← Chapters

အခန်း (၆၈၁)

Vol. 49 Ch. 681

အခန်း (၆၈၁)

Vol. 49 Ch. 681

ဘာသာပြန် - The Fate

သွမ့်ထျန်းခယ့်ကို သတ်ဖြတ်လိုက်ပြီးနောက် ကျုံးလုံသည် သစ္စာရှိသော သက်တော်စောင့်တစ်ယောက်ကဲ့သို့ မြဲမြံစွာ မတ်တပ်ရပ်လိုက်ချေသည်။ ဤသည်ကြောင့် ရှိရှိသမျှလူတိုင်းသည် လှမ်းကြည့်လိုက်မိသည်။

သူတို့၏မျက်ဝန်းများအတွင်း၌ ထူးဆန်းသောအလင်းတို့ တောက်ပနေခဲ့သည်။ ကျုံးလုံလို စွမ်းအားရှင်တစ်ယောက်ကတောင် စောင့်ကြပ်နေရတယ်ဆိုတော့ ဝမ်ဖုန်းရဲ့ အဆင့်အတန်းက သေချာပေါက် မနိမ့်ကျဘူး။

ဘေးနားတွင်ရှိနေသော ယင်ကော်ကတော့ နေသားကျနေပြီဖြစ်သည်။ ဝမ်ဖုန်းက နတ်ဆိုး‌ဗုဒ္ဓကျောင်းဆောင်၏သခင်ငယ်လေးကို သတ်ဖြတ်လိုက်ပြီးကတည်းက ဝမ်ဖုန်း၏ မူလအရင်းအမြစ်က ကျိန်းသေပေါက် မရိုးရှင်းကြောင်း သိခဲ့ပါသည်။

ထို့အတွက်ကြောင့် ယင်ကော်သည် ဝမ်ဖုန်း၏ပေါင်လုံးကို ခပ်တင်းတင်းဖက်တွယ်ထားလိုက်ချေသည်!

နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို ဝမ်ဖုန်းက လုံးဝ ကြောက်လန့်နေခြင်းမရှိ။ ကောင်းကင်ကြီးပြိုကျရင်တောင် မ ,တင်ထားတဲ့သူရှိနေမှတော့ သူမ ဘာကိုစိုးရိမ်နေရဦးမှာလဲ။ ဝမ်ဖုန်းကြောင့်သာမဟုတ်ရင် သူမ သေပြီးနေတာ ကြာလှနေပြီ။ အဆုံးမှာ ဝမ်ဖုန်းက နတ်ဆိုး‌ဗုဒ္ဓကျောင်းဆောင်ရဲ့ အမျက်ဒေါသကို ရင်မဆိုင်နိုင်ခဲ့ဘူး ဆိုရင်တောင် အသက်နည်းနည်းပိုရှည်ရတာက သူမအတွက် အမြတ်ပဲလေ!

"သူ့ရဲ့ပစ္စည်းတွေကို မင်းအပိုင်ယူလိုက်!"

ဝမ်ဖုန်းသည် ထိုသို့ပြောဆိုလိုက်ပြီးနောက် ကျုံးလုံကိုခေါ်ကာ အဝေးတစ်နေရာသို့ လမ်းလျှောက်သွားလိုက်သည်။ ခဏကြာအောင် ယင်ကော်ဟာ ကြောင်အသွားခဲ့သည်။ ထို့နောက်မှ ပြန်လည်၍ သတိဝင်လာခဲ့ကာ မြေပြင်ပေါ်တွင် လှဲလျောင်းနေသော သွမ့်ထျန်းခယ့်ထံသို့ သွားလိုက်ပြီး ထိုသူ၏ ရတနာပစ္စည်းများကို အကုန်အစင်ချွတ်ယူခဲ့သည်။

တစ်ခဏကြာပြီးသည့်နောက်မှာ သူမသည် ဝမ်ဖုန်းနောက်သို့ ပျော်ရွှင်စွာဖြင့် လိုက်ပါသွားခဲ့ကာ တစ်‌ယောက်မျက်နှာတစ်ယောက်ကြည့်နေသော လူအုပ်ကြီးကို ချန်ရစ်ခဲ့တော့သည်။

ထာဝရညဉ့်ယံမြို့အတွင်းတွင် ကျင့်ကြံသူပေါင်း ရာကျော်သည် နေ့စဉ်နေ့တိုင်းသေဆုံးလေ့ရှိသည်။ ထာဝရညဉ့်ယံမြို့တော်သို့ ရောက်ရှိလာသူတိုင်းသည် လူသတ်ရန် မတုံ့နှေးသော ရာဇဝတ်သားများပင် မဟုတ်ကြပါလော။

သွမ့်ထျန်းခယ့်၏သေဆုံးမှုကို ဘယ်သူကမှ ဝမ်းမနည်းပေးခဲ့သလို ၊ဘယ်သူကမျှ မပူဆွေးပေးခဲ့ကြပါ။ ဝမ်ဖုန်း၏ အဆင့်အတန်းကို ခန့်မှန်းမှုများပြုလုပ်ပြီးနောက် လူတိုင်းသည် လူစုခွဲသွားကြသည်။

"ဒီလူက ပြိုင်ဘက်ကောင်းတစ်ယောက်ပဲ"

လမ်းသွယ်ကလေး၏အစွန်း၌ ထင်ရှားသော ထပ်ခိုးနန်းဆောင်တစ်ခုရှိနေခဲ့သည်။ ၎င်းနန်းဆောင်ပေါ်တွင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော လူငယ်လေးနှစ်ယောက်သည် မျက်နှာချင်းဆိုင်၍ ထိုင်နေခဲ့သည်။ လူငယ်လေးတစ်ယောက်၏မျက်ဝန်းများက မှေးကြုတ်သွားခဲ့ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။

ကျုံးလုံ၏တိုက်ကွက်သည် ကမ္ဘာနှင့် အာကာပြင်ပေါ်ကို လွှမ်းခြုံသွားသော်လည်း လူငယ်လေးနှစ်ယောက်မှာ သာမန်လူများ မဟုတ်ကြပါ။ ထို့အတွက်ကြောင့် သူတို့သည် ကျုံးလုံ၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို ခံစားခဲ့ရသည်!

"ကမ္ဘာကြီးထဲမှာ မင်းဆိုတဲ့ လီထျန်းမင်က တိုက်ခိုက်ဖို့ပဲသိတဲ့ အရူးတစ်ယောက်တဲ့။ လူတွေက အင်းကို ချီးကျူးနေကြလေရဲ့ကွာ။"

လူငယ်လေး၏စကားကိုကြားတော့ နောက်ထပ်လူငယ်လေးက ပြုံးရယ်လျက် ဟာသဖောက်လိုက်သည်။

"မင်းရော နာမည်ကြီးပဲ မဟုတ်လား ဝမ်ဝူဖုန်းရ။"

"ခြေရာမရှိဘူး။ လက်ရာမကျန်ဘူး။ ကမ္ဘာကြီးက မင်းမှာ ခြေရာလက်ရာမရှိဘူးလို့ ထင်ကြတယ်။ ဒါပေမဲ့ မင်းက အမြဲတမ်း အဲ့ဒါကို ဖုံးကွယ်ထားခဲ့တာလေ"

လီထျန်းမင်က ပြုံးရယ်လိုက်ပြီး ခပ်ဖွဖွရေရွတ်လိုက်သည်။

"ဒီတစ်ကြိမ် ထာဝရညဉ့်ယံမြို့အရှင်တိုက်ပွဲမှာ ညီအစ်ကိုလီက ညှာတာပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"ဒါကိုကြားတော့ ဝမ်ဝူဖုန်း၏နှုတ်ခမ်းထောင့်စွန်းသည် တွန့်လိမ်သွားခဲ့ကာ သူက လက်သီးဆုပ်ဂါဝရပြုလျက် ပြန်၍ပြောဆိုလိုက်သည်။

"ထာဝရညဉ့်ဦးယံ မြို့အရှင် တိုက်ပွဲက နှစ်တစ်သိန်းကြာတိုင်း တစ်ခါ ကျင်းပတယ်။ တောင်ထိပ် ၁၈လုံးက အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးပြီ။ ဒါပေမဲ့ ဘယ်သူ့ဘယ်သူကမှ မြို့အရှင် မဖြစ်ခဲ့ဘူး။ဒီတစ်ကြိမ်မှာလည်း အတူတူဖြစ်နေမှာ စိုးရိမ်မိတယ်"

"ထာဝရညဉ့်ဦးယံမြို့ရဲ့ မြို့အရှင်က လွယ်လွယ်ကူကူတော့ ဖြစ်မှာမဟုတ်ဘူးလေကွာ"

လီထျန်းမင်က ခေါင်းကိုခါယမ်းလိုက်ပြီး လေးနက်သော အသံဖြင့်ပြောဆိုလိုက်သည်။

ပျက်သုဉ်းခြင်းဧကရာဇ်ဘုံလောကကြီးတွင်ရှိသော အင်အားစုကြီးတိုင်းသည် ထာဝရညဉ့်ဦးယံမြို့ကို ပိုင်စိုးချင်ကြသည်။ သို့သော်လည်း အကြီးမြတ်ဆုံး အင်အားစုကြီး ၁၈ခုနှင့် ကြီးကြီးငယ်ငယ်အင်အားစုလေးများ အဆက်မပြတ်တိုက်ခိုက်ခဲ့တာတောင် ထာဝရညဉ့်ဦးယံမြို့ကို ရရှိဖို့ ကျဆုံးခဲ့ကြသည်။

ထို့အတွက်ကြောင့် အင်အားစုကြီးများသည် ထာဝရညဉ့်ဦးယံမြို့အတွက် ပြိုင်ဆိုင်ကြရန် မြို့အရှင်ပြိုင်ပွဲကို နှစ်တစ်သိန်းကြာတိုင်း တစ်ကြိမ်ကျင်းပခဲ့ကြသည်။

လူငယ်မျိုးဆက်များကသာ ဒီတိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပါ၏!

ထာဝရညဉ့်ဦးယံမြို့၏ မြို့အရှင်ဖြစ်လာချင်သူသည် ပြိုင်ပွဲ၌ လူငယ်အားလုံးကို အနိုင်ယူရမှာဖြစ်ပြီး ထာဝရညဉ့်ဦးယံမြို့အတွင်း၌ ရှိနေသော စွမ်းအားရှင်တိုင်း၏ အသိအမှတ်ပြုမှုကို ရရှိအောင် ပြုလုပ်ရမှာဖြစ်သည်။

ဟုတ်ပါပေသည်။ ဤတိုက်ပွဲကို ထာဝရညဉ့်ဦးယံမြို့ရှိ စွမ်းအားရှင်များ၏ရှေ့မှောက်၌ ထင်သလိုကျင်းပ၍မရနိုင်ပေ။ ရှင်ပါ့ကျွယ့်ဖုန်းစေလွှတ်လိုက်သော ကိုယ်စားများ၏လက်အောက်တွက် ကျင်းပရမှာဖြစ်သည်။

"ညီအစ်ကို... ထာဝရညဉ့်ဦးယံမြို့ရဲ့ မြို့အရှင်ရာထူးအတွက် တိုက်ခိုက်ရတာက လွယ်ကူမှာမဟုတ်ဘူး။ ညီအစ်ကိုက တိုက်ခိုက်ဖို့ စိတ်ဝင်စားနေတုန်းလား။"

ဝမ်ဝူဖုန်းက ခပ်ယောင်ယောင်ပြုံးလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်၌ တိုက်ခိုက်လိုသော အရိပ်အ‌ယောင်များ ပေါက်ဖွားလာခဲ့ရသည်။ ထပ်ခိုးနန်းဆောင်ကြီးသည် သူ့အရှိန်အဝါကြောင့် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။

ဝမ်ဝူဖုန်း၏စကားကိုကြားတော့ လီထျန်းမင်ကလည်း ပြုံးယောင်ဖွဖွပြုံးလိုက်သည်။ သူဟာ ဘယ်စကားကိုမှ ပြန်မပြောခဲ့ဘဲ ပြာပန်းခတ်အောင် လှုပ်ရှားနေသော လူကြီးကိုသာ ငုံ့မိုးကြည့်နေခဲ့သည်။ သူ၏မျက်ဝန်းအိမ်များက တလက်လက်တောက်ပလျက် ရှိချေသည်။

........

တစ်ချိန်တည်းမှာပဲ မွန်မြတ်ဘုံလောကအတွင်းက မဟာနတ်ဆိုး၏ ရွှမ်ရှသည် ခန်းမကြီးအတွင်း၌ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သူဟာ ဂိုဏ်းချုပ်အတွက် ဂိုဏ်းတပည့်များစုစည်းပေးရန် အားသွန်ခွန်စိုက်ပြုလုပ်ခဲ့သော်လည်း ဂိုဏ်းချုပ်က အသံမပေး ဘာမပေးနှင့် ပျောက်ကွယ်သွားလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပါ။

ဤတစ်ကြိမ်တွင် သူသည် မွန်မြတ်ဘုံလောကအတွင်း၌ တပည့်ပေါင်း သုံးထောင်ခန့် စုဆောင်းရရှိခဲ့သည်။ အဆိုပါ တပည့်သုံးထောင်သည် ထူးချွန်သော ပါရမီရှင်များ မဟုတ်သော်လည်း မွန်မြတ်ဘုံလောကအတွင်းရှိ လူငယ်များအကြား၌ တောက်ပကြောင်းပြောဆိုနိုင်ပါသည်။

ဂိုဏ်းချုပ်အတွက် ဂုဏ်ယူအောင် ငါလုပ်နိုင်ပြီထင်ထားတာ။ ဒါပေမဲ့ ....

မဟာနတ်ဆိုးရွှမ်ရှ၏ ကျင့်ကြံမှုဖြင့်ဆိုပါက မွန်မြတ်ဘုံလောကကြီးတစ်ခုလုံးကို အပြန်ပြန်အလှန်လှန် စစ်ဆေးကြည့်ရှုနိုင်သည်။ ဂိုဏ်းသားစုဆောင်းရေး ညီလာခံကျငိးပပြီးနောက် သူက ဝမ်ဖုန်းကိုသွားရောက်ရှာဖွေခဲ့ပါသည်။ သူဟာ ဝမ်ဖုန်း၏ရှေ့မှောက်၌ ဒူးထောက်ချပြီးလျှင် ရွှမ်ရှန်းကျုံဂိုဏ်း၏ အတွင်းစည်း အကြီးအကဲချုပ်ရာထူးကို ချီး‌မြှင့်ပေးပါရန် တောင်းဆိုချင်ခဲ့မိသည်။

သို့သော်လည်း သူဟာ မွန်မြတ်ဘုံလောကကြီးကို မြေလှန်အောင်ရှာဖွေခဲ့သော်ငြား ဝမ်ဖုန်း၏အရှိန်အဝါကို ရှာမတွေ့ခဲ့ပါ။ ဤအချိန်တွင် မဟာနတ်ဆိုးရွှမ်ရှတစ်ယောက် အဘယ်သို့ခံစားနေရမည်ကို မြတ်စွာဘုရားသာသိပါလိမ့်မည်။

"ရွှမ်ရှ"

မဟာနတ်ဆိုး ရွှမ်ရှဟာ အထီးကျန်၍ စိတ်ဓာတ်ကျနေချိန်၌ ဝမ်ဖုန်း၏အသံသည် ခန်းမအတွင်း ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ မဟာနတ်ဆိုးကြီးရွှမ်ရှက စိတ်လှုပ်ရှားသွားပြီး ရုတ်တရက်မတ်တပ်ရပ်လိုက်ကာ အော်ဟစ်ပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ်!?"

အနီးဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပါသော်လည်း မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်း၏အရိပ်အယောင်ကိုတောင် မတွေ့မြင်ရပါ။ သူမှားယွင်းကြားယောင်မိသလားဆိုတာကို တွေးတောနေသည့် တစ်ခဏမှာပင် သူ၏လက်ဖဝါးအတွင်း၌ ရိုးရှင်းသော တံဆိပ်ပြားလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

အဆိုပါတံဆိပ်ပြားကလေးသည် ကမ္ဘာဘောလုံးလေး ဝင်ရောက်ပြီးနောက် ရွှမ်ရှန်ကျံုဂိုဏ်းသားတိုင်း လက်ခံရရှိသော တံဆိပ်ပြားကလေးဖြစ်သည်။

ဤအချိန်တွင် ရိုးရှင်းသော တံဆိပ်ပြားကလေးသည် တလက်လက်တောက်ပနေခဲ့ကာ မဟာနတ်ဆိုးရွှမ်ရှား၏လက်အတွင်း ခုန်ပေါက်နေခဲ့သည်။

"ဂိုဏ်းချုပ်ကြီးလား"

မျှော်လင့်စောင့်စားနေသော မဟာနတ်ဆိုးရွှမ်ရှသည် စိတ်အားတက်ကြွစွာ မေးမြန်းလိုက်မိသည်။

"ငါပါ။"

ဝမ်ဖုန်း၏ အသံပြုသံကိုကြားတော့ မဟာနတ်ဆိုးရွှမ်ရှက အရမ်းကို စိတ်အားတက်ကြွသွားသည်။ သေချာပါပြီ။ သူဆိုတဲ့ မဟာနတ်ဆိုးရွှမ်ရှက ဂိုဏ်းချုပ်၏အယုံကြည်ရဆုံး လူယုံတော်ကြီးပါနော်။ ဂိုဏ်းချုပ်က သူ့ကိုပစ်သွားမှာ မဟုတ်ဘူး!

"ဒီဂိုဏ်းချုပ်က ပျက်သုဉ်းခြင်းဧကရာဇ်ဘုံလောကကြီးကို မတော်တဆရောက်ရှိသွားခဲ့တယ်။ မင်း ဂိုဏ်းသားစုဆောင်းရေးညီလာခံပြီးရင် ရရှိထားတဲ့တံဆိပ်ပြားကို အသုံးပြုပြီး ဂိုဏ်းသားလေးကို ကမ္ဘာဘောလုံးလေးအထဲ ထည့်သွင်းလိုက်ပါ။ ပြီးရင်တော့ ကျန်းစန်ဖုန်းကို သင်ကြားပေးဖို့အတွက် အပ်နှံလိုက်ပါ။"

"မင်းလည်းပဲ ကမ္ဘာဘောလုံးလေးအတွင်းကို ဝင်ရောက်ရမယ်။ မွန်မြတ်ဘုံလောကကိုတော့ ဧကရာဇ် ၇ပါးဆီမှာပဲ ချန်ထားရစ်ခဲ့ပါလေ။"

"ရှန်ရှန်ကျံုဂိုဏ်းရဲ့ အပြင်စည်းအကြီးအကဲချုပ် ရွှမ်ရှက ဂိုဏ်းချုပ်ရဲ့အမိန့်ကို လက်ခံရရှိပါတယ်!"

"ဂိုဏ်းသား သုံးထောင်ကို ဒီတစ်ကြိမ်မှာ စုဆောင်းရရှိပါတယ်။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ၊ မဟာနတ်ဆိုးကြီး ရွှမ်ရှက ဂိုဏ်းချုပ်ရဲ့ယုံကြည်မှုကို ဖြည့်စွမ်းပေးမှာပါ"

ဝမ်ဖုန်းက သူ၏အလုပ်ကြိုးစားမှုကို မတွေ့မြင်လိုက်ရမည်ကို စိုးရိမ်နေသည့်အလား မဟာနတ်ဆိုးရွှမ်ရှက အလောသုံးဆယ် အော်ဟစ်ပြောဆိုလိုက်ပါသည်။

သို့သော်လည်း မဟာနတ်ဆိုးရွှမ်ရှအပေါ် သက်ရောက်နေသော ဝမ်ဖုန်း၏အရှိန်အဝါက ပျောက်ကွယ်သွားခဲ့လေသည်။ တံဆိပ်ပြားငယ်ကလေးသည် ပြန်လည်၍ တည်ငြိမ်သွားခဲ့သည်။ မဟာနတ်ဆိုးကြီးရွှမ်ရှသည် ကူကယ်ရာမဲ့နေသော အမူအယာဖြင့် မိုးကောင်းကင်ကို မော့ကြည့်လိုက်မိချေတော့သည်။

သေချာပါပြီ။ ရှန်ရှန်ကျံု့ဂိုဏ်းသန်မာလာတာနဲ့အမျှ သူ့အတွက်လည်း အကြီးအကဲရာထူးကိုထိန်းသိမ်းဖို့ ပိုခက်လာပြီ!

သို့သော်လည်း သူ မဟာနတ်ဆိုးရွှမ်ရှက ယုံကြည်ထားပါသည်။သူသာ ယုံကြည်ချက်ပြင်းထန်နေသေးသရွေ့ တစ်နေ့နေ့မှာ သူဟာ ရွှမ်ရှန့်ကျုံဂိုဏ်း၏ အလုံးစုံအကြီးအကဲချုပ်ရာထူးကို ရရှိရမည်။ တစ်နေ့နေ့မှာ သူဟာ ဧကရီမေသုရှား၏ ချစ်ခင်မြတ်နိုးခြင်းကိုလည်း ရရှိနိုင်ရမည်!

All Chapters