← Chapters

သဲလွန်စ

Vol. 63 Ch. 943

သဲလွန်စ

Vol. 63 Ch. 943

သူ့ရှေ့ရှိ ယင်းကျန်းသည် အဝလွန်နေပြီး သူစိတ်ကူးထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။

ယင်းမှာ ကျွန်းပေါ်ရှိ ဝိတ်တက်စေသော အစားအစာနှင့် လေ့ကျင့်ခန်း လုပ်ခွင့် မရှိခြင်းကြောင့် ဖြစ်၏။

ထိုလူက အင်ပါယာချင် ဖြစ်သည်ကို မိစ္ဆာဓားနတ်ဘုရား သံသယမရှိခဲ့ပေ။

သူ၏ ခရမ်းရောင် စုံစမ်းစစ်ဆေးရေး နတ်ဆိုး မျက်လုံးသည် မုသားနှင့် အမှန်တရားကို ပိုင်းခြားနိုင်၍ ဤလူက သူ့ကို လိမ်ညာနေခြင်းမဟုတ်မှန်း သိခဲ့သည်။

ထို့အပြင် မိစ္ဆာဓားနတ်ဘုရားသည် ဤလူအပေါ်တွင် စိတ်ဝိညာဉ်ချီ အနည်းငယ်မျှပင် မတွေ့ခဲ့ပေ။

ဤခေတ်သည် နိုင်ငံတကာ ကျင့်ကြံခြင်းခေတ် ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ခြင်း အဆင့်ရှိ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပင်လျှင် စိတ်ဝိညာဉ်ချီများ ရှိကြသည်။

နည်းနည်းလေးမှ မရှိလျှင် ထိုလူသည် ဂြိုလ်သား ဒါမှမဟုတ် ရှေးခေတ်ကသာ ဖြစ်ပေလိမ့်မည်။

"မင်းဒီကို ဘယ်လိုရောက်လာတာလဲ"

အင်ပါယာချင် "တစ်စုံတစ်ယောက်က ငါ့ကို မြင့်မြတ်တဲ့ အမွေအနှစ် တစ်ခုနဲ့ ဆင့်ခေါ်ခဲ့တာပဲ"

"အဲဒီခေါ်လာတဲ့သူ ဘယ်မှာလဲ"

"ကျင့်ကြံခြင်း ပထမ ကမ္ဘာစစ်မှာ သူ သေသွားခဲ့တယ်လို့ ငါသိခဲ့ရတယ်...ဒါကြောင့် ဒီအင်ပါယာက ပြန်မသွားနိုင်တော့ဘူး"

“….......”

“ဒီခေတ်က ငါထင်ထားတာထက် အများကြီး ပိုဇိမ်ရှိတယ်.. ဒါကြောင့် ဒီဧကရာဇ်က ဒီမှာ အခြေချနေထိုင်ရတာ အရမ်းကြီး မပင်ပန်းခဲ့ပါဘူး.. ငါ့ကို ဆင့်ခေါ်တဲ့သူက ဒီခေတ်ရဲ့ မှတ်ဉာဏ်တွေကို မျှဝေပေးတဲ့အတွက် ဒီခေတ်ရဲ့ ဘာသာစကားကို နားလည်ခဲ့တယ်"

"ကံမကောင်းစွာနဲ့ သူသေဆုံးပြီးနောက်မှာ ဒီဧကရာဇ်က အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ငွေကြေးချွတ်ခြုံကျသွားခဲ့တယ်.. ရှေးခေတ်ကို ဘယ်လိုပြန်သွားမလဲဆိုတာ ငါတကယ် မသိတော့ဘူး.. ဒါကြောင့် ဒီဧကရာဇ်က အင်ပါယာချင် ဖြစ်တဲ့ အကြောင်း သတင်းတွေမှာ စတင် ရေးသားခဲ့တယ်"

မိစ္ဆာဓားနတ်ဘုရား၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

အွန်လိုင်းတွင် ထင်ရှားကျော်ကြားသည့် စာသားမက်ဆေ့ခ်ျသည် အမှန်တကယ်ပင် အင်ပါယာချင် ကိုယ်တိုင်ရေးခဲ့ခြင်း ဖြစ်နေသည်။

ထိုစကားကိုပြောရင်း ယင်ကျန်း၏ မျက်နှာတွင် စိတ်ပျက်နေသည့် အမူအရာ ပေါ်လာသည်။

“ဒါပေမယ့် ဒီလို မမှန်မကန် သတင်းစကားက တကယ်ကို ရေပန်းစား ပျံ့နှံ့သွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ.. အဆုံးသတ်မှာတော့ ဘုရင်ခံက ဒီဧကရာဇ်ကို လိမ်လည် မက်ဆေ့ခ်ျတွေ ပို့ဖို့ အရည်အချင်းရှိတယ်လို့ ထင်တဲ့အတွက် လိမ်လည်လှည့်ဖြားတဲ့ မက်ဆေ့ချ်တွေ ရေးသားတဲ့နေရာမှာ အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တယ်"

ယင်ကျန်း၏ စကားကို ကြားလျှင် မိစ္ဆာဓားနတ်ဘုရား၊ ကွာဖီနှင့် ချန်ယွီတို့က အံ့ သြထိတ်လန့်သွားသည်။

ဤအဖွဲ့ခေါင်းဆောင်များ ကြားတွင် သမိုင်းထဲမှ အံ့ဖွယ်ပုဂ္ဂိုလ်တစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့ မထင်ခဲ့ကြပေ။

"မင်းဒီမှာဆက်နေမယ်ဆိုရင် မင်းရဲ့ခန္ဓာကိုယ် ပျက်စီးသွားလိမ့်မယ်"

မိစ္ဆာဓားနတ်ဘုရားက လေးနက်စွာ ပြောခဲ့သည်။

"ဒီလို​နေ့ မြန်မြန်ရောက်လာမယ်ဆိုတာ ငါသိပါတယ်"

ယင်ကျန်းက ဝမ်းနည်းပူဆွေးသော လေသံဖြင့် ပြောလိုက်၏။

"ဒီအင်ပါယာရဲ့ အဆုံးသတ်က နီးနေပါပြီ...မကြာခင်မှာပဲ လေထဲမှာ လွင့်စင်သွားမယ့် အမှုန့်တွေ ဖြစ်သွားတော့မယ်.. ဒီဧကရာဇ်က မင်းကို နောက်ဆုံးစကားလေး ပြောခဲ့မယ်”

"​ပြောပါ"

"ချမ်းသာတဲ့ ဒီခေတ်ရဲ့ လူတွေက ရှေးယခင်ခေတ်ကလို မဟုတ်ဘူး... လူတော်တော်များများက ကောက်ကျစ်ကြတယ်.. အကယ်၍ ဒီအင်ပါယာသာ အာဏာရှိရင် အရှက်ကင်းမဲ့ပြီး ယုတ်ညံ့တဲ့ ရာဇ၀တ်ကောင်အုပ်စုကို တွင်းတူးပြီး မြှုပ်နှံပစ်မှာ ဖြစ်တယ်"

"သိပ်ဟုတ်တာပေါ့"

မိစ္ဆာဓားနတ်ဘုရားက သဘောတူလိုက်သည်။

ဤစကားကို ပြောပြီးနောက်တွင် ယင်ကျန်း၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ယိုယွင်း အက်ကွဲလာသည်။

သူ၏ နောက်ဆုံး စကားအဆုံးတွင် မှန်ကန်သော အမိန့်အာဏာက ကျဆင်းလာပြီး သူ့ကို ချက်ချင်း ဖျက်ဆီးပစ်တော့မည် ဖြစ်သည်။

“ဒီအင်ပါယာ ခန့်မှန်းရသလောက်တော့ နောက်ကွယ်က ကြိုးကိုင်သူက ဂြိုလ်သားတစ်ယောက်ပဲ.. ကမ္ဘာ​မြေက မဟုတ်နိုင်ဘူး"

ထိုစကားကို ပြောပြီးသောအခါ နောက်ဆုံးတွင် စိတ်သက်သာရာရသွားသော အမူအရာသည် ယင်ကျန်း၏ မျက်နှာထက်တွင် ပေါ်လာသည်။

"ဒီကမ္ဘာမှာ(Coke)အချိုရည်က အရမ်းအရသာရှိတယ်"

မိစ္ဆာဓားနတ်ဘုရား“….........”

မိစ္ဆာအင်ပါယာ ကွာဖီ“…........”

ချန်ယွီ "............"

အင်ပါယာချင် ပျောက်ဆုံးသွားချိန်တွင် ပတ်ဝန်းကျင်က ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

မိစ္ဆာဓားနတ်ဘုရားသည် ယင်ကျန်း ပေးခဲ့သည့် အရေးပါသော အချက်အလက်ကြောင့် သံသယရှိသူ၏ အခြေခံအထောက်အထားကို သိရှိလိုက်ရသည်။

…..............

အခြားတစ်ဖက်တွင်လည်း ကျိုးရီသည် ကွာဖီ နှင့် အခြားသူများထံမှ စစ်ကြောမေးမြန်းခြင်းဆိုင်ရာ အချက်အလက်ကို ရရှိခဲ့သည်။

ရလဒ်များသည် သူတို့ ထင်ထားသည်ထက် ကျော်လွန်နေခဲ့သည်။

"ဘုရင်ခံရဲ့ လူသား အထောက်အထားက အတုဖြစ်ပုံရတယ်"

ကျိုးရီသည် စုန့်ဟိုင်ထောင်တွင် ထောင်အုပ်လျန့် နှင့်အတူ ကိစ္စ တချို့ကို ဆွေးနွေးနေခဲ့သည်။

"အတုလား"

"ယုံကြည်စိတ်ချရတဲ့ ထောက်လှမ်းချက်အရ ဘုရင်ခံနဲ့ သူ့နောက်ကွယ်က ပုဂ္ဂိုလ်က ငါတို့ကမ္ဘာက မဟုတ်ကြဘူး"

ကျိုးရီက လေးနက်သော အမူအရာဖြင့် ပြောကြားခဲ့သည်။

ဤအချက်ကို သူတို့ စောစောကတည်းက တွေးမိသင့်သည်။

ရာဇဝတ်သားသည် ဤမျှလောက် ကြီးမားသော အဖွဲ့အစည်းကြီးကို ကောင်းစွာ ထိန်းချုပ်နိုင်သည်ကို ထောက်လျှင် ရာဇဝတ်သားသည် ရွှေအမြူတေအဆင့် ကျင့်ကြံသူ တစ်ဦး မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

ထိုအတိုင်းသာ တကယ်ဖြစ်ခဲ့ရင် ဤကိစ္စသည် ပိုပြင်းထန်လာနိုင်သည်။

ကျောင်းပြန်မစခင် အင်တာနက် ရှင်းလင်းရေး လုပ်ငန်းစဥ်သည် အလွန်ရိုးရှင်းတဲ့ လုပ်ဆောင်မှုတစ်ခု ဖြစ်သော်လည်း မထင်မှတ်ဘဲ ဂြိုဟ်သားများ ပါဝင်လာခဲ့ပြီ ဖြစ်သည်။

ကမ္ဘာဂြိုဟ်သည် ယခုအခါတွင် နတ်တာအိုကြယ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်နေ၏။

ဤအရေးပါသော အချိန်ကာလတွင် နှစ်ဖက်စလုံးသည် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေခဲ့ကြသည်။

သံခင်းတမန်ခင်းပရောဂျက်အတွက် ကုလသမဂ္ဂ ခေါင်းဆောင်များသည် နတ်တာအို၏ ကြယ်စင် အရှင်သခင်နှင့် ပူးပေါင်းကာ “စကြဝဠာ ဥပဒေ”ကို ရေးဆွဲရန်ပင် ဆုံးဖြတ်ခဲ့ကြသည်။

သို့ဆိုလျှင် စကြဝဠာထဲမှ မည်သည့် တန်ခိုးရှင်က ကမ္ဘာမြေကို အကဲစမ်းနေပါသနည်း။

ကျိုးရီ ခေါင်းညိမ့်လိုက်သည်။

တစ်နည်းနည်းဖြင့် ဤကိစ္စတစ်ခုလုံးတွင် တစ်ခုခုကို မေ့နေမိသလို ခံစားမိလိုက်သည်။

"ငါ့အိမ်ကို ခိုးဝင်ခဲ့တဲ့လူကို မှတ်မိသေးလား"

ကျိုးရီက ခုံးရူယဲ့ကို ရုတ်တရက် တွေးမိခဲ့သည်။

ယခင်က၏ သြဂုတ်လ 23 ရက်နေ့တွင် အမှောင်နက်ဝေါ့ခ်မှ နာမည်ကျော် သူခိုး ခုံးရူယဲ့သည် ဝန်ထမ်းတိုက်ခန်းထဲသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ကျိုးရီကို ဥပဒေမဲ့ တစ်စုံတစ်ရာ ပြုလုပ်ရန် ကြိုးစားခဲ့သည်။

လူတွေက ခုံးရူယဲ့ကို "သူခိုး ပိုင်ယွိထန်"ဟုလည်း နာမည်ပြောင်ပေးထားကြသည်။

"ဒါရိုက်တာကျိုးက ဒီကိစ္စနဲ့ ခုံးရူယဲ့ ပတ်သက်နေတယ်လို့ ထင်လား"

ထောင်အုပ်လျန့်က မေးလိုက်သည်။

"ဖြစ်နိုင်ပါတယ်"

ကျိုးရီက ပြန်မဖြေခင် ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

"သူက သူ့ကို ဘယ်သူငှားမှန်း မသိဘဲ ချက်အက်ပ်က တစ်ဆင့် ဆက်သွယ်ခဲ့တာလို့ ပြောခဲ့တယ်.. ဒီပုံစံက ဘုရင်ခံရဲ့ လုပ်ကွက်နဲ့ တော်တော်တူတယ်”

ထောင်အုပ်လျန့် "ဒါဆို ဒါရိုက်တာကျိုးရဲ့ DNAကို စုဆောင်းဖို့ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က ဘာများ ဖြစ်နိုင်သလဲ"

"အဲဒါက ငါက အမြုံ ဟုတ်မဟုတ် စစ်ဆေးဖို့ အတွက်တော့ ဟုတ်ပုံမပေါ်ဘူး.. သူက ငါ့ဆီကနေ တစ်စုံတစ်ရာကို သိချင်ပုံပဲ.. သီအိုရီအရတော့ အခြားတစ်ဖက်က အင်တာနက်ပေါ်က သတင်းအချက်အလက် အရင်းအမြစ်များစွာကို ထိန်းချုပ်ထားတဲ့အတွက် ငါတို့ရဲ့ တရားဝင် ဒေတာဘေ့စ်ကို ဝင်ရောက်ရှာဖွေဖို့ မခက်ခဲလောက်ဘူး.. ဒါကြောင့် ပရိုဖိုင်တစ်ခုခုနဲ့ တိုက်စစ်ကြည့်ဖို့အတွက် ငါ့ရဲ့ DNAကို လိုအပ်တာမျိုး ဖြစ်နိုင်တယ်"

“ဒါဆို ဇာတ်ကွက်က ပိုရှုပ်​ထွေးလာတာပေါ့”

ကိစ္စက ပို၍ကြီးမားလာသည်ဟု ထောင်အုပ်လျန့် ခံစားခဲ့ရသည်။

အစပိုင်းတွင် သူတို့သည် ဘုရင်ခံအား အကြောင်းနှစ်ရပ်ဖြင့်သာ ပစ်မှတ်ထားခဲ့သည်။

တစ်ချက်မှာ အွန်လိုင်းပတ်ဝန်းကျင်ကို သန့်ရှင်းစေဖို့အတွက်ဖြစ်သည်။

နောက်တစ်ချက်မှာ ဘုရင်ခံက ကောလာဟလတွေကို ဖြန့်ရန်၊ ပို့စ်တွေကို ဖျက်ရန်၊ လိမ်လည်လှည့်ဖြားသည့် မက်ဆေ့ချ်များကို ပေးပို့ရန် စသည့် မကောင်းသော လုပ်ရပ်များတွင် အဖွဲ့ဝင်များစွာကို အသုံးပြုနေသော​ကြောင့် ဖြစ်သည်။

ပိရမစ် အစီအစဥ်နှင့် အလွန်ဆင်တူသည့် ဤအဖွဲ့အစည်းသည် နိုင်ငံစီးပွားရေးကို ကန့်လန့်တိုက် ဆန့်ကျင်သည့် ရာဇ၀တ်အဖွဲ့ကြီး တစ်ခုအဖြစ် ဖွဲ့စည်းထားသည်။

ထို့ကြောင့် ဘုရင်ခံသည် နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေပြီး အစိုးရအရာရှိများ၏ သတင်းအချက်အလက်များ ခိုးယူမှုဖြင့် စွဲချက်တင်ခံရမည်မှာ သေချာ၏။

သူ၏ မရေမတွက်နိုင်သော ရာဇ၀တ်မှုများအတွက် ပြစ်ဒဏ်သည် ကွာဖီတို့ထက် များစွာ ဆိုးရွားနိုင်ပေသည်။

"ဒါရိုက်တာကျိုး.. ငါတို့ အခု ဘာဆက်လုပ်သင့်လဲ"

ထောင်အုပ်လျန့်က မေးလိုက်သည်။

“ဒီအဖွဲ့ခေါင်းဆောင်တွေကို မာကျောက်အဖွဲ့ကို ဆက်ပြီး စစ်ဆေးမေးမြန်းခိုင်းပါ.. ဘုရင်ခံက ဆံပင်၊ သွား၊ သွေး စတဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သူတို့ဆီကနေ စုဆောင်းထားသလားဆိုတာ စစ်ကြည့်ခိုင်းပါ"

ကျိုးရီက စဉ်းစားရင်း သူ့နှုတ်ခမ်းမွေးများကို ပွတ်သပ်လိုက်သည်။

သူက အသေးစိတ်အချက် တချို့ကို လျစ်လျူရှုထားမိသည်ဟု တစ်နည်းနည်းဖြင့် ခံစားမိသည်။

သူ၏ ချစ်စရာကောင်းသော ဆရာကို ဖုန်းဆက် မေးသင့်ပါသလော။

အပိုင်း(၉၄၃) ပြီး၏

All Chapters