← Chapters

ဦးနှောက်ဘုရင် မျိုးနွယ်စု

Vol. 63 Ch. 941

ဦးနှောက်ဘုရင် မျိုးနွယ်စု

Vol. 63 Ch. 941

တစ်ချိန်တည်းတွင် အမည်မသိ စိတ်ဝိညာဉ်ကမ္ဘာတစ်ခု၏ အခန်းတစ်ခု အလယ်ရှိ ဖန်သားပြင်၌ ကျွန်း၏ 3D ရုပ်ပုံကို ပြသနေခဲ့သည်။

ထိုဖန်သားပြင်တွင် အဖွဲ့ခေါင်းဆောင်တိုင်းကို အနီစက်ဖြင့် အမှတ်အသားပြုထား၏။

စင်စစ် ၎င်းတို့အားလုံးသည် ထိန်းသိမ်းခံထားရသော အဖွဲ့ခေါင်းဆောင်များ ဖြစ်သည်။

အဖွဲ့ခေါင်းဆောင်များသည် အကြောင်းအမျိုးမျိုးဖြင့် နေကိုပင် မမြင်ရသည့် ဤကျွန်းမှာ အကျဉ်းချခံခဲ့ရ၏။

အချို့က ၎င်းတို့၏ စွမ်းဆောင်ရည်ခွဲတမ်းကို မပြည့်မီ၍ ဖြစ်ပြီး အချို့မှာ အဖွဲ့အစည်းဆိုင်ရာ အဓိက အချက်အလက်များ ကို ပေါက်ကြားစေခဲ့သောကြောင့် ဖြစ်သည်။

တစ်ချို့က မတော်တဆ အမှားလုပ်မိခြင်းသာ ဖြစ်သော်လည်း အပြစ်ပေးခံခဲ့ရ၏။

ဤသည်မှာ ဘုရင်ခံ တစ်ယောက် နှစ်ပေါင်းများစွာ အစွမ်းထက်မြက်နေပြီး အမှောင်နက်ဝေါ့ခ်၏ အဆင့်၇မှ ဖြုတ်ချခြင်း မခံရသည့် အကြောင်းရင်းလည်း ဖြစ်သည်။

"ကြည့်စမ်းပါဦး အရှင်ဦးနှောက်ဘုရင်.. တစ်စုံတစ်ယောက်တော့ ခိုးဝင်လာပြီ"

ဧရာမကွန်ပြူတာဖန်သားပြင် တစ်ခုရှေ့ရှိ ရေဘဝဲနှင့်တူသော မွန်းစတားတစ်ကောင်က ပြောလိုက်သည်။

ထိုရေဘဝဲမွန်းစတားက အမှောင်နက်ဝေါ့ခ်မှ ဘုရင်ခံဖြစ်လိမ့်မည်ဟု မည်သူမှ ထင်ထားမည် မဟုတ်ချေ။

စင်စစ် ဘုရင်ခံသည် ကမ္ဘာမြေက မဟုတ်ဘဲ စက်ပိုင်းဆိုင်ရာဖြင့် ဖွဲ့စည်းထားသည့် ယန္တရား ရေဘဝဲတစ်ကောင် ဖြစ်ပြီး ဦးနှောက်ဘုရင်၏ နှုတ်ကပတ်တော်ဖြင့် လုံး၀ ဖန်တီးထားခြင်း ဖြစ်သည်။

နက်နဲပြီး စွဲမက်ဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာချိန်တွင် ကွန်ပျူတာဖန်သားပြင်၌ ဦးနှောက်ပုံ တစ်ခု ပေါ်လာသည်။

"ဒီနေရာကို ရှာတွေ့သွားပုံပဲ.. ငါတို့က ငါတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အစီအစဥ်ကို တစ်လှမ်းချင်း သတိကြီးကြီးထားပြီး အကောင်အထည်ဖော်ခဲ့တယ် ဆိုပေမဲ့ တခြားသူတွေ ဘယ်လိုမှ သတိမထားမိဘူး ဆိုတာတော့ မဖြစ်နိုင်ဘူးလေ"

“ဦးနှောက်ဘုရင်က ကြိုတွက်ပြီးသားကိုး.. ဉာဏ်နည်းတဲ့ ဒီလက်အောက်ငယ်သားက အဲလောက်ထိ မမြင်နိုင်ခဲ့ဘူး”

"ကျွန်းမှာ ပိတ်လှောင်ခံထားရတဲ့ လူတွေအားလုံးက ငါတို့ ဒီနှစ်တွေအတွင်း မှားယွင်းစွာ ရွေးချယ်ထားတဲ့ လူတွေပဲ.. သူတို့ထဲက တစ်ယောက်မှ ဒီကမ္ဘာပေါ်မှာ ငါရှာနေတဲ့ ဉာဏ်အထက်မြက်ဆုံးသူတွေ မဟုတ်ဘူး"

“ပြောရရင် ဒီလူတွေက အွန်လိုင်းမှာ သူတို့ရဲ့ခံစားချက်တွေကို ထုတ်ပြောတဲ့ အရှုံးသမားတွေချည်းပါပဲ"

"ဦးနှောက်ဘုရင်က ဘာလို့ ဉာဏ်ရည်ထက်မြက်တဲ့ သူတွေကို အာရုံစိုက်ပြီး ရှာနေရတာလဲ"

ဖန်သားပြင်ပေါ်ရှိ ဦးနှောက်က တဖျပ်ဖျပ်ဖျပ် လှုပ်ခတ်ပြီး

“မက်ဆေ့ချ်ပို့တာက ကမ္ဘာပေါ်မှာ သတင်းစကားပါးတဲ့ ယဉ်ကျေးမှု တစ်ခု ဆိုပေမယ့် အခုချိန်မှာတော့ ကီးဘုတ် စစ်သည်တော်တွေရဲ့ ခိုလှုံရာနေရာ ဖြစ်လာခဲ့ပြီ"

“ဒီမက်ဆေ့ချ်တွေရဲ့ နောက်ကွယ်မှာ သခင်တွေ အမြောက်အများ ရှိနေတယ်လို့ ငါကြားဖူးတာ ကြာပြီ.. ဒါကြောင့် ကမ္ဘာပေါ်မှာ ဉာဏ်အမြက်ဆုံးသူတွေက ဒီကီးဘုတ်စစ်သည်တော်တွေထဲမှာ သေချာပေါက်ရှိတယ်လို့ ငါ အမြဲယုံကြည်ခဲ့တယ်"

“လွန်ခဲ့တဲ့နှစ်အနည်းငယ် အတွင်း အဖွဲ့ကို ဆက်လက် တိုးချဲ့ခဲ့ရတဲ့ အကြောင်းရင်းက ဉာဏ်ရည်ကောင်းတဲ့ သူတွေကိုရှာဖွေဖို့ပဲ.. ဉာဏ်အမြော်အမြင်ရှိတဲ့ လူတွေရဲ့ မှတ်ဉာဏ်ကို ဝါးမျိုလိုက်ခြင်းက ငါတို့ကို စကြာဝဠာကြီးမှာ ခြေကုပ်ယူနိုင်ဖို့ လမ်းခင်းပေးလိမ့်မယ်"

"နတ်တာအိုကြယ်က ဂြိုလ်များစွာကို ဝါးမျိုသွားပေမဲ့ ငါတို့ ဦးနှောက်မျိုးနွယ်စုက နတ်တာအိုကြယ်က ကြယ်စင်အရှင်သခင်ထက် တွက်ချက်နိုင်စွမ်းမှာ သာလွန်နေတာကြောင့် မပြိုကွဲသေးတာပဲ”

"ကြယ်စင်အရှင်သခင်က ငါတို့ဦးနှောက်မျိုးနွယ်စုကို တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ သိထားတယ်.. ဒါကြောင့် ငါတို့က ပြင်ဆင်မှုတွေ လုပ်ထားရမယ်.. အခုဆိုရင် နတ်တာအိုကြယ်ဂြိုဟ်က ကမ္ဘာဂြိုဟ် နဲ့ သံတမန်ဆက်ဆံရေးကို ထူထောင်လိုနေတယ်"

"ဒါက ကြယ်စင်အရှင်သခင် အနေနဲ့ ကမ္ဘာမြေက လူသားတွေရဲ ဉာဏ်ရည်ဉာဏ်သွေးကို အထင်ကြီး လေးစားတယ်လို့ ယူဆနိုင်တဲ့ သဘောပဲ. ငါ့ရဲ့ မျှော်လင့်ချက်တွေကို စွန့်လွှတ်ချင်ပေမယ့်လည်း ဒီလိုဉာဏ်ရည်ထက်မြက်တဲ့ သူတွေကို မတွေ့လိုက်ရရင် ဆုံးရှုံးမှုကြီး ဖြစ်သွားလိမ့်မယ်”

"ဒါပေမယ့် ဦးနှောက်ဘုရင်.. ကျနော်တို့ အမှားလုပ်မိနေပြီလား မသိဘူး.. ဉာဏ်ရည်ထက်မြက်တဲ့ သူတွေက ကီးဘုတ်စစ်သည်တော်တွေထဲ ရှိမနေတာရော မဖြစ်နိုင်ဘူးလား"

"မင်းက ငါ့ရဲ့ မြင်နိုင်စွမ်းကို အထင်သေးတာလား"

ဖန်သားပြင်ပေါ်ရှိ ဦးနှောက်ကြီးသည် အသံနှင့်အတူ တစ်ဟုန်ထိုးမြည်ကာ မှော်သွေးခုန်နှုန်းကဲ့သို့ လှိုင်းလုံးများကို ထုတ်လွှတ်လိုက်ရာ ယန္တရား ရေဘဝဲက ကျဥ်တောက်သွားခဲ့သည်။

"အရှင်.. စိတ်လျှော့ပါ.. ဒီဉာဏ်နည်းတဲ့ လက်အောက်ငယ်သားက အမှားလုပ်မိပါတယ်"

“လောလောဆယ် ဒီကျူးကျော်လာသူကို အာရုံစိုက်ဖို့ မလိုအပ်ဘူး.. ငါတို့ မကြာခင်မှာ ဉာဏ်ရည်ထက်မြက်သူ တစ်ယောက်ကို ရှာတွေ့နိုင်တော့မယ်လို့ ငါ ခံစားနေရတယ်”

ဦးနှောက်ဘုရင် "ဒါ့အပြင်.."

ယန္တရား ရေဘဝဲ "???"

ဦးနှောက်ဘုရင် "ငါစကားပြောနေတဲ့အချိန်မှာ မင်း ဖန်သားပြင်ကို စုပ်မနမ်းလို့ မရဘူးလား.. စုပ်နမ်းတာက မင်းရဲ့ ပင်ကိုအမူအကျင့် ဖြစ်နေရင်တောင် မင်းရဲ့အပြုအမူက ရွံမုန်းစရာပဲ”

ယန္တရား ရေဘဝဲ "ကျနော် တောင်းပန်ပါတယ် အရှင်.. ကျနော် မှားသွားပါတယ်"

ဦးနှောက်ဘုရင် "ကွန်ပျူတာ ဖန်သားပြင်ကို စုပ်နမ်းတဲ့ အမူအကျင့်ကို မင်းဆက်ဆက်ပြင်မှ ရမယ်"

ဦးနှောက်ဘုရင်က ထိုစကားကိုပြောပြီးသည့် နောက်တွင် စခရင်ပေါ်ရှိ ဦးနှောက်ပုံသည် ကျော်ကြားသူတစ်ယောက်၏ ပုံအဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းသည် လက်ရှိ ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံးသော အိုင်ဒေါလ်ပုံ ဖြစ်၏။

ထိုအိုင်ဒေါလ်တွင် ပရိသတ် သန်းတစ်ရာကျော် ရှိရုံတင်မကပဲ သူ၏ (Weibo)အကောင့်မှာ တင်သမျှသည် မျှဝေသည့် အကြိမ်ရေ သန်းတစ်ရာကျော်မျှ ရှိသည်။

သူက နူးညံ့သော အသားအရေကို ပိုင်ဆိုင်ထားသည့် အမျိုးသား အိုင်ဒေါ်လည်း ဖြစ်၏။

တစ်ဖ​က်လူက အဝေးကနေ သူ့ကို လှမ်းမြင်ရုံဖြင့် စွဲလန်းသွားစေနိုင်သော ရုပ်ရည်မျိုးလည်း ရှိသည်။

"အရှင် ကျနော့် အမှားကို သိပါပြီ.. ဖန်သားပြင်ကို နောက်ဘယ်တော့မှ မနမ်းတော့ပါဘူး"

သို့သော်လည်း ဖန်သားပြင်ပေါ်မှ အိုင်ဒေါလ်ရုပ်သွင်ကြောင့် ယန္တရား ရေဘဝဲသည် ရင်ထဲ ဗလောင်ဆူနေသလို ခံစားခဲ့ရသည်။

ထိုအခိုက်အတန့်မှာပင် သူက ပါးစပ်ကို မထိန်းနိုင်တော့ဘဲ ဖန်သားပြင်ကို တင်းကျပ်စွာ စုပ်နမ်းလိုက်တော့သည်။

…..............

တခြားတစ်ဖက်တွင်လည်း မိစ္ဆာဓားနတ်ဘုရားသည် ပိတ်မိနေမှန်း သိသွားခဲ့သည်။

ဤကျွန်းသည် အလွန်ကြောက်စရာကောင်း၏။

ရွံမုန်းစရာ ဖက်တီးများဖြင့် ပြည့်နှက်နေသည်။

၎င်းတို့က သူ့ကို မထိရသေးသော်လည်း စိတ်ထဲကနေ အော်ဂလီဆန်သလို ခံစားနေရ၏။

ယခုအခါတွင် ဤလူများသည် ဆာလောင်သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။

"မင်းတို့ ငါနဲ့ ဝေးဝေးမှာနေကြစမ်း"

မိစ္ဆာဓားနတ်ဘုရားက မျက်မှောင်ကြုတ်၍ ကြုံးဝါးလိုက်သည်။

ယခုအခါတွင် ဖက်တီးများသည် မိစ္ဆာဓားနတ်ဘုရားကို ဝိုင်းထားကြသည်။

အချို့ဆိုလျှင် အဝတ်အစားများပင် မဝတ်ထားပေ။

အသံပြောင်းလဲသည့် စနစ်သည် အသက်ဝင်နေဆဲ ဖြစ်၍ မိစ္ဆာဓားနတ်ဘုရား၏ ဆွဲဆောင်မှုရှိသော မိန်းကလေးအသံသည်သူတို့ကို အလွန်အမင်း စိတ်လှုပ်ရှားစေပြီး နှာခေါင်းသွေးများပင် ယိုစေခဲ့သည်။

ဤကျွန်းတွင် အကျဉ်းချခံထားရသော အဖွဲ့ခေါင်းဆောင်များထဲ၌ အမျိုးသမီးတစ်ဦးမျှ မပါဝင်ပေ။

ထို့ကြောင့် ယခုလို အလှပဂေးလေး တစ်ယောက် ဤနေရာသို့ ရောက်ရှိလာသောအခါတွင် သူတို့သည် သဘာဝအတိုင်း သူမကို ကောင်းမွန်စွာ ဂရုစိုက်ပေးရမည် မဟုတ်ပါလော။

"ညီမလေး ကိုကြီးတို့ဆီ လာပါဦး"

"မင်းက ခက်ခက်ခဲခဲ ကစားချင်လို့လား"

"မင်း ခံနိုင်ရည်ရှိလေလေ ငါတို့က ပိုစိတ်လှုပ်ရှားလေလေပဲ"

“…...........”

သူ၏ မိန်းကလေးအသွင်က ပုရိသများအပေါ်တွင် မည်မျှ အကျိုးသက်ရောက်မှု​ကြောင်း မိစ္ဆာဓားနတ်ဘုရား နားလည်သွားခဲ့သည်။

ဤအဖွဲ့ခေါင်းဆောင်များသည် ကျွန်းတွင် အချိန်အတော်ကြာ အကျဉ်းချ ခံထားရ၍ ၎င်းတို့သည် ယခုအချိန်တွင် ခံစားချက်မျိုးစုံ ပေါက်ကွဲထွက်နေပြီး စိတ်ကို လွှတ်ချပေးရန် လိုအပ်နေပြီ ဖြစ်သည်။

အခြေခံအားဖြင့် မိန်းမဖြစ်ပြီး အပေါက်ပါသဖြင့် သူတို့က စိတ်လှုပ်ရှားနေလိမ့်မည်သာ။

"ကြည့်ရတာ မိစ္ဆာဓားနတ်ဘုရားက သူ့ရဲ့ ပထမဆုံးအကြိမ်ကို ဒီမှာ စွန့်လိုက်ရတော့မှာပဲ.. အဆင်ပြေပါစေ ငါ့ကောင်ရေ"

ထောင်ကားထဲမှ ကွာဖီက မိစ္ဆာဓားနတ်ဘုရား အတွက် ဆုတောင်းစကား ပြောကြားခဲ့သည်။

ထိုအချိန်တွင် ချန်ယွီသည် ကြီးလေးသော ပြဿနာတစ်ရပ်ကို ရုတ်တရက် တွေးလိုက်မိသည်။

"ခဏလေး ကွာဖီ.. ငါတို့သုံးယောက်က စိတ်တွေကို မျှဝေထားကြတာ မဟုတ်လား"

"မိစ္ဆာဓားနတ်ဘုရားက သူ့ရဲ့ပထမဆုံးအကြိမ်ကို ဒီနေရာမှာ တကယ်ပဲ စွန့်လွှတ်ရမယ်ဆိုရင် သူခံစားနေရသမျှကို ငါတို့ပါ ခံစားရမှာ မဟုတ်လား”

ဟွမ်ယိုလျန့်“........…”

"သောက်ဂွပဲ"

ကွာဖီက အိပ်မက်ဆိုးတစ်ခုမှ လန့်နိုးလာသကဲ့သို့ အလွန်ထိတ်လန့်သွားပြီး အေးစက်သော ချွေးများ ထွက်လာခဲ့သည်။

အကယ်၍ မိစ္ဆာဓားနတ်ဘုရားသာ အကျဥ်းချကျွန်းတွင် သူ၏ "ဂန္ဓမာ"ကို မကာကွယ်နိုင်ခဲ့လျှင် သူတို့နှစ်ယောက်၏ ဂန္ဓမာများပါ ဒုက္ခရောက်ပေလိမ့်မည်။

{ဂန္ဓမာ=ဖင်}

“မိစ္ဆာဓားနတ်ဘုရား အရှုံးမပေးနဲ့.. မေဘေးတွေကို ဆော်ထည့်တော့လေ ဘာရပ်ကြည့်နေတာလဲ"

ကွာဖီက စိုးရိမ်တကြီး သတိပေးလိုက်သည်။

မိစ္ဆာဓားနတ်ဘုရားက မျှော်လင့်ချက်မဲ့နေသော အခြေအနေမှ လွတ်မြောက်ရာလမ်းကို ရှာဖွေရင်း ခေါင်းထဲတွင် အတွေးများ နေခဲ့သည်။

လက်ရှိတွင် သူက ရွှံ့နွံထဲတွင် နစ်မြုပ်တော့မည် ယုန်ဖြူလေးသဖွယ် ဖြစ်နေသည်။

"မိစ္ဆာဓားနတ်ဘုရား.. မြန်မြန်လေး ထိုးဖောက်ထွက်ပါဟ.. ကိုယ့်ကိုကိုယ် အိုင်းရှဲဒိုး ဆိုးလိုက်ပါလား.. ဒါဆို အဆင်ပြေမယ်လို့ ငါထင်တယ်"

ကွာဖီ၏ သတိပေးမှုကြောင့် မိစ္ဆာဓားနတ်ဘုရားသည် အကြံတစ်ခုကို ရရှိခဲ့သည်။

“ကြည့်ရတာ တခြားနည်းလမ်း မရှိတော့ဘူး”

ကွာဖီ၏ အကြံပြုချက်ကို ကြားပြီးနောက်တွင် မိစ္ဆာဓားနတ်ဘုရားသည် သွားများကို အံကြိတ်လိုက်ပြီး လက်သီးကို တင်းတင်းဆုပ်လိုက်ကာ သူ့မျက်လုံးကို ကိုယ်တိုင်ပင် ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။

အပိုင်း(၉၄၁) ပြီး၏။

All Chapters