မျှော်လင့်မထားသော တိုးတက်မှု
Vol. 63 Ch. 942
သူမျက်လုံးကို ထိုးလိုက်သည့်အခိုက်တွင် မျက်ကွင်းက အိုင်ရှဲဒိုးသဖွယ် ညိုသွားခဲ့သည်။
ထိုခဏတွင် ဖက်တီး အုပ်စု၏ အလယ်ရှိ မိစ္ဆာဓားနတ်ဘုရားသည် အကန့်အသတ်မဲ့ အလင်းရောင်များဖြင့် တောက်ပလာခဲ့သည်။
မမြင်နိုင်သောဓားချီသည် သူ့ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ဖက်တီးများကို သဲများကဲ့သို့ လွင့်စင်စေခဲ့သည်။
မိစ္ဆာဓားနတ်ဘုရား၏ စွမ်းရည်ကြောင့် အဖွဲ့ခေါင်းဆောင်များက တုန်လှုပ်သွားကြသည်။
တစ်ခဏအတွင်း မိစ္ဆာဓားနတ်ဘုရားကို နှောင့်ယှက်သူများသည် တစ်ကိုယ်လုံး အေးခဲသွားသကဲ့သို့ တုပ်တုပ်ပင် မလှုပ်ရဲကြတော့ပေ။
"မေဘေးဖက်တီးတွေ.. ဒီအရှင်ရဲ့ ဂန္ဓမာကို လိုချင်တယ်ပေါ့.. ဘယ်နှယ့်ရှိစ.. ဟားဟား"
"တကယ်ပဲ ဒီအရှင်ကို မလေးမခန့် ပြုမူရဲတယ်လား"
"ဒီအရှင်ကို မလေးမခန့် ပြုမူရဲတယ်လား"
"မလေးမခန့် ပြုမူရဲတယ်လား"
…........
ကျွန်းတစ်လျှောက် ရင်းနှီးသော ပဲ့တင်သံက ပဲ့တင်ထပ်သွားခဲ့သည်။
ဓားချီက အရပ်ရပ်သို့ လွင့်ထွက်သွားပြီး ဖက်တီးများစွာ၏ အဝတ်အစားများကို ဖြတ်တောက်ပစ်လိုက်သည်။
မိစ္ဆာဓားနတ်ဘုရားက လူတိုင်းသိသော မိစ္ဆာဓားနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားစဉ်အထိ ကွာဖီနှင့် ချန်ယွီတို့ကို အသိဥာဏ်မျှဝေနေဆဲ ဖြစ်သည်။
ဗိုလ်ချုပ်ပိုင်က သူတို့ကို မည်သူမျှ မသတ်မိစေရန် သတိပေးထားသည်။
ယခုအခါတွင် သူတို့သည် ကောင်းမွန်သော လုပ်ရပ်ကို ပြုလုပ်နေကြသဖြင့် သူတို့၏ အကျင့်စရိုက်ကို ပို၍ပင် အာရုံစိုက်လာရ၏။
ဤလူများ၏ လုပ်ရပ်က ရွံရှာဖွယ်ကောင်းသော်လည်း ပြစ်တင်ရှုံ့ချခြင်းသည်သာ ကောင်းမွန်သည်။
သူတို့လုပ်ခဲ့သမျှအတွက် သေဆုံးသည်အထိ လုပ်ရန် မလိုအပ်ပေ။
မိစ္ဆာဓားနတ်ဘုရားက ဖက်တီးများ ဆီသို့ လျှောက်လာခဲ့သည်။
သူ့လက်ထဲတွင် ဓားမကိုင်ထားပေမယ့် သူ့တွင် စိတ်ဓားများ ရှိ၏။
လူတိုင်းက သူတို့၏ လည်ပင်းကို ဓားနှင့် အထောက်ခံထားရသလိုမျိုး အေးစက်စက် ခံစားချက်ကို ခံစားလိုက်ရသည်။
မတော်တဆ မျက်တောင်ခတ်လိုက်လျှင်ပင် တစ်ဖက်လူက ခေါင်းဖြတ်လိုက်မည်ကို ကြောက်ရွံ့နေကြ၏။
တစ်ချိန်တည်းမှာပင် ဟွမ်ယိုလျန့်သည် ထောင်ကားထဲကနေ ဤမြင်ကွင်းကို ကြည့်နေခဲ့သည်။
သူလည်း ကြောက်ရွံ့နေပုံပင်။
မိစ္ဆာဓားနတ်ဘုရားသည် သူ့ခေတ်သူ့အခါက ဒိတ်ဒိတ်ကြဲ ကျော်ကြားခဲ့သူ ဖြစ်သည်။
ဟွမ်ယိုလျန့်က ပေါင်ဝမ်ပြည်နယ်မှ ဖြစ်သော်လည်း မိစ္ဆာဓားနတ်ဘုရား၏ ကြောက်မက်ဖွယ် ဂုဏ်သတင်းကို ကြားဖူး၏။
ဤခေတ်ကြီးတွင် တရားဥပဒေစိုးမိုးရေး ရှိနေသည်ကို သူ ရုတ်တရက် ဝမ်းသာမိခဲ့သည်။
အကယ်၍ ဤအရာသာ အတိတ်ကဖြစ်ခဲ့လျှင် ဤမျှလောက် အမှိုက်စကားကို ပြောဖူးပါက အကြင်နာမဲ့စွာဖြင့် ခေါင်းဖြတ်ခံရနိုင်ပေသည်။
ဆိုရလျှင် ဤခေတ်သည် အကောင်းဆုံးခေတ် မဟုတ်သော်မှ လုံးဝ သည်းအခံနိုင်ဆုံးခေတ် ဖြစ်သည်။
သို့သော် သည်းခံနိုင်သည်က အတိုင်းအတာရှိ၏။
အထူးသဖြင့် သည်းခံသူများသည် အခွင့်ကောင်းယူခြင်းကို ခံရတတ်သည်။
"ယဉ်သည့် မြင်းက ပိုစီးရလွယ်သည်"ဟု ဆိုရိုးရှိသည် မဟုတ်ပါလား။
ထို့ကြောင့်ပင် ကီးဘုတ်စစ်သည်တော်များသည် သူစိမ်းများ၏ သည်းခံမှုကို အခွင့်ကောင်းယူတတ်ကြသည်။
မိစ္ဆာဓားနတ်ဘုရားက အခြားသူများကို သတိပေးသည့်အနေဖြင့် တစ်စုံတစ်ဦးကို အပြစ်ပေးစရာပင် မလိုအပ်ဘဲ သူ၏အော်ရာဖြင့်ပင် ကျွန်းပေါ်ရှိ အဖွဲ့ခေါင်းဆောင် အားလုံးကို တုန်လှုပ်စေခဲ့သည်။
“မင်းတို့ထဲက တချို့က ငါဘယ်သူလဲဆိုတာ အနည်းနဲ့အများသိကြမယ်လို့ထင်တယ်.. ဒါပေမယ့် ငါ ဒီနေ့ ဒီကို လာခဲ့တာက မင်းတို့ အတွက် မဟုတ်ဘဲ အခြေအနေ တစ်ခုတည်း အတွက်ပဲ"
မိစ္ဆာဓားနတ်ဘုရားက လူတိုင်းကို ခက်ထန်စွာ စိုက်ကြည့်ရင်း စကားတစ်ခွန်းကို လေးလေးနက်နက် ပြောလိုက်သည်။
"အဲဒါက တရားမျှတမှုပဲ"
“မင်းတို့အားလုံးက ဘုရင်ခံရဲ့ အဖွဲ့အစည်းမှာ ပါဝင်ပြီး အဖွဲ့ခေါင်းဆောင်တွေ ဖြစ်လာကြတယ်.. မင်းတို့က ဖန်သားပြင်တွေရဲ့ နောက်ကွယ်မှာ မင်းတို့နဲ့ မဆိုင်တဲ့လူတွေကို အင်တာနက်ပေါ်ကနေ နှုတ်နဲ့ အလွဲသုံးစားလုပ်တယ်.. ဒါ့အပြင် တခြားသူတွေရဲ့ မိသားစုတွေကို ဆွေစဥ်မျိုးဆက်အထိ ကျိန်ဆဲပြီး သူတို့ရဲ့ သင်ယူမှုတွေ နဲ့ အလုပ်လုပ်ဖို့ စိတ်အားထက်သန်မှုတွေကို နှောင့်ယှက်ခဲ့တယ်”
“........…”
"သင်ယူခြင်းဆိုတာ တိုးတက်မှုရဲ့ လှေကားထစ်ပဲ.. အလုပ်လုပ်ဖို့ စိတ်အားထက်သန်တဲ့သူတွေကို နှောင့်ယှက်တာက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်ဆီးနေတာနဲ့ အတူတူပဲ"
"မင်းတို့က ဖန်သားပြင်နောက်ကွယ်ကနေ ရက်စက်ကြမ်းကြုတ်စွာနဲ့ ကောလဟာလတွေ ဖန်တီးပြီး နှောင့်ယှက်ခဲ့တယ် ”
“…...........”
“မင်းတို့ရဲ့ လုပ်ရပ်က လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်တောင် ဒုက္ခဖြစ်စေသလဲဆိုတာ မင်းတို့တွေးဖူးလား"
"မင်းတို့က သူစိမ်းတွေရဲ့ စိတ်ရှည်သည်းခံမှုကို အားကိုးပြီး ဖန်သားပြင်နောက်ကွယ်မှာ ရှိနေတာနဲ့ ဘယ်သူမှ မင်းတို့ကို ရှာမတွေ့နိုင်တာဘူး ထင်ပြီး အမှိုက်စကားတွေကို ဖြန့်ပစ်နိုင်မယ်လို့ ထင်နေတာလား.. ဒါက တရားမျှတတယ်လို့ မင်းတို့ထင်လား"
မိစ္ဆာဓားနတ်ဘုရား၏ နှုတ်ထွက်စကားက ထက်ရှလွန်း၏။
ဟုတ်ပါသည်၊ ဤစကားများသည် မိစ္ဆာဓားနတ်ဘုရား၏ ကိုယ်ပိုင် စကားလုံးများ မဟုတ်ပေ။
ဗိုလ်ချုပ်ပိုင် ကြိုတင်ပြင်ဆင်ပေးထားသည့် အရာတစ်ခု ဖြစ်သည်။
ယခုအခါတွင် သူတို့သည် သူတို့၏ ရာဇ၀တ်မှုများ အတွက် အပြစ်ဖြေသည့် ကာလဖြစ်သောကြောင့် ကျင့်ထုံးနှင့်စည်းမျဥ်းများကို လိုက်နာရန် လိုအပ်၏။
ဗိုလ်ချုပ်ဆယ်ပါးတွင် အစွမ်းထက်ဆုံး ဖြစ်သည့် ပေါက်ကွဲခြင်းသူတော်စင်သည် သူ့နာမည်နှင့် ထိုက်တန်သည်ဟုပင် ဆိုရမည်။
ဤစကားလုံးများသည် အဖွဲ့ခေါင်းဆောင်များ၏ နှလုံးသားများထဲတွင် နူကလီးယားဗုံးတွေလို ဖြစ်သွားခဲ့သည်။
သူတို့၏ မကောင်းသော စိတ်ဓာတ်များကို ရိုက်ချိုးပြီး သူတို့၏ လုပ်ရပ်က အလွန်ဆိုးဝါးသောလုပ်ရပ်မှန်း သိစေခဲ့၏။
"နားထောင်ပါ.. ဒီအရှင်က မင်းတို့အားလုံးကို မေးခွန်းအချို့မေးမယ်.. မင်းတို့ ငါ့ကို ရိုးရိုးသားသား ဖြေရမယ်.. ဒါက မင်းတို့လုပ်ခဲ့တာတွေ အတွက် နောက်ဆုံးသော အခွင့်အရေးလည်း ဖြစ်တယ်"
မိစ္ဆာဓားနတ်ဘုရား "အခုအချိန်မှာ ငါတို့နိုင်ငံက အင်တာနက်ကီးဘုတ်စစ်သည်တွေကို အပြင်းအထန် နှိမ်နင်းနေတယ်.. မင်းတို့ ဒီက ထွက်ပြီးရင် နှစ်အနည်းငယ်ကြာအောင် အကျဉ်းချခံရလိမ့်မယ်.. ဒါပေမယ့် မင်းတို့ ငါမေးတာကို အမှန်အတိုင်းဖြေရင်တော့ လအနည်းငယ်အတွင်း ထောင်ထဲက လွတ်မြောက်နိုင်လိမ့်မယ်"
ဆူညံနေသော အုပ်စုခေါင်းဆောင်များ၏ မျက်နှာထက်တွင် မျှော်လင့်ချက် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
“ဒါဆို ငါတို့ ဆရာကြီးမေးသမျှ အမှန်အတိုင်းဖြေပါ့မယ်”
တစ်စုံတစ်ယောက်က ပြောလိုက်သည်။
"ပထမမေးခွန်း- ဒီကျွန်းအကြောင်းကို ဘယ်သူပြောနိုင်လဲ"
မိစ္ဆာဓားနတ်ဘုရား စကားဆုံးသည်နှင့် သိတဲ့သူ တော်တော်များများက လက်ကို ကမန်းကတန်း သူ့ထက်ငါ အပြိုင်အဆိုင် မြှောက်လိုက်ကြသည်။
သူတို့က ပြစ်ဒဏ်လျှော့ပေါ့ဖို့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေခြင်းဆိုလည်း မမှားပေ။
“မင်းပြော”
မိစ္ဆာဓားနတ်ဘုရားက ခေါင်းမှာ ဆံပင်ကို ကြိုးတစ်ချောင်းလို ကျစ်ထားသည့် ဖက်တီးတစ်ယောက်ကို ညွှန်ပြလိုက်သည်။
“အစတုန်းကတော့ ဒီနေရာက ဘာလဲဆိုတာ ငါ မသိခဲ့ဘူး.. ဒါပေမယ့် သေချာတာတစ်ခုကတော့ ငါတို့အားလုံးက ဘုရင်ခံရဲ့ စွန့်ပစ်ခံခဲ့ရသူတွေပဲ"
"ဒါ့အပြင် အကျဥ်းချခံထားရတဲ့သူ အားလုံးက အဖွဲ့ခေါင်းဆောင်တွေချည်းပဲ.. အဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်တွေကို မတော်တဆ ပေါက်ကြားမှာ စိုးရိမ်တာကြောင့် ငါတို့ကို ဒီမှာ ပိတ်လှောင်ထားပုံရတယ်"
"ကျွန်းမှာ စားဖိုဆောင်နဲ့ အင်တာနက်ကဖေးလည်း ရှိတယ်.. ကန်တင်းက စက်ယန္တရား နဲ့ လည်ပတ်ပြီး ဘာဂါနှင့် (Coke) အချိုရည်ကို ထောက်ပံ့ပေးတယ်...ဒါပေမယ့် ဒီအရာတွေကို အလကားတော့ မရဘူး.. အင်တာနက်ကဖေးမှာ ဂိမ်းတွေဆော့.. ရန်သူတွေကို ရှင်းလင်းပြီး အိုင်တမ် ပစ္စည်းတွေကို စုရတယ်.. ပြီးရင် ပံ့ပိုးကူညီမှု အမှတ်တွေအဖြစ် ပြောင်းလဲပြီးမှ အစားအစာကို လဲလှယ်ခွင့်ရှိတယ်”
"အပြင်ထွက်ဖို့ အခွင့်အရေး ရှိလား"
မိစ္ဆာဓားနတ်ဘုရားက မေးလိုက်သည်။
“လောလောဆယ်တော့ မရှိပါဘူး.. ဒါပေမဲ့ ပံ့ပိုးကူညီမှု အမှတ် သန်းတစ်ရာ ရရှိပြီးတာနဲ့ လွတ်လပ်ခွင့်ကို ပြန်လည်ရရှိနိုင်တယ်လို့တော့ ပြောတယ်”
ထိုစကားကိုကြားလျှင် မိစ္ဆာဓားနတ်ဘုရား အပြင် ထောင်ကားထဲမှ ကွာဖီနှင့် ချန်ယွီ တို့အားလုံး ခေါင်းညိတ်လိုက်ကြသည်။
ဤကျွန်းက အဖွဲ့ခေါင်းဆောင်များကို အကျဥ်းချထားသောကျွန်း ဖြစ်သည်။
ဆိုရလျှင် ဤနေရာသည် အွန်လိုင်း အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောဆိုလုနီးပါး ဖြစ်ခဲ့သော အဖွဲ့ခေါင်းဆောင်များကို ချုပ်နှောင် အပြစ်ဒဏ်ပေးသော နေရာလည်း ဖြစ်သည်။
တစ်နည်းဆိုရသော် ဤအဖွဲ့ခေါင်းဆောင်များတွင် အခြားမည်သူမျှမသိသော လျှို့ဝှက်ချက်များ ရှိကြသည်။
ထို့ကြောင့် အဖွဲ့ခေါင်းဆောင်များသည် သူတို့၏ စုံစမ်းစစ်ဆေးမှုအတွက် အကောင်းဆုံး ဘာသာရပ်များ ဖြစ်ခဲ့သည်။
မိစ္ဆာဓားနတ်ဘုရားက ဖက်တီးများကို တန်းစီဖို့ အမိန့်ပေးလိုက်သည်။
သူက ပထမဆုံး တန်းစီနေသည့်သူကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“မင်းနဲ့စတင်မယ်.. အရင်ဆုံး မင်းကိုယ်မင်း မိတ်ဆက်ပါ.. ပြီးရင် အဖွဲ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဘာတွေလုပ်ခဲ့လဲ၊ ဘုရင်ခံ နဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုရှိလဲ.. သူနဲ့ တွေ့ဖူးသည်ဖြစ်စေ.. မဆုံဖူးသည်ဖြစ်စေ သိသမျှအကုန် ပြောပြပါ ”
“ကောင်းပါပြီ”
ပထမလူက ခေါင်းညိတ်လိုက်သည်။
“ငါ့နာမည်က တင်းလီရှီပါ.. အဖွဲ့ခေါင်းဆောင်အဖြစ် ငါ့ရဲ့အဓိကအလုပ်က အွန်လိုင်းက လူတွေကိုစုစည်းပြီး ဝဘ်ဆိုက်တွေမှာ အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေ တင်ဖို့ပဲ.. ဘုရင်ခံနဲ့ ဆက်ဆံရေးအရတော့ အွန်လိုင်းမှာ တစ်ကြိမ်ပဲ ပြောဖူးတယ်.. သူက အရမ်းလျှို့ဝှက်ဆန်းကြယ်ပြီး ဘယ်သူ့ကိုမှ လွယ်လွယ် တွေ့ခွင့်ပေးလေ့ မရှိဘူး”
"အင်း...နောက်တစ်ယောက်"
မိစ္ဆာဓားနတ်ဘုရား ခေါင်းညိတ်လိုက်သည်။
"ငါက အဖွဲ့ဝင်တွေကို အွန်လိုင်းမှာ စည်းရုံးပြီး သူစိမ်းတွေထံ လိမ်လည်စာတွေပို့ခိုင်းတဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ပါ"
"မင်းဦးဆောင်တဲ့အဖွဲ့က ဒီလိုမျိုးတွေ အထိ လုပ်နေတာလား"
“ကျွန်တော်တို့က အထူး လိမ်လည်ရေး အဖွဲ့ကိုပါ ထူထောင်ထားပါတယ်”
အဆိုပါလူက ပြောလိုက်သည်။
"ကျွန်တော်တို့ ပေးပို့တဲ့ စာတွေအားလုံးမှာ အခြေခံအားဖြင့် တူညီတဲ့ သတင်းစကားတွေ ရှိပါတယ်"
"ဘာသတင်းစကားလဲ"
"မင်္ဂလာပါ.. ငါက အင်ပါယာချင်ပါ.. ငါပြန်လာပါပြီ.. ဒါပေမယ့် အခု ငါက တာရာကိုတာ စစ်သည်တွေကို အသက်သွင်းဖို့ ငါ့ရဲ့ တော်ဝင် တံဆိပ်ကို ပြန်ဖန်တီးရမယ်.. ကျေးဇူးပြုပြီး ပိုက်ဆံနည်းနည်းလောက် ပို့ပေးကြပါ.. အများကြီး မလိုအပ်ပါဘူး.. ငါးသောင်းလောက်ဆို အဆင်ပြေပါပြီ.. ငါ့ပန်းတိုင်ကို ရောက်တာနဲ့ ငါက တပ်တွေကို ဦးဆောင်ပြီး မင်းကို အင်ပါယာအစောင့်တပ်မှူးအဖြစ် ခန့်အပ်ပေးပါ့မယ်"
မိစ္ဆာဓားနတ်ဘုရား ရယ်လိုက်သည်။
“ဒီခေတ်မှာ ဒါကို ယုံတဲ့လူ ရှိသေးလို့လား”
“လူတွေက ယုံမယုံ ကျွန်တော်မသိပေမယ့် အစိတ်အပိုင်းတစ်ခုကတော့ အမှန်ပါပဲ”
"ဘယ်အပိုင်းလဲ"
တန်းစီနေသောလူက မိမိဆန္ဒအတိုင်း ရှေ့သို့ လှမ်းတက်ကာ မိစ္ဆာဓားနတ်ဘုရားနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ မိစ္ဆာဓားနတ်ဘုရား.. ငါက ယင်ကျန်းပါ"
မိစ္ဆာဓားနတ်ဘုရား "???"
အပိုင်း(၉၄၂) ပြီး၏