သေဖို့ရာအတွက် လမ်းခင်းသည်။
Vol. 49 Ch. 686
ဘာသာပြန်- The Fate
"ကျေးဇူးပါပဲ, တာအိုရောင်းရင်းကု"
အပြုံးတစ်ပွင့်နှင့်အတူဝမ်ဖုန်းက လက်သီးဆုပ် ဂါဝရပြုလျက် ကုကန်းကိုကျေးဇူးတင်ခဲ့သည်။
ကုကန်းမရှိပါဘဲနဲ့လည်း သူက ထာဝရညည့်ဦးယံမြို့၏ သတင်းအချက်အလက်များကိုသိရှိနိုင်သော်လည်း ကုကန်းထံမှအချက်အလက်များက ပို၍တိကျသေချာသည်။
"တာအိုရောင်းရင်းဝမ်က ယဉ်ကျေးလွန်းနေပါပြီဗျာ"..
"ဒီလိုဆိုမှတော့ ကျုပ်တာအိုရောင်းရင်းဝမ်ကိုမနှောင့်ယှက်တော့ပါဘူး!"
"တာအိုေရာင်းရင်းဝမ်အားရင် ကျုပ်တို့ရဲ့မြွေနဂါးဓားဂိုဏ်းကို လာလည်လှည့်ပါဦး။ ကျုပ်ကကိုယ်တိုင်ကိုယ်ကျ ကြိုဆိုပါ့မယ်ဗျာ.."
ကုကန်းက ပြန်လည်၍ ဂါဝရပြုလိုက်ပြီး အပြုံးဖွဖွဖြင့် ပြောဆိုလိုက်သည်။
"လာရမှာပေါ့!"
ဝမ်ဖုန်း၏စကားပြန်ကိုကြားတော့ ကုကန်းက တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲလှည့်၍ ထွက်ခွါသွားခဲ့သည်။ သူဟာ မထွက်သွားခင်မှာ ဝမ်တိကွေ့ကို လူသေတစ်ယောက်ကဲ့ သို့စိုက်ကြည့်ခဲ့သေးသည်။
တဖက်တွင်တော့ ခန်းမအတွင်းမှ ကျင့်ကြံသူများသည် ကုကန်း၏ ယဉ်ကျေးပြုငှာသော သဘောထားကြောင့် ထိတ်လန့်နေခဲ့သည်၊၊
ကုကန်းဟာ အဆင့်တူများကြားတွင် ထိပ်တန်းတည်ရှိမှု ဖြစ်ပါသည်။ ဒါ့အပြင်သူ၏ အဆင့်အတန်းကလည်း မြွေနဂါးဓားဂိုဏ်း၏ အကြီးကဲဖြစ်သည်။ သွေးနီရောင် ဧကရာဇ်အဆင့်ရှိ အစွမ်းထက်သော ကျင့်ကြံသူများကတောင် ကုကန်းကိုဖက်ပြိုင်မပြောဆိုရဲကြပါချေ။
သို့ပေသိ အစမှအဆုံးထိ ကုကန်းဟာ ဝမ်ဖုန်းကို ယဉ်ကျေးပြုငှာခဲ့သည်။ ဒါ့အပြင်မြွေနဂါးဓားဂိုဏ်းကို ဧည့်သည်တော်အဖြစ်လာရောက်ရန်တောင် ဖိတ်ကြားခဲ့သေးသည်။ ဤသည်က လူတိုင်းကို ကဟေဠိဖြစ်သွားစေရုံသာမက ဝမ်တိကွေ့၏ အမူအရာကိုလည်း မဲမှောင်လာစေခဲ့သည်။
ဝမ်ဖုန်းလို ဘာကောင်မှ မဟုတ်တဲ့သူကိုတောင် ယဉ်ကျေးနေသေးတယ်။ ဒါပေမဲ့သူ့လို ဖုန်းယွင်ဂိုဏ်းရဲ့အကြီးအကဲကိုတော့ဆူငေါက်ပြောဆိုခဲ့တာလား..
ဒါကသူ့ကိုအထင်သေးဆက်ဆံလိုက်တာလား..
မောက်မာရိုင်းစိုင်းလိုက်တာ...!!
ဝမ်တိကွေ့က တွေးတောနေစဉ်တွင် သူ၏ဘေးနားတွင်ရှိနေသော သက်လတ်ပိုင်းအမျိုးသားက သူအင်္ကျီအစွန်းကိုခပ်ဖွဖွဆွဲလိုက်သည်။ ဤသည်ကြောင့် ဝမ်တိကွေ့သည် လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ့အရှေ့ရှိစားပွဲခုံမှာ ဗလာဖြစ်သွားတာကို တွေ့မြင်ခဲ့ရသည်။ ဝမ်ဖုန်းတို့အုပ်စုသည် တည်းခိုဆောင်အပြင်ဘက်ကို ထွက်ခွါရန်ပြင်ဆင်ခဲ့ပါပြီ။
ဝမ်တိကွေ့က မျက်လုံးမှိတ်လိုက်ပြီး သူ၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။ သူက သူ၏နောက်ဘက်တွင်ရှိသော လက်အောက်ငယ်သားများကို မျက်စိမှိတ်ပြလိုက်ပြီး ဝမ်ဖုန်းတို့နောက်ကို သတ်ဖြတ်ရန် လိုက်ပါသွားခဲ့တော့သည်။
သူ၊ ဝမ်တိကွေ့ကို အာခံရဲရင် ဘယ်သူက မှ ငြိမ်းငြိမ်းချမ်းချမ်းမနေနိုင်ဘူးကွ!!
သူကကြီးမြတ်ပြီး အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ၊ အခြားသူတွေက သူ့ကို အနိုင်ကျင့်ခွင့်မပြုနိင်ဘူး..
ဝမ်ဖုန်းတို့တစ်ယောက်ပြီးတစ်ယောက် ထွက်ခွါသွားချိန်တွင် ခန်းမကြီးအတွင်းရှိလေးလံသောလေထုဟာလည်း ပျံ့လွင့်သွားခဲ့သည်။ ခန်းမကြီးသည် မူလကအတိုင်း ပြန်၍ စိတ်အေးသက်သာကာ ဆူညံလာခဲ့သည်။
"ငါ့ကိုပြောစမ်းပါဦး၊ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဂိုဏ်းချုပ်က ဝမ်တိကွေ့ရဲ့လက်စားချေမှုကနေရှင်သန်နိုင်ပါ့မလား"
ကြင်နာသနားတတ်ဟန်တူသော အဖိုးအိုတစ်ယောက်သည် တည်းခိုအိမ်၏ ဝင်ပေါက်ကို စူးစိုက်ကြည့်နေခဲ့ကာ တိုးညင်းစွာရေရွတ်ခဲ့သည်။
သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါကို ဆုံးဖြတ်ကြည့်ရလျှင် သူဟာသွေးနီရောင်ဧကရာဇ်အဆင့်သို့ရောက်နေခဲ့ပြီဖြစ်သည်။
" ရှန်ရှန့်ကျုံဂိုဏ်းချုပ်ကသာ ခွန်အားကိုသိုဝှက်ထားမယ်ဆိုရင်တော့ ရှင်သန်နိုင်ပါလိမ့်မယ်၊ ဒါပေမဲ့သေဆုံးနိုင်ဖို့အခွင့်အရေးကအရမ်းကိုများလွန်းတယ်!"
"ဝမ်တိကွေ့ လက်စားချေပြီဆိုရင် လွယ်လွယ်ကူကူနဲ့တော့ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"
" လူအိုကြီးရေ၊ ရှန်ရှန့်ကျုံရဲ့ဂိုဏ်းချုပ်ကတော့ မကြာခင် အလောင်းကောင်ဖြစ်တော့မှာ!!
"ဘာတွေများ ဝင်ပြီး စိုးရိမ်နေရသေးတာလဲကွာ၊ ဘာပဲဖြစ်ဖြစ် ငါတို့ကဖြတ်သွားဖြတ်လာပဲကို"
ခန်းမကြီးအတွင်း၌ ပျာယာခတ်လောက်အောင် ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။ လူတိုင်းက ဝမ်းဖုန်းတို့အပေါ် အတွေးအမြင်များကို အသီးသီးထုတ်ဖော်ပြောဆိုခဲ့ကြသည်။
နောက်ဆုံးမှာတော့ လင်းယုန်နက် သွမ့်ထျန်းခယ့်ကို သတ်ဖြတ်ခဲ့ခြင်းကလွဲ၍ ဝမ်ဖုန်းနှင့်အခြားသူများတွင် မှတ်တမ်းမှတ်ရာများမရှိပါ၊ သူတို့၏ကျင့်ကြံမှုကဘယ်လောက်သန်မာသလဲဆိုတာကို ဘယ်သူမှမသိကြပါ။
"ဂိုဏ်းချုပ်၊ အဲ့ဒီလူကကျုပ်တို့နောက်ကိုလိုက်လာတယ်။ ဂိုဏ်းချုပ် သူ့ကို...."
ကျုံးလုံ၏မျက်ဝန်းများသည် အေးစက်သွားခဲ့ပြီးခက်ထန်စွာပြောဆိုခဲ့၏
"ဟင့်အင်း လူပြက်တစ်ယောက်ပါပဲလေ။ လွတ်ထားလိုက်ချေ!"
ဝမ်ဖုန်းက လက်ကိုဝေ့ယမ်းလျက် ထူးမခြားနားစွာ ပြောဆိုခဲ့သည်။
ထိုသို့ပြောဆိုလိုက်ပြီးနောက် သူကကျုံးလုံနှင့် ယင်ကော် တို့ကိုဦးဆောင်ကာ ထာဝရညည့်ဦးယံမြို့၏ အပြင်ဘက်သို့ထွက်ခွါသွားခဲ့သည်၊ ဝမ်ဖုန်းက လီပိုင်နှင့်အခြားအကြီးအကဲများကို ကမ္ဘာဘောလုံးလေးအတွင်းမှ ထုတ်လွှတ်ပေးရန်စီစဉ်ထားခဲ့သည်။ ဤ ထာဝရညည့်ဦးယံမြို့အတွင်းတွင် သန်မာသောစွမ်းအားရှင်များစွာ ရှိလေရာ မြို့ပြင်ကိုထွက်၍ ဆင့်ခေါ်ခြင်းက
သာ၍ကောင်းမွန်ပါလိမ့်မည်။
ဝမ်ဖုန်းတို့အနောက်ကို လိုက်ပါနေသော ဝမ်တိကွေ့သည် မူလက လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ချင်နေခဲ့သည်။ သို့သော်လည်းဝမ်ဖုန်းတို့က မြို့ပြင်ကို ထွက်သွားတာမြင်တော့ သူ့မျက်နှာပေါ်ရှိ အပြုံး ကပို၍ကျယ်ပြောလာခဲ့သည်၊ သူကလှုပ်ရှားမှုပြုလုပ်ရန် အလျင်မလိုတော့ပါ။ ဝမ်ဖုန်းတို့မြို့ပြင်အထိ ထွက်သွားတာကိုစောင့်စားရန် ဆုံးဖြတ်ခဲ့ချေတော့သည်။
ထာဝရညည့်ဦးယံမြို့၏ မြို့အရှင်တိုက်ပွဲကျင်းပတော့မှာဖြစ်တာကြောင့် နဂါးများနှင့်ကျားများသည် မြို့အတွင်းပုန်းကွယ်နေခဲ့ကြသည်။ ဒါအပြင့် အမြင့်မြတ်ဆုံးအင်အားစုကြီး ၁၈ စု၏ပါရမီရှင်များကလည်း နေရာအနှံ့ပြန့်ကျဲနေသေးသည်။
တစ်နာရီ၏ လေးပုံတပုံကြာမြင့်သည့်အခါ ဝမ်ဖုန်းတို့သည် ထာဝရညဉ့်ဦးယံမြို့မှ ထွက်ခွါ၍ ထာဝရညဉ့်ဦးယံတောအုပ်ကြီးအတွင်း ဝင်ရောက်လာခဲ့သည်။
သို့သော်လည်း သူတို့တောအုပ်တွင်းခြေချလိုက်သည်နှင့်တပြိုင်နက် ဝမ်ဖုန်းနှင့် ကျုံးလုံတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်ခဲ့ကြသည်။ သူတို့၏မျက်ဝန်းများက တည်ကြည်ပြတ်သားနေခဲ့သည်။
ဝမ်ဖုန်းပင်ဖြစ်စေ၊ ကျုံးလုံပင်ဖြစ်စေ သူတို့နှစ်ယောက်စလုံးသည် တောအုပ်အတွင်းထဲမှ သန်မာသော သတ်ဖြတ်လိုစိတ်ကိုခံစားနေခဲ့ရသည်။ ဒါအပြင်ဗိုလ်ကျ ချယ်လှယ်နိုင်သောအရှိန်အဝါများကလည်း အချိန်နှင့်အမျှ အဆက်မပြတ်ထွက်ပေါ်နေခဲ့သည်။
"နတ်ဆိုးဗုဒ္ဓကျောင်းဆောင်က လူတွေက အဲ့ဘုန်းကြီးသေဆုံးသွားတာကိုသိလို့ လာပြီးစုံစမ်းကြတာ ဖြစ်မယ်။"
ဝမ်ဖုန်း၏တည်ငြိမ်လေးနက်နေသော အမူအရာကိုစိုက်ကြည့်လိုက်ရင်း တစ်ဖက်တွင်ရှိနေသော ယင်ကော်ကအသံနိမ့်နိမ့်ဖြင့်ပြောဆိုခဲ့သည်။ သူမ၏ လှပသောမျက်ဝန်းများအတွင်း၌ ထိတ်လန့်နေသော အကြည့်တစ်ခုရှိနေခဲ့သည်။
ထိပ်တန်းအင်အားစုကြီးတစ်စု၏ဂုဏ်သတင်းမှာ အင်မတန်ကြီးမြတ်ပါသည်။ သူမဟာ ရဲရင့်သော်ငြားလည်း ထိပ်တန်းအင်အားစုတစ်စုဖြစ်သော နတ်ဆိုးဗုဒ္ဓကျောင်းဆောင်နှင့် ရင်ဆိုင်နေရသည့်အခါ အနည်းငယ်တော့ကြောက်လန့်နေမိသေးသည်။
တစ်ဖက်တွင်တော့ ဝမ်ဖုန်းနှင့်ကျုံးလုံတို့က သက်တောင့်သက်သာအမူအရာဖြင့် ရှိနေဆဲသာ။ နတ်ဆိုးဗုဒ္ဓကျောင်းတော်က ထိတ်လန့်စရာကောင်းသော်လည်း သူ၏ ရှန်ရှန့်ကျုံဂိုဏ်းကလည်း မခေလှပါ!
အားလုံးအထဲတွင် ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်က နတ်ဆိုးဗုဒ္ဓကျောင်းတော်ကိုတောင် ဖျက်ဆီးပစ်နိုင်သည်။
သို့သော်လည်း ဝမ်ဖုန်းက လိုအပ်မှုမရှိဘဲ သူ၏ကံတရားအမှတ်များကို မသုံးဖြုန်းချင်ပါ၊ ကံတရားဟာ ပုံရိပ်ယောင်ဖြစ်ပြီး လူတစ်ယောက် သို့မဟုတ် ဂိုဏ်းတဂိုဏ်း၏ အောင်မြင်မှုများနှင့် ဆက်စပ်နေသည်။ ၎င်း ကံတရားကိုအချိန်တိုင်းသုံးစွဲနေပါက ရှန်ရှန့်ကျုံဂိုဏ်းအတွက်ပျက်စီးမှုများကို ကြုံတွေ့လာနိုင်သည်!
"ခွေးကောင်လေး ဒီဧကရာဇ်ကိုအရှက်ရစေရဲတယ်၊ မင်းဘယ်လိုမျိုးသေချင်လဲကွ!"
ဤအခိုက်အတန့်တွင် ဒေါသထွက်နေသော ဟိန်းဟောက်သံကြီးသည် အနောက်ဘက်မှ ထွက်ပေါ်လာခဲ့ကာ ရှေးဟောင်းတောအုပ်ကြီးကို တသိမ့်သိမ့်တုန်ခါသွားစေခဲ့သည်။
၎င်းအသံလှိုင်းနှင့်အတူ လူပုဂ္ဂိုလ်များစွာသည် ကောင်းကင်ယံထက်မှဆင်းသက်လာခဲ့ကာ ဝမ်ဖုန်းနှင့်အခြားသူများကိုဝန်းရံပိတ်ဆို့လိုက်သည်။ ပြင်းထန်သော အရှိန်အဝါများက ၎င်းတို့ထံမှ ထွက်ပေါ်နေခဲ့သည်။ ထိုလူအုပ်၏ ဦးဆောင်သူက ဖုန်းယွင်ဂိုဏ်း၏အကြီးအကဲ ဝမ်တိကွေ့ဖြစ်သည်။ ဝမ်တိကွေ့တို့ ရောက်လာတာကိုမြင်တော့ ဝမ်ဖုန်း၏ မျက်ဝန်းများကအေးစက် ခက်ထန်သွားခဲ့သည်။ သူဟာဝမ်တိကွေ့လို လူပြက်တစ်ယောက်ကို အဖက်မလုပ်ချင်ခဲ့ပါ၊ သို့သော် တစ်ဖက်လူကသူ့ကိုသွားခွင့်မပြုဘဲ ခွေးရူးတစ်ကောင်လို လိုက်ကိုက်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
"မင်းလို မထင်မရှား လူတစ်ယောက်က ဒီဧကရာဇ်ကို မျက်နှာပျက်အောင်လုပ်ခဲ့တယ်!!"
"ဒီနေ့မှာ ဒီဧကရာဇ်က မင်းကိုရက်စက်မှုဆိုတာကို ခံစားစေရမယ်"
ဝမ်တိကွေ့သည် သူ၏သေခြင်း ချည်းကပ်လာခြင်းကို မသိခဲ့ပါချေ။ သူဟာ ဝမ်ဖုန်းကို ဆိုးယုတ်သော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေခဲ့ကာ အေးစက်စွာနှာမှုတ်ခဲ့သည်။ သူ့ထံမှထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်များသည် ပတ်ဝန်းကျင်အပူချိန်ကို လျော့ကျစေခဲ့သည်။
ဝမ်ဖုန်းဟာ ဝမ်တိကွေ့ကို ထူးမခြားနားစွာစိုက်ကြည့်နေခဲ့သည်။ သူ၏မျက်ဝန်းများဟာ လူသေတစ်ယောက်ကိုကြည့်ရှုနေသည့်အလားထင်မှတ်ရချေသည်။ ထို့နောက်သူဟာ ဝမ်တိကွေ့ကိုလျစ်လျူရှုလိုက်ပြီးလက်ကို အသာအယာခါယမ်းခဲ့သည်။
"ဘုန်း!!"
ဝမ်ဖုန်းရှေ့မှောက်ရှိ လေဟာပြင်ဟာတုန်ယင်သွားခဲ့ပြီး လူများစွာသည် လေထုတွင်းမှထွက်ပေါ်လာခဲ့သည်။
၎င်းတို့မှာ ရှန်ရှန့်ကျုံဂိုဏ်း၏ပထမအစောင့်အရှောက်လီပိုင်၊ ဒုတိယအစောင့်အရှောက် ရှီကန်းတန်နှင့် ရှန်ရှန့်ကျုံဂိုဏ်းကို မကြာသေးခင်ကမှ ဝင်ရောက်လာခဲ့သော ရွှမ်းယွမ် တို့ဖြစ်သည်။
ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် ကျင့်စဉ်များ။
1 မူလဧကရာဇ်
2 ဧကရာဇ်နှလုံးသား
3 ဘုံနန်းရှင်ဧကရာဇ်
4 နိယာမဧကရာဇ်
5 တော်ဝင်ဧကရာဇ်
6 ဂုဏ်ထူးဆောင်ဧကရာဇ်
7 ကြယ်စင်ဧကရာဇ်
8 ဧကရာဇ်ဘိုးဘေး
9 ကောင်းကင်ဘုံဧကရာဇ်
10 သွေးနီရောင်ဧကရာဇ်
11 နက္ခတ်ဧကရာဇ်
12 ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်
ဒါတွေကို အခြေခံ ဧကရာဇ်နယ်ပယ် ၁၂ခုလို့ ခေါ်ပါတယ်။
ဆင့်ကဲပြောင်းလဲခြင်း ဧကရာဇ်နယ်ပယ်ပြီးရင်တော့ အစစ်အမှန် ဧကရာဇ်နယ်ပယ်ရောက်ပါပြီ။အဲ့ဒါတွေက -
1,လောင်ထျန်းဧကရာဇ်
2, စစ်မှန်သော ပြည့်ရှင်ဧကရာဇ်
3, ကြက်သွေးရောင်ဧကရာဇ်
4,သူတော်စင်ဧကရာဇ်
5,တုန်ထျန်းဧကရာဇ်
6, အင်မော်တယ်ဧကရာဇ် ပါ။