← Chapters

ယုံယဲ့စံအိမ်။

Vol. 49 Ch. 685

ယုံယဲ့စံအိမ်။

Vol. 49 Ch. 685

ဘာသာပြန်- The Fate

ကုကန်း၏ စကားကို ကြားတော့ ဝမ်ဖုန်း၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။ ထာဝရညည့်ဦးယံ မြို့အရှင် တိုက်ပွဲမှာ တကယ့်ကို ခက်ခဲပါလိမ့်မည်။ ၎င်းသည် လူငယ်မျိုးဆက်များအတွက် တိုက်ပွဲမြေပြင် ဖြစ်သည်။သို့ပေသိ ဝမ်ဖုန်းအတွက်တော့ ခက်ခဲမှု ကြီးကြီးမားမား မရှိပါ။ အမှန်တကယ် ခက်ခဲနက်နဲနေသည့် အရာမှာ ထာဝရညည့်ဦးယံမြို့ အတွင်းရှိ ထိပ်တန်းစွမ်းအားရှင်များ၏ အသိအမှတ်ပြုမှုကို ရယူခြင်း ဖြစ်သည်!

ထာဝရညည့်ဦးယံမြို့အတွက် မြို့အရှင်တိုက်ပွဲသည် အကြိမ်ပေါင်းများစွာ ကျင်းပပြီးစီးခဲ့သည်။ ထိုအတွက်ကြောင့် မြို့အရှင်တိုက်ပွဲသည် ရာစုနှစ်၊ထောင်စုနှစ် များစွာကို ဖြတ်ကျော်ခဲ့ပြီးပါပြီ။ အဆိုပါ ရာစုနှစ်၊ထောင်စုနှစ်များ အတွင်း၌ ဧကရာဇ်ဘုံလောကကြီး အတွင်းတွင် မိုးကောင်းကင်ကို ဆန့်ကျင်တိုက်ခိုက်နိုင်သော ပါရမီရှင်များ ထွက်ပေါ် မလာဘူးဆိုတာက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ သို့ပါသော်လည်း ထိုနှစ်များစွာအတွင်း၌ ဘယ်သူကမှ ထာဝရညည့်ဦးယံမြို့၏ မြို့အရှင်အဖြစ် အမှန်တကယ် မတတ်လှမ်းနိုင်ခဲ့ပါ။ ညည့်ဦးယံမြို့အတွင်းရှိ စွမ်းအားရှင်များ၏ အသိအမှတ်ပြုမှုကို ရရှိရန် အဘယ်မျှလောက် ခက်ခဲကြောင်းကို တွေးတောကြည့်နိုင်သည်။

"ထာဝရညည့်ဦးယံမြို့ထဲက စွမ်းအားရှင်တွေရဲ့ အသိအမှတ်ပြုမှုအပြင် နောက်ထပ် ဘာစည်းမျည်းတွေများ ကျန်သေးလဲမသိဘူး။"

ဤသည်ကို တွေးမိတော့ ဝမ်ဖုန်းက ထပ်မံ၍ မေးမြန်းခဲ့သည်။

ဝမ်ဖုန်း၏ မေးမြန်းသံကိုကြားတော့ ဝမ်တိကွေ့နှင့် အခြားသူများက လှောင်ရယ်လိုက်ကြသည်။ ဒီကောင်တွေက ပါရမီရှင်တိုက်ပွဲမှာ အသက်တောင်မရှင်နိုင်တဲ့ဟာကို ထာဝရညည့်ဦးယံမြို့ထဲက ထိပ်တန်းစွမ်းအားရှင်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိချင်သေးတယ်ပေါ့လေ။

တကယ့်ကို ရယ်စရာကောင်းလိုက်တာ!

ထာဝရညည့်ဦးယံမြို့ ၊ မြိုအရှင်တိုက်ပွဲ တစ်ခုချင်းစီတိုင်းသည် ဧကရာဇ်ဘုံလောကကြီး အတွင်းတွင် ရှိနေသော လူငယ်ပါရမီရှင်များအတွက် မဟာစစ်ပွဲကြီးပင် ဖြစ်သည်။ သေလုမျောပါး နာမကျန်းနေသည့် လူငယ်များကလွဲ၍ လူငယ်တိုင် းလူငယ်တိုင်း လိုလိုသည် ထာဝရညည့်ဦးယံမြို့၏ မြို့အရှင်ရာထူးအတွက် ပါဝင်ယှဉ်ပြိုင်ကြလိမ့်မည်။

၎င်းလူငယ်များ အတွင်း၌ အမြင့်မြတ်ဆုံး အင်အားစုကြီး၁၈စုမှ ပျိုးထောင်ပေးထားသော ပါရမီရှင်များအပြင် အချို့သော လျှို့ဝှက်ဂိုဏ်းကြီးများ၏ တပည့်များလည်း ပါလာနိုင်သည်။ ထိုကဲ့သို့ ပါရမီကြီးမားသည့် မကောင်းဆိုးဝါးများ၏ အကြားမှာ အောင်မြင်စွာ ရှင်သန်နိုင်ရန်က မလွယ်ကူပါ။

အမြင့်မြတ်ဆုံး အင်အားစု၁၈စုမှ ပါရမီရှင်များကတောင် ဘုံလောကကြီးတစ်ခုလုံး အတွင်းရှိ လူငယ်ပါရမီရှင်များ အကြားတွင် အောင်မြင်မှု ရနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိမှာ မဟုတ်‌ချေ။

ကုကန်း၏ မျက်ဝန်းများအတွင်း အလင်းတန်းတစ်ခု တောက်ပသွားခဲ့ကာ သူဟာပြုံးရယ်လိုက်သည်။

သူသည် ဝမ်ဖုန်းကို ဟာသမလုပ်ခဲ့ပဲ ရိုးရိုးရှင်းရှင်းပင် ရှင်းပြခဲ့သည်။

"အသိအမှတ်ပြုမှုကိုရရှိဖို့က အကြိမ်တိုင်း ကွဲပြားခြားနားတယ်။ အဲ့ဒါက ရတနာပစ္စည်းတစ်ခုကို ရှာဖွေရမှာလည်း ဖြစ်နိုင်သလို လျို့ဝှက်နယ်မြေတစ်ခုကို စိန်ခေါ်ရမှာလဲ ဖြစ်နိုင်တယ်။ အတိုချုပ်ပြောရရင်တော့ စွမ်းအားရှင်ကြီးတွေရဲ့ စိတ်ဓာတ်က အချိန်နဲ့အမျှ ပြောင်းလဲနေတာ"

"ဒါပေမယ့် အရာရာတိုင်းအတွက် နည်းလမ်းတော့ ရှိနိုင်ပါတယ်လေ"

ကုကန်း၏ စကားကိုကြားတော့ ဝမ်ဖုန်း ကခေါင်းညိမ့်လျက် ဆက်လက်မေးမြန်းခြင်း မပြုတော့ပေ။ ထာဝရညည့်ဦးယံမြို့၏ မြို့အရှင်ရာထူးမှာ သူ အနိုင်ရယူဖို့သာဖြစ်ပြီး၊ သူဟာအရှုံးပေးလိုခြင်းမရှိပါ!

"မြို့အရှင်တိုက်ပွဲ မရောက်ခင် အချိန်တချို့ရှိနေသေးတယ်။ ဒါဆို ရောင်းရင်းဝမ်ရဲ့ အစီစဉ်တွေက ဘာများလဲမသိဘူး။"

ကုကန်း၏ မျက်ဝန်းများက တောက်ပသွားခဲ့ကာ နက်ရှိုင်းသောအသံဖြင့် မေးမြန်းလိုက်သည်။

"လျှောက်လည်တာပေါ့!"

ဝမ်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။

"ဒီဧကရာဇ်မှာ သွားစရာ နေရာကောင်းတစ်ခုရှိတယ်။ ရောင်းရင်းဝမ်က စိတ်ဝင်စားရဲ့လား မသိဘူး။"

"အို? ဘယ်လိုနေရာကောင်းမျိုးပါလိမ့်"

ကုကန်း၏ စကားကိုကြားတော့ ဝမ်ဖုန်း၏ မျက်လုံးများက တောက်ပသွားခဲ့ကာ စိတ်ဝင်တစား မေးမြန်းခဲ့သည်။

"ယုံယဲ့စံအိမ်!"

ကုကန်း၏ အသံ ထွက်ပေါ်လာသည့်အခါ ခန်းမအတွင်းရှိ လေထုမှာ ရုတ်တရက် ပြောင်းလဲသွားကြောင်းကို ဝမ်ဖုန်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ ရှိနေကြသော လူများ၏ မျက်နှာထက်တွင် ထိတ်လန့်နေသော အမူအရာများ ရှိနေခဲ့ကြကာ သူတို့၏ မျက်ဝန်းများက အကြောက်တရားဖြင့် ပြူးကျယ်လာခဲ့သည်။

ဒါကြောင့် ဝမ်ဖုန်းဟာ ယုံယဲ့စံအိမ်အကြောင်းကို ပို၍ သိလိုစိတ် ပြင်းပြလာခဲ့သည်။

"တာအိုရောင်းရင်းကုပြောတဲ့ ယုံယဲ့စံအိမ်က ဘယ်လိုမျိုးလည်း မသိဘူး"

နှလုံးသားအတွင်းရှိ စပ်စုလိုစိတ်ကို မမြိုသိပ်နိုင်ခဲ့သည်ဖြစ်ရာ ဝမ်ဖုန်းက တည့်တိုး မေးမြန်းခဲ့သည်။

"ယုံယဲ့စံအိမ်က ထာဝရညည့်ဦးယံမြို့ထဲက ထိပ်တန်းအင်အားစုကြီး တစ်ခုပါ"

"ဒါပေမဲ့ ယုံယဲ့စံအိမ်က ထာဝရညည့်ဦးယံမြို့ထဲမှာရှိတဲ့ အင်အားစုတွေ အားလုံးထဲမှာမှ လျှို့ဝှက်အဆန်းကျယ်ဆုံးပဲ။ပြောကြတာတော့ ယုံယဲ့စံအိမ်ရဲ့ နောက်မှာ အရမ်းကို အစွမ်းထက်တဲဲ့ စွမ်းအားရှင် တစ်ယောက်ရှိနေတယ်တဲ့"

"အဲဒါက သာမန် ထိပ်တန်းအင်အားစုတစ်စု နဲ့မတူဘူး"

"ယုံယဲ့စံအိမ်က ကူးသန်းရောင်းလှယ်ရာ နေရာတစ်ခုနဲ့ပိုတူတယ်။ အဲ့ဒီအထဲမှာ မင်းအလိုရှိတာ ဘာမဆိုရောင်းဝယ်လဲလှယ်နိုင်တယ်။ ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီးထဲမှာ တွေ့ရှိနိုင်တဲ့ အရာမှန်သမျှ ယုံယဲ့စံအိမ်မှာ ရှိတယ်"

" ပျက်သုန်းခြင်းဧကရာဇ် ဘုံလောကကြီး တစ်ခုလုံးမှာ ယုံယဲ့စံအိမ်ဆိုတာ တစ်ခုတည်းပဲရှိတယ်။ အဲဒီ ယုံယဲ့ စံအိမ်ကလည်း ထာဝရညည့်ဦးယံမြို့မှာပဲ အခြေစိုက်တယ်လေ"

ကုကန်း၏ စကားကိုကြားတော့ ဝမ်ဖုန်း၏ မျက်ဝန်းက ဝင်းလဲ့တောက်ပသွားခဲ့ကာ သူ၏နှလုံးသားက တုန်ယင်လာခဲ့သည်။ ကုကန်း၏ စကားလုံးများက ညင်သာနူးညံ့သော်လည်း ထိုစကားလုံးများထံမှတစ်ဆင့် သန်မာသော အကြောက်တရားကို သူခံစားနေရလေသည်။ ကုကန်းလိုလူကိုတောင် ကြောက်လန့်အောင် လုပ်နိုင်တယ်ဆိုတော့ ယုံယဲ့စံအိမ်က တကယ့်ကို ကြောက်လန့်စရာကောင်းတာများလား။

ဤထာဝရညည့်ဦးယံမြို့ကြီးသည် ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီး တစ်ခုလုံး အတွင်းရှိ ကသောင်းကနင်း အဖြစ်ဆုံး မြို့ကြီးတစ်မြို့ဖြစ်သည်။ ဤမြို့ကြီး အတွင်း၌ ပုန်းကွယ်နေသော နဂါးများ ငုပ်လျှိုးနေသော ကျားများနေထိုင်ကြသည်။

မြွေနဂါး ဓားဂိုဏ်းလို ဂိုဏ်းမျိုးတွင် လုံလောက်‌သော အခြေခံအုတ်မြစ်ရှိသည်။ ဒီလိုမှမဟုတ်ပါက ထာဝရညည့်ဦးယံမြို့အတွက်း ခြေကုပ်ရရှိနိုင်မှာ မဟုတ်ပါ။

"မြို့အရှင်တိုက်ပွဲတစ်ခု မတိုင်ခင်တိုင်းမှာ ယုံယဲ့စံအိမ်က ကြီးမားတဲ့ လေလံပွဲကြီးတစ်ခု ကျင်းပလေ့ရှိတယ်။ ဒီလေလံပွဲကြီးက သာမန် လေလံပွဲတွေထက် အများကြီးထူးခြားတယ်"

"ဘယ်လိုမျိုးထူးခြားတာလဲ"

ဝမ်ဖုန်းက ကျယ်လောင်စွာ မေးမြန်းခဲ့သည်။

ဝမ်ဖုန်းဟာလည်း လေလံစံအိမ်များအတွင်း ပါဝင်ခဲ့ဖူးပါသည်။ အတိတ်တွင် သူဟာ လေလံပွဲတချို့မှ ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများအတွက် ပစ္စည်းပစ္စယများ လေလံဆွဲဝယ်ယူလေ့ရှိသည်။

သို့ပေသော်ငြားလည်း လေလံစံအိမ်များသို့ သူကိုယ်တိုင် သွားရောက်ခဲ့ခြင်း မဟုတ်ဘဲ ကျန်းစန်ဖုန်းနှင့် အခြားအကြီးအကဲများကိုသာ စေလွှတ်၍ စီစဉ်ခိုင်းခဲ့ခြင်းဖြစ်ပါသည်။

ရှန်ရှန့်ကျုံဂိုဏ်း စတင်တည်ထောင်ပြီးကတည်းက ဝမ်ဖုန်းသည် အမြဲတမ်း လက်ရှောင်၍ရှိနေခဲ့သည်။

ရှန်ရှန့်ကျုံဂိုဏ်းတွင် အစွမ်းထက်သောအကြီးအကဲ အများကြီးရှိလေရာ သူကအရာရာတိုင်းကို လိုက်လံလုပ်ဆောင်ရန်မလိုအပ်ပါချေ။ ဒီလိုမှမဟုတ်ရင် အကြီးအကဲတွေရဲ့ တည်ရှိမှုက ဘာအတွက်လဲ?

" ဒီလေလံပွဲမှာ လူတိုင်းပါဝင်ယှဉ်ပြိုင်နိုင်တယ်ဗျ"

"လေလံပစ္စည်းတွေကို လိုချင်ရင် ငွေကြေးမလိုအပ်ဘဲ ခွန်အားကိုပဲလိုအပ်တယ်"

"ဘယ်လို ဘယ်လို?"

ဝမ်ဖုန်းဟာ ထိတ်လန့်သွားခဲ့ကာ ကုကန်းကိုရုတ်တရက် စိုက်ကြည့်လျက် မေးမြန်းခဲ့သည်။

"ဒီလေလံစံအိမ်မှာ လူငယ်မျိုးဆက်တွေရဲ့ ခွန်အားကို မှီခိုထားတယ်။ ဥပမာအားဖြင့်ပြောရရင် မင်း ရတနာပစ္စည်းတစ်ခုကို လိုချင်တယ်ဆိုရင် လူငယ်မျိုးဆက်တစ်ယောက်ကို အပေါင်ပစ္စည်းအဖြစ် စေလွှတ်ရမယ်။ အဲဒီလူငယ်မျိုးဆက်က မင်းအတွက် တိုက်ခိုက်ပေးလိမ့်မယ်။ အနိုင်ရသွားရင်တော့ လေလံပစ္စည်းကို ရရှိနိုင်မယ်ပေါ့"

"ဟုတ်တာပေါ့။ မင်းကိုယ်တိုင်လည်း ပါဝင်ယှဉ်ပြိုင်နိုင်တယ်လေ"

"ဒါ့အပြင် အပေါင်ပစ္စည်းအဖြစ် ပါဝင်ယှဉ်ပြိုင်မယ့် လူငယ်ပါရမီရှင်တွေက ကျင့်ကြံမှုသက်တမ်း နှစ်တစ်ထောင်ထက် လျော့နည်းရမယ်"

"မင်းသာ သန်မာရင် လေလံစံအိမ်ထဲက ရတနာပစ္စည်းတွေအားလုံးကို သိမ်းယူနိုင်တယ်။ ဒါပေမယ့် ဘယ်သူကမှတော့ ဒီလိုလုပ်ကြမှာမဟုတ်ပါဘူး။ ပိုင်ဆိုင်မှုများပြားတာက အန္တရာယ်တွေကို ဖိတ်ခေါ်နေတာပဲကို။"

ကုကန်းက ပြုံးလျက် ရှင်းပြခဲ့သည်။

ဝမ်ဖုန်း စကားမပြောနိုင်ခင်မှာပဲ သူကဆက်လက် ပြောဆိုပြန်သည်။

"အစစ်အမှန် မြို့အရှင်တိုက်ပွဲ မစခင်မှာ လေလံစံအိမ်တိုက်ပွဲက အစမ်းကျင့်တယ်လို့တောင် သဘောထားလို့ရတယ်"

"လေလံစံအိမ် တိုက်ပွဲအတွင်းမှာ ထာဝရညည့်ဦးယံမြို့ရဲ့ မြို့အရှင် ရာထူးအတွက် ပါဝင်ယှဉ်ပြိုင်မယ့် လူငယ်ပါရမီရှင်တိုင်းကို အကြမ်းဖျင်း လေ့လာဆန်းစစ်ကြည့်လို့ရတယ်"

" လေလံစံအိမ်ထဲမှာ သူတို့ရဲ့ခွန်အားအစစ်မှန်ကို ပြသမလားဆိုတာကိုတော့ မသိနိုင်ဘူး"

ကုကန်း၏ စကားကိုကြားတော့ ဝမ်ဖုန်း၏ မျက်ဝန်းများမှာ ပို၍ပို၍တောက်ပလာခဲ့သည်။ မူလကတည်းက သူဟာ ထာဝရညည့်ဦးယံမြို့အတွင်း လှည့်လည်သွားလာပြီး ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီး အကြောင်းကို ပိုမိုလေ့လာဖို့ ဆုံးဖြတ်ထားခဲ့သည်။ အခုအခြေနေကိုကြည့်ရင် ယုံယဲ့စံအိမ်က သွားကိုသွားသင့်တဲ့နေရာပဲ။

မြို့အရှင်တိုက်ပွဲအတွင်းမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါရမီရှင်တွေရဲ့ ခွန်အားကို သိရှိရမှာဆိုတော့ ဘယ်သူကမှ လွဲချော်ခံချင်မှာ မဟုတ်ဘူး။

"ယုံယဲ့စံအိမ်ရဲ့ လေလံပြပွဲက ဘယ်တော့ဖွင့်မှာလဲ"

"သုံးရက်ကြာရင်!"

All Chapters