိပါတယ်.. ဒီလိုမျိုးလူတွေက သူတို့ ယုံကြည်တဲ့အရာကိုသာ မှန်တယ်လို့ တရားသေ စွဲကိုင်ထားကြလေ့ရှိတယ်”
မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး၏ အင်တာနက်ကဖေး စတင်ပြီးနောက်တွင် ဖောက်သည်အသစ်များစွာ ရရှိခဲ့သည်။
ဂိုဏ်းခေါင်းဆောင် အများအပြားသည် အင်တာနက်ကဖေးအတွက် နှစ်စဉ် မန်ဘာကတ်များကို ဝယ်ယူခဲ့ကြသည်။
စုရှင်း၏အမြင်အရ ပိုင်ချောင်းသည် သာမန် နန့်တန့်တန့် အမျိုးသမီးတစ်ယောက် မဟုတ်ဘဲ ငွေရေးကြေးရေးတွင် အတော်လေး နိုင်နိုင်နင်းနင်း ရှိသည်။
ယခုအခါတွင်(Cultivation emulator)ဂိမ်းသည် ပြည်တွင်းပြည်ပ၌ ခေတ်စားနေသည်။
ပိုင်ချောင်းသည် ထိုဂိမ်းကို အွန်လိုင်းတွင် အသေအချာကြော်ငြာထားခဲ့သည်။
မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အင်တာနက်ကဖေးတွင် ဂိမ်းလာကစားနေသမျှ ကာလပတ်လုံး သင်၏ ဂိမ်းဒေတာကို အင်တာနက်ကဖေးတွင် သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။
ယင်းအတွက်ကြောင့် ခရီးသွား အများအပြားက လာရောက်လည်ပတ်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ဤခရီးသွားများသည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အခြားသောနယ်ပယ်မှ လုပ်ငန်းများကိုလည်း စိတ်ဝင်စားလာခဲ့ကြသည်။
ဂိုဏ်း၏ အလှအပ စင်တာ၊ ဂီတစင်တာ၊ ဂိမ်းစင်တာ၊ အင်မော်တယ်ဓား အိုင်မက်စ် ရုပ်ရှင်ရုံ…
ထိုလုပ်ငန်းအားလုံးသည် ချမ်းသာသော ကမ္ဘာလှည့်ခရီးသည်အများအပြား လာရောက် လည်ပတ်သောကြောင့် အင်တာနက်ကဖေးသည် အကျိုးသက်ရောက်မှုကို ခံစားခဲ့ရသည်။
“ထိတ်လန့်အံ့ဩစရာ ဖြစ်လောက်တဲ့ ဘယ်ကိစ္စမဆို ဘလိန်းသမားတွေကို ဆွဲဆောင်နေမှာတော့ အမှန်ပဲ.. မစ္စဘော့.. မင်းဒါကိုတော့ လက်ခံရမယ်”
စုရှင်းက သူမကို စိတ်ရှင်းအောင် ဖြောင်းဖျလိုက်သည်။
သူ၏ စကားကိုကြားလျှင် ပိုင်ချောင်းက တစ်စုံတစ်ရာ မူမမှန်သည်ကို ခံစားလိုက်ရသည်။
“ခဏနေပါဦး.. မစ္စဘော့စ် ဆိုတာက ဘယ်သူ့ကိုခေါ်တာလဲ”
“သခင်ကျင့်ခယ်က ဘော့စ်လေ.. မင်းက ဘော့စ်ရဲ့ဇနီးမဟုတ်ဘူးလား”
စုရှင်းက ပြောလိုက်ရာ ပိုင်ချောင်း၏ မျက်နှာတစ်ခုလုံးက နီရဲသွားသည်။
“ပေါက်ကရ.. ငါက ဘော့စ်ရဲ့ဇနီး မဟုတ်ဘူး.. သူက ကောင်ဆိုးလေး တစ်ယောက်ပဲ.. ဒါ့အပြင် ငါတို့က တစ်ကြိမ်လောက်ပဲ လက်တွဲခဲ့ကြတယ်.. အဲဒီ တစ်ကြိမ်တောင် သူက ဆယ်မိနစ်ပဲကြာတယ်.. ဆက်မလုပ်နိုင်တော့ဘူး”
စုရှင်း “ဒါက မင်းရဲ့ပထမဆုံး မဟုတ်လား.. ဒါကြောင့် အချိန်မကြာတာကို အားမရတာ ဖြစ်မယ်”
ထိုစကားကိုကြားလျှင် ပိုင်ချောင်းက ခါးထောက်၍ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“တိုတိုနဲ့လိုရင်းပဲပြောမယ်.. မင်းကိုငါ ဒီလိုမျိုး ခေါ်ခွင့်မပေးဘူး.. ငါက ဘော့စ်ရဲ့ဇနီး မဟုတ်ဘူး”
“နားလည်ပါပြီ မစ္စဘော့စ်”
“ဟုတ်ပြီ.. ဒါဆိုကျင့်ခယ်ကိုသွားရှာခဲ့.. ငါသူနဲ့စကားပြောဖို့ လိုအပ်နေပြီ”
“ကောင်းပါပြီ မစ္စဘော့စ်”
“……….”
အပိုင်း(၉၃၄) ပြီး၏