← Chapters

ယန္တရားရေဘဝဲ၏အချက်ပြမှု

Vol. 63 Ch. 945

ယန္တရားရေဘဝဲ၏အချက်ပြမှု

Vol. 63 Ch. 945

လေထဲမှ လက်က ဝိုင်ဖိုင်စက်ကို ချေမွ၍ ကွန်ရက်ချိတ်ဆက်မှုကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။

ယင်းက ဒေတာ နေရာလွတ်ကို ပျက်စီး မဟုတ်သော်လည်း ယန္တရား ရေဘဝဲ၏ ကျွန်းအပေါ် ထိန်းချုပ်မှုကို ပြင်းထန်စွာ ဟန့်တားနိုင်မည် ဖြစ်သည်။

"မင်းဘယ်လိုတောင် အတင့်ရဲနေတာလဲ"

ယန္တရား ရေဘဝဲက ဒေါသအိုး ပေါက်ကွဲသွားသည်။

ယင်းနောက်တွင် ဝမ်လင်း၏ လက်ဆီသို့ ၎င်း၏ ယန္တရားစက်လက်များကို ပစ်လွှတ်လိုက်သည်။

ဤအရှိန်တစ်ခုတည်းကို ကြည့်၍ ယန္တရား ရေဘဝဲ၏ စွမ်းအားက ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့်တွင် ရှိကြောင်း ဝမ်လင်း အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။

ဝမ်လင်းက သူ့ကိုယ်သူ မဖော်ပြဘဲ အာကာပြင် အက်ကွဲကြောင်းကနေ လက်တစ်ဖက်ဖြင့် တိုက်ခိုက်လိုက်သည်။

မာကျောက်တပ်ဖွဲ့က ဒုက္ခတွေ့နေမှန်း သူသိသည်။

ဤသည်မှာ ကျိုးရီ၏ အလုပ်တွင် ကြုံတွေ့နေရသော ပြဿနာဖြစ်သည်ကို သိသောကြောင့် ကူညီရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

လက်တစ်ဖက်တည်းဖြင့် တိုက်ခိုက်ခဲ့သည်မှာ ဝမ်လင်းက သူမည်မျှ သန်မာကြောင်း ပြသလိုသောကြောင့် မဟုတ်ပေ။

အကြောင်းရင်းမှာ ကျန်လက်တစ်ဖက်တွင် ခေါက်ဆွဲခြောက်ထုပ်ကို ကိုင်ထားတာကြောင့် ဖြစ်သည်။

သို့သော် ယန္တရား ရေဘဝဲအတွက်မူ ဤအပြုအမူသည် သူ့ကိုအထင်သေးသော အပြုအမူနှင့်မခြားပေ။

ရာနှင့်ချီသော ယန္တရား လက်တံများသည် လေထဲတွင် ဝှေ့ယမ်းနေပြီး မျက်စိဖြင့် မြင်နိုင်သည်ထက် ပိုသော အရိပ်များအဖြစ် ပြောင်းလဲသွားသည်။

သို့သော် ဝမ်လင်းသည် ယင်းတိုက်ခိုက်မှုကို မျက်စိထဲပင် မထည့်ခဲ့ချေ။

သူက ကမ္ဘာဦးချီကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။

ထိုအခိုက်အတန့်မှာပင် ပြင်းထန်သော အပူရှိန်သည် ချက်ချင်းပင် ယန္တရားရေဘဝဲထံ သက်ရောက်လာခဲ့၏။

“ပကတိအင်မော်တယ်”

ယန္တရား ရေဘဝဲကြီးက အံ့သြသွားသည်။

ကမ္ဘာမြေပေါ်ရှိ လက်ရှိ ကျင့်ကြံခြင်း နယ်ပယ်အဆင့်များ မည်ကဲ့သို့ ရှိသည်ကို သူသိသည်။

ဝမ်လင်းက သူ၏ ကမ္ဘာဦးချီကို ထုတ်ဖော်လိုက်သောအခါ ဖြစ်ပေါ်လာသည့် ပြင်းထန်သော ဖိအားသည် ယန္တရား ရေဘဝဲကို ချက်ချင်းပင် ပကတိအင်မော်တယ် နယ်ပယ်အဆင့်အား တွေးမိစေခဲ့သည်။

သို့သော် ယန္တရား ရေဘဝဲသည် ဝမ်လင်း မည်မျှ သန်မာသည်ကို မသိခဲ့ပေ။

ဝမ်လင်းက လက်တစ်ဖက်တည်းဖြင့် တိုက်ခိုက်နေသည်မှာ တကယ်တမ်းတွင် ယန္တရားရေဘဝဲကို မျက်နှာသာပေးနေခြင်း ဖြစ်၏။

၎င်း၏ ယန္တရားလက်တံများ ဖြတ်တောက်ခံရသည်နှင့်အမျှ ယန္တရားရေဘဝဲသည် ချွေးများအဖြစ် ဆီချေးများ ထွက်လာသည်။

သူက စက်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ဖြစ်သောကြောင့် နာကျင်မှုကို မခံစားရသော်လည်း ဤလက်ပိုင်ရှင်အနေဖြင့် မည်မျှဒုက္ခပေးနိုင်စွမ်း ရှိသည်ကို အပြည့်အဝ သိရှိထားခဲ့သည်။

သို့သော် ယန္တရား ရေဘဝဲသည် ပြန်လည် ခုခံနိုင်မည်ဟု ယုံကြည်နေဆဲပင်။

သူက စက်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် သေခြင်းတရားကို လုံးဝ မကြောက်ရွံ့ပေ။

ထို့အပြင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို မှတ်ဉာဏ်သတ္တုဖြင့် ပြုလုပ်ထားပြီး ပြင်းထန်စွာ ပျက်စီးသွားသည့်တိုင် သူ့ကိုယ်သူ ပြန်လည် ကုစားနိုင်စွမ်း ရှိ၏။

မှတ်ဉာဏ်သတ္တု၏ ရှေ့တွင် ကြီးမားသော ပျက်စီးမှုသည် အမှိုက်မျှသာ ဖြစ်သည်။

ယင်းက အသွေးအသားနှင့် မပြုလုပ်ထားခြင်း၏ အားသာချက်ပင်။

ယန္တရား ရေဘဝဲက သူ၏ ဖွဲ့စည်းမှု အတွက် အလွန် ကျေနပ်ခဲ့သည်။

ကျင့်ကြံသူများသည် စိတ်ဝိညာဉ်ချီကို အသုံးပြုကြသည်။

ပုံမှန်တိုက်ပွဲတစ်ခုတွင် ယန္တရား ရေဘဝဲသည် ကျင့်ကြံသူများကဲ့သို့ စိတ်ဝိညာဥ်ချီ ကုန်ဆုံးခြင်း မရှိသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ အနိုင်ယူနိုင်မည် ဖြစ်သည်။

"စူပါ 5G အွန်လိုင်း ပြုပြင်ရေး နည်းပညာ"

ယန္တရား ရေဘဝဲက ၎င်း၏သွားများကို တိတ်တဆိတ် အံကြိတ်ကာ အံ့ဖွယ်စွမ်းရည်ကို အသက်သွင်းခဲ့သည်။

စူပါ 5G ကွန်ရက် နည်းပညာသည် စကြာဝဠာရှိ ထိပ်တန်းကွန်ရက်နည်းပညာပံ့ပိုးသူ ဟွာဝေး ထံမှ ဦးနှောက်ဘုရင်မျိုးနွယ်စု ခိုးယူခဲ့သည့် အလွန်အားကောင်းသော ကွန်ရက် နည်းပညာ တစ်ခု ဖြစ်သည်။

ထိုနည်းပညာ၏ မူလအစသည် ကမ္ဘာမြေမှ ဆင်းသက်လာ၏။

ထိုနည်းပညာက ဝိုင်ဖိုင် မလိုအပ်ဘဲ လိုင်းလည်း အလွန်မြန်ဆန်သည်။

ထိုအချိန်က ဦးနှောက်ဘုရင်သည် ထိုနည်းပညာကို ဖွံ့ဖြိုးအောင်လုပ်ရန် အတော်လေး စိတ်ကူးယဉ်ခဲ့သည်။

သို့သော်လည်း ဖွံ့ဖြိုးတိုးတက်မှုသည် ထိုအချိန်က အာဏာပိုင်အချို့၏ ဘက်ပေါင်းစုံမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။

ကံကောင်းထောက်မစွာပင် နောက်ပိုင်း၌ ထိုနည်းပညာသည် ဖွံဖြိုးလာခဲ့သည်။

စူပါ 5G အွန်လိုင်း ပြုပြင်ရေး နည်းပညာသည် ဦးနှောက်ဘုရင် မျိုးနွယ်စုက ဟွာဝေး၏ နည်းပညာကို အခြေခံ၍ ပြန်လည်မွမ်းမံကာ အပ်ဒိတ်လုပ်ထားသော ဗားရှင်း ဖြစ်သည်။

ထိုနည်းပညာကို အသက်သွင်းလိုက်သည်နှင့် မြေပြင်ပေါ်တွင် ဖုန်မှုန့်ကဲ့သို့ ကြေမွနေသော အပိုင်းအစများသည် သူ့ဘာသာသူ အလိုအလျောက် စုစည်းလာခဲ့သည်။

ဤနည်းပညာကို စတင် အသက်သွင်းလိုက်သည်နှင့် ယန္တရား ရေဘဝဲသည် ဤတိုက်ပွဲကို အဆုံးထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားပြီးပြီ ဖြစ်သည်။

ဤအကြံသည် ယခင်က ဥက္ကဌပိုင်၏ အကြံနှင့် တူညီသည်။

စင်စစ် ယန္တရား ရေဘဝဲသည် အတွေးလွန်နေခြင်းပင်။

ဝမ်လင်းသည် ကစားချင်စိတ်မရှိသ၍ တိုက်ပွဲတစ်ပွဲကို ငါးမိနစ်ထက် ပိုကြာလေ့မရှိပေ။

ရိုးသားစွာ ပြောရလျှင် နတ်နဂါးမျိုးနွယ်မှ ပုဂ္ဂိုလ်တစ်ဦးနှင့် တိုက်ခိုက်ပြီးနောက်တွင် ဤသည်မှာ ဝမ်လင်း၏ ဒုတိယအကြိမ်မြောက် ဂြိုလ်သားကို တိုက်ခိုက်ခြင်း ဖြစ်သည်။

သူက ယန္တရား ရေဘဝဲ တွေးသမျှကို သိသည်။

ဝမ်လင်းက သူ့လက်ကို မြှောက်လိုက်ရာ လေထဲတွင် အနက်ရောင် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာပြီး သူ့လက်ဖဝါးထက်တွင် အနက်ရောင် ကုဗတုံး တစ်တုံး ပေါ်ထွက်လာသည်။

ဤသည်မှာ မဟာတာအို သုံးထောင်၏ အဆွယ်အပွား ဖြစ်သော နေရာလွတ် ဖယ်ရှားခြင်း မှော်စွမ်းရည် ဖြစ်သည်။

ယင်းနောက်တွင် စူပါ 5G ကွန်ရက်သည် လိုင်းများ ပျောက်ကွယ်သွားခဲ့သည်။

ယန္တရား ရေဘဝဲက လုံးဝ အံ့အားသင့်သွားခဲ့ပြီး စေ့စေ့စပ်စပ် နားလည် သဘောပေါက်သွားခဲ့သည်။

ဤကျွန်းက သီးခြား နေရာလွတ်တစ်ခု ဖြစ်ပြီး ဦးနှောက်ဘုရင်သည် ၎င်းကို တည်ဆောက်ရန်အတွက် စွမ်းအင်များစွာကို အသုံးပြုခဲ့ရသည်။

"ဒီလူရဲ့ အစွမ်းက အံ့မခန်းပဲ.. သူက တကယ်ပဲ ကမ္ဘာမြေကလူသားလား"

ယန္တရား ရေဘဝဲက အရာရာ အဆင်မပြေတော့သလို စိတ်ထဲတွင် ခံစားလာရသည်။

လက်ပိုင်ရှင်က အနည်းငယ် ထူးဆန်းပြီး သူယေဘုယျနားလည်ထားသည့် ကမ္ဘာမြေမှ ကျင့်ကြံသူများနှင့် သိသိသာသာ ကွဲပြားနေ၏။

“မဟာ လက်တစ်ထောင်ဗုဒ္ဓ မှော်အတတ်”

နောက်ထပ် အခိုက်အတန့်တွင် ယန္တရား ရေဘဝဲ၏ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်စေသော အသံတစ်သံသည် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၍ ယန္တရားရေဘဝဲသည် ချက်ချင်း ပြိုကျလုနီးပါး ဖြစ်သွားခဲ့သည်။

မဟာလက်တစ်ထောင် ဗုဒ္ဓမှော်အတတ်..

ယန္တရား ရေဘဝဲက ထိတ်လန့်သွားသည်။

"တစ်ဖက်လူက ဒါကိုတောင် စွမ်းဆောင်နိုင်ခဲ့တာလား"

သူ့ကို ဦးနှောက်ဘုရင်က ဖန်တီးထားခြင်း ဖြစ်၍ သူ၏ ဒေတာဘေ့စ်တွင် စကြဝဠာအတွင်းရှိ အချက်အလက် အားလုံး နီးပါး ပါရှိသည်။

ထို့ကြောင့် ဤ“မဟာလက်တစ်ထောင် ဗုဒ္ဓမှော်အတတ်”သည် ကောင်းကင်တာအို သုံးသောင်းကြားတွင် မှော်ဆန်သော စွမ်းအားတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်ရန်ပင် လုံလောက်သည့် စွမ်းရည်တစ်ခု ဖြစ်ကြောင်း သူ သိရှိခဲ့သည်။

သို့သော်လည်း ယင်းမှော်စွမ်းရည်ကို ထုတ်ဖော်ရန် လက်ချောင်းများကိုသာ အသုံးပြုထားသောကြောင့် လက်ပိုင်ရှင်သည် ၎င်း၏ ခွန်အားအလုံးစုံကို အသုံးမချခဲ့သည်မှာ ထင်ရှား၏။

လေထဲတွင် လက်ချောင်း ထောင်ပေါင်းများစွာသည် ဓားတစ်ထောင် ပေါင်းစည်းထားသည့် ဓားအစီအရင် ကဲ့သို့ပင် ကြီးမားသော အစီအရင် တစ်ခုကို ဖန်တီးခဲ့သည်။

ယင်း ဓားအစီအရင်က ယန္တရား ရေဘဝဲ၏ လက်တံများကို လေပြင်းမုန်တိုင်းကျသည့်နှယ် အဆက်မပြတ် ထိုးဖောက်သွားခဲ့၏။

"ဝုန်း.."

အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် ယန္တရား ရေဘဝဲသည် အပိုင်းပိုင်း ကွဲသွားခဲ့ပြီး လက်တံများကလည်း ချက်ချင်း ဆိုသလို ပြတ်ထွက်သွားခဲ့သည်။

နောက်ထပ် အခိုက်အတန့်တွင် ယန္တရား ရေဘဝဲသည် လွင့်ထွက်သွားပြီး နံရံနှင့် တိုက်မိကာ အောက်သို့ ပုံကျသွားခဲ့၏။

“သွားပြီ.. အကုန်ပြီးသွားပြီ”

ယန္တရား ရေဘဝဲက အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

ကမ္ဘာမြေတွင် ဤကဲ့သို့ အစွမ်းထက်သောပုဂ္ဂိုလ် ရှိမှန်း သူမသိခဲ့ပေ။

သူ၏ အမြင်အာရုံက မှုန်ဝါးလာသည်။

သူက မဟာလက်တစ်ထောင် ဗုဒ္ဓမှော်အတတ်ဖြင့် ထိုးဖောက်ခံရပြီးနောက် ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။

“အရှင်ဦးနှောက်ဘုရင်… အရှင် ဦးနှောက်ဘုရင်.. ကူညီပါ…”

သူက အကူအညီတောင်းသော အချက်ပြမှုတစ်ခုကို ပေးပို့ခဲ့သော်လည်း ဤသီးခြား နေရာလွတ်ကမ္ဘာက ဝမ်လင်း၏ ပိတ်ဆို့ခံထားရ၍ လုံးဝ အဖတ်မတင်ခဲ့ချေ။

အားလုံးပြီးသွားပြီ…

….................

တစ်ဖက်တွင်လည်း အိပ်ခန်းထဲမှ ဝမ်လင်းသည် သူ့လက်ကို အာကာပြင် အက်ကွဲကြောင်းကနေ ရုတ်သိမ်းလိုက်သည်။

သူက ယန္တရား ရေဘဝဲ၏ အချက်ပြမှုကို အောင်မြင်စွာ ကြားဖြတ် ဟန့်တားနိုင်ခဲ့သည်။

သူတို့ အနေဖြင့် ဦးနှောက်ဘုရင်ကို ဖမ်းလိုပါက သေချာစွာ ပြင်ဆင်ထားဖို့ လိုအပ်သည်။

ရေဘဝဲ၏ အချက်ပြမှုကို လွှတ်ပေးလိုက်သည်နှင့် သေချာစွာဖမ်းမိရန် လိုအပ်၏။

ဝမ်လင်းက သူ၏ ခေါက်ဆွဲ အကြွပ်ကြော်ကို ဝါးစားရင်း ယန္တရားရေဘဝဲ၏ အချက်ပြမှုကို စာသားမက်ဆေ့ချ် အဖြစ် ဟွာရှို့ဘာသာစကားသို့ ပြောင်းလဲကာ ကျိုးရီထံ ပေးပို့ခဲ့သည်။

ယင်းမှာ "ငါ့မှာ ရုံကျိုက် ရိုက်ချက် 6ကွက် ဆိုတဲ့ စာအုပ်တစ်အုပ်ရှိတယ်" အဓိပ္ပါယ်ရ၏။

အပိုင်း(၉၄၅) ပြီး၏

All Chapters