← Chapters

အဖွဲ့ခေါင်းဆောင် ဖြစ်လာခြင်းအတွက် အခြေအနေများ

Vol. 63 Ch. 939

အဖွဲ့ခေါင်းဆောင် ဖြစ်လာခြင်းအတွက် အခြေအနေများ

Vol. 63 Ch. 939

စုန့်ဟိုင်မြို့မှ ပေါင်ဝမ်ပြည်နယ် ကျီးကန်းစီရင်စုသို့ သွားရမည့် ခရီးက ဝေးသော်လည်း အထူးလမ်းကြောင်းဆိုလျှင် နှစ်နာရီသာ ကြာမြင့်၏။

ကွာဖီတို့ သုံးယောက်က "အပြစ်ဖြေခွင့်"အစီအစဥ်တွင် တာဝန် ထမ်းဆောင်ခြင်းဖြင့် သူတို့၏ ပြစ်ဒဏ်များ လျော့ပါးအောင် ကြိုးစားနေကြသည်။

သူတို့က အစိုးရ၏ လုပ်ငန်းတွင် ပါဝင်ကူညီနေသော်လည်း အာကာပြင် ခရီးသွားလာခြင်း ကဲ့သို့ လုပ်ဆောင်မှုများကို ကန့်သတ်ခံထားရဆဲ ဖြစ်သည်။

ဆိုရလျှင် မစ်ရှင်များ ထမ်းဆောင်နေသည့်တိုင် သူတို့ကို အာကာပြင် လိုဏ်ခေါင်းများဖွင့်ခြင်း သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ တည်နေရာ ရွှေ့ပြောင်းသည့် မှော်စွမ်းရည် အသုံးပြုခြင်းမျိုး ခွင့်မပြုပေ။

ထို့အပြင် သူတို့အားလုံးသည် တည်နေရာကို ခြေရာခံသည့် ကိရိယာများ ဝတ်ဆင်ထားရသည်။

ခြေရာခံကိရိယာမှာ ကွန်ပျူတာမှတဆင့် ထိန်းချုပ်နိုင်သည့် အဆင့်မြှင့်တင်ထားသော ဝိညာဥ်လက်ထိပ်(ဝါ) ဝိညာဥ်အချုပ်အနှောင် အမျိုးအစား ဖြစ်သည်။

ယင်းကိရိယာကို ဖန်တီးသူမှာ ထုံးစံအတိုင်းပင် ဝမ်မင်ဖြစ်သည်။

ထောင်ကားအတွင်းတွင် ဟွမ်ယိုလျန့်သည် လူနှစ်ယောက်ကြားတွင် ထိုင်နေသည်။

သူက အေးစက်သော ချွေးများဖြင့် ရွှဲနေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေ၏။

"ငါတို့အဲဒီကိုရောက်ရင် ဘာလုပ်ရမယ်ဆိုတာ ပြောပြရမယ်"

ကွာဖီက ဟွမ်ယိုလျန့်၏ ပေါင်ကို ပုတ်ကာ ပြောလိုက်သည်။

"စိတ်ချပါ.. ငါမနာခံရင် ငါ့စိတ်ဝိညာဥ်တွေ ကွဲသွားလိမ့်မယ်ဆိုတာ သိပါတယ်"

ဟွမ်ယိုလျန့်က တံတွေးမျိုချကာ ပြောလိုက်သည်။

"ဘာလို့ အဲဒီတုန်းက အဖွဲ့ခေါင်းဆောင် ဖြစ်ချင်ရတာလဲ"

ချန်ယွီက စိတ်ဝင်တစား မေးလိုက်သည်။

“ငါက ဂိမ်းစတူဒီယိုကို ဖွင့်ထားပေမယ့် ငါတို့ ဒီဇိုင်းထုတ်ထားတဲ့ ဂိမ်းတွေက အမြဲတမ်း အရှုံးပေါ်တဲ့အတွက် အပိုဝင်ငွေရဖို့ အလုပ်ရှာခဲ့တယ်.. နောက်တော့ သူငယ်ချင်း တစ်ယောက်ဆီကနေ ဒီအလုပ်အကြောင်းကြားပြီး ဒီနယ်ပယ်ထဲ ဝင်ရောက်ခဲ့တယ်.. ဒါပေမယ့် ငါက အဖွဲ့ခေါင်းဆောင်ရာထူးမှာ ဘယ်နှစ်ရက်မှ မလုပ်လိုက်ရဘူး.. ပြောရရင် အဖမ်းခံလိုက်ရတဲ့ အတွက် ဘုရင်ခံက သတ်မှတ်ထားတဲ့ အင်တာနက်ကဖေးကိုတောင် မသွားရသေးဘူး”

“အဖွဲ့ခေါင်းဆောင် ဖြစ်လာဖို့ ရင်းနှီးမြုပ်နှံပြီးတာနဲ့ ငွေရှာနိုင်တာလား”

ကွာဖီက ပြုံး၍ မေးလိုက်သည်။

“အတိအကျတော့ မဟုတ်ဘူး.. အဖွဲ့ခေါင်းဆောင်က ဘယ်လိုအလုပ်လုပ်ရလဲ မင်းတို့သိလား"

“မသိဘူး”

ကွာဖီတို့က ခေါင်းခါယမ်းလိုက်ကြသည်။

“ဒီရာထူးကို ထမ်းဆောင်ပြီ ဆိုတာနဲ့ အမျိုးသမီး အ၀တ်အစားတွေကို ကနဦး ဝတ်ဆင်ရတယ်.. ပြီးရင် အက်မင်တွေနဲ့ ပူးပေါင်းပြီး ငါတို့ရဲ့ တားဂတ် ရောက်အောင် ကြိုးစားကြတယ်.. အဖွဲ့၀င်တွေကတော့ ပို့စ်တွေကို လူကြည့်များအောင် ကီးဘုတ်စစ်သည်တော်တွေ အဖြစ် လုပ်ဆောင်ပြီး ကျိန်ဆဲခြင်းနဲ့ ဆူပူကြိမ်းမောင်းခြင်းတွေကို ပြုလုပ်ကြတယ်.. ကြည့်ရှုမှုအရေအတွက် အလုံအလောက် ရရှိရင်တော့ အုပ်ချုပ်ရေးမှူးက ကော်မရှင် ပေးတယ်”

ဟွမ်ယိုလျန့် "အချိုးအစားအားဖြင့် အဖွဲ့ခေါင်းဆောင်နဲ့ ဘုရင်ခံကြား 30-70 ခွဲထားတယ်"

“အဖွဲ့ခေါင်းဆောင်တွေက ခုနစ်ဆယ်ရာခိုင်နှုန်းပဲ ရတာလား”

“ခုနစ်ဆယ်ရာခိုင်နှုန်းက ဘုရင်ခံရတာပါ.. အဖွဲ့ခေါင်းဆောင်တွေက သုံးဆယ်ရာခိုင်နှုန်းပဲရတယ်.. ဒါတောင် ဘော့စ်က စိတ်ကျေနပ်မှုရှိမရှိ ဆိုတဲ့အပေါ် မူတည်သေးတယ်”

ဟွမ်ယိုလျန့်က ပြောလိုက်သည်။

"နေပါဦး.. ဘော့စ်က ဘယ်သူလဲ"

ကွာဖီက စိတ်ဝင်တစား မေးခွန်းထုတ်လိုက်သည်။

“ဘော့စ်က ဘုရင်ခံထက် အဆင့်မြင့်တယ်.. ငါတို့ အဖွဲ့အစည်းကို အထက်အောက် အုပ်ချုပ်တဲ့ စနစ်နဲ့ စီမံခန့်ခွဲထားတယ်.. တကယ်တော့ အဖွဲ့၀င်တွေက ပိုက်ဆံလုံးဝမရပါဘူး.. အဖွဲ့ခေါင်းဆောင်တွေနဲ့ အင်မင်တွေကပဲ ကော်မရှင် ရကြတယ်”

ဟွမ်ယိုလျန့်က သက်ပြင်းချရင်း ပြောလိုက်သည်။

“ငါတို့ ဌာနခွဲအဖွဲ့မှာ အဖွဲ့ဝင် ငါးထောင်ကျော် ရှိတယ် ဆိုပေမဲ့ ဘုရင်ခံက အဖွဲ့ဝင်ပေါင်း သန်းငါးဆယ်ကို ကြီးကြပ်တဲ့သူပဲ.. ဒါကြောင့် ငါတို့ အဖွဲ့ခေါင်းဆောင်တွေက ဘုရင်ခံရဲ့ အမိန့်ကို လုံးဝ မနာခံလို့မရဘူး.. မဟုတ်ရင် အဖွဲ့ကို ဖျက်သိမ်းခံရနိုင်တယ်.. အဆိုးဆုံးအနေနဲ့ဆို အသတ်တောင် ခံရနိုင်တယ်”

ထိုစကားကိုကြားပြီးနောက်တွင် ကွာဖီတို့ သုံးဦးက အခြေအနေကို အနည်းငယ် စဉ်းစားမိကြသည်။

ဤအဖွဲ့အစည်းကြီး၏ စီမံခန့်ခွဲမှုစနစ်သည် "အုပ်ချုပ်ရေးအဆင့်များမှ အောက်သို့ချဲ့ထွင်သည့် ပိရမစ် အစီအစဥ်"နှင့် ဆင်တူနေသည်။

ဘုရင်ခံက အမှောင်နက်ဝေါ့ခ်တွင် အဆင့်ခုနစ် ချိတ်ပြီး အရေးပါသော နေရာတစ်ခု ရထားသော်လည်း နောက်ကွယ်မှ ဘော့စ် မဟုတ်ပေ။

တစ်စုံတစ်ယောက်က ကြိုးဆွဲပြီး သူ့နောက်တွင် ထောက်ပံ့ပေးနေပုံရသည်။

တစ်ဖက်လူအနေဖြင့် နိုင်ငံရပ်ခြားမှာ ပုန်းအောင်းနေတာလည်း ဖြစ်နိုင်၏။

သို့သော် နောက်ကွယ်မှ ဘော့စ်ကို စုံစမ်းရန်မှာ သူတို့အလုပ်မဟုတ်ပေ။

လက်ရှိ သူတို့ကို ပေးအပ်ထားသော တာဝန်မှာ သဲလွန်စများကို ခြေရာခံပြီး ဘုရင်ခံကို ဖမ်းဆီးရန်သာ ဖြစ်၏။

နောက်ကွယ်မှာ တစ်စုံတစ်ယောက်ကို ဖမ်းသင့် မဖမ်းသင့် ဆိုသည်မှာ ဗိုလ်ချုပ်ပိုင်က သူတို့ကို ထောင်ဒဏ် မည်မျှလျော့ပေါ့ပေးမလဲ ဆိုသည့် အပေါ်တွင် မူတည်သေးသည်။

ထောင်ကားထဲတွင် ကွာဖီသည် ဟွမ်ယိုလျန့်၏ စကားများကို တွေးတောနေခဲ့သည်။

ဤဘုရင်ခံသည် သူ့လက်အောက်ရှိ အဖွဲ့ခေါင်းဆောင်များကို တင်းတင်းကျပ်ကျပ် စီမံခန့်ခွဲခဲ့သည်။

အဖွဲ့ခေါင်းဆောင်များသည် ၎င်းတို့ဒေသရှိ ဘုရင်ခံ သတ်မှတ်ပေးထားသော အင်တာနက် ကဖေးဆိုင်များတွင် ၎င်းတို့၏ အဖွဲ့ခေါင်းဆောင် အကောင့်များသို့ ဝင်ရောက်ရန် လိုအပ်၏။

ဟွမ်ယိုလျန့်၏ ရှင်းပြမှုကြောင့် အဖွဲ့ခေါင်းဆောင် အဖြစ် ထမ်းဆောင်ရမည့် တာဝန်က လွယ်ကူမည် မဟုတ်ကြောင်း ကွာဖီ နားလည်ခဲ့သည်။

"စောစောကပြောခဲ့တဲ့ စကားအတိုင်းဆို အဖွဲ့ခေါင်းဆောင်က အမျိုးသမီး ၀တ်စုံကို ဝတ်ပြီး ငွေရှာရတာပေါ့"

"ဟုတ်ပါတယ်"

"ဒါဆို အဖွဲ့ခေါင်းဆောင်က သူ့ရဲ့ ယောကျာ်းသိက္ခာကို ရင်းလိုက်ရတာပေါ့"

"ဒါပေမယ့် အဖွဲ့ခေါင်းဆောင် ဖြစ်လာနိုင်တဲ့လူက အများကြီး မရှိဘူးလေ”

ထိုခဏတွင် ကွာဖီက တစ်စုံတစ်ရာကို စဥ်းစားမိကာ မျက်မှောင်ကြုတ်သွားသည်။

"အဖွဲ့ခေါင်းဆောင်ဟောင်းက အကောင့်ထဲဝင်ပြီး တာဝန်ထမ်းဆောင်ဖူးတယ် ဆိုတော့ အဖွဲ့၀င်တွေက မင်းကို သံသယဝင်သွားရင် ဘယ်လိုလုပ်မလဲ"

"ဒါက ရိုးရှင်းပါတယ်.. ဒီအဖွဲ့ထဲက အဖွဲ့ဝင်အများစုဟာ ဆွဲဆောင်မှုရှိတဲ့ အသံတွေကို သဘောကျတဲ့ ပရိသတ်တွေ ဖြစ်နေလို့ပဲ.. အရင် အဖွဲ့ခေါင်းဆောင်ရဲ့ အသံက အရမ်းကောင်းတယ်လေ"

ဟွမ်ယိုလျန့် "ငါ အဖွဲ့ခေါင်းဆောင် ရာထူးကို ဝယ်တုန်းက အကောင့်ရောင်းတဲ့သူက ငါ့ကို အရင်အဖွဲ့ခေါင်းဆောင်နဲ့ တူအောင် အထူးအသံပြောင်းစက် တစ်ခု ပေးခဲ့တယ်.. ဒါကြောင့် ကွာခြားချက်ကို ဘယ်သူမှ မရိပ်မိဘူး"

“ဒါပေမယ့် ဘုရင်ခံကို ဖမ်းချင်ရင် အဖွဲ့ထဲက လူတွေကို အရင် လှည့်စားနိုင်ဖို့ အရမ်း အရေးကြီးတယ်.. ဒီတစ်ကြိမ် အဖွဲ့ခေါင်းဆောင်ရဲ့ အခန်းကဏ္ဍကို ရယူဖို့အတွက် ၀တ်စားဆင်ယင်မှုလည်း မရှိမဖြစ် လိုအပ်တယ်.. ဒါပေမယ့် မင်းတို့ သုံးယောက်ထဲကဆိုရင်..”

ဟွမ်ယိုလျန့်က မိစ္ဆာအင်ပါယာ ကွာဖီ၊ အင်မော်တယ် စံအိမ်သခင် ချန်ယွီနှင့် မိစ္ဆာဓားနတ်ဘုရား တို့ကို ကြည့်လိုက်သည်။

၎င်းတို့ကို အထပ်ထပ်အခါခါ ကြည့်ပြီးနောက်တွင် ယုံကြည်စိတ်ချစွာ ဖြတ်ကျော်နိုင်မည့် တစ်ဦးတည်းသော သူက မိစ္ဆာဓားနတ်ဘုရား ဖြစ်သည်ကို သူတွေ့ရှိခဲ့သည်။

သို့သော် သူ့ကို မိစ္ဆာဓားနတ်ဘုရားက ဓားဖြင့် ထိုးသတ်မည်ကို စိုးရိမ်သောကြောင့် တိုက်ရိုက် မပြောဝံ့ခဲ့ပေ။

ထိုအချိန်က မိစ္ဆာဓားနတ်ဘုရားသည် တုန်လှုပ်ချောက်ခြားဖွယ်ကောင်းသော မိစ္ဆာအင်ပါယာ ကွာဖီ နှင့် နှိုင်းယှဉ်လျှင်ပင် အားမနည်းလှပေ။

သူက သူ့ဆရာကို သတ်ဖို့ပင် ဝန်မလေးသူ ဖြစ်သည် မဟုတ်ပါလော။

ယင်းက လုံးဝ သွေးအေးသူ ဖြစ်သည်ဟု ဆိုနိုင်၏။

ဤကဲ့သိုသောလူကို စော်ကားမိလျှင် ကြေကွဲဖွယ် အဆုံးသတ်နှင့် ရင်ဆိုင်ရမည်ကို ဟွမ်ယိုလျန့် သိသည်။

"မင်းဘာတွေ တွေးနေတာလဲ ငါသိတယ်"

ကွာဖီက ဟွမ်ယိုလျန့်၏ ပခုံးကို ပုတ်လိုက်သည်။

"မိစ္ဆာဓားနတ်ဘုရား အတိုအပြတ် ဝတ်တာကို ကြည့်ချင်နေတာ မဟုတ်လား"

ဟွမ်ယိုလျန့် "မဟုတ်ဘူး... မဟုတ်ဘူး.. ငါမကြည့်ရဲပါဘူး"

“ယောက်ျားဆိုတာ ရိုးသားဖို့ လိုအပ်တယ်.. အမှန်အတိုင်းပြောပါ.. မင်းကြည့်ချင်လား မကြည့်ချင်ဘူးလား.. ကိုယ့်ကိုယ်ကိုယ် ရိုးသားစမ်းပါ.. မဟုတ်ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေကို ရရှိလာလိမ့်မယ်”

ဟွမ်ယိုလျန့်က နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိသည့် မိစ္ဆာဓားနတ်ဘုရားကို ကြည့်လိုက်သည်။

ထိုအခါ မိစ္ဆာဓားနတ်ဘုရားသည် သူကြားဖူးထားသည့် သတင်းများနှင့် အနည်းငယ် ကွဲပြားနေသည်ဟု ဟွမ်ယိုလျန့် ခံစားမိခဲ့သည်။

မိစ္ဆာဓားနတ်ဘုရားက ဘယ်လိုသဘောထားလဲ သူမသိသော်လည်း အလွန်တိုးညင်းသော လေသံဖြင့် ပြောလိုက်သည်။

“မိစ္ဆာဓားနတ်ဘုရားဆို သင့်တော်မယ်လို့ ထင်ပါတယ်”

"ဟားဟား.. မင်းက ရိုးသားစွာ ဖွင့်ပြောခဲ့တာပဲ"

ကွာဖီ ရယ်လိုက်သည်။

"စိတ်မပူပါနဲ့.. မင်းမြင်ရမှာပါ"

ဟွမ်ယိုလျန့် “….......”

ကွာဖီ "ဘာလို့လဲဆိုတော့ ချန်ယွီ နဲ့ ငါလည်း တွေ့ချင်နေတာကြောင့်လေ"

ဟွမ်ယိုလျန့် “.........…”

အဖွဲ့ခေါင်းဆောင်က အက်မင်များနှင့် အဖွဲ့၀င်များထက် အဆင့်မြင့်သောကြောင့် သူတို့တွင် ငြင်းပယ်စရာ အကြောင်းပြချက် မရှိတာ သဘာဝပင်။

ကွာဖီ အတွက်မူ ဤအလုပ်က ဒူးထောက်ပြီး အစာတောင်းသော အလုပ်လို ဖြစ်နေသည်။

ဘာပဲဖြစ်ဖြစ် သူတို့ သုံးယောက်ထဲက တစ်ယောက်သည် မိန်းမအင်္ကျီ အတိုအပြတ်ကို ၀တ်ဆင်ဖို့ လိုအပ်နေသည်။

ထိုသို့ ဝတ်ဆင်ရန် မိစ္ဆာဓားနတ်ဘုရား မှလွဲ၍ အခြားမည်သူမျှ သင့်တော်မည့်ပုံ မရပေ။

"မိစ္ဆာဓားနတ်ဘုရား"

ကွာဖီက မိစ္ဆာဓားနတ်ဘုရား ဆီသို့ လှည့်ကြည့်လိုက်သည်။

မိစ္ဆာဓားနတ်ဘုရားသည် ဖဲကစားခြင်း သို့မဟုတ် အလုပ်ကြမ်းလုပ်ခြင်းမှ လွဲလျှင် နေ့စဥ်နေ့တိုင်း ထောင်ထဲတွင် ကွာဖီနှင့် ချန်ယွီတို့၏ ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။

ယခုအခါ ကွာဖီသည် သူ့ကို နှစ်လိုဖွယ်လေသံဖြင့် ပြောဆိုနေသောကြောင့် မိစ္ဆာဓားနတ်ဘုရား တုန်လှုပ်သွားသည်။

မိစ္ဆာဓားနတ်ဘုရား “မင်း ဘာလိုချင်လို့လဲ”

"မင်း မိန်းမအဝတ်အစားတွေ ဝတ်ရမယ်"

“ဘာလို့ ဝတ်ရမှာလဲ”

"မင်း ဝတ်မယ်ဆို ငါ နဲ့ ချန်ယွီက မင်းကို နောက်ထပ် သုံးရက်ကြာတဲ့အထိ ရိုက်နှက်မှာမဟုတ်ဘူး"

မိစ္ဆာဓားနတ်ဘုရား"တစ်​ပတ်​​လောက်​​ ဆိုရင်တော့ အ​ပေးအယူကို ငါလက်ခံမယ်"

ကွာဖီ နဲ့ ချန်ယွီ "သဘောတူတယ်"

“…............”

အပိုင်း(၉၃၉) ပြီး၏။

All Chapters