အမှောင်နက်ဝေါ့ရဲ့ဘုရင်ခံ
Vol. 63 Ch. 938
ဤ“ဘုရင်ခံ” ဟူသော အမည်ကို ကြားလျှင် ဟွမ်ယိုလျန့်၏ အတွေးများသည် ချက်ချင်းပင် ပြန့်ကျဲသွားခဲ့သည်။
သူ့အဝတ်အစားကလည်း တခဏအတွင်း ချွေးများဖြင့် စိုရွှဲသွားခဲ့၏။
အလွန်အမင်း စိတ်မသက်မသာ ခံစားရမှုကြောင့် သူ၏ ဝိညာဉ်တစ်ဝက်သည် သူ့ခန္ဓာကိုယ်မှ ပြေးထွက်သွားသကဲ့သို့ သူ့မျက်နှာက ပြာနှမ်းသွားခဲ့သည်။
"ကြည့်ရတာ ဒီ'ဘုရင်ခံ'ဆိုတဲ့ နာမည်က မင်းနဲ့ မစိမ်းတဲ့ပုံပဲ"
ကွာဖီ အေးစက်စက်ပြုံး၍ မေးလိုက်သည်။
တကယ်တမ်းတွင် ဟွမ်ယိုလျန့်ကို အထူးအကျဉ်းခန်းသို့ မပို့မီကတည်းကပင် စုန့်ဟိုင်ထောင် နှင့် ကျိုးရီ တို့သည် ကြီးမားသော ကွန်ရက်တစ်ခုကို စတင် ဖြန့်ကျက်နေပြီ ဖြစ်သည်။
နွေရာသီအားလပ်ရက် ပြီးလျှင် ကျောင်းစတင် ဖွင့်လှစ်မည်ဖြစ်၏။
ကျိုးရီသည် ဤကာလအတွင်း အင်တာနက်ကို အကြီးစားရှင်းလင်းမှု ပြုလုပ်ရန် အတွင်းရေးမှူး စွန်းတာခန်း ထံမှ တိုက်ရိုက် အမိန့်စာရရှိထား၏။
သူတို့က အွန်လိုင်းတွင် တရားမ၀င် သတင်းများဖြန့်သည့် ရာဇ၀တ်ကောင်များကို ဖမ်းဆီး အပြစ်ပေးရမည် ဖြစ်သည်။
ထိုကြောင့် ပိုင်ချောင်းနှင့် ကျင့်ခယ်က ဟွမ်ယိုလျန့်ကို အရေးမယူလျှင်ပင် ကျောင်းပေါင်း 100 အထွေထွေအုပ်ချုပ်ရေးရုံးက အရေးယူ ဆောင်ရွက်မည် ဖြစ်၏။
ဤစစ်ဆင်ရေးကို စတင်ခြင်းမပြုမီ ပိုင်ချောင်းတို့နှင့် မဆွေးနွေးခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင် သူတို့၏ အစီအစဉ်များသည် မမျှော်လင့်ဘဲ တူညီသွားခဲ့သည်။
ထို့ကြောင့် ဟွမ်ယိုလျန့်ကို ဖမ်းဆီးပြီးနောက်တွင် ပိုင်ချောင်းနှင့် ကျင့်ခယ်ကို စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာစေရန် ကျိုးရီက ချက်ချင်းပင် ဆက်သွယ်ခဲ့သည်။
စင်စစ် အင်တာနက်ကို ရှင်းလင်းသော လုပ်ဆောင်ချက်သည် မလွယ်ကူပေ။
သတင်းအချက်အလက် ခေတ်တွင် ဆိုက်ဘာစစ်ပွဲများသည် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
စခရင် နောက်ကွယ်တွင် ပုန်းအောင်းနေသော ရာဇဝတ်ကောင် များသည် ၎င်းတို့၏ တည်နေရာကို ခြေရာခံ၍ ခက်ခဲစေရန် IP လိပ်စာကို အချိန်နှင့်အမျှ ပြောင်းလဲနေသောကြောင့် ဆိုက်ဘာစစ်ပွဲများသည် စစ်ပွဲတကာတွင် အရှုပ်ထွေးဆုံး အမျိုးအစား ဖြစ်သည်။
သို့သော် စစ်ဆင်ရေးကို တိုက်ရိုက် ကွပ်ကဲတဲ့ ခေါင်းဆောင်အနေဖြင့် ဤတစ်ကြိမ် ကျိုးရီ၏ ပစ်မှတ်သည် အွန်လိုင်းအဖွဲ့ဝင် သန်းငါးဆယ်ရှိသော ရာဇဝတ်အဖွဲ့ကြီး၏ နောက်ကွယ်မှ ခေါင်းဆောင် ဖြစ်သည်။
အမှောင်နက်ဝေါ့ခ်၏ 'ဘုရင်ခံ'..
၎င်းတို့၏ စုံစမ်းစစ်ဆေးမှုမှ လက်ရှိ သိထားသည့် အချက်အလက်များကို အခြေခံ၍ ဤလူက ကျင့်ကြံခြင်းအဆင့် မမြင့်မားသော်လည်း သူ၏ အင်တာနက် တပ်ဖွဲ့ကြောင့် အမှောင်နက်ဝေါ့ခ်တွင် အဆင့်မြင့်မားစွာ သတ်မှတ်ခံခဲ့ရသည်။
သူ၏ကုတ်အမည်ကမူ 'ဘုရင်ခံ' ဖြစ်သည်။
"မင်းကို ဘာလို့ဖမ်းပြီး ဒီကိုပို့လိုက်တာလဲ သိလား"
ကွာဖီက ရယ်မောလိုက်ပြီး ဟွမ်ယိုလျန့်ကို စိုက်ကြည့်လိုက်သည်။
"အပြင်က နယ်ရုပ်လေးတွေကို ငါစိတ်မဝင်စားဘူး.. ငါစိတ်ဝင်စားတာက အမှောင်နက်ဝေါ့ခ်မှာ အဆင့်ခုနစ်ရှိတဲ့ အမှောင်နက်ဝေါ့ခ် ဘုရင်ခံ နဲ့ တိုက်ရိုက် အဆက်အသွယ် ရခဲ့တဲ့မင်းပဲ.. မင်းက ဌာနခွဲ ခေါင်းဆောင် တစ်ယောက်ဆိုတာ ငါသိတယ်"
ဟွမ်ယိုလျန့်၏ မျက်နှာတွင် တုန်လှုပ် ချောက်ခြားသော အမူအရာ ဖြစ်ပေါ်လာသည်။
ကွာဖီက သူ့အကြောင်းကို ထိုမျှ သိရှိထားမည်ကို သူ မမျှော်လင့်ခဲ့ပေ။
ထိုခဏတွင် ကွာဖီက သူ့လက်ကို မြှောက်လိုက်ပြီး မှော်အတတ်ကို သုံး၍ ဟွမ်ယိုလျန့်၏ မျက်ခုံးကြားကို ထောက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဟွမ်ယိုလျန့်သည် သူ့ဦးနှောက်ထဲတွင် နာရီသံများကို ကြားနေခဲ့ရသည်။
"ငါတို့ကို ပြောပြပါ.. ဘုရင်ခံကို ဘယ်လိုဆက်သွယ်ရမလဲ"
ကွာဖီက စစ်ဆေးမေးမြန်းလိုက်သည်။
"မင်းရဲ့ ဦးနှောက်ထဲမှာ ငါနာရီထည့်ထားတယ်.. ဒီနာရီက အချိန်ပြည့်တာနဲ့ ပေါက်ကွဲမယ့် ကျိန်စာတစ်ခုပဲ.. မင်း ဘာမှ မပြောချင်ရင်လည်း မသေပါဘူး.. ဒါပေမယ့် မင်းရဲ့ စိတ်ဝိညာဥ်ကတော့ ခန္ဓာကိုယ်ကနေ လွင့်စင်သွားပြီး ကိုမာဝင်သွားလိမ့်မယ်.. မင်းတစ်သက်လုံး လျှပ်စစ်ကုထုံးကို ခံယူရနိုင်တယ်.."
"မသိဘူး.. ငါဘာမှမသိဘူး.. အီးး"
ဟွမ်ယိုလျန့်က ငိုချလိုက်သည်။
သူက သူ့အမေအိုကြီး ဆုံးပါးသွားချိန်မှာပင် မငိုခဲ့ဖူးပေ။
သူ့လို လူကြီးတစ်ယောက်က ဤအဖြစ်မျိုးနဲ့ ကြုံမည်ဟု မထင်ခဲ့မိပေ။
“ငိုပါ.. ကျန်ရှိတဲ့အချိန် တစ်စိတ်တစ်ပိုင်းလုံးက ငိုရမှာပဲလေ"
ကွာဖီက အေးစက်စက် ပြုံးလိုက်သည်။
အင်မော်တယ်စံအိမ်သခင် ချန်ယွီက ချော့မော့သော လေသံဖြင့် ဝင်ပြောလိုက်သည်။
“ညီနောင်.. မင်း ငိုလို့ဝရင် မင်းသိသမျှကို ငါတို့ကို ပြောပြပါ.. ငါတို့မင်းကို နည်းနည်းမှ အပြစ်တင်မှာမဟုတ်ဘူး.. ဒီလိုမှမဟုတ်ရင်တော့ ငါတို့က မင်းကို စစ်ဥပဒေဗျူရိုကို ပို့ပြီး မင်းရဲ့မှတ်ဉာဏ်ကို အတင်းအကျပ် ဆွဲထုတ်ရလိမ့်မယ်"
"မင်းသိထားသင့်တာ ငါတို့ဖမ်းချင်တဲ့ အဓိကပစ်မှတ်က အမှောင်နက်ဝေါ့ခ်ရဲ့ ဘုရင်ခံပဲ.. ဒီကောင်က မင်းနဲ့ ငါတို့ရဲ့ ထောင်ဒဏ်တွေကို လျှော့ချဖို့ အတွက် အရမ်းအရေးကြီးတယ်”
ကွာဖီက သတိပေးလိုက်သည်။
“မင်းမှာ စက္ကန့်သုံးဆယ် ကျန်သေးတယ်”
ယခုအချိန်တွင် ဟွမ်ယိုလျန့်၏ စိတ်သည် ဗလာဖြစ်နေသည်။
သူက ဘာပြောရမှန်း လုံးဝမသိသလို ငိုင်နေခဲ့သည်။
ထိုအချိန်တွင် ဦးနှောက်အတွင်းရှိ နာရီသံသည် ရုတ်တရက် မြည်လာသဖြင့် ဟွမ်ယိုလျန့် ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။
"ငါ.. ငါပြောပါ့မယ်.. ဒါပေမဲ့ ဘုရင်ခံ နဲ့ ထိတွေ့ခွင့်ရဖို့က အတော်ခက်တယ်.. အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ငါ့ရဲ့ အဆင့်အတန်းက ငါဝယ်ခဲ့တဲ့အရာ ဖြစ်တယ်.. ဒါ့အပြင် အဖွဲ့ဝင်တိုင်းက စွမ်းဆောင်ရည်ကို စစ်ဆေးခံရတယ်.. ဘုရင်ခံက အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်တဲ့ အဖွဲ့ခေါင်းဆောင်တွေကိုပဲ တွေ့ဆုံတယ်.. ပြောရရင် စွမ်းဆောင်ရည်ကောင်းတဲ့ အဖွဲ့ခေါင်းဆောင်တွေပဲ ဘုရင်ခံကို တွေ့နိုင်တယ်"
ကွာဖီက ထပ်မံ ခြိမ်းခြောက်သည့် အနေဖြင့် ဟွမ်ယိုလျန့်၏ ဦးနှောက်အတွင်းမှ နာရီလက်တံကို ပြန်စလိုက်သည်။
"ငါမင်းကို နောက်ထပ် နှစ်မိနစ်ပေးမယ်.. အဖွဲ့ခေါင်းဆောင်ရာထူးကို ဝယ်ယူတာနဲ့ ပတ်သက်ပြီး ငါတို့ကို ထပ်ပြောပြပါ.. အဲဒီ ရာထူးအတွက် မင်းဘယ်လောက် ပေးခဲ့ရလဲ"
"HNY ငါးသန်း နဲ့ ကျေးလက်က အိမ်တစ်လုံးပါ”
ဟွမ်ယိုလျန့်က ဖြေလိုက်သည်။
"ဒီလောက်ပေးရတယ်ဆိုတော့ အဖွဲ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဘယ်လောက်တောင် ဝင်ငွေရနိုင်လို့လဲ"
“အဖွဲ့တစ်ခုမှာ လူငါးထောင် ဝန်းကျင်ရှိတယ်.. ငါက အလုပ်ကိုကောင်းမွန်စွာ ဆောင်ရွက်နိုင်သ၍ ကုန်ကျစရိတ်ကို တစ်နှစ်အတွင်း ပြန်လည်ရရှိနိုင်မှာ ဖြစ်တယ်.. ငါတို့ရရှိတဲ့ အကြိမ်အရေအတွက်ပေါ် မူတည်ပြီး ဘုရင်ခံက ငါတို့ကို ကော်မရှင် ပေးတယ်.. အကယ်၍ မင်းတို့ သူနဲ့တွေ့ချင်ရင် အဖွဲ့ကို ကောင်းကောင်း လည်ပတ်နိုင်ပြီး ရလဒ်ကောင်းတွေ ထွက်မှပဲ ဖြစ်နိုင်လိမ့်မယ်.. မဟုတ်ရင် သူနဲ့တွေ့ဖို့ နည်းလမ်းမရှိဘူး”
"တစ်နှစ်တောင် စောင့်ရမဲ့အပြင် ရလဒ်ကောင်းပါ ထွက်ရမှာလား"
ကွာဖီက မျက်မှောင်ကြုတ်သွားသည်။
"မင်းသိထားတာတွေကို ငါတို့ကို ထပ်ပြောပြဦး"
“ငါတို့ရဲ့ အရင် အဖွဲ့ခေါင်းဆောင်က အလုပ်တွေ တအားလုပ်ပြီး သေဆုံးသွားတယ်.. ငါက ဒါကို အခွင့်ကောင်းယူပြီး ဒီရာထူးကို ဝယ်လိုက်တာပဲ”
ဟွမ်ယိုလျန့်က ရှင်းပြလိုက်သည်။
"ဒါဆို မင်းက အဖွဲ့ခေါင်းဆောင် ဖြစ်တာ မကြာသေးဘူးပေါ့"
"ဟုတ်တယ်.. နှစ်ရက်တောင် မပြည့်သေးဘူး"
“ခေါင်းဆောင်ဟောင်းက အလုပ် အလွန်အကျွံလုပ်လို့ ကွယ်လွန်သွားတာတော့ ဟုတ်ပါပြီ.. မင်းက ဘယ်လို ချိတ်ဆက်မိပြီး ဝယ်ယူခဲ့တာလဲ"
“ငါက အဖွဲ့ထဲမှာ အက်မင် တစ်ယောက်ပါ.. အဖွဲ့ခေါင်းဆောင်သေဆုံးသွားတဲ့အခါမှာ ငါက သူ့အကောင့်ကိုဝယ်ပြီး အဖွဲ့ထဲမှာ အထောက်အထားနှစ်ခုကို အသုံးပြုဖို့ စီစဉ်ခဲ့တယ်"
"မင်းလို အက်မင်က အဖွဲ့ခေါင်းဆောင် အဖြစ် ဟန်ဆောင်ခဲ့တယ်ပေါ့"
ကွာဖီက ရယ်မောလိုက်သည်။
"ငါတို့က အင်တာနက်ကနေ တဆင့် ဝင်ငွေကို ရရှိကြတယ်.. ငါတို့ ဌာနခွဲရဲ့ အဖွဲ့ဝင် အရေအတွက်က ငါးထောင်တောင် ကျော်နေခဲ့ပြီ.. အဖွဲ့ဝင် တစ်ယောက်ချင်းစီက အထက်တန်းစား ဘလိမ်မာတွေပဲ"
"ဒီလို တိုးတက်မှုမျိုး တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း ဘယ်လိုမှမရနိုင်ဘူး.. ဒါ့အပြင် အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့အကဲဖြတ်မှုကို ခံယူရသေးတယ်.. ဒီအဖွဲ့ခေါင်းဆောင် အဆင့်အတန်းကိုသာ ငါမဝယ်ခဲ့ဘူးဆိုရင် အကဲဖြတ်မှုကို လုံးဝ အောင်မြင်နိုင်မှာမဟုတ်ဘူး"
"ဘယ်လိုမျိုး အကဲဖြတ်တာလဲ"
ဟွမ်ယိုလျန့်က အလုံးစုံ ဖွင့်ဟရန် အဆင်သင့်ဖြစ်နေပြီမှန်း သိလိုက်ရသဖြင့် ကွာဖီက ဟွမ်ယိုလျန့် ဦးနှောက်အတွင်းရှိ နာရီကို ရပ်တန့်ပေးလိုက်သည်။
“အကဲဖြတ်မှုက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး.. အဓိက ကတော့ အမျိုးသမီး၀တ်စုံကို ၀တ်ဖို့ပါပဲ.. ဒါပေမယ့် ငါက ရုပ်ဆိုးလွန်းတယ်လေ”
“အင်း.. မင်းက တကယ်ပဲ အခွင့်အရေး လုံးဝ မရှိဘူး”
ကွာဖီ "မင်းကို မေးချင်တာတစ်ခုရှိတယ်.. အွန်လိုင်းမှာ ရုတ်ရုတ်သဲသဲ ဖန်တီးခြင်းရဲ့ အန္တရာယ်တွေကို မင်းမစဉ်းစားမိဘူးလား"
"ငါတို့က အွန်လိုင်းသတင်း ဝဘ်ဆိုဒ်တွေမှာ ဘလိမ်မာတွေအဖြစ် လုပ်တယ်.. လစ်ရင်လစ်သလို အာချောင်တယ်.. ငါတို့အတွက် အန္တရာယ်ဖြစ်စေတဲ့ တစ်ခုတည်းသော အရာက ငါတို့ အာချောင်ထားတဲ့ စကားတွေပဲ.. ငါတို့က သွေးမြေကျရမဲ့ကိစ္စမျိုးတွေ မလုပ်တော့ အကြမ်းဖျင်းအားဖြင့် အန္တရာယ်ကင်းတယ်လို့ဆိုရမယ်.. ဥပဒေ ဘက်တော်သားတွေနဲ့ မတွေ့သ၍ပေါ့"
"ဒါနဲ့ အဖွဲ့ဝင်တွေက အဖွဲ့ခေါင်းဆောင်အနေနဲ့ မင်းကို သံသယမဝင်ဘူးလား"
"သူတို့ ငါ့ကို မတွေ့ဖူးဘူးလေ"
"အဖွဲ့ကို ဘယ်လို ဖွဲ့ရလဲ"
"အဖွဲ့ခေါင်းဆောင် အကဲဖြတ်မှုကို ကျော်ဖြတ်နိုင်သရွေ့ ကိုယ်အခြေချမဲ့ နယ်မြေ အပေါ် အခြေခံပြီး အဖွဲ့တစ်ဖွဲ့ တည်ထောင်နိုင်တယ်.. အဖွဲ့ကို ထိန်းချုပ်ဖို့အတွက်တော့ အဖွဲ့ခေါင်းဆောင်က ဘုရင်ခံ သတ်မှတ်ပေးထားတဲ့ အင်တာနက်ကဖေးမှာ ပြုလုပ်ရမှာ ဖြစ်တယ်”
"ဒါဆို မင်းရဲ့ အဖွဲ့အတွက် မင်းအွန်လိုင်းသွားသုံးရမဲ့ အင်တာနက်ကဖေးက ဘယ်နေရာမှာလဲ"
"ပေါင်ဝမ်က ကျီးကန်းစီရင်စုမှာပါ.. ကျီးကန်းစီရင်စုမှာက အင်တာနက်ကဖေးဆိုင် တစ်ဆိုင်ပဲရှိတယ်”
"ကောင်းပြီ"
ကွာဖီက ခေါင်းညိတ်လိုက်ပြီး ချန်ယွီနှင့် မိစ္ဆာဓားနတ်ဘုရားကို လှည့်ကြည့်လိုက်သည်။
"ငါ့ကောင်တို့.. ကျီးကန်းစီရင်စုက အင်တာနက်ကဖေးကို ငါတို့ ခရီးထွက်ကြစို့"
"မင်းက အဖွဲ့ခေါင်းဆောင်လုပ်မလို့လား"
"အမှန်ပေါ့.. အဖွဲ့ခေါင်းဆောင်လုပ်မို့"
အပိုင်း(၉၃၈) ပြီး၏