ရွှမ်ရှန်ကျုံဂိုဏ်း၊ ပထမဆုံး ထွက်ပေါ်လာပြီ။
Vol. 49 Ch. 684
ဘာသာပြန် - The Fate
ကောင်းပြီ ကုကန်းရေ မင်းက ဒီပုရွက်ဆိတ်တွေကိုတော့ ယဉ်ယဉ်ကျေးကျေးစကားပြောပြီး ဒီအဘိုးကြီးကိုတော့ ဆူငေါက်တယ်ပေါ့လေ!?
တစ်ခဏကြောင်အသွားပြီးနောက် ဝမ်တိကွေ့ရင်ဘတ်ထဲရှိ ဒေါသများမှာ ပို၍ပြင်းထန်လာခဲ့သည်။ သူဟာ ဒေါသထွက်လွန်းတာကြောင့် ရူးသွပ်လုမတတ်ဖြစ်နေခဲ့သည်။ သူ့လို ဂုဏ်သရေရှိတဲ့ ဖုန်းယွမ်ဂိုဏ်းရဲ့အကြီးအကဲက ဘယ်တုန်းကများ ဒီလောက်အရှက်ရဖူးလို့လဲ။
သူဟာ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ အံကိုတင်းတင်းကြိတ်လျက် ဒေါသများကို မြိုသိပ်ခဲ့ရသည်။ ကုကန်းကို အနိုင်ယူနိုင်သည့် အခွင့်အရေးရှိပါက သူသည် တုံ့ဆိုင်းမှုမရှိ ချက်ချင်းတိုက်ခိုက်မှာဖြစ်သည်။ ကံဆိုးတာက သူ့တွင် အရည်အချင်းမရှိ!
ဤအချိန်တွင် ဝမ်တိကွေ့၏မျက်နှာထက်၌ နာကျင်နေသော အမူအယာတချို့ရှိနေခဲ့သည်။ ကုကန်းကတော့ ကောင်းပြီ။ ဒါပေမဲ့ ဝမ်ဖုန်းတို့က သူ့ကို အရှက်ရအောင်လုပ်ရဲတယ်!? သူတို့တွေက သေချင်နေကြတာ!
"ကျေးဇူးပြုပြီး ထိုင်ပါ"
ဝမ်ဖုန်းက ပြုံးလျက် လက်ဆန့်တန်းကာ ပြောဆိုလိုက်သည်။
ကုကန်း၏ခွန်အားက သူ၏အသိအမှတ်ပြုမှုနဲ့ ထိုက်တန်သည်။ ဒါ့အပြင် ကုကန်းဟာ ဝမ်တိကွေ့လို ရိုင်းစိုင်းခြင်းမရှိပါ။ ဝမ်ဖုန်းသာ သူ့ကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံလိုက်ပါလျှင် ထောင်လွှားမောက်မာရာ ကျပေလိမ့်မည်။
သူ့ကို ကောင်းကောင်းဆက်ဆံရင် သူကလည်း ကောင်းကောင်းဆက်ဆံပေးမယ်။ ဤသည်မှာ ဝမ်ဖုန်းလိုက်နာသော ကျင့်ဝတ်တစ်ခုဖြစ်သည်!
ကုကန်းက ဝမ်တိကွေ့လို ရိုင်းစိုင်းခဲ့ပါလျှင် ဝမ်ဖုန်းက ယဉ်ကျေးနေမှာမဟုတ်ပါ။ အဲ့ဒီလူက ဘယ်လိုဓားပညာရပ်ကို သင်ယူထားပါစေ။ သူဆိုတဲ့ ဝမ်ဖုန်းရဲ့ ရွှမ်ရှန်ကျုံဂိုဏ်းကရော ဘာကိုကြောက်ရမည်နည်း?
အရှေ့တိုင်းဧကရာဇ်ထိုက်ရိနှင့် ဧရာမမျက်နှာကြီး၏ တိုက်ပွဲပြီးနောက် ဝမ်ဖုန်းသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်များကို သိပ်ပြီး အရေးစိုက် မနေတော့ပါ။
ဟုတ်ပါပေသည်။ သူက ထောင်လွှားမောက်မားလို့မဟုတ်ဘဲ ပိုမိုပြင်းထန်သော တိုက်ပွဲကို ကြုံခဲ့ဖူးတာကြောင့်ဖြစ်သည်။
ဝမ်ဖုန်းက သူ့ထက်အစွမ်းထက်သောသူများကို ဘယ်တုန်းကမှ အထင်သေးခြင်းမရှိပါ။ သို့သော်လည်း သူဟာ ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူတို့၏စွမ်းအားကိို တွေ့မြင်ခဲ့ဖူးလေရာ သာမန်ပျက်သုဉ်းခြင်းနယ်ပယ်စွမ်းအားရှင်တို့က သူ၏မျက်ဝန်းနှင့် မထိုက်တန်တော့ပါ!
"ကျေးဇူးတင်ပါတယ်"
ကုကန်းက ပြုံးရယ်လိုက်သည်။
ဝမ်ဖုန်း၏ရှေ့တွင် ဝင်ရောက်ထိုင်လိုက်သည်။ သူက ဝမ်ဖုန်းဘေးတွင်ထိုင်နေသော ကျုံးလုံကို တစ်ချက်စိုက်ကြည့်လိုက်ကာ သူ၏မျက်ဝန်းအနက်ပိုင်း၌ မခန့်မှန်းနိုင်သော အလင်းတန်းတစ်ခု တောက်ပသွားခဲ့သည်။
ထိုသူက ဧကရာဇ်ဘိုးလေးအထွတ်အထိပ်၌ရှိနေခဲ့သော်လည်း သူ့ထက်ပို၍ သန်မာနေခဲ့ကာ သူတောင် အနည်းငယ် ထိတ်လန့်နေမိသည်။
အဆိုပါ ခြိမ်းခြောက်နိုင်စွမ်းမှာ အရမ်းကို သေးငယ်လွန်းတာကြောင့် သတိမမူမိပါက ကျော်လွှားသွားနိုင်သည်။
သူသည် ကောင်းကင်ဘုံဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်ဖြစ်ကာ ဧကရာဇ်ဘိုးဘေးအဆင့်ထက်ပို၍ အစွမ်းထက်ပါသည်။ သို့သော်လည်း နတ်ဆိုးကျုံးလုံထံမှ ခြိမ်းခြောက်မှုတစ်ခုကို ခံစားနေရဆဲဖြစ်သည်။ နတ်ဆိုးကျုံးလုံ ဘယ်လောက်အစွမ်းထက်သလဲဆိုတာ သူ တွေးဆ၍မရနိုင်ခဲ့ပါ။
ဝမ်ဖုန်းက ကုကန်းကို ထိုင်ခိုင်းလိုက်သည့်မြင်ကွင်းကြောင်း ဝမ်တိကွေ့၏ ဒေါသများမှာ ပိုမို၍ အုံကြွလာခဲ့ရသည်။ ဤအချိန်တွင် သူဟာ ဂိုဏ်းသားငယ်လေးကဲ့သို့ ချောင်တစ်ချောင်မှာ မတ်တပ်ရပ်နေခဲ့ရ၏။
ရှိနေကြသောလူများက သူ့ကိုရယ်မောရဲခြင်းမရှိပေမဲ့ ဝမ်တိကွေးကတော့ အဆိုပါအကြည့်စူးစူးများကြောင့် ရှက်ရွံ့နေမိသည်။ သို့သော်လည်း သူဟာ သည်းခံထားခဲ့သည်။ လူကြီးလူကောင်းတစ်ယောက်အတွက် ဆယ်နှစ်ကြာမှ လက်စားချေလည်း အချိန်မနှောင်းသေးပါဘူး။ ကုကန်းထွက်သွားရင် သူ ဝမ်ဖုန်းတို့ကိုပြန်လာပြီး ရန်ရှာရမယ်။ ဝမ်ဖုန်းတို့ သူ့အပေါ်ပြုလုပ်ခဲ့တဲ့ ရန်စမှုကို အဆပေါင်းရာထောင်ချီပိုပြီး ပေးဆပ်စေရမယ်!
"တာအိုရောင့်ရင်းတို့က ထာဝရညဉ့်ဉီးယံမြို့ကို ပထမဆုံးအကြိမ်ရောက်လာခဲ့ကြတာဆိုတော့ ဒီမှာနေရတာ အသားကျရဲ့လား"
ကုကန်းက ဘေးနားတွင်ရှိနေသော ဝမ်တိကွေ့ကို မေ့လျော့သွားခဲ့ပုံပေါ်ကာ ဝမ်ဖုန်းနှင့် စကားစမြည်ပြောဆိုနေခဲ့သည်။
"မဆိုးပါဘူး။"
ဝမ်ဖုန်းက တိုးညှင်းစွာ ပြန်လည်ဖြေဆိုလိုက်သည်။
"ဒီဧကရာဇ်က မြွေနဂါးဓားဂိုဏ်းရဲ့ အကြီးအကဲ ကုကန်းပါ။ တာအိုရောင့်ရင်းက ဘယ်သူလဲဆိုတာ မေးမြန်းလို့ရမလား"
ကုကန်း၏စကားကိုကြားတော့ ဝမ်ဖုန်းက တုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းပြောဆိုလိုက်သည်။
"ကျုပ်က ဂိုဏ်းချုပ် ဝမ်ဖုန်း။ ဒါက ကျုံးလုံ၊ ရွှမ်ရှန်ကျုံဂိုဏ်းရဲ့အကြီးအကဲပေါ့။ ဒါကတော့ ယင်ကော် ရွှမ်ရှန်ကျုံဂိုဏ်းရဲ့ တပည့်ပါ။"
တစ်ဖက်တွင်ရှိနေသော ယင်ကော်သည် ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ ပြုံးမိသွားခဲ့သည်။ သူမ၏ ကြီးမားသောမျက်ဝန်းများသည် လခြမ်းပုံသဏ္ဍန်ကွေးညွတ်သွားခဲ့ကာ လက်များက မိမိပေါင်ကို အုပ်ကိုင်ထားလိုက်မိသည်။
"ရွှမ်ရှန်ကျုံဂိုဏ်းလား?"
ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ ကုကန်းသာမက ရှိနေကြသောလူများပါ ကြောင်အသွားခဲ့သည်။ထို့နောက် သူတို့က စတင်တွေးတောလာကြသည်။
ဝမ်ဖုန်းက ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေလိမ့်မည်ဟု ဝမ်တိကွေ့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါ။
သို့သော်လည်း ကုကန်းရော ကျန်သောသူများပါ အပြန်ပြန်အလှန်လှန် စစ်ဆေးခဲ့သော်လည်း ရွှမ်ရှန်ကျုံဂိုဏ်းအကြောင်းကိုတော့ မှတ်ဉာဏ်အတွင်း ရှာမတွေ့ခဲ့ပါ။
ကုကန်းနှင့် အခြားသောစွမ်းအားရှင်များက ဝမ်ဖုန်းတို့ကို ပုန်းကွယ်နေသော ဂိုဏ်းတစ်ဂိုဏ်းအဖြစ် မှတ်ယူနေကြသည်။
ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်စွမ်းအားရှင်ပဲဖြစ်ဖြစ် ၊ဝမ်ဖုန်းပဲဖြစ်ဖြစ် သူတို့၏အရှိန်အဝါက ခိုင်မာကျစ်လျစ်၍ ကြောက်စရာကောင်းသည်။
သို့သော်လည်း ဝမ်တိကွေ့နှင့် လူတချို့ကတော့ လှောင်ပြုံးများပြုံးနေခဲ့သည်။ သူတို့က ဝမ်ဖုန်းတို့ကို ပုန်းကွယ်နေသော ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်းလို့ မထင်ပါချေ။ အဆိုပါ ရွှမ်ရှန်ကျုံဂိုဏ်းမှာ မထင်မရှား ဂိုဏ်းသိမ်ဂိုဏ်းနုပ်ကလေး တစ်ခုသာ ဖြစ်ရပေမည်။
"တာအိုရောင့်ရင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ မလေးမစားပြောမိပါပြီ"
ကုကန်း၏စိတ်သဘောမှာ ပို၍ပျော့ပြောင်းလာခဲ့သည်။ ရွှမ်ရှန်ကျုံဂိုဏ်းက ပုန်းကွယ်နေသော ရှေးဟောင်းဂိုဏ်းတစ်ခုဖြစ်မှာကို သူစိုးရိမ်နေခြင်းဖြစ်၏။ လက်ရှိ ထာဝရဉာဉ့်ဦးယံမြို့၏ မြို့အရှင်တိုက်ပွဲကြောင့် မြို့သည် ပဋိပက္ခအခြေအနေတွင် ရှိနေသည်။ ဘယ်ထူးဆန်းသော အင်အားစုကြီးထွက်ပေါ်လာခြင်းကမဆို ကြီးမားသော ပြောင်းလဲမှုများကို ဖြစ်စေလိမ့်မည်။
ထို့အတွက်ကြောင့် သူဟာ ပုန်းကွယ်နေသော ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်းမှ ဖြစ်နိုင်သည့်သူများကို ရန်စဖို့လောက် မတုံးအပါချေ။
"တာအိုရောင့ရင်းကု ယဉ်ကျေးလွန်းနေပါပြီ။ ရောင်ရင်းလည်း မြွေနဂါးဓားဂိုဏ်းရဲ့ အကြီးအကဲဖြစ်ဖို့ လွယ်ကူတာမှ မဟုတ်ဘဲ။"
ဝမ်ဖုန်းကလည်း ချီးကျူးစကားတချို့ ပြန်လည်၍ ပြောဆိုခဲ့သည်။
"တာအိုရောင့်ရင်းဝမ်က ထာဝရညဥ့်ဦးယံမြို့ကို ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ တာအိုရောင်ရင်းကလည်း ထာဝရညဉ့်ဦးယံမြို့ရဲ့ မြို့အရှင်တိုက်ပွဲမှာ ဝင်ပြိုင်ဖို့ ရောက်လာခဲ့တာလား"
ကုကန်းက တစ်ခဏတွေးတောလိုက်ပြီး အဓိကအကြောင်းအရာကို မေးမြန်းလိုက်သည်။ ကုကန်း၏စကားဆုံးသွားသည့်အခါ ရှိနေကြသောသူများက အသာနားစွင့်မိလိုက်ကြသည်။
"ဒီလိုပဲဆိုရမှာပေါ့ဗျာ။"
"ဒီဧကရာဇ်က ဒီမြို့ကိုရောက်နေပေမဲ့ ထာဝရညဉ့်ဦးယံမြို့ရဲ့ စည်းမျဉ်းတွေကိုတော့ တိတိပပ မသိပါဘူး။ ဒါကို ရောင့်ရင်းကများ မိတ်ဆက်ပေးနိုင်မလား"
ဝမ်ဖုန်း၏မျက်ဝန်းများက တောက်ပသွားခဲ့ကာ တည်ကြည်စွာ ပြောဆိုလိုက်သည်။
ဝမ်ဖုန်းက ယို့ယွင်းပျက်ဆီးနေသော ထာဝရညဉ့်ဦးယံမြို့ကို သူ့အိတ်ကပ်အတွင်း၌ ထည့်သွင်းထားချင်ခဲ့ကာ ပျက်သုဉ်းခြင်းဧကရာဇ်ဘုံလောကကြီးအတွင်း ရွှမ်ရှန်ကျုံဂိုဏ်း၏အခြေစိုက်နေရာ ဖြစ်လာစေချင်ခဲ့သည်။
ယခုမြို့အရှင်တိုက်ပွဲက ရောက်ရှိလာသည်ဖြစ်ရာ အဘယ်မှာ ဝမ်ဖုန်းက လွဲချော်စေနိုင်မည်နည်း။
ဝမ်ဖုန်း၏စကားကိုကြားတော့ ကုကန်းက သူ သိသားပဲဟူသော အမူအယာကို ထုတ်ဖော်ပြသခဲ့သည်။ ထာဝရညဉ့်ဦးယံမြို့၏ မြို့အရှင်တိုက်ပွဲကလွဲ၍ ပုန်းကွယ်နေသော ရှေးဟောင်းဂိုဏ်းကြီး၏ ဂိုဏ်းချုပ်ဖြစ်သော ဝမ်ဖုန်းကို ဘယ်အရာကများ ထွက်ပေါ်လာစေပါ့မလဲ?
တစ်ဖက်တွင် ဝမ်တိကွေ့နှင့်လူတချို့က လှောင်ပြောင်နေခဲ့ကြသည်။ ပုရွက်ဆိတ်လေးတစ်သိုက်က ထာဝရညဉ့်ဦးယံမြို့ရဲ့ မြို့အရှင်တိုက်ပွဲကို ပါဝင်ယှဉ်ပြိုင်ချင်တာလား။ ဆိုးရွားတဲ့ အဆုံးသတ်ကို ရှာဖွေနေတာပဲ။
ဝမ်တိကွေ့က ဝမ်ဖုန်းကို မြို့အရှင်တိုက်ပွဲ၌ ပို၍တောင် ပါဝင်စေချင်သေးသည်။ ဒီလိုမှ တိုက်ပွဲအတွင်း ဆိုးဆိုးဝါးဝါးသေဆုံးသွားရမှာဖြစ်၏။
သို့သော်လည်း သူက နောက်ဆုံးမိနစ်မှာ စိတ်ကိုပြန်တင်း၍ ပြင်ဆင်ခဲ့သည်။ လက်စားချေရမယ်။ ဟုတ်တာပေါ့။ သူ ဝမ်ဖုန်းတို့ကို လက်စားချေဦးမှာ!
ဝမ်ဖုန်းတို့ကို ကိုယ်တိုင်သတ်ခြင်းကသာ သူ့ရဲ့အမျက်ဒေါသကို ပြေပျောက်စေမှာ!
"ရတာပေါ့ဗျာ။"
ကုကန်းက ပြုံးလျက် ပြောဆိုလိုက်သည်။ မြို့အရှင်တိုက်ပွဲ၏ စည်းမျဉ်းစည်းကမ်းများမှာ အတော်လေး ထင်သာမြင်သာရှိပါ၏။
"မြို့အရှင်တိုက်ပွဲမှာ ပါဝင်ချင်ရင် ခင်ဗျားက အနည်းဆုံး နှစ်ပေါင်းတစ်ထောင်အောက်က လူငယ်မျိုးဆက်ထဲက ဖြစ်ရမယ်။ တခြားလိုအပ်ချက်တော့ မရှိပါဘူး။ ခင်ဗျားသာ နှစ်တစ်ထောင်အောက် လျော့ကျတဲ့ လူငယ်ပါရမီရှင်ဖြစ်နေသေးသရွေ့ ခင်ဗျား ဘယ်အင်အားစုကပဲဖြစ်နေပါစေ ပါဝင်ယှဉ်ပြိုင်နိုင်တယ်"
"ပါဝင်ယှဉ်ပြိုင်သူအများကြီးကို အနိုင်ယူနိုင်ခဲ့တဲ့ လူငယ်မျိုးဆက်တွေကသာ မြို့အရှင်အဖြစ် ရွေးချယ်ခံရဖို့ စာရင်းဝင်မှာ။"
"စာရင်းဝင်ဖို့ အရည်အချင်းတွေပြည့်ဝပြီး ထာဝရညဉ့်ဦးယံမြို့မှာရှိတဲ့ ထိပ်တန်းစွမ်းအားရှင်တွေရဲ့ အသိအမှတ်ပြုမှုကို ရမယ်ဆိုရင် မြို့အရှင်အဖြစ် တရားဝင် ဝာာဝန်ထမ်းဆောင်နိုင်ပြီပေါ့"
ကုကန်း၏စကားများက ခန်းမအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ ကုကန်းပြောဆိုနေသည့်အချိန်၌ ခန်းမကြီးတစ်ခုလုံးက တိတ်ဆိတ်နေခဲ့သည်။ မြွေနဂါးဓားဂိုဏ်း၏ အကြီးအကဲ၊ ကုကန်း၏ရှေ့တွင် ဘယ်သူကမှ ဆူညံသံများ မပြုလုပ်ရဲကြပါ!